အခန်း(၁၀)

[[U]]

ကျင်းမှဆင့်ခေါ်လိုက်သည့်အတွက်ထုန်ရှင်း
မြို့စားသည်မတင်မကျဖြစ်မှုတွေကိုရင်ဝယ်
ပိုက်လျက်ခြေလှမ်းတွေကိုသုတ်ခြေတင်
လိုက်သည်။

အစ်ကိုတော်နန်းတွင်းသို့မနေ့ကပြန်ရောက်
ကြောင်းကြားသိခဲ့သည်။

"အစ်ကိုတော်...."

ကျင်းကတော့ထိုင်ခုံတွင်ဟန်အပြည့်ထိုင်နေရင်းပင်
မျက်နှာထက်၌ပျော်ရွှင်သည့်အရိပ်အယောင်လားလားမှမရှိ..
မျက်ဝန်းတွေသည်ရေခဲအလား
အေးစက်နေသည်။

"ကျန်း..ငါ့အမိန့်"

"လျှောက်တင်ပါသည်....
အစ်ကိုတော်ဆီကစာရရခြင်း.အမိန့်အတိုင်း
ဆောင်ရွက်ခဲ့ပါတယ်..အခြွေအရံ၇ယောက်ကို
အချုပ်ချပြီးနေ့နေ့ညညစစ်မေးခဲ့ပါတယ်"

"ပြီးတော့"

"အစ်ကိုတော်သံသယရှိသလိုပါပဲ..ရှန်း
တိုင်းပြည်အိမ်ရှေ့မင်းသားလာလည်ခြင်းဟာ
ရှန်းဘုရင်ရဲ့အမိန့်ကိုလာရောက်ပေးပို့ခြင်းပါ
အဲ့ဒီအကြောင်းကိုမိဖုရားရဲ့အသက်နဲ့
ခြိမ်းခြောက်ပြီးမေးမှထွက်လာခြင်းဖြစ်ပါတယ်
မိဖုရား၏အမည်အားသုံးမိ၍အစ်ကိုတော့်
အားတောင်းပန်ပါတယ်"

"ငါဂရုမစိုက်ဘူး..ဆက်ပြော"

ဟုတ်တာပေါ့..ကျင်းဂရုစိုက်သည်မှာ
လုချန်တစ်ယောက်တည်းသာ..

"အစ်ကိုတော်ယူဆသလိုပဲ...
အခြွေအရံ၇ယောက်ကရှန်းတိုင်းပြည်ရဲ့
မျက်စိတွေနားတွေအဖြစ်
တာ့ထုန်သို့ပို့လိုက်ခြင်းဖြစ်နေတယ်"

အကယ်၍လုချန်သာခေါင်းမမာဘဲနန်းတော်
မှာအတူလာနေမည်ဆိုလျှင်ထိုအဖြစ်အပျက်
တွေဖြစ်လာမည်မဟုတ်..
ကျင်းမျက်စိရှေ့မှာနေမည်ဆိုလျင်ထိုကဲ့သို့
အသုံးချခံအရာတစ်ခုဖြစ်လာမည်မဟုတ်

"လုချန်အကြောင်းပြောရဲတဲ့သူကိုရော
သိပြီလား"

"ကြာပန်းဥယျာဉ်တော်ကအစောင့်တစ်ယောက်
ပါ..မိဖုရားအခြွေရံတစ်ယောက်ကတွန်းအား
ပေးပြီးကြာပန်းဥယျာဉ်အတွင်းအဘယ်ကြောင့်
မိဖုရားဝင်လို့မရတာလဲမေးလာလို့ပြောလိုက်ရ
တာ်လို့ဆိုပါတယ်"

"လျာဖြတ်လိုက်"

ကျင်းအသံသည်ကြားရသူတို့အသည်းနှလုံး
ထက်ဝက်ပိုင်းသွားနိုင်သည်အထိတည်ငြိမ်
ပြတ်သားလှသည်။

"နာခံပါသည်..အစ်ကိုတော်..
မိဖုရားကိုရော.."

ရှန်းဝမ်ကသူ့ဖခင်၏အသုံးချခံအရာတစ်ခုဖြစ်ပြ
လုချန်ကိစ္စ၏နောက်ကွယ်အားသူမဘာမှသိလိုက်ခြင်းမဟုတ်...
ထို့ပြင်လုချန်၏မိတ်ဆွေလည်း
ဖြစ်နေသည်။
အနှီဆက်ဆံရေးအားမလိုလားပေမဲ့
လည်းလုချန်၏ခံစားချက်အားကျင်းထည့်
တွက်ရမည်
ရှီကျွမ်းနည်းတိုင်းသာအပြစ်ပေးမည်ဆိုလျှင်
လုချန်သဘောတူမည်မဟုတ်

"မိဖုရားအရာကထုတ်ပယ်ပြီးပတ္တမြားနန်းတော်
မှာအကျယ်ချုပ်ချထားလိုက်..
အရိပ်တစ်ခုတောင်ထွက်သွားခွင့်မပြုဘူး
ဘယ်အရာမှထွက်သွားခွင့်လည်းမပြုဘူး
လာခွင့်လည်းမပြုဘူး..
ဆန့်ကျင်ရင်အဲ့နေရာမှာတင်ကွက်မျက်လိုက်"

"နာခံပါသည်...အရှင်မင်းကြီး"

အမိန့်နာခံသည့်အနေနှင့်
ညွှတ်ကိုင်းလိုက်ချိန်တွင်

"ကျန်း"

"အစ်ကိုတော်...ဘာများလဲ"

"ငါမင်းကိုလုပ်စေချင်တဲ့အရာရှိတယ်"

စာလိပ်တစ်ခုအားထုတ်ပြလိုက်သည်။

"အစ်ကိုတော်...ဒါက"

"ဒီမှာတံဆိပ်နှိပ်လိုက်"

"ဒါပေမဲ့...."

"မင်းဒီမှာဦးဆောင်ဖို့လိုအပ်တယ်..
ငါယုံကြည်နိုင်တာလည်းမင်းတစ်ယောက်ပဲ
ရှိတယ်"

ကျန်းပခုံးအားခပ်ဖွဖွလေးပုတ်လိုက်သည်။

"ဒါပေမဲ့...အစ်ကိုတော်ဒီလောက်ထိလုပ်ဖို့.."

သတိပေးသည့်အကြည့်ရောက်လာသည့်
အတွက်စကားမှတစ်ဝက်တစ်ပျက်မှရပ်
သွားသည်။

"ငါပြောတဲ့အတိုင်းလိုက်နာစမ်းပါ"

"ဟုတ်ပါပြီ..ကျွန်တော်မျိုးနာခံပါ့မယ်"

"ကောင်းပြီး...ငါအခုရှန်းတိုင်းပြည်ကို
သွားမယ်...ပြန်လာရင်လုချန်ကိုသွားခေါ်
မယ်..သူ့ကိုရှာတွေ့ခဲ့ပြီ.."

တစ်ချိန်လုံးမာထန်နေသောမျက်နှာထားသည်
အခုမှသာရယ်မြူးရိပ်သန်းလာတော့သည်။

ပြန်လာတာတပတ်ခန့်ကြာသောအခါ
ဧကရာဇ်သည်စစ်မြေပြင်ထွက်ရန်ပြင်တော့သည်။
၂သိန်းသောစစ်သည်တန်းသည်
မျက်စိတစ်ဆုံးလိုက်ကြည့်လျှင်တောင်
အဆုံးတွေ့မည်ထင်...
တာ့ထုန်စစ်တပ်ကြီးသည်ဝံကြွားနေသောနဂါးဟန်အလံအားလွှင့်ထူလျက်
ရှန်းတိုင်းပြည်သို့ဦးတည်လာပြီဖြစ်သည်။

ချစ်ရသောလုချန်အားထိရဲသောရှန်းဘုရင်
အားစိစိညှက်ညှက်ချေပစ်ရန်ကျင်းဆုံးဖြတ်
ထားသည်။

"မူယွဲ့...ဒီမှာကွပ်ကဲထားလိုက်..
ငါကျင်းကျိုင်ကိုခဏသွားလိုက်ဦးမယ်"

အန်းဟွေမှာခဏရပ်နားနေတုန်းမူယွဲ့အား
အမိန့်ပေးပြီးကျင်းကျိုင်သို့လုချန်
အခြေအနေအားခဏဝင်ကြည့်ရန်ကြံရွယ်လိုက်သည်။

"အရှင်မင်းကြီး..ဂါဝရတရားရှေ့ထား၍လျှောက်တင်ပါသည်..တစ်ဦးတည်သွားဖို့မသင့်တော်ပါဘူး"

"အိုင်းယား..ဘာအန္တရာယ်မှမရှိပါဘူး..တော်တော်စိတ်ပူတတ်တာပဲ"

မူယွဲ့ခေါင်းကိုတစ်ချက်ပုတ်ရင်းညအမှောင်တွင်းဝင်ရောက်ပျောက်သွားတော့သည်။
အတော်ပင်ဒုက္ခပေးလှသောဧကရာဇ်ဖြစ်ပေမဲ့လည်းယခုလိုနဂိုဟန်လေးပြန်ရလာတာကိုပဲမူယွဲ့စိတ်သက်သာရာရလှသည်။

ကျင်းကျိုင်သို့ရောက်ချိန်တွင်တဲအားစောင့်ကျပ်
နေသည့်တင်းဖန်းမှလုချန်အိပ်ပျော်
နေကြောင်းတင်ပြလာသည်။

တဲအတွင်းသို့ဝင်ကာငြိမ်းချမ်းစွာအိပ်မောကျ
နေသောလုချန်ပါးလေးအားခပ်ဖွဖွလေး
အနမ်းပေးပြီးပြန်ထွက်လာလိုက်သည်။

"တင်းဖန်း..မနက်ဖြန်လုချန်နဲ့အခြားသူ
တွေကိုခေါ်ပြီးဟန်ကျိုးပြန်တော့
ဒီနေရာကအန္တရာယ်များတယ်
ရှန်းတိုင်းပြည်နဲ့ကိစ္စပြီးပြီဆိုရင်ငါလာခေါ်မယ်
ပြီးရင်နန်းတော်ကိုပြန်ခေါ်သွားမယ်"

"နားလည်ပါပြီ..အရှင်မင်းကြီး"

ထိုနေ့ကျင်းစိတ်မထိန်းနိုင်ပဲအတင်းအဓမ္မဆက်ဆံကာပြန်သွားပြီးနာရီအနည်းငယ်ကြာတော့မှ
ကျင်းနာမည်အားမြည်တမ်းရင်းပင်လုချန်
နိုးလာခဲ့သည်။

ခုတင်ပေါ်မှာထိုင်နေရင်းပင်
အတိတ်မေ့နေသည့်
အချိန်ကာလအတွင်းကြုံတွေ့ခဲ့ရသော
ချိုမြိန်လှတဲ့ကျင်းအားပြန်တွေးရင်း
လုချန်ပြုံးမိပြန်သည်။

ကျင်းလိုလူတစ်ယောက်ကနူးညံတဲ့ပုံစံဖြစ်အောင်
ကြိုးစားနေခဲ့တာကိုတွေးမိပြန်တော့
အံ့သြမိသည်။

အတိတ်မေ့တာကိုအခွင့်ကောင်းယူကာ
အရူးလုပ်ခံခဲ့ရတာတွေကိုတွေးမိပြန်တော့လည်း
ဒေါသထွက်မိပြန်သည်။

ကမောက်ကမအဖြစ်အပျက်လေးအား
ပြန်လည်စဉ်းစားမိပြန်တော့လည်းရှက်မိသည်။
ထိုအရာတွေအားလုံးတွေထဲမှကျင်းသူ့ထံ
လာခဲ့တာကိုလုချန်
ဘဝင်ခိုက်လျက်အလွန်ပင်ပျော်ရွှင်ကြည်နူး
မိသည်။..

ကမ္ဘာအဆုံးမှာရောက်နေသည့်အချိန်မှာ
တောင်ကျင်းရောက်လာခဲ့သည်။
ဤအခြင်းအရာလေးသည်လုချန်အားလွန်စွာရင်ခုန်စိတ်လှုပ်ရှားစေသည်။

အချစ်တော်တစ်ယောက်အတွက်
နန်းတွင်းအားပစ်လျက်တဲစုတ်မှာလာနေမည်
ဟုဘယ်သူကတွေးမိမှာတဲ့လဲ

ကမ္ဘာအနှံ့ရှာဖွေခဲ့ပေမဲ့သတိမေ့နေသော
လုချန်အားတွေ့သည့်အခါဘယ်လောက်
တောင်နာကျင်လိုက်မလဲ

ကျင်း၏ခံစားချက်အစစ်အမှန်တွေအား
လုချန်သိမြင်ခဲ့ရပြီ
ကျင်းအချစ်ပေါ်မှာရှိသည့်သံသယ
အစိုင်အခဲတွေသည်တောင်ပေါ်မှတိုက်ခတ်
လာသောလေညှင်းနဲ့အတူလိုက်ပါသွားကြသည်။

ပျော်ရွှင်မှုတွေရင်တွင်း၌ပြည့်တတ်လာသည်။
နှင့်အတူနွေးထွေးလှသောတစ်စုံတစ်ယောက်ကို
တမ်းတလာသည်။

"ဆရာတင်း...ကျင်းဘယ်မှာလဲ"

"ဆရာလု...အရှင်မင်းကြီးနန်းတော်ကိုပြန်သွား
ပါပြီ"

"ဟမ်..ဘာလို့လဲ"

ကျင်းပြန်သွားသည်ဆိုသည့်အတွက်စိုးရိမ်စိတ်
ပေါ်မိပေမဲ့လည်းတင်းဖန်းရှိနေသည့်အတွက်
ကျင်းစွန့်ခွာသွားတာတော့ဖြစ်မည်မထင်
အရေးကြီးသည့်ကိစ္စရပ်တစ်ခုကြောင့်
ပြန်သွားတာဖြစ်မည်

ကျင်းအချစ်ပေါ်ယုံကြည်မှုခိုင်မြဲလာသည်နှင့်
အတူမကောင်းသည့်အတွေးဆိုသည်မှာလည်း
မရှိတော့..

"အာ့...ဆရာတင်း..အိပ်ရာမှာလဲနေတာကြာ
လို့ထင်တယ်..တစ်ကိုယ်လုံးတောင့်တင်း
နေတာပဲ...သိုင်းအတူကျင့်ရအောင်"

"ဟုတ်ကဲ့ပါ...ဒါပေမဲ့.."

လုချန်ကိုပြောရင်ကောင်းမလားမကောင်း
လားဖြင့်တင်းဖန်းတုံ့ဆိုင်းနေသည်။

လုချန်သည်ကျင်း၏အပေါ်ဝတ်ရုံကိုသာခြုံ
ထားခြင်းဖြစ်ပြီးအပေါ်ပိုင်းခန္ဓာကိုယ်သည်
အနမ်းရာကိုက်ရာတွေအားဖော်ပြလျက်
လစ်ဟာနေသည်။

တင်းဖန်းအကြည့်တွေရှိရာသို့လိုက်ကြည့်
သည့်အခါနားလည်သွားပြီး
အဝတ်တွေအမြန်ပြန်ဖုံး၍တဲထဲသို့
ပြေးဝင်သွားလိုက်တာညစာစားချိန်အထိတောင်
အပြင်ထွက်မလာတော့

လုချန်ပြောပုံဆိုပုံနှင့်အမူအရာအားကြည့်
ပြီးမှတ်ဥာဏ်တွေပြန်ရလာပြီဖြစ်ကြောင်း
တင်းဖန်းနားလည်လိုက်သည်။
အရှင်မင်းကြီး၏နည်းလမ်းအောင်မြင်သည့်
ပုံပေါ်သည်။

ဒီနေတော့လုချန်တစ်နေ့လုံးသိုင်းကျင့်
နေသည်။...လေ့ကျင့်မှုကိုသာအာရုံစိုက်နေ
သည့်အတွက်အချိန်အကြာကြီးလဲနေသော
ဒဏ်ကမခံနိုင်တော့ဘဲပင်ပန်းမှုတွေနဲ့အတူ
ညစာပင်မစားဘဲအိပ်ပျော်သွားသည်။

နိုးတဲ့အချိန်တွင်အပြင်သည်မှောင်မည်းနေပြီး
ညသန်းခေါင်အချိန်ပင်ရှိလောက်ပြီ
တဲအပြင်သို့ခဏထွက်ကာလေရူရန်
လုချန်ဆုံးဖြတ်လိုက်သည်။

အဖြူရောင်ဟန်လေးကိုလှမ်းတွေ့သည့်အခါ
နှလုံးသားသည်အပြင်သို့ခုန်ထွက်တော့မည်
ဟန်ပင်မြည်ဟည်းလာသည်။

ကျင်း

လက်တွေနောက်ပစ်လျက်မတ်တပ်ရပ်နေပြီး
အဖြူရောင်ဝတ်ရုံသည်လရောင်အောက်တွင်
တောက်ပလျက်ရှိသည်။
နောက်ကျောကမြင်ကွင်းကပင်
ကောင်းကင်ဘုံရောက်နေသည်ဟု၍
ထင်မှတ်နိုင်သည်။
မှောင်မိုက်နေသောညကလွှမ်းခြုံလျက်ကြယ်စင်များကနောက်ခံဖြစ်ကာနတ်ဘုရားအလားဆို၍တောင်အထင်မှားစေသည်။

လေပြည်လေးမှသယ်ဆောင်လာသည့်ကိုယ်
သင်းနံ့သည်နက်ရှိုင်းသောခံစားချက်တွေ
ရင်ဝယ်ပိုက်ထားသောလုချန်အား
ငိုကြွေးလုနီးပါးပင်ဖြစ်စေသည်။

"ဘာဖြစ်တာလဲ...အိပ်မပျော်လို့လား"

နောက်လှည့်ပင်မကြည့်ပေမဲ့လုချန်ငေးကြည့်
နေသည်အားကျင်းသိသည်။

ရုတ်တရက်လန့်သွားပေမဲ့တည်တည်ငြိမ်ငြိမ်
နှင့်ကျင်းဘေးနားလျှောက်သွားကာ

"အစောကြီးအိပ်ပျော်သွားပေမဲ့..
အခုအိပ်ချင်နေပြန်တယ်"

"အနားယူသင့်တယ်လေ..မနက်ဖြန်ကျ
ဟန်ကျိုးကိုတင်းဖန်းလိုက်ပို့ပေးလိမ့်မယ်"

"ဘာလို့လဲ..ဘာကြောင့်ဟန်ကျိုးကို
သွားရမှာလဲ..ဒီနေရာကအဆင်ပြေနေတာပဲ..
လေကလည်းလတ်ဆတ်တယ်..ကျွန်တော်မျိုးလိုချင်တဲ့တည်ငြိမ်အေးချမ်းတဲ့နေရာလေးပဲလေ"

ကြယ်စင်များကပင်အားကျရသောတောက်ပသောမျက်ဝန်းပိုင်ရှင်၏အကြည့်သည်လုချန်ရှိရာသို့ရောက်ရှိလာသည်။
ခန့်ညားလှသောလုချန်မျက်နှာသည်ယမန်နေ့ကအပြစ်ပေးခံရသည်ကိုသတိမမူလျက်တည်ငြိမ်နေသည်။
ဘယ်တော့မှအငြိုးတွေကိုရင်ဝယ်ကြာကြာမထားတတ်သူလုချန်အဖို့ပုံမှန်ပင်ဖြစ်နေပြီ

"ဒီနေရာကမလုံခြုံဘူးလေ..
ဓားမြတွေကနေရာအနှံ့မှာရှိတယ်"

"ဒါဆိုအရှင်လည်းအတူတူပဲမလား
ဘုရင်တစ်ပါးဘာလို့ဒီလို
အန္တရာယ်များတဲ့နေရာကိုလာနေတာလဲ"

လုချန်စကားကိုမကြားချင်ယောင်ဆောင်ကာ

"ချူးမိန်နဲ့ရှောင်ယန်းကိုမင်းညီအစ်ကိုတွေ
စောင့်ရှောက်မယ်ဆိုရင်ပိုလုံခြုံလိမ့်မယ်"

"အရှင်ဆိုလိုချင်တာကကျွန်တော်မျိုးကမိသားစုတစ်ခုကို
မစောင့်ရှောက်နိုင်ဘူးပေါ့..ဒါမှမဟုတ်ကျွန်တော်မျိုးကမိသားစုတစ်ခုထူထောင်ဖို့မသင့်တော်တာလား"

ကျင်းအဖြေနှင့်အမူအရာအားစောင့်မျော်လျက်
နှုတ်ခမ်းထက်အပြုံးတစ်ခုကဖြစ်တည်နေသည်။

လုချန်ထိုစကားပြောမယ်မထင်သည့်ကျင်း
ကတော့ပြောစရာစကားပျောက်ရှလျက်
မျက်ဝန်းတွေသည်ကောင်းကင်ဆီသို့ရောက်ရှိသွားသည်။

အမှန်တိုင်းပြောရမည်ဆိုလျင်လုချန်
ဘဝအားသူဓားမြတိုက်ခဲ့သည်
မဟုတ်ပါလော..
လှပသောမိန်းမငယ်သည်ကလေးနှင့်အတူလုချန်ဘေးမှယှဉ်တွဲရပ်လျက်ပုံရိပ်အား
မြင်ယောင်လိုက်တိုင်း
နှလုံးသားတွေနာကျင်လှသည်။

လုချန်အားသွားခွင့်မပြုနိုင်..
လုချန်သည်ကျင်းတစ်ဦးတည်း၌သာ
သက်ဆိုင်သည်။

"မဟုတ်ဘူး..နှစ်ခုလုံးမဟုတ်ဘူး
ရှင်းရှင်းပြောရမယ်ဆိုရင်မင်းကမိသားစုတစ်ခု
တည်ဆောက်ခွင့်မရှိဘူး"

လုချန်ရယ်ချင်စိတ်အားမထိန်းနိုင်တော့

ဘယ်လိုတောင်တစ်ကိုယ်ကောင်းဆန်လှတဲ့
အဖြေတုန်း..အကြောင်းပြချက်လည်းရေရေ
ရာရာကျမရှိ...အရမ်းပိုင်စိုးပိုင်နင်းနိုင်ပြီး
ချစ်ဖို့လည်းကောင်းသည်။

"ဘာရယ်ရလို့လဲ"

"ဘာမှမဟုတ်ပါဘူး...ကိုးရိုးကားရားနိုင်လို့ပါ
ဒါဆိုကျွန်တော်မျိုးတစ်ယောက်တည်းမရတာလား
ဒါမှမဟုတ်တာ့ထုန်ကလူတွေကမိသားစု
တစ်ခုတည်ဆောက်ဖို့ဘုရင်ဆီကခွင့်ပြုချက်
ယူရမှာလား"

အဖြေပြန်မဖြေဘဲသံသယမျက်ဝန်းတွေသည်
လုချန်ဆီရောက်ရှိလာသည်။

"အရှင်မင်းကြီး...ဒီနေရာကိုဘာလာလုပ်တာလဲ
နန်းတော်နဲ့လည်းအဝေးကြီးပါ
ပြဿနာတွေကြားထဲမှာလာဖို့
အတွက်လုံလောက်တဲ့အကြောင်းအရာ
ဒီမှာရှိနေလို့လား"

မေးခွန်းအပေါ်သင်္ကာမကင်းသည့်အကြည့်
ထပ်ရောက်လာချိန်တွင်လုချန်
နှလုံးသားလေးဒုတ်ကနဲတစ်ချက်ခုန်သွားသည်။

"ဘာလို့သိချင်တာလဲ..မင်းနဲ့ဘာမှမဆိုင်ပါဘူး"

ကျင်းတုံ့ပြန်မှုကြောင့်လုချန်နာကျင်မိပြန်သည်။
ကျင်းဘက်မှခံစားချက်တွေအားထုတ်ဖော်
ပြောရန်တွန်းအားပေးခဲ့ပေမဲ့ထိုဧကရာဇ်
သည်ကစားပွဲအားကျန့်ကြာစေလိုဟန်ရှိသည်။

"ဟုတ်ပြီလေ..ကျွန်တော်မျိုးနဲ့ဘာမှမဆိုင်ပါဘူး
ဘာလို့စိတ်ရှုပ်ခံရမှာလဲ..ကောင်းသောညပါ
အရှင်မင်းကြီး"

စိတ်ကောက်လျက်လုချန်တဲထဲသို့
ပြန်ဝင်ရန်ပြင်လိုက်သည်။
လုချန်လက်အားကျင်းအမြန်ဖမ်းဆွဲ
ထားကာ

"မဝင်နဲ့ဦး...ဒီမှာငါနဲ့ကြာကြာနေပေးပါဦး"

ကျင်းလက်တွေသည်ခါး၌ရစ်ပတ်နေပြီး
ပခုံး၌မေးစေ့အားထောက်ကာမှီလျက်ရှိသည်။
ခန္ဓာကိုယ်နှစ်ခုပူးကပ်နေရင်းပင်
ကျင်းရင်ခုန်သံတွေအားကျောဘက်မှ
အတိုင်းသားကြားနေရသည်။..
ရင်ခုန်သံတွေသည်တူညီလွန်းလှသည်။..

နွေးထွေးလှသောခံစားမှုနဲ့အတူပျော်ရွှင်မှု၏
အရိပ်အယောင်ဖြစ်သည့်အပြုံးလေးသည်
နှုတ်ခမ်းထက်၌ဖြစ်တည်လျက်ရှိသည်။

"လုချန်"

"ဟမ်?"

"အခြားဘယ်နေရာမှထပ်မသွားပါနဲ့
ငါ့ဘေးမှာပဲထာဝရနေပါနော်"

ကျင်းအသံသည်တုန်ယင်လျက်
ငိုနေသည့်အသွင်ပင်ပေါ်နေသည်။

ကျင်းအသွင်အားကြည့်ချင်လွန်း၍ကိုယ်လုံး
လေးအားလှည့်လိုက်သည့်အခါချစ်မြတ်နိုးမှု
တွေပြည့်လျံလျက်ရှိသောမျက်ဝန်းအစုံနှင့်
ဆုံမိသွားတော့သည်။

မျက်နှာနှစ်ခုသည်နီးကပ်လွန်း၍နှာဖျားလေး
တွေပင်ထိကပ်နေကြသည်။
ဘယ်သူကစတင်လိုက်သည်တော့မသိ
အနမ်းတွေကတော့စတင်နေပြီဖြစ်သည်။

"ရှောင်ချန်"

အနမ်းတွေကြားမှာပ
ထွက်ပေါ်လာသည့်
ကျင်း၏မြည်တမ်းသံလေးကြောင့်လုချန်
နှလုံးသားလေးတုန်ယင်လာသည်။

"ကျင်း..နန်းတော်မှာစောင့်နေပါ..
ဒီတစ်ခါ..ငါမင်းဆီပြန်လာခဲ့မှာပါ"

ကျင်းခေါင်းငြိမ့်ပြကာလုချန်ကိုချီလျက်ပင်
တဲတွင်းသို့ဦးတည်လိုက်သည်။

မီးတိုင်မှမိန်ပြပြအလင်းရောင်လေးသည်လည်း
ချစ်သူနှစ်ဦး၏ပေါင်းစုံသည့်ညလေးအတွက်
သာယာမှုတွေဖန်တီးရန်ကာရံဖက်လျက်ရှိသည်။

လုချန်အားခုတင်ပေါ်၌ထိုင်စေလျက်
ပိုးသားလိုပျော့ပျောင်းလှသည့်ဆံနွယ်တွေအား
ပွတ်သတ်ပေးနေမိသည်။

"ကျင်း....."

လုချန်အသံတွင်တမ်းတသည်ဆိုသော
အငွေ့အသက်တွေလိုက်ပါလျက်ရှိသည်။

ပိုင်ဆိုင်မည်မထင်ထားသည့်နူးညံ့မှုတွေ
တည်မြဲမည်မထင်ထားသည့်ချစ်ခြင်းတွေ
ထိုအရာအားလုံးကျင်းလက်ဝယ်
ပိုင်ဆိုင်နေပြီ

အနှောက်အယှက်တွေဝင်ခံတော့မည်မဟုတ်သလိုလုချန်အားဘယ်တော့မှ
လက်လွှတ်မည်မဟုတ်...

"ရှောင်ချန်....."

အတိတ်ကဖြစ်ရပ်တွေနှင့်အတူလွန်စွာ
လွမ်းဆွတ်သတိရလျက်ငိုမိတော့မလိုဖြစ်လာ
ပေမဲ့လည်းထိုသူအားမြင်နိုင်သည့်မျက်ဝန်းတွေကိုမျက်ရည်များနှင့်ဖုံးသွားမည်အား
လုချန်စိုးရွံလှသည်။

လုချန်မျက်နှာလေးအားလက်အစုံနှင့်
ခပ်ဖွဖွလေးအုပ်ကိုင်ကာချိုမြိန်လှသည့်နှုတ်
ခမ်းတွေအားဖိကပ်နမ်းရှုလိုက်သည်။
တစ်ကြိမ်....နှစ်ကြိမ်..သုံးကြိမ်....
ထိရုံလေးထိကာလုချန်အားကျီစယ်နေသည်။

ကျင်း၏ချိုသာမှုတွေနူးညံမှုတွေအောက်တွင်
လုချန်ပျော်မြူးလှသည်။
နောက်တစ်ကြိမ်နှုတ်ခမ်းတွေရောက်ရှိလာသည့်
အခါလုချန်ဆွဲယူပြီးကြာရှည်သည့်
အနမ်းတွေကိုယ့်ဘက်ကပဲစတင်လိုက်သည်။

ပထမဆုံးအကြိမ်ကဲ့သို့မျက်လုံးတွေကိုမှိတ်ကာ
ကျင်းနှုတ်ခမ်း၏အရသာအားခံစားနေမိသည်။
ပူနွေးစိုစွတ်နေသောနှုတ်ခမ်းတွေနဲ့ဖိကပ်
နေရင်းပင်ကျင်းကိုယ်အားရှေ့တိုးစေပြီး
နောက်ကျောပြင်အားဖက်တွယ်လိုက်သည်။

ရစ်တွယ်လျက်ရှိသောလျှာတွေသည်ကျင်း
အားရေဆူမှတ်သို့ပို့ဆောင်လျက်ရှိသည်။

ကျင်းသည်မတ်တပ်ရပ်အနေအထားရှိနေပြီး
လုချန်အားစလိုသည့်အနေဖြင့်
နမ်းနေသည့်ကြားမှခေါင်းအား
နောက်ဆုတ်လိုက်သည်။
အကြိုက်ဆုံးကစားစရာအလုခံရသည့်ကလေး
တစ်ယောက်လိုပင်နှုတ်ခမ်းရှိရာသို့လျှာလေး
အတင်းလိုက်ပါလာသည်။

ကျင်းရယ်ရင်းရှေ့ပြန်တိုးကာလက်တစ်ဖက်နှင့်
ဆံပင်တွေကြားလျှိုကိုင်ရင်းတကယ့်အနမ်းတွေ
ဆီဦးတည်လိုက်သည်။

အနမ်းတွေနက်ရှိုင်းလာသည်နှင့်အတူ
လုချန်လက်တွေသည်လည်းကျင်းပုခုံးပြင်အား
အထက်အောက်ပွတ်သပ်လျက်ရှိသည်။

ငွေမျှင်အရည်တန်းတွေသည်လုချန်
နှုတ်ခမ်းထောင့်မှစီးကျလျက်ရှိပြီး
လျှာလေးအားကျင်းစုတ်ယူလိုက်သည့်အခါ
ရောက်ရှိလာသောသာယာမှုကြောင့်
ညည်းငြူသံလေးထွက်ပေါ်လာသည်။

"အင်း.."

"အချိုသာဆုံးသောအသံလေး"

"ကျင်း.."

သက်ပြင်းချသံမျှတိုးညှင်းလှသောအသံလေးထွက်ပေါ်လာသည်။

"ဟမ်??"

လည်ပင်းတစ်လျှောက်အလုပ်ရှုပ်နေရင်း
မပီမသပြန်ထူးလာသည်။
လည်ပင်းသားလေးအားကိုက်ရာတွေ
ပေးနေရင်းတမ်းတခဲ့ရသည့်ရနံ့လေး၌
နစ်မျောနေသည်။

"ဘယ်လိုသိတာလဲ"

ဆောက်တည်ရာမရသောလက်တွေသည်ကျောပြင်တစ်လျှောက်အနူးအညံ့ကတစ်မျိုးအကြမ်းပတမ်းကတစ်ဖုံဖြင့်ကူးလူးနေကြသည်။
စတင်ကတည်းကဖြည်းဖြည်းချင်းပဲသွားဖို့ရာစိတ်ကူးထသောကျင်းသာ်ကိုယ့်ဆန္ဒတွေကိုယ်မနဲထိန်းနေရသည်။

"ဘာကိုလဲ"

လောင်ကျွမ်းနေသောရမ္မက်တွေကိုနှစ်ဦးသားလုံးသတိပြုမိပေမဲ့လည်း
သာမန်ချစ်တင်းနှောတာမျိုးလောက်နှင့်ခွဲခွာခဲ့ရသည့်အချိန်ကာလတွေကိုအဆုံးရုံးမခံနိုင်
တစ်နှစ်တာပင်ခွဲခွာခဲ့ရသည့်ကာလကိုအတိုးချကာအချစ်များနှင့်သာထုံလွှမ်းသောချစ်တင်းနှောခြင်းကိုလုပ်ဆောင်ရန်နှစ်ဦးစလုံးဆန္ဒရှိကြသည်။

"ငါဆိုတာကိုလေ"

လုချန်သတိပြန်ရနေသည်အားကျင်း
ဘယ်လိုလုပ်သိသွားလည်းသိချင်လှသည်။

"မင်းသိသလိုပဲပေါ့..."

ကျင်းအဖြေကြောင့်ရယ်မိပြန်သည်။
ကျင်းကွေ့ပတ်ဖြေပြန်ပြီ..သို့ပေမဲ့လည်း
ထိုစကားတွေကိုပြန်ဖြေသည့်အသံသည်နှစ်ဦးတည်းသာနားလည်နိုင်သော
ချစ်ခြင်းတရားတွေထုံလွှမ်းလျက်ရှိသည်။

ကျင်းလည်ပင်းရှိရာသို့လက်လှမ်းကာ
အောက်သို့ဆွဲချပြီးနောက်တစ်ကြိမ်အနမ်း
တွေအားစတင်လိုက်သည်။
အနမ်းတွေကြားထဲမှာပင်နှစ်ယောက်စလုံး၏
အဝတ်တွေသည်လည်းတစ်လွှာပြီးတစ်လွှာ
ကွာကျကုန်ပြီဖြစ်သည်။
အိပ်ရာပေါ်၌အကျွမ်းဝင်လှသူပီပီလုချန်အဝတ်များကမရှိတော့ပေမဲ့ကျင်းဝတ်ရုံမှာကျန်နေသေးသည်။
လုချန်ကိုယ်လုံးလေးကိုကျင်းခြေဆုံးခေါင်းဆုံးကြည့်လိုက်လျှင်ဖြင့်အောက်မှအရာလည်းပေါက်ကွဲထွက်မယောင်တင်းမာလာသည်။
တုန်ယင်လာသောအောက်ကအရာအား
ထိန်းချုပ်ကာလက်တွေကိုလုချန်၏
ဝင်းမွတ်လှသောကိုယ်လုံးလေးဆီသို့
ပြေးလွှားစေလိုက်သည်။
ထောင်မတ်နေသောရင်ဘက်ဆီမှအဖုလေး
တွေအားအဝိုင်းသဏ္ဌာန်ပွတ်သတ်
ပေးလိုက်သည်။
ကျင်းထိတွေ့မှုတွေသည်နူးညံ့လွန်း၍
ငှက်မွှေးလေးနှင့်ထိနေအလားပင်လုချန်
ထင်မိသည်။
နောက်ဆုံးသောဝတ်ရုံပြေကျသွားသည်နှင့်
လုချန်အားအိပ်ရာပေါ်မှာလဲစေလျက်
အပေါ်မှကျင်းနေရာယူလိုက်သည်။
အဝတ်မပါသောခန္ဓာကိုယ်အားကိုယ်ဆီတပ်မက်စွာဖြင့်အလှပဆုံးသောရူခင်းတစ်ရပ်လို့ငေးကြည့်နေကြသည်။
နှင်းတမျှဖြူဖွေးလှသောအသားရောင်သည်ဖယောင်တိုင်းမီးအောက်တွင်တောက်ပလျက်ရှိသည်။
အဖြူထည်ကျောက်စိမ်းတမျှလုချန်တန်ဖိုးထားရပါသောအရာလည်းဖြစ်သည်။
သတိမထားမိသည့်အချိန်မှာထိုခန္ဓာကိုယ်အားမက်မောစွာကြည့်ရင်းလုချန်လျှာပင်သပ်မိသွားသည်။

ခန္ဓာကိုယ်အပေါ်မှကျင်း
ကိုယ်ထပ်၍ဖိကျလာသည်ကိုငြင်းဆန်တာမျိုးမပြုတော့ပဲ
လုချန်ညည်းညူမိလိုက်သည်။

"အင်း..."

ထိုညည်းငြူသံတွေသည်ကျင်းအားအရိုင်း
ဆန်စေသည်။
အစကရှည်ရှည်ဆွဲထားသောချစ်တင်းနှောသည့်လုပ်ငန်းရပ်များကိုဆက်အာရုံမထားနိုင်တော့ပဲ
ကျင်းနှုတ်ခမ်းတွေသည်ခန္ဓာကိုယ်အနှံ့
ပြေးလွှားလာသည်။
အောက်ဘက်မှပျားရည်ရောင်အသားအရည်ပိုင်ရှင်အားနမ်းတလှည့်စုပ်တလှည့်လုပ်နေရင်းခါးဆီသို့လျှောကျဆင်းသွားသည်။

လုချန်ခါးဆီမှထောင်မတ်နေသည့်အရာလေး
အားခပ်ဖွဖွလေးနူးညံစွာဖြင့်အပေါ်အောက်
ပွတ်ဆွဲပေးလိုက်သည်။
တဖန်လျှာဖျားလေးနှင့်ရောပူနွေးလှသည့်ခံတွင်း
ဖြင့်လည်းလုချန်သာယာအောင်
ပြုစုလျက်ရှိသည်။
ရမ္မက်ဆန္ဒများကြောင့်တစ်ဆက်ဆက်တုန်ယင်နေသည့်အရာလေးကိုချန်ထားခဲ့ကာ
တဖြည်းဖြည်းဖြင့်ရင်ဘက်ဆီသို့
ပြန်တတ်လာပြီးထောင်မတ်နေသောအရာ
နှစ်ခုမှာအချင်းချင်းထိတွေ့သွားကြသည်။
မတွေ့ရတာကြာပြီဖြစ်သောမိတ်ဆွေဟောင်းများကဲ့သို့အချင်းချင်းမိတ်ဆက်နေပြီးအဖြူရောင်အရည်ကြည်များကတစက်စက်လျံကျနေကြသည်။

လုချန်ခြေထောက်နှစ်ဖက်အား
ကျင်းခါးဆီသို့ရစ်တွယ်လိုက်သည်။
ချစ်သူ၏ခန္ဓာကိုယ်သည်အဆင့်ဖြစ်နေပြီဖြစ်ကြောင်းသိပေမဲ့လည်း
ထိပ်တတ်နေသောဆန္ဒများကိုချိုးနှိမ်မိသည်။
ရစ်တွယ်လာသောခြေထောက်နှစ်ဖက်အား
အပေါ်သို့မြှောက်စေလျက်ပေါင်တွင်းသားတွေနှင့်အတူ
တံဆိပ်အမှတ်အသားကြင်နာစွာပင်နမ်းရှုပ်လိုက်သည်။

လက်ချောင်းတွေအားတစ်ချောင်းပြီးတစ်ချောင်း
ဖြည်းညှင်းစွာထည့်လျက်သာယာမှုပေးသည့်
အဝလေးအားချဲ့လျက်ရှိသည်။
လုချန်နာကျင်မည်စိုး၍တုံ့ပြန်မှုကို
အနီးကပ်လည်းစောင့်ကြည့်ရသေးသည်။
လုချန်သည်အမြဲတမ်းရိုးသားလှသူလည်းဖြစ်သည်။
သူ့အကြိုက်ဆောင်ဖို့ရာလိုတာထက်ဟန်ပိုတတ်သောကိုယ်လုပ်တော်များနှင့်မတူပဲခန့်ညားသောမျက်နှာထက်၌တကယ်ခံစားနေရသည်ကိုသာဖော်ပြလေ့ရှိသည်။
ကျင်းအကြမ်းပတမ်းနိုင်သောအခါတွင်လုချန်မျက်နှာသည်မသာမယာဖြစ်နေတတ်ပြီးနူးညံ့သောအခါမှာဆိုသာယာမှုတွေရောပြွန်းနေတတ်သည်။
ထိုအခြင်းအရာလေးတွေကပဲကျင်းအားချစ်စိတ်တွေတိုးလာစေခဲ့သည်။
စတင်တော့မည်အားသိသည့်အတွက်ဝင်ရောက်ရတာလွယ်ကူအောင်
လုချန်ပေါင်တွေကို
ပိုမိုချဲ့ကားပေးလိုက်သည်။
အကြောက်တရားတွေလည်းယခုတော့တောင်လေနှင့်လွင့်စင်သွားပြီးချစ်သူစိတ်တိုင်းကျသာလုချန်ပါဝင်လှုပ်ရှားနေသည်။
ဖိတ်ခေါ်နေသည့်မြင်ကွင်းကြောင့်
နှုတ်ခမ်းတွေအားသပ်ရင်းတင်းမာနေဆဲအချင်းအရာကိုအသင့်တော်ဆုံးသောအဝအတွင်းနေရာယူစေလိုက်သည်။
တစ်ဖြည်းဖြည်းချင်းအထုတ်အသွင်း
လုပ်လျက်အနက်ဆုံးအပိုင်းဆီသို့
တရွေ့ရွေ့ဦးတည်လိုက်သည်။

"အာ့.."

သာယာမှုနှင့်အတူညည်းငြူသံတွေသည်
သံပြိုင်ထွက်လျက်ရှိသည်။
ဝေးကွာနေခဲ့ကြသောအရာလေးမှပေးသော
ခံစားမှုအားအသွင်းအထုတ်ခပ်မှန်မှန်လုပ်လျက်
ကျင်းအပြည့်အဝခံစားနေသည်။
အရင်လိုငြင်းဆိုခြင်းမရှိဘဲလိုက်ပါစီးမျောလာသောလုချန်ကြောင့်လည်းကျင်းအားပိုမိုမူးယစ်သွားစေသည်။

ပြည့်သိပ်ကျပ်ကာနေရာယူနေသော
ကျင်းအရာကြောင့်လုချန်ကိုယ်လေး
သာယာမှုနှင့်အတူတုန်ယင်နေသည်။

ခါးကိုပြန်ကော့ပေးထားကာ
နှုတ်ခမ်းအားဖိကိုက်ရင်း
အသွင်းအထုတ်လုပ်မှုတိုင်းကို
အသေးစိတ်ခံစားနေမိသည်။
အချက်တိုင်းဆီသည်လုချန်အားအထွတ်အထိပ်သို့သယ်ဆောင်နိုင်ပြီးကျင်းဆီမှသွန်းလောင်းလာသောအချစ်တွေနှင့်အတူနတ်ဘုံနတ်နန်းတစ်ခုအားတည်ဆောက်နေမိသည်။

လုချန်အကော့နှင့်သူဆောင့်အချ
ထိမိသည့်အချိန်တိုင်းတွင်
ကျင်းအသိစိတ်တွေလွတ်ထွတ်ကုန်သည်။
ပူနွေးတင်းကျပ်နေသောအတွင်းသားတွေ၏
လှုံဆော်မှုနှင့်အတူအသွင်းအထုတ်တွေအား
အရှိန်မြင့်လိုက်သည်။
စွဲမက်ဖွယ်ကောင်းသောလုချန်
၏ထွေးပွေ့မှုအောက်တွင်လည်းမရုံးထွက်နိုင်တော့

"အင်း..."

စမ်းချောင်းမှာချစ်တင်းနှောခဲ့ခြင်းထက်ယခုအကြိမ်သည်ပို၍သာလွန်သည်ကသံသယဝင်စရာတောင်မရှိ

"အမ်း....အာ့"

ကျင်း၏ပြင်းပြလှသည့်စီးချက်ညီသောအသွင်းအထုတ်တွေ
အောက်တွင်လုချန်အကူအညီမဲ့စွာနစ်မျောပါလျက်ရှိသည်။
မျက်လုံးများကိုမှိတ်ထားရင်းအော်သံများကိုလည်းအရင်အခါတွေတုန်းကလိုမြိုသိပ်ထားခြင်းမရှိတော့
လုချန်၏သာယာလှသောညည်းငြူသံသည်တဲအတွင်းပြည့်လျှံလျက်ရှိသည်။

"အာ့"

တစ်ချိန်တည်းမှာပင်နှစ်ယောက်စလုံးသည်
ပူနွေးသောအရည်များအား
လွှတ်ထွက်လိုက်သည်။
ကျင်းအရည်တွေသည်လုချန်အတွင်းထဲမှ
တစ်ဆင့်ပေါင်တစ်လျှောက်ပြည့်လျံစီးကျလာသည်။
လုချန်အရည်တွေသည်လည်းရင်ဘတ်အနှံ့
ပေကျံလျက်ရှိသည်။
နှစ်ဦးစလုံးမောဟိုက်နေကြပြီးချွေးများနှင့်စိမ့်ရည်များသည်တစ်ကိုယ်လုံးရောအိပ်ရာခင်းပါမကျန်လွှမ်းခြုံနေသည်။

သာယာမှုတွေရောပြွန်းနေသည့်လုချန်
မျက်နှာလေးအားကြည့်ပြီးကျင်းအရာသည်
နောက်တစ်ချီအတွက်အဆင့်သင့်ဖြစ်နေပြီ

အတွင်းမှမထုတ်ရသေးသည့်အတွက်
ထပ်မံထောင်မတ်လာသည်အားခံစားမိပြီး
လုချန်ပြုံးမိပြန်သည်။
လက်တွေကိုဆန့်တန်းကာကျင်းကျောပြင်
အားဖက်တွယ်လိုက်ပြီးနောက်တစ်ချီအာစ
စတင်စေပြီဖြစ်သည်။

.....မနက်အစောပိုင်း..
တဲနှင့်မဝေးတဝေးနေရာတွင်မှိတ်တုတ်မှိတ်တုတ်ကြယ်စင်များကိုနောက်ခံထားရင်းတင်းဖန်းကင်းစောင့်နေသည်။
တိတ်ဆိတ်လှသောညအချိန်ဖြစ်တာကြောင့်ညို့ဓာတ်ပါသောညည်းငြူသံများအားမကြားချင်လည်းကြားနေရသည်။
ရှက်မိပေမဲ့လည်းဧကရာဇ်နှင့်သခင်လုပြန်အဆင်ပြေသွားပြီဟုတွေးရင်းပြုံးမိပြန်သည်။

တစ်နှစ်ကြာပြီးပြန်တွေ့သည့်အခါတကယ့်အစစ်
အမှန်ပထမဆုံးအကြိမ်ဖြစ်၍အချီရေမှာလည်း
စံချိန်ချိုးပြီဟုလုချန်ထင်သည်။

လုချန်နိုးသည့်အချိန်တွင်နေ့လည်ခင်းပင်
မကတော့...ကျင်းလည်းပြန်သွားပြီ..
ခန္ဓာကိုယ်တစ်ခုလုံးကိုယ်ခဲလျက်
နောက်ကျောသည်ကွဲတော့မလားပင်ထင်မိသည်။
လုချန်ဒီနေ့ဟန်ကျိုးသွားရမည်လည်း
ဆိုသေးသည်။..နည်းနည်းမှပင်စိတ်မထိန်းဘူး

မြင်းပေါ်တွင်ထိုင်နိုင်မည်မဟုတ်တာတော့
အသေအချာပင်ဖြစ်သည်။

သို့ပေမဲ့ကျင်းသည်ဝေါယာဉ်စီစဉ်ပေးထားခဲ့
သည်ဟုဆို၏။
တွေးတတ်ပေးလွန်းသူကျင်းကြောင့်လုချန်ပျော်ရွှင်သွားပြီး
ဝေါယာဉ်တွင်နေရာယူလျက်အိမ်ပြန်မည့်
ခရီးစတင်ပြီဖြစ်သည်။

••••••••••

ဘုရင့်နန်းဆောင်ဆီသို့ကွမ်ရှန်း
အမြန်ပြေးလာသည်။
အရေးပေါ်အစည်းအဝေးဖြစ်ပြီး
အခြေအနေသည်ထိုင်းမှိုင်းလေးလံလျက်ရှိသည်။

သူတို့လုပ်နိုင်တာတစ်ခုသည်ဘေးအန္တရာယ်ကို
ကာကွယ်ရန်သာဖြစ်သည်။

တာ့ထုန်သည်ကြောက်မက်ဖွယ်အင်အားနှင့်
ချီတတ်လာပြီဖြစ်ပြီး
ဦးဆောင်သူမှာအခြားသူမဟုတ်..
ဧကရာဇ်ကျင်း စုန်ကိုယ်တိုင်သာဖြစ်သည်။

ရှန်းမင်းမျိုးမင်းနွယ်အကုန်လုံးအား
အမြစ်မကျန်သုတ်သင်ရှင်းလင်းရန်ရယ်ရွယ်
ချက်တစ်ခုတည်းဖြင့်သာဦးတည်ချီတတ်လာကြပြီဖြစ်သည်။

နန်းတော်အားဝန်းရံလျက်ရှိပြီးကြွက်တစ်
ကောင်ပင်ထွက်ခွင့်ပြုမည်မထင်

စိတ်ဝိညာဥ်မရှိတော့သောသူတစ်ယောက်အသွင်
ပုလ္လင်ပေါ်တွင်ထိုင်နေသည့်ရှန်းနိုင်ငံဘုရင်သည်အသက်ဆယ်နှစ်မျှအိုသွားပုံရသည်။
အမြဲတစေဂုဏ်ယူဝံ့ကြားနေတတ်သောမျက်နှာသည်ဆောက်တည်ရာမရဖြစ်နေသည်။

"ဖခမည်းတော်"

"ဘာလုပ်သင့်လဲ"

သားအကြီးဆုံးအားကြည့်ရင်းဘုရင်လီရှန်းလည်းနောင်တတွေသာရင်တွင်းကိန်းအောင်းလာသည်။
အမှားလေးတစ်ခုအတွက်နှင့်ရှန်း
နိုင်ငံတော်ကြီးခေတ်ပျောက်ဆုံးမည့်အနေ
ရောက်လာပြီဖြစ်သည်။
ခေါင်းတွင်တွင်ခါရင်းမိသားစုအားတောင်းပန်ခြင်းကိုသာတတ်နိုင်တော့မည်

"ကွမ်ရှန်း..ငါ့သား..
ငါတို့လုပ်နိုင်တာဘာမှမရှိဘူး
ငါ့ခေါင်းကိုထိုးအပ်ပြီးအသနားခံရုံသာရှိတယ်"

ကွမ်ရှန်းတုန်လှုပ်မှုတွေနှင့်အတူနှလုံးသားအားလည်းမမြင်နိုင်သောလက်တစ်စုံလာညစ်ထားသလိုခံစားနေရသည်။

"ဖခမည်းတော်...ဒီလိုမျိုးအထိဖြစ်အောင်ဘာတွေများလုပ်ခဲ့မိလို့လဲ"

လီရှန်းဘုရင်သည်ဘာဖြေရမလဲစကားရှာမတွေ့ပေမဲ့သူစီစဥ်ခဲ့သောအရာ၏နောက်ဆက်တွဲများဖြစ်သည်ကိုတော့နားလည်သည်။

"တောင်းပန်ပါတယ်...သားတော်...
တောင်းပန်ပါတယ်..ငါမှားခဲ့တယ်..."

တာ့ထုန်အားအဆင်အခြေမဲ့စွာထိန်းချုပ်ကိုင်တွယ်နိုင်ရန်ကြိုးပမ်းခဲ့သောကိုယ့်အပြစ်ကိုယ်သာနောင်တရမိသည်။

နောက်တစ်နေ့တွင်မင်းမိသားစုအားလုံးသည်
ခေါင်းဖျက်ခံရရန်အတွက်နန်းတော်အလယ်
တွင်တန်းစီရပ်လျက်ရှိသည်။

တာ့ထုန်ဧကရာဇ်၏ပုံစံအစစ်အမှန်အားပထမဆုံးနှင့်နောက်ဆုံးအကြိမ်မြင်တွေ့သွားရသူများသည်အလိုလိုပင်ပင့်သက်ရှိုက်မိကြသည်။

အမြင့်ဆုံးနေရာတွင်ထိုင်လျက်
နှုတ်ခမ်းရှိအပြုံးကကျေနပ်မှုအား
ဖော်ပြနေသောကျင်းသည်ငရဲမင်းထက်ပင်
ကြောက်မက်ဖွယ်ကောင်းလှသည်။
သွေးအေးလှသောပင်ကိုယ်သဘောအရသွေးတည်းတည်းကျနေသောလူသတ်စဥ်အားပွဲတစ်ခုကြည့်နေရသလိုအာရုံစိုက်လျက်ရှိသည်။

"အရှင်မင်းကြီး...မင်းမျိုးမင်းနွယ်အားလုံးကို
ကွက်မျက်ပြီးပါပြီ..ဘာဆက်လုပ်ရမလဲ...နန်းတွင်းသူနန်းတွင်းသားများကတာ့ထုန်အားသစ္စာခံဖို့အဆင်သင့်ဖြစ်နေကြပါပြီ"

"နိုင်ငံတစ်နိုင်ငံလုံးကိုအမြစ်ပျက်ရှင်းလင်းပစ်
အနာဂတ်မှာရှန်းတိုင်းပြည်ဆိုတဲ့အမည်ကို
လုံးဝမကြားချင်ဘူး"

နန်းတွင်းရှိကျန်သူများလည်းကျင်းအာရုံထဲရှိပုံမရ
ဤတိုင်းပြည်အားသမိုင်းမှပျောက်ကွယ်သွားရန်
သာကျင်းဆန္ဒရှိသည်။

ရက်စက်လှသောအမိန့်ဖြစ်ပေမဲ့လည်းမူယွဲ့အဖို့နည်းနည်းလေးမှတောင်တုန်လှုပ်မသွားဘူး
တစ်နှစ်တောင်မြိုသိပ်ထားတာများထွက်လာသည်ဖြစ်၍ဒီလောက်ကတော့ကျင်းစိတ်နေစိတ်ထားနှင့်ကိုက်ညီလှသည်။

"နာခံပါ့မယ်..အရှင်မင်းကြီး"

ထိုနေ့တွင်ရှန်းတိုင်းပြည်သည်
ကမ္ဘာမြေပေါ်မှပျောက်ကွယ်သွားပြီဖြစ်သည်။

ဧကရာဇ်စစ်မြေပြင်ထွက်ပြီးနောက်နေ့တွင်တော့မိဖုရား၏မကောင်းသတင်းသည်လူအများကြားရောက်ရှိလာတော့သည်။
လွန်ခဲ့သောနွေဦးကမှရွေးကောက်တင်မြှောက်ကိုခံထားရသောမိဖုရားသည်နာမကျန်းဖြစ်နေသည်ဆိုသည့်သတင်းကြောင့်ပြည်သူအားလုံးစိုးရိမ်ပူပန်ကြတော့သည်။
ဧကရာဇ်စစ်မြေပြင်ထွက်နေချိန်တွင်ကြားရသောသတင်းဖြစ်၍သူတို့ဧကရာဇ်ထံကိုများမကောင်းမှုအားယူဆောင်နိုင်လေမလားတွေးရင်းမိဖုရားပြန်နေကောင်းဖို့ကိုသာဆုတောင်းနေကြတော့သည်။
သို့ပေမဲ့လည်းဧကရာဇ်သည်ခန့်ညားထည်ဝါစွာပင်အောင်မြင်မှုတွေနှင့်အတူစစ်မြေပြင်မှပြန်လည်ရောက်ရှိလာခဲ့သည်။
စစ်နိုင်သောသတင်းနှင့်အတူပျော်ရွှင်မြူးတူးနေကြသည့်လူအုပ်ကြီးသည်သနားစဖွယ်မိဖုရားအကြောင်းအားမေ့ပစ်လိုက်ကြပြီဖြစ်သည်။

စစ်မြေပြင်မှပြန်ရောက်လာပြီး
လုချန်အလာအားစောင့်မျှော်လျက်
ကျင်းစိုးရိမ်ကြောင့်ကျမှုတွေပြည့်နေသည်။
သေချာတာကတော့လုချန်ညီအစ်ကိုတွေသည်လမ်းခရီးကျန့်ကြာအောင်ဆွဲထားကြမှာမလွဲပင်ဖြစ်သည်။
သို့ကြောင့်ပဲတင်းဖန်းအားလုချန်နှင့်အတူတကွလိုက်ပါစေခြင်းဖြစ်သည်။
မဟုတ်လျှင်ဦးနှောက်မရှိရူးမိုက်စွာနှင့်ဘာအကြံစည်တွေထပ်ကြံရွယ်လေမလဲဘယ်သူကသိနိုင်မှာတဲ့လဲ

စာကြည့်ခန်းအတွင်းအရှေ့အနောက်လျောက်
နေချိန်တွင်သတင်းပို့သူသည်အမောတကော
ပင်ပြေးလာသည်။

"အရှင..်မင်း...မင်း...ကြီး..သ...ခင်.ခင်...လု..လု"

"သခင်လုနန်းတော်ကိုပြန်လာပြီလား"

"ဟုတ်..ဟုတ်...အ.."

"ဟုတ်ပြီ..မင်းထွက်သွားတော့
ထုန်ရှင်းမြို့စားဆီသွားပြီးပြင်ဆင်တော့လို့
ပြောလိုက်"

ထိုသူစကားပြီးဆုံးအောင်တောင်ကျင်းမစောင့်နိုင်တော့ပါ။
လုချန်ပြန်လာချိန်တွင်နန်းတွင်းသူ
နန်းတွင်းသားအားလုံးအားဒူးထောက်ပြီး
ကြိုဆိုနေတာမြင်လိုက်လျှင်ဘယ်လောက်တောင်အံ့သြသင့်သွားလေမလဲ

"သခင်လု..
နန်းတော်သို့ပြန်လာတာကြိုဆိုပါတယ်"

တပြိုင်နက်ထွက်ပေါ်လာသောအသံသည်
ကောင်းကင်ယံသို့ထိုးဖောက်မလားပင်ထင်ရသည်။
အမြဲတစေမထီမဲ့မြင်ပြုနေကြလေ့ရှိသောသူများသည်လုချန်ပြန်အလာကိုကြိုဆိုနေကြသည်တဲ့လား
ကျင်းမှအတင်းအဓမ္မစေခိုင်းထား၍သာဖြစ်နိုင်မည်
ဒူးထောက်လျက်စောင့်ကြိုနေကြသူများအားလုချန်လည်းအားနာစွာဖြင့်ခေါင်းခါယမ်းရင်း
အချိုသာဆုံးသောအပြုံးတွေနှင့်ကြိုဆိုနေသည့်ကျင်းဆီ
သို့ပြေးသွားကာဆန့်တန်းထားဆဲဘယ်လက်အားဆွဲကိုင်
လိုက်သည်။

"ငါ့အတွက်လုပ်ပေးထားတာလား"

"မင်းအတွက်မဟုတ်ရင်တင်းဖန်းအတွက်လား
ငါပြောတယ်မလား...မင်းကငါ့ရဲ့မိဖု.....အဲ..အမတ်မင်းလို့.."

နောက်ပြောင်လိုသည့်စကားကြောင့်လုချန်
မျက်စောင်းကရောက်ရှိလာသည်။

"ဒါတွေကမလိုအပ်ပါဘူး..သူတို့အသိအမှတ်ပြု
တာလည်းမလိုချင်ဘူး..မင်းရှိနေရင်အဆင်ပြေပါ
တယ်..ဘယ်သူကများဘုရင်ကိုအာခံရဲမှာလဲ"

သူပြောခဲ့သည်များအားကျွမ်းကျင်လိမ္မာစွာပြန်လည်အသုံးချနေသောလုချန်ကြောင့်ကျင်းခပ်ဟဟရယ်မိသွားသည်။

"အာ..ရှောင်စန်းကော..တူတူပြန်မလာဘူးလား"

"ချူးမိန်နဲ့ရှောင်ယန်းကိုစောင့်ရှောက်ဖို့
ထားခဲ့တယ်..ရှောင်ယန်းကအဖေလိုအပ်တယ်
လေ..ဒါပေမဲ့တစ်စုံတစ်ယောက်က
ငါ့ကိုမှခွင့်မပြုတာ..ပြီးတော့ရှောင်စန်းလည်း
သူ့ဘဝနဲ့သူနေသင့်ပြီလေ
ငါ့မှာကဘုရင်ရှိနေတော့အဆင်ပြေပါတယ်
သူလည်းညီအစ်ကိုတွေနဲ့ဆိုတော့
အဆင်ပြေပါတယ်..စိတ်ပူနေစရာမလိုပါဘူး"

မိသားစုနှင့်ပတ်သတ်ပြီးလုချန်စကားစလာတိုင်းကျင်းအနည်းငယ်တော့မလုံမလဲဖြစ်မိသည်။

"ဘယ်သူကများစိတ်ပူနေလို့လဲ..
ငါစိတ်ပူတာကသူမရှိရင်မင်းတစ်ယောက်တည်း
ဘယ်လိုလုပ်မလဲ"

ဟုတ်တာပေ့ါ..လုချန်အနားမှာ
စောင့်ရှောက်ရန်အတွက်အခြားသူအား
ကျင်းလက်ခံမည်မဟုတ်
ရှောင်စန်းပင်ဟိုးစဥ်ကတည်းကစောင့်ရှောက်လာတဲ့သူဖြစ်သည့်အပြင်သံယောဇဥ်ကြီးလှသူလည်းဖြစ်တာကြောင့်ကျင်းသည်းငြီးခံနိုင်သည်။
ပင်ကိုယ်သဘာဝကိုကဆွဲဆောင်အားပြင်းလှသောလုချန်ကိုအခြားဘယ်အခြွေအရံနှင့်မှကျင်းစိတ်ချနိုင်သည်မဟုတ်

"ဟမ်...ငါထင်တာတော့နန်းတော်မှာမရေမတွက်
နိုင်တဲ့မိန်းမစိုးတွေအခြွေအရံတွေရှိတယ်
မဟုတ်ဘူးလား"

သွယ်ဝိုက်ပြောဆိုလာသောလုချန်စကားတစ်ခွန်းကြောင့်ကျင်းခြေလှမ်းတွေလည်းဆက်ကနဲရပ်တန့်သွားသည်။

"တကယ်လား...မင်းတကယ်ပဲနန်းတော်ကို
ပြောင်းနေတော့မှာလား"

သူ့နားသူပင်မယုံနိုင်အောင်ဖြစ်သွားသည်။
လိုချင်နေသောအရာနောက်ဆုံးတော့ရပြီလေ
ဘယ်လောက်တောင်ချိုမြိန်လှသည့်အံသြမှု
လေးလဲ..
ပြောင်းလဲသွားသောကျင်းမျက်နှာထားကြောင့်လုချန်မျက်ခုံးတွန့်ပြရင်းသာအဖြေပြန်ပေးလိုက်သည်။

"အင်း...တစ်ခုခုတော့မှားနေပြီထင်တယ်..
ငါ့အရင် ရှောင်ချန်လေးပြန်လာစမ်း"

"ကောင်းပြီလေ...မင်းမလိုအပ်တော့ဘူးဆိုရင်
ငါ့ကိုဟန်ကျိုးအချိန်မရွေးပြန်ပို့လို့ရတယ်"

"အေး...တစ်စစီခုတ်ထစ်ပြီးမှပြန်ပို့မယ်"

အခုအချိန်တွင်ကျင်းအပေါ်သံသယမဝင်တော့သောလုချန်သည်ရင်ထဲမှာရှိသမျှ
အကုန်ပြောနိုင်နေပြီ..အရင်လိုပြန်ပို့လိုက်မည်လား
ထားခဲ့မည်လားစိုးရိမ်နေစရာမလိုတော့..
ကျင်း၏အချစ်တွေအားအပြည့်အဝယုံကြည်သွား
ပြီလေ...
မရေမတွက်နိုင်သောသာယာမှုတွေ မြောက်များစွာသောပျော်ရွှင်မှုတွေပေးနိုင်သည်ဟုကမ်းလှင့်နေသောနန်းတော်ကြီးသည်လုချန်အတွက်မည်သို့မျှသောစိတ်ခံစားချက်ကိုမှမပေးစွမ်းနိုင်သောနေရာတစ်ခုလည်းဖြစ်သည်။

လုချန်၏ရှင်သန်ရာနားခိုရာနေရာသည်ကျင်းသာဖြစ်သည်။
ရှင်သန်ခြင်း၏အကြောင်းအရာသည်ဘေးတွင်
တည်ရှိနေခြင်းကြောင့်ကမ္ဘာကြီးသည်လည်း
နွေးထွေးတောက်ပလျက်ရှိသည်။

"ကျင်း..ပြောစရာရှိတယ်..အနားတိုးပါဦး"

ကျင်းနားရွက်လေးအနားတိုးလာသည်အား
ခေတ္တမျှစောင့်ပြီးမြိုသိပ်ထားခဲ့ရသည့်
အပြောချင်ဆုံးစကားလုံးလေးသည်
လေသံမျှသာသာလေးဖြင့်တိုးညှင်းစွာ
ထွက်ပေါ်လာသည်။

"ငါမင်းကိုအချစ်ဆုံးပဲ'

တစ်သက်မှာပထမဆုံးအကြိမ်ဖြင့်ကြွေထည်လို
မျက်နှာထားသည်ဒေါသကြောင့်မဟုတ်ပဲ
နီမြန်းလာသည်။
လုချန်ချစ်မှန်းသိပေမဲ့လည်းအမြဲတစေသတိတရားနှင့်မြိုသိပ်ထားတတ်သူဖြစ်တာကြောင့်
ထိုကဲ့သို့ချိုမြိန်စွာထုတ်ပြောလာမည်ထင်မထားခဲ့။

ပျော်ရွှင်ကြည်နူးမှုတွေနဲ့အတူလုချန်
နားရွက်နားတိုးကပ်သွားကာ

"ငါကအချစ်ဆုံးဆိုတာထက်ကိုပိုချစ်တယ်"

နောက်မှလိုက်ပါနေသည့်တင်းဖန်းကတော့
လေထဲ၌သာပျောက်ကွယ်သွားချင်နေသည်။
ဒီနှစ်ဦးကတော့လေ...သူတည်ရှိမှုကိုတော့
မြင်မည်မထင်..အချစ်စခန်းထနေကြသည်။

နန်းထိုက်သောစုံတွဲသည်လည်းကြာစွယ်ကြာနွယ်များကမ်းလှင့်ကာစောင့်မျှော်နေသောဥယျာဥ်အတွင်းပျော်ရွှင်ကြည်နူးစွာဝင်ရောက်သွားကြသည်။
ဆောင်းဦး၏လေညှင်းသည်ကောင်းကင်ဘုံမှဖန်ဆင်းထားသကဲ့သို့မွှေးပျံ့လှသောရနံ့များကိုသယ်ဆောင်ရင်းသစ်ပင်ပန်းမန်များစိမ်းစိုနေသောကြာပန်းဥယျာဥ်အတွင်းတိုးဝှေ့လျက်ရှိသည်။
••••••••••••••

Bạn đang đọc truyện trên: AzTruyen.Top