Espresso

Song recommend: Espresso by Sabrina Carpenter

Espresso 25.8.2024

သူက Epressoဆို တစ်ခွက်နဲ့တူတယ်။
သောက်ပြီးရင် အရသာချိုချိုလေး ပါးစပ်ထဲမှာ ကျန်ခဲ့သလိုမျိုး ကိုယ့်ဘ၀ထဲမှာ သူက ချိုချိုလေး ကျန်ရစ်ခဲ့တယ်။

__________

မနက်ခုနှစ်နာရီ:

လက်ထောက်မန်နေဂျာဂျောင်၀န်းနူသည် အိမ်မှ ထွက်လာပြီးသည်နှင့် လမ်းထိပ်က ကော်ဖီဆိုင်မှာ espressoတစ်ခွက် ၀င်၀ယ်ကာ အလုပ်သွားတော့မည်။
သူ့အတွက်တော့ မနက်ခင်းကို နိုးကြားစေတာက ကော်ဖီ တစ်ခွက်ပင်။
ကော်ဖီ မပါပဲ ရုံးကို သွားလို့ မရ။

မြေအောက်ရထားဘူတာကို သွားသည်။
ရထားပေါ် ရောက်တော့လည်း ရုံးတက်ချိန်မို့ လူတွေ ပြည့်နေ၍ ထိုင်စရာ တော်တော်နဲ့မရ။
အနည်းငယ် ကြာတော့မှ တစ်နေရာ ရ၍ ၀င်ထိုင်လိုက်သည်။
သူ၏ အိတ်ကို ပိုက်၍ ထိုင်ကာ ဟို‌ေငးသည်ငေးနှင့် အတော်ကြာတော့ မျက်၀န်းလေးများ ငိုက်ကျကာ...…..။

မဖြစ်ဘူး!! အခု ဘယ်နှစ်နာရီလဲ။
မဟုတ်ဘူး ဘယ် ဘူတာရောက်ပြီလဲ။

ကြည့်လိုက်‌ေတာ့ ဆိုးအူးဘူတာပဲ ရှ်ိသေးသည်။
ဆိုးအူဘူတာ ပြီးရင်တော့ သူ ဆင်းရတော့မည်။

ရုံးရှေ့ရောက်တော့
လက်ထဲက espressoကို တစ်ငုံငုံကာ ရုံးထဲ၀င်သွားလိုက်သည်။
ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်တော့
အထဲမှာ လူတွေ ပြည့်နေ၍ တိုးမစီးချင်သဖြင့် ရိုးရိုးလှေကားကသာ တက်သည်။
၀န်းနူသည် introvertဖြစ်သည့် အားလျော်စွာ လူတွေ ပေါင်းသင်းရတာက သူ့အတွက် ၀န်ထုပ်၀န်ပိုး ဖြစ်စေသည်။
ထို့ကြောင့် လူများသည့် နေရာဆို ရှောင်သည်။ မဖြစ်သာလို့သာ ဆက်ဆံရတာပဲ ရှိမယ်။ သူ့ စိတ်ကတော့ ပါတာ မဟုတ်ပင်။

"မောနင်းပါ လက်ထောက်မန်နေဂျာကြီး"

"မောနင်း..."

မျက်မှန်ပိုင်ရှင် ထိုကောင်လေးက မျက်မှန်လေးကို အသာပင့်တင့်ကာ ပြုံးပြုံး နှုတ်ဆက်သည်။
သူက အရမ်းကို တိတ်ဆိတ်တဲ့ သူမို့လို့ နှုတ်ဆက်ချိန်မှတစ်ပါး သူ့အသံကို မကြားရ။

ဒါဟာလည်း သူ့နဂိုကတည်းက introvertဖြစ်တဲ့အပြင် traumaတစ်ခုကြောင့်ဆိုလည်း မမှားပေ။

တိတ်ဆိတ်လွန်းတဲ့ သူ့ဘ၀ကို ပြန်လည် လှုပ်ခပ်ပေးမည့် espressoလေး တစ်ခွက် သူ့‌ဆီ ရောက်လာခဲ့မည်ဆိုလျှင်။

__________

"ဂွမ်ဆွန်းယောင်း!"

သူ့သူငယ်ချင်း မင်ဂယူက သူ့ ဂုတ်ကနေ သိုင်းဖက်လိုက်သည်။
သကောင့်သား၏ weightက မနည်းတာမို့ လူကောင်သေးသည့် ဆွန်းယောင်းက ရှေ့ကို ယိုင်ကျမတက်။

"ဖြည်းဖြည်းလုပ် မင်းရဲ့ Hyungကသေးသေးလေး"

တစ်ကယ်လည်း ဟုတ်သည်။
ဆွန်းယောင်းက သေးသေးကွေးကွေး ဖြူဖြူလုံးလုံး hamsterလေးနှင့် တူသည်။
ပြုံးရယ်လိုက်လျှင် မျက်လုံးမမြင်ရ၍ 10:10နှင့် တူသည်။

"အာ Hyungကလည်း။ ကျွန်တော် ဗိုက်ဆာနေပြီ မုန့်ဖိုး.."

ဘာမဆိုင် ညာမဆိုင် လက်ဖြန့်ကာ မုန့်ဖိုးထတောင်းနေ၍ ဆွန်း‌ယောင်း နားရင်း အုပ်မိတော့မည်။

"မင်း မိဘဆီတောင်းပါလား။ ငါ မင်း အဖေမဟုတ်ဘူး ခွေးကောင်"

"ခွေးကောင်လို့ပြောမယ့်အစား puppyဆို တော်သေးတယ်"

"ကဲ ရော့ရော့"

ဆွန်းယောင်းက သူ့အိတ်ကပ်ထဲက ‌၀မ်တစ်သောင်းကို မင်ဂယူ့လက်ထဲ ထည့်ပေးလိုက်သည်။
အမြဲတမ်း ဆွန်းယောင်း‌‌ဆီကနေ တောင်းနေကျ။
ငယ်ငယ်ကတည်းက ဆွန်းယောင်းလက်ထဲမှာပဲ ကြီးလာတဲ့ ကလေးမို့လို့ မိဘတွေထက် ဆွန်း‌ယောင်းကို ပိုတွယ်တာသည်။
တစ်ခုခုဆို ဆွန်းယောင်းစကားက ပိုအောင်သည်။

ကလေးလေး အလား မုန့်ဖိုးရပြီး ထွက်သွားခဲ့သည့် မင်ဂယူ့ကို ကြည့်ပြီး ဆွန်းယောင်း ခေါင်းခါမိသည်။
အချိန်လည်း မနည်းတော့ပြီမို့ တက္ကသိုလ်ထဲ ၀င်ဖိူ့ လုပ်တော့သည်။

မျက်မှန်တပ်ထားပြီး အနောက်တိုင်း ၀တ်စုံပြည့် ၀တ်စားထားကာ
ဒေါင်ကောင်းကောင်းဖြင့် ‌လမ်းလျှောက်လာနေသော အမျိုးသားတစ်ဦးကို သူ တွေ့လိုက်ရသည်။
မျက်နှာတည်ထားပေမယ့်လည်း အကြည့်တွေ နူးညံ့နေသည့် ထိုအမျိုးသားကို ဆွန်း‌ယောင်း အကြာကြီး စိုက်ကြည့်နေပေမယ့် ထိုအမျိုးသားကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲသူ့ဘာသာသူ လျှောက်နေလိုက်တာ ဆွန်း‌ယောင်းရဲ့ ဘေးကနေ ဖြတ်သွားသည်။

သူ သိလိုက်ပြီ။
သူ ထိုလူကြီးကို ချစ်မိပြီ။

________

"ကောင်လေး ရရဲ့လား..."

"ရပါတယ်ခင်ဗျ။ ရပါတယ်"

ကံကြမ္မာလား တိုက်ဆိုင်မှုလားမသိဘူး။
ဒီမနက် ‌ဆွန်းယောင်း ကော်ဖီသောက်ဖို့ ‌cafeဆိုင်ကို ၀င်သွားတာ
သူ့ရှေ့မှာ တန်းစီနေတဲ့ ဟိုတစ်နေ့က လူကြီးက ကော်ဖီ ရတော့ ပြန်လှည့်ထွက်ချိန် မတော်တဆ ဆွန်း‌ယောင်းနှင့် တိုက်မိပြီး ဆွန်း‌ယောင်း၏ အကျီဖြူပေါ် အကုန် ပေကျံသွားခဲ့သည်။

"အစ်ကို့ကြောင့် ပေသွားတာပဲ...အစ်ကို ပြန်လျော်ပေးပါ့မယ်"

"ရပါတယ် အစ်ကို။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး"

"မဟုတ်တာ။ အစ်ကို ပြန်လျော်ပေးပါ့မယ်"

သူ့ရဲ့ အစ်ကိုဟာ သူ့ကို သိပ် အားနာနေဟန်တူသည်။
သူ့ရဲ့ အကျီဖြူကို တစ်ရှုးနှင့် သုတ်ပေးနေကာ လျော်ပေးမည်ပဲ ပြောနေသည်။
ထို့ကြောင့် သူက အစ်ကိုလည်း အားမနာရအောင်၊ သူလည်း အစ်ကို့ ဖုန်းနံပါတ်ရအောင် ကြံစည်လိုက်သည်။

"အဲ့တာဆိုလည်း အစ်ကို ဖုန်းနံပါတ်လေး ပေးခဲ့ပါ"

"ဪ အင်းအင်း အစ်ကို ပေးမယ်နော်"

အစ်ကိုက သူ ကမ်းပေးလာသည့် ဖုန်းကို ယူကာ ဖုန်းနံပတ် မှတ်ပေးလိုက်သည်။
အစ်ကို့ရဲ့ ဖုန်းနံပါတ်ရပြီ‌ဆိုတော့ ဆွန်း‌ယောင်း ပျော်သည်။
အစ်ကိုက ဘယ်လိုလူပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။
အစ်ကို့ကို ချစ်တာ တစ်ခုပဲ ရှိတာမို့လို့

_______

"ဟိုတစ်နေ့က ကောင်လေးပါလား.."

၀န်းနူက ဘတ်စ်ကား နောက်‌ဆုံး တန်းမှာ နားကြပ်တပ်ပြီး ‌ကားမှန်ကို မှီကာ မှိန်းနေသည်။
ထိုအချိန် လူတစ်ယောက်က သူ့ ပုခုံးကို တို့၍ ကြည့်လိုက်တော့ ကော်ဖီဆိုင်က ကောင်လေးဖြစ်နေသည်။
ဖြစ်ချင်တော့ သူလည်း ရုံးဆင်းတော့ ဟိုကောင်လေးကိူ အားနာ၍ ရှပ်အကျီဖြူလေး ၀င်၀ယ်လာသည်။ ဖူန်းဆက်ပြီး လာပေးမလို့ စိတ်ကူးထားတာ သူရှေ့ ရောက်လာတော့လည်း အတော်ပဲပေါ့။

"ကောင်လေး ဒါ မင်းအတွက်...။အစ်ကို ဟိုတစ်နေ့က ကိစ္စအတွက် အားနာလို့ပါ"

"ဪ အစ်ကိုရယ်။ အားနာဖို့ မလိုပါဘူး။
ဒါဆို ပေးတော့လည်း မငြင်းတော့ဘူးနော်"

ကောင်လေးက အကျီထုတ်ကို ယူထားလိုက်သည်။

"ဒါနဲ့ အစ်ကို့ နာမည် ဘယ်လိုခေါ်လဲ"

"ဂျောင်၀န်းနူ"

"အစ်ကို ကျွန်တော့်နာမည်ကိုရော သိလား"

"မသိဘူးလေ"

"ကျွန်တော့် နာမည်က ဘေဘီလေ.."

"ဘေဘီ?ဒါဆို မျိုးရိုးနာမည်ကရော?"

"ဂျောင်မျိုးရိုး။ ဂျောင်ဘေဘီ"

အစ်ကိုက မျက်လုံး အဝိုင်းသားနှင့် သူ့ကို ကြည့်နေသည်။ အစ်ကိုက သူနောက်လိုက်သည်ကို နားမလည်တဲ့ပုံ ပေါက်ကာ

"ဟဟ အစ်ကိုရယ်။ ကျွန်တော်က နောက်တာပါ။
ကျွန်တော့် နာမည်က အစစ်က ဂွမ်ဆွန်းယောင်းပါ"

"ဪ...ဆွန်းယောင်း"

"ကျွန်တော့် အသက်က ၂၂နှစ်။ အစ်ကိုကရော..?"

"၃၀"

"အစ်ကိုက စကား ပြောတာ အရမ်းပြတ်တာပဲနော်။
ကျွန်တော့်ကို သဘောမကျဘူးလား"

၀န်းနူဘက်က အားတုံ့အားနာ ဖြစ်သွားသည်။
သူက နဂိုကတည်း introvertမလို့ စကားနည်းသည်။ သိကျွမ်း၀င်ပြီးသား လူတွေကိုတောင် လိုအပ်တာ ထက် ပိုမပြော။
၀န်းနူ စကားပြောသည့် အရေအတွက်ကို လက်ချိုးရေ၍ တောင် ရသည်။

'မဟုတ်ပါဘူး။ အစ်ကိုက နဂိုကတည်းက အဲ့လိုပဲမို့လို့ပါ"

"အ..ကျွန်တော် ဆင်းရမယ့် မှတ်တိုင် ရောက်ပြီပဲ။
နောက်ရက် ထပ်တွေ့တာပေါ့ အစ်ကို"

ဆွန်း‌ယောင်းက လျင်မြန်စွာ ဆင်းသွားခဲ့သည်။
၀န်းနူကတော့ ထိုကောင်လေးကို ငေးကြည့်နေမိရင်း

"အင်း...တစ်မျိုးလေးပဲ"

[Espresso]

"အစ်ကို ထပ်တွေ့ရပြန်ပြီနော်"

၀န်းနူ ညဘက် လမ်းလျှောက်နေရင်း ထိုကောင်လေးက သူ့ဘေးကနေ အတူတူ လာလျှောက်သည်။

"ဟုတ်ပါရဲ့"

"အစ်ကိုက အရမ်းချောတာပဲ သိလား"

"အင်းမ်? အစ်ကိုတော့ ကိုယ့်ကိုကိုယ် အဲ့လိုမထင်ပါဘူး..."

"အစ်ကိုက ချောပါတယ်"

"မင်းလည်း ချောပါတယ်"

"အစ်ကိုရဲ့ မျက်မှန်နဲ့ မျက်၀န်းက သိပ်ပြုစားတတ်တယ်ဆိုတာရော သိထားလား"

'အစ်ကိုက ဘယ်သူ့ကိုမှ မပြုစားတတ်ပါဘူး"

"ကျွန်တော့်ကိုတော့ ပြုစားထားတယ်"

၀န်းနူက လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို တုံ့ခနဲ ရပ်ကာ ထိုကောင်လေး ဘက်ကို မျက်နှာမူကာ ကြည့်နေမိသည်။

"ဘယ်လို?"

"ကျွန်တော် အစ်ကို့ကို ချစ်မိနေပြီသိလား"

"လက်စသတ်တော့ မင်းက အစ်ကို့ကို လိုက်ပိုးပန်းနေတာပဲ ကောင်လေး။
ဆောရီး အစ်ကိုက လိင်တူ စိတ်မ၀င်စားဘူး"

"ကျွန်တော်လည်း လိင်တူ စိတ်မ၀င်စားဘူး အစ်ကို။ဒါပေမယ့် အစ်ကိုကတော့ ခြွင်းချက်"

ထိုနေ့က ထိုကောင်လေးဆီက ဖွင့်ပြောခံရပြီးကတည်းက
သူ ကောင်လေးကို ရှောင်နေမိသည်။
ထိုကောင်လေးက မသိရင် stalkerတစ်ယောက်လိုပဲ။ သူ့ကုမ္ပဏီအထိ ရောက်လာသည်။ ဘယ်လိုလုပ်သိပြီး ရောက်လာလည်းတော့မသိ။
တစ်ခါတစ်လေကျရင်လည်း အိမ်အထိ ရောက်လာတတ်သည်။

"မန်နေဂျာကြီး..အလုပ်ဆင်းတော့လေ။
ခုနကတည်းက ဟိုကောင်လေးက အကြာကြီး စောင့်နေရတာ"

ညနေ ၅နာရီတည်းက စောင့်နေရတာ ည၈နာရီအထိ အစ်ကို ထွက်မလာသေး၍ ဆွန်း‌ယောင်း ခြေညောင်းအောင် စောင့်နေရပြီ။
ဒါပေမယ့် ဘယ်လောက်ညောင်းညောင်းပါ။
အစ်ကို ထွက်လာတဲ့အထိ စောင့်နေမှာ။

"အစ်ကို"

ဆွန်းယောင်း မှိုရတဲ့ မျက်နှာနဲ့ အစ်ကို့ဆီ ပြေးသွားမိသည်။

"မင်း ဘာလို့ အကြာကြီး စောင့်နေရတာလဲ။
မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ငါနဲ့ မဖြုန်းပစ်ပါနဲ့"

"အစ်ကိုနဲ့ ဖြုန်းရတဲ့ အချိန်တွေက ပို တန်ဖိုးရှိတယ်ဆိုရင်ရော?"

၀န်းနူက ပြောမရသည့် ကောင်လေးကြောင့် ခေါင်းခါကာ ရှေ့ကနေ ထွက်လာမိတော့သည်။

"ညနေတိုင်း ကျွန်တော် လာကြိုမယ်နော်"

"မကြိုနဲ့"

"ကျွန်တော် လာကြိုတာ အစ်ကို ကြိုက်နေတာပဲ မလိမ်ပါနဲ့"

ကောင်လေးက သူ့စိတ်ကို ဖတ်လိုက်သည့်အလား
မှန်အောင် ပြောလိုက်သည့်မလို့ ပါးတစ်ဖက်ဟာ ရှိန်းကနဲတော့ ရဲတက်သွားသည်။
သို့သော် ထိုကောင်လေး မသိလိုက်ပါ။

"အစ်ကို တစ်ခုခုစားမလားဟင်။
ကျွန်တော် ဗိုက်ဆာလို့ပါ.."

ကောင်လေးက နှုတ်ခမ်းဆူကာ
သူ့ဗိုက်လေးကို ပွတ်ပြသည်။

"ဗိုက်က ဘာလို့ ဆာရပြန်တာလဲ?"

"ကျွန်တော်လေ မနက် လေးနာရီလောက်ကတည်းက
လေ့ကျင့်ရုံကို သွားပြီး အက ကျင့်ရတယ်။ ပြိးတော့ ကျောင်းတန်းသွားရတယ်။ ကျောင်းက ပြန်တော့ လေ့ကျင့်ရုံကို ပြန်သွားရတယ်။
ပြီးတော့ အစ်ကို့ဆီ လာရတာ။ ကျွန်တော့်မှာ ညစာ စားဖို့ အချိန်မရှိဘူး"

ကောင်လေး ပြောစကားကို နားထောင်ပြီး သနားစိတ်၀င်သွား၍

"အဲ့တာဆို သွားမယ်"

"ဘယ်ကိုလဲ?"

"စားဖို့"

"ဟာ အစ်ကို တစ်ကယ်ပြောတာလား။
အစ်ကို တစ်ကယ်ပဲ ကျွန်တော်နဲ့ ညစာ အတူတူ စားပေးမယ်ပေါ့။ အဟား ပျော်လိုက်တာ"

ကောင်လေးက လမ်းလယ်ခေါင်မှာ ကလေးတစ်ယောက်လို ခုန်ပေါက်ပြီး ပျော်နေသည်။
၀န်းနူကတော့ သူများတွေ ကြည့်နေမှာ စိုးနေပေမယ့် ထိုကောင်လေးကတော့ အဲ့လိုလည်း စိုးရိမ်နေမယ့် ပုံလည်းမပေါ်။

သူတို့ နှစ်ယောက် ၀င်ခဲ့သည်က ဆွန်းယောင်း ကြိုက်တဲ့ တော့ပိုကီတဲလေးထဲပင်။
ဆွန်းယောင်းက ချက်ချင်းပင် ‌၀င်ထိုင်လိုက်ပြီး တော့ပိုကီနဲ့ ဆိုဂျု မှာလိုက်သည်။

"မင်း အသက်မပြည့်သေးပဲ ဆိုဂျု-"

"အာ....ကျွန်တော်က ကျောင်းသာ မပြီးသေးတာ အသက်က ပြည့်ပြီဗျ"

ကောင်လေးက သူ့ကို ရယ်ကျဲကျဲနှင့် ပြောသည်
မှာထားတာလည်း ရပြိမို့ ကောင်လေးက ခေါင်းမဖော်တမ်း စားသည်
၀န်းနူကတော့ တို့ကနန်း ဆိတ်ကနန်းဖြင့် နည်းနည်းသာ စားသည်။

ကောင်လေး မင်းနဲ့ ငါသာ ယူဖြစ်ခဲ့ရင်တော့
တော့ပိုကီဖိုးနဲ့တင် မွဲမလား မသိ။
________

"ဗိုက်ကို တင်းကားသွားတာပဲ.."

ကောင်လေးက အနည်းငယ် စူထွက်လာသည့် သူ့ဗိုက်ကို တစ်ချက် ရိုက်ပြီး ပြောသည်။
ဆိုဂျုအရှိန်လေးကြောင့်မို့လို့လားမသိ ကောင်လေးရဲ့ ပါး နှစ်ဖက်ဟာလည်း ရဲတက်နေသည်။

"အစ်ကို ကျွန်တော်က Espresso.."

အဆက်အစပ်မရှိ ထပြောလာသည့် ကောင်လေးကို ကြည့်တော့ မျက်စိပေါက်မမြင်ရအောင် မှေးပြီး ပြောသည်။

"အစ်ကို စွဲလမ်း နေတဲ့ Espresso...။
အဲ့တာ ကျွန်တော်ပါ အစ်ကို"

"မင်းကို စွဲလမ်းတယ်လို့ ပြောမိလို့လား?"

"ဟင့်အင်း။
အစ်ကို မပြောဖူးပေမယ့် ကျွန်တော်သိတယ်။
ပြီးတော့ ကျွန်တော်က အစ်ကို သောက်နေကျ Espressoလို ချိုချိုလေးပဲလို့တော့ အမြဲမထင်နေနဲ့နော်။
တစ်ခါတစ်ရံ ကျွန်တော်လည်း ခါးတတ်တယ်..."

သူလည်း ကောင်လေးကို espressoချိုချိုလေးလိုပဲ ထင်နေမိသည်။
Espressoဆိုတာ နဂိုက အခါး။ ဒါပေမယ့် အခါးဓာတ် ပျောက်ချင်ရင်တော့ သကြားတို့ နို့ဆီတို့ ထပ်ထည့်ရသေးသည်ပဲ။
ကောင်လေးက သူ့ကို အပေါ်ယံ သကြားဖြူးသွားမည်ကို သူ ကြောက်သည်။

"ဒါဆို အစ်ကို ပြန်တော့လေ။ နောက်ကျနေပြီ။
ဒီနေ့တော့ ကျွန်တော် လိုက်မပို့တော့ဘူးနော်"

"အင်း.."

Espresso... Espresso..
ဒီလူကြိးတော့ espressoကို စွဲလမ်းနေပြိ ထင်ပါရဲ့လေ။

__________

(Espresso)

"လမ်းခွဲတာပေါ့ ၀န်းနူ"

သူ့ ရုံးဆင်းတော့ ချစ်သူ ကောင်မလေး ထိုင်နေကျ ကော်ဖီဆိုင်မှာ ချိန်းထားသည်။ သူ ရောက်တော့ ချစ်သူ ကောင်မလေးကို လှမ်း နှုတ်ဆက်လိုက်ပင်မယ့် သူ မြင်လိုက်ရတာက
အခြားယောကျာ်းတစ်ယောက်နဲ့ ဖက်နေသည့် မြင်ကွင်း။
သွေးတွေ ပြောင်းပြန် စိးဆင်းနေသလို ခံစားရသည့် အောင့်သက်သက် ခံစားချက်က ပြင်းထန်လှသည်။ ရုံးမှာ သောက်ခဲ့သည့် espressoခါးခါးက ရင်၀ကနေ ပြန် အန်ထွက်ချင်လာသလိုလို။

သူ့ရှေ့ကို နှစ်ယောက်သား ဖြည်းညှင်းစွာ ရောက်လာသည်

သူ့မျက်၀န်းထဲမှာလည်း မျက်ရည်တွေ အပြည့်နှင့်မို့လို့ ဘာကိုမှ သဲသဲ ကွဲကွဲ မမြင်ရ။

"လမ်းခွဲကြတာပေါ့ ၀န်းနူ"

"ချစ်? ကိုယ့်ကို မနောက်ပါနဲ့ကွာ"

"မနောက်ပါဘူး ၀န်းနူ။
ကျွန်မ ရှင့်ကို မချစ်နိုင်တော့ဘူး။ ဒီမှာ တင်ရပ်လိုက်တာပေါ့။ ကျွန်မမှာ ချစ်ရသူ ရှ်ိနေပြီ"

အဲ့နေ့က ချစ်ရသူရဲ့ ခါးခါးသီးသီး ပြောဆိုမှုအောက်မှာ ပြားပြား၀ပ် တောင်းပန်နေသည့် ကိုယ့် ပုံစံကို တွေးမိပြီး စိတ်ပျက်လာမိသည်။

ခါးသီးမှုဒဏ်တွေ မခံနိုင်တော့၍ espressoအခါးတောင် မသောက်နိုင်တော့တဲ့ အထိ။

"အစ်ကို နေမကောင်းဘူးလားဟင်"

ဟန်မြစ်ကို ဘေးထားပြီး တဖြည်းဖြည်း လျှောက်လှမ်းလာနေသည့် သူ့ဘေးကို ရောက်လာသည့် espressoလေး။

၀န်းနူက ပြုံးရုံသာ ပြုံးပြိး သူ့ကို ကြည့်သည်။

"အစ်ကို ဘာဖြစ်လို့လဲဟင်။ ကျွန်တော် ရင်တွေ ပူလှပြီ"

Espressoက သူ့ကို ပျာပျာသလဲ မေးသည်။
နဖူးကိူလည်း စမ်းကြည့်ပြီး

"ကိုယ်တော့ မပူပါဘူး။
အစ်ကို ဘာများ စိတ်ညစ်စရာ ရှိလို့လား။
မဟုတ်မှလွဲရော Exကို သတိရလို့လား....."

အသံတိုး၀င်သွားသည့် espressoကို သူ သတိထားမိသွားသည်။

"ငါက လူတစ်ယောက်ကို တော်တော်နဲ့ သံယောဇဉ် မတွယ်တတ်ဘူး ။ တွယ်ပြီးရင်လည်း လွယ်လွယ်နဲ့ မမေ့တတ်ဘူး။ အဲ့တာကြောင့် ရင်နာရတယ်။"

"အစ်ကို...အစ်ကို့ ဒဏ်ရာတွေကို ကျွန်တော် ကုပေးချင်တယ်"

"အင်း...။ မင်းကို ယုံလို့ရမယ်မလား?"

ဆွန်းယောင်းက သူ့နောက်ကနေ ကွယ်ဝှက်ထားတဲ့
အနီရောင် ကျုးလစ်ပန်းစည်းကို ပေးသည်

" ကျွန်တော့် အစ်ကို့ရဲ့ ချစ်သူ ဖြစ်ခွင့်ရနိုင်မလား"

"ကိုယ့်ရဲ့ ချစ်သူဖြစ်ပေးပါ ကိုယ့်ရဲ့ espresso"

Espressoဆိုတဲ့ နာမည်လေးကို သဘောကျဟန်တူသည်။ မျက်စိပေါက်မမြင်ရအောင် ပြုံး‌နေလိုက်သည်ဆိုတာ။

"အစ်ကိုသိလား။
အနီရောင် ကျုးလစ်ရဲ့ အဓိပ္ပာယ်က
'ယုံကြည်ပေးလို့ ရမလား။
မင်းအတွက်ဆို ငါ့ ခံစားချက်တွေက စစ်မှန်းလွန်းလို့ အလေးအနက်ချစ်ရပါတယ်'တဲ့"

Espressoရဲ့ လက်ထဲက ပန်းစည်းလေးကို ကောက်ယူလိုက်သည်

"ကြိုက်လား အစ်ကို"

"ကြိုက်တယ် Espresso"

"ဘာကိုလဲဟင် ပန်းကိုလား?"

"မင်းကို.."

အစ်ကို့ရဲ့ မသိမသာ flirtingအောက်မှာ espressoက တခစ်ခစ် ရယ်သည်။

ထို့နောက် espressoဗိုက်ထဲမှ ခွီကနဲ အော်လာသည်

"ဗိုက်ဆာနေလား Espresso?"

"ဟုတ် အစ်ကို"

"ဒါ‌ဆို ကိုယ့်အိမ်မှာ ခေါက်‌ဆွဲစားဖို့ သွားမလား"

အစ်ကို့ဆီမှ ထိုစကားကြားတော့ espressoဟာ ရေခဲရိုက်ထားသလို ကြက်သေသေသွားသည်။

သူ့ ပါး နှစ်ဖက်ဟာ နီးမြန်းလာပြိး ‌ဟန်မြစ်ထဲ ခေါင်းနှစ်ချင်စိတ်တောင် ပေါက်လာသည်။
အစ်ကိုကတော့ သူ ပြောလိုက်တဲ့ စကား အဓိပ္ပာယ်ကိုတောင် သိမယ့်ပုံ မပေါ်။

"အစ်ကို..အစ်ကိုကလည်း..ရှက်စရာကြီး..။လူကြားထဲမှာ.."

"ခေါက်ဆွဲစားတာ ဘာရှက်စရာလိုလို့လဲ။
မစားချင်လည်း ပြန်တော့။
စေတနာနဲ့ ကျွေးတာကို"

"အဟဲ အဲ့လို မဟုတ်ပါဘူး အစ်ကိုရဲ့။
စားမှာပါ စိတ်မဆိုးလိုက်ပါနဲ့နော်"

_______

အစ်ကို ပြုတ်ပေးသည့် ခေါက်‌ဆွဲပြုတ်ကို espressoက အားရပါးရ စားသည်။
နှစ်ထုပ်ပြုတ်ပေးလိုက်တာ နှစ်ထုပ်လုံး အပြောင်။
လူကသာ သေးတာ အစားကတော့ ရှယ်စားနိုင်သလား မမေးနဲ့။

"ခုနက ဘာလို့ ခေါက်‌ဆွဲစားဖို့ခေါ်တာကို ရှက်တယ် ပြောနေတာလဲ"

"အာ.....အဲ့တာလား။
ကျွန်တော် တစ်ကယ် ပြောရမှာလား?"

"ပြောလေ"

Espressoလည်း မဝံ့မရဲနဲ့ အစ်ကို့ နား နားကပ်ပြီး ပြောလိုက်သည်
Espressoပြောလိုက်သည့် စကားကြောင့် သူ မျက်လုံးပြုးသွားသည်

"မဟုတ်...မဟုတ်ဘူး။
ငါက ရိုးရိုးသားသားနဲ့ ခေါက်‌ဆွဲ စားဖို့ခေါ်တာ"

"ကျွန်တော် သိပါတယ်။
ကျွန်တော်က အစ်ကို့ကို ချစ်လို့ စတာ"

"ဒါနဲ့ ကျွန်တော် ညအိပ်ပြီးမှ ပြန်ရင်ရော ရလား"

"ရပါ့"

"တစ်ကယ်လား အစ်ကိူ"

"တစ်ကယ်.."

"အဟား ပျော်လိုက်တာကွ"

ထို တစ်ညတော့ Espressoက သူ့ အစ်ကိုရဲ့ ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးနှင့် အိပ်စက်နေခဲ့သည်။

_________

၀န်းနူ နိုးလာတော့ သူ့ဘေးက espressoလေးကို မတွေ့၍ ရှာပုံတော့ ထွက်တော့
Espressoက မီးဖိုချောင်မှာ espressoဖျော်နေသည်။

"အစ်ကို့အတွက် မောနင်း ကော်ဖီ။
အခုကစပြီး အစ်ကိူ့အတွက် မောနင်း ကော်ဖီ ဖျော်ပေးတဲ့သူက ကျွန်တော်ပဲ ဖြစ်ချင်တယ်"

"ဖြစ်ရမှာပေါ့ Espresso"

"အစ်ကို သောက်ကြည့်ပါဦး"

Espressoကမ်းပေးသည့် espressoကို သောက်ကြည့်သည့်အခါ အရင်က သူသောက်နေကျ အခါးမျိုး။
မသောက်တာကြာ၍ သူ့အစ်ကိုက သိပ်တောင် မသောက်နိုင်။

"ကိုယ် အခါး မကြိုက်တော့ဘူး"

"သိတယ် အစ်ကို။
အရမ်း ခါးနေရင် Espressoအချို သောက်လိုက်လေ ရော့"

၀န်းနူ၏ မျက်နှာနားကို အတင့်ရဲ တိုးကပ်လာပြီး သူ့ နှုတ်ခမ်းကို ပေးသည်။
Espressoရဲ့ လည်တိုင်ကို သူ့လက်တွေနဲ့ ကိုင်ထားပြီး Espressoချိုချိုလေးကို သောက်သုံးနေမိသည်။ သောက်လေ သောက်လေ ငတ်မပြေမလို့
Espressoလေးက သူ့ကို ဆန့်တငင်နှင့် ထားခဲ့သည်

"ကျွန်တော် ကျောင်း သွားတော့မယ်။ ချစ်တယ် အစ်ကို"

"ညနေ ကိုယ် လာကြိုရမလား?"

"အင်း။ လာကြို။
ကျွန်တော့် ချစ်သူ ဘယ်လောက်မိုက်ကြောင်း ပတ်ကြွားပစ်မယ်"

"ဟဟ"

သူ့ Espressoလေးကို သဘောကျစွာ ရယ်မိသည်။
ကလေးသဖွယ် ပြောနေသည့် espressoချိုချိုက တစ်ခါတစ်လေတော့ ခါးသက်မယ့်ပုံစံမျိုး။

__________

"အစ်ကိုက ကျွန်တော့်ကို အရင်ကလို မချစ်တော့ဘူး။
အစ်ကိုက ရပြီးပြီဆိုတော့ အရေးမစိုက်တော့တာပေါ့လေ ဟုတ်လား ဂျောင်၀န်းနူ"

အခုတလော ၀န်းနူလည်း အလုပ်တွေ ရှုပ်နေတာမို့လို့ Espressoကို သိပ်ပြီး ဂရုမစိုက်ပေးနိုင်။
ဒါကို Espressoက စိတ်ကောက်နေဟန် တူသည်

"ကိုယ် အလုပ်တွေနဲ့ မအားလို့ပါ။
ကိုယ်အခုကစပြိး ကိုယ့် espressoကို ပ်ိုပြီး အချိန်ပေးပါတော့မယ်ဗျာ။
ညနေ ဘယ်သွားချင်လဲ...အစ်ကို လိုက်ပို့ပေးမယ်"

"ညနေတော့ မအားဘူး။
အကအဖွဲ့က memberတွေနဲ့ ချိန်းထားတယ်"

၀န်းနူ အောင့်သက်သက်တော့ ခံလိုက်ရပေမယ့်
သူ့ Espresso စိတ်ကောက်ပြေအောင် ဘယ်လိုချော့ရမှန်းမသိ

Espressoက ဘောင်းဘီအမဲနှင့် အပေါ်က အကျီ ပုခူံးပေါ်ကို ၀တ်ကာ ထွက်လာသည်
အရမ်းကိူ ပုခုံးသား ဖော်ထားပြိး ဘောင်းဘီကလည်း ခန္ဓာကိုယ် အချိုးအစားကို ပေါ်စေတာမို့ သူ မကြိုက်။

"ဘယ်သွားမလို့လဲ"

"အကအဖွဲ့က memberတွေနဲ့ Barသွားမလို့"

"မသွားရဘူး"

"မချုပ်ချယ်နဲ့ ဂျောင်၀န်းနူ။
ကျွန်တော့် သဘောပါ"

Espressoက ဒီတိုင်းပဲ ပြောပြီး ထွက်သွားသည်။
Reveal ၀တ်စုံနဲ့ Barသွားခဲ့သည့် ‌အတွက် ၀န်းနူ စိတ်မချ။
အခြားယောကျာ်းလေးတွေလည်း ရှိမည်ဆိုတာက သူ့ အသိကို ယောက်ယက်ခတ်စေသည်။

______

"မင်ဂယူရာ မင်းပဲ စဉ်းစားကြည့်...."

ဆွန်းယောင်းက ဓာတ်ပြားဟောင်းကြီး ဖွင့်လိုက်သလို စကားကို မနားမနေ တရစပ် ပြောတော့သည်။
တစ်ခါပြောလိုက် ဝိုင်တစ်ခွက်သောက်လိုက် လုပ်နေသည်မို့ အရမ်းတွေလည်း မူးနေပြီ။
မင်ဂယူလည်း ဆွန်းယောင်း စကားတွေ နားထောင်ရတာ စိတ်ညစ်နေပြိ။

"ဆွန်းယောင်းHyung တော်တော့ မူးနေပြိ"

"မမူးဘူးကွ မင်းရဲ့Hyungက အရက်ဂျိုးလေး အေ့.."

ထို့နောက် စားပွဲနဲ့ ပါးပြင် မိတ်ဆက်သွားပြီး
အိပ်သွားတော့မှ မင်ဂယူ သက်ပြင်းချနိုင်သည်။

ဆွန်းယောင်းရဲ့ ဖုန်းကို ကြည့်လိုက်တော့ သူ့လူကြီးက ဖုန်းဆက်ထားတာတွေ မနည်း။
ထို့ကြောင့် သူ ပြန်ဆက်ပေးလိုက်သည်။

"Espresso ဘာလို့ ကိုယ့်ဖုန်း မကိုင်တာလဲကွာ.."

"ဟို ဆွန်းယောင်းHyung အရမ်း မူးပြိး မှောက်နေတယ်။
အဲ့ဘက်က လာခေါ်မလား.."

"ဘာ? ဘယ်ကို လာခေါ်ရမလဲခင်ဗျ"

"Love Money Fameဆိုတဲ့ Barကို လာခဲ့ပါ"

၀န်းနူလည်း ကုတ်အကျီကို ဆွဲယူပြီး ထွက်လာသည်။
Barကို ရောက်တော့
လူပေါင်းသောင်းခြောက်ထောင်လောက် ကနေသည့် မီးရောင်စုံကြားထဲမှာ တိုးဝေ့နေရသည်။
အရက်နဲ့တွေရော ဆူညံညံ သီချင်းသံတွေရောက သူ့ကို အာရုံနောက်စေသည်။
သူ့ ကလေးက ဒိလို နေရာမျိုး သွားလိမ့်မယ်လို့တောင် မတွေးမိခဲ့။
အခုတော့ သူကလေးက သူများ ရင်ခွင်မှာ မှီအိပ်နေသည်။
အဲ့တာကိုမြင်တော့ အရင်ရည်းစားဟောင်းက
သူများကို ဖက်နေတာကို သွားသတိရမိ၍ စိုးရိမ်စိတ်နဲ့အတူ ဒေါသပါ ပါလာသည်။
Espressoကို လက်မောင်းကနေ ဆွဲထလိုက်သည်။
မနိုးသေးတဲ့ espressoကိုတော့ ရင်ခွင်ထဲ ထည့်ထားပြိး

"အာ...ဆွန်းယောင်း Hyungက မူးရင် သွေးဆိုးတယ်ဗျ။
ကြည့်ထိန်းလိုက်ပါတော့နော်။ ကျွန်တော် သွားပါတော့မယ်"

"ဟုတ်ကဲ့ပါ"

_______

မူးနေသည့် ကလေးကို အိပ်ယာပေါ် ပစ်တင်လိုက်သည်။
ထိုအခါမှ နိုးလာကာ

"ဟင်...အစ်ကို ဘယ်လိုလုပ်ရောက်နေတာလဲ"

"နောက်ဆို ဘယ် Barမှ မသွားရဘူး။
ဘာ အရက်မှ မသောက်ရဘူး ကြားလား"

"အမိန့်မပေးနဲ့။ ကျွန်တော် လုပ်ချင်သလိုလုပ်မှာ"

ကုတင်ပေါ်ကနေ အတင်းကုန်းထနေ၍ ၀န်းနူက လက်နှစ်ဖက်ကို ဖိချုပ်ကာ
သူ့အပေါ်ကနေ မိုးထားသည်။

"ကိုယ့်ကို စိတ်ဆိုးပြိး အရွဲ့တိုက်နေတာကို ကိုယ် သိပါတယ်ကွာ။
ဒါပေမယ့် တစ်ခြားယောကျာ်းလေးနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။ အထူးသဖြင့် မူးနေတဲ့ အချိန်မျိုးမှာဆိုရင်။
ကိုယ့် အခုတလော Espressoကို ပစ်ထားမိရင် တောင်းပန်ပါတယ်။ ကိုယ့်ကို ခွင့်လွှတ်ပေးပါ"

အစ်ကို့ရဲ့ အလေးအနက်စကားကြောင့် သူ စိတ်ပြေသွားသည်။

"ပြိးရော။ အာ့ဆို နမ်းပါဦး"

၀န်းနူက espressoနှုတ်ခမ်းကို ဖွဖွနမ်းသည်

"သေချာ နမ်း.."

ပူပူနွေးနွေး နှုတ်ခမ်းသား နှစ်ခုဟာ ခပ်ကြာကြာ ထိကပ်သွားသည်။
၀န်းနူက အနမ်းမှာပဲ အာရုံစိုက်မ်ိနေ၍ Espressoက ၀န်းနူ၏အကျီ ကြယ်သီးတွေ ခိုးဖြုတ်နေတာ မသိလိုက်။

၀န်းနူက espressoလက်တွေ ဆုပ်ကိုင်လိုက်တော့ ရပ်တန့်သွားသည်။

"ဘာလုပ်တာလဲ espresso"

"အစ်ကို ကျွန်တော့်ကို ချစ်လား"

"မေးနေစရာ မလိုအောင်ကို ချစ်တယ်"

"ချစ်ရင် ကြင်နာပေးလေ"

Espressoပြောသည့် စကားအဓိပ္ပာယ်ကို သူ သိသည်။
သို့သော် မူးနေသည့်အချိန်မှာ အခွင့်ကောင်းမယူချင်ပါ။

"Espresso အရမ်း မူးနေပြီ။ အိပ်လိုက်တော့နော်"

Espressoကို ခေါင်းလေး ပုတ်သိပ်ကာ
သူ့အကျီ ကြယ်သိးတွေကို တပ်ပြိး အခန်းထဲက ထွက်ဖို့လုပ်တော့ လက်ကနေ ဆွဲထားသည်။

"ကျွန်တော်က အဲ့လောက်တောင် ကြင်နာချင်စရာ မကောင်းဘူးလား"

"ကိုယ့်ကလေးက ချစ်စရာလည်းကောင်းတယ်။ လိမ်လည်း လိမ္မာတယ်။
ကဲ..ကဲ အိပ်တော့နော်"

ခေါင်းလေး ပုတ်ပေးပြိး ထားခဲ့ပြန်တော့ ဒိတစ်ခါတော့ သူ့ ခါးကို တင်းကျပ်စွာ ဖက်ထားတဲ့ espresso။

"အစ်ကို........"

အပျော့ဆွဲနဲ့ ခြွေနေတာ သူ သိသည်
သူ့ စိတ်တွေ မယိမ်းယိုင်မိအောင်လည်း မနည်းထိန်းထားသည်။
လက်သီးဆုပ်ကို တင်းနေအောင် ဆုပ်ထားပ်ြးနောက်
Espressoဘက်ကို လှည့်ကာ အားနဲ့ ကုတင်ပေါ် တွန်းချပြိးနောက် အပေါ်ကနေ အုပ်မိုးထားလိုက်သည်။

"တစ်ကယ် ပြောနေတာလား ဂွမ်‌ဆွန်းယောင်း!
ကိုယ် တစ်ကယ် လုပ်ရမှာလား?"

၀န်းနူက လေသံမာမာနဲ့ ပြောကာ espressoကို စိုက်ကြည့်နေသည်။

၀န်းနူက ခုနကနဲ့ မတူ အနမ်းတွေကို ထပ်တိုး အရှိန်မြင့်လိုက်သည်။
Espressoရဲ့ အကျီ အောက်ထဲကို လက်လျှိုသွားတော့မှ
ထိုကလေးက သူ့လက်တွေကို တားသည်

"အစ်ကို...ကြောက်တယ်"

"အဲ့တာဆို ဘာမှမပြောပဲ အိပ်တောာ့"

ထိုကောင်လေးကို သိပ်ခဲ့ပြီးတော့မှ အိပ်ခန်းထဲကနေ ထွက်လာသည်။

ဆွဲလိုက် တွန်းလိုက်လုပ်နေသည့် espresso ချိုချိုခါးခါးကို သူ စွဲလန်းနေမိသည်။

________

"အစ်ကို မြန်မြန်လုပ်လေ ကြာတယ်။
ကျွန်တော်တောင် အကုန် ပြင်ပြိးပြိဟာ"

Espressoက အကုန်ပြင်ဆင်ပြီး၍ ဆိုဖာပေါ်မှာ အစ်ကို့ကို ပြန်စောင့်နေရသည်။
ဒိနေ့က Espressoမိဘတွေကို တရား၀င် နှုတ်ဆက်ကြမှာ။
အစ်ကိူကတော့ ကြောက်တယ်ချည်းပဲ ပြောနေသည်

"ပြိးပြီ။
ဒါနဲ့ ယောက္ခမကြီးက ကိုယ့်ကို သဘောကျပါ့မလား"

"ကျပါ့"

ဒီလိုနဲ့ပဲ espressoအိမ်ကို ရောက်သွားသည်
မေမေကတော့ ပြုံးပြုံးပဲ အစ်ကို့ကို ကြိုဆိုသည်။

"မေမေ ဒါ သားရဲ့ချစ်သူ ဂျောင်၀န်းနူတဲ့"

"အန်တီက ဆွန်းယောင်း ခဏခဏ ပြောလို့ ကြားဖူးပါတယ်။
သားက နည်းနည်းချေလို့ ဆွန်းယောင်းက လိုက်ရခက်တယ်လို့တောင် ပြောနေတာ"

ဆွန်းယောင်းက မျက်လုံးပြူးကာ
မေမေ့ကို လက်ဟန်နဲ့ တားသော်လည်း မေမေက အရိပ်အခြေမသိ။

"အမေက ကျွန်တော့်အကြောင်းတွေ သိထားတာလားခင်ဗျ"

"သိပါ့တော်။
သားက Espressoကြိုက်တယ်ဆိုလို့
ဆွန်းယောင်းကို espressoဖျော်နည်း သင်ဖို့ အမေပဲ အကြံပေးလိုက်တာ"

"အာ....."

"အစ်ကို..ဗိုက်..ဗိုက်ဆာပြိလား။
မေမေ ထမင်းစားကြမယ်လေ"

"အေးအေး
သား ဆာနေပြီလား။ ကဲကဲ စားကြတာပေါ့"

‌ဆွန်းယောင်းမှာ မေမေ့ကို အမြန် ပထုတ်လိုက်ရသည်။

"Espressoက ကိုယ့်အတင်းတွေ ပြောထားတာပေါ့လေ"

"မဟုတ်ဘူး အစ်ကိုရဲ့။
မေမေက မသိလို့...ပြောနေတာ ဟဲ"

"ကလေးတွေ လာကြတော့နော်"

Espressoမေမေ လက်ရာတွေ စားပြီးနောက် ညနေခင်းတော့ အိမ်ပြန်လာခဲ့သည်။
ချစ်သူ နှစ်ယောက် လက်ချင်းတွဲကာ လမ်းလျှောက်ကာ နေ၀င်ချိန် အလှကို ခံစားနေကြသည်။

"Espresso ကိုယ် ခဏ သွားလိုက်ဦးမယ်။
ဒိမှာ စောင့်နေဦးနော်"

"ဘယ်သွားမလို့လဲ"

"ခဏလေးပါ"

အစ်ကိုက အပြေးသွားခဲ့၍ သူလည်း အစ်ကိုပြောတဲ့အတိုင်း စောင့်နေသည်။

ခဏကြာတော့ အစ်ကို ပြန်ရောက်လာသည်။
လက်ထဲမှာလည်း ခရမ်းရောင် ကျုးလစ်ပန်းစည်းနှင့် အဖြူရောင်ဘူးတစ်ဘူး။
အစ်ကိုက ဒူးတစ်ဖက်ကို မြေကြိးပေါ် ထောက်ချလိုက်ပြိးနောက်

"ခရမ်းရောင်ကျုးလစ်တွေဟာ အဆုံးမဲ့ချစ်ခြင်းကို ရည်ညွှန်းပြိး ရိုးရှင်းစွာပဲ ဆိုပါတယ်။
လေးနက်စွာ ချစ်ပါတယ်တဲ့'
ကိုယ် ချစ်ရတဲ့ espresso..ကိုယ့်ကို လက်ထပ်ပေးနိုင်မလား?"

အသင့်ဖွင့်ထားတဲ့ လက်စွပ်ဗူးလေးကို ကိုင်ကာ မေးသည်

"ကျွန်တော်ကလည်း ဂျောင်၀န်းနူကို ချစ်တာမို့လို့ လက်ထပ်ပါမယ်"

Espressoက ပန်းစည်းကို ကောက်ကိုင်လိုက်ပြီး
အစ်ကိုကတော့ သူ့လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ် ၀တ်ပေးလိုက်သည်။

ချစ်တယ်
Espresso

ချစ်တယ်
Espresso enjoyer

-JIYOON
14.10.2024

ဒီတိုင်းလေး သီချင်းနားထောင်ရင်းနဲ့ ကိုယ် မျက်စိကျနေမိတဲ့ အတွဲလေးကို ပုံဖော်လိုက်တာပါရှင့်

# Tulip meaning credit to LavendarPan

Bạn đang đọc truyện trên: AzTruyen.Top