Prologue

Unicode

ညို့မှိုင်းနေသော နေရာ ။ မြို့နှင့်အလှမ်းဝေး
ကာ မှိုင်းညို့အုပ်စိုင်းနေသော တောအုပ်ကြီးတွင် ဖြစ်သည်။ ဤနေရာတွင် ငှက်တချို့ ပျံသန်းသွားသည့် အသံမှ လွဲ၍ ပကတိ တိတ်ဆိတ်လွန်းရုံသာမက လူသူလည်း
ကင်းမဲ့နေသည် ။ သို့သော် ထိုနေရာဝယ် ဟောင်းနွမ်းနေသည့် စံအိမ်ကြီးတစ်လုံးသည် အေးစိမ့်စိမ့် အရှိန်အဝါဖြင့် ထီးတည်း
တည်ရှိနေသည် ။

ဖြူညစ်ညစ်အရောင်ရှိသော အုတ်ချပ်တို့တွင်
စိမ်းရင့်ရောင်ရေညှိတို့ ကပ်ငြိနေပြီး
အချို့နေရာများတွင် အုတ်ချပ်တို့ ပဲ့ကြွေ
အက်ကွဲနေသည် ။ သို့သော်လည်း
စံအိမ်ကြီး၏ ခမ်းနားခဲ့မှုကို မြင်မိသူတိုင်း
ခံစားရဆဲ ။ စံအိမ်ကြီး၏  ပြတင်းတိုင်းသည် ဖုန်တို့ ကပ်တွယ်ကာ အထဲကို ကြည့်မြင်ရန်
မလွယ်ကူပေ ။သို့သော်လည်း အပေါ်ဆုံးထပ် မှ မှန်ပြတင်းတစ်ချပ်သည် အခြားနှင့် မတူ
သန့်ရှင်းကြည်လင်လျက်ရှိသည်  ။

ထို မှန်ပြတင်းရှိရာ အပေါ်ဆုံးထပ်တွင်
အဖြူရောင် ဖဲမွေ့ယာတစ်ခု ရှိနေကာ
ထိုဖဲမွေ့ယာပေါ်ဝယ် လူငယ်လေးတစ်ယောက်
သည် နတ်သမီးပုံပြင်များထဲမှ အိပ်ပျော်နေ
သော မင်းသမီးလေးအလား ငြိမ်ငြိမ်သက်သက် လဲလျောင်းအိပ်စက်နေသည်။ အသက်ရှူသံကား မှန်မှန် လှုပ်ရှားနေသော်လည်း  လက်ဖျားလေးတွေမှအစ မျက်တောင်ဖျားလေးတွေ အထိတစိုးတစိမျှ မလှုပ်ရှားခဲ့ခြင်းသည်  အမှန်တကယ်ပင် အိပ်ပျော်နေခြင်းပေလား ။

ဖြည်းညှင်းသော တံခါးဖွင့်သံနဲ့အတူ
အိပ်စက်နေသော လူငယ်လေးရှိရာ အခန်းသို့ တစ်စုံတစ်ယောက် ဝင်လာခဲ့သည် ။
ဝင်လာသူသည် လဲလျောင်းနေသော
ကောင်လေးနားသို့ လျှောက်သွားပြီး
ကောင်လေး၏ နဖူးပေါ်သို့ ဝဲကျနေသော
ဆံစတို့ကို သပ်တင်ပေးလိုက်သည် ။

" မှေးစက်နေတာကြာရောပေါ့ ချစ်သောရယ် "

ဆွေးဆွေးမြည့်မြည့် ရေရွတ်သူကား
ငွေမှင်ရောင် ဆံနွယ်တွေနှင့် အမည်တပ်မရ
သည့် အရှိန်အဝါတစ်ခု ရှိနေသည် ။ ထိုသူ၏
မီးခိုးဖျော့ရောင် မျက်စံတွေဟာ စူးရဲမှုနှင့်အတူ လွမ်းဆွေးမှုဟာ ရောနှောနေသည် ။

သက်ပြင်းတချက်ချကာ မှန်ဗီရိုထဲမှ
ဝီစကီကို ယူလိုက်ပြီး ခွက်ထဲငှဲ့ထည့်ကာ
မော့ချလိုက် သည် ။ ခါးစိမ့်စိမ့် အရသာကို ခံစားလိုက်ရပြီး ပူလောင်မှုကို လက်ယပ်ကြိုသည် ။

" ဝီစကီက မင်း အနမ်းတွေ မပါတော့
ပြင်းရှမှုတွေ ကင်းမဲ့နေပါရော့လား..
ချစ်သောရယ်..."

ထိုလူသည် အညိုရောင် ဆိုဖာတွေပေါ်
ပစ်စလက်ခတ် ထိုင်ချသည် ။ မျက်ရည်ကျလာတော့မည်ဟု ထင်ရလောက်အောင်
ကြေကွဲနေဟန် ဖြစ်သော်လည်း ထိုသူကား
မျက်ရည်ကင်းမဲ့စွာ မွေးဖွားလာသူ ဖြစ်သည်။

ဖျတ်ခနဲ လှုပ်ရှားသွားတဲ့ မျက်တောင်ရှည်တွေ။အကင်းပါးသူမို့ လဲလျောင်းနေသော
ကောင်လေး၏ ယှက်တင်ထားသော လက်တို့
တွ့န်ခနဲ လှုပ်ရှားလာခြင်းကို မြင်လိုက််သည် ။

" ကိုယ့်ဆီ ပြန်လာတာလား ချစ်သော..."
ထိုလူ၏ ရေရွတ်ခြင်းဝယ် ပါဝင်နေသော
မျှော်လင့်ချက်တို့ကို သေချာစေခဲ့သည်က
ပွင့်ဟလာသည့် ညိုရင့်ရောင် မျက်ဝန်းများသာ ဖြစ်လေရဲ့ ။

" နောက်ဆုံးတော့ ပြန်လာပြီပေါ့..
ချစ်သော..ရယ်..လွမ်းနေခဲ့တာ "

×

မင်္ဂလာပါ..အလက်ဇန်ဒရင်း ပါ။
ထွေထွေထူးထူး ပြောစရာရယ်တော့
မရှိပါဘူး ။ ဇာတ်အိမ်ကို သေချာပြင်ဆင်ပြီး
အကောင်းဆုံးဖြစ်အောင် ရေးမှာမို့
အရင်Fictionတွေလိုပဲ ဒါလေးကိုလည်း
အားပေးပြီး Ongoingလိုက်ပေးကြပါအုန်း
လို့ပဲ ​စာဖတ်သူတွေကို မေတ္တာရပ်ခံချင်ပါတယ် ။

စာဖတ်သူများကို အစဥ်လေးစားလျက်
- Alexandrine Kim(3132023) -

×

Zawgyi

ညိဳ႕မိႈင္းေနေသာ ေနရာ ။ ၿမိဳ႕ႏွင့္အလွမ္းေဝး
ကာ မိႈင္းညိဳ႕အုပ္စိုင္းေနေသာ ေတာအုပ္ႀကီးတြင္ ျဖစ္သည္။ ဤေနရာတြင္ ငွက္တခ်ိဳ႕ ပ်ံသန္းသြားသည့္ အသံမွ လြဲ၍ ပကတိ တိတ္ဆိတ္လြန္း႐ုံသာမက လူသူလည္း
ကင္းမဲ့ေနသည္ ။ သို႔ေသာ္ ထိုေနရာဝယ္ ေဟာင္းႏြမ္းေနသည့္ စံအိမ္ႀကီးတစ္လုံးသည္ ေအးစိမ့္စိမ့္ အ႐ွိန္အဝါျဖင့္ ထီးတည္း
တည္႐ွိေနသည္ ။

ျဖဴညစ္ညစ္အေရာင္႐ွိေသာ အုတ္ခ်ပ္တို႔တြင္
စိမ္းရင့္ေရာင္ေရညႇိတို႔ ကပ္ၿငိေနၿပီး
အခ်ိဳ႕ေနရာမ်ားတြင္ အုတ္ခ်ပ္တို႔ ပဲ့ေႂကြ
အက္ကြဲေနသည္ ။ သို႔ေသာ္လည္း
စံအိမ္ႀကီး၏ ခမ္းနားခဲ့မႈကို ျမင္မိသူတိုင္း
ခံစားရဆဲ ။ စံအိမ္ႀကီး၏  ျပတင္းတိုင္းသည္ ဖုန္တို႔ ကပ္တြယ္ကာ အထဲကို ၾကည့္ျမင္ရန္
မလြယ္ကူေပ ။သို႔ေသာ္လည္း အေပၚဆုံးထပ္ မွ မွန္ျပတင္းတစ္ခ်ပ္သည္ အျခားႏွင့္ မတူ
သန္႔႐ွင္းၾကည္လင္လ်က္႐ွိသည္  ။

ထို မွန္ျပတင္း႐ွိရာ အေပၚဆုံးထပ္တြင္
အျဖဴေရာင္ ဖဲေမြ႕ယာတစ္ခု ႐ွိေနကာ
ထိုဖဲေမြ႕ယာေပၚဝယ္ လူငယ္ေလးတစ္ေယာက္
သည္ နတ္သမီးပုံျပင္မ်ားထဲမွ အိပ္ေပ်ာ္ေန
ေသာ မင္းသမီးေလးအလား ၿငိမ္ၿငိမ္သက္သက္ လဲေလ်ာင္းအိပ္စက္ေနသည္။ အသက္႐ွဴသံကား မွန္မွန္ လႈပ္႐ွားေနေသာ္လည္း  လက္ဖ်ားေလးေတြမွအစ မ်က္ေတာင္ဖ်ားေလးေတြ အထိတစိုးတစိမွ် မလႈပ္႐ွားခဲ့ျခင္းသည္  အမွန္တကယ္ပင္ အိပ္ေပ်ာ္ေနျခင္းေပလား ။

ျဖည္းညႇင္းေသာ တံခါးဖြင့္သံနဲ႔အတူ
အိပ္စက္ေနေသာ လူငယ္ေလး႐ွိရာ အခန္းသို႔ တစ္စုံတစ္ေယာက္ ဝင္လာခဲ့သည္ ။
ဝင္လာသူသည္ လဲေလ်ာင္းေနေသာ
ေကာင္ေလးနားသို႔ ေလွ်ာက္သြားၿပီး
ေကာင္ေလး၏ နဖူးေပၚသို႔ ဝဲက်ေနေသာ
ဆံစတို႔ကို သပ္တင္ေပးလိုက္သည္ ။

" ေမွးစက္ေနတာၾကာေရာေပါ့ ခ်စ္ေသာရယ္ "

ေဆြးေဆြးျမည့္ျမည့္ ေရ႐ြတ္သူကား
ေငြမွင္ေရာင္ ဆံႏြယ္ေတြႏွင့္ အမည္တပ္မရ
သည့္ အ႐ွိန္အဝါတစ္ခု ႐ွိေနသည္ ။ ထိုသူ၏
မီးခိုးေဖ်ာ့ေရာင္ မ်က္စံေတြဟာ စူးရဲမႈႏွင့္အတူ လြမ္းေဆြးမႈဟာ ေရာေႏွာေနသည္ ။

သက္ျပင္းတခ်က္ခ်ကာ မွန္ဗီ႐ိုထဲမွ
ဝီစကီကို ယူလိုက္ၿပီး ခြက္ထဲငွဲ႔ထည့္ကာ
ေမာ့ခ်လိုက္ သည္ ။ ခါးစိမ့္စိမ့္ အရသာကို ခံစားလိုက္ရၿပီး ပူေလာင္မႈကို လက္ယပ္ႀကိဳသည္ ။

" ဝီစကီက မင္း အနမ္းေတြ မပါေတာ့
ျပင္း႐ွမႈေတြ ကင္းမဲ့ေနပါေရာ့လား..
ခ်စ္ေသာရယ္..."

ထိုလူသည္ အညိဳေရာင္ ဆိုဖာေတြေပၚ
ပစ္စလက္ခတ္ ထိုင္ခ်သည္ ။ မ်က္ရည္က်လာေတာ့မည္ဟု ထင္ရေလာက္ေအာင္
ေၾကကြဲေနဟန္ ျဖစ္ေသာ္လည္း ထိုသူကား
မ်က္ရည္ကင္းမဲ့စြာ ေမြးဖြားလာသူ ျဖစ္သည္။

ဖ်တ္ခနဲ လႈပ္႐ွားသြားတဲ့ မ်က္ေတာင္႐ွည္ေတြ။အကင္းပါးသူမို႔ လဲေလ်ာင္းေနေသာ
ေကာင္ေလး၏ ယွက္တင္ထားေသာ လက္တို႔
တြ႕န္ခနဲ လႈပ္႐ွားလာျခင္းကို ျမင္လိုက္္သည္ ။

" ကိုယ့္ဆီ ျပန္လာတာလား ခ်စ္ေသာ..."
ထိုလူ၏ ေရ႐ြတ္ျခင္းဝယ္ ပါဝင္ေနေသာ
ေမွ်ာ္လင့္ခ်က္တို႔ကို ေသခ်ာေစခဲ့သည္က
ပြင့္ဟလာသည့္ ညိဳရင့္ေရာင္ မ်က္ဝန္းမ်ားသာ ျဖစ္ေလရဲ႕ ။

" ေနာက္ဆုံးေတာ့ ျပန္လာၿပီေပါ့..
ခ်စ္ေသာ..ရယ္..လြမ္းေနခဲ့တာ "

×

မဂၤလာပါ..အလက္ဇန္ဒရင္း ပါ။
ေထြေထြထူးထူး ေျပာစရာရယ္ေတာ့
မ႐ွိပါဘူး ။ ဇာတ္အိမ္ကို ေသခ်ာျပင္ဆင္ၿပီး
အေကာင္းဆုံးျဖစ္ေအာင္ ေရးမွာမို႔
အရင္Fictionေတြလိုပဲ ဒါေလးကိုလည္း
အားေပးၿပီး Ongoingလိုက္ေပးၾကပါအုန္း
လို႔ပဲ ​စာဖတ္သူေတြကို ေမတၱာရပ္ခံခ်င္ပါတယ္ ။

စာဖတ္သူမ်ားကို အစဥ္ေလးစားလ်က္
- Alexandrine Kim(3132023) -

×

Bạn đang đọc truyện trên: AzTruyen.Top