8
Unicode
ဂျောင်ဂု စာရွက်စာတမ်းတချို့ကို ကိုင်ရင်း
သူ့အဖေ စာကြည့်ခန်းထဲ ဝင်ခဲ့လိုက်သည် ။
ရေနံမြေကိစ္စ အဆင်ပြေသည့်အကြောင်း
ပြောပြဖို့ဝင်ခဲ့သော်လည်း စာကြည့်ခန်း၌
ဂျောင်ဂုအဖေသည် ရှိမနေခဲ့ ။
" ဟင်? ဘယ်သွားတာပါလိမ့်..."
" မဟုတ်မှလွဲရော...ညကတည်းက ပြန်မလာတာလား..."
ထူးဆန်းသည် ။ သူ့အဖေသည် တစ်ခါမှ
အပြင်မှာ မအိပ်ဖူးဘူး ။ ဘယ်လိုအခြေအနေ
ဖြစ်ဖြစ် အိမ်တော်ကို ရောက်အောင်ပြန်လာတတ်တဲ့သူ ။
" တကယ် ထူးဆန်းတယ်- Ah ! "
အဖေလည်းမရှိတာမို့ ကိုယ့်အခန်းသာ
ကိုယ်ပြန်ရန် လှည့်အထွက် အမွှေးပွ
ကော်ဇော်ပေါ်မှ မာတောင့်တောင့်အရာတစ်ခုကို နင်းမိလိုက်သည် ။
"ဘာပါလိမ့်.."
ဂျောင်ဂု ကောက်ယူကြည့်လိုက်တော့
သူနင်းလိုက်မိတဲ့အရာက အနက်ရောင်
နားကပ်တစ်ဖက် ဖြစ်သည် ။
" နားကပ်လား...နားကပ်က ဘာလို့ အဖေ့
စာကြည့်ခန်းထဲ ရောက်နေတာလဲ..."
အဖေ တစ်စုံတစ်ယောက်နဲ့များ ဒိတ်နေတာလား ။ ဂျောင်ဂုသည် အပြုံးသေးသေးလေး
တစ်ခု ချိတ်ဆွဲလိုက်သည် ။ သူ့အဖေက
အမှန်တော့ လူပျိုကြီးမလား ။ သဘောကျတဲ့
အမျိုးသမီးလည်း ရှိချင်ရှိနေမှာပေါ့ ။ ဒါနဲ့
ပတ်သက်ပြီး သူ့မှာ ပြောစရာ ဘာမှမရှိ ။
" ဒိတ်နေရင်လည်း ပြောတာမဟုတ်ဘူး...
ဂုဏ်ပြုပေးရမှာကို..."
ဂျောင်ဂုသည် ခပ်တိုးတိုး ရေရွတ်ရင်း
ထိုနားကပ်တစ်ဖက်ကို စာကြည့်ခုံပေါ်
တင်ပေးခဲ့ပြီး အခန်းပြန်သွားခဲ့သည် ။
" ညောင်းလိုက်တာ..."
အလုပ်ပိတ်ရက်မို့ ဂျောင်ဂုသည်
အိမ်တော်တွင် သောင်တင်ကာ စာရင်းများ
ဖြင့် အလုပ်ရှုပ်နေသည်မှာ မနက်ကနေ
နေ့လည်အထိပင် ။ နားလို့ရရဲ့သားနဲ့ မနား ၊
ဂျောင်ဂုကိုက အလုပ်သရဲ ဖြစ်နေတာ ။
ကုတင်ပေါ်မှာ ပုံစံမကျထိုင်ပြီး စာရင်းတွေ
လုပ်ခဲ့တာမို့ အကြောအခြင်တို့ အလွန်အမင်း
တောင့်တင်းလျက်ရှိနေသည် ။ ထို့ကြောင့်
အညောင်းပြေအညာပြေ လမ်းလျှောက်ရန်
ခြံဝင်းထဲ ဆင်းခဲ့မိသည် ။
မနက်ဝေလီဝေလင်းကတည်းက မိုးဖွဲဖွဲလေး
ကျနေသည်မို့ ခြံဝင်းထဲက မြက်ခင်းတို့မှာ
မိုးရေတို့ဖြင့် စိုစိုအိအိ ။ ဖိနပ်မစီးပဲ စွတ်စို
နေတဲ့ မြက်ခင်းပေါ်ကို ခြေချလိုက်တဲ့အခါ
ပထဝီဓာတ်ဟာ ကောင်းစွာ လည်ပတ်လာသည် ။ လေထုဟာလည်း မိုးရာသီအခါမို့
အချိန်ပြည့် လတ်လတ်ဆတ်ဆတ် ။
ဂျောင်ဂုက အပင်စိုက်ရတာ ဝါသနာပါသည်။
ခြံဝင်းထဲမှာ ဂျောင်ဂု စိုက်ထားတဲ့ အပင်တွေချည်းပဲ ။ အပင်သေးသေးလေးတွေကအစ
အရိပ်ကောင်းသည့်အပင်တွေအဆုံး ဂျောင်ဂု
လက်နဲ့ပဲ ပျိုးခဲ့တာ ။
အပင်လေးတွေကို လက်တို့ထိရင်း ဂျောင်ဂု
သည် ညောင်းညာနေတာတွေပင် မေ့လျော့
သွားကာ သဘာဝတရားကြီးဆီသာ အာရုံ
ရောက်နေခဲ့သည် ။
" ဟိတ် ! "
ကိုယ့်အာရုံနဲ့ကိုယ် ဈာန်ဝင်စားနေတုန်း
အနောက်မှ ခပ်တိုးတိုး ခေါ်သံတစ်ခု ။
လှည့်ကြည့်လိုက်တော့ နှစ်ယောက်မရှိသော
အကြီးအကဲ ။
" အကြီးအကဲ...ဘာကိစ္စများရှိလို့ပါလဲ..."
" ရေနံမြေကိစ္စ.."
" အော်..ကျွန်တော်လည်း အဲဒီကိစ္စဆွေးနွေးဖို့
အဖေ့ကို ပြောမလို့ပဲ...နို့ပေမဲ့ အခု အိမ်တော်မှာ အဖေမရှိသေးဘူးရယ်...အကြီးအကဲကို
နောက်မှ ပြန်ချိန်ပေးပါ့မယ်...."
အကြီးအကဲသည် သူ့စကားကို လက်ခံသည်။
နောက်တော့ စာရွက်စာတမ်းအိတ်ကို
မြက်ခင်းပေါ်ကို ပစ်ချကာ သူ့ဘေးနားကို
လာရပ်သည် ။
" ဂျွန် စိုက်ထားတာလား.."
" ဟုတ်တယ်...အကြီးအကဲ...ကျွန်တော်က
အပင်စိုက်ရတာ ဝါသနာပါတယ်လေ..."
ချစ်သောက အပင်စိုက်ပျိုးတာမှာ
သိပ်ကျွမ်းကျင်သည် ။ မယုံလျှင် သူ့ရင်ထဲက
နှလုံးသားပေါ်မှာ ချစ်သော ပျိုးထားတဲ့
ချစ်ပန်းတွေကိုပဲ ကြည့်ပါတော့ ။ လှလှပပကို
အစုလိုက်အရုံလိုက် ပျိုးပေးထားတာ သူ
ရင်နဲ့တောင် မဆံ့ချင်တော့သလို ။
ဘေးမှ အသံတိတ်သွားတာကြောင့်
လှည့်ကြည့်မိတော့ သူ့ကို တမေ့တမော
ငေးနေပြန်တဲ့ အကြီးအကဲ ။ အကြီးအကဲ
သူ့ကို ကြည့်သည့် အချိန်တိုင်း အခါတိုင်း
သူ့ တစ်ကိုယ်လုံးမှာ ရှိန်းဖိန်းဖိန်း ။ မလုံမလဲခံစားချက်တွေနဲ့ ရင်ဘတ်ထဲက လိပ်ပြာတွေကို မလွတ်ထွက်သွားအောင် ဖိသိပ်ထား
ရသလို။
" ဒါ သစ္စာပန်းတွေ..."
" သစ္စာပန်းနီတွေ ညှိုးခဲ့ရင် ချစ်ခြင်းတရားတွေ သေဆုံးသွားပြီ တဲ့ "
ကိုယ့်ရင်ထဲက တစ်ပွင့်တည်းသော
သစ္စာပန်း ချစ်သော ။ ချစ်သောကို ချစ်တဲ့
ကိုယ့်ချစ်ခြင်းတရားတို့က အသင်္ချေတွေ
များစွာ တိုင်ပါစေအုန်း..ကိုယ့်စိတ်နဲ့
ကိုယ့်ခန္ဓာဟာ အမှုန်တစအဖြစ်
မပျောက်ကွယ်မချင်း တည်နေအုန်းမှာ ။ ဘယ်ကမ္ဘာပဲရောက်ရောက် ဘယ်စကြဝဠာမှာပဲ ဖြစ်ဖြစ်.ချစ်သောကိုသာ ရှုမြင်တဲ့
ကိုယ့်ချစ်ခြင်းတရားတို့က ပုံသေတည်မြဲခြင်း နိယာမကို ကျင့်သုံးပြီး မပြောင်းလဲပဲ
ရှိနေကြမှာ ။
သစ္စာပန်းနီတွေကို ဆွေးမြေ့စွာ ငေးမောနေတဲ့
ဂျောင်ဂုကို ဂျီမင်သည်လည်း တစိုက်မတ်မတ် ငေးကြည့်နေခဲ့သည် ။
ချစ်သောကိုပဲ လိုချင်တာ ။ ဘဝမှာ
ချစ်သောသာ ရှိရင် ရပြီ ။ ချစ်သော,ကလွဲပြီး တခြား ဘယ်အရာကို မမက်မောတော့ ။
စက္ကန့်တိုင်းမှာ သူဟာ ချစ်သောကို
ပိုင်ဆိုင်လိုစိတ် အပြည့်နဲ့ပါ ။ ချစ်ခြင်းတွေက
ချစ်သောအတွက်ဆို အလျှံအပယ်မို့
ချစ်သော,က စိတ်ကြိုက်သာ သုံးစွဲစေ ။
ဂျောင်ဂုသည် သစ္စာပန်းနီတွေဆီကနေ အကြီးအကဲဆီကို အကြည့်ပို့လိုက်သည် ။
ဒီနေ့မှာတော့ မီးခိုးဖျော့ရောင် မျက်ဝန်းတွေက နှစ်လိုဖွယ် သိပ်ကောင်းစွာ တောက်ပ
နေသည် ။ ငေးမိနေရင်းနဲ့ပင် ဂျောင်ဂုသည် သတိလက်လွတ် ပြုံးလိုက်မိသည်အထိ
မီးခိုးဖျော့ရောင်တွေက စွမ်းဆောင်နိုင်ခဲ့သည်။
" အကြီးအကဲ ပတ်ခ်...Mr Jeon ပြန်ရောက်ပါပြီ..."
နှစ်ယောက်သား သစ္စာပန်းနီတွေနဲ့အတူ
အကြည့်ချင်းဆုံနေမိခိုက် သတင်းလာပို့သည့်
အကြီးအကဲ၏ လက်ထောက် ။
" ကောင်းတာပေါ့..ဆွေးနွေးဖို့ သွားကြမယ်
ဂျွန်.."
အကြီးအကဲဟာ လက်ထောက်ကိုမကြည့် ၊
သူ့ကိုသာ ငေးရင်းပဲ ပြန်ဖြေလိုက်တာကြောင့်
ဂျောင်ဂုမှာ အပြုံးတွေပင် မဖုံးဖိနိုင်ခဲ့ ။
ဂျီမင်သည် မြက်ခင်းပေါ်က
စာရွက်စာတမ်းအိတ်ကို ပြန်ယူလိုက်ပြီး
အိိမ်တော်ဘက်ကို ဦးတည်လိုက်သည် ။
ချစ်သော,ကလည်း သူ့ဘေးမှာကပ်ရပ် ။
မသိမသာလေး တိုးကပ်သွားပြီး လက်ဖျား
လေးတွေကို ဖမ်းဆုပ်လိုက်သည် ။ ချစ်သော
သည်လည်း ရုန်းတောင်မရုန်း၊ခပ်ပြုံးပြုံးဖြင့်။
အိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့
Mr Jeon ။ သူ့ကို မြင်တော့ ထလာပြီး
ကြိုသည် ။
" စာကြည့်ခန်းကို သွားကြရအောင် အကြီးအကဲ "
" ဟုတ်ပါပြီ "
စာကြည့်ခန်းထဲရောက်တော့ ဂျောင်ဂုထိုင်သည့် ဘေးနေရာတွင် ဂျီမင်က ကပ်လျက်ဝင်ထိုင်သည် ။ နေရာတွေအများကြီးရှိလျက်နဲ့
ဤ ကျဥ်းကျဥ်းကျပ်ကျပ်နေရာတွင် ကပ်ထိုင်နေသည့် ဂျီမင်ကို ကြည့်ပြီးMr Jeonမှာ
ဘာပြောရမှန်းမသိ ။
" ဘယ်လိုပဲဖြစ်ဖြစ် ရေနံမြေမှာ
ဂျွန်လုပ်ငန်းစုက စတင်လို့ရပြီပဲ.."
" အကြီးအကဲရဲ့ကျေးဇူးတွေပါပဲ..
အကြီးအကဲသာ ခွင့်မပြုပေးခဲ့ရင် ရမှာမဟုတ်ပါဘူး.."
" အဲဒီလောက်လည်း မဟုတ်ပါဘူး...ဂျွန်က
အများကြီး ကြိုးစားပေးခဲ့တာလေ...."
သူ့အဖေက လှမ်းကြည့်လာသည်မို့ ဂျောင်ဂု
သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ရင်း
ဟန်မပျက် ခေါင်းညိတ်ပြလိုက်ရသည် ။
ဘယ်တုန်းကများ သူ ရေနံမြေကိစ္စအတွက်
ကြိုးစားပေးခဲ့လို့လဲ ။
" ဒီတော့ ကျွန်တော်က နောက်ရက်ကျရင်
အဲဒီရေနံမြေသစ်ဆီကို သွားရမှာ အဲဒါ ဂျွန့်ကိုပါ ခေါ်သွားချင်တယ်..သူက ဂျွန်လုပ်ငန်းစုရဲ့ ဒါရိုက်တာမလား...ရေနံမြေအနေအထားကိုကြည့်ပြီး လုပ်ငန်းအတွက် စီစဥ်ပေးရမှာပေါ့..."
ဂျောင်ဂုသည် အကြီးအကဲ၏ စကားလုံးတွေကြားမှာ ဆွံ့ဆွံ့အအ ။ အကြီးအကဲက
စကားလုံးတွေကို ချက်ကျလက်ကျ ပြောလာတဲ့အခါ သူ့အဖေက ခေါင်းတငြိမ့်ငြိမ့် ။
" ကောင်းပါပြီ..သားကို အကြီးအကဲနဲ့
ထည့်ပေးလိုက်ပါ့မယ်..."
အကြီးအကဲက ရည်ရွယ်ချက်ပြည့်မြောက်
သွားသလို ပြုံးပြီး သူ့ကို ကြည့်သည် ။
မသိမသာ မျက်လုံးတစ်ဖက်ကိုလည်း
မှိတ်ပြသွားသည် ။
" မနက်ဖြန် လာခေါ်မယ် အဆင်သင့်
လုပ်ထားနော်..."
အကြီးအကဲကို ကားအထိ လိုက်ပို့ပေးတဲ့အခါ ပြောလာသည့်စကား ။ ကားထဲမဝင်ခင်
လည်း လက်တစ်ဖက်ကိုဆွဲယူပြီး လက်ဖမိုးကို ဖွဖွလေး နမ်းကာ ထွက်သွားသည် ။
ဂျောင်ဂုမှာ အသက်ရှူရပ်သွားသလိုမျိုး
ခံစားလိုက်ရပြီး တောင့်တောင့်လေး ကျန်ခဲ့သည် ။ စိတ်နဲ့လူနဲ့ ကင်းကွာနေတာ မိုးစက်တွေ အလုအယက်ကျဆင်းလာမှ သတိဝင်လာပြီး အိမ်တော်ထဲ ပြန်ပြေးဝင်ရတော့သည် ။
အခန်းထဲရောက်တာနဲ့ ရင်ဘတ်ဖိပြီး
တံခါးကို မှီထားမိသည် ။ နောက်တော့
အတွေးတွေစုံကာ ရှက်ပြုံးတွေပြုံးပြီး
အိပ်ရာပေါ်ကို ဝရုန်းသုန်းကား လှဲချလိုက်
သည် ။ စောင်တွေကိုလည်း ကန်ချလို့ချ ၊
ခေါင်းအုံးတွေကိုလည်း အသည်းတယားယား
ဖြင့် ထုရိုက်နေသောကြောင့် ခေါင်းအုံးတွေကတောင် ဂျောင်ဂုကို ငြိုငြင်ကုန်သည် ။
" ဘာလို့ ငါက ရှက်ပြီး ရင်တွေခုန်နေတာလဲ
မသိရင် ဟန်နီးမွန်းထွက်မှာကျနေတာပဲ..ဟွန့်"
ဂျောင်ဂုသည် မကျေနပ်သလို နှုတ်ခမ်းလေး
ဆူရင်း အင်္ကျီတချို့ကို သေသေသပ်သပ်
ခေါက်ထည့်နေကာ ထုတ်ပိုးနေသည် ။
ပြင်ဆင်တာတွေပြီးသွားတာနဲ့ ညစာစားချိန်ပင်ရောက်နေပြီ ။
အရင်လို ထုံထုံမှိုင်းမှိုင်း ခံစားချက်တွေနဲ့
မဟုတ်ပဲ သစ်လွင်နေသော ခံစားချက်တွေကြောင့် ညစာစားချိန်တလျှောက်လုံး
ဂျောင်ဂုသည် စကားတွေ အများကြီး
ပြောနေခဲ့တာ အိမ်တော်ထိန်းကြီးတောင်မှ
မေးယူရသည် အထိ ။
" စောစောအိပ်ရမယ်...မနက်ကျ အိပ်ရေး
မဝပဲနေမယ်..."
စောစောအိပ်မယ် ဆိုသည့်စကားကြောင့်
နွားနို့ခွက်လေး လာပို့သည့် အိမ်တော်ထိန်းကြီးမှာ ဆွံ့အသွားသည် ။ အရင်ကဆို
ညဥ့်နက်မှ အိပ်တတ်သည့်လူက
အဘယ်ကြောင့်များ စောစောအိပ်ရန်
အတွေးတွေပေါက်သွားပါသနည်း ။ ဒီနေ့
သူတို့ သခင်လေး ဆေးမှားစားထားသည်ထင်။
မနက်ရောက်တော့လည်း အစောကြီးထကာ
သေသေချာချာပြင်ဆင်ပြီး မနက်စာစားရန်
ဆင်းလာသော သခင်လေးကြောင့် အလုပ်သမားတွေမှာ အံ့အံ့သြသြ ။
" သခင်လေး အစောကြီးပါလား.."
" ဟုတ်တယ်..သွားစရာရှိလို့..."
" သွားဖို့က ၇နာရီမှမလား..အခုမှ ၅နာရီပဲ
ရှိသေးတယ်လေ သခင်လေးရဲ့.."
ထိုအခါမှ ဂျောင်ဂုတစ်ယောက်ကို နာရီကို
ကြည့်မိကာ ရှက်ဝဲဝဲလေး ဖြစ်သွားသည် ။
စိတ်တွေက အလျင်စောပြီး ပြင်ဆင်နေမိတာ။
" အာာ...ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို မနက်စာပြင်ပေးပါ.."
" ဟုတ်ပါပြီ..."
မနက်စာစားပြီးတော့လည်း သူတို့ သခင်လေးမှာ အငြိမ်မနေ ။ ဆိုဖာမှာတောင်
မထိုင်နိုင်ပဲ ခြံပေါက်ဝကို ငေးကာ မြောက်ကြွမြောက်ကြွလေး ဖြစ်နေသည် ။
" ဘယ်သူ့ကိုများ စောင့်နေတာလဲ မသိဘူး.."
" အကြီးအကဲကိုထင်တယ်..."
" ဟယ် ဟုတ်လား....နှစ်ယောက်သား
ဘာတွေလဲ မသိဘူးနော်..ဟိဟိ.."
အိမ်အကူမလေးနှစ်ယောက်သည် နေရာမရသည့် သခင်လေးကို ကြည့်ရင်း တီးတိုးပြောနေကြသည် ။
၇နာရီအတိတွင် ခြံပေါက်ဝမှာ ကားရောက်
လာပြီး အကြီးအကဲက ဆင်းလာသည် ။
ခဲရောင်Shirtနဲ့ အနက်ရောင်Pantsကို
တွဲဝတ်ထားကာ ငွေမှင်ရောင်ဆံနွယ်တွေကိုလည်း နဖူးပေါ်ဝဲချထားသည် ။
ဂျောင်ဂုသည် ဘေးနားက လက်ဆွဲအိတ်လေးကို ကိုင်ကာ အကြီးအကဲဆီကို
လျှောက်သွားသည် ။ ထိုသို့လျှောက်သွားသည့်တလျှောက် ရင်တွေခုန်နေသည်မှာ မသိလျှင် မိဘတွေမသိအောင် ခိုးရာလိုက်ပြေးတော့မည့် မိန်းမပျိုလေးလို ။
" ဝတ်ထားတာ သက်တောင့်သက်သာ
ရှိရဲ့လား ဂျွန်..ကားက ၆နာရီတောင် စီးရမှာ "
အကြီးအကဲစကားကြောင့် ဂျောင်ဂု စိတ်အိုက်သွားသည် ။ သူက ဝတ်စုံပြည့် မဖြစ်ရုံတမယ် ဝတ်လာသည်လေ ။ သို့ပေမဲ့လည်း ပြန်မလဲချင်တော့သောကြောင့် အဆင်ပြေပါသည်ဟုသာ ပြောလိုက်သည်။
ကားနောက်ခန်းမှာ နှစ်ယောက်လုံး ဝင်ထိုင်
လိုက်သည် ။ အကြီးအကဲက ဒရိုင်ဘာကို
ပြောပြီး ကားမောင်းသည့်ရှေ့ခန်းနှင့်
သူတို့ရှိနေသည့် နောက်ခန်းကြားကို
ပိတ်ချခိုင်းလိုက်သည် ။ ထို့ကြောင့် ရှေ့ခန်းက လူက သူတို့ဘာလုပ်နေသည်ဆိုတာကို
မမြင်ရတော့ပေ ။
" ဂျွန် လွတ်လွတ်လပ်လပ်နေနော်.."
" ဟုတ်ပါပြီ.."
ကားအနက်လေး စတင်ထွက်ခွာသည်နှင့်
နှစ်ယောက်ကြားက လေထုက တိတ်ဆိတ်
သွားယောင် ။ ဂျောင်ဂုကလည်း ဘာပြောလို့
ပြောရမှန်းမသိ ၊ အထုတ်လေးပိုက်ကာ
ငြိမ်ငြိမ်လေး တစ်ဖက်ထောင့်ကို ကပ်နေသည် ။
" ဂျွန် ဘာလို့ အထုတ်ကို ကိုင်ထားတာလဲ..
ပေး ကိုယ် နောက်ခန်းမှာ ထားလိုက်မယ်.."
" ရ-ရပါ--"
ဂျီမင်က အပြောထက် လက်ကမြန်ကာ
ဂျောင်ဂုလက်ထဲကအထုတ်ကိုဆွဲယူလိုက်စဥ်
ဂျောင်ဂုကလည်း အထုတ်ကို မလွှတ်ပေးသည့်အခါ အထုတ်နှင့်အတူ ဂျောင်ဂုပါ ဂျီမင်ဘက်ကို ယိမ်းပါသွားတော့သည် ။
ဂျီမင်သည် ရင်ခွင်ထဲကို အလိုလိုရောက်လာသည့် ချစ်သောကို ကြည့်ရင်း ညစ်ကျယ်ကျယ်ပြုံးလိုက်ကာ အလျင်အမြန်
အထုတ်ကို နောက်ခန်းပို့လိုက်ပြီး ရင်ခွင်ထဲက
ပြေးထွက်ရန်ပြင်နေသည့် ချစ်သောကို ဆွဲဖက်လိုက်သည် ။
" မပြေးနဲ့လေ..မကိုက်စားပါဘူး..."
" ဟို-ဟို--"
" ဘာလဲ..ဘာဖြစ်လို့လဲ...မနမ်းရသေးလို့လား.."
အကြီးအကဲက မျက်ခုံးပင့်ကာ မေးလာတော့
ဂျောင်ဂုမှာ အဖြေတွေပျောက်ရှကာ ရင်တုန်ပန်းတုန် ။
" ဟုတ်-----အာ မဟုတ်ဘ---"
ယောင်ယောင်ယမ်းယမ်းတွေ ဂျောင်ဂု
ဖြေမိပြီး အခုတော့ ဂျောင်ဂုနှုတ်ခမ်းတွေက
အကြီးအကဲဆီမှာ ပျော်ဝင်နေလျက် ။
နှုတ်ခမ်းတွေပြီးတော့ ပါးလေးတွေ၊ မျက်ခွံလေးတွေ ၊ နှာခေါင်းထိပ်လေး ၊ နှုတ်ခမ်းထောင့်စွန်းလေးတွေကအစ နေရာလပ်မကျန်အောင် အနမ်းပေးလျက်ရှိနေသည် ။
ချစ်သော မျက်နှာတစ်ခုလုံးမှာ ရဲပတောင်းခတ်နေပြီး မျက်လုံးတွေကို မှိတ်ထားတာ
ဖွင်မလာတော့ ။
ရှက်နေမှန်းသိလို့ နမ်းနေတာကို နားလိုက်ပြီး
ရင်ခွင်ထဲကို မျက်နှာလေး ထည့်ဖွက်ခိုင်း
လိုက်သည် ။ ဆံနွယ်လေးတွေကို နမ်းသည် ။
ဂုတ်ပိုးလေးတွေကို ခပ်ဖွဖွတို့ထိသည် ။
ချစ်သောမှာ ကြက်သီးမွှေးညှင်းလေးတွေ
ထလာသည်ကိုတောင် ခံစားမိသည် ။
ဒီတိုင်း ငြိမ်ငြိမ်လေးနေနေရင်းနဲ့ပဲ
ချစ်သော,က တဖြည်းဖြည်း အိပ်မောကျသွားသည် ။ ချစ်သော ခန္ဓာကိုယ်လေးကို
ရင်ဘတ်ပေါ်တင်ပြီး ပွေ့ဖက်ထားကာ
သက်တောင့်သက်သာလေး အိပ်စက်စေသည် ။ သူကတော့ ချစ်သော မျက်နှာလေးသာ ငေးရင်း...။
" ချစ်သော---ဂျွန်...ရောက်ပြီ ထတော့.."
အိပ်စုံမှုန်မွှားရုပ်လေးနဲ့ ခရီးအစတုန်းက
ရှက်နေတာတွေတောင် မေ့သွားသလိုလေး။
" သွားမယ် ကိုအိပ်ပုတ်လေး...အထုတ်က
သူတို့ သယ်လာပေးလိမ့်မယ်..."
သူကပြောလည်း ချစ်သောက အိပ်ချင်ပြေသေးတဲ့ပုံ မပေါ်တာကြောင့် သူကပဲ ချစ်သော
လက်ကို ကိုင်ဆွဲကာ တည်းမဲ့နေရာဆီကို
ခေါ်လာခဲ့သည် ။ တည်းမည့်နေရာက
အဆင့်မြင့်ဟိုတယ်မဟုတ် ၊ ခပ်ကြီးကြီး
သစ်လုံးအိမ်တစ်လုံးသာ ဖြစ်သည် ။
ဘေးဘက်တွင် သစ်ပင်တချို့ဝန်းရံနေပြီး
အိမ်အနောက်ဘက်မှ ရေစီးသံလွင်လွင်ကိုလည်း ကြားနေရသည် ။
အိမ်ကို ကြည့်နေတုန်း ပခုံးပေါ်ကို ခပ်အိအိ
မှီကျလာသည် ။ ကြည့်လိုက်တော့
ချစ်သော,က သူ့ကို မှီပြီး ပြန်အိပ်ပျော်နေတာ။ ဂျီမင်သည် ရယ်ချင်တာကို ထိန်းရင်း
ချစ်သောကို ဖွဖွလေးဖက်ကာ ထိန်းထားလိုက်သည် ။ နောက် အိပ်ခန်းဆီကို ဖြည်းဖြည်းချင်း ခေါ်သွားရင်း အိစက်စက်
မွေ့ယာပေါ်ချပေးလိုက်တဲ့အထိ ချစ်သော,က
အိပ်ကောင်းဆဲ ။
ဂျီမင်သည်လည်း ခရီးပန်းလာတာကြောင့်
ချစ်သော ဘေးကို တိုးဝှေ့ရင်း အိပ်စက်လိုက်သည် ။ ချစ်သောရဲ့ ကိုယ်သင်းနံ့လေးကို
ရှူရှိုက်ရင်းအိပ်စက်ရတာ မည်မျှကံကောင်းပါ့
×
ဂျောင်ဂုနိုးလာတော့ နူးညံ့ညံ့ အိပ်ရာပေါ်မှာ။
သူ့ခါးပေါ်မှာလည်း တင်းတင်းကျပ်ကျပ်
ဖက်တွယ်ထားသည့် လက်တစ်စုံ ။ မည်သူ့
လက်ဆိုတာ မှန်းနေစရာမလိုအောင် အထိအတွေ့တွေကို သူအလွတ်ရနေခဲ့သည်။
နိုးနေပေမဲ့လည်း မလှုပ်ရဲ ၊ အသက်ရှူသံ မှန်မှန်ဖြင့် အိပ်မောကျနေသူ အကြီးအကဲ နိုးသွားမှာစိုးတာကြောင့် ။
လေတိုက်လျှင် လှုပ်ခါသွားသော သစ်ရွက်သံနှင့် စမ်းကျရေ စီးသံသာ ကြားနေရသည် ။
ဂျောင်ဂု အတွေးများမှာလည်း တောင်တောင်
အီအီဖြစ်နေစဥ် အကြီးအကဲသည် သူ့ခါးကို ပို၍ နီးကပ်အောင် ဆွဲယူဖက်လိုက်ပြီး မျက်နှာကို ပခုံးပေါ်အပ်လိုက်တာကြောင့် ဂျောင်ဂုမှာ အသက်တောင် ရဲရဲ မရှူရဲ ။
လေနွေးနွေးက ဂုတ်ပိုးကနေ ဖြတ်ပြီး
ရွေ့လျားနေသောကြောင့် ဂျောင်ဂုမှာ
မွှေးညှင်းလေးများပင် ထောင်လာသည် ။
ရင်ဘတ်ထဲမှ နှလုံးသားကလည်း အဆမတန်
ခုန်ပေါက်နေလိုက်တာ အကြီးအကဲတောင်
ကြားသွားမှာ စိုးရိမ်နေရသည် ။
သိပ်မကြာ အကြီးအကဲသည် လူးလူးလွန့်လွန့်ဖြင့် နိုးလာသည် ။ ဂျောင်ဂုသည် အကြီးအကဲကို စကားပြောရန် ခေါင်းလှည့်လိုက်တော့ အကြီးအကဲနှင့် နှာခေါင်းထိပ်ချင်း ထိဆုံသွားသည် ။ အကြီးအကဲဟာ မပြောမဆို နှုတ်ခမ်းကို ခပ်ဖွဖွ လှမ်းနမ်းသည် ။
ဂျောင်ဂုသည် ရှက်ဝဲဝဲဖြစ်သွားပြီး ပြောမည့်
စကားများတောင် ပျောက်ဆုံးသွားသည် ။
နောက် အနမ်းကို မသိကျိုးကျွန်ပြုကာ
အရှေ့ကို ပြန်လှည့်လိုက်သည် ။ သို့သော်
အကြီးအကဲက သူ့တစ်ကိုယ်လုံးကို ဆွဲလှည့်လိုက်တာကြောင့် အကြီးအကဲ၏ လည်ပင်းနဲ့
သူ့မျက်နှာဟာ တန်းခနဲ ။
မသိမသာလေး နှာခေါင်းထိပ်လေးနဲ့ ပွတ်ဆွဲမိတော့ အကြီးအကဲ၏ အသက်ရှူသံတွေ
မြန်လာပြီး ခါးထက်မှ လက်တွေ တင်းကျပ်လာတာကို သတိထားမိသည် ။ သူ ဘာတွေ
လုပ်လိုက်မိတာပါလိမ့်.....။
" အကြီးအကဲ ကျွန်တော်တို့...ရေနံမြေ
သွားကြည့်ရအောင်..."
ဂျောင်ဂုသည် အကြီးအကဲလက်တွေကြားမှ
ရအောင် ရုန်းထွက်ရင်း ရေချိုးခန်းထဲ
ပြေးဝင်သွားသည် ။ ဂျီမင်ကတော့ ကြိတ်ရယ်လျက်သာ ။
" ကြောက်တတ်လိုက်တာလည်း လွန်ရော.."
နှစ်ယောက်လုံး ပြင်ဆင်ပြီးတော့ ရေနံမြေသစ်ဆီကို ထွက်ခဲ့ကြသည် ။ ရေနံမြေသစ်က
သူတို့တည်းတဲ့နေရာနှင့်ဆို သိပ်မမောင်းရပေ။
ရေနံမြေသစ်ရောက်တဲ့အခါ ကျွမ်းကျင်သူများ ပီသစွာ သေသေချာချာ စူးစမ်းကြည့်ရင်း မည်သည့်နေရာမှာ မည်သို့လုပ်ရမည်ဆိုတာကို ဆွေးနွေးကြသည် ။ လေးနာရီကျော်ကြာ ဆွေးနွေးမှုအပြီးမှာ သူတို့သဘောတူညီမှုရသွားတာကြောင့် ရေနံမြေသစ်မှ ပြန်ခဲ့လိုက်သည် ။ နောက်ရက်မှ အသေးစိတ် စီမံကိန်းဆွဲကြမည် ဖြစ်သည် ။
" ဒါဆို ကျွန်တော်တို့ စာချုပ်မှာ လက်မှတ်
ထိုးဖို့ပဲ ကျန်တော့တာပေါ့နော်..."
သစ်လုံးအိမ်ထဲပြန်အရောက်တွင် ဂျောင်ဂုက
စကားစလာသည် ။
" အင်း...ဟုတ်တယ်...ဒါပေမဲ့ စာချုပ်မှာ
ဂျွန် လက်မှတ်ထိုးစရာမလိုတော့ဘူး..."
အကြီးအကဲက သူ့ကို ရီဝေဝေစိုက်ကြည့်ရင်း
ရှေ့တိုးလာတာကြောင့် သူသည် အလိုလို
နောက်ဆုတ်မိသွားသည် ။
" ဗျာ...ဘာလို့လဲ ဗျ? "
အနောက်မှာ သစ်လုံးနံရံပဲ ကျန်တော့သည့်အခါ ဂျောင်ဂုမှာ ချောင်ပိတ်သွားတော့သည်။
" ဂျွန်လက်မှတ်ထိုးရမှာ စာချုပ်မှာ မဟုတ်ဘူး...."
"...."
" ကိုယ့်နှုတ်ခမ်းပေါ်မှာ ထိုးရမှာ..ဂျွန့်
နှုတ်ခမ်းနဲ့..."
ဂျောင်ဂုသည် အကြီးအကဲ၏ စကားလုံးတွေနဲ့ မီးခိုးဖျော့ရောင် အကြည့်တွေအောက်မှာ လမ်းပျောက်သွားသလို ညိုရင့်ရောင် မျက်ဝန်းတွေက မတည်မငြိမ် ။
" ကိုယ့်ကို နမ်းပါလားဟင်..."
အကြီးအကဲ အသံကား တိုးလျလျ ဖြစ်သော်ငြား ဂျောင်ဂုကို မငြင်းဆန်နိုင်အောင် ချည်တုပ်ထားထားသည့်သဖွယ် ။
" မသင့်တော်ပါ--- "
" ကိုယ့်ကို နမ်းပါ ဂျွန်..."
ဒုတိယအကြိမ် တောင်းဆိုမှုမှာ ဂျောင်ဂုကို
မျက်လုံးကို တင်းတင်းမှိတ်လိုက်မိသည် ။
အသက််ကို ပြင်းပြင်းရှူရင်း စိတ်ကို
အတည်ငြိမ်ဆုံး ဖြစ်အောင် ကြိုးစားနေသည်။
မျက်လုံးပြန်ဖွင့်မိတော့ အကြီးအကဲ၏
သူ့အနမ်းကို မက်မက်မောမောကို တောင်းဆို
နေသည့် မျက်ဝန်းတွေနဲ့ဆုံသည့်အခါ
ဂျောင်ဂု ဘာလုပ်ရမှန်းမသိ အော်ငိုချင်လာသည် ။
ဦးနှောက်ကလည်း အလုပ်မလုပ်တော့ဘူးလားမသိ ၊ ဘာဆိုဘာမှကို ထွက်မလာတော့။
နှလုံးသားကလည်း မသိစိတ်ခေါ်ဆောင်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားသည် ။ စိတ်တွေကလည်း မီးခိုးဖျော့ရောင်အကြည့်တွေအောက် တစတစလွင့်ထွက်လာသည် ။
" တကယ်-တကယ် နမ်းရမှာလား..."
ဂျောင်ဂု၏ အမေးသည် တကယ့်ကို
တုန်တုန်ရီရီ ။
" အင်း..."
အကြီးအကဲကလည်း ပြတ်ပြတ်သားသားပဲ။
ဒီနေ့မှ ချစ်သောဆီက အနမ်းမရရင်
ဖယ်ပေးမှာ မဟုတ် ။
ဂျီမင်၏ ခပ်ထူထူနှုတ်ခမ်းတွေပေါ်ကို
ကျရောက်လာတဲ့ နှုတ်ခမ်းပါးတွေ ။
ဂျီမင် အကြိမ်ကြိမ်အခါခါ ဒီနှုတ်ခမ်းပါးတွေကို နမ်းရှိုက်ဖူးပါသည် ။ သို့ပေမဲ့ ဒီအခါသည်
အလွင့်မျောဆုံး ဖြစ်သည် ။ ချစ်သောက
ထိရုံလေး နမ်းသည်ဆိုပေမဲ့ ချစ်သော၏
ခါးတွေကို ဆွဲဖက်ကာ အနမ်းတွေကို ဆက်လိုက်တာက အကြီးအကဲ ။
ဂျောင်ဂု၏ လက်နှစ်ဖက်သည်လည်း
အကြီးအကဲ၏ ပခုံးပေါ်ကို ချိတ်ကာ
အနမ်းတွေမှာ လွင့်ပါသွားပုံ၊ လိုလိုလားလားပင် ပြန်တုန့်ပြန်လာသောကြောင့် ဂျီမင်မှာ
အံ့သြရသည် ။
အနမ်းတွေ ပြီးဆုံးသည့်အခါ ချစ်သောမှာ
ခေါင်းမဖော်တော့ ။ ဂျီမင်သည် ချစ်သော၏
မျက်နှာလေးကို ဆွဲမော့ရင်း ရီဝေဝေ
ငေးကြည့်သည် ။
" ကိုယ့်ခံစားချက်တွေကို ထပ်ပြီး မျိုသိပ်
မထားတော့ဘူး...မင်းလည်း သိမှာပါ...
ကိုယ် မင်းအပေါ် ဘယ်လိုသဘောထားနေလဲ
ဆိုတာ..."
"..."
ချစ်သောက တွေတွေလေးသာ သူ့ကို
စိုက်ကြည့်နေသည် ။
" ကိုယ် မင်းကို ချစ်တယ်, ချစ်သော..."
×
ပြန်လာပါပြီ ဟီးဟီး🤓
လူကလေ တစ်နေ့ကုန် အလုပ်တွေရယ်
စာသင်ချိန်ရယ် ရှုပ်ပြီး အိပ်ချိန်တောင်မှ
၄နာရီသာသာပဲ ရတော့တာ ။ အဲ့တော့
စာရေးမယ်ကြံရင် စိတ်ပဲရှိတယ် ၊ လူက
မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး ။
ဒီအပိုင်းတောင် မနည်းကြိုးစားပြီး ရေးထားရတာပါ ။ စာလုံးပေါင်း ပြန်မစစ်ထားတာမို့
အမှားပါရင် စိတ်မရှိပါနဲ့ရှင် ။
- AlexandrineKim(1752023)-
Zawgyi
ေဂ်ာင္ဂု စာ႐ြက္စာတမ္းတခ်ိဳ႕ကို ကိုင္ရင္း
သူ႕အေဖ စာၾကည့္ခန္းထဲ ဝင္ခဲ့လိုက္သည္ ။
ေရနံေျမကိစၥ အဆင္ေျပသည့္အေၾကာင္း
ေျပာျပဖို႔ဝင္ခဲ့ေသာ္လည္း စာၾကည့္ခန္း၌
ေဂ်ာင္ဂုအေဖသည္ ႐ွိမေနခဲ့ ။
" ဟင္? ဘယ္သြားတာပါလိမ့္..."
" မဟုတ္မွလြဲေရာ...ညကတည္းက ျပန္မလာတာလား..."
ထူးဆန္းသည္ ။ သူ႕အေဖသည္ တစ္ခါမွ
အျပင္မွာ မအိပ္ဖူးဘူး ။ ဘယ္လိုအေျခအေန
ျဖစ္ျဖစ္ အိမ္ေတာ္ကို ေရာက္ေအာင္ျပန္လာတတ္တဲ့သူ ။
" တကယ္ ထူးဆန္းတယ္- Ah ! "
အေဖလည္းမ႐ွိတာမို႔ ကိုယ့္အခန္းသာ
ကိုယ္ျပန္ရန္ လွည့္အထြက္ အေမႊးပြ
ေကာ္ေဇာ္ေပၚမွ မာေတာင့္ေတာင့္အရာတစ္ခုကို နင္းမိလိုက္သည္ ။
"ဘာပါလိမ့္.."
ေဂ်ာင္ဂု ေကာက္ယူၾကည့္လိုက္ေတာ့
သူနင္းလိုက္မိတဲ့အရာက အနက္ေရာင္
နားကပ္တစ္ဖက္ ျဖစ္သည္ ။
" နားကပ္လား...နားကပ္က ဘာလို႔ အေဖ့
စာၾကည့္ခန္းထဲ ေရာက္ေနတာလဲ..."
အေဖ တစ္စုံတစ္ေယာက္နဲ႔မ်ား ဒိတ္ေနတာလား ။ ေဂ်ာင္ဂုသည္ အျပဳံးေသးေသးေလး
တစ္ခု ခ်ိတ္ဆြဲလိုက္သည္ ။ သူ႕အေဖက
အမွန္ေတာ့ လူပ်ိဳႀကီးမလား ။ သေဘာက်တဲ့
အမ်ိဳးသမီးလည္း ႐ွိခ်င္႐ွိေနမွာေပါ့ ။ ဒါနဲ႔
ပတ္သက္ၿပီး သူ႕မွာ ေျပာစရာ ဘာမွမ႐ွိ ။
" ဒိတ္ေနရင္လည္း ေျပာတာမဟုတ္ဘူး...
ဂုဏ္ျပဳေပးရမွာကို..."
ေဂ်ာင္ဂုသည္ ခပ္တိုးတိုး ေရ႐ြတ္ရင္း
ထိုနားကပ္တစ္ဖက္ကို စာၾကည့္ခုံေပၚ
တင္ေပးခဲ့ၿပီး အခန္းျပန္သြားခဲ့သည္ ။
" ေညာင္းလိုက္တာ..."
အလုပ္ပိတ္ရက္မို႔ ေဂ်ာင္ဂုသည္
အိမ္ေတာ္တြင္ ေသာင္တင္ကာ စာရင္းမ်ား
ျဖင့္ အလုပ္႐ႈပ္ေနသည္မွာ မနက္ကေန
ေန႔လည္အထိပင္ ။ နားလို႔ရရဲ႕သားနဲ႔ မနား ၊
ေဂ်ာင္ဂုကိုက အလုပ္သရဲ ျဖစ္ေနတာ ။
ကုတင္ေပၚမွာ ပုံစံမက်ထိုင္ၿပီး စာရင္းေတြ
လုပ္ခဲ့တာမို႔ အေၾကာအျခင္တို႔ အလြန္အမင္း
ေတာင့္တင္းလ်က္႐ွိေနသည္ ။ ထို႔ေၾကာင့္
အေညာင္းေျပအညာေျပ လမ္းေလွ်ာက္ရန္
ျခံဝင္းထဲ ဆင္းခဲ့မိသည္ ။
မနက္ေဝလီေဝလင္းကတည္းက မိုးဖြဲဖြဲေလး
က်ေနသည္မို႔ ျခံဝင္းထဲက ျမက္ခင္းတို႔မွာ
မိုးေရတို႔ျဖင့္ စိုစိုအိအိ ။ ဖိနပ္မစီးပဲ စြတ္စို
ေနတဲ့ ျမက္ခင္းေပၚကို ေျခခ်လိုက္တဲ့အခါ
ပထဝီဓာတ္ဟာ ေကာင္းစြာ လည္ပတ္လာသည္ ။ ေလထုဟာလည္း မိုးရာသီအခါမို႔
အခ်ိန္ျပည့္ လတ္လတ္ဆတ္ဆတ္ ။
ေဂ်ာင္ဂုက အပင္စိုက္ရတာ ဝါသနာပါသည္။
ျခံဝင္းထဲမွာ ေဂ်ာင္ဂု စိုက္ထားတဲ့ အပင္ေတြခ်ည္းပဲ ။ အပင္ေသးေသးေလးေတြကအစ
အရိပ္ေကာင္းသည့္အပင္ေတြအဆုံး ေဂ်ာင္ဂု
လက္နဲ႔ပဲ ပ်ိဳးခဲ့တာ ။
အပင္ေလးေတြကို လက္တို႔ထိရင္း ေဂ်ာင္ဂု
သည္ ေညာင္းညာေနတာေတြပင္ ေမ့ေလ်ာ့
သြားကာ သဘာဝတရားႀကီးဆီသာ အာ႐ုံ
ေရာက္ေနခဲ့သည္ ။
" ဟိတ္ ! "
ကိုယ့္အာ႐ုံနဲ႔ကိုယ္ ဈာန္ဝင္စားေနတုန္း
အေနာက္မွ ခပ္တိုးတိုး ေခၚသံတစ္ခု ။
လွည့္ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္မ႐ွိေသာ
အႀကီးအကဲ ။
" အႀကီးအကဲ...ဘာကိစၥမ်ား႐ွိလို႔ပါလဲ..."
" ေရနံေျမကိစၥ.."
" ေအာ္..ကြၽန္ေတာ္လည္း အဲဒီကိစၥေဆြးေႏြးဖို႔
အေဖ့ကို ေျပာမလို႔ပဲ...ႏို႔ေပမဲ့ အခု အိမ္ေတာ္မွာ အေဖမ႐ွိေသးဘူးရယ္...အႀကီးအကဲကို
ေနာက္မွ ျပန္ခ်ိန္ေပးပါ့မယ္...."
အႀကီးအကဲသည္ သူ႕စကားကို လက္ခံသည္။
ေနာက္ေတာ့ စာ႐ြက္စာတမ္းအိတ္ကို
ျမက္ခင္းေပၚကို ပစ္ခ်ကာ သူ႕ေဘးနားကို
လာရပ္သည္ ။
" ဂြၽန္ စိုက္ထားတာလား.."
" ဟုတ္တယ္...အႀကီးအကဲ...ကြၽန္ေတာ္က
အပင္စိုက္ရတာ ဝါသနာပါတယ္ေလ..."
ခ်စ္ေသာက အပင္စိုက္ပ်ိဳးတာမွာ
သိပ္ကြၽမ္းက်င္သည္ ။ မယုံလွ်င္ သူ႕ရင္ထဲက
ႏွလုံးသားေပၚမွာ ခ်စ္ေသာ ပ်ိဳးထားတဲ့
ခ်စ္ပန္းေတြကိုပဲ ၾကည့္ပါေတာ့ ။ လွလွပပကို
အစုလိုက္အ႐ုံလိုက္ ပ်ိဳးေပးထားတာ သူ
ရင္နဲ႔ေတာင္ မဆံ့ခ်င္ေတာ့သလို ။
ေဘးမွ အသံတိတ္သြားတာေၾကာင့္
လွည့္ၾကည့္မိေတာ့ သူ႕ကို တေမ့တေမာ
ေငးေနျပန္တဲ့ အႀကီးအကဲ ။ အႀကီးအကဲ
သူ႕ကို ၾကည့္သည့္ အခ်ိန္တိုင္း အခါတိုင္း
သူ႕ တစ္ကိုယ္လုံးမွာ ႐ွိန္းဖိန္းဖိန္း ။ မလုံမလဲခံစားခ်က္ေတြနဲ႔ ရင္ဘတ္ထဲက လိပ္ျပာေတြကို မလြတ္ထြက္သြားေအာင္ ဖိသိပ္ထား
ရသလို။
" ဒါ သစၥာပန္းေတြ..."
" သစၥာပန္းနီေတြ ညိႇဳးခဲ့ရင္ ခ်စ္ျခင္းတရားေတြ ေသဆုံးသြားၿပီ တဲ့ "
ကိုယ့္ရင္ထဲက တစ္ပြင့္တည္းေသာ
သစၥာပန္း ခ်စ္ေသာ ။ ခ်စ္ေသာကို ခ်စ္တဲ့
ကိုယ့္ခ်စ္ျခင္းတရားတို႔က အသေခ်ၤေတြ
မ်ားစြာ တိုင္ပါေစအုန္း..ကိုယ့္စိတ္နဲ႔
ကိုယ့္ခႏၶာဟာ အမႈန္တစအျဖစ္
မေပ်ာက္ကြယ္မခ်င္း တည္ေနအုန္းမွာ ။ ဘယ္ကမ႓ာပဲေရာက္ေရာက္ ဘယ္စၾကဝဠာမွာပဲ ျဖစ္ျဖစ္.ခ်စ္ေသာကိုသာ ႐ႈျမင္တဲ့
ကိုယ့္ခ်စ္ျခင္းတရားတို႔က ပုံေသတည္ၿမဲျခင္း နိယာမကို က်င့္သုံးၿပီး မေျပာင္းလဲပဲ
႐ွိေနၾကမွာ ။
သစၥာပန္းနီေတြကို ေဆြးေျမ့စြာ ေငးေမာေနတဲ့
ေဂ်ာင္ဂုကို ဂ်ီမင္သည္လည္း တစိုက္မတ္မတ္ ေငးၾကည့္ေနခဲ့သည္ ။
ခ်စ္ေသာကိုပဲ လိုခ်င္တာ ။ ဘဝမွာ
ခ်စ္ေသာသာ ႐ွိရင္ ရၿပီ ။ ခ်စ္ေသာ,ကလြဲၿပီး တျခား ဘယ္အရာကို မမက္ေမာေတာ့ ။
စကၠန္႔တိုင္းမွာ သူဟာ ခ်စ္ေသာကို
ပိုင္ဆိုင္လိုစိတ္ အျပည့္နဲ႔ပါ ။ ခ်စ္ျခင္းေတြက
ခ်စ္ေသာအတြက္ဆို အလွ်ံအပယ္မို႔
ခ်စ္ေသာ,က စိတ္ႀကိဳက္သာ သုံးစြဲေစ ။
ေဂ်ာင္ဂုသည္ သစၥာပန္းနီေတြဆီကေန အႀကီးအကဲဆီကို အၾကည့္ပို႔လိုက္သည္ ။
ဒီေန႔မွာေတာ့ မီးခိုးေဖ်ာ့ေရာင္ မ်က္ဝန္းေတြက ႏွစ္လိုဖြယ္ သိပ္ေကာင္းစြာ ေတာက္ပ
ေနသည္ ။ ေငးမိေနရင္းနဲ႔ပင္ ေဂ်ာင္ဂုသည္ သတိလက္လြတ္ ျပဳံးလိုက္မိသည္အထိ
မီးခိုးေဖ်ာ့ေရာင္ေတြက စြမ္းေဆာင္ႏိုင္ခဲ့သည္။
" အႀကီးအကဲ ပတ္ခ္...Mr Jeon ျပန္ေရာက္ပါၿပီ..."
ႏွစ္ေယာက္သား သစၥာပန္းနီေတြနဲ႔အတူ
အၾကည့္ခ်င္းဆုံေနမိခိုက္ သတင္းလာပို႔သည့္
အႀကီးအကဲ၏ လက္ေထာက္ ။
" ေကာင္းတာေပါ့..ေဆြးေႏြးဖို႔ သြားၾကမယ္
ဂြၽန္.."
အႀကီးအကဲဟာ လက္ေထာက္ကိုမၾကည့္ ၊
သူ႕ကိုသာ ေငးရင္းပဲ ျပန္ေျဖလိုက္တာေၾကာင့္
ေဂ်ာင္ဂုမွာ အျပဳံးေတြပင္ မဖုံးဖိႏိုင္ခဲ့ ။
ဂ်ီမင္သည္ ျမက္ခင္းေပၚက
စာ႐ြက္စာတမ္းအိတ္ကို ျပန္ယူလိုက္ၿပီး
အိိမ္ေတာ္ဘက္ကို ဦးတည္လိုက္သည္ ။
ခ်စ္ေသာ,ကလည္း သူ႕ေဘးမွာကပ္ရပ္ ။
မသိမသာေလး တိုးကပ္သြားၿပီး လက္ဖ်ား
ေလးေတြကို ဖမ္းဆုပ္လိုက္သည္ ။ ခ်စ္ေသာ
သည္လည္း ႐ုန္းေတာင္မ႐ုန္း၊ခပ္ျပဳံးျပဳံးျဖင့္။
အိမ္ေတာ္ရဲ႕ ဧည့္ခန္းထဲမွာ ထိုင္ေစာင့္ေနတဲ့
Mr Jeon ။ သူ႕ကို ျမင္ေတာ့ ထလာၿပီး
ႀကိဳသည္ ။
" စာၾကည့္ခန္းကို သြားၾကရေအာင္ အႀကီးအကဲ "
" ဟုတ္ပါၿပီ "
စာၾကည့္ခန္းထဲေရာက္ေတာ့ ေဂ်ာင္ဂုထိုင္သည့္ ေဘးေနရာတြင္ ဂ်ီမင္က ကပ္လ်က္ဝင္ထိုင္သည္ ။ ေနရာေတြအမ်ားႀကီး႐ွိလ်က္နဲ႔
ဤ က်ဥ္းက်ဥ္းက်ပ္က်ပ္ေနရာတြင္ ကပ္ထိုင္ေနသည့္ ဂ်ီမင္ကို ၾကည့္ၿပီးMr Jeonမွာ
ဘာေျပာရမွန္းမသိ ။
" ဘယ္လိုပဲျဖစ္ျဖစ္ ေရနံေျမမွာ
ဂြၽန္လုပ္ငန္းစုက စတင္လို႔ရၿပီပဲ.."
" အႀကီးအကဲရဲ႕ေက်းဇူးေတြပါပဲ..
အႀကီးအကဲသာ ခြင့္မျပဳေပးခဲ့ရင္ ရမွာမဟုတ္ပါဘူး.."
" အဲဒီေလာက္လည္း မဟုတ္ပါဘူး...ဂြၽန္က
အမ်ားႀကီး ႀကိဳးစားေပးခဲ့တာေလ...."
သူ႕အေဖက လွမ္းၾကည့္လာသည္မို႔ ေဂ်ာင္ဂု
သည္ လည္ေခ်ာင္းတစ္ခ်က္႐ွင္းလိုက္ရင္း
ဟန္မပ်က္ ေခါင္းညိတ္ျပလိုက္ရသည္ ။
ဘယ္တုန္းကမ်ား သူ ေရနံေျမကိစၥအတြက္
ႀကိဳးစားေပးခဲ့လို႔လဲ ။
" ဒီေတာ့ ကြၽန္ေတာ္က ေနာက္ရက္က်ရင္
အဲဒီေရနံေျမသစ္ဆီကို သြားရမွာ အဲဒါ ဂြၽန္႔ကိုပါ ေခၚသြားခ်င္တယ္..သူက ဂြၽန္လုပ္ငန္းစုရဲ႕ ဒါ႐ိုက္တာမလား...ေရနံေျမအေနအထားကိုၾကည့္ၿပီး လုပ္ငန္းအတြက္ စီစဥ္ေပးရမွာေပါ့..."
ေဂ်ာင္ဂုသည္ အႀကီးအကဲ၏ စကားလုံးေတြၾကားမွာ ဆြံ႕ဆြံ႕အအ ။ အႀကီးအကဲက
စကားလုံးေတြကို ခ်က္က်လက္က် ေျပာလာတဲ့အခါ သူ႕အေဖက ေခါင္းတၿငိမ့္ၿငိမ့္ ။
" ေကာင္းပါၿပီ..သားကို အႀကီးအကဲနဲ႔
ထည့္ေပးလိုက္ပါ့မယ္..."
အႀကီးအကဲက ရည္႐ြယ္ခ်က္ျပည့္ေျမာက္
သြားသလို ျပဳံးၿပီး သူ႕ကို ၾကည့္သည္ ။
မသိမသာ မ်က္လုံးတစ္ဖက္ကိုလည္း
မွိတ္ျပသြားသည္ ။
" မနက္ျဖန္ လာေခၚမယ္ အဆင္သင့္
လုပ္ထားေနာ္..."
အႀကီးအကဲကို ကားအထိ လိုက္ပို႔ေပးတဲ့အခါ ေျပာလာသည့္စကား ။ ကားထဲမဝင္ခင္
လည္း လက္တစ္ဖက္ကိုဆြဲယူၿပီး လက္ဖမိုးကို ဖြဖြေလး နမ္းကာ ထြက္သြားသည္ ။
ေဂ်ာင္ဂုမွာ အသက္႐ွဴရပ္သြားသလိုမ်ိဳး
ခံစားလိုက္ရၿပီး ေတာင့္ေတာင့္ေလး က်န္ခဲ့သည္ ။ စိတ္နဲ႔လူနဲ႔ ကင္းကြာေနတာ မိုးစက္ေတြ အလုအယက္က်ဆင္းလာမွ သတိဝင္လာၿပီး အိမ္ေတာ္ထဲ ျပန္ေျပးဝင္ရေတာ့သည္ ။
အခန္းထဲေရာက္တာနဲ႔ ရင္ဘတ္ဖိၿပီး
တံခါးကို မွီထားမိသည္ ။ ေနာက္ေတာ့
အေတြးေတြစုံကာ ႐ွက္ျပဳံးေတြျပဳံးၿပီး
အိပ္ရာေပၚကို ဝ႐ုန္းသုန္းကား လွဲခ်လိုက္
သည္ ။ ေစာင္ေတြကိုလည္း ကန္ခ်လို႔ခ် ၊
ေခါင္းအုံးေတြကိုလည္း အသည္းတယားယား
ျဖင့္ ထု႐ိုက္ေနေသာေၾကာင့္ ေခါင္းအုံးေတြကေတာင္ ေဂ်ာင္ဂုကို ၿငိဳျငင္ကုန္သည္ ။
" ဘာလို႔ ငါက ႐ွက္ၿပီး ရင္ေတြခုန္ေနတာလဲ
မသိရင္ ဟန္နီးမြန္းထြက္မွာက်ေနတာပဲ..ဟြန္႔"
ေဂ်ာင္ဂုသည္ မေက်နပ္သလို ႏႈတ္ခမ္းေလး
ဆူရင္း အက်ႌတခ်ိဳ႕ကို ေသေသသပ္သပ္
ေခါက္ထည့္ေနကာ ထုတ္ပိုးေနသည္ ။
ျပင္ဆင္တာေတြၿပီးသြားတာနဲ႔ ညစာစားခ်ိန္ပင္ေရာက္ေနၿပီ ။
အရင္လို ထုံထုံမိႈင္းမိႈင္း ခံစားခ်က္ေတြနဲ႔
မဟုတ္ပဲ သစ္လြင္ေနေသာ ခံစားခ်က္ေတြေၾကာင့္ ညစာစားခ်ိန္တေလွ်ာက္လုံး
ေဂ်ာင္ဂုသည္ စကားေတြ အမ်ားႀကီး
ေျပာေနခဲ့တာ အိမ္ေတာ္ထိန္းႀကီးေတာင္မွ
ေမးယူရသည္ အထိ ။
" ေစာေစာအိပ္ရမယ္...မနက္က် အိပ္ေရး
မဝပဲေနမယ္..."
ေစာေစာအိပ္မယ္ ဆိုသည့္စကားေၾကာင့္
ႏြားႏို႔ခြက္ေလး လာပို႔သည့္ အိမ္ေတာ္ထိန္းႀကီးမွာ ဆြံ႕အသြားသည္ ။ အရင္ကဆို
ညဥ့္နက္မွ အိပ္တတ္သည့္လူက
အဘယ္ေၾကာင့္မ်ား ေစာေစာအိပ္ရန္
အေတြးေတြေပါက္သြားပါသနည္း ။ ဒီေန႔
သူတို႔ သခင္ေလး ေဆးမွားစားထားသည္ထင္။
မနက္ေရာက္ေတာ့လည္း အေစာႀကီးထကာ
ေသေသခ်ာခ်ာျပင္ဆင္ၿပီး မနက္စာစားရန္
ဆင္းလာေသာ သခင္ေလးေၾကာင့္ အလုပ္သမားေတြမွာ အံ့အံ့ၾသၾသ ။
" သခင္ေလး အေစာႀကီးပါလား.."
" ဟုတ္တယ္..သြားစရာ႐ွိလို႔..."
" သြားဖို႔က ၇နာရီမွမလား..အခုမွ ၅နာရီပဲ
႐ွိေသးတယ္ေလ သခင္ေလးရဲ႕.."
ထိုအခါမွ ေဂ်ာင္ဂုတစ္ေယာက္ကို နာရီကို
ၾကည့္မိကာ ႐ွက္ဝဲဝဲေလး ျဖစ္သြားသည္ ။
စိတ္ေတြက အလ်င္ေစာၿပီး ျပင္ဆင္ေနမိတာ။
" အာာ...ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္႕ကို မနက္စာျပင္ေပးပါ.."
" ဟုတ္ပါၿပီ..."
မနက္စာစားၿပီးေတာ့လည္း သူတို႔ သခင္ေလးမွာ အၿငိမ္မေန ။ ဆိုဖာမွာေတာင္
မထိုင္ႏိုင္ပဲ ျခံေပါက္ဝကို ေငးကာ ေျမာက္ႂကြေျမာက္ႂကြေလး ျဖစ္ေနသည္ ။
" ဘယ္သူ႕ကိုမ်ား ေစာင့္ေနတာလဲ မသိဘူး.."
" အႀကီးအကဲကိုထင္တယ္..."
" ဟယ္ ဟုတ္လား....ႏွစ္ေယာက္သား
ဘာေတြလဲ မသိဘူးေနာ္..ဟိဟိ.."
အိမ္အကူမေလးႏွစ္ေယာက္သည္ ေနရာမရသည့္ သခင္ေလးကို ၾကည့္ရင္း တီးတိုးေျပာေနၾကသည္ ။
၇နာရီအတိတြင္ ျခံေပါက္ဝမွာ ကားေရာက္
လာၿပီး အႀကီးအကဲက ဆင္းလာသည္ ။
ခဲေရာင္Shirtနဲ႔ အနက္ေရာင္Pantsကို
တြဲဝတ္ထားကာ ေငြမွင္ေရာင္ဆံႏြယ္ေတြကိုလည္း နဖူးေပၚဝဲခ်ထားသည္ ။
ေဂ်ာင္ဂုသည္ ေဘးနားက လက္ဆြဲအိတ္ေလးကို ကိုင္ကာ အႀကီးအကဲဆီကို
ေလွ်ာက္သြားသည္ ။ ထိုသို႔ေလွ်ာက္သြားသည့္တေလွ်ာက္ ရင္ေတြခုန္ေနသည္မွာ မသိလွ်င္ မိဘေတြမသိေအာင္ ခိုးရာလိုက္ေျပးေတာ့မည့္ မိန္းမပ်ိဳေလးလို ။
" ဝတ္ထားတာ သက္ေတာင့္သက္သာ
႐ွိရဲ႕လား ဂြၽန္..ကားက ၆နာရီေတာင္ စီးရမွာ "
အႀကီးအကဲစကားေၾကာင့္ ေဂ်ာင္ဂု စိတ္အိုက္သြားသည္ ။ သူက ဝတ္စုံျပည့္ မျဖစ္႐ုံတမယ္ ဝတ္လာသည္ေလ ။ သို႔ေပမဲ့လည္း ျပန္မလဲခ်င္ေတာ့ေသာေၾကာင့္ အဆင္ေျပပါသည္ဟုသာ ေျပာလိုက္သည္။
ကားေနာက္ခန္းမွာ ႏွစ္ေယာက္လုံး ဝင္ထိုင္
လိုက္သည္ ။ အႀကီးအကဲက ဒ႐ိုင္ဘာကို
ေျပာၿပီး ကားေမာင္းသည့္ေ႐ွ႕ခန္းႏွင့္
သူတို႔႐ွိေနသည့္ ေနာက္ခန္းၾကားကို
ပိတ္ခ်ခိုင္းလိုက္သည္ ။ ထို႔ေၾကာင့္ ေ႐ွ႕ခန္းက လူက သူတို႔ဘာလုပ္ေနသည္ဆိုတာကို
မျမင္ရေတာ့ေပ ။
" ဂြၽန္ လြတ္လြတ္လပ္လပ္ေနေနာ္.."
" ဟုတ္ပါၿပီ.."
ကားအနက္ေလး စတင္ထြက္ခြာသည္ႏွင့္
ႏွစ္ေယာက္ၾကားက ေလထုက တိတ္ဆိတ္
သြားေယာင္ ။ ေဂ်ာင္ဂုကလည္း ဘာေျပာလို႔
ေျပာရမွန္းမသိ ၊ အထုတ္ေလးပိုက္ကာ
ၿငိမ္ၿငိမ္ေလး တစ္ဖက္ေထာင့္ကို ကပ္ေနသည္ ။
" ဂြၽန္ ဘာလို႔ အထုတ္ကို ကိုင္ထားတာလဲ..
ေပး ကိုယ္ ေနာက္ခန္းမွာ ထားလိုက္မယ္.."
" ရ-ရပါ--"
ဂ်ီမင္က အေျပာထက္ လက္ကျမန္ကာ
ေဂ်ာင္ဂုလက္ထဲကအထုတ္ကိုဆြဲယူလိုက္စဥ္
ေဂ်ာင္ဂုကလည္း အထုတ္ကို မလႊတ္ေပးသည့္အခါ အထုတ္ႏွင့္အတူ ေဂ်ာင္ဂုပါ ဂ်ီမင္ဘက္ကို ယိမ္းပါသြားေတာ့သည္ ။
ဂ်ီမင္သည္ ရင္ခြင္ထဲကို အလိုလိုေရာက္လာသည့္ ခ်စ္ေသာကို ၾကည့္ရင္း ညစ္က်ယ္က်ယ္ျပဳံးလိုက္ကာ အလ်င္အျမန္
အထုတ္ကို ေနာက္ခန္းပို႔လိုက္ၿပီး ရင္ခြင္ထဲက
ေျပးထြက္ရန္ျပင္ေနသည့္ ခ်စ္ေသာကို ဆြဲဖက္လိုက္သည္ ။
" မေျပးနဲ႔ေလ..မကိုက္စားပါဘူး..."
" ဟို-ဟို--"
" ဘာလဲ..ဘာျဖစ္လို႔လဲ...မနမ္းရေသးလို႔လား.."
အႀကီးအကဲက မ်က္ခုံးပင့္ကာ ေမးလာေတာ့
ေဂ်ာင္ဂုမွာ အေျဖေတြေပ်ာက္႐ွကာ ရင္တုန္ပန္းတုန္ ။
" ဟုတ္-----အာ မဟုတ္ဘ---"
ေယာင္ေယာင္ယမ္းယမ္းေတြ ေဂ်ာင္ဂု
ေျဖမိၿပီး အခုေတာ့ ေဂ်ာင္ဂုႏႈတ္ခမ္းေတြက
အႀကီးအကဲဆီမွာ ေပ်ာ္ဝင္ေနလ်က္ ။
ႏႈတ္ခမ္းေတြၿပီးေတာ့ ပါးေလးေတြ၊ မ်က္ခြံေလးေတြ ၊ ႏွာေခါင္းထိပ္ေလး ၊ ႏႈတ္ခမ္းေထာင့္စြန္းေလးေတြကအစ ေနရာလပ္မက်န္ေအာင္ အနမ္းေပးလ်က္႐ွိေနသည္ ။
ခ်စ္ေသာ မ်က္ႏွာတစ္ခုလုံးမွာ ရဲပေတာင္းခတ္ေနၿပီး မ်က္လုံးေတြကို မွိတ္ထားတာ
ဖြင္မလာေတာ့ ။
႐ွက္ေနမွန္းသိလို႔ နမ္းေနတာကို နားလိုက္ၿပီး
ရင္ခြင္ထဲကို မ်က္ႏွာေလး ထည့္ဖြက္ခိုင္း
လိုက္သည္ ။ ဆံႏြယ္ေလးေတြကို နမ္းသည္ ။
ဂုတ္ပိုးေလးေတြကို ခပ္ဖြဖြတို႔ထိသည္ ။
ခ်စ္ေသာမွာ ၾကက္သီးေမႊးညႇင္းေလးေတြ
ထလာသည္ကိုေတာင္ ခံစားမိသည္ ။
ဒီတိုင္း ၿငိမ္ၿငိမ္ေလးေနေနရင္းနဲ႔ပဲ
ခ်စ္ေသာ,က တျဖည္းျဖည္း အိပ္ေမာက်သြားသည္ ။ ခ်စ္ေသာ ခႏၶာကိုယ္ေလးကို
ရင္ဘတ္ေပၚတင္ၿပီး ေပြ႕ဖက္ထားကာ
သက္ေတာင့္သက္သာေလး အိပ္စက္ေစသည္ ။ သူကေတာ့ ခ်စ္ေသာ မ်က္ႏွာေလးသာ ေငးရင္း...။
" ခ်စ္ေသာ---ဂြၽန္...ေရာက္ၿပီ ထေတာ့.."
အိပ္စုံမႈန္မႊား႐ုပ္ေလးနဲ႔ ခရီးအစတုန္းက
႐ွက္ေနတာေတြေတာင္ ေမ့သြားသလိုေလး။
" သြားမယ္ ကိုအိပ္ပုတ္ေလး...အထုတ္က
သူတို႔ သယ္လာေပးလိမ့္မယ္..."
သူကေျပာလည္း ခ်စ္ေသာက အိပ္ခ်င္ေျပေသးတဲ့ပုံ မေပၚတာေၾကာင့္ သူကပဲ ခ်စ္ေသာ
လက္ကို ကိုင္ဆြဲကာ တည္းမဲ့ေနရာဆီကို
ေခၚလာခဲ့သည္ ။ တည္းမည့္ေနရာက
အဆင့္ျမင့္ဟိုတယ္မဟုတ္ ၊ ခပ္ႀကီးႀကီး
သစ္လုံးအိမ္တစ္လုံးသာ ျဖစ္သည္ ။
ေဘးဘက္တြင္ သစ္ပင္တခ်ိဳ႕ဝန္းရံေနၿပီး
အိမ္အေနာက္ဘက္မွ ေရစီးသံလြင္လြင္ကိုလည္း ၾကားေနရသည္ ။
အိမ္ကို ၾကည့္ေနတုန္း ပခုံးေပၚကို ခပ္အိအိ
မွီက်လာသည္ ။ ၾကည့္လိုက္ေတာ့
ခ်စ္ေသာ,က သူ႕ကို မွီၿပီး ျပန္အိပ္ေပ်ာ္ေနတာ။ ဂ်ီမင္သည္ ရယ္ခ်င္တာကို ထိန္းရင္း
ခ်စ္ေသာကို ဖြဖြေလးဖက္ကာ ထိန္းထားလိုက္သည္ ။ ေနာက္ အိပ္ခန္းဆီကို ျဖည္းျဖည္းခ်င္း ေခၚသြားရင္း အိစက္စက္
ေမြ႕ယာေပၚခ်ေပးလိုက္တဲ့အထိ ခ်စ္ေသာ,က
အိပ္ေကာင္းဆဲ ။
ဂ်ီမင္သည္လည္း ခရီးပန္းလာတာေၾကာင့္
ခ်စ္ေသာ ေဘးကို တိုးေဝွ႔ရင္း အိပ္စက္လိုက္သည္ ။ ခ်စ္ေသာရဲ႕ ကိုယ္သင္းနံ႔ေလးကို
႐ွဴ႐ိႈက္ရင္းအိပ္စက္ရတာ မည္မွ်ကံေကာင္းပါ့
×
ေဂ်ာင္ဂုႏိုးလာေတာ့ ႏူးညံ့ညံ့ အိပ္ရာေပၚမွာ။
သူ႕ခါးေပၚမွာလည္း တင္းတင္းက်ပ္က်ပ္
ဖက္တြယ္ထားသည့္ လက္တစ္စုံ ။ မည္သူ႕
လက္ဆိုတာ မွန္းေနစရာမလိုေအာင္ အထိအေတြ႕ေတြကို သူအလြတ္ရေနခဲ့သည္။
ႏိုးေနေပမဲ့လည္း မလႈပ္ရဲ ၊ အသက္႐ွဴသံ မွန္မွန္ျဖင့္ အိပ္ေမာက်ေနသူ အႀကီးအကဲ ႏိုးသြားမွာစိုးတာေၾကာင့္ ။
ေလတိုက္လွ်င္ လႈပ္ခါသြားေသာ သစ္႐ြက္သံႏွင့္ စမ္းက်ေရ စီးသံသာ ၾကားေနရသည္ ။
ေဂ်ာင္ဂု အေတြးမ်ားမွာလည္း ေတာင္ေတာင္
အီအီျဖစ္ေနစဥ္ အႀကီးအကဲသည္ သူ႕ခါးကို ပို၍ နီးကပ္ေအာင္ ဆြဲယူဖက္လိုက္ၿပီး မ်က္ႏွာကို ပခုံးေပၚအပ္လိုက္တာေၾကာင့္ ေဂ်ာင္ဂုမွာ အသက္ေတာင္ ရဲရဲ မ႐ွဴရဲ ။
ေလေႏြးေႏြးက ဂုတ္ပိုးကေန ျဖတ္ၿပီး
ေ႐ြ႕လ်ားေနေသာေၾကာင့္ ေဂ်ာင္ဂုမွာ
ေမႊးညႇင္းေလးမ်ားပင္ ေထာင္လာသည္ ။
ရင္ဘတ္ထဲမွ ႏွလုံးသားကလည္း အဆမတန္
ခုန္ေပါက္ေနလိုက္တာ အႀကီးအကဲေတာင္
ၾကားသြားမွာ စိုးရိမ္ေနရသည္ ။
သိပ္မၾကာ အႀကီးအကဲသည္ လူးလူးလြန္႔လြန္႔ျဖင့္ ႏိုးလာသည္ ။ ေဂ်ာင္ဂုသည္ အႀကီးအကဲကို စကားေျပာရန္ ေခါင္းလွည့္လိုက္ေတာ့ အႀကီးအကဲႏွင့္ ႏွာေခါင္းထိပ္ခ်င္း ထိဆုံသြားသည္ ။ အႀကီးအကဲဟာ မေျပာမဆို ႏႈတ္ခမ္းကို ခပ္ဖြဖြ လွမ္းနမ္းသည္ ။
ေဂ်ာင္ဂုသည္ ႐ွက္ဝဲဝဲျဖစ္သြားၿပီး ေျပာမည့္
စကားမ်ားေတာင္ ေပ်ာက္ဆုံးသြားသည္ ။
ေနာက္ အနမ္းကို မသိက်ိဳးကြၽန္ျပဳကာ
အေ႐ွ႕ကို ျပန္လွည့္လိုက္သည္ ။ သို႔ေသာ္
အႀကီးအကဲက သူ႕တစ္ကိုယ္လုံးကို ဆြဲလွည့္လိုက္တာေၾကာင့္ အႀကီးအကဲ၏ လည္ပင္းနဲ႔
သူ႕မ်က္ႏွာဟာ တန္းခနဲ ။
မသိမသာေလး ႏွာေခါင္းထိပ္ေလးနဲ႔ ပြတ္ဆြဲမိေတာ့ အႀကီးအကဲ၏ အသက္႐ွဴသံေတြ
ျမန္လာၿပီး ခါးထက္မွ လက္ေတြ တင္းက်ပ္လာတာကို သတိထားမိသည္ ။ သူ ဘာေတြ
လုပ္လိုက္မိတာပါလိမ့္.....။
" အႀကီးအကဲ ကြၽန္ေတာ္တို႔...ေရနံေျမ
သြားၾကည့္ရေအာင္..."
ေဂ်ာင္ဂုသည္ အႀကီးအကဲလက္ေတြၾကားမွ
ရေအာင္ ႐ုန္းထြက္ရင္း ေရခ်ိဳးခန္းထဲ
ေျပးဝင္သြားသည္ ။ ဂ်ီမင္ကေတာ့ ႀကိတ္ရယ္လ်က္သာ ။
" ေၾကာက္တတ္လိုက္တာလည္း လြန္ေရာ.."
ႏွစ္ေယာက္လုံး ျပင္ဆင္ၿပီးေတာ့ ေရနံေျမသစ္ဆီကို ထြက္ခဲ့ၾကသည္ ။ ေရနံေျမသစ္က
သူတို႔တည္းတဲ့ေနရာႏွင့္ဆို သိပ္မေမာင္းရေပ။
ေရနံေျမသစ္ေရာက္တဲ့အခါ ကြၽမ္းက်င္သူမ်ား ပီသစြာ ေသေသခ်ာခ်ာ စူးစမ္းၾကည့္ရင္း မည္သည့္ေနရာမွာ မည္သို႔လုပ္ရမည္ဆိုတာကို ေဆြးေႏြးၾကသည္ ။ ေလးနာရီေက်ာ္ၾကာ ေဆြးေႏြးမႈအၿပီးမွာ သူတို႔သေဘာတူညီမႈရသြားတာေၾကာင့္ ေရနံေျမသစ္မွ ျပန္ခဲ့လိုက္သည္ ။ ေနာက္ရက္မွ အေသးစိတ္ စီမံကိန္းဆြဲၾကမည္ ျဖစ္သည္ ။
" ဒါဆို ကြၽန္ေတာ္တို႔ စာခ်ဳပ္မွာ လက္မွတ္
ထိုးဖို႔ပဲ က်န္ေတာ့တာေပါ့ေနာ္..."
သစ္လုံးအိမ္ထဲျပန္အေရာက္တြင္ ေဂ်ာင္ဂုက
စကားစလာသည္ ။
" အင္း...ဟုတ္တယ္...ဒါေပမဲ့ စာခ်ဳပ္မွာ
ဂြၽန္ လက္မွတ္ထိုးစရာမလိုေတာ့ဘူး..."
အႀကီးအကဲက သူ႕ကို ရီေဝေဝစိုက္ၾကည့္ရင္း
ေ႐ွ႕တိုးလာတာေၾကာင့္ သူသည္ အလိုလို
ေနာက္ဆုတ္မိသြားသည္ ။
" ဗ်ာ...ဘာလို႔လဲ ဗ်? "
အေနာက္မွာ သစ္လုံးနံရံပဲ က်န္ေတာ့သည့္အခါ ေဂ်ာင္ဂုမွာ ေခ်ာင္ပိတ္သြားေတာ့သည္။
" ဂြၽန္လက္မွတ္ထိုးရမွာ စာခ်ဳပ္မွာ မဟုတ္ဘူး...."
"...."
" ကိုယ့္ႏႈတ္ခမ္းေပၚမွာ ထိုးရမွာ..ဂြၽန္႔
ႏႈတ္ခမ္းနဲ႔..."
ေဂ်ာင္ဂုသည္ အႀကီးအကဲ၏ စကားလုံးေတြနဲ႔ မီးခိုးေဖ်ာ့ေရာင္ အၾကည့္ေတြေအာက္မွာ လမ္းေပ်ာက္သြားသလို ညိဳရင့္ေရာင္ မ်က္ဝန္းေတြက မတည္မၿငိမ္ ။
" ကိုယ့္ကို နမ္းပါလားဟင္..."
အႀကီးအကဲ အသံကား တိုးလ်လ် ျဖစ္ေသာ္ျငား ေဂ်ာင္ဂုကို မျငင္းဆန္ႏိုင္ေအာင္ ခ်ည္တုပ္ထားထားသည့္သဖြယ္ ။
" မသင့္ေတာ္ပါ--- "
" ကိုယ့္ကို နမ္းပါ ဂြၽန္..."
ဒုတိယအႀကိမ္ ေတာင္းဆိုမႈမွာ ေဂ်ာင္ဂုကို
မ်က္လုံးကို တင္းတင္းမွိတ္လိုက္မိသည္ ။
အသက္္ကို ျပင္းျပင္း႐ွဴရင္း စိတ္ကို
အတည္ၿငိမ္ဆုံး ျဖစ္ေအာင္ ႀကိဳးစားေနသည္။
မ်က္လုံးျပန္ဖြင့္မိေတာ့ အႀကီးအကဲ၏
သူ႕အနမ္းကို မက္မက္ေမာေမာကို ေတာင္းဆို
ေနသည့္ မ်က္ဝန္းေတြနဲ႔ဆုံသည့္အခါ
ေဂ်ာင္ဂု ဘာလုပ္ရမွန္းမသိ ေအာ္ငိုခ်င္လာသည္ ။
ဦးေႏွာက္ကလည္း အလုပ္မလုပ္ေတာ့ဘူးလားမသိ ၊ ဘာဆိုဘာမွကို ထြက္မလာေတာ့။
ႏွလုံးသားကလည္း မသိစိတ္ေခၚေဆာင္ရာေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္သြားသည္ ။ စိတ္ေတြကလည္း မီးခိုးေဖ်ာ့ေရာင္အၾကည့္ေတြေအာက္ တစတစလြင့္ထြက္လာသည္ ။
" တကယ္-တကယ္ နမ္းရမွာလား..."
ေဂ်ာင္ဂု၏ အေမးသည္ တကယ့္ကို
တုန္တုန္ရီရီ ။
" အင္း..."
အႀကီးအကဲကလည္း ျပတ္ျပတ္သားသားပဲ။
ဒီေန႔မွ ခ်စ္ေသာဆီက အနမ္းမရရင္
ဖယ္ေပးမွာ မဟုတ္ ။
ဂ်ီမင္၏ ခပ္ထူထူႏႈတ္ခမ္းေတြေပၚကို
က်ေရာက္လာတဲ့ ႏႈတ္ခမ္းပါးေတြ ။
ဂ်ီမင္ အႀကိမ္ႀကိမ္အခါခါ ဒီႏႈတ္ခမ္းပါးေတြကို နမ္း႐ိႈက္ဖူးပါသည္ ။ သို႔ေပမဲ့ ဒီအခါသည္
အလြင့္ေမ်ာဆုံး ျဖစ္သည္ ။ ခ်စ္ေသာက
ထိ႐ုံေလး နမ္းသည္ဆိုေပမဲ့ ခ်စ္ေသာ၏
ခါးေတြကို ဆြဲဖက္ကာ အနမ္းေတြကို ဆက္လိုက္တာက အႀကီးအကဲ ။
ေဂ်ာင္ဂု၏ လက္ႏွစ္ဖက္သည္လည္း
အႀကီးအကဲ၏ ပခုံးေပၚကို ခ်ိတ္ကာ
အနမ္းေတြမွာ လြင့္ပါသြားပုံ၊ လိုလိုလားလားပင္ ျပန္တုန္႔ျပန္လာေသာေၾကာင့္ ဂ်ီမင္မွာ
အံ့ၾသရသည္ ။
အနမ္းေတြ ၿပီးဆုံးသည့္အခါ ခ်စ္ေသာမွာ
ေခါင္းမေဖာ္ေတာ့ ။ ဂ်ီမင္သည္ ခ်စ္ေသာ၏
မ်က္ႏွာေလးကို ဆြဲေမာ့ရင္း ရီေဝေဝ
ေငးၾကည့္သည္ ။
" ကိုယ့္ခံစားခ်က္ေတြကို ထပ္ၿပီး မ်ိဳသိပ္
မထားေတာ့ဘူး...မင္းလည္း သိမွာပါ...
ကိုယ္ မင္းအေပၚ ဘယ္လိုသေဘာထားေနလဲ
ဆိုတာ..."
"..."
ခ်စ္ေသာက ေတြေတြေလးသာ သူ႕ကို
စိုက္ၾကည့္ေနသည္ ။
" ကိုယ္ မင္းကို ခ်စ္တယ္, ခ်စ္ေသာ..."
×
ျပန္လာပါၿပီ ဟီးဟီး🤓
လူကေလ တစ္ေန႔ကုန္ အလုပ္ေတြရယ္
စာသင္ခ်ိန္ရယ္ ႐ႈပ္ၿပီး အိပ္ခ်ိန္ေတာင္မွ
၄နာရီသာသာပဲ ရေတာ့တာ ။ အဲ့ေတာ့
စာေရးမယ္ၾကံရင္ စိတ္ပဲ႐ွိတယ္ ၊ လူက
မ်က္လုံးေတာင္ မဖြင့္ႏိုင္ေတာ့ဘူး ။
ဒီအပိုင္းေတာင္ မနည္းႀကိဳးစားၿပီး ေရးထားရတာပါ ။ စာလုံးေပါင္း ျပန္မစစ္ထားတာမို႔
အမွားပါရင္ စိတ္မ႐ွိပါနဲ႔႐ွင္ ။
- AlexandrineKim(1752023)-
Bạn đang đọc truyện trên: AzTruyen.Top