6

Unicode

အချိန်သည် ညနေခင်း ၄နာရီခန့်ဖြစ်သည် ။
ဂျောင်ဂုသည် စာရွက်စာတမ်းများသိမ်းပြီး
ကုမ္ပဏီမှ ပြန်လာခဲ့သည် ။

" ဒါရိုက်တာ..အလုပ်ဆင်းတာစောတယ်နော်"

အပေါက်စောင့် လုံခြုံရေးက ပြောလာသည်မို့
ခေါင်းသာငြိမ့်ပြလိုက်ပြီး အသင့်စောင့်နေသည့် ကားပေါ်ကို တက်လိုက်သည် ။

" အိမ်တော်ကိုပဲ မောင်းပေးပါ.."

" သခင်လေး ဒီနေ့ ချိန်းထားတာ--"

" ကျွန်တော် ဒီပုံနဲ့ ဘယ်သွားလို့ ဖြစ်မှာလဲ..
အိမ်တော်ပြန်ပြီးမှ ပြန်ထွက်မှာ..ကဲပါ..
နောက်ကျနေမယ်..မောင်းပါ.."

ကားအနက်လေးသည် အိမ်တော်ဆီသို့
တရိပ်ရိပ်ပြေးလျက် ။ ထိုကားအနက်သည်
အိမ်တော်ထဲသို့ ဝင်သွားပြီး တစ်နာရီလောက်အကြာ အဖြူရောင်ကားတစ်စီးသည် အရှိန်
မှန်မှန်ဖြင့် ပြန်ထွက်သွားတော့သည် ။

ဂျောင်ဂုသည် အကြီးအကဲမှ ချိန်းထားသည့်
နေရာကို ရောက်သည့်အခါ ကားကို အဆင်ပြေအောင် ရပ်ခဲ့ပြီး ဝင်လာခဲ့သည် ။
လျှောက်လမ်းညိုညိုလေးက သူ့ကို ကြိုဆို
နေသယောင် ။ ထိုလျှောက်လမ်းအတိုင်း
လိုက်ခဲ့တော့ လမ်းအဆုံးမှာ အရိပ်ကောင်းကောင်းရသည့် အပင်ကြီးတစ်ပင်ရှိပြီး ထိုအပင်အောက်တွင် နှစ်သက်ဖွယ် ပြင်ဆင်ထားသည့် စားသောက်ပွဲ အသေးစားလေး ။ အပင်ကြီးကိုလည်း မီးရောင်စုံကြိုးများဖြင့် ရစ်ပတ်ကာ အလှဆင်ထားသည် ။

အဖြူရောင်တွေသာ သုံးထားသည့် စားသောက်ပွဲအသေးစားလေးနဲ့ ဆန့်ကျင်စွာ
အကြီးအကဲက တစ်ကိုယ်လုံး နက်ပြောင်နေသည် ။ စားသောက်ပွဲဆိုသည်မှာလည်း
ဟင်းပွဲများမဟုတ်ပဲ အချို့မုန့်များဖြင့်
ပြည့်နှက်နေသော ချစ်စဖွယ်စားပွဲလေးသာ
ဖြစ်သည် ။

ခြေချိတ်ထိုင်နေသော အကြီးအကဲက သူ့ကို
ထိုင်စောင့်နေမှန်း သိသာသည် ။ ငွေမှင်ရောင်
ဆံပင်တို့ကို ပုံသွင်းဖီးသင်ထားခြင်း မရှိ​ပါပဲ
ဝဲချထားတာကြောင့် မြင်နေကျပုံစံများနဲ့ ကွဲလွဲနေသည် ၊ တစ်မျိုးတော့ ဆန်းသားပဲ။

" ဂျွန် ရောက်နေပြီပဲ..လာထိုင်လေ.."

မြင်နေကျ အေးစက်စက်ပုံစံမဟုတ်ပဲနဲ့
ဖော်ရွေသည့် အပြုံးများနဲ့ အကြီးအကဲက
သူ၏ ဒီကို လာရင်း ရည်ရွယ်ချက်များကို
အံချော်အောင် ပြုနေသည် ။ သူသည်
ကိုယ့်ကိုကိုယ် မသိမသာ သတိပေးရင်း
အကြီးအကဲနှင့် မျက်နှာချင်းဆိုင်က
အဖြူရောင် ခုံတွင် ဝင်ထိုင်လိုက်သည် ။
သူထိုင်လိုက်သည်နှင့် တပြိုင်နက် ဘယ်က
ရောက်လာမှန်းမသိသည့် စားပွဲထိုးက
တရိုတသေဖြင့် သူ့ရှေ့က အဖြူရောင်
ခွက်အလွတ်ထဲကို လက်ဖက်ရည် လာငှဲ့ပေးသည် ။

" ညနေ ၅နာရီထိုးနေပြီကို လက်ဖက်ရည်
တိုက်တာ နည်းနည်းတော့ ဆန်းနေပေမဲ့
ဂျွန် တစ်မျိုးတမည် မထင်ဘူးလို့တော့
မျှော်လင့်ပါတယ်..."

အကြီးအကဲက လက်ဖက်ရည်ခွက်ကို
ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး ရှေ့က
ဂျောင်ဂုကို ပြုံးရွှင်စွာဖြင့် စကားစလာသည်။

" ပုံမှန်ဆိုရင်တော့ ဒီအချိန်က ကျွန်တော့်
ညစာ စားချိန်ပေါ့...နို့ပေမဲ့ ဒီနေ့တော့
ကျွန်တော် အစားစားချင်စိတ် သိပ်မရှိတော့
လက်ဖက်ရည်လေးကပဲ အကောင်းဆုံးပေါ့ "

ဂျောင်ဂုကလည်း အရောင်လှလှ အနံ့သင်းသင်း လက်ဖက်ရည်ကို တစ်ငုံလောက်
သောက်လိုက်ရင်း သေသေသပ်သပ် ပြန်ဖြေလာသည် ။

" ဒါနဲ့လေ...ကျွန်တော်ကို ဘာလို့ ဒီကို
ခေါ်တာလဲ အကြီးအကဲ..."

အကြီးအကဲဆိုသည့် အခေါ်အဝေါ်မှာ ဂျီမင်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ထူးဆန်းစွာ
ဘာမှ မပြောခဲ့ ။

" ခေါ်တယ်လို့ မဟုတ်ပါဘူး..ဂျွန်က ကိုယ်
ခေါ်ရမဲ့ လူမျိုး မဟုတ်ဘူးလေ...ကိုယ် အထူးတလည် ဖိတ်ရမဲ့ လူမျိုး..ဒါကြောင့်ပဲ
ကိုယ် ကိုယ်တိုင် သေချာဖုန်းဆက်ချိန်းဆို
ခဲ့တာပေါ့.."

တကယ်ကို ချစ်သော,က သူ အထူးတလည်
ဖိတ်ရမဲ့ ဒီလောကမှာ တစ်ယောက်ပဲရှိတဲ့ လူ။
ချစ်သောဆိုတာ သူ့ဘဝတစ်ခုလုံးနဲ့ လဲလှယ်
သင့်ရင်တောင် လဲလှယ်ရမဲ့ ဖြစ်တည်မှုမျိုး ။
လွယ်လွယ်ကူကူလည်း ဖမ်းဆုပ်လို့ မရ ၊
ရင်ခွင်ထဲကို အတင်းထည့်ပြီး သိမ်းထားဖို့ကလည်း ချစ်သော,မျက်နှာလေးကို ငဲ့နေတာမို့
မလုပ်ချင် ။ နို့ပေမဲ့လည်း ကံကြမ္မာက မိမိဘက်ကို မျက်နှာသာ မပေးတော့ရင်တော့
ကံကြမ္မာကို မိမိဘက်ဆွဲယူဖို့ ဘဝတစ်ခုလုံးပဲ
ရင်းရရင်းရ သူလုပ်ရတော့မှာပေါ့ ။

" အခုလို အလေးပေးလို့ကျေးဇူးတင်ပါတယ်
ကျွန်တော်တို့က ရင်းနှီးတဲ့ မိတ်ဆွေတွေပေါ့ "

ဂျီမင် ခိုးမဲ့လိုက်သည် ။ ချစ်သော, ဘာပြော
ချင်နေတယ်ဆိုတာကို သူ သိလိုက်သည် ။
ချစ်သော,က ပညာသားပါပါ ပြောတတ်တဲ့
နေရာမှာ တကယ့်ပါရမီရှင် ။ ဂျီမင် အချိန်
အနည်းငယ် တိတ်ဆိတ်သွားသည် ။နောက်
ခပ်ပါးပါးပြုံးလိုက်ရင်း ချစ်သော,ကို
ကြည့်လိုက်သည် ။ ချစ်သော,ကတော့
သူ့ကို မမှိတ်မသုန်စိုက်ကြည့်နေရင်း သူ့ဆီက
အဖြေကို အတည်ပြုချင်နေပုံ ။

" ရင်းနှီးတဲ့ မိတ်ဆွေတဲ့လား..ဂျွန် ကိုယ်တို့က
အဲဒီထက် ပိုတယ် မထင်ဘူးလား..ကိုယ်တို့
နမ်းတောင် နမ်းခဲ့ကြသေးတယ်လေ "

လက်ဖက်ရည်ခွက်ကိုကိုင်ထားသည့် ဂျောင်ဂု
လက်ချောင်းလေးတွေသည် တုန့်ခနဲ ။
အကြည့်တွေကို အကြီးအကဲဆီကနေ သူ့ရှေ့က နီညိုရောင် လက်ဖက်ရည်တွေဆီ
ပြောင်းရွေ့လိုက်သည် ။ အနမ်းတွေကို
ပြန်စဥ်းစားမိတော့ နှုတ်ခမ်းတွေတောင်
ပူနွေးလာမိသည်အထိ လွှမ်းလွှမ်းမိုးမိုး ။

" အဲဲဒါ အကြီးအကဲရဲ့ ခဏတာ စိတ်မှောက်မှားမှုလို့ပဲ ကျွန်တော်က ယူဆလိုက်
ပါ့မယ်...ဘယ်လိုလုပ်များ အကြီးအကဲလို
လူတစ်ယောက်က ကျွန်တော့်လို မကြာခင်
လက်ထပ်ရတော့မဲ့ လူတစ်ယောက်ကို
နမ်းမှာလဲ..အကြီးအကဲ အဲဒီတုန်းက
စိတ်အစဥ်မကျဖြစ်ပြီး မထိန်းချုပ်နိုင်ခဲ့လို့သာ ကျွန်တော်ကို နမ်းခဲ့တာပေါ့..ကျွန်တော်က အဲဒီလိုပဲ မှတ်ယူထားပါတယ် "

ချစ်သော,က သူစိတ်ရူးပေါက်ပြီး နမ်းခဲ့တာလို့ ပြောနေတာ ။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပဲ လုပ်မိလုပ်ရာ လုပ်လိုက်တယ်လို့ ပြောနေတာ...။ ချစ်သော,ရဲ့ စကားလုံးတွေမှာ ဂျီမင်
ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ပြောလိုက်ချင်သည် ၊ စိတ်မထိန်းချုပ်နိုင်လို့ နမ်းခဲ့တာ
မဟုတ်ပဲ တမင်ဆိုသည့် ရည်ရွယ်ချက်များနဲ့
နမ်းခဲ့တယ် ဆိုတာ ။

" ကိုယ်က မွေးကတည်းက စိတ်ရူးပေါက်နေတာ ဘယ်လိုလုပ်မလဲ ဂျွန်ရယ်..ကြည့်ရတာ
ဒီ စိတ်ကစဥ့်ကလျားဖြစ်တာက အချိန်တွေ
အကြာကြီး ရှည်ကြာအုန်းမယ် ထင်တယ် "

အကြီးအကဲ၏ အဖြေစကားကြောင့် ဂျောင်ဂု ခေတ္တ​ငြိမ်သက်သွားသည် ။ ဤသို့ အဖြေ
စကား ကြားရမည်ဟု မထင်ထားခဲ့ပုံ ။
ဘာလို့လဲ? မာနထိခိုက်စရာစကား
ပြောလိုက်တာမလား ၊ဘာဖြစ်လို့ နည်းနည်းမှ
မနာတဲ့ပုံနဲ့ သူ့ကို အေးအေးဆေးဆေး
ပြန်ဖြေနိုင်ရတာလဲ ။ အကြီးအကဲနဲ့ ပတ်သက်ပြီး သူတွက်ချက်ထားတာတွေများလွဲမှားနေပြီလား။

ငြိမ်ကျသွားတဲ့ ချစ်သောရှေ့ကို ဂျီမင်သည်
တစ်လှမ်းချင်း လျှောက်လာသည် ။
လက်ဖက်ရည်ခွက်ကိုသာ တစိုက်မတ်မတ်
စိုက်ကြည့်နေတဲ့ ချစ်သောကို ကြည့်ပြီး
နှုတ်ခမ်းစွန်းလေးတွေ ကော့တတ်သွားသည်။

ငုံ့ထားသည့် ချစ်သော,၏ မျက်နှာလေးကို
မေးဖျားလေးမှတဆင့် လက်ညှိုးလေးဖြင့်
မ,ယူ၍ မော့စေပြီး အကြည့်ချင်းစုံစေသည် ။
မီးခိုးဖျော့ရောင်မျက်ဝန်းတွေက တကယ့်ကို
လွှမ်းလွှမ်းမိုးမိုး ။ နဖူးပေါ်ဝဲကျနေသည့်
ချစ်သော၏ အနက်ရောင်ဆံစများကို
နူးနူးညံ့ညံ့လေး သပ်တင်ပေးလိုက်သည် ။

" ဂျွန် သိဖို့ကလေ..ကိုယ်က ​လမ်းတစ်ခုကို
စ,လျှောက်လိုက်ပြီ ဆိုတာနဲ့ အဲဒီလမ်းက
ဘာတွေပဲ ဖြစ်ဖြစ် ၊ ဘယ်လောက်ပဲဆိုးဆိုး
နောက်ဆုံး..အဲဒီလမ်းက ကိုယ့်အသက်ကို
နှုတ်ယူမယ်ဆိုရင်တောင် ကိုယ်က
ဆက်လျှောက်နေအုန်းမှာ..ဘာလို့လဲ သိလား..
ကိုယ်က ပတ်ခ်ဂျီမင်းလေ..ဒီလောကကြီးထဲမှာ ဘယ်သူနဲ့မှ မတူအောင် စိတ်ရူးပေါက်နေတဲ့ ပတ်ခ်ဂျီမင်းမို့လို့...ဟက်.."

အကြီးအကဲ၏ စကားလုံးတွေက ဂျောင်ဂု
အသွေးတွေအသားတွေထဲထိ စိမ့်ဝင်သွားသလိုတောင် ထင်ရလောက်အောင် အေးအေးစက်စက် ။

" အခုလေ...ကိုယ် စိတ်ရူးပေါက်နေတာမို့..
နမ်းလို့ရမလား ဂျွန်..."
ဂျောင်ဂုသည် အာစေးမိနေသလို ဘာမှ
ပြန်​မဖြေနိုင်ခဲ့ပါ ။ ဒီ့အစား ကြောင်အ၍သာ
ငေးနေခဲ့မိသည် ။

" ဘာမှပြန်မဖြေဘူးဆိုတော့ လက်ခံတယ်
လို့ပဲ မှတ်လိုက်မယ်နော်.."

နှုတ်ခမ်းထူထူတွေက နှုတ်ခမ်းပါးတွေပေါ်ကို ဖွဖွလေး ဖိကပ်လာခဲ့သည် ။ ဂျောင်ဂုသည် အလိုလို မျက်လုံးများမှိတ်ချလိုက်မိသည် ။ လက်နှစ်ဖက်လုံးကလည်း လက်ဖက်ရည်ခွက်ကို တင်းနေအောင် ဆုပ်ကိုင်လျက် ။

လေပြည်တွေလို နူးနူးညံ့ညံ့ အနမ်းတစ်ပွင့် ။
ဂျောင်ဂုနှလုံးသားမှာ ကိုင်လှုပ်ခံလိုက်ရသလို
တသိမ့်သိမ့်ဖြင့် ထိန်းချုပ်မရ ။ ခန္ဓာကိုယ်ထဲက စီးဆင်းနေတဲ့ သွေးတွေကလည်း အပူပေးခံလိုက်သလိုမျိုး နွေးထွေးလာသော်လည်း
လက်ဖျားနှင့်ခြေဖျားတို့မှာငြား ဆန့်ကျင်စွာ ရေခဲရိုက်ထားသကဲ့သို့ အေးစက်လာသည် ။

နှုတ်ခမ်းတွေကို ပြန်ခွာသွားသည့်အခါ
ဂျောင်ဂု မျက်ဝန်းတွေ ပြန်လည် ပွင့်ဟ
လာခဲ့သည် ။ သူ့ရှေ့က မီးခိုးဖျော့ရောင်များဟာ သူ့ကိုနက်နက်ရှိုင်းရှိုင်းပျော်ဝင်နေခဲ့တာ။
စက္ကန့်တွေတောင် နှေးကျသွားသလို ၊
လေ​ပြည်တစ်ချက် ဝေ့ဝဲသွားဖို့ကိုတောင်
အရှိန်တွေ အတော်ယူနေရပုံ ။ လောကကြီး
တစ်ခုလုံးက အချိန်စက်ဝန်းဟာ သူတို့နှစ်ယောက်ဝန်းကျင်မှာပဲ ခေတ္တခဏ ရပ်တန့်သွားသလို ခံစားခဲ့ရသည် ။

ဂျောင်ဂုဘက်က စပြီး မျက်နှာလွှဲလိုက်မိသည်။ ထိုအခါအကြီးအကဲသည်မပြောမဆို
ပါးကို လှစ်ခနဲ ကောက်နမ်းသွားပြီး ခုံတွင် ပြန်ထိုင်သွားသည် ။ ဂျောင်ဂုသည် ရှက်သလိုလို ရွံ့သလိုလို မရေမရာခံစားချက်ကြီးကြောင့် လက်ဖက်ရည်ကိုသာ သောက်လိုက်သည် ။ အကြောင်းမှာ ယခု ခံစားချက်များအားလုံးကိုလက်ဖက်ရည်ကြောင့် ဟု လွှဲချမလို့ပင် ။

အကြီးအကဲသည် အချိုမုန့်တစ်ခုကို ယူစားရင်း အဝေးတစ်နေရာကို ငေးနေသည် ။
သူလည်း အကြီးအကဲနဲ့ မျက်နှာချင်း မဆိုင်
မိစေရန် ဆန့်ကျင်ဘက် တစ်နေရာကို ငေးရင်း လက်ဖက်ရည်တွေကိုသာ အတင်းကာရော လည်ချောင်းထဲ မျှောချနေမိသည် ။

အကြီးအကဲသည် ရုတ်တရက် ထရပ်လိုက်ရင်း တစ်နေရာတည်းကိုပဲစူးစိုက်ကြည့်နေသည်။ နောက်တော့ မျက်နှာသည်
မိစ္ဆာဆန်ဆန် ပြောင်းလဲသွားပြီး အပြုံးများ
မရှိတော့ ။ ပါးစောင်ကို လျှာဖြင့် တစ်ချက်ထိုးရင်း အကြီးအကဲက လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲ ဟန်ပါပါ ထည့်လိုက်သည်။ အကြည့်များကလည်း ပြတ်ပြတ်ရှရှ။

" ဂျွန်...ခဏလေးနော်..."

သူ့ကို မကြည့်ဘဲ ယခုနက ကြည့်နေသည့်
နေရာကိုပဲ စိုက်ကြည့်ရင်း ခွင့်တောင်းလာသည် ။ အကြီးအကဲ၏အသွင်က တစ်စုံတစ်ယောက်ကို သေမိန့်ချတော့မည့် နတ်ဘုရားတစ်ပါးလို ၊ အာဏာစက်နဲ့
အရှိန်အဝါတွေဟာ ရက်ရက်စက်စက်ကို တောက်ပလာသည် ။

" ရပါတယ် အကြီးအကဲ..."

​အကြီးအကဲက ခြေလှမ်းကျဲကြီးတွေဖြင့်
ဆန့်ကျင်ဘက်တစ်နေရာကို လျှောက်သွား
သည် ။ အကြောင်းအရင်းမဲ့စွာ ဂျောင်ဂုသည်
အေးစိမ့်စိမ့် ခံစားချက်ရလိုက်ပြီး နောက်ပြန်
လှည့်ကြည့်လိုက်တော့ အကြီးအကဲကို
မတွေ့တော့ ။

" ဟူးး...အေးလာသလိုပဲ ညရောက်လာလို့များလား...."

×

" ျီးမလို့ သေအောင် ရုန်းနေတာလား !! "
ဂျီမင်၏ အသံကား ကျယ်ကျယ်လောင်လောင်။ ဂျီမင်၏ လက်ထဲတွင် ယခုနက
လက်ဖက်ရည်ငှဲ့ပေးခဲ့သော စားပွဲထိုး ရှိနေပြီး
ဂျီမင်သည် ထိုစားပွဲထိုးအား အပန်းဖြေရာနေရာ၏ အနောက်ဘက်ခြမ်းဆီသို့ ဆံပင်မှ ဆွဲကိုင်ကာ တရွတ်တိုက် ဆွဲခေါ်သွားသည် ။

" တောင်း-ပန်ပါတယ် မသတ်ပါနဲ့..."
စားပွဲထိုးလေးသည် ယက်ကန်ယက်ကန်ဖြင့်
ဂျီမင်ကို တောင်းပန်နေသည်မှာ အသက်သေမည်ကို အလွန်အမင်း ကြောက်လန့်နေပုံ ။

" မင်းကို ဘယ်ခွေးခိုင်းတာလဲ...ဓာတ်ပုံတစ်ပုံ
အတွက် ဘယ်လောက် ပေးမယ်လို့ ပြောလို့လဲ...မကြောက်မလန့် ငါ့ကို လုပ်ရဲတာဆိုတော့..."

ခပ်ဝေးဝေးကို ရောက်သည့်အခါ ဂျီမင်က
စားပွဲထိုးကို လွှတ်ချလိုက်သည် ။ ပြီးနောက်
စားပွဲထိုး၏ ရင်ဘတ်ပေါ်ကို တောက်တောက်ပြောင်ပြောင် Leatherဖိနပ်ဖြင့် နင်းဖိထားသည့်ပုံက တကယ့်ကို အာဏာပြင်းပြင်း။

" ကျွန်တော်ပြောမလို့မရ- "

" သိပ်တွေ သစ္စာရှိနေတယ်ပေါ့..
အသက်မရှင်ချင်ဘူးလား !!! "

ဂျီမင်၏ မျက်လုံးတွေသည် ဒေါသယောင်တွေ ပြည့်နှက်နေရမည့်အစား အသည်းထဲအေးစိမ့်လောက်သည့် အခိုးအငွေ့များသာ လွှမ်းမိုးနေသောကြောင့် စိုက်ကြည့်မိသည့် စားပွဲထိုးသည် မီးခိုးဖျော့ရောင်မျက်ဝန်းများအား ကြောက်အားလန့်စွာ ရုန်းကန် အော်ဟစ်တော့သည် ။

" ကယ်-ကယ်ကြပါအုန်း !..တစ်ယောက်လောက် ကယ်ကြပါအုန်း!! "

" ပါးစပ်ပိတ်ထားစမ်း !! ရူးနေတာလား...
ဒါ ငါပိုင်တဲ့နေရာ !ငါ့လူတွေပဲ ရှိနေတဲ့နေရာမှာ မင်းရဲ့ ကျက်သရေမရှိတဲ့အော်သံကို ကြားလည်း ဘယ်သူမှ အရေးစိုက်မှာ
မဟုတ်ဘူး...နားလည်လား..."

" Arr-shii..မင်းကို ဟိုရှေ့မှာ သတ်လိုက်ရင်
ချစ်သော လန့်သွားမှာစိုးလို့ ဒီထိ ခေါ်လာရတာ...ရုတ်ရုတ်သဲသဲ ဖြစ်မှာစိုးလို့ ငါ့လူတွေတောင် မခေါ်ခဲ့ရဘူး...ပင်ပန်းလိုက်တာ.."

ဂျီမင်က လက်ကိုင်ပုဝါတစ်ခုကို ထုတ်ပြီး
နားထင်ကို ခပ်ဖွဖွဖိကာ ​ညည်းသည် ။

" ဘယ်ခွေး ခိုင်းတာလဲ ပြော..."

" ပြောလို့မရ-"

" ​ောက်အချိန်တွေ ကုန်လိုက်တာ !!
ပြောလို့ !!! "

" Ebenezerပါ..."
ဂျီမင်က စိတ်မရှည်စွာ လက်ရွယ်လိုက်မှ
စားပွဲထိုးဟာ ​ကြောက်အားလန့်အားဖြင့်
တုန်တုန်ယင်ယင် နာမည်တစ်ခုကို
ထွက်ကျလာသည် ။

" ကျစ်.အဲ့လူကြီးက ငါ လွှတ်ပေးထားတာကို အခွင့်ကောင်းယူပြီး ငါ့ကို ထိုးချချင်နေတယ်
ပေါ့.."
ဂျီမင်က နားထင်တွေကို ဖိနှိပ်ကာ စိတ်ပျက်သလို ရေရွတ်သည် ။

" ခုနက ဖုန်းပေး..."
ဂျီမင်သည် ဘယ်အချိန်ပေါက်ကွဲမလဲ
မသိနိုင်တဲ့ ချိန်ကိုက်ဗုံးသဖွယ်မို့ စားပွဲထိုးလည်း အသက်ရှင်ဖို့အရေး အချိန်မဆွဲဘဲ
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို
ခက်ခက်ခဲခဲနှိုက်ယူပြီး ရင်ဘတ်ပေါ်
ခပ်ပြင်းပြင်းနင်းထားသည့် ဖိနပ်တစ်စုံပိုင်ရှင်ကို အမြန်ပေးလိုက်သည် ။

ဂျီမင်က ဖုန်းကို ဖွင့်ပြီး သေသေချာချာ
ကြည့်နေသည် ။ နောက်တော့ လှောင်သရော်သည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည် ။

" ​ောက်သုံးမကျလိုက်ပုံများ..ပုံတွေကို
ပို့တောင် မပို့ထားဘူး..ဟက်...ဟို လူကြီး
လူရွေးမှားသွားတာပဲ...ဒီမှာ..မင်း သိလား..
ငါသာ မင်းနေရာမှာဆိုရင် ဓာတ်ပုံရိုက်ပြီး
တာနဲ့ ချက်ချင်းပို့လိုက်မှာ..အခုတော့..ဟက်"

ဂျီမင်သည် ဖုန်းကို ပိတ်ကာ အိတ်ကပ်ထဲ
ထည့်လိုက်ပြီး ရင်ဘတ်ပေါ်က ခြေထောက်ကို ဖယ်ပေးလိုက်သည် ။

" ဒါ-ဒါဆို ကျွန်တော်သွားလို့ရပြီးလား..."

" မင်းကို ဘယ်သူက လွှတ်ပေးမယ်လို့
ပြောလို့လဲ..."

" ဗျာ!? ခုနတုန်းက- "

" လွှတ်ပေးမယ် အသက်ရှင်ခွင့်ပေးမယ်လို့
ပြောခဲ့လို့လား...ဘယ်သူက ပြောတာလဲ..
ငါလား..? ဒီနားက သရဲလား..? ဟက်..."

ဂျီမင်သည် ပြောင်ပြောင်ပြက်ပြက်ဟန်
လုပ်ကာပြောနေသော်လည်း အကြည့်တွေက
တကယ် သတ်ပစ်မှာဟု ပြောနေသည်မို့
စားပွဲထိုးလေးမှာ ပို၍ပင် ချွေးတွေ ပြန်ကာ
​အလွန်အမင်း တုန်ရီနေသည် ။

" မလုပ်ပါနဲ့ဗျာ...ကျွန်တော် အကုန်-အကုန်
ပြောခဲ့ပေးခဲ့ပြီးပြီပဲ...အကြီးအကဲရယ်..
မလုပ်ပါနဲ့..."

လက်ဖဝါးချင်းပွတ်ကာ တောင်းတောင်းပန်ပန် ဒူးထောက်ပြောနေသည့် စားပွဲထိုးကို
ဂျီမင်သည် သနားသည့်အကြည့်အစား
စိတ်ပျက်စရာသတ္တဝါသဖွယ် ကြည့်လိုက်သည် ။

ဂျီမင်သည် စားပွဲထိုးနှင့် ဆန့်ကျင်ဘက်ကို
လျှောက်သွားပြီး အလှဆင်ကျောက်ခဲတစ်ခုကို ယူလိုက်သည်ကို ​အသက်ရှင်ဖို့အရေး
ခေါင်းငုံ့ကာ တောင်းပန်နေသည့် စားပွဲထိုးကတော့ မသိလိုက် ။

" ကျွန်တော်ကို ချမ်းသာပေးပါဗျာ..."

" အေးပါ အေးပါ...အခုတော့ ခေါင်းလေး
မော့ပါအုန်း..."

" ဗျာ..ကျွန်တော်ကို မသတ်တော့--- "
စားပွဲထိုးလေးသည်စကားမဆုံးလိုက်ခင်မှာပဲ
ဦးခေါင်းမှ ရဲရဲနီသွေးတွေဟာ မြက်ခင်းစိမ်းပေါ်ကို ဖြာခနဲ ။ လဲကျသွားသည့် စားပွဲထိုးရဲ့
မှုန်ဝါးဝါးမြင်ကွင်းထဲမှာ အေးစက်စက်စိုက်ကြည့်နေသည့် မီးခိုးဖျော့ရောင် မျက်ဝန်းတွေက နောက်ဘဝထိပါ ခြောက်လှန့်မည့်ဟန် ။

နောက်တစ်ချက်...။ အလှဆင်ကျောက်ခဲမှာ
သွေးတို့ဖြင့် ရွှဲနေကာ စက်စက်ကျနေသည် ။
ဂျီမင် အိတ်ကပ်ထဲက စားပွဲထိုးပေးထားသည့် ဖုန်းက တုန်ခါလာတာမို့ သွေးရဲနေသောလက်ဖြင့်ပဲ ထုတ်ကြည့်လိုက်တော့ ဖုန်းခေါ်ဆိုသူက " Ebenezer " ။

" မင်း အခုထိ မပြီးသေးဘူးလား..ဘာလို့
မပို့သေးတာလဲ..."

"  ဘာလို့မပို့သေးတာလို့ ထင်လဲ.."

" အကြီး-အကြီးအကဲ ပတ်ခ်..."

" အသံတွေတောင်တုန်သွားပါလား..
Ebenezer..ဘာလို့လဲ..ကျုပ် နောက်ကျောကိို
ထိုးတော့မဲ့ ဓားကို ကျုပ်က ကိုင်လိုက်နိုင်တော့ အဲ့ဓားနဲ့ ခင်ဗျားကို ကျုပ် လာသတ်မှာစိုးလို့လား.."
ဂျီမင်သည် အေးစက်စက်စကားကို ရွှတ်နောက်နောက်ဖြင့် ဆိုသည် ။

" အကြီးအကဲ! အကြီးအကဲ..ကျွန်တော်ကို
နောက်ဆုံးအကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ..
ကျွန်တော် မှားသွားပါတယ်.."

"အေးဆေးပေါ့...ပြီးမှ ရှင်းကြမယ်လေ..
အခုတော့ ကျုပ်နေရာက ဒီအမှိုက်ကို
လူလွှတ်ပြီး လာရှင်းခိုင်း..."

" အခု..အခုပဲလွှတ်လိုက်ပါ့မယ် အကြီးအကဲ"

ဂျီမင်သည် လက်၌ ပေကျံနေသော သွေးတို့ကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး မဲ့ပြုံး
ပြုံးလိုက်သည် ။ သူ့ပိုင်နက်ထဲလာပြီး သူ့ကို
လှည့်စားချင်နေသေးတယ် ။ သူမြင်တာပေါ့၊
ချစ်သောနဲ့ သူနဲ့ နမ်းနေတဲ့ ပုံတွေကို ဓာတ်ပုံ
ရိုက်ယူသွားတဲ့ ထိုစားပွဲထိုးကို ။ ဒီဓာတ်ပုံတွေသာ ပျံ့သွားခဲ့ရင် တစ်နိုင်ငံလုံးက သူ့ကို
ဘယ်လိုထင်ကြေးပေးမလဲ ၊ ချစ်သောကို
ဘယ်လို ဝေဖန်ကြမလဲ ။

ချစ်သောကို သူ ပိုင်ဆိုင်ကြောင်း ကြေညာရင်တောင် ခမ်းခမ်းနားနားနဲ့ သူကိုယ်တိုင်
ကြေညာမှာ ။ ဘာမှမဟုတ်တဲ့ အောက်တန်းစားတစ်ကောင်က ဘယ်နည်းနဲ့မှ သူ့ကိစ္စကို ဝင်ရှုပ်စရာ အကြောင်းမရှိ ။

" နောက်ဆုံးနေ့တွေကို ရေတွက်ထားလိုက်ပါ
Ebenezer.."

" အကြီးအကဲ ! "
ခပ်လှမ်းလှမ်းမှာ စောင့်ဆိုင်းနေတဲ့ သူ့လူက
အပြေးလာသည် ။

" ရတယ်..အဲ့အမှိုက်ကို ရှင်းဖို့ လာလိမ့်မယ် "

" အကြီးအကဲ သန့်စင်ဖို့-- "

" မလိုဘူး...ဂျွန် စောင့်နေတာကြာရောပေါ့ "
အကြီးအကဲသည် မဲ့ပြုံးကို ခွာချရင်း
လှလှပပ အပြုံးတစ်ခုကို တပ်ဆင်လိုက်ပုံများမှာ အပြောင်းအလဲသိပ်မြန်လွန်းလှသည်။ ဂျီမင် အပန်းဖြေနေရာကို ပြန်ရောက်တော့ လက်ဖက်ရည်တွေပေါ် အာရုံမရှိပဲ အဝေးကို ငေးကာ အတွေးတွေလွင့်ပျံ့နေသော
ချစ်သော။

" အားနာလိုက်တာ ဂျွန်ရေ..ကိုယ် ကြာသွား
မိတယ်..."
သူ ခုံမှာ ဝင်ထိုင်ရင်း စကားဆိုမှ ချစ်သော၏
အကြည့်တွေက သူ့ဆီကို ရောက်လာသည် ။
ချစ်သော,က သူ့ကို စေ့စေ့စပ်စပ် သေချာကြည့်နေသည် ။

" အကြီးအကဲ..ပါးမှာ..."

" တစ်ခုခု ပေနေတာလား.."

" အင်း..ပေနေတယ်.."
ဂျောင်ဂုသည် တစ်ရှူးတစ်ရွက်ကို ကိုင်ပြီး
အကြီးအကဲကို သုတ်ပေးဖို့ ပြင်လိုက်ပေမဲ့
လက်ကောက်ဝတ်ကနေ ဖမ်းကိုင်လိုက်သည့်
အကြီးအကဲကြောင့် လက်တို့က လေထဲ၌
ရပ်တန့်သွားသည် ။

" ကိုယ့်ဘာသာကိုယ် သုတ်ပါ့မယ် ဂျွန်.."

သွေးပေနေတယ်ဆိုတာကို ချစ်သောအား
မသိစေချင် ။ အထူးသဖြင့် သူ့လက်က
သွေးစွန်းလက်ဆိုတာကို မသိစေချင်တာ ။
ချစ်သောလက်ထဲက တစ်ရှူးကို ဆွဲယူရင်း
မျက်နှာကို တစ်ဖက်သို့လှည့်ကာ သွေးစကို
သုတ်လိုက်သည် ။

" Jamတွေလေ..ခုနက Jamပုလင်းဖွင့်ရင်းနဲ့
ပေကုန်တာ..လက်ဆေးခဲ့ပေမဲ့ ပါးမှာ ပေနေတာ မသိလိုက်မိဘူး..."

" ဒီမှာ မုန့်တွေ ရှိနေတာပဲကို..အကြီးအကဲနှယ်
Jamကို တကူးတက.."
ဂျီမင်၏ အလိမ်အညာကို ချစ်သောက
အထွန့်တက်မေးခွန်းများ မမေးခဲ့ပေ ။
ချစ်သော,က တခြားသူတွေရဲ့ ကိစ္စကို
စိတ်မဝင်စားတတ်သည်ပဲလေ ။

" လက်ဖက်ရည်ထပ်ယူပါအုန်း ဂျွန်.."

" ရပါပြီ အကြီးအကဲ...ကျွန်တော် အဆင်ပြေပါပြီ...ပြီးတော့ ကျွန်တော် ရောက်နေတာလည်း ကြာပြီဆိုတော့..."

" ဂျွန်..ပြန်တော့မလို့လား.."

" ဟုတ်ပါတယ် အကြီးအကဲ.."

" အာ...ဂျွန်က ပြန်ချင်ပြီဆိုတော့လည်း
ကိုယ် ဘယ်ဆွဲထားလို့ ရပါ့မလဲ..."

အကြီးအကဲ၏ မီးခိုးဖျော့ရောင်မျက်ဝန်းတွေ ဟာ ညို့ညို့မှိုင်းမှိုင်းအရောင်ပြောင်းသွားသည် ။ အကြီးအကဲက စိတ်မကောင်းဖြစ်သွားတာလား...။ တကယ့်ကို ရှားရှားပါးပါး ဖြစ်အင်ပဲ ၊သူ့​ကြောင့်လား။ ဘာလို့ သူ..လဲ ။

ကားအထိလိုက်ပို့ပေးပြီး အကြီးအကဲမျက်နှာက မကောင်းတော့ ပြန်ရမဲ့သူ့မှာ စိတ်တောင်
မဖြောင့်တော့ပေ ။

" ကောင်းကောင်းပြန်ပါ ဂျွန်..."

" အင်း အကြီးအကဲ..ကောင်းသောညပါ "
စိတ်ထဲ မတင်မကျဖြစ်နေလည်း ဂျောင်ဂုမှာ
မတတ်နိုင်၊ အိမ်တော်က မပြန်ဘဲနေလို့မှ
မရတာဟု ဖြေသိမ့်ပြီးသာ ကားမောင်းထွက်လိုက်တော့သည် ။

ချစ်သော၏ကားအဖြူလေး မြင်ကွင်းထဲမှ
ပျောက်သွားသည်အထိ ဂျီမင် ရပ်ကြည့်နေခဲ့သည် ။

" ချစ်သော,ကတော့ ဒီတိုင်းလေး ပြန်သွား
တာဆိုပေမဲ့..ကိုယ့်ရင်ထဲမှာတော့ ထားခဲ့
ခံရသလိုပါပဲလား..."

×

Jamတွေမဟုတ်ပဲ သွေးဆိုတာကို ဂျောင်ဂု
သိနေသည် ။ တစ်ယောက်တည်းကျန်နေခဲ့တုန်းကလည်း အနောက်ဘက်ဝေးဝေးမှ အော်သံသဲ့သဲ့ကို ကြားခဲ့သည်မလား ။
ဒါပေမဲ့လည်း ကိုယ့်ကိစ္စမဟုတ်တာကြောင့် ဘာကိုမှ မှတ်ချက်မပြုတော့ ။

ကြိုးတွေဆိုတာ ချည်မှ ရှုပ်တာလေ ၊
မချည်ရင် ဘာမှ မဖြစ်ဘူး ။ ဒီလိုတွေးမိတော့
သံယောဇဥ်ဆိုတာလည်း ချည်မိမှ နာကျင်ရတာမလား၊မချည်မိရင်အေးအေးသက်သာပဲ။
သံယောဇဥ်မချည်မိအောင် နေဖို့ကလည်း
တစ်နည်းပဲ ရှိသည် ၊ အဝေးဆုံးမှာနေ....။

ကိုယ့်အတွေးနဲ့ကိုယ် ကားမောင်းလာရင်း
အိမ်တော်ကို ပြန်ရောက်မှန်းမသိ ရောက်ခဲ့ပြီ။
အိမ်တော်ထဲကို ဝင်လိုက်တော့ ညရောက်နေ
ပြီမို့လားမသိ ၊ အလုပ်သမားများ မရှိတော့ပဲ
တိတ်ဆိတ်နေသည် ။

" သခင်လေး...ပြန်လာပြီလား..."

" အင်း အိမ်တော်ထိန်းကြီး..ဒါနဲ့ အိမ်တော်ထိန်းကြီး မနားသေးဘူးလား..."

" နားမလို့ပါပဲ..ဒါပေမဲ့ မမလေး ဆယ်နာက
မပြန်သေးလို့ ပြန်ပို့ဖို့ စောင့်နေတာပါ..."

" ဘာ !! ဆယ်နာ ရောက်နေတာ..အခုထိ
မပြန်သေးဘူးလား...! "

ဂျောင်ဂုနဲ့အိမ်တော်ထိန်းကြီး စကားပြောနေဆဲမှာပင် အပေါ်ထပ်စာကြည့်ခန်းမှာ ပြုံးရယ်ကာ ထွက်လာသည့် ဆယ်နာ့ကို မြင်လိုက်ရသည် ။

" ဆယ်နာ! "

" ကို ! "
ဆယ်နာက သူ့ကို မြင်တော့ လန့်သွားသည် ။
ဘာကို သူခိုးလူမိသလို ဖြစ်နေရတာလဲ
ဆယ်နာ...။

" ဆယ်နာ ဘာလာလုပ်တာလဲ..ဆယ်နာ့ကို
ကိုယ် ဘာပြောထားလဲ..ကို့စကားကို အရေး
မစိုက်တာလား ဆယ်နာ..."

" အဲ့လို မဟုတ်ပါဘူးကို..ဆယ်နာ-ဆယ်နာက
ကို နေကောင်းပြီဆိုလို့ သေချာသက်သာရဲ့လားဆိုတာ သတင်းမေးဖို့ လာကြည့်တာပါ...
ဒါပေမဲ့ ကိုက မရှိတာနဲ့ ဆယ်နာက အဖေနဲ့
စကားခဏပြောနေတာပါ..."

" ဆယ်နာ ဘယ်အချိန်ကတည်းက ရောက်တာလဲ..."

" ညနေ လေးနာရီ..."

" လေးနာရီ!!ဆယ်နာ အခုည၈နာရီထိုးနေပြီလေကွာ...ဆယ်နာ! ဆယ်နာက မိန်းကလေးတစ်ယောက်ဆိုတာ မမေ့နဲ့နော်.."

" ဆယ်နာသိပါတယ်..ဟင့်..အဖေနဲ့က
စကားပြောကောင်းနေလို့ အချိန်ကုန်လို့
ကုန်မှန်းတောင် မသိလိုက်လို့ပါ..."

" ကျစ်....ထားပါတော့...အခု ကို ပြန်ပို့ပေးမယ်..နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်ပါစေနဲ့..
ကိုတို့က နောက် သုံးလေးလဆိုရင်ပဲ လက်ထပ်ရတော့မှာ အနေထိုင်ဆင်ခြင်ပေးပါ"
ဂျောင်ဂုသည် စိတ်ညစ်လွန်းတာကြောင့်
ဘာမှ ဆက်ပြောချင်စိတ်မရှိတော့ပေ ။

" သခင်လေး ကျွန်တော်လိုက်ပို့ပေးလိုက်ရမလား..သခင်လေးက အခုမှပြန်ရောက်တာဆိုတော့ အနားယူပါအုန်း..."

" ဟုတ်တယ်ကို...ဆယ်နာ အိမ်တော်ထိန်းကြီးနဲ့ပဲ ပြန်လိုက်ပါ့မယ်...ကိုနားပါ.."

ဂျောင်ဂုသည် တစ်ချက်စဥ်းစားပြီးတဲ့နောက်
လက်ခံကြောင်း ခေါင်းငြိမ့်ပြကာ အပေါ်ထပ်ကို တက်သွားတော့သည် ။ ဂန်ဆယ်နာအား
နှုတ်ဆက်စကားလေးတောင် မပြောခဲ့ပေ ။

" မမလေး ဆယ်နာ သွားရအောင်ပါ.."

" အင်း...ဦးလေးဂို ရှင်တို့ သခင်လေးက
ကျွန်မကို သဘောကျတယ်လို့ထင်လား..."

" သခင်လေးက ထုတ်သာမပြောတာပါ..
မမလေးကို သဘောကျပါတယ်.."

ဆယ်နာသည် မချိတင်ကဲ ပြုံးလိုက်သည် ။
တစ်ခါမှ သူမနဲ့လက်ထပ်ရမဲ့အမျိုးသား
ဂျွန်ဂျောင်ဂုဆီက သူမကို သဘောကျသည့်
အရိပ်အယောင် တစ်ခုမျှ မတွေ့ခဲ့ ။ တွဲနေခဲ့တာ ခြောက်လရှိနေပြီဆိုပေမဲ့ နှုတ်ခမ်းချင်းတောင် မနမ်းဖူးသည်အထိ သူမတို့အခြေအနေက ဆိုးရွားလှပါသည် ။

ဟူးးး....
ဂန်ဆယ်နာသည် စိတ်မကြည်သာတာကြောင့်
သက်​ပြင်းမောကိုသာချလိုက်တော့သည် ။
သူမကဲ့သို့ပင် ဂျွန်အိမ်တော်တွင်လည်း
သက်ပြင်းများ ချနေသူ တစ်ဦးရှိခဲ့သည် ။

×

ဇာတ်လမ်းက ဖြည်းဖြည်းပဲ သွားမယ်နော်..
မြန်ရင် ဖတ်မကောင်းလို့ ။

ဖိဘတ်လေးတွေနဲ့ ဝေဘင်ပါအုန်း ။

-AlexandrineKim(352023)-

Zawgyi

အခ်ိန္သည္ ညေနခင္း ၄နာရီခန္႔ျဖစ္သည္ ။
ေဂ်ာင္ဂုသည္ စာ႐ြက္စာတမ္းမ်ားသိမ္းၿပီး
ကုမၸဏီမွ ျပန္လာခဲ့သည္ ။

" ဒါ႐ိုက္တာ..အလုပ္ဆင္းတာေစာတယ္ေနာ္"

အေပါက္ေစာင့္ လုံျခဳံေရးက ေျပာလာသည္မို႔
ေခါင္းသာၿငိမ့္ျပလိုက္ၿပီး အသင့္ေစာင့္ေနသည့္ ကားေပၚကို တက္လိုက္သည္ ။

" အိမ္ေတာ္ကိုပဲ ေမာင္းေပးပါ.."

" သခင္ေလး ဒီေန႔ ခ်ိန္းထားတာ--"

" ကြၽန္ေတာ္ ဒီပုံနဲ႔ ဘယ္သြားလို႔ ျဖစ္မွာလဲ..
အိမ္ေတာ္ျပန္ၿပီးမွ ျပန္ထြက္မွာ..ကဲပါ..
ေနာက္က်ေနမယ္..ေမာင္းပါ.."

ကားအနက္ေလးသည္ အိမ္ေတာ္ဆီသို႔
တရိပ္ရိပ္ေျပးလ်က္ ။ ထိုကားအနက္သည္
အိမ္ေတာ္ထဲသို႔ ဝင္သြားၿပီး တစ္နာရီေလာက္အၾကာ အျဖဴေရာင္ကားတစ္စီးသည္ အ႐ွိန္
မွန္မွန္ျဖင့္ ျပန္ထြက္သြားေတာ့သည္ ။

ေဂ်ာင္ဂုသည္ အႀကီးအကဲမွ ခ်ိန္းထားသည့္
ေနရာကို ေရာက္သည့္အခါ ကားကို အဆင္ေျပေအာင္ ရပ္ခဲ့ၿပီး ဝင္လာခဲ့သည္ ။
ေလွ်ာက္လမ္းညိဳညိဳေလးက သူ႕ကို ႀကိဳဆို
ေနသေယာင္ ။ ထိုေလွ်ာက္လမ္းအတိုင္း
လိုက္ခဲ့ေတာ့ လမ္းအဆုံးမွာ အရိပ္ေကာင္းေကာင္းရသည့္ အပင္ႀကီးတစ္ပင္႐ွိၿပီး ထိုအပင္ေအာက္တြင္ ႏွစ္သက္ဖြယ္ ျပင္ဆင္ထားသည့္ စားေသာက္ပြဲ အေသးစားေလး ။ အပင္ႀကီးကိုလည္း မီးေရာင္စုံႀကိဳးမ်ားျဖင့္ ရစ္ပတ္ကာ အလွဆင္ထားသည္ ။

အျဖဴေရာင္ေတြသာ သုံးထားသည့္ စားေသာက္ပြဲအေသးစားေလးနဲ႔ ဆန္႔က်င္စြာ
အႀကီးအကဲက တစ္ကိုယ္လုံး နက္ေျပာင္ေနသည္ ။ စားေသာက္ပြဲဆိုသည္မွာလည္း
ဟင္းပြဲမ်ားမဟုတ္ပဲ အခ်ိဳ႕မုန္႔မ်ားျဖင့္
ျပည့္ႏွက္ေနေသာ ခ်စ္စဖြယ္စားပြဲေလးသာ
ျဖစ္သည္ ။

ေျခခ်ိတ္ထိုင္ေနေသာ အႀကီးအကဲက သူ႕ကို
ထိုင္ေစာင့္ေနမွန္း သိသာသည္ ။ ေငြမွင္ေရာင္
ဆံပင္တို႔ကို ပုံသြင္းဖီးသင္ထားျခင္း မ႐ွိ​ပါပဲ
ဝဲခ်ထားတာေၾကာင့္ ျမင္ေနက်ပုံစံမ်ားနဲ႔ ကြဲလြဲေနသည္ ၊ တစ္မ်ိဳးေတာ့ ဆန္းသားပဲ။

" ဂြၽန္ ေရာက္ေနၿပီပဲ..လာထိုင္ေလ.."

ျမင္ေနက် ေအးစက္စက္ပုံစံမဟုတ္ပဲနဲ႔
ေဖာ္ေ႐ြသည့္ အျပဳံးမ်ားနဲ႔ အႀကီးအကဲက
သူ၏ ဒီကို လာရင္း ရည္႐ြယ္ခ်က္မ်ားကို
အံေခ်ာ္ေအာင္ ျပဳေနသည္ ။ သူသည္
ကိုယ့္ကိုကိုယ္ မသိမသာ သတိေပးရင္း
အႀကီးအကဲႏွင့္ မ်က္ႏွာခ်င္းဆိုင္က
အျဖဴေရာင္ ခုံတြင္ ဝင္ထိုင္လိုက္သည္ ။
သူထိုင္လိုက္သည္ႏွင့္ တၿပိဳင္နက္ ဘယ္က
ေရာက္လာမွန္းမသိသည့္ စားပြဲထိုးက
တ႐ိုတေသျဖင့္ သူ႕ေ႐ွ႕က အျဖဴေရာင္
ခြက္အလြတ္ထဲကို လက္ဖက္ရည္ လာငွဲ႔ေပးသည္ ။

" ညေန ၅နာရီထိုးေနၿပီကို လက္ဖက္ရည္
တိုက္တာ နည္းနည္းေတာ့ ဆန္းေနေပမဲ့
ဂြၽန္ တစ္မ်ိဳးတမည္ မထင္ဘူးလို႔ေတာ့
ေမွ်ာ္လင့္ပါတယ္..."

အႀကီးအကဲက လက္ဖက္ရည္ခြက္ကို
ကိုင္ကာ တစ္ငုံေသာက္လိုက္ၿပီး ေ႐ွ႕က
ေဂ်ာင္ဂုကို ျပဳံး႐ႊင္စြာျဖင့္ စကားစလာသည္။

" ပုံမွန္ဆိုရင္ေတာ့ ဒီအခ်ိန္က ကြၽန္ေတာ္႕
ညစာ စားခ်ိန္ေပါ့...ႏို႔ေပမဲ့ ဒီေန႔ေတာ့
ကြၽန္ေတာ္ အစားစားခ်င္စိတ္ သိပ္မ႐ွိေတာ့
လက္ဖက္ရည္ေလးကပဲ အေကာင္းဆုံးေပါ့ "

ေဂ်ာင္ဂုကလည္း အေရာင္လွလွ အနံ႔သင္းသင္း လက္ဖက္ရည္ကို တစ္ငုံေလာက္
ေသာက္လိုက္ရင္း ေသေသသပ္သပ္ ျပန္ေျဖလာသည္ ။

" ဒါနဲ႔ေလ...ကြၽန္ေတာ္ကို ဘာလို႔ ဒီကို
ေခၚတာလဲ အႀကီးအကဲ..."

အႀကီးအကဲဆိုသည့္ အေခၚအေဝၚမွာ ဂ်ီမင္ဟာ မ်က္ေမွာင္ၾကဳတ္သြားေပမဲ့ ထူးဆန္းစြာ
ဘာမွ မေျပာခဲ့ ။

" ေခၚတယ္လို႔ မဟုတ္ပါဘူး..ဂြၽန္က ကိုယ္
ေခၚရမဲ့ လူမ်ိဳး မဟုတ္ဘူးေလ...ကိုယ္ အထူးတလည္ ဖိတ္ရမဲ့ လူမ်ိဳး..ဒါေၾကာင့္ပဲ
ကိုယ္ ကိုယ္တိုင္ ေသခ်ာဖုန္းဆက္ခ်ိန္းဆို
ခဲ့တာေပါ့.."

တကယ္ကို ခ်စ္ေသာ,က သူ အထူးတလည္
ဖိတ္ရမဲ့ ဒီေလာကမွာ တစ္ေယာက္ပဲ႐ွိတဲ့ လူ။
ခ်စ္ေသာဆိုတာ သူ႕ဘဝတစ္ခုလုံးနဲ႔ လဲလွယ္
သင့္ရင္ေတာင္ လဲလွယ္ရမဲ့ ျဖစ္တည္မႈမ်ိဳး ။
လြယ္လြယ္ကူကူလည္း ဖမ္းဆုပ္လို႔ မရ ၊
ရင္ခြင္ထဲကို အတင္းထည့္ၿပီး သိမ္းထားဖို႔ကလည္း ခ်စ္ေသာ,မ်က္ႏွာေလးကို ငဲ့ေနတာမို႔
မလုပ္ခ်င္ ။ ႏို႔ေပမဲ့လည္း ကံၾကမၼာက မိမိဘက္ကို မ်က္ႏွာသာ မေပးေတာ့ရင္ေတာ့
ကံၾကမၼာကို မိမိဘက္ဆြဲယူဖို႔ ဘဝတစ္ခုလုံးပဲ
ရင္းရရင္းရ သူလုပ္ရေတာ့မွာေပါ့ ။

" အခုလို အေလးေပးလို႔ေက်းဇူးတင္ပါတယ္
ကြၽန္ေတာ္တို႔က ရင္းႏွီးတဲ့ မိတ္ေဆြေတြေပါ့ "

ဂ်ီမင္ ခိုးမဲ့လိုက္သည္ ။ ခ်စ္ေသာ, ဘာေျပာ
ခ်င္ေနတယ္ဆိုတာကို သူ သိလိုက္သည္ ။
ခ်စ္ေသာ,က ပညာသားပါပါ ေျပာတတ္တဲ့
ေနရာမွာ တကယ့္ပါရမီ႐ွင္ ။ ဂ်ီမင္ အခ်ိန္
အနည္းငယ္ တိတ္ဆိတ္သြားသည္ ။ေနာက္
ခပ္ပါးပါးျပဳံးလိုက္ရင္း ခ်စ္ေသာ,ကို
ၾကည့္လိုက္သည္ ။ ခ်စ္ေသာ,ကေတာ့
သူ႕ကို မမွိတ္မသုန္စိုက္ၾကည့္ေနရင္း သူ႕ဆီက
အေျဖကို အတည္ျပဳခ်င္ေနပုံ ။

" ရင္းႏွီးတဲ့ မိတ္ေဆြတဲ့လား..ဂြၽန္ ကိုယ္တို႔က
အဲဒီထက္ ပိုတယ္ မထင္ဘူးလား..ကိုယ္တို႔
နမ္းေတာင္ နမ္းခဲ့ၾကေသးတယ္ေလ "

လက္ဖက္ရည္ခြက္ကိုကိုင္ထားသည့္ ေဂ်ာင္ဂု
လက္ေခ်ာင္းေလးေတြသည္ တုန္႔ခနဲ ။
အၾကည့္ေတြကို အႀကီးအကဲဆီကေန သူ႕ေ႐ွ႕က နီညိဳေရာင္ လက္ဖက္ရည္ေတြဆီ
ေျပာင္းေ႐ြ႕လိုက္သည္ ။ အနမ္းေတြကို
ျပန္စဥ္းစားမိေတာ့ ႏႈတ္ခမ္းေတြေတာင္
ပူေႏြးလာမိသည္အထိ လႊမ္းလႊမ္းမိုးမိုး ။

" အဲဲဒါ အႀကီးအကဲရဲ႕ ခဏတာ စိတ္ေမွာက္မွားမႈလို႔ပဲ ကြၽန္ေတာ္က ယူဆလိုက္
ပါ့မယ္...ဘယ္လိုလုပ္မ်ား အႀကီးအကဲလို
လူတစ္ေယာက္က ကြၽန္ေတာ္႕လို မၾကာခင္
လက္ထပ္ရေတာ့မဲ့ လူတစ္ေယာက္ကို
နမ္းမွာလဲ..အႀကီးအကဲ အဲဒီတုန္းက
စိတ္အစဥ္မက်ျဖစ္ၿပီး မထိန္းခ်ဳပ္ႏိုင္ခဲ့လို႔သာ ကြၽန္ေတာ္ကို နမ္းခဲ့တာေပါ့..ကြၽန္ေတာ္က အဲဒီလိုပဲ မွတ္ယူထားပါတယ္ "

ခ်စ္ေသာ,က သူစိတ္႐ူးေပါက္ၿပီး နမ္းခဲ့တာလို႔ ေျပာေနတာ ။ သူ႕ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ခဲ့ပဲ လုပ္မိလုပ္ရာ လုပ္လိုက္တယ္လို႔ ေျပာေနတာ...။ ခ်စ္ေသာ,ရဲ႕ စကားလုံးေတြမွာ ဂ်ီမင္
ဟက္ဟက္ပက္ပက္ ရယ္လိုက္ၿပီး ေျပာလိုက္ခ်င္သည္ ၊ စိတ္မထိန္းခ်ဳပ္ႏိုင္လို႔ နမ္းခဲ့တာ
မဟုတ္ပဲ တမင္ဆိုသည့္ ရည္႐ြယ္ခ်က္မ်ားနဲ႔
နမ္းခဲ့တယ္ ဆိုတာ ။

" ကိုယ္က ေမြးကတည္းက စိတ္႐ူးေပါက္ေနတာ ဘယ္လိုလုပ္မလဲ ဂြၽန္ရယ္..ၾကည့္ရတာ
ဒီ စိတ္ကစဥ့္ကလ်ားျဖစ္တာက အခ်ိန္ေတြ
အၾကာႀကီး ႐ွည္ၾကာအုန္းမယ္ ထင္တယ္ "

အႀကီးအကဲ၏ အေျဖစကားေၾကာင့္ ေဂ်ာင္ဂု ေခတၱ​ၿငိမ္သက္သြားသည္ ။ ဤသို႔ အေျဖ
စကား ၾကားရမည္ဟု မထင္ထားခဲ့ပုံ ။
ဘာလို႔လဲ? မာနထိခိုက္စရာစကား
ေျပာလိုက္တာမလား ၊ဘာျဖစ္လို႔ နည္းနည္းမွ
မနာတဲ့ပုံနဲ႔ သူ႕ကို ေအးေအးေဆးေဆး
ျပန္ေျဖႏိုင္ရတာလဲ ။ အႀကီးအကဲနဲ႔ ပတ္သက္ၿပီး သူတြက္ခ်က္ထားတာေတြမ်ားလြဲမွားေနၿပီလား။

ၿငိမ္က်သြားတဲ့ ခ်စ္ေသာေ႐ွ႕ကို ဂ်ီမင္သည္
တစ္လွမ္းခ်င္း ေလွ်ာက္လာသည္ ။
လက္ဖက္ရည္ခြက္ကိုသာ တစိုက္မတ္မတ္
စိုက္ၾကည့္ေနတဲ့ ခ်စ္ေသာကို ၾကည့္ၿပီး
ႏႈတ္ခမ္းစြန္းေလးေတြ ေကာ့တတ္သြားသည္။

ငုံ႔ထားသည့္ ခ်စ္ေသာ,၏ မ်က္ႏွာေလးကို
ေမးဖ်ားေလးမွတဆင့္ လက္ညိႇဳးေလးျဖင့္
မ,ယူ၍ ေမာ့ေစၿပီး အၾကည့္ခ်င္းစုံေစသည္ ။
မီးခိုးေဖ်ာ့ေရာင္မ်က္ဝန္းေတြက တကယ့္ကို
လႊမ္းလႊမ္းမိုးမိုး ။ နဖူးေပၚဝဲက်ေနသည့္
ခ်စ္ေသာ၏ အနက္ေရာင္ဆံစမ်ားကို
ႏူးႏူးညံ့ညံ့ေလး သပ္တင္ေပးလိုက္သည္ ။

" ဂြၽန္ သိဖို႔ကေလ..ကိုယ္က ​လမ္းတစ္ခုကို
စ,ေလွ်ာက္လိုက္ၿပီ ဆိုတာနဲ႔ အဲဒီလမ္းက
ဘာေတြပဲ ျဖစ္ျဖစ္ ၊ ဘယ္ေလာက္ပဲဆိုးဆိုး
ေနာက္ဆုံး..အဲဒီလမ္းက ကိုယ့္အသက္ကို
ႏႈတ္ယူမယ္ဆိုရင္ေတာင္ ကိုယ္က
ဆက္ေလွ်ာက္ေနအုန္းမွာ..ဘာလို႔လဲ သိလား..
ကိုယ္က ပတ္ခ္ဂ်ီမင္းေလ..ဒီေလာကႀကီးထဲမွာ ဘယ္သူနဲ႔မွ မတူေအာင္ စိတ္႐ူးေပါက္ေနတဲ့ ပတ္ခ္ဂ်ီမင္းမို႔လို႔...ဟက္.."

အႀကီးအကဲ၏ စကားလုံးေတြက ေဂ်ာင္ဂု
အေသြးေတြအသားေတြထဲထိ စိမ့္ဝင္သြားသလိုေတာင္ ထင္ရေလာက္ေအာင္ ေအးေအးစက္စက္ ။

" အခုေလ...ကိုယ္ စိတ္႐ူးေပါက္ေနတာမို႔..
နမ္းလို႔ရမလား ဂြၽန္..."
ေဂ်ာင္ဂုသည္ အာေစးမိေနသလို ဘာမွ
ျပန္​မေျဖႏိုင္ခဲ့ပါ ။ ဒီ့အစား ေၾကာင္အ၍သာ
ေငးေနခဲ့မိသည္ ။

" ဘာမွျပန္မေျဖဘူးဆိုေတာ့ လက္ခံတယ္
လို႔ပဲ မွတ္လိုက္မယ္ေနာ္.."

ႏႈတ္ခမ္းထူထူေတြက ႏႈတ္ခမ္းပါးေတြေပၚကို ဖြဖြေလး ဖိကပ္လာခဲ့သည္ ။ ေဂ်ာင္ဂုသည္ အလိုလို မ်က္လုံးမ်ားမွိတ္ခ်လိုက္မိသည္ ။ လက္ႏွစ္ဖက္လုံးကလည္း လက္ဖက္ရည္ခြက္ကို တင္းေနေအာင္ ဆုပ္ကိုင္လ်က္ ။

ေလျပည္ေတြလို ႏူးႏူးညံ့ညံ့ အနမ္းတစ္ပြင့္ ။
ေဂ်ာင္ဂုႏွလုံးသားမွာ ကိုင္လႈပ္ခံလိုက္ရသလို
တသိမ့္သိမ့္ျဖင့္ ထိန္းခ်ဳပ္မရ ။ ခႏၶာကိုယ္ထဲက စီးဆင္းေနတဲ့ ေသြးေတြကလည္း အပူေပးခံလိုက္သလိုမ်ိဳး ေႏြးေထြးလာေသာ္လည္း
လက္ဖ်ားႏွင့္ေျခဖ်ားတို႔မွာျငား ဆန္႔က်င္စြာ ေရခဲ႐ိုက္ထားသကဲ့သို႔ ေအးစက္လာသည္ ။

ႏႈတ္ခမ္းေတြကို ျပန္ခြာသြားသည့္အခါ
ေဂ်ာင္ဂု မ်က္ဝန္းေတြ ျပန္လည္ ပြင့္ဟ
လာခဲ့သည္ ။ သူ႕ေ႐ွ႕က မီးခိုးေဖ်ာ့ေရာင္မ်ားဟာ သူ႕ကိုနက္နက္႐ိႈင္း႐ိႈင္းေပ်ာ္ဝင္ေနခဲ့တာ။
စကၠန္႔ေတြေတာင္ ေႏွးက်သြားသလို ၊
ေလ​ျပည္တစ္ခ်က္ ေဝ့ဝဲသြားဖို႔ကိုေတာင္
အ႐ွိန္ေတြ အေတာ္ယူေနရပုံ ။ ေလာကႀကီး
တစ္ခုလုံးက အခ်ိန္စက္ဝန္းဟာ သူတို႔ႏွစ္ေယာက္ဝန္းက်င္မွာပဲ ေခတၱခဏ ရပ္တန္႔သြားသလို ခံစားခဲ့ရသည္ ။

ေဂ်ာင္ဂုဘက္က စၿပီး မ်က္ႏွာလႊဲလိုက္မိသည္။ ထိုအခါအႀကီးအကဲသည္မေျပာမဆို
ပါးကို လွစ္ခနဲ ေကာက္နမ္းသြားၿပီး ခုံတြင္ ျပန္ထိုင္သြားသည္ ။ ေဂ်ာင္ဂုသည္ ႐ွက္သလိုလို ႐ြံ႕သလိုလို မေရမရာခံစားခ်က္ႀကီးေၾကာင့္ လက္ဖက္ရည္ကိုသာ ေသာက္လိုက္သည္ ။ အေၾကာင္းမွာ ယခု ခံစားခ်က္မ်ားအားလုံးကိုလက္ဖက္ရည္ေၾကာင့္ ဟု လႊဲခ်မလို႔ပင္ ။

အႀကီးအကဲသည္ အခ်ိဳမုန္႔တစ္ခုကို ယူစားရင္း အေဝးတစ္ေနရာကို ေငးေနသည္ ။
သူလည္း အႀကီးအကဲနဲ႔ မ်က္ႏွာခ်င္း မဆိုင္
မိေစရန္ ဆန္႔က်င္ဘက္ တစ္ေနရာကို ေငးရင္း လက္ဖက္ရည္ေတြကိုသာ အတင္းကာေရာ လည္ေခ်ာင္းထဲ ေမွ်ာခ်ေနမိသည္ ။

အႀကီးအကဲသည္ ႐ုတ္တရက္ ထရပ္လိုက္ရင္း တစ္ေနရာတည္းကိုပဲစူးစိုက္ၾကည့္ေနသည္။ ေနာက္ေတာ့ မ်က္ႏွာသည္
မိစၧာဆန္ဆန္ ေျပာင္းလဲသြားၿပီး အျပဳံးမ်ား
မ႐ွိေတာ့ ။ ပါးေစာင္ကို လွ်ာျဖင့္ တစ္ခ်က္ထိုးရင္း အႀကီးအကဲက လက္ႏွစ္ဖက္ကိုေဘာင္းဘီအိတ္ထဲ ဟန္ပါပါ ထည့္လိုက္သည္။ အၾကည့္မ်ားကလည္း ျပတ္ျပတ္႐ွ႐ွ။

" ဂြၽန္...ခဏေလးေနာ္..."

သူ႕ကို မၾကည့္ဘဲ ယခုနက ၾကည့္ေနသည့္
ေနရာကိုပဲ စိုက္ၾကည့္ရင္း ခြင့္ေတာင္းလာသည္ ။ အႀကီးအကဲ၏အသြင္က တစ္စုံတစ္ေယာက္ကို ေသမိန္႔ခ်ေတာ့မည့္ နတ္ဘုရားတစ္ပါးလို ၊ အာဏာစက္နဲ႔
အ႐ွိန္အဝါေတြဟာ ရက္ရက္စက္စက္ကို ေတာက္ပလာသည္ ။

" ရပါတယ္ အႀကီးအကဲ..."

​အႀကီးအကဲက ေျခလွမ္းက်ဲႀကီးေတြျဖင့္
ဆန္႔က်င္ဘက္တစ္ေနရာကို ေလွ်ာက္သြား
သည္ ။ အေၾကာင္းအရင္းမဲ့စြာ ေဂ်ာင္ဂုသည္
ေအးစိမ့္စိမ့္ ခံစားခ်က္ရလိုက္ၿပီး ေနာက္ျပန္
လွည့္ၾကည့္လိုက္ေတာ့ အႀကီးအကဲကို
မေတြ႕ေတာ့ ။

" ဟူးး...ေအးလာသလိုပဲ ညေရာက္လာလို႔မ်ားလား...."

×

" ်ီးမလို႔ ေသေအာင္ ႐ုန္းေနတာလား !! "
ဂ်ီမင္၏ အသံကား က်ယ္က်ယ္ေလာင္ေလာင္။ ဂ်ီမင္၏ လက္ထဲတြင္ ယခုနက
လက္ဖက္ရည္ငွဲ႔ေပးခဲ့ေသာ စားပြဲထိုး ႐ွိေနၿပီး
ဂ်ီမင္သည္ ထိုစားပြဲထိုးအား အပန္းေျဖရာေနရာ၏ အေနာက္ဘက္ျခမ္းဆီသို႔ ဆံပင္မွ ဆြဲကိုင္ကာ တ႐ြတ္တိုက္ ဆြဲေခၚသြားသည္ ။

" ေတာင္း-ပန္ပါတယ္ မသတ္ပါနဲ႔..."
စားပြဲထိုးေလးသည္ ယက္ကန္ယက္ကန္ျဖင့္
ဂ်ီမင္ကို ေတာင္းပန္ေနသည္မွာ အသက္ေသမည္ကို အလြန္အမင္း ေၾကာက္လန္႔ေနပုံ ။

" မင္းကို ဘယ္ေခြးခိုင္းတာလဲ...ဓာတ္ပုံတစ္ပုံ
အတြက္ ဘယ္ေလာက္ ေပးမယ္လို႔ ေျပာလို႔လဲ...မေၾကာက္မလန္႔ ငါ့ကို လုပ္ရဲတာဆိုေတာ့..."

ခပ္ေဝးေဝးကို ေရာက္သည့္အခါ ဂ်ီမင္က
စားပြဲထိုးကို လႊတ္ခ်လိုက္သည္ ။ ၿပီးေနာက္
စားပြဲထိုး၏ ရင္ဘတ္ေပၚကို ေတာက္ေတာက္ေျပာင္ေျပာင္ Leatherဖိနပ္ျဖင့္ နင္းဖိထားသည့္ပုံက တကယ့္ကို အာဏာျပင္းျပင္း။

" ကြၽန္ေတာ္ေျပာမလို႔မရ- "

" သိပ္ေတြ သစၥာ႐ွိေနတယ္ေပါ့..
အသက္မ႐ွင္ခ်င္ဘူးလား !!! "

ဂ်ီမင္၏ မ်က္လုံးေတြသည္ ေဒါသေယာင္ေတြ ျပည့္ႏွက္ေနရမည့္အစား အသည္းထဲေအးစိမ့္ေလာက္သည့္ အခိုးအေငြ႕မ်ားသာ လႊမ္းမိုးေနေသာေၾကာင့္ စိုက္ၾကည့္မိသည့္ စားပြဲထိုးသည္ မီးခိုးေဖ်ာ့ေရာင္မ်က္ဝန္းမ်ားအား ေၾကာက္အားလန္႔စြာ ႐ုန္းကန္ ေအာ္ဟစ္ေတာ့သည္ ။

" ကယ္-ကယ္ၾကပါအုန္း !..တစ္ေယာက္ေလာက္ ကယ္ၾကပါအုန္း!! "

" ပါးစပ္ပိတ္ထားစမ္း !! ႐ူးေနတာလား...
ဒါ ငါပိုင္တဲ့ေနရာ !ငါ့လူေတြပဲ ႐ွိေနတဲ့ေနရာမွာ မင္းရဲ႕ က်က္သေရမ႐ွိတဲ့ေအာ္သံကို ၾကားလည္း ဘယ္သူမွ အေရးစိုက္မွာ
မဟုတ္ဘူး...နားလည္လား..."

" Arr-shii..မင္းကို ဟိုေ႐ွ႕မွာ သတ္လိုက္ရင္
ခ်စ္ေသာ လန္႔သြားမွာစိုးလို႔ ဒီထိ ေခၚလာရတာ...႐ုတ္႐ုတ္သဲသဲ ျဖစ္မွာစိုးလို႔ ငါ့လူေတြေတာင္ မေခၚခဲ့ရဘူး...ပင္ပန္းလိုက္တာ.."

ဂ်ီမင္က လက္ကိုင္ပုဝါတစ္ခုကို ထုတ္ၿပီး
နားထင္ကို ခပ္ဖြဖြဖိကာ ​ညည္းသည္ ။

" ဘယ္ေခြး ခိုင္းတာလဲ ေျပာ..."

" ေျပာလို႔မရ-"

" ​ောက္အခ်ိန္ေတြ ကုန္လိုက္တာ !!
ေျပာလို႔ !!! "

" Ebenezerပါ..."
ဂ်ီမင္က စိတ္မ႐ွည္စြာ လက္႐ြယ္လိုက္မွ
စားပြဲထိုးဟာ ​ေၾကာက္အားလန္႔အားျဖင့္
တုန္တုန္ယင္ယင္ နာမည္တစ္ခုကို
ထြက္က်လာသည္ ။

" က်စ္.အဲ့လူႀကီးက ငါ လႊတ္ေပးထားတာကို အခြင့္ေကာင္းယူၿပီး ငါ့ကို ထိုးခ်ခ်င္ေနတယ္
ေပါ့.."
ဂ်ီမင္က နားထင္ေတြကို ဖိႏွိပ္ကာ စိတ္ပ်က္သလို ေရ႐ြတ္သည္ ။

" ခုနက ဖုန္းေပး..."
ဂ်ီမင္သည္ ဘယ္အခ်ိန္ေပါက္ကြဲမလဲ
မသိႏိုင္တဲ့ ခ်ိန္ကိုက္ဗုံးသဖြယ္မို႔ စားပြဲထိုးလည္း အသက္႐ွင္ဖို႔အေရး အခ်ိန္မဆြဲဘဲ
ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းကို
ခက္ခက္ခဲခဲႏိႈက္ယူၿပီး ရင္ဘတ္ေပၚ
ခပ္ျပင္းျပင္းနင္းထားသည့္ ဖိနပ္တစ္စုံပိုင္႐ွင္ကို အျမန္ေပးလိုက္သည္ ။

ဂ်ီမင္က ဖုန္းကို ဖြင့္ၿပီး ေသေသခ်ာခ်ာ
ၾကည့္ေနသည္ ။ ေနာက္ေတာ့ ေလွာင္သေရာ္သည့္ အျပဳံးတစ္ခုကို ဆင္ျမန္းလိုက္သည္ ။

" ​ောက္သုံးမက်လိုက္ပုံမ်ား..ပုံေတြကို
ပို႔ေတာင္ မပို႔ထားဘူး..ဟက္...ဟို လူႀကီး
လူေ႐ြးမွားသြားတာပဲ...ဒီမွာ..မင္း သိလား..
ငါသာ မင္းေနရာမွာဆိုရင္ ဓာတ္ပုံ႐ိုက္ၿပီး
တာနဲ႔ ခ်က္ခ်င္းပို႔လိုက္မွာ..အခုေတာ့..ဟက္"

ဂ်ီမင္သည္ ဖုန္းကို ပိတ္ကာ အိတ္ကပ္ထဲ
ထည့္လိုက္ၿပီး ရင္ဘတ္ေပၚက ေျခေထာက္ကို ဖယ္ေပးလိုက္သည္ ။

" ဒါ-ဒါဆို ကြၽန္ေတာ္သြားလို႔ရၿပီးလား..."

" မင္းကို ဘယ္သူက လႊတ္ေပးမယ္လို႔
ေျပာလို႔လဲ..."

" ဗ်ာ!? ခုနတုန္းက- "

" လႊတ္ေပးမယ္ အသက္႐ွင္ခြင့္ေပးမယ္လို႔
ေျပာခဲ့လို႔လား...ဘယ္သူက ေျပာတာလဲ..
ငါလား..? ဒီနားက သရဲလား..? ဟက္..."

ဂ်ီမင္သည္ ေျပာင္ေျပာင္ျပက္ျပက္ဟန္
လုပ္ကာေျပာေနေသာ္လည္း အၾကည့္ေတြက
တကယ္ သတ္ပစ္မွာဟု ေျပာေနသည္မို႔
စားပြဲထိုးေလးမွာ ပို၍ပင္ ေခြၽးေတြ ျပန္ကာ
​အလြန္အမင္း တုန္ရီေနသည္ ။

" မလုပ္ပါနဲ႔ဗ်ာ...ကြၽန္ေတာ္ အကုန္-အကုန္
ေျပာခဲ့ေပးခဲ့ၿပီးၿပီပဲ...အႀကီးအကဲရယ္..
မလုပ္ပါနဲ႔..."

လက္ဖဝါးခ်င္းပြတ္ကာ ေတာင္းေတာင္းပန္ပန္ ဒူးေထာက္ေျပာေနသည့္ စားပြဲထိုးကို
ဂ်ီမင္သည္ သနားသည့္အၾကည့္အစား
စိတ္ပ်က္စရာသတၱဝါသဖြယ္ ၾကည့္လိုက္သည္ ။

ဂ်ီမင္သည္ စားပြဲထိုးႏွင့္ ဆန္႔က်င္ဘက္ကို
ေလွ်ာက္သြားၿပီး အလွဆင္ေက်ာက္ခဲတစ္ခုကို ယူလိုက္သည္ကို ​အသက္႐ွင္ဖို႔အေရး
ေခါင္းငုံ႔ကာ ေတာင္းပန္ေနသည့္ စားပြဲထိုးကေတာ့ မသိလိုက္ ။

" ကြၽန္ေတာ္ကို ခ်မ္းသာေပးပါဗ်ာ..."

" ေအးပါ ေအးပါ...အခုေတာ့ ေခါင္းေလး
ေမာ့ပါအုန္း..."

" ဗ်ာ..ကြၽန္ေတာ္ကို မသတ္ေတာ့--- "
စားပြဲထိုးေလးသည္စကားမဆုံးလိုက္ခင္မွာပဲ
ဦးေခါင္းမွ ရဲရဲနီေသြးေတြဟာ ျမက္ခင္းစိမ္းေပၚကို ျဖာခနဲ ။ လဲက်သြားသည့္ စားပြဲထိုးရဲ႕
မႈန္ဝါးဝါးျမင္ကြင္းထဲမွာ ေအးစက္စက္စိုက္ၾကည့္ေနသည့္ မီးခိုးေဖ်ာ့ေရာင္ မ်က္ဝန္းေတြက ေနာက္ဘဝထိပါ ေျခာက္လွန္႔မည့္ဟန္ ။

ေနာက္တစ္ခ်က္...။ အလွဆင္ေက်ာက္ခဲမွာ
ေသြးတို႔ျဖင့္ ႐ႊဲေနကာ စက္စက္က်ေနသည္ ။
ဂ်ီမင္ အိတ္ကပ္ထဲက စားပြဲထိုးေပးထားသည့္ ဖုန္းက တုန္ခါလာတာမို႔ ေသြးရဲေနေသာလက္ျဖင့္ပဲ ထုတ္ၾကည့္လိုက္ေတာ့ ဖုန္းေခၚဆိုသူက " Ebenezer " ။

" မင္း အခုထိ မၿပီးေသးဘူးလား..ဘာလို႔
မပို႔ေသးတာလဲ..."

"  ဘာလို႔မပို႔ေသးတာလို႔ ထင္လဲ.."

" အႀကီး-အႀကီးအကဲ ပတ္ခ္..."

" အသံေတြေတာင္တုန္သြားပါလား..
Ebenezer..ဘာလို႔လဲ..က်ဳပ္ ေနာက္ေက်ာကိိဳ
ထိုးေတာ့မဲ့ ဓားကို က်ဳပ္က ကိုင္လိုက္ႏိုင္ေတာ့ အဲ့ဓားနဲ႔ ခင္ဗ်ားကို က်ဳပ္ လာသတ္မွာစိုးလို႔လား.."
ဂ်ီမင္သည္ ေအးစက္စက္စကားကို ႐ႊတ္ေနာက္ေနာက္ျဖင့္ ဆိုသည္ ။

" အႀကီးအကဲ! အႀကီးအကဲ..ကြၽန္ေတာ္ကို
ေနာက္ဆုံးအႀကိမ္အျဖစ္ ခြင့္လႊတ္ေပးပါ..
ကြၽန္ေတာ္ မွားသြားပါတယ္.."

"ေအးေဆးေပါ့...ၿပီးမွ ႐ွင္းၾကမယ္ေလ..
အခုေတာ့ က်ဳပ္ေနရာက ဒီအမိႈက္ကို
လူလႊတ္ၿပီး လာ႐ွင္းခိုင္း..."

" အခု..အခုပဲလႊတ္လိုက္ပါ့မယ္ အႀကီးအကဲ"

ဂ်ီမင္သည္ လက္၌ ေပက်ံေနေသာ ေသြးတို႔ကို လက္ကိုင္ပုဝါျဖင့္ သုတ္လိုက္ၿပီး မဲ့ျပဳံး
ျပဳံးလိုက္သည္ ။ သူ႕ပိုင္နက္ထဲလာၿပီး သူ႕ကို
လွည့္စားခ်င္ေနေသးတယ္ ။ သူျမင္တာေပါ့၊
ခ်စ္ေသာနဲ႔ သူနဲ႔ နမ္းေနတဲ့ ပုံေတြကို ဓာတ္ပုံ
႐ိုက္ယူသြားတဲ့ ထိုစားပြဲထိုးကို ။ ဒီဓာတ္ပုံေတြသာ ပ်ံ႕သြားခဲ့ရင္ တစ္ႏိုင္ငံလုံးက သူ႕ကို
ဘယ္လိုထင္ေၾကးေပးမလဲ ၊ ခ်စ္ေသာကို
ဘယ္လို ေဝဖန္ၾကမလဲ ။

ခ်စ္ေသာကို သူ ပိုင္ဆိုင္ေၾကာင္း ေၾကညာရင္ေတာင္ ခမ္းခမ္းနားနားနဲ႔ သူကိုယ္တိုင္
ေၾကညာမွာ ။ ဘာမွမဟုတ္တဲ့ ေအာက္တန္းစားတစ္ေကာင္က ဘယ္နည္းနဲ႔မွ သူ႕ကိစၥကို ဝင္႐ႈပ္စရာ အေၾကာင္းမ႐ွိ ။

" ေနာက္ဆုံးေန႔ေတြကို ေရတြက္ထားလိုက္ပါ
Ebenezer.."

" အႀကီးအကဲ ! "
ခပ္လွမ္းလွမ္းမွာ ေစာင့္ဆိုင္းေနတဲ့ သူ႕လူက
အေျပးလာသည္ ။

" ရတယ္..အဲ့အမိႈက္ကို ႐ွင္းဖို႔ လာလိမ့္မယ္ "

" အႀကီးအကဲ သန္႔စင္ဖို႔-- "

" မလိုဘူး...ဂြၽန္ ေစာင့္ေနတာၾကာေရာေပါ့ "
အႀကီးအကဲသည္ မဲ့ျပဳံးကို ခြာခ်ရင္း
လွလွပပ အျပဳံးတစ္ခုကို တပ္ဆင္လိုက္ပုံမ်ားမွာ အေျပာင္းအလဲသိပ္ျမန္လြန္းလွသည္။ ဂ်ီမင္ အပန္းေျဖေနရာကို ျပန္ေရာက္ေတာ့ လက္ဖက္ရည္ေတြေပၚ အာ႐ုံမ႐ွိပဲ အေဝးကို ေငးကာ အေတြးေတြလြင့္ပ်ံ႕ေနေသာ
ခ်စ္ေသာ။

" အားနာလိုက္တာ ဂြၽန္ေရ..ကိုယ္ ၾကာသြား
မိတယ္..."
သူ ခုံမွာ ဝင္ထိုင္ရင္း စကားဆိုမွ ခ်စ္ေသာ၏
အၾကည့္ေတြက သူ႕ဆီကို ေရာက္လာသည္ ။
ခ်စ္ေသာ,က သူ႕ကို ေစ့ေစ့စပ္စပ္ ေသခ်ာၾကည့္ေနသည္ ။

" အႀကီးအကဲ..ပါးမွာ..."

" တစ္ခုခု ေပေနတာလား.."

" အင္း..ေပေနတယ္.."
ေဂ်ာင္ဂုသည္ တစ္႐ွဴးတစ္႐ြက္ကို ကိုင္ၿပီး
အႀကီးအကဲကို သုတ္ေပးဖို႔ ျပင္လိုက္ေပမဲ့
လက္ေကာက္ဝတ္ကေန ဖမ္းကိုင္လိုက္သည့္
အႀကီးအကဲေၾကာင့္ လက္တို႔က ေလထဲ၌
ရပ္တန္႔သြားသည္ ။

" ကိုယ့္ဘာသာကိုယ္ သုတ္ပါ့မယ္ ဂြၽန္.."

ေသြးေပေနတယ္ဆိုတာကို ခ်စ္ေသာအား
မသိေစခ်င္ ။ အထူးသျဖင့္ သူ႕လက္က
ေသြးစြန္းလက္ဆိုတာကို မသိေစခ်င္တာ ။
ခ်စ္ေသာလက္ထဲက တစ္႐ွဴးကို ဆြဲယူရင္း
မ်က္ႏွာကို တစ္ဖက္သို႔လွည့္ကာ ေသြးစကို
သုတ္လိုက္သည္ ။

" Jamေတြေလ..ခုနက Jamပုလင္းဖြင့္ရင္းနဲ႔
ေပကုန္တာ..လက္ေဆးခဲ့ေပမဲ့ ပါးမွာ ေပေနတာ မသိလိုက္မိဘူး..."

" ဒီမွာ မုန္႔ေတြ ႐ွိေနတာပဲကို..အႀကီးအကဲႏွယ္
Jamကို တကူးတက.."
ဂ်ီမင္၏ အလိမ္အညာကို ခ်စ္ေသာက
အထြန္႔တက္ေမးခြန္းမ်ား မေမးခဲ့ေပ ။
ခ်စ္ေသာ,က တျခားသူေတြရဲ႕ ကိစၥကို
စိတ္မဝင္စားတတ္သည္ပဲေလ ။

" လက္ဖက္ရည္ထပ္ယူပါအုန္း ဂြၽန္.."

" ရပါၿပီ အႀကီးအကဲ...ကြၽန္ေတာ္ အဆင္ေျပပါၿပီ...ၿပီးေတာ့ ကြၽန္ေတာ္ ေရာက္ေနတာလည္း ၾကာၿပီဆိုေတာ့..."

" ဂြၽန္..ျပန္ေတာ့မလို႔လား.."

" ဟုတ္ပါတယ္ အႀကီးအကဲ.."

" အာ...ဂြၽန္က ျပန္ခ်င္ၿပီဆိုေတာ့လည္း
ကိုယ္ ဘယ္ဆြဲထားလို႔ ရပါ့မလဲ..."

အႀကီးအကဲ၏ မီးခိုးေဖ်ာ့ေရာင္မ်က္ဝန္းေတြ ဟာ ညိဳ႕ညိဳ႕မိႈင္းမိႈင္းအေရာင္ေျပာင္းသြားသည္ ။ အႀကီးအကဲက စိတ္မေကာင္းျဖစ္သြားတာလား...။ တကယ့္ကို ႐ွား႐ွားပါးပါး ျဖစ္အင္ပဲ ၊သူ႕​ေၾကာင့္လား။ ဘာလို႔ သူ..လဲ ။

ကားအထိလိုက္ပို႔ေပးၿပီး အႀကီးအကဲမ်က္ႏွာက မေကာင္းေတာ့ ျပန္ရမဲ့သူ႕မွာ စိတ္ေတာင္
မေျဖာင့္ေတာ့ေပ ။

" ေကာင္းေကာင္းျပန္ပါ ဂြၽန္..."

" အင္း အႀကီးအကဲ..ေကာင္းေသာညပါ "
စိတ္ထဲ မတင္မက်ျဖစ္ေနလည္း ေဂ်ာင္ဂုမွာ
မတတ္ႏိုင္၊ အိမ္ေတာ္က မျပန္ဘဲေနလို႔မွ
မရတာဟု ေျဖသိမ့္ၿပီးသာ ကားေမာင္းထြက္လိုက္ေတာ့သည္ ။

ခ်စ္ေသာ၏ကားအျဖဴေလး ျမင္ကြင္းထဲမွ
ေပ်ာက္သြားသည္အထိ ဂ်ီမင္ ရပ္ၾကည့္ေနခဲ့သည္ ။

" ခ်စ္ေသာ,ကေတာ့ ဒီတိုင္းေလး ျပန္သြား
တာဆိုေပမဲ့..ကိုယ့္ရင္ထဲမွာေတာ့ ထားခဲ့
ခံရသလိုပါပဲလား..."

×

Jamေတြမဟုတ္ပဲ ေသြးဆိုတာကို ေဂ်ာင္ဂု
သိေနသည္ ။ တစ္ေယာက္တည္းက်န္ေနခဲ့တုန္းကလည္း အေနာက္ဘက္ေဝးေဝးမွ ေအာ္သံသဲ့သဲ့ကို ၾကားခဲ့သည္မလား ။
ဒါေပမဲ့လည္း ကိုယ့္ကိစၥမဟုတ္တာေၾကာင့္ ဘာကိုမွ မွတ္ခ်က္မျပဳေတာ့ ။

ႀကိဳးေတြဆိုတာ ခ်ည္မွ ႐ႈပ္တာေလ ၊
မခ်ည္ရင္ ဘာမွ မျဖစ္ဘူး ။ ဒီလိုေတြးမိေတာ့
သံေယာဇဥ္ဆိုတာလည္း ခ်ည္မိမွနာက်င္ရတာမလား ၊မခ်ည္မိရင္ ေအးေအးသက္သာပဲ။
သံေယာဇဥ္မခ်ည္မိေအာင္ ေနဖို႔ကလည္း
တစ္နည္းပဲ ႐ွိသည္ ၊ အေဝးဆုံးမွာေန....။

ကိုယ့္အေတြးနဲ႔ကိုယ္ ကားေမာင္းလာရင္း
အိမ္ေတာ္ကို ျပန္ေရာက္မွန္းမသိ ေရာက္ခဲ့ၿပီ။
အိမ္ေတာ္ထဲကို ဝင္လိုက္ေတာ့ ညေရာက္ေန
ၿပီမို႔လားမသိ ၊ အလုပ္သမားမ်ား မ႐ွိေတာ့ပဲ
တိတ္ဆိတ္ေနသည္ ။

" သခင္ေလး...ျပန္လာၿပီလား..."

" အင္း အိမ္ေတာ္ထိန္းႀကီး..ဒါနဲ႔ အိမ္ေတာ္ထိန္းႀကီး မနားေသးဘူးလား..."

" နားမလို႔ပါပဲ..ဒါေပမဲ့ မမေလး ဆယ္နာက
မျပန္ေသးလို႔ ျပန္ပို႔ဖို႔ ေစာင့္ေနတာပါ..."

" ဘာ !! ဆယ္နာ ေရာက္ေနတာ..အခုထိ
မျပန္ေသးဘူးလား...! "

ေဂ်ာင္ဂုနဲ႔အိမ္ေတာ္ထိန္းႀကီး စကားေျပာေနဆဲမွာပင္ အေပၚထပ္စာၾကည့္ခန္းမွာ ျပဳံးရယ္ကာ ထြက္လာသည့္ ဆယ္နာ့ကို ျမင္လိုက္ရသည္ ။

" ဆယ္နာ! "

" ကို ! "
ဆယ္နာက သူ႕ကို ျမင္ေတာ့ လန္႔သြားသည္ ။
ဘာကို သူခိုးလူမိသလို ျဖစ္ေနရတာလဲ
ဆယ္နာ...။

" ဆယ္နာ ဘာလာလုပ္တာလဲ..ဆယ္နာ့ကို
ကိုယ္ ဘာေျပာထားလဲ..ကို႔စကားကို အေရး
မစိုက္တာလား ဆယ္နာ..."

" အဲ့လို မဟုတ္ပါဘူးကို..ဆယ္နာ-ဆယ္နာက
ကို ေနေကာင္းၿပီဆိုလို႔ ေသခ်ာသက္သာရဲ႕လားဆိုတာ သတင္းေမးဖို႔ လာၾကည့္တာပါ...
ဒါေပမဲ့ ကိုက မ႐ွိတာနဲ႔ ဆယ္နာက အေဖနဲ႔
စကားခဏေျပာေနတာပါ..."

" ဆယ္နာ ဘယ္အခ်ိန္ကတည္းက ေရာက္တာလဲ..."

" ညေန ေလးနာရီ..."

" ေလးနာရီ!!ဆယ္နာ အခုည၈နာရီထိုးေနၿပီေလကြာ...ဆယ္နာ! ဆယ္နာက မိန္းကေလးတစ္ေယာက္ဆိုတာ မေမ့နဲ႔ေနာ္.."

" ဆယ္နာသိပါတယ္..ဟင့္..အေဖနဲ႔က
စကားေျပာေကာင္းေနလို႔ အခ်ိန္ကုန္လို႔
ကုန္မွန္းေတာင္ မသိလိုက္လို႔ပါ..."

" က်စ္....ထားပါေတာ့...အခု ကို ျပန္ပို႔ေပးမယ္..ေနာက္တစ္ခါ ဒါမ်ိဳး ထပ္မျဖစ္ပါေစနဲ႔..
ကိုတို႔က ေနာက္ သုံးေလးလဆိုရင္ပဲ လက္ထပ္ရေတာ့မွာ အေနထိုင္ဆင္ျခင္ေပးပါ"
ေဂ်ာင္ဂုသည္ စိတ္ညစ္လြန္းတာေၾကာင့္
ဘာမွ ဆက္ေျပာခ်င္စိတ္မ႐ွိေတာ့ေပ ။

" သခင္ေလး ကြၽန္ေတာ္လိုက္ပို႔ေပးလိုက္ရမလား..သခင္ေလးက အခုမွျပန္ေရာက္တာဆိုေတာ့ အနားယူပါအုန္း..."

" ဟုတ္တယ္ကို...ဆယ္နာ အိမ္ေတာ္ထိန္းႀကီးနဲ႔ပဲ ျပန္လိုက္ပါ့မယ္...ကိုနားပါ.."

ေဂ်ာင္ဂုသည္ တစ္ခ်က္စဥ္းစားၿပီးတဲ့ေနာက္
လက္ခံေၾကာင္း ေခါင္းၿငိမ့္ျပကာ အေပၚထပ္ကို တက္သြားေတာ့သည္ ။ ဂန္ဆယ္နာအား
ႏႈတ္ဆက္စကားေလးေတာင္ မေျပာခဲ့ေပ ။

" မမေလး ဆယ္နာ သြားရေအာင္ပါ.."

" အင္း...ဦးေလးဂို ႐ွင္တို႔ သခင္ေလးက
ကြၽန္မကို သေဘာက်တယ္လို႔ထင္လား..."

" သခင္ေလးက ထုတ္သာမေျပာတာပါ..
မမေလးကို သေဘာက်ပါတယ္.."

ဆယ္နာသည္ မခ်ိတင္ကဲ ျပဳံးလိုက္သည္ ။
တစ္ခါမွ သူမနဲ႔လက္ထပ္ရမဲ့အမ်ိဳးသား
ဂြၽန္ေဂ်ာင္ဂုဆီက သူမကို သေဘာက်သည့္
အရိပ္အေယာင္ တစ္ခုမွ် မေတြ႕ခဲ့ ။ တြဲေနခဲ့တာ ေျခာက္လ႐ွိေနၿပီဆိုေပမဲ့ ႏႈတ္ခမ္းခ်င္းေတာင္ မနမ္းဖူးသည္အထိ သူမတို႔အေျခအေနက ဆိုး႐ြားလွပါသည္ ။

ဟူးးး....
ဂန္ဆယ္နာသည္ စိတ္မၾကည္သာတာေၾကာင့္
သက္​ျပင္းေမာကိုသာခ်လိုက္ေတာ့သည္ ။
သူမကဲ့သို႔ပင္ ဂြၽန္အိမ္ေတာ္တြင္လည္း
သက္ျပင္းမ်ား ခ်ေနသူ တစ္ဦး႐ွိခဲ့သည္ ။

×

ဇာတ္လမ္းက ျဖည္းျဖည္းပဲ သြားမယ္ေနာ္..
ျမန္ရင္ ဖတ္မေကာင္းလို႔ ။

ဖိဘတ္ေလးေတြနဲ႔ ေဝဘင္ပါအုန္း ။
-AlexandrineKim(352023)-

Bạn đang đọc truyện trên: AzTruyen.Top