3
Unicode
ဂျောင်ဂုသည် နိုးထလာသည့်အခါ ကိုယ်ပိုင်
အိပ်ရာတွင် မဟုတ်မှန်း သိလိုက်ရသည် ။
ခေါင်းသည် မူးနောက်နေသော်ငြားလည်း
ယမန်ညက အဖြစ်အပျက်တို့ကို ဦးနှောက်က
လှုံ့ဆော်အသိပေးလိုက်သည့်အခါ ရုတ်ခြည်း
ထထိုင်မိလိုက်သည် ။
" အကြီးအကဲ..."
လွှတ်ခနဲ ရေရွတ်ပြီးသည့်နောက် ဘေးဘက်ကို အကြည့်ပို့သောအခါ ဂျောင်ဂုဘေးနေရာတွင် အိပ်မောကျနေသော အကြီးအကဲ တဖြစ် ဂျီမင်း ။
"..မူး လိုက်တာ..."
အကြီးအကဲကို မြင်သောအခါ ဂျောင်ဂု ပို၍
မူးချင်သွားသည် ။ ချက်ချင်း ပြန်သွားဖို့
စဥ်းစားမိသော်လည်း ဤအပြုအမူသည် အကြီးအကဲပေါ် မလေးစားရာ ရောက်သောကြောင့် အကြီးအကဲ နိုးလာသည်အထိ
စောင့်ရန် ဂျောင်ဂု ဆုံးဖြတ်လိုက်သည် ။
ခေါင်းအုံးပေါ်သို့ ဖြည်းညှင်းစွာ ပြန်လှဲအိပ်
လိုက်ပြီး တည့်တည့်က မျက်နှာကြက်ကိုသာ
စိုက်ကြည့်နေမိသည် ။ အချိန်တစ်ခု ကြာလာသည့်အခါ မျက်လုံးညောင်းလာသောကြောင့်
ဘေးဘီကို မျက်လုံးကစားမိသည့်အခါ
အကြီးအကဲဂျီမင်က သူ့မြင်ကွင်းထဲ
မဖိတ်ခေါ်ပဲ ဝင်ရောက်လာသည် ။
ဂျီမင်သည် ခေါင်းအုံးဖြူဖြူထဲ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ။
ငွေမှင်ရောင်ဆံစတွေက ပျံ့ကျဲနေသော်လည်း
ဂျီမင်းကား ကြည့်ကောင်းဆဲ ။ ဘယ်လို
ဆွဲအားတွေကြောင့်မှန်းမသိ ဂျောင်ဂု၏
စိတ်အာရုံတစ်ခုလုံးသည် ဂျီမင်းအပေါ်ကို
သက်ရောက်သွားသည် ။
ဂျီမင်ကို မျက်တောင်မခတ်ပဲ စက္ကန့်မလပ်
ငေးကြည့်နေသည် ။ ဂျောင်ဂု ငေးနေခဲ့တာ
ဂျီမင်၏ မျက်ခွံတွေလား ၊ ခပ်ရဲရဲ နှုတ်ခမ်း
တစ်စုံလား ၊ ငွေမှင်ရောင် ဆံနွယ်တွေလား ။
ဂျောင်ဂု မသိပါ ၊ ဂျောင်ဂုကိုယ်တိုင် ဂျီမင်၏
မည်သည့်အစိတ်အပိုင်းကို အမြတ်တနိုး
ငေးမိခဲ့လည်း မသိပါ ။
ဂျောင်ဂု သိတာတစ်ခုက ဂျောင်ဂုငေးမိခဲ့တာ ဂျောင်ဂုအတွက် ထူးခြားနေတဲ့ ဂျီမင်ဆိုတဲ့ ဖြစ်တည်မှုတစ်ခုကိုပဲ ။
" ဆန်းကြယ်လိုက်တာ...နှိုင်းမရတဲ့
ဖြစ်တည်မှု တစ်ခုလိုပဲ..."
ဂျောင်ဂုသည် ဂျီမင်ကို ငေးကြည့်ရင်းနှင့်ပင်
စကားလုံးတချို့ တိုးတိုးလေး ရေရွတ်လိုက်
သည် ။
အမှန်တကယ်ပင် ဂျီမင်သည် ဂျောင်ဂု
အတွက်တော့ နှိုင်းယှဥ်စရာမဲ့သည့်
ဖြစ်တည်မှု တစ်ခုဖြစ်လာသည် ။
အရာရာမှာ သာလွန်ပြီး ဂျောင်ဂု၏ စိတ်ကို
လည်း အချိန်ပြည့်လွှမ်းမိုးထားနိုင်သူ။
အကြောင်းပြချက်တွေလည်း မရှိ ၊ ဂျီမင်က
ဂျောင်ဂုကို ဆွဲငင်နေတဲ့ သေတ္တာလေးတစ်လုံး လိုပဲ ။
ဂျောင်ဂုသာ ဆွဲငင်ရာအတိုင်း လိုက်မိသွားရင် ဂျီမင်ဆိုတဲ့ သေတ္တာလေးထဲမှာပဲ
ထာဝရပိတ်မိသွားတော့မယ်ဆိုတာ ဂျောင်ဂု
သိနေတယ် ။ ဂျောင်ဂု သိလို့ပဲ ဂျောင်ဂု၏
မသိစိတ်ကို ဖိနှိပ်ထားရသည် ။ သို့ပေမဲ့
တစ်ချိန်မှာ မထိန်းချုပ်နိုင်ပဲ လွတ်ထွက်
သွားခဲ့ရင် ဂျောင်ဂု ဘာဆက်လုပ်ရမလဲ ။
ဂျောင်ဂုသည် အတွေးတွေများနေခဲ့ရင်း
ဂျီမင်ကိုသာ တစ်စိုက်မတ်မတ် စိုက်ကြည့်
နေခဲ့သည် ။ စိတ်အာရုံတစ်ခုလုံးက ဂျီမင်ဆီ
တစ်သားတည်း ပျော်ဝင်သွားတဲ့အခါ
ဂျောင်ဂုသည် ဂျီမင်အား ထိတွေ့ချင်မိသည့်
စိတ် ၊ ဤစိတ်သည် ဂျောင်ဂု၏တစ်ကိုယ်လုံးကို လွှမ်းခြုံလာခဲ့သည် ။
ဂျောင်ဂုသည် ထိုတောင့်တစိတ်မှ ရုန်းထွက်
ရန် ကြိုးစားဆဲမှာပင် ဂျောင်ဂု၏ လက်တစ်ဖက်ကား ဂျီမင်ဆီသို့ လှမ်းနေခဲ့ပြီ ။
တုံ့ဆိုင်းခြင်း မရှိဘဲ ထိကိုင်လိုက်သည်
ဂျီမင်၏ ပါးတွေကို..။
နူးညံ့သည့် အထိအတွေ့က အသက်ရှူပင်
မှားလောက်သည် ။ ထိုအခိုက် ဖြတ်ခနဲ
ပွင့်လာသည့် ဂျီမင်၏ မျက်ဝန်းတွေ ။
မီးခိုးဖျော့ရောင်မျက်ဝန်းတွေမှာ ဂျောင်ဂုဟာ
ငေးခနဲ ။ ဂျီမင်၏ ပါးပြင်ပေါ်က လက်ကို
ပြန်ရုတ်ရမည်ဆိုတာ ဂျောင်ဂုအသိစိတ်က
ကြိမ်ဖန်များစွာ အသိပေးနေသော်လည်း
ဂျောင်ဂုသည် မလုပ်ခဲ့ပေ ။
ဂျီမင်သည် ဂျောင်ဂု၏ အပြုအမူကို
အံ့သြခြင်း မပြ ၊ ဂျောင်ဂု၏ ညိုရင့်ရင့်
မျက်ဝန်းတွေကိုသာ အသေအချာ ငေးစိုက်
ခဲ့သည် ။ ဂျီမင်သည် ပါးပြင်ပေါ်က ဂျောင်ဂု
လက်ကို ဆုပ်ကိုင်လိုက်သည် ။ ထို့နောက်
ဂျောင်ဂု၏ လက်ဖဝါးအား နှုတ်ခမ်းနား
အထိ ဆွဲယူလိုက်ပြီး ခပ်ဖွဖွ နမ်းရှိုက်လိုက်သည် ။
ထိုအခိုက် ဂျောင်ဂုသည် တွန့်ခနဲ ဖြစ်သွားပြီး
အသိစိတ် ပြန်ကပ်လာသလို ။ လက်ဖဝါးမှ
နူးညံ့သည့် အထိအတွေ့သည် လွန်စွာမှ
နှစ်သက်ဖွယ်ကောင်းကာ ပို၍လိုချင်ပါ
သော်လည်း မဖြစ်သင့်ဆိုသည့် အတွေးတို့
ကြောင့် ဂျောင်ဂုသည် လက်ကို ဂျီမင်ဆီမှ ဖယ်ခွာရန်ပြုသည် ။
သို့သော် ဂျီမင်သည် လက်ကောက်ဝတ်မှ
ဖမ်းကိုင်ကာ ဂျောင်ဂုလက်ကို မလွှတ်ပေး
ခဲ့ပေ ။ လက်ကို ဂျီမင်လည်ပင်းပေါ်သို့
တင်လိုက်သည်။လည်ပင်းသွေးကြောမကြီးမှ
အရှိန်မှန်မှန်လှုပ်ရှားနေသည့် နှလုံးခုန်နှုန်းကို
ဂျောင်ဂု ခံစားမိသည် ။
" ဂျီ-ဂျီမင်...!"
ဂျောင်ဂုသည် လန့်အော်မိမတတ် ၊ဂျီမင်သည်
လည်ပင်းတစ်လျှောက်ကို ဂျောင်ဂု၏ လက်ဖြင့် ပွတ်ဆွဲလိုက်ခြင်း ။ ဂျီမင် ယောကျ်ား
ဆန်ဆန် လည်ဇလုပ်ပေါ်သို့ ထိတွေ့မိသည့်အခါ ဂျောင်ဂုသည် အသက်ရှူသံတွေ မမှန်တော့ပေ ။
ဂျောင်ဂုသည် ချွေးစေးတချို့ပင် ပြန်လာကာ
မျက်လုံးတွေသည်လည်း လှုပ်လှုပ်ရှားရှား ။
ဂျီမင်သည် ဂျောင်ဂု၏ ပုံစံကိုကြည့်ပြီး
အမည်ဖော်မရသည့် အပြုံးတစ်ခုကို ချိတ်ဆွဲ
ထားသည် ။
" ကြိုက်လား..."
ဂျီမင်အသံသည် ညို့ညို့ငင်ငင် ။
" ကျွန်တော်-ကျွန်တော်...သွားရတော့မယ် "
" ဘာလို့လဲ မကြိုက်ဘူးလား..."
ဂျီမင်၏ မျက်လုံးတွေသည် အဘယ်ကြောင့်
ရုန်းထွက်ရခက်ပါသနည်း ။
" မဟုတ်.."
" ကြိုက်တယ်ပေါ့..."
ဂျီမင်သည် အဖြေခက်သည့် မေးခွန်းများကို
မေးမြန်းရာတွင် ကျွမ်းကျင်လှသည် ။
အရိုးသားဆုံး ဝန်ခံပါက ဤအထိအတွေ့ကို
ဂျောင်ဂု လွန်စွာမှ နှစ်သက်ပါသည် ။
သို့ပေမဲ့လည်း ဤသို့ပြောခွင့်မရှိ ။
" မသိ-မသိဘူး...ကျွန်တော့်ကို သွားခွင့်ပေးပါ
ဂျီမင်..."
ဂျီမင်သည် ပြာယာခတ်နေသည့် ဂျောင်ဂု၏
ပုံစံကိုကြည့်ရင်း တော်တော်ကိုမှ သဘောကျ
နေသည့် သဏ္ဍာန် ။
" ဟုတ်ပါပြီ..."
ဂျောင်ဂု၏ လက်ချောင်းထိပ်လေးတွေကို
ခပ််ဖွဖွ နမ်းပြီးမှ လွှတ်ပေးလိုက်သည် ။
" နေအုန်း..."
ဂျောင်ဂုသည် အိပ်ရာပေါ်က ဆင်းရန်
တစ်ခဏ ဂျီမင်သည် လှမ်းတားလိုက်သည် ။
" ဂျွန် ဒါကျန်ခဲ့တယ်.."
ကျန်ခဲ့သည်ဆိုသောကြောင့် ဂျောင်ဂုသည်
လှည့်ကြည့်လိုက်သည် ။
" ဟင်..ဘာကျန်--"
ဂျောင်ဂုသည် နှုတ်ခမ်းပေါ်မှ အိစက်စက်
အထိအတွေ့ကို ခံစားမိလိုက်သည် ။ ဂျီမင်က
ဂျောင်ဂုကို နမ်းလိုက်တာ...။
နှုတ်ခမ်းကို ခပ်ဖွဖွလေးသာ ဖိကပ်ထားပြီး
လက်တို့က ချိုင်းအောက်ကနေ လျှိုဝင်ပြီး
ရင်ဘတ်ကနေ ဖက်ထားသည် ။
ထိုအနမ်းသည်စက္ကန့်ပိုင်းမျှသာ...။
" အဲ့ဒါ ကျန်ခဲ့တာ..."
ဂျောင်ဂုသည် ဂျီမင်ကိုပင် နှုတ်မဆက်နိုင်တော့ပဲ အိပ်ခန်းအတွင်းမှ ဝရုန်းသုန်းကား
ပြေးထွက်သွားတော့သည် ။ ဂျီမင်သည်
နှစ်နှစ်ခြိုက်ခြိုက်ကို ရယ်ရင်း အိပ်ရာပေါ်ကို
ပြန်လှဲချလိုက်သည် ။ နောက်တော့ နှုတ်ခမ်း
တို့ကို ခပ်ဖွဖွ ထိကာ ပြုံးသည် ။
" သဘောကျလိုက်တာ...ချစ်သောရယ်..."
×
ဂျောင်ဂုသည် ကားထဲသို့ ရောက်သည်နှင့်
စိတ်ကိုငြိမ်အောင် အသက်ကို ပြင်းပြင်း
ရှူလိုက်သည် ။ အိမ်မက်ဆန်ဆန် အနမ်း
တစ်ပွင့်မှာ ဂျောင်ဂုဟာလိပ်ပြာပင်
လွင့်ချင်သလိုလို ။
နှုတ်ခမ်းကို ခပ်ဖွဖွတို့ထိရင်း လှစ်ခနဲ
ပြုံးမိသည့်အခါ ဂျောင်ဂုသည် ကိုယ့်ကိုကိုယ်
ရူးနေပြီလား ဟူ၍ မေးခွန်းထုတ်မိသည်အထိ
ဂျောင်ဂုဟာ ယောက်ယက်ခတ်နေခဲ့သည် ။
ရုတ်တရက် ထမြည်လာတဲ့ ဖုန်းကြောင့်
ဂျောင်ဂုသည် တုန်ခနဲပင် ဖြစ်သွားသည် ။
ဖုန်းခေါ်သူက ဆယ်နာ ။
" ဟယ်-လို ဆယ်နာ..."
" ကို နေကောင်းရဲ့လား..အသံက တစ်မျိုးပဲ"
ဂျောင်ဂုသည် လည်ချောင်းတစ်ချက် ရှင်းလိုက်သည် ။
" ကောင်းပါတယ်...ဆယ်နာ..ဒါနဲ့ ဘာဖြစ်လို့
ဖုန်းဆက်တာလဲ..."
" အိမ်တော် လာမလို့.."
" ကို မအားဘူး..ဆယ်နာ..နောက်ရက်မှ
လာခဲ့ပါလား..."
" ကျစ်...ဟုတ်ပြီ..နောက်ရက်မှပဲ ဆယ်နာ
လာခဲ့တော့မယ်..."
" အင်း..အင်း...ကို ဖုန်းချလိုက်တော့မယ် "
ဆယ်နာနှင့် ဖုန်းပြောပြီးနောက် ဂျောင်ဂု
အသိစိတ် ပြန်ကပ်အောင် ကြိုးစားလိုက်
သည် ။
" ငါ့မှာ လက်ထပ်ရမဲ့ လူရှိတယ်...
စိတ်ယိုင်လို့ မရဘူး...."
" ဘာလို့-ဘာလို့...ဒီအနမ်းက တအား
စွဲမက်စရာကောင်းနေတာလဲ...မေ့လိုက်ဖို့
မလွယ်ကူနေလိုက်တာ..."
ဂျောင်ဂုသည် မကျေမချမ်း ရေရွတ်ရင်း
ကားကို မောင်းထွက်လိုက်တော့သည် ။
ထိုအခါမှ အပေါ်ဆုံးထပ်မှ ကြည့်နေသည့်
ဂျီမင်လည်း အထဲသို့ ပြန်ဝင်သွားတော့သည်။
" ဂျောင်ဂု ညက ပြန်မလာဘူးလား..."
" အကြီးအကဲ နဲ့သောက်ဖြစ်လို့..."
" အဲဒီမှာပဲ အိပ်ဖြစ်တာလား.."
" ဟုတ်တယ်.."
" အကြီးအကဲက မင်းကို သဘောကျပုံရတယ်
အင်း..အဲဒါ ကောင်းပါတယ်..."
" ကျွန်တော် နားတော့မယ်..."
" ဆယ်နာ့ကို တောင်းပန်ပြီးပြီလား..."
ဂျောင်ဂု ခြေလှမ်းတို့ ရပ်တန့်သွားသည် ။
သက်ပြင်းကို ခပ်ပြတ်ပြတ်ချရင်း..
" မနက်ဖြန် တောင်းပန်လိုက်ပါ့မယ် "
ဂျောင်ဂုသည် အခန်းထဲရောက်သည်နှင့်
တံခါးကို လော့ခ်ချလိုက်သည် ။ ထို့နောက်
ကိုယ်ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားတို့ကို
ဖယ်ရှားကာ ရေချိုးခန်းထဲ တန်းဝင်လိုက်သည် ။
ရေပန်းကို ဖွင့်ချလိုက်ရင်း ရေပန်းအောက်
တွင် ဂျောင်ဂုသည် စိတ်နှင့်လူနှင့် မကပ်သလို ။ မှန်ထဲမှ ပုံရိပ်ကို တွေတွေလေး
ကြည့်လိုက်သည် ။ တစ်ခါတရံမှာ
ကိုယ့်ကိုကိုယ် မပိုင်တော့သလို ခံစားချက်တွေက အတွင်းထဲကနေကို လှိုက်ပြီး
ရူးအောင် လုပ်နေသည် ။
ငယ်စဥ်ကတည်းက ပုံစံခွက်တစ်ခုထဲမှာ
အံဝင်ခွင်ကျဖြစ်အောင် နေထိုင်လာရင်း
ကိုယ်ပိုင် ပုံစံအမှန်ကိုတောင် မမှတ်မိလောက်
သည်အထိ ဖြစ်ခဲ့သည် ။ ငါဟာ ဘယ်သူပါ
ဆိုတာ မသိတော့ပဲ ဖခင်ဆိုသောလူ၏
အမိန့်တွေကို နာခံတဲ့ အရုပ်လေးတစ်ရုပ်သာ
ဖြစ်လာခဲ့သည် ။
" မ တောင်းပန်ချင် ဘူး...သူ့ကိုလည်း
လက်မထပ်ချင်ဘူး..."
ဂျောင်ဂုသည် မျက်ရည်တွေစီးကျနေသည်ကိုပင် သတိထားမိဟန် မတူ ။ ညိုရင့်ရောင်
မျက်စံတွေနဲ့ နီရဲနေသည့် မျက်အိမ်တွေက
သိပ်တော့ ကြည့်မကောင်းခဲ့ ။ တစ်လောကလုံးကို မေ့ထားရင်း ဂျောင်ဂုသည် မွန်းကျပ်လာသမျှ ရေချိုးခန်းထဲတွင် အသံတိတ်
ဖြေဖျောက်နေသည် ။
ရုတ်တရက် မှန်ထဲမှ ဂျောင်ဂုပုံရိပ်အစား
ဂျီမင်၏ ပုံရိပ်က အစားထိုးဝင်ရောက်လာ
သည် ။ ခေါင်းကို တစ်ချက် ယမ်းလိုက်သော်လည်း ဂျီမင်ပုံရိပ်ကား ပျောက်မသွားပေ ။ ဂျောင်ဂုသည် ထိုမှန်ဆီသို့ ပါးပြင်ဖြင့်
ထိကပ်ကာ မျက်လုံးများကို မှိတ်ထားလိုက်
သည် ။
မှန်၏ အေးစက်စက် အထိအတွေ့ ၊ ရေပန်းမှ
ရေစက်တွေ၏ စိုစိမ့်မှု ၊ နှုတ်ခမ်းပေါ်မှ
ယခုထိ ခံစားနေမိဆဲ ဂျီမင်၏ အနမ်းဖွဖွ ။
" ဂျီမင်အပေါ် စိတ်မယိုင်ဖို့ ကျွန်တော်
ဘယ်လို ကြိုးစားရမလဲ...ကျွန်တော် ရူးချင်
လာပြီ...."
×
ဘာပြောရမှန်းတောင် မသိတော့ဘူး ။
ဒီရက်ပိုင်း စိတ်တွေက အောက်ဆုံးရောက်နေ
တာနဲ့ စာတောင် မရေးနိုင် ။
ကြာသွားတဲ့အတွက် အားနာရပါတယ် ။
- AlexandrineKim(1542023)-
Zawgyi
ေဂ်ာင္ဂုသည္ ႏိုးထလာသည့္အခါ ကိုယ္ပိုင္
အိပ္ရာတြင္ မဟုတ္မွန္း သိလိုက္ရသည္ ။
ေခါင္းသည္ မူးေနာက္ေနေသာ္ျငားလည္း
ယမန္ညက အျဖစ္အပ်က္တို႔ကို ဦးေႏွာက္က
လႈံ႕ေဆာ္အသိေပးလိုက္သည့္အခါ ႐ုတ္ျခည္း
ထထိုင္မိလိုက္သည္ ။
" အႀကီးအကဲ..."
လႊတ္ခနဲ ေရ႐ြတ္ၿပီးသည့္ေနာက္ ေဘးဘက္ကို အၾကည့္ပို႔ေသာအခါ ေဂ်ာင္ဂုေဘးေနရာတြင္ အိပ္ေမာက်ေနေသာ အႀကီးအကဲ တျဖစ္ ဂ်ီမင္း ။
"..မူး လိုက္တာ..."
အႀကီးအကဲကို ျမင္ေသာအခါ ေဂ်ာင္ဂု ပို၍
မူးခ်င္သြားသည္ ။ ခ်က္ခ်င္း ျပန္သြားဖို႔
စဥ္းစားမိေသာ္လည္း ဤအျပဳအမူသည္ အႀကီးအကဲေပၚ မေလးစားရာ ေရာက္ေသာေၾကာင့္ အႀကီးအကဲ ႏိုးလာသည္အထိ
ေစာင့္ရန္ ေဂ်ာင္ဂု ဆုံးျဖတ္လိုက္သည္ ။
ေခါင္းအုံးေပၚသို႔ ျဖည္းညႇင္းစြာ ျပန္လွဲအိပ္
လိုက္ၿပီး တည့္တည့္က မ်က္ႏွာၾကက္ကိုသာ
စိုက္ၾကည့္ေနမိသည္ ။ အခ်ိန္တစ္ခု ၾကာလာသည့္အခါ မ်က္လုံးေညာင္းလာေသာေၾကာင့္
ေဘးဘီကို မ်က္လုံးကစားမိသည့္အခါ
အႀကီးအကဲဂ်ီမင္က သူ႕ျမင္ကြင္းထဲ
မဖိတ္ေခၚပဲ ဝင္ေရာက္လာသည္ ။
ဂ်ီမင္သည္ ေခါင္းအုံးျဖဴျဖဴထဲ
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည္ ။
ေငြမွင္ိုေရာင္ဆံစေတြက ပ်ံ႕က်ဲေနေသာ္လည္း
ဂ်ီမင္းကား ၾကည့္ေကာင္းဆဲ ။ ဘယ္လို
ဆြဲအားေတြေၾကာင့္မွန္းမသိ ေဂ်ာင္ဂု၏
စိတ္အာ႐ုံတစ္ခုလုံးသည္ ဂ်ီမင္းအေပၚကို
သက္ေရာက္သြားသည္ ။
ဂ်ီမင္ကို မ်က္ေတာင္မခတ္ပဲ စကၠန္႔မလပ္
ေငးၾကည့္ေနသည္ ။ ေဂ်ာင္ဂု ေငးေနခဲ့တာ
ဂ်ီမင္၏ မ်က္ခြံေတြလား ၊ ခပ္ရဲရဲ ႏႈတ္ခမ္း
တစ္စုံလား ၊ ေငြမွင္ရာင္ ဆံႏြယ္ေတြလား ။
ေဂ်ာင္ဂု မသိပါ ၊ ေဂ်ာင္ဂုကိုယ္တိုင္ ဂ်ီမင္၏
မည္သည့္အစိတ္အပိုင္းကို အျမတ္တႏိုး
ေငးမိခဲ့လည္း မသိပါ ။
ေဂ်ာင္ဂု သိတာတစ္ခုက ေဂ်ာင္ဂုေငးမိခဲ့တာ ေဂ်ာင္ဂုအတြက္ ထူးျခားေနတဲ့ ဂ်ီမင္ဆိုတဲ့ ျဖစ္တည္မႈတစ္ခုကိုပဲ ။
" ဆန္းၾကယ္လိုက္တာ...ႏိႈင္းမရတဲ့
ျဖစ္တည္မႈ တစ္ခုလိုပဲ..."
ေဂ်ာင္ဂုသည္ ဂ်ီမင္ကို ေငးၾကည့္ရင္းႏွင့္ပင္
စကားလုံးတခ်ိဳ႕ တိုးတိုးေလး ေရ႐ြတ္လိုက္
သည္ ။
အမွန္တကယ္ပင္ ဂ်ီမင္သည္ ေဂ်ာင္ဂု
အတြက္ေတာ့ ႏိႈင္းယွဥ္စရာမဲ့သည့္
ျဖစ္တည္မႈ တစ္ခုျဖစ္လာသည္ ။
အရာရာမွာ သာလြန္ၿပီး ေဂ်ာင္ဂု၏ စိတ္ကို
လည္း အခ်ိန္ျပည့္လႊမ္းမိုးထားႏိုင္သူ။
အေၾကာင္းျပခ်က္ေတြလည္း မ႐ွိ ၊ ဂ်ီမင္က
ေဂ်ာင္ဂုကို ဆြဲငင္ေနတဲ့ ေသတၱာေလးတစ္လုံး လိုပဲ ။
ေဂ်ာင္ဂုသာ ဆြဲငင္ရာအတိုင္း လိုက္မိသြားရင္ ဂ်ီမင္ဆိုတဲ့ ေသတၱာေလးထဲမွာပဲ
ထာဝရပိတ္မိသြားေတာ့မယ္ဆိုတာ ေဂ်ာင္ဂု
သိေနတယ္ ။ ေဂ်ာင္ဂု သိလို႔ပဲ ေဂ်ာင္ဂု၏
မသိစိတ္ကို ဖိႏွိပ္ထားရသည္ ။ သို႔ေပမဲ့
တစ္ခ်ိန္မွာ မထိန္းခ်ဳပ္ႏိုင္ပဲ လြတ္ထြက္
သြားခဲ့ရင္ ေဂ်ာင္ဂု ဘာဆက္လုပ္ရမလဲ ။
ေဂ်ာင္ဂုသည္ အေတြးေတြမ်ားေနခဲ့ရင္း
ဂ်ီမင္ကိုသာ တစ္စိုက္မတ္မတ္ စိုက္ၾကည့္
ေနခဲ့သည္ ။ စိတ္အာ႐ုံတစ္ခုလုံးက ဂ်ီမင္ဆီ
တစ္သားတည္း ေပ်ာ္ဝင္သြားတဲ့အခါ
ေဂ်ာင္ဂုသည္ ဂ်ီမင္အား ထိေတြ႕ခ်င္မိသည့္
စိတ္ ၊ ဤစိတ္သည္ ေဂ်ာင္ဂု၏တစ္ကိုယ္လုံးကို လႊမ္းျခဳံလာခဲ့သည္ ။
ေဂ်ာင္ဂုသည္ ထိုေတာင့္တစိတ္မွ ႐ုန္းထြက္
ရန္ ႀကိဳးစားဆဲမွာပင္ ေဂ်ာင္ဂု၏ လက္တစ္ဖက္ကား ဂ်ီမင္ဆီသို႔ လွမ္းေနခဲ့ၿပီ ။
တုံ႔ဆိုင္းျခင္း မ႐ွိဘဲ ထိကိုင္လိုက္သည္
ဂ်ီမင္၏ ပါးေတြကို..။
ႏူးညံ့သည့္ အထိအေတြ႕က အသက္႐ွဴပင္
မွားေလာက္သည္ ။ ထိုအခိုက္ ျဖတ္ခနဲ
ပြင့္လာသည့္ ဂ်ီမင္၏ မ်က္ဝန္းေတြ ။
မီးခိုးေဖ်ာ့ေရာင္မ်က္ဝန္းေတြမွာ ေဂ်ာင္ဂုဟာ
ေငးခနဲ ။ ဂ်ီမင္၏ ပါးျပင္ေပၚက လက္ကို
ျပန္႐ုတ္ရမည္ဆိုတာ ေဂ်ာင္ဂုအသိစိတ္က
ႀကိမ္ဖန္မ်ားစြာ အသိေပးေနေသာ္လည္း
ေဂ်ာင္ဂုသည္ မလုပ္ခဲ့ေပ ။
ဂ်ီမင္သည္ ေဂ်ာင္ဂု၏ အျပဳအမူကို
အံ့ၾသျခင္း မျပ ၊ ေဂ်ာင္ဂု၏ ညိဳရင့္ရင့္
မ်က္ဝန္းေတြကိုသာ အေသအခ်ာ ေငးစိုက္
ခဲ့သည္ ။ ဂ်ီမင္သည္ ပါးျပင္ေပၚက ေဂ်ာင္ဂု
လက္ကို ဆုပ္ကိုင္လိုက္သည္ ။ ထို႔ေနာက္
ေဂ်ာင္ဂု၏ လက္ဖဝါးအား ႏႈတ္ခမ္းနား
အထိ ဆြဲယူလိုက္ၿပီး ခပ္ဖြဖြ နမ္း႐ိႈက္လိုက္သည္ ။
ထိုအခိုက္ ေဂ်ာင္ဂုသည္ တြန္႔ခနဲ ျဖစ္သြားၿပီး
အသိစိတ္ ျပန္ကပ္လာသလို ။ လက္ဖဝါးမွ
ႏူးညံ့သည့္ အထိအေတြ႕သည္ လြန္စြာမွ
ႏွစ္သက္ဖြယ္ေကာင္းကာ ပို၍လိုခ်င္ပါ
ေသာ္လည္း မျဖစ္သင့္ဆိုသည့္ အေတြးတို႔
ေၾကာင့္ ေဂ်ာင္ဂုသည္ လက္ကို ဂ်ီမင္ဆီမွ ဖယ္ခြာရန္ျပဳသည္ ။
သို႔ေသာ္ ဂ်ီမင္သည္ လက္ေကာက္ဝတ္မွ
ဖမ္းကိုင္ကာ ေဂ်ာင္ဂုလက္ကို မလႊတ္ေပး
ခဲ့ေပ ။ လက္ကို ဂ်ီမင္လည္ပင္းေပၚသို႔
တင္လိုက္သည္။လည္ပင္းေသြးေၾကာမႀကီးမွ
အ႐ွိန္မွန္မွန္လႈပ္႐ွားေနသည့္ ႏွလုံးခုန္ႏႈန္းကို
ေဂ်ာင္ဂု ခံစားမိသည္ ။
" ဂ်ီ-ဂ်ီမင္...!"
ေဂ်ာင္ဂုသည္ လန္႔ေအာ္မိမတတ္ ၊ဂ်ီမင္သည္
လည္ပင္းတစ္ေလွ်ာက္ကို ေဂ်ာင္ဂု၏ လက္ျဖင့္ ပြတ္ဆြဲလိုက္ျခင္း ။ ဂ်ီမင္ ေယာက်္ား
ဆန္ဆန္ လည္ဇလုပ္ေပၚသို႔ ထိေတြ႕မိသည့္အခါ ေဂ်ာင္ဂုသည္ အသက္႐ွဴသံေတြ မမွန္ေတာ့ေပ ။
ေဂ်ာင္ဂုသည္ ေခြၽးေစးတခ်ိဳ႕ပင္ ျပန္လာကာ
မ်က္လုံးေတြသည္လည္း လႈပ္လႈပ္႐ွား႐ွား ။
ဂ်ီမင္သည္ ေဂ်ာင္ဂု၏ ပုံစံကိုၾကည့္ၿပီး
အမည္ေဖာ္မရသည့္ အျပဳံးတစ္ခုကို ခ်ိတ္ဆြဲ
ထားသည္ ။
" ႀကိဳက္လား..."
ဂ်ီမင္အသံသည္ ညိဳ႕ညိဳ႕ငင္ငင္ ။
" ကြၽန္ေတာ္-ကြၽန္ေတာ္...သြားရေတာ့မယ္ "
" ဘာလို႔လဲ မႀကိဳက္ဘူးလား..."
ဂ်ီမင္၏ မ်က္လုံးေတြသည္ အဘယ္ေၾကာင့္
႐ုန္းထြက္ရခက္ပါသနည္း ။
" မဟုတ္.."
" ႀကိဳက္တယ္ေပါ့..."
ဂ်ီမင္သည္ အေျဖခက္သည့္ ေမးခြန္းမ်ားကို
ေမးျမန္းရာတြင္ ကြၽမ္းက်င္လွသည္ ။
အ႐ိုးသားဆုံး ဝန္ခံပါက ဤအထိအေတြ႕ကို
ေဂ်ာင္ဂု လြန္စြာမွ ႏွစ္သက္ပါသည္ ။
သို႔ေပမဲ့လည္း ဤသို႔ေျပာခြင့္မ႐ွိ ။
" မသိ-မသိဘူး...ကြၽန္ေတာ္႕ကို သြားခြင့္ေပးပါ
ဂ်ီမင္..."
ဂ်ီမင္သည္ ျပာယာခတ္ေနသည့္ ေဂ်ာင္ဂု၏
ပုံစံကိုၾကည့္ရင္း ေတာ္ေတာ္ကိုမွ သေဘာက်
ေနသည့္ သ႑ာန္ ။
" ဟုတ္ပါၿပီ..."
ေဂ်ာင္ဂု၏ လက္ေခ်ာင္းထိပ္ေလးေတြကို
ခပ္္ဖြဖြ နမ္းၿပီးမွ လႊတ္ေပးလိုက္သည္ ။
" ေနအုန္း..."
ေဂ်ာင္ဂုသည္ အိပ္ရာေပၚက ဆင္းရန္
တစ္ခဏ ဂ်ီမင္သည္ လွမ္းတားလိုက္သည္ ။
" ဂြၽန္ ဒါက်န္ခဲ့တယ္.."
က်န္ခဲ့သည္ဆိုေသာေၾကာင့္ ေဂ်ာင္ဂုသည္
လွည့္ၾကည့္လိုက္သည္ ။
" ဟင္..ဘာက်န္--"
ေဂ်ာင္ဂုသည္ ႏႈတ္ခမ္းေပၚမွ အိစက္စက္
အထိအေတြ႕ကို ခံစားမိလိုက္သည္ ။ ဂ်ီမင္က
ေဂ်ာင္ဂုကို နမ္းလိုက္တာ...။
ႏႈတ္ခမ္းကို ခပ္ဖြဖြေလးသာ ဖိကပ္ထားၿပီး
လက္တို႔က ခ်ိဳင္းေအာက္ကေန လွ်ိဳဝင္ၿပီး
ရင္ဘတ္ကေန ဖက္ထားသည္ ။
ထိုအနမ္းသည္စကၠန္႔ပိုင္းမွ်သာ...။
" အဲ့ဒါ က်န္ခဲ့တာ..."
ေဂ်ာင္ဂုသည္ ဂ်ီမင္ကိုပင္ ႏႈတ္မဆက္ႏိုင္ေတာ့ပဲ အိပ္ခန္းအတြင္းမွ ဝ႐ုန္းသုန္းကား
ေျပးထြက္သြားေတာ့သည္ ။ ဂ်ီမင္သည္
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို ရယ္ရင္း အိပ္ရာေပၚကို
ျပန္လွဲခ်လိုက္သည္ ။ ေနာက္ေတာ့ ႏႈတ္ခမ္း
တို႔ကို ခပ္ဖြဖြ ထိကာ ျပဳံးသည္ ။
" သေဘာက်လိုက္တာ...ခ်စ္ေသာရယ္..."
×
ေဂ်ာင္ဂုသည္ ကားထဲသို႔ ေရာက္သည္ႏွင့္
စိတ္ကိုၿငိမ္ေအာင္ အသက္ကို ျပင္းျပင္း
႐ွဴလိုက္သည္ ။ အိမ္မက္ဆန္ဆန္ အနမ္း
တစ္ပြင့္မွာ ေဂ်ာင္ဂုဟာလိပ္ျပာပင္
လြင့္ခ်င္သလိုလို ။
ႏႈတ္ခမ္းကို ခပ္ဖြဖြတို႔ထိရင္း လွစ္ခနဲ
ျပဳံးမိသည့္အခါ ေဂ်ာင္ဂုသည္ ကိုယ့္ကိုကိုယ္
႐ူးေနၿပီလား ဟူ၍ ေမးခြန္းထုတ္မိသည္အထိ
ေဂ်ာင္ဂုဟာ ေယာက္ယက္ခတ္ေနခဲ့သည္ ။
႐ုတ္တရက္ ထျမည္လာတဲ့ ဖုန္းေၾကာင့္
ေဂ်ာင္ဂုသည္ တုန္ခနဲပင္ ျဖစ္သြားသည္ ။
ဖုန္းေခၚသူက ဆယ္နာ ။
" ဟယ္-လို ဆယ္နာ..."
" ကို ေနေကာင္းရဲ႕လား..အသံက တစ္မ်ိဳးပဲ"
ေဂ်ာင္ဂုသည္ လည္ေခ်ာင္းတစ္ခ်က္ ႐ွင္းလိုက္သည္ ။
" ေကာင္းပါတယ္...ဆယ္နာ..ဒါနဲ႔ ဘာျဖစ္လို႔
ဖုန္းဆက္တာလဲ..."
" အိမ္ေတာ္ လာမလို႔.."
" ကို မအားဘူး..ဆယ္နာ..ေနာက္ရက္မွ
လာခဲ့ပါလား..."
" က်စ္...ဟုတ္ၿပီ..ေနာက္ရက္မွပဲ ဆယ္နာ
လာခဲ့ေတာ့မယ္..."
" အင္း..အင္း...ကို ဖုန္းခ်လိုက္ေတာ့မယ္ "
ဆယ္နာႏွင့္ ဖုန္းေျပာၿပီးေနာက္ ေဂ်ာင္ဂု
အသိစိတ္ ျပန္ကပ္ေအာင္ ႀကိဳးစားလိုက္
သည္ ။
" ငါ့မွာ လက္ထပ္ရမဲ့ လူ႐ွိတယ္...
စိတ္ယိုင္လို႔ မရဘူး...."
" ဘာလို႔-ဘာလို႔...ဒီအနမ္းက တအား
စြဲမက္စရာေကာင္းေနတာလဲ...ေမ့လိုက္ဖို႔
မလြယ္ကူေနလိုက္တာ..."
ေဂ်ာင္ဂုသည္ မေက်မခ်မ္း ေရ႐ြတ္ရင္း
ကားကို ေမာင္းထြက္လိုက္ေတာ့သည္ ။
ထိုအခါမွ အေပၚဆုံးထပ္မွ ၾကည့္ေနသည့္
ဂ်ီမင္လည္း အထဲသို႔ ျပန္ဝင္သြားေတာ့သည္။
" ေဂ်ာင္ဂု ညက ျပန္မလာဘူးလား..."
" အႀကီးအကဲ နဲ့ေသာက္ျဖစ္လို႔..."
" အဲဒီမွာပဲ အိပ္ျဖစ္တာလား.."
" ဟုတ္တယ္.."
" အႀကီးအကဲက မင္းကို သေဘာက်ပုံရတယ္
အင္း..အဲဒါ ေကာင္းပါတယ္..."
" ကြၽန္ေတာ္ နားေတာ့မယ္..."
" ဆယ္နာ့ကို ေတာင္းပန္ၿပီးၿပီလား..."
ေဂ်ာင္ဂု ေျခလွမ္းတို႔ ရပ္တန္႔သြားသည္ ။
သက္ျပင္းကို ခပ္ျပတ္ျပတ္ခ်ရင္း..
" မနက္ျဖန္ ေတာင္းပန္လိုက္ပါ့မယ္ "
ေဂ်ာင္ဂုသည္ အခန္းထဲေရာက္သည္ႏွင့္
တံခါးကို ေလာ့ခ္ခ်လိုက္သည္ ။ ထို႔ေနာက္
ကိုယ္ခႏၶာကိုယ္ေပၚမွ အဝတ္အစားတို႔ကို
ဖယ္႐ွားကာ ေရခ်ိဳးခန္းထဲ တန္းဝင္လိုက္သည္ ။
ေရပန္းကို ဖြင့္ခ်လိုက္ရင္း ေရပန္းေအာက္
တြင္ ေဂ်ာင္ဂုသည္ စိတ္ႏွင့္လူႏွင့္ မကပ္သလို ။ မွန္ထဲမွ ပုံရိပ္ကို ေတြေတြေလး
ၾကည့္လိုက္သည္ ။ တစ္ခါတရံမွာ
ကိုယ့္ကိုကိုယ္ မပိုင္ေတာ့သလို ခံစားခ်က္ေတြက အတြင္းထဲကေနကို လိႈက္ၿပီး
႐ူးေအာင္ လုပ္ေနသည္ ။
ငယ္စဥ္ကတည္းက ပုံစံခြက္တစ္ခုထဲမွာ
အံဝင္ခြင္က်ျဖစ္ေအာင္ ေနထိုင္လာရင္း
ကိုယ္ပိုင္ ပုံစံအမွန္ကိုေတာင္ မမွတ္မိေလာက္
သည္အထိ ျဖစ္ခဲ့သည္ ။ ငါဟာ ဘယ္သူပါ
ဆိုတာ မသိေတာ့ပဲ ဖခင္ဆိုေသာလူ၏
အမိန္႔ေတြကို နာခံတဲ့ အ႐ုပ္ေလးတစ္႐ုပ္သာ
ျဖစ္လာခဲ့သည္ ။
" မ ေတာင္းပန္ခ်င္ ဘူး...သူ႕ကိုလည္း
လက္မထပ္ခ်င္ဘူး..."
ေဂ်ာင္ဂုသည္ မ်က္ရည္ေတြစီးက်ေနသည္ကိုပင္ သတိထားမိဟန္ မတူ ။ ညိဳရင့္ေရာင္
မ်က္စံေတြနဲ႔ နီရဲေနသည့္ မ်က္အိမ္ေတြက
သိပ္ေတာ့ ၾကည့္မေကာင္းခဲ့ ။ တစ္ေလာကလုံးကို ေမ့ထားရင္း ေဂ်ာင္ဂုသည္ မြန္းက်ပ္လာသမွ် ေရခ်ိဳးခန္းထဲတြင္ အသံတိတ္
ေျဖေဖ်ာက္ေနသည္ ။
႐ုတ္တရက္ မွန္ထဲမွ ေဂ်ာင္ဂုပုံရိပ္အစား
ဂ်ီမင္၏ ပုံရိပ္က အစားထိုးဝင္ေရာက္လာ
သည္ ။ ေခါင္းကို တစ္ခ်က္ ယမ္းလိုက္ေသာ္လည္း ဂ်ီမင္ပုံရိပ္ကား ေပ်ာက္မသြားေပ ။ ေဂ်ာင္ဂုသည္ ထိုမွန္ဆီသို႔ ပါးျပင္ျဖင့္
ထိကပ္ကာ မ်က္လုံးမ်ားကို မွိတ္ထားလိုက္
သည္ ။
မွန္၏ ေအးစက္စက္ အထိအေတြ႕ ၊ ေရပန္းမွ
ေရစက္ေတြ၏ စိုစိမ့္မႈ ၊ ႏႈတ္ခမ္းေပၚမွ
ယခုထိ ခံစားေနမိဆဲ ဂ်ီမင္၏ အနမ္းဖြဖြ ။
" ဂ်ီမင္အေပၚ စိတ္မယိုင္ဖို႔ ကြၽန္ေတာ္
ဘယ္လို ႀကိဳးစားရမလဲ...ကြၽန္ေတာ္ ႐ူးခ်င္
လာၿပီ...."
×
ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး ။
ဒီရက္ပိုင္း စိတ္ေတြက ေအာက္ဆုံးေရာက္ေန
တာနဲ႔ စာေတာင္ မေရးႏိုင္ ။
ၾကာသြားတဲ့အတြက္ အားနာရပါတယ္ ။
- AlexandrineKim(1542023)-
Bạn đang đọc truyện trên: AzTruyen.Top