23
Unicode
" ဂျီမင် သက်သာလား...နေရထိုင်ရ
အဆင်ပြေလား "
ကိတ်မုန့်နှင့်နွားပူပူတစ်ခွက်ကို ဗန်းဖြင့်
သယ်လာသည့် ချစ်သောဆီမှ မေးခွန်း ။
တုန့်ပြန်မှုအနေနှင့် ခေါင်းငြိမ့်လိုက်မိသည် ။
သူသည် အိပ်ရာပေါ်တွင် ကုတင်ခေါင်းရင်းကို မှီကာ ထိုင်နေသည် ။
" ဂျီမင်က ဆန်ပြုတ်မကြိုက်လို့ ကျွန်တော်
ကိတ်မုန့်လေး ယူလာတယ်...စားမယ်မလား"
ချစ်သော ကို သူ မော့ကြည့်လိုက်သည် ။
ဘာမှစားချင်စိတ် မရှိပေမဲ့ ချစ်သောရဲ့
မျက်ဝန်းတွေထဲမှာ သူ့ကို စားစေလိုသော
အရိပ်အယောင်များကို မြင်တွေ့လိုက်သောကြောင့် သူ ကိတ်မုန့် ပန်းကန်ဆီ လက်လှမ်း
လိုက်သည် ။
" ကျွန်တော် ခွံ့ကျွေးမယ်..ဂျီမင်က
ငြိမ်ငြိမ်လေးနေ..."
ပန်းကန်ကို ဦးအောင်ယူလိုက်ပြီး ချစ်သောက
အနားကို ဝင်ထိုင်သည် ။ နှုတ်ခမ်းတွင်လည်း
သူ သိပ်မြတ်နိုးသော အပြုံးလေးကို
ချိတ်ဆွဲထားသည် ။
" ဒါလေးတွေ စားပြီး ဆေးသောက်ကြတာပေါ့...ပါးစပ် ဟ ပါဦး "
ပါးစပ်ထဲရောက်လာသည့် ကိတ်မုန့်တစ်ဖဲ့ဟာ ပျားရည်ရနံ့သင်းသင်းဖြင့် ချိုမြ
နေသည် ။ ကိတ်မုန့်ကို အပိုင်းသေးသေးလေး
တွေ ဖြစ်အောင် ဖဲ့ပြီး ဖြည်းဖြည်းချင်း
သူ့ကို ခွံ့သည် ။ ဒီအခိုက်အတန့်တွေကို
သေတ္တာလေးထဲ ထည့်သိမ်းထားလို့ရလျှင်
သိပ်ကောင်းမည်ဟု ဂျီမင် တွေးမိသည် ။
နွားနို့တစ်ခွက်နှင့် ကိတ်မုန့် ကုန်သွားသည့်အခါ သူ့လက်ဖဝါးထဲသို့ ရောင်စုံဆေးလုံး
တချို့ ရောက်လာသည် ။ ချစ်သောက
ရေတစ်ခွက်ကို ကမ်းပေးသည် ။
မကြည်မလင်သော သက်ပြင်းတစ်ခုကို
ချလိုက်ပြီး ဆေးလုံးများကို သောက်လိုက်
သည် ။
" နေကောင်းရင် သောက်စရာမလိုတော့ပါဘူး
အဲဒီလိုကြီး ဆူပုတ်မနေပါနဲ့ဦး...."
ချစ်သော၏ စနောက်မှုမှာ သူ ပြုံးမိလိုက်လား သူ မသိ၊ ချစ်သောကို တမေ့တမော
ငေးခဲ့မိတာတော့ သူ သေချာ သိသည် ။
ချစ်သော၏ ဒီလို ချစ်ဖို့ကောင်းသည့် ပုံစံကို
သူ ဘယ်လောက်တောင် ပြန်မြင်ချင်ခဲ့သလဲ။
ချစ်သောရဲ့ အတိတ်မေ့ကာလများမှာ
သူ ချစ်သောဆီ ပြေးဖက်ပြီး
"ကိုယ် ပင်ပန်းတယ် " လို့ ပြောချင်မိတဲ့
အခိုက်အတန့်တွေ ရှိခဲ့သည် ။ သို့ပေမဲ့
ချစ်သောက သူ့ကို ပစ်ပစ်ခါခါ ဖယ်ခွာခဲ့ခြင်းက ထိချက်ပြင်းခဲ့သည် ။
ယခုလို နွေးထွေးမှုနဲ့ ယုယခြင်းတွေ
ချစ်သောဆီက ပြန်ရသည့်အခါ သူ
ပျော်မိသည် ။ ချစ်သောကိုလည်း ပို၍ပင်
လက်မလွှတ်နိုင်တော့ပေ ။
ချစ်သောသည် အဆိပ်တစ်ခွက် ဖြစ်ခဲ့လျှင်
ချစ်သောသည်ပဲ ဖြေဆေး ဖြစ်သည် ။
×
ဂျီမင်ကို လှဲပြီး အနားယူစေခဲ့ပြီး သူက
စားသောက်ပြီးခဲ့သည့် ပန်းကန်များကို
ယူခဲ့ကာ အခန်းတံခါးကို ပိတ်လိုက်သည် ။
မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်ပြီး
ပန်းကန်များ ဆေးနေမိရင်း သူ အတွေး
တစ်ခု ရလာမိသည် ။
ထမင်းတစ်ပန်းကန်ထဲသို့ ဟင်းအနည်းငယ်
ထည့်ကာ သူ သယ်လိုက်သည် ။ ဂျီမင်
ရှိနေသည့် အခန်းကို ကျော်ဖြတ်သွားသည် ။
အလင်းရောင် ကောင်းကောင်းမရသည့်
လျှောက်လမ်းရှည်တလျှောက် သော့ခတ်
ထားသည့် အခန်းပေါင်းများစွာ ဖြတ်ကျော်
ခဲ့သည် ။
လမ်းဆုံးသည့်အခါ သွေးဆာနေမှုများ
ပြည့်နှက်နေသည့် စာကြည့်ခန်းကို သူ
ရောက်သည် ။ တည်ငြိမ်နေသော ခြေလှမ်း
များနှင့် အခန်းထဲကို ခြေချလိုက်သည် ။
အခန်းထဲရောက်သည်နှင့် တပြိုင်နက်
သံတံခါးကို ကုတ်ခြစ်နေသည့်
လက်သည်းရှည်များ၏ အသံကို
ကျောချမ်းဖွယ် ကြားလိုက်ရသည် ။
သူ ရှေ့ဆက်မတိုးဘဲ ရပ်တန့်သွားခဲ့သည် ။
သူ့ လုပ်မည့်အရာက အကျိုးရှိနိုင်ပါ့မလား
တွေးမိသည် ။ သို့ပေမဲ့ သူ ရှေ့ဆက်တိုးရန်
ဆုံးဖြတ်လိုက်သည် ။ လူတစ်ယောက်ကို
အစာမကျွေးပဲ ပစ်ထားသည်က သနား
ညှာတာမှု ကင်းမဲ့လှသည် ။ ထို့ကြောင့်
သူ ပန်းချီကားနောက်က သံတံခါးကို
ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည် ။
အရိပ်တစ်ခုက ချက်ချင်းပင် အမှောင်ထဲကို
ပြေးဝင်သွားခဲ့သည် ။ သူ အသက်ပြင်းပြင်း
ရှူလိုက်ပြီး ပြောရန် စကားလုံးများကို
ရွေးချယ်လိုက်သည် ။
" ဆယ်နာ..."
" ဆယ်နာ ခဏလောက် ထွက်လာပါဦး "
" ငါ နင့်ကို နာအောင် မလုပ်ပါဘူး..."
" ငါ ကတိပေးပါတယ်..."
သူ့ စကားသံများက အမှောင်ခန်းထဲတွင်
ပဲ့တင်ရိုက်ခတ်နေသည် ။ လေထုက
ပို၍ အေးစက်သထက် အေးစက်လာခဲ့သည်။
အမှောင်ထဲမှ ဆယ်နာ၏ ကြောက်ရွံ့မှုက
သူ့ဆီ ရိုက်ခတ်လာသည် ။ နှလုံးအိမ်ကို
ဆွဲဖြုတ်ခံလိုက်ရသည့်သဖွယ် လစ်ဟာ
သွားသည့် အကြောက်တရားက ခန္ဓာကိုယ်ထဲကို နေရာမလပ် တိုးဝင်လာသည် ။
လက်ထဲက ထမင်းပန်းကန်ကို ညစ်ထေး
အေးစက်နေသည့် ကြမ်းပြင်ကို ချလိုက်
သည် ။ လက်တို့သည် အနည်းငယ် တုန်ရီ
နေသည် ။
" နင် စားဖို့ပါ..ငါ သွားမယ်နော်...
မကြောက်ပဲ လာစားပါ..."
သူ မှောင်မိုက်ဆိုးညစ်သည့် အခန်းမှ
ပြန်ထွက်ခဲ့သည် ။ အပြင်ရောက်သည့်အခါ
သူ၏ နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်သည်အထိ နှလုံးခုန်မြန်နေခဲ့သည် ။
လက်သည်းရှည်များ စိုက်ဝင်ခဲ့သည့်
လည်ပင်းပေါ်က အနာရွတ်များကို
ယောင်ယမ်းပြီး ကိုင်မိသည့်အထိ သူ
ထိတ်လန့်နေခဲ့သည် ။
×
နေ့အလင်းပျောက်၍ အမှောင်ထု ချဥ်းနင်း
လာသည့်အခါ သူ မှိန်ပြပြ မီးရောင်သာ
ရှိသည့် ဂျီမင်၏ အိပ်ခန်းထဲကို ဝင်လာသည်။
ဂျီမင်က အနားက ညမီးအိမ်မှ အလင်းဖြင့်
ဥပဒေရေးရာစာအုပ်တစ်အုပ်ကို ငြိမ်သက်စွာ
ဖတ်နေသည် ။
" ဂျီမင်..."
သူ့ခေါ်သံကြောင့် ဂျီမင်က စာအုပ်ကို
ပိတ်လိုက်ပြီး သူ့ကို မော့ကြည့်လာသည် ။
နေမကောင်း စဖြစ်ကတည်းက ဂျီမင်က
သူ့ကို စကားသိပ်မပြောတော့ပါ ။
အဓိပ္ပာယ်ဖော်ရခက်သည့် အကြည့်များဖြင့်သာ စိုက်ကြည့်တတ်သည် ။
" ကျွန်တော် ဘာလုပ်လာတယ်ထင်လဲ..."
သူ့မေးခွန်းကြောင့် ဂျီမင်က သူ့ကို စူးစမ်း
လာသည် ။
" ကြက်ဥပူတင်း လုပ်လာတယ်...
ဂျီမင်ရဲ့recipeအတိုင်း...."
ရယ်သံစွက်နေသည့် စကားသံက
ဆည်းလည်းလေးများ လှုပ်ခါသွားသလို
ဂျီမင်၏ နားစည်ကို ရိုက်ခတ်သည် ။
အငွေ့အနည်းငယ် ထွက်နေသည့်
ခပ်ပူပူ ကြက်ဥပူတင်း ပန်းကန်က
ချစ်သောရဲ့ လက်ထဲမှာ ။
" ကျွန်တော် ခွံ့ကျွေးမယ်..."
ဂျီမင်က ပြန်လည်၍ ထူထူထောင်ထောင်
ဖြစ်လာပေမဲ့ သူ ဂရုစိုက်မှုများက
လျော့မသွား ၊ ပိုလို့ပင် တိုး၍လာသည် ။
လစ်ဟာမှု မရှိစေရ ။
" ဘယ်လိုလဲ...ဂျီမင်လက်ရာကို မှီရဲ့လား.."
" နည်းနည်း အချိုပေါ့နေတယ်..."
" ဟုတ်လား..."
ချစ်သောက မြည်းကြည့်သည် ။
" မမြည်းခဲ့ဘူးလား.."
ဂျီမင်က ဤသို့မေးတော့ ယုန်သွားလေးများ
ပေါ်လာအောင် ရယ်ပြသည် ။
" ဟီး မမြည်းခဲ့ဘူး..ဒီတိုင်း ယူလာတာ.."
ဂျီမင် ခပ်ဖျော့ဖျော့ ပြုံးမိသည် ။
ချစ်သော ကပဲ ဖြူစင်ရိုးသားလွန်းပေလား၊
သူကပဲ ဆိုးညစ်လွန်းပေလား မသိ ၊
အပြုအမူတွေရဲ့ လားရာက အမြဲတစေ
ဆန့်ကျင်နေသည်။ဒီအချက်ပဲ သူတို့ကြားမှာ
ချစ်ခြင်းတရားကို မွေးမြူပေးခဲ့သည် ထင် ။
" ချစ်သော သိလား..ချိုအောင် လုပ်လို့
ရတယ်.."
" ဟုတ်လား...ဘယ်လိုမျိုးလဲ ဂျီမင်..."
ချစ်သော၏ မျက်ဝန်းဝိုင်းဝိုင်းများက
စူးစမ်းမှုကြောင့် ပို၍ပင် ဝိုင်းစက်သွားသည် ။
" ဒီနားလာ..."
သူ့နံဘေးကို ပုတ်ပြတော့ ချက်ချင်း
ဝင်ထိုင်သည် ။
" ကိုယ့်ကိုကြည့်ပါဦး..."
ချစ်သော က မော့ကြည့်လာသည့်အခါ
ချစ်သော၏ နှုတ်ခမ်းများကို ဖွဖွလေး
ထိကပ်လိုက်သည် ။ နွေးနွေးအိအိ
နှုတ်ခမ်းသားများက ကြက်ဥပူတင်းထက်
အဆပေါင်းများစွာ ချိုသည် ။
ချစ်သောကို ခါးမှ ဆွဲယူကာ ခန္ဓာကိုယ်ချင်း
တိုးကပ်မိတော့ ခပ်တိုးတိုး စကားသံလေး
ထွက်လာပြန်သည် ။
" ဂျီမင် ကြက်ဥပူတင်းတွေ မှောက်ကုန်မယ်"
" ကြက်ဥပူတင်းကို ထားလိုက်ကွာ...
ကိုယ် မင်းကို နမ်းချင်တယ် ချစ်သော "
ချစ်သော ပါးပြင်တွေ အနည်းငယ် ရဲသွား
သည် ။ အောက်နှုတ်ခမ်းကို ကိုက်ရင်း
ကြက်ဥပူတင်း ပန်းကန်ကို အနားက
စားပွဲပေါ် တင်သည် ။ ပြီးတော့ သူ့ဘက်ကို
ပြန်လှည့်လာသည် ။
ချစ်သော ကို ပွေ့ပိုက် ဆွဲယူလိုက်ပြီး
အိပ်ရာပေါ်ကို တွန်းကပ်လိုက်သည် ။
သူက အပေါ်ကနေ အုပ်မိုးရင်း မည်သည့်
အခါမှ ကြည့်မဝနိုင်သည့် မြတ်နိုးရာ
နှလုံးသားလေးကို ရှုစားရပြန်သည် ။
" ချစ်တယ်..ချစ်သော...ကိုယ့်ကို
ထားမသွားပါနဲ့..."
သူ ပြန်ဖြေချိန် မရခင်မှာပင် ဂျီမင်က
ငုံ့ချပြီး နှုတ်ခမ်းများကို ငုံထွေးသည် ။
ဂျီမင်၏ နှုတ်ခမ်းထူများက ဘယ်သော
အခါကမှ ရိုးအီမသွားခဲ့။ အကြိမ်ကြိမ်
အခါခါ သက်ဆင်းရသည့် ကျော့ကွင်း
တစ်ခုအလား ၊ ထိုနှုတ်ခမ်းများကို
ထိတွေ့ရချိန်တိုင်း သူဟာ အနမ်းများကြား
ပျော်ဝင်နေခဲ့သည် ။
ဂျီမင်က သူ၏ အင်္ကျီများကို တစ်လွှာချင်း
ဖယ်ရှားသည် ။ ပေါ်ထွက်လာသည့်
ကြွေကဲ့သို့သော မထိရက်မကိုင်ရက်
အစိတ်အပိုင်းများကို ခပ်ဖွဖွ နမ်းသည် ။
သူရဲ့ စိတ်အလုံးစုံကို ဂျီမင်က ဆွဲယူ
သွားသည် ။
သို့ပေမဲ့ အတွေးလေး တစ်ချက်တွင်တော့...
ကျွန်တော်လည်း ဂျီမင်ကို သိပ်ချစ်တယ်..
ဒါပေမဲ့.......။
Alexandrine[2352024]
I need feedbacks😞
Zawgyi
" ဂ်ီမင္ သက္သာလား...ေနရထိုင္ရ
အဆင္ေျပလား "
ကိတ္မုန္႔ႏွင့္ႏြားပူပူတစ္ခြက္ကို ဗန္းျဖင့္
သယ္လာသည့္ ခ်စ္ေသာဆီမွ ေမးခြန္း ။
တုန္႔ျပန္မႈအေနႏွင့္ ေခါင္းၿငိမ့္လိုက္မိသည္ ။
သူသည္ အိပ္ရာေပၚတြင္ ကုတင္ေခါင္းရင္းကို မွီကာ ထိုင္ေနသည္ ။
" ဂ်ီမင္က ဆန္ျပဳတ္မႀကိဳက္လို႔ ကြၽန္ေတာ္
ကိတ္မုန္႔ေလး ယူလာတယ္...စားမယ္မလား"
ခ်စ္ေသာ ကို သူ ေမာ့ၾကည့္လိုက္သည္ ။
ဘာမွစားခ်င္စိတ္ မ႐ွိေပမဲ့ ခ်စ္ေသာရဲ႕
မ်က္ဝန္းေတြထဲမွာ သူ႕ကို စားေစလိုေသာ
အရိပ္အေယာင္မ်ားကို ျမင္ေတြ႕လိုက္ေသာေၾကာင့္ သူ ကိတ္မုန္႔ ပန္းကန္ဆီ လက္လွမ္း
လိုက္သည္ ။
" ကြၽန္ေတာ္ ခြံ႕ေကြၽးမယ္..ဂ်ီမင္က
ၿငိမ္ၿငိမ္ေလးေန..."
ပန္းကန္ကို ဦးေအာင္ယူလိုက္ၿပီး ခ်စ္ေသာက
အနားကို ဝင္ထိုင္သည္ ။ ႏႈတ္ခမ္းတြင္လည္း
သူ သိပ္ျမတ္ႏိုးေသာ အျပဳံးေလးကို
ခ်ိတ္ဆြဲထားသည္ ။
" ဒါေလးေတြ စားၿပီး ေဆးေသာက္ၾကတာေပါ့...ပါးစပ္ ဟ ပါဦး "
ပါးစပ္ထဲေရာက္လာသည့္ ကိတ္မုန္႔တစ္ဖဲ့ဟာ ပ်ားရည္ရနံ႔သင္းသင္းျဖင့္ ခ်ိဳျမ
ေနသည္ ။ ကိတ္မုန္႔ကို အပိုင္းေသးေသးေလး
ေတြ ျဖစ္ေအာင္ ဖဲ့ၿပီး ျဖည္းျဖည္းခ်င္း
သူ႕ကို ခြံ႕သည္ ။ ဒီအခိုက္အတန္႔ေတြကို
ေသတၱာေလးထဲ ထည့္သိမ္းထားလို႔ရလွ်င္
သိပ္ေကာင္းမည္ဟု ဂ်ီမင္ ေတြးမိသည္ ။
ႏြားႏို႔တစ္ခြက္ႏွင့္ ကိတ္မုန္႔ ကုန္သြားသည့္အခါ သူ႕လက္ဖဝါးထဲသို႔ ေရာင္စုံေဆးလုံး
တခ်ိဳ႕ ေရာက္လာသည္ ။ ခ်စ္ေသာက
ေရတစ္ခြက္ကို ကမ္းေပးသည္ ။
မၾကည္မလင္ေသာ သက္ျပင္းတစ္ခုကို
ခ်လိုက္ၿပီး ေဆးလုံးမ်ားကို ေသာက္လိုက္
သည္ ။
" ေနေကာင္းရင္ ေသာက္စရာမလိုေတာ့ပါဘူး
အဲဒီလိုႀကီး ဆူပုတ္မေနပါနဲ႔ဦး...."
ခ်စ္ေသာ၏ စေနာက္မႈမွာ သူ ျပဳံးမိလိုက္လား သူ မသိ၊ ခ်စ္ေသာကို တေမ့တေမာ
ေငးခဲ့မိတာေတာ့ သူ ေသခ်ာ သိသည္ ။
ခ်စ္ေသာ၏ ဒီလို ခ်စ္ဖို႔ေကာင္းသည့္ ပုံစံကို
သူ ဘယ္ေလာက္ေတာင္ ျပန္ျမင္ခ်င္ခဲ့သလဲ။
ခ်စ္ေသာရဲ႕ အတိတ္ေမ့ကာလမ်ားမွာ
သူ ခ်စ္ေသာဆီ ေျပးဖက္ၿပီး
"ကိုယ္ ပင္ပန္းတယ္ " လို႔ ေျပာခ်င္မိတဲ့
အခိုက္အတန္႔ေတြ ႐ွိခဲ့သည္ ။ သို႔ေပမဲ့
ခ်စ္ေသာက သူ႕ကို ပစ္ပစ္ခါခါ ဖယ္ခြာခဲ့ျခင္းက ထိခ်က္ျပင္းခဲ့သည္ ။
ယခုလို ေႏြးေထြးမႈနဲ႔ ယုယျခင္းေတြ
ခ်စ္ေသာဆီက ျပန္ရသည့္အခါ သူ
ေပ်ာ္မိသည္ ။ ခ်စ္ေသာကိုလည္း ပို၍ပင္
လက္မလႊတ္ႏိုင္ေတာ့ေပ ။
ခ်စ္ေသာသည္ အဆိပ္တစ္ခြက္ ျဖစ္ခဲ့လွ်င္
ခ်စ္ေသာသည္ပဲ ေျဖေဆး ျဖစ္သည္ ။
×
ဂ်ီမင္ကို လွဲၿပီး အနားယူေစခဲ့ၿပီး သူက
စားေသာက္ၿပီးခဲ့သည့္ ပန္းကန္မ်ားကို
ယူခဲ့ကာ အခန္းတံခါးကို ပိတ္လိုက္သည္ ။
မီးဖိုေခ်ာင္ထဲသို႔ ဝင္သြားလိုက္ၿပီး
ပန္းကန္မ်ား ေဆးေနမိရင္း သူ အေတြး
တစ္ခု ရလာမိသည္ ။
ထမင္းတစ္ပန္းကန္ထဲသို႔ ဟင္းအနည္းငယ္
ထည့္ကာ သူ သယ္လိုက္သည္ ။ ဂ်ီမင္
႐ွိေနသည့္ အခန္းကို ေက်ာ္ျဖတ္သြားသည္ ။
အလင္းေရာင္ ေကာင္းေကာင္းမရသည့္
ေလွ်ာက္လမ္း႐ွည္တေလွ်ာက္ ေသာ့ခတ္
ထားသည့္ အခန္းေပါင္းမ်ားစြာ ျဖတ္ေက်ာ္
ခဲ့သည္ ။
လမ္းဆုံးသည့္အခါ ေသြးဆာေနမႈမ်ား
ျပည့္ႏွက္ေနသည့္ စာၾကည့္ခန္းကို သူ
ေရာက္သည္ ။ တည္ၿငိမ္ေနေသာ ေျခလွမ္း
မ်ားႏွင့္ အခန္းထဲကို ေျခခ်လိုက္သည္ ။
အခန္းထဲေရာက္သည္ႏွင့္ တၿပိဳင္နက္
သံတံခါးကို ကုတ္ျခစ္ေနသည့္
လက္သည္း႐ွည္မ်ား၏ အသံကို
ေက်ာခ်မ္းဖြယ္ ၾကားလိုက္ရသည္ ။
သူ ေ႐ွ႕ဆက္မတိုးဘဲ ရပ္တန္႔သြားခဲ့သည္ ။
သူ႕ လုပ္မည့္အရာက အက်ိဳး႐ွိႏိုင္ပါ့မလား
ေတြးမိသည္ ။ သို႔ေပမဲ့ သူ ေ႐ွ႕ဆက္တိုးရန္
ဆုံးျဖတ္လိုက္သည္ ။ လူတစ္ေယာက္ကို
အစာမေကြၽးပဲ ပစ္ထားသည္က သနား
ညႇာတာမႈ ကင္းမဲ့လွသည္ ။ ထို႔ေၾကာင့္
သူ ပန္းခ်ီကားေနာက္က သံတံခါးကို
ျဖည္းညႇင္းစြာ တြန္းဖြင့္လိုက္သည္ ။
အရိပ္တစ္ခုက ခ်က္ခ်င္းပင္ အေမွာင္ထဲကို
ေျပးဝင္သြားခဲ့သည္ ။ သူ အသက္ျပင္းျပင္း
႐ွဴလိုက္ၿပီး ေျပာရန္ စကားလုံးမ်ားကို
ေ႐ြးခ်ယ္လိုက္သည္ ။
" ဆယ္နာ..."
" ဆယ္နာ ခဏေလာက္ ထြက္လာပါဦး "
" ငါ နင့္ကို နာေအာင္ မလုပ္ပါဘူး..."
" ငါ ကတိေပးပါတယ္..."
သူ႕ စကားသံမ်ားက အေမွာင္ခန္းထဲတြင္
ပဲ့တင္႐ိုက္ခတ္ေနသည္ ။ ေလထုက
ပို၍ ေအးစက္သထက္ ေအးစက္လာခဲ့သည္။
အေမွာင္ထဲမွ ဆယ္နာ၏ ေၾကာက္႐ြံ႕မႈက
သူ႕ဆီ ႐ိုက္ခတ္လာသည္ ။ ႏွလုံးအိမ္ကို
ဆြဲျဖဳတ္ခံလိုက္ရသည့္သဖြယ္ လစ္ဟာ
သြားသည့္ အေၾကာက္တရားက ခႏၶာကိုယ္ထဲကို ေနရာမလပ္ တိုးဝင္လာသည္ ။
လက္ထဲက ထမင္းပန္းကန္ကို ညစ္ေထး
ေအးစက္ေနသည့္ ၾကမ္းျပင္ကို ခ်လိုက္
သည္ ။ လက္တို႔သည္ အနည္းငယ္ တုန္ရီ
ေနသည္ ။
" နင္ စားဖို႔ပါ..ငါ သြားမယ္ေနာ္...
မေၾကာက္ပဲ လာစားပါ..."
သူ ေမွာင္မိုက္ဆိုးညစ္သည့္ အခန္းမွ
ျပန္ထြက္ခဲ့သည္ ။ အျပင္ေရာက္သည့္အခါ
သူ၏ ႏွလုံးခုန္သံကိုပင္ ျပန္ၾကားႏိုင္သည္အထိ ႏွလုံးခုန္ျမန္ေနခဲ့သည္ ။
လက္သည္း႐ွည္မ်ား စိုက္ဝင္ခဲ့သည့္
လည္ပင္းေပၚက အနာ႐ြတ္မ်ားကို
ေယာင္ယမ္းၿပီး ကိုင္မိသည့္အထိ သူ
ထိတ္လန္႔ေနခဲ့သည္ ။
×
ေန႔အလင္းေပ်ာက္၍ အေမွာင္ထု ခ်ဥ္းနင္း
လာသည့္အခါ သူ မွိန္ျပျပ မီးေရာင္သာ
႐ွိသည့္ ဂ်ီမင္၏ အိပ္ခန္းထဲကို ဝင္လာသည္။
ဂ်ီမင္က အနားက ညမီးအိမ္မွ အလင္းျဖင့္
ဥပေဒေရးရာစာအုပ္တစ္အုပ္ကို ၿငိမ္သက္စြာ
ဖတ္ေနသည္ ။
" ဂ်ီမင္..."
သူ႕ေခၚသံေၾကာင့္ ဂ်ီမင္က စာအုပ္ကို
ပိတ္လိုက္ၿပီး သူ႕ကို ေမာ့ၾကည့္လာသည္ ။
ေနမေကာင္း စျဖစ္ကတည္းက ဂ်ီမင္က
သူ႕ကို စကားသိပ္မေျပာေတာ့ပါ ။
အဓိပၸာယ္ေဖာ္ရခက္သည့္ အၾကည့္မ်ားျဖင့္သာ စိုက္ၾကည့္တတ္သည္ ။
" ကြၽန္ေတာ္ ဘာလုပ္လာတယ္ထင္လဲ..."
သူ႕ေမးခြန္းေၾကာင့္ ဂ်ီမင္က သူ႕ကို စူးစမ္း
လာသည္ ။
" ၾကက္ဥပူတင္း လုပ္လာတယ္...
ဂ်ီမင္ရဲ႕recipeအတိုင္း...."
ရယ္သံစြက္ေနသည့္ စကားသံက
ဆည္းလည္းေလးမ်ား လႈပ္ခါသြားသလို
ဂ်ီမင္၏ နားစည္ကို ႐ိုက္ခတ္သည္ ။
အေငြ႕အနည္းငယ္ ထြက္ေနသည့္
ခပ္ပူပူ ၾကက္ဥပူတင္း ပန္းကန္က
ခ်စ္ေသာရဲ႕ လက္ထဲမွာ ။
" ကြၽန္ေတာ္ ခြံ႕ေကြၽးမယ္..."
ဂ်ီမင္က ျပန္လည္၍ ထူထူေထာင္ေထာင္
ျဖစ္လာေပမဲ့ သူ ဂ႐ုစိုက္မႈမ်ားက
ေလ်ာ့မသြား ၊ ပိုလို႔ပင္ တိုး၍လာသည္ ။
လစ္ဟာမႈ မ႐ွိေစရ ။
" ဘယ္လိုလဲ...ဂ်ီမင္လက္ရာကို မွီရဲ႕လား.."
" နည္းနည္း အခ်ိဳေပါ့ေနတယ္..."
" ဟုတ္လား..."
ခ်စ္ေသာက ျမည္းၾကည့္သည္ ။
" မျမည္းခဲ့ဘူးလား.."
ဂ်ီမင္က ဤသို႔ေမးေတာ့ ယုန္သြားေလးမ်ား
ေပၚလာေအာင္ ရယ္ျပသည္ ။
" ဟီး မျမည္းခဲ့ဘူး..ဒီတိုင္း ယူလာတာ.."
ဂ်ီမင္ ခပ္ေဖ်ာ့ေဖ်ာ့ ျပဳံးမိသည္ ။
ခ်စ္ေသာ ကပဲ ျဖဴစင္႐ိုးသားလြန္းေပလား၊
သူကပဲ ဆိုးညစ္လြန္းေပလား မသိ ၊
အျပဳအမူေတြရဲ႕ လားရာက အၿမဲတေစ
ဆန္႔က်င္ေနသည္။ဒီအခ်က္ပဲ သူတို႔ၾကားမွာ
ခ်စ္ျခင္းတရားကို ေမြးျမဴေပးခဲ့သည္ ထင္ ။
" ခ်စ္ေသာ သိလား..ခ်ိဳေအာင္ လုပ္လို႔
ရတယ္.."
" ဟုတ္လား...ဘယ္လိုမ်ိဳးလဲ ဂ်ီမင္..."
ခ်စ္ေသာ၏ မ်က္ဝန္းဝိုင္းဝိုင္းမ်ားက
စူးစမ္းမႈေၾကာင့္ ပို၍ပင္ ဝိုင္းစက္သြားသည္ ။
" ဒီနားလာ..."
သူ႕နံေဘးကို ပုတ္ျပေတာ့ ခ်က္ခ်င္း
ဝင္ထိုင္သည္ ။
" ကိုယ့္ကိုၾကည့္ပါဦး..."
ခ်စ္ေသာ က ေမာ့ၾကည့္လာသည့္အခါ
ခ်စ္ေသာ၏ ႏႈတ္ခမ္းမ်ားကို ဖြဖြေလး
ထိကပ္လိုက္သည္ ။ ေႏြးေႏြးအိအိ
ႏႈတ္ခမ္းသားမ်ားက ၾကက္ဥပူတင္းထက္
အဆေပါင္းမ်ားစြာ ခ်ိဳသည္ ။
ခ်စ္ေသာကို ခါးမွ ဆြဲယူကာ ခႏၶာကိုယ္ခ်င္း
တိုးကပ္မိေတာ့ ခပ္တိုးတိုး စကားသံေလး
ထြက္လာျပန္သည္ ။
" ဂ်ီမင္ ၾကက္ဥပူတင္းေတြ ေမွာက္ကုန္မယ္"
" ၾကက္ဥပူတင္းကို ထားလိုက္ကြာ...
ကိုယ္ မင္းကို နမ္းခ်င္တယ္ ခ်စ္ေသာ "
ခ်စ္ေသာ ပါးျပင္ေတြ အနည္းငယ္ ရဲသြား
သည္ ။ ေအာက္ႏႈတ္ခမ္းကို ကိုက္ရင္း
ၾကက္ဥပူတင္း ပန္းကန္ကို အနားက
စားပြဲေပၚ တင္သည္ ။ ၿပီးေတာ့ သူ႕ဘက္ကို
ျပန္လွည့္လာသည္ ။
ခ်စ္ေသာ ကို ေပြ႕ပိုက္ ဆြဲယူလိုက္ၿပီး
အိပ္ရာေပၚကို တြန္းကပ္လိုက္သည္ ။
သူက အေပၚကေန အုပ္မိုးရင္း မည္သည့္
အခါမွ ၾကည့္မဝႏိုင္သည့္ ျမတ္ႏိုးရာ
ႏွလုံးသားေလးကို ႐ႈစားရျပန္သည္ ။
" ခ်စ္တယ္..ခ်စ္ေသာ...ကိုယ့္ကို
ထားမသြားပါနဲ႔..."
သူ ျပန္ေျဖခ်ိန္ မရခင္မွာပင္ ဂ်ီမင္က
ငုံ႔ခ်ၿပီး ႏႈတ္ခမ္းမ်ားကို ငုံေထြးသည္ ။
ဂ်ီမင္၏ ႏႈတ္ခမ္းထူမ်ားက ဘယ္ေသာ
အခါကမွ ႐ိုးအီမသြားခဲ့။ အႀကိမ္ႀကိမ္
အခါခါ သက္ဆင္းရသည့္ ေက်ာ့ကြင္း
တစ္ခုအလား ၊ ထိုႏႈတ္ခမ္းမ်ားကို
ထိေတြ႕ရခ်ိန္တိုင္း သူဟာ အနမ္းမ်ားၾကား
ေပ်ာ္ဝင္ေနခဲ့သည္ ။
ဂ်ီမင္က သူ၏ အက်ႌမ်ားကို တစ္လႊာခ်င္း
ဖယ္႐ွားသည္ ။ ေပၚထြက္လာသည့္
ေႂကြကဲ့သို႔ေသာ မထိရက္မကိုင္ရက္
အစိတ္အပိုင္းမ်ားကို ခပ္ဖြဖြ နမ္းသည္ ။
သူရဲ႕ စိတ္အလုံးစုံကို ဂ်ီမင္က ဆြဲယူ
သြားသည္ ။
သို႔ေပမဲ့ အေတြးေလး တစ္ခ်က္တြင္ေတာ့...
ကြၽန္ေတာ္လည္း ဂ်ီမင္ကို သိပ္ခ်စ္တယ္..
ဒါေပမဲ့.......။
Alexandrine[2352024]
I need feedbacks😞
Bạn đang đọc truyện trên: AzTruyen.Top