17
Unicode
" ဂျီမင်...ကျွန်တော့်ကို ဒီ့ထက်ပိုပြီး
တိတိကျကျ ပြောပြလို့မရဘူးလား...."
သူ့စကားကြောင့် သူ့လက်တွေကို ဆပ်ပြာ
တိုက်ပေးနေတဲ့ အကြီးအကဲ ခေတ္တ
ရပ်တန့်သွားသည် ။ နောက်မှ သက်ပြင်း
သဲ့သဲ့ ချရင်း သူ့ကို ကြည့်လာသည် ။
" ဘာလို့ အရမ်း သိချင်နေရတာလဲ ဂျွန်.."
" ကျွန်တော် သတိပြန်ရလာတာ ၄လ
ရှိနေပြီ...ကျွန်တော် ဘာဆိုဘာမှ မမှတ်မိ
သလို ဘာကြောင့် ကျွန်တော် အခုလို
အတိတ်မေ့သွားရတာလဲတောင် မသိရဘူး..
ဒီကြားထဲ ကျွန်တော့်ခြေထောက်တွေကလည်း ပြန်မကောင်းလာသေးဘူး..ဂျီမင်ရာ
ကျွန်တော့်ဘက်က ခံစားချက်ကို ငဲ့ပြီး
ဂျီမင် သိသလောက် ပြောပြပေးပါ "
မျက်ရည်တွေလိမ့်ဆင်းလာရင်း ကြေကွဲစွာ
ပြောလာသူကို ကြည့်ရင်း ဂျီမင် လမ်းပျောက်
လာသည် ။ ဒီနေ့က ပိတ်ရက်မို့ ချစ်သောကို
ရေချိုးပေးပြီး တစ်နေ့ကုန် အချိန်ဖြုန်းမယ်
တွေးထားတာ ။ အခုလိုတွေ ဖြစ်လာတော့
ဒီအခြေအနေကနေ သူ ခေါင်းရှောင်ချင်မိသည် ။
" အတိတ်တွေက...နာကျင်စေမှာ....
မလှပဘူး...."
" ဘာတွေပဲလာလာ...ကျွန်တော် ခံနိုင်ရည်
ရှိပါတယ်...အခုလိုဘာမှမသိပဲ နေနေရတာက
ရှင်လျက်နဲ့သေနေရသလိုပဲ..."
" ကောင်းပြီလေ...ဂျွန်က သိပ်သိချင်နေမှတော့ ကိုယ်ပြောပြပါ့မယ်...အရင်ဆုံး
ရေချိုးတာကို လက်စသတ်ရအောင်...."
ချစ်သောကို အဝတ်အစားတွေ ဝတ်ပေးပြီးတဲ့နောက် ဂျီမင်ဟာ ဆိုဖာပေါ်မှာ ထိုင်ရင်း
အတန်ကြာ ငြိမ်သက်နေတယ် ။
" ပြဿနာအားလုံးရဲ့အစက ဂျွန်နဲ့ဂန်ဆယ်နာ
လက်ထပ်ပွဲ ဖျက်သိမ်းတဲ့ ကိစ္စ မဟုတ်ဘူး...
ဒီ့ထက် ပိုကြီးမားတဲ့ ကိစ္စ...."
ဂျီမင်က အစချီလိုက်ရင်း အတိတ်၏
စာမျက်နှာတွေဆီ ရောက်ခဲ့သည် ။
×
" ဂျီမင်ရာ..ကျွန်တော် တကယ်စိတ်ရှုပ်တယ်..
အဖေရော...ဆယ်နာရောက အလျော့မပေးကြဘူး...."
ချစ်သောက ဂျီမင်ရင်ခွင်ထဲကို တိုးဝင်ရင်း
စိတ်ရှုပ်စွာ ပြောလာသည် ။
" ကိုယ် ပြောပေးရမလား....ကိုယ် ပြောရင်
ရမှာပါ...."
" ဂျီမင် မပြောပါနဲ့....ဂျီမင်ပြောရင် ဂျီမင်
ထိခိုက်မှာစိုးလို့...."
" ကိုယ်က ဘာကိုထိခိုက်ရမှာလဲ ချစ်သောရဲ့"
" ဂျီမင်က မကြာခင် သမ္မတနေရာကို
လျာထားခံရတဲ့သူလေ...အခုကိစ္စမှာ
တစ်ခုခု လွဲချော်သွားရင် ဂျီမင်ရဲ့ ဂုဏ်သိက္ခာ
ထိခိုက်မှာ...."
" သမ္မတနေရာကို ကိုယ်က မက်မောနေလို့လား ချစ်သော...."
" ကိုယ် ဒီစကြဝဠာတစ်ခုလုံးမှာ အချစ်ဆုံးနဲ့
အမက်မောဆုံးက ချစ်သောပဲ..."
" ဒါပေမဲ့...."
" ရှူး....ချစ်သော ဘာမှ စိတ်မပူပါနဲ့....
ကိစ္စတွေကို ကိုယ် ကိုင်တွယ်နိုင်ပါတယ်...."
ဂျီမင်က ပြောပေမဲ့လည်း ဂျောင်ဂုက
စိတ်မသက်သာနိုင် ၊ ကိစ္စကြီးကြီးတစ်ခုက
ဆိုးဆိုးရွားရွား ဖြစ်တော့မယ် လို့ ခံစားနေ
ရသည် ။
* Ting *
ဂျီမင် ရင်ခွင်ထဲ အတွေးလွန်နေစဥ် ဖုန်းသို့
ဝင်လာသည့် စာတစ်စောင် ။ စာကို ဖွင့်ရန်
ပြင်နေဆဲမှာပဲ ဖုန်းဝင်လာသည် ။
အိမ်တော်ထိန်းဦးလေးက ဆက်တာ ။
" ဟယ်လို...ဦးလေး ဘာဖြစ်လို့လဲ..."
" သခင်လေး ဂျွန်...ကျွန်တော် တောင်းပန်
ပါတယ်..."
" ဘာဖြစ်တာလဲ ဦးလေး..."
" ကျွန်တော်..ကျွန်တော်...အစောကတည်းက
ပြောခဲ့သင့်တာ...မဖြစ်သင့်မှန်း ကျွန်တော်
သိပေမဲ့ ကြာရင် ပြီးသွားမယ်ထင်ပြီး
မပြောခဲ့တာ...အခုတော့ အခြေအနေတွေ
ပိိုမဆိုးခင် ပြောမှ ဖြစ်မယ်ထင်တယ်..."
" ဘာတွေ ဖြစ်နေတာလဲ ဦးလေး...ကျွန်တော့်ကို သေချာပြော..! "
ဂျောင်ဂု အသံကျယ်မိတာကြောင့် ဂျီမင်ကပါ
နားစွင့်နေသည် ။
" သခင်လေး သေချာနားထောင်ပေးပါ..."
"...."
" သခင်ကြီးနဲ့....မမလေးဆယ်နာက......
သခင်လေး တွေးထားတာထက် ကျော်လွန်တဲ့
အဆင့်တစ်ခုကို ရောက်နေကြတာ...."
" ဘယ်လို???မဖြစ်နိုင်တာ....."
ကြားလိုက်ရတာကို မယုံနိုင် ။ သံသယ
ဖြစ်ဖွယ် အခြေအနေတွေတော့ ရှိဖူးပေမဲ့
သူက နှစ်ယောက်လုံးကို အပြည့်အဝ
ယုံကြည်ထားတာ ။
" ကျွန်တော် တကယ် ပြောတာပါ...မယုံရင်
ကျွန်တော်ပို့လိုက်တဲ့ ပုံတွေကို ကြည့်ကြည့်ပါ
သခင်လေး...."
ဂျောင်ဂု စိတ်လှုပ်ရှားလွန်းတာကြောင့်
လက်တွေပါ ဆတ်ဆတ်တုန်နေသည် ။
" မဟုတ်..လောက်..ပါဘူး..."
ဂျောင်ဂု အသည်းအသန် ငြင်းနေပေမဲ့
ပုံတွေကိုကြည့်ရင်း မျက်ရည်တွေ ကျလာမိသည် ။
ဘာဖြစ်လို့ သူ့ ယုံကြည်မှုကို အလွဲသုံးစား
လုပ်ကြတာလဲ ။ ဒါက ဖောက်ပြန်မှုပဲလေ ။
သူ စိတ်ထဲ အက်ကြောင်းထင်သွားသည် ။
သူ ချက်ချင်း သူ့အဖေဖုန်းကို ခြေရာခံ
လိုက်သည် ။ သူ့အဖေက ကုမ္ပဏီမှာ
မဟုတ်ပဲ တိုက်ခန်းတစ်ခုမှာ ။ သူ လိပ်စာကို
သိရတာနဲ့ ချက်ချင်းသွားရန် ပြင်သည် ။
" ချစ်သော...ဘယ်သွားမို့လဲ...ဖုန်းကျန်ခဲ့--"
ပွင့်လျက်သားဖုန်းကို ကိုင်လိုက်တာကြောင့်
ဂျီမင်ပါ ဓာတ်ပုံတွေကို မြင်သွားသည် ။
ချစ်သော ကတော့ ကားကို အရှိန်အမြင့်ဆုံး
မောင်းနှင်လျက် ထွက်သွားလေပြီ ။
ရှေးဟောင်းအဆောက်အအုံသဏ္ဌာန်
တိုက်ရှေ့ရောက်တော့ သူ အသက်ပြင်းပြင်း
အရင်ရှူလိုက်ပြီးမှ ဝင်သွားသည် ။
တိုက်က ရှေးဟောင်းပုံစံမို့ မျက်နှာစာမှာ
လှေကားက ဘယ်တစ်ဖက် ညာတစ်ဖက်စီ
ရှိနေသည် ။ လှေကားက ဝိုက်ပြီး တက်ရသည့် ကြောင်လိမ်လှေကား ပုံစံမျိုး ဖြစ်သည် ။
သူ့အဖေက သုံးလွှာရဲ့ မျက်နှာစာအခန်းမှာ
ရှိနေကြောင်း သိရသည် ။
သူ လှေကားအတိုင်းတက်သွားရင်း
သူ့အဖေရှိနေသည်ဆိုသော အခန်းရှေ့ကို
ရောက်သည်။တံခါးမခေါက်ခင် ကော်ရစ်ဒါကနေ အောက်ကို တစ်ချက်ငုံ့ကြည့်လိုက်မိသည် ။ မြေညီက ကြမ်းခင်းကို စိုက်ကြည့်ရင်း သူ့စိတ်တွေကို ငြိမ်အောင် စုစည်းလိုက်သည် ။
ငြိမ်သက်ပြီ ဆိုမှ အခန်းတံခါးဖက်ကို
ပြန်လှည့်ရင်း သူ တံခါးကို ဆွဲဖွင့်လိုက်သည်။
တံခါးက လော့မချထားတာကြောင့် အလွယ်တကူ ပွင့်သွားသည် ။
တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက
ဧည့်ခန်းက ဆိုဖာပေါ်က သူ့အဖေနဲ့ဆယ်နာ ။
သူတို့နှစ်ယောက်ပုံစံက အဝတ်အစား
ကပ်မနေပဲ မြင်လို့ မသင့်တော်သည့် အနေအထား ။ ဂျောင်ဂု သွေးတွေ
ဆောင့်တက်လာပြီး အသက်ရှူသံတွေ
ပြင်းထန်လာသည် ။
"...အ....ဖေ...."
မောဟိုက်နေသည့် ခေါ်သံမှာ အံကြိတ်သံ
တွေ ပါဝင်နေသည် ။ သူ့ အသံကြောင့်
ဖခင်က လှည့်ကြည့်လာပြီး သူ့ကို မြင်တော့
သွေးပျက်သွားသည့် မျက်နှာက သိပ်ကိုမှ
သွေးအန်ချင်စရာ ။ ဆယ်နာကလည်း
အံ့သြနေသည့် မျက်နှာနှင့် သူမ၏
ရှိုက်ကြီးရှိုက်ငယ်များကို ဖုံးကာနေသည် ။
" ဂျောင်...ဂျောင်..ဂု...."
" အဖေ...လုပ် ရက် တယ် နော်....
ကျွန်တော်...အများကြီး ယုံကြည်ခဲ့တာ...."
မျက်နှာတစ်ခုလုံး နီမြန်းလာရင်း ဂျောင်ဂုက
အသက်ရှူမဝတော့ ။ သူ့ အဖေက တွေ့ရာ
အင်္ကျီကို ကောက်စွပ်ရင်း သူ့ရှေ့ကို တိုးလာသည် ။
" ဘာလို့..အခုလို...လုပ်ရတာလဲ!!
ဘာလို့လဲ...!! "
ဂျောင်ဂုက ခြေလှမ်းတွေကို နောက်ဆုတ်ရင်း
အော်ဟစ်သည် ။ သွေးဖိအားတွေ တအား
ထိုးတက်လာတာကြောင့်လည်း ဂျောင်ဂု
မြင်ကွင်းတွေက မိုက်ခနဲ၊မိုက်ခနဲ ဖြစ်လာသည် ။
" ဂျောင်ဂု...သား...ရရဲ့လား..."
" မထိနဲ့....!!!"
ခေါင်းတစ်ခုခုလုံး ချာချာလည်အောင်
မူးလာတဲ့ သူ့ကို သူ့အဖေက လာထိန်းပေမဲ့
သူ ပုတ်ထုတ်မိသည် ။ အခုချိန်မှာ ထိုလူ
သူ့ကို လာထိကိုင်တာကို မလိုချင်ပါ ။
" ကို...ကို...! ဆယ်နာ...ဆယ်နာ...ရှင်းပြပါ့မယ်"
" မင်းလည်း တူတူပဲ....!! မင်း သူနဲ့ အခုလို
ဖြစ်မယ်ဆိုလည်း ငါ့ကို လက်လွှတ်ပေးပေါ့.."
" ဆယ်နာ ရှင်းပြပါ့မယ်...."
" မသိချင်ဘူး!!!!! "
ဂျောင်ဂု ခေါင်းတွေ အရမ်းမူးဝေလာပြီး
မတ်တပ်ရပ်ဖို့ပါ အားတွေ ကုန်ခမ်းလာတာ
ကြောင့် သူ့အနောက်က ကျွန်းဘောင်ကို
ဆုပ်ကိုင်လိုက်သည် ။
" ကို အဆင်ပြေရဲ့လား..."
သူ့ လက်မောင်းကို လာကိုင်တာကြောင့်
သူ ရုန်းခါလိုက်မိသည် ။ မြင်ကွင်းတွေ
ဝေ့ဝါးလာပြီး ခန္ဓာကိုယ်ကို သူ ဟန်ချက်
ညီအောင် မထိန်းထားနိုင်တော့ပေ ။
" သားငယ်...အဖေတို့ အရင်အိမ်တော်ပြန်ပြီး
စကားပြောကြမယ်နော်..."
ယိမ်းယိုင်နေတဲ့သူ့ကို လာတွဲကြတဲ့ အဖေနဲ့
ဆယ်နာကြောင့် သူ စိတ်နာကျင်မှုတွေက
ဒေါသကို ကူးလူးလာသည် ။
" မထိနဲ့!!!! လို့ ပြောနေတာ ခင်ဗျားတို့
နားမလည်ဘူးလား....ခင်ဗျားတို့ ေ-ာက်သားတွေကို ကျုပ် ေ-ာက်ရမ်းရွံလို့
နည်းနည်းမှ အထိမခံချင်ဘူးလို့...ပြောနေတာ...!!! "
" ဒါပေမဲ့----"
" ဘာလဲ...! ဘာ ဖြေရှင်းချင်နေတာလဲ...!!
နင်နဲ့ ဒီလူနဲ့ ခိုးစားနေတာလေ....ဒါကို
နင်က ဘာေ-ာက်ဆင်ခြေပေးနေတာလဲ...
ခွေးလောက်တောင် အဆင့်မရှိတဲ့ဟာမ!!! "
" နင်...နင်...ငါ့ကို အဲဒီလို မပြောနဲ့!! "
ဂျောင်ဂု၏ အသံကျယ်ကျယ်ကြောင့်
လူတချို့က စပ်စုလာသည် ။ ဆယ်နာလည်း
အာရုံစိုက်မှုကြောင့် ရှက်လာပြီး သူ(မ)အမှားကို ဖုံးကွယ်ဖို့ ရန်ပြန်တွေ့သည် ။
" ဘာလို့ မပြောရမှာလဲ...!! ငါ ပြောတာ
မှားနေလို့လား....နင် ခိုးစားနေတာလေ....
ငါနဲ့လည်း လက်ထပ်ချင်တယ်...ငါ့အဖေကိုလည်း လိုချင်တယ်...နင့်ဘဝမှာ အဲဒီလောက်တောင် ယောကျ်ား မက်နေတယ်ပေါ့ !!! "
" ပါးစပ်ပိတ်ထားလို့!!! "
ဆယ်နာသည် စိတ်မထိန်းနိုင်စွာ ဂျောင်ဂု
ရင်ဘတ်တွေကို တွန်းလွှတ်လိုက်သည် ။
နဂိုကတည်းက ဂျောင်ဂုသည် လေတိုက်လျှင်
လွင့်မည့်အခြေအနေကို ရောက်နေသည်က
တစ်ကြောင်း ၊ သူ ရပ်နေသည့်နေရာက
ကော်ရစ်ဒါလက်ရန်းနှင့် ကပ်လျက်မှာ
ဖြစ်သည်က တစ်ကြောင်း ဆယ်နာ၏
ရုတ်တရက် တွန်းလွှတ်လိုက်မှုမှာ ဂျောင်ဂုဟာ အားမထိန်းနိုင်ဘဲ ဟန်ချက်ပျက်ကာ
နောက်ကို လန်ကျသွားသည် ။
ဂျောင်ဂုသည် သုံးလွှာအမြင့်ကနေ
ပြုတ်ကျသွားတာ ။...
" မဖြစ်ဘူး!!!!! "
အခုမှ ဝင်ပေါက်ကို ရောက်လာတဲ့ ဂျီမင်က
အပြေးလာပေမဲ့ သူ ရလိုက်တာက
ချစ်သောရဲ့ သွေးရဲနေတဲ့ ခန္ဓာကိုယ် ။
သူ မော့ကြည့်လိုက်တော့ ချစ်သော ပြုတ်ကျလာတဲ့ နေရာကနေ သူတို့ကို ငုံ့ကြည့်နေတဲ့
လူနှစ်ယောက် ။
ဂျောင်ဂုအဖေနဲ့ ဂန်ဆယ်နာ...။
×
ဂျီမင်က ဒီမှာ စကားရပ်လိုက်သည် ။
သူ့ ကြည့်ရတာ စကားထပ်ပြောဖို့ကို
မလွယ်ကူတော့ သလို ။ မျက်ဝန်းတွေမှာလည်း နာကျည်းခြင်းနဲ့ကြေကွဲခြင်းတို့က
ရောယှက်နေသည် ။
" သူတို့...သူတို့ ကြောင့် ပေါ့..."
" အမှန်ပဲ...ဂျွန်...ကိုယ် ဒါကြောင့် မပြောပြ
ချင်ခဲ့တာ..."
" ကျွန်တော် ခဏလောက် တစ်ယောက်တည်း
နေလို့ရမလား...."
ဂျောင်ဂု ဆို့နင့်စွာ ခွင့်တောင်းလိုက်မိသည် ။
အကြီးအကဲကလည်း နားလည်သည်မို့
ခေါင်းငြိမ့်ပြကာ အခန်းထဲမှ ထွက်သွားသည်။
အခု အခန်းထဲမှာ သူတစ်ယောက်တည်း ။
တိတ်ဆိတ်နေတဲ့ ဝန်းကျင်မှာ ရှိုက်သံ
ညှင်းညှင်းက ထွက်ပေါ်လာသည် ။
အကြီးအကဲပြောသွားသည့် ကိစ္စများကို
တွေးကြည့်မိတာနဲ့ ရင်ဘတ်တစ်ခုလုံး
အောင့်တက်လာသည် ။ ဒီကိစ္စက အမှန်တကယ် ဖြစ်ခဲ့သည်ပဲ ။
ဒါပေမဲ့...ဒါပေမဲ့..........
သူ ဘာဖြစ်လို့ အခုပြောသည့် အကြောင်းအရာအားလုံးက စစ်မှန်သည်လို့
မခံစားရတာလဲ ။ အကြောင်းအရာရဲ့
အစိတ်အပိုင်းတချို့က အတုအယောင်တွေလို့ သူ ခံစားနေရသည် ။
ဒါက သူ့ ခံစားမှုသက်သက်ပဲ နေမှာပါ ။
အကြီးအကဲရဲ့ ပုံစံက အစစ်အမှန်ကို
ပြောသွားသည့်ပုံစံ ၊နောက်ပြီး သူလည်း
တကယ် ရင်တွေနာရသည် ။ ဒါက သူ့
မသိစိတ်ကနေ မှတ်မိနေခြင်းတစ်မျိုးပဲလေ ။
မတင်မကျ စိတ်တွေနဲ့ ဂျောင်ဂု မျက်လုံး
မှိတ်ချလိုက်သည် ။ ဒီကိစ္စတွေက မှန်လည်း
မှန်တယ် ၊ မှားလည်း မှားနေတယ် ။
မှားနေတယ်ဆို ဘယ်နေရာက မှားနေတာလဲ။
သူ့မှာ အဖြေမရှိ ။
ဂျောင်ဂုနှင့် ကပ်လျက်အခန်းမှာလည်း
ဂျီမင်က ဆေးလိပ်ကိုင်ထားရင်း ငြိမ်သက်
နေသည် ။ ဆေးလိပ်တစ်လိပ်လုံး နှုတ်ခမ်း၌
မတေ့လိုက်ရဘဲ ပြာဖြစ်သွားသည် အထိ
သူ့ စိတ်တွေ လွင့်ပျံ့နေခဲ့တယ် ။
" ငါ မှားနေလား....."
" ချစ်သောအပေါ် ငါ အတ္တကြီးနေမိလား..."
ချစ်သောကို လေပြင်းပြင်း တိုက်ရင်တောင်
သူက လက်တုံ့ပြန်မဲ့သူမို့ ချစ်သောကို
စိတ်ထိခိုက်စေခဲ့တဲ့ သူတွေကို သူအပြစ်ပေးခဲ့သည် ။ ဒါပေမဲ့ ချစ်သောကို စိတ်အား
ကိုယ်အား အဓိက နာကျင်စေသူက သူ ဖြစ်နေပြီလား...။
" လက်မလွှတ်ပေးနိုင်လို့ အလိမ်အညာတွေနဲ့
ပိတ်လှောင်ထားမိတာ တောင်းပန်ပါတယ်...
ကိုယ်သိပ်ချစ်လို့ပါ.....ချစ်သောရယ်...."
အတိတ်တွေက စစ်မှန်ရဲ့လား...။
×
ခေါင်းစားချင်လို့...နောက်ဆုံးက မေးခွန်းကို
ဘယ်လိုထင်လဲ ဖြေခဲ့ကြ ။😁
ဇာတ်လမ်းက ကျန်ပါတယ်သေးတယ်နော်
အဓိက အခန်းကြီး ၃ခန်းတောင် ကျန်သေးတယ် ။🤭
ဒါနဲ့ တစ်ခုပြောဖို့ မေ့နေတာ အပိုင်း၁၅မှာ
နည်းနည်းထပ်ဖြည့်ထားတယ် ဖတ်ရ
ပိုအဆင်ပြေအောင် ။သွားဖတ်ကြည့်ပါအုန်း။🤓
ပြီးတော့ ကျုပ်တို့ အကြီးအကဲ ဖမ်းထားတာ
ဘယ်သူလို့ ထင်လဲ ၊ တော်တော်များများကတော့ မှန်းဆမိတယ်ထင်တယ်🌝
ဖြေပေးခဲ့နော် ဖိဘက်လေးတွေလည်းပေး🤩
AlexandrineKim(24102023)
Zawgyi
ရပ်တန့်သွားသည် ။ နောက်မှ သက်ပြင်း
တွေးထားတာ ။ အခုလိုတွေ ဖြစ်လာတော့
မလှပဘူး...."
×
ရမှာပါ...."
ထိခိုက်မှာစိုးလို့...."
ထိခိုက်မှာ...."
" ဒါပေမဲ့...."
ရသည် ။
* Ting *
ဝင်လာသည့် စာတစ်စောင် ။ စာကို ဖွင့်ရန်
ပါတယ်..."
" ဘာဖြစ်တာလဲ ဦးလေး..."
ပိုမဆိုးခင် ပြောမှ ဖြစ်မယ်ထင်တယ်..."
နားစွင့်နေသည် ။
"...."
" ဘယ်လို???မဖြစ်နိုင်တာ....."
ယုံကြည်ထားတာ ။
သခင်လေး...."
" မဟုတ်..လောက်..ပါဘူး..."
လုပ်ကြတာလဲ ။ ဒါက ဖောက်ပြန်မှုပဲလေ ။
လိုက်သည် ။ သူ့အဖေက ကုမ္ပဏီမှာ
ရှိနေကြောင်း သိရသည် ။
ပြင်းထန်လာသည် ။
"...အ....ဖေ...."
တွေ ပါဝင်နေသည် ။ သူ့ အသံကြောင့်
သွေးအန်ချင်စရာ ။ ဆယ်နာကလည်း
" ဂျောင်...ဂျောင်..ဂု...."
" အဖေ...လုပ် ရက် တယ် နော်....
အသက်ရှူမဝတော့ ။ သူ့ အဖေက တွေ့ရာ
ဘာလို့လဲ...!! "
အော်ဟစ်သည် ။ သွေးဖိအားတွေ တအား
" ဂျောင်ဂု...သား...ရရဲ့လား..."
" မထိနဲ့....!!!"
သူ ပုတ်ထုတ်မိသည် ။ အခုချိန်မှာ ထိုလူ
" ဆယ်နာ ရှင်းပြပါ့မယ်...."
" မသိချင်ဘူး!!!!! "
ဆုပ်ကိုင်လိုက်သည် ။
" ကို အဆင်ပြေရဲ့လား..."
သူ ရုန်းခါလိုက်မိသည် ။ မြင်ကွင်းတွေ
စကားပြောကြမယ်နော်..."
ဒေါသကို ကူးလူးလာသည် ။
" ဒါပေမဲ့----"
လူတချို့က စပ်စုလာသည် ။ ဆယ်နာလည်း
ငါနဲ့လည်း လက်ထပ်ချင်တယ်...ငါ့အဖေကိုလည်း လိုချင်တယ်...နင့်ဘဝမှာ အဲဒီလောက်တောင် ယောက်ျား မက်နေတယ်ပေါ့ !!! "
" ပါးစပ်ပိတ်ထားလို့!!! "
ပြုတ်ကျသွားတာ ။...
" မဖြစ်ဘူး!!!!! "
လူနှစ်ယောက် ။
×
ရောယှက်နေသည် ။
ချင်ခဲ့တာ..."
နေလို့ရမလား...."
ဒါပေမဲ့...ဒါပေမဲ့..........
မခံစားရတာလဲ ။ အကြောင်းအရာရဲ့
တကယ် ရင်တွေနာရသည် ။ ဒါက သူ့
မှိတ်ချလိုက်သည် ။ ဒီကိစ္စတွေက မှန်လည်း
သူ့မှာ အဖြေမရှိ ။
" ငါ မှားနေလား....."
×
ဘယ်လိုထင်လဲ ဖြေခဲ့ကြ ။😁
ပိုအဆင်ပြေအောင် ။သွားဖတ်ကြည့်ပါအုန်း။🤓
Bạn đang đọc truyện trên: AzTruyen.Top