14

Unicode

ညစာစားပွဲက ပြန်ရောက်တော့ အတော်ပင်
ဉာဥ့်နက်နေလေပြီ ။ ဂျောင်ဂုအဖေကတော့
နားတော့မည်ဟု ဆိုကာ အခန်းအတွင်း
ဝင်သွားခဲ့ပြီ ။

ဂျောင်ဂုလည်း အတော်ပင်ပန်းနေသည်မို့
အိပ်ရာပေါ် ဖြစ်သလို ပစ်လှဲလိုက်မိသည် ။
နောက်တော့ တစ်စုံတစ်ခုကို သတိရပြီး
အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူလိုက်သည် ။

ထို့နောက် "အမျိုးသား🤍" ဟု လှလှလေး
မှတ်ထားသော ဖုန်းနံပါတ်လေးကို ခေါ်ဆို
လိုက်သည် ။ ဖုန်းဝင်ဝင်ချင်းပဲ ပြန်ဖြေသော
တစ်ဖက်က ဂျီမင် ။

" ဂျီမင်.."

" ချစ်သော...ဘာ ဖြစ်လို့ လဲ..."
ဂျီမင်အသံက အနည်းငယ် ရီဝေဝေ ။

" ဘာမှ မဖြစ်ပါဘူး..ဂျီမင် ဘာလုပ်နေလဲ
သိချင်လို့...ဒါနဲ့ ဂျီမင်သောက်ထားတာလား "

" အင်း နည်းနည်းသောက်ထားတာ..
အိပ်မပျော်လို့ မူးပြီး အိပ်ချင်လာအောင်..."

" ဟုတ်ပါပြီ...အများကြီးတော့ မသောက်နဲ့.."

" စကားနားထောင်ပါ့မယ်ဗျာ.."
ဂျီမင်၏ အဖြေစကားလှလှဟာ ဂျောင်ဂုဟာ
ယုန်သွားလေးတွေ ပေါ်အောင်ပြုံးသည် ။

" ညနေက စိတ်မဆိုးဘူးမလား..."

" မဆိုးပါဘူး...ကိုယ်နားလည်ပါတယ်.."

" ခဏလေးပဲ စောင့်ပေးပါ ဂျီမင်...ကျွန်တော်
ကြိုးစားနေပါတယ်..."

ကျွန်တော် ဂျီမင်ဆီ ရောက်လာဖို့ အများကြီး
ကြိုးစားနေတာမို့ ဂျီမင်က သည်းခံပြီး
စောင့်ပေးပါ ။ မကြာခင် အကုန်အဆင်ပြေ
တော့မှာ......။

" ကိုယ် အဆင်ပြေပါတယ်..ချစ်သောကို
ယုံတယ်.."

" ဟုတ်ပြီ..ဟုတ်ပြီ..ဒါဆို နားတော့လေနော်..
ကျွန်တော်လည်း အိပ်တော့မှာ..."

" ကောင်းပါပြီ ကိုယ့်ချစ်သော...အိမ်မက်
လှလှမက်ပါစေ...."
" ချစ်တယ်..."

" ပိုချစ်တယ် ဂျီမင်..."

ဖုန်းပြောမှု ပြီးဆုံးသွားတော့မှ ဂျီမင်
ပြုံးလိုက်သည် ။

သွေးစက်စက်ကျနေဆဲလက်နဲ့ကိုင်ထားတာမို့
ဖုန်းဟာ သွေးချင်းရဲနေသည် ။ အပေါ်ပိုင်း
ဗလာဖြင့် ဂျီမင်ဟာ အမှန်တော့ ဖန်ကွဲစ၊
မှန်ကွဲစတွေကြားထဲမှာ ထိုင်နေခဲ့တာ ။

ပွဲမှာတွေ့ခဲ့ရတဲ့ ချစ်သောနဲ့ ထိုမိန်းမရဲ့
ပုံရိပ်တွေက သူ့ဒေါသကို မိုင်ကုန်စေတယ် ။
ဖြစ်နိုင်ရင် ချစ်သော လက်ကို ဆွဲကိုင်ပြီး
သူ့အပိုင်ပါလို့ ပြောလိုက်ချင်တာ ။ ဒါပေမဲ့
ထိုမိန်းမနဲ့ ချစ်သော လက်ကိုင်ပြီး ထွက်သွားတာကိုပဲ ခံပြင်းစိတ် တနုံ့နုံ့ဖြင့် ကြည့်ခဲ့ရတယ်။ သိပ်ကိုမှ စိတ်ပျက်စရာ အခြေအနေပဲ

ဒါကြောင့်ပဲ စံအိမ် ပြန်ရောက်ကတည်းက ဒေါသများအားလုံးကို ပစ္စည်းတွေအပေါ်
ပုံချခဲ့တာ..တစ်အိမ်လုံးကို မွစာကျဲကာ ပျက်စီးလို့နေသည် ။

ခြေဖဝါး လက်ဖဝါးတွေမှာလည်း ဖန်ကွဲစ
တွေကြောင့် ရှရာဗလပွနဲ့ သွေးတွေဟာ
အိုင်ထွန်းနေသည် ။ သက်တော်စောင့်တွေကလည်း အနားမကပ်ရဲ ။ သူတို့ခေါင်းဆောင်
ဒေါသ သူတို့သိသည်မလား ။

" ဒါတွေ ရှင်းလိုက်..."

သွေးပေပွနေတဲ့ ခြေလှမ်းတွေနဲ့ ဂျီမင်ဟာ
ယိုင်တိယိုင်တိုင် အိပ်ခန်းဘက်ကို
လျှောက်သွားသည် ။

မိုးကျသံ တဖျောက်ဖျောက်နဲ့ စည်းချက်
ညီစွာ ဂျီမင်ဟာ တေးသွားတစ်ပုဒ်ကို
တီးတိုးညည်းနေပြီး သွေးထွက်နေဆဲ
ခန္ဓာနဲ့ပဲ ဝရန်တာကို ထွက်ရပ်ကာ မိုးစက်
မိုးမှုန်များ ကိုယ်ပေါ်ကျဆင်းလာသည်ကို
မျက်လုံးမှိတ်ကာ ခံစားနေသည် ။

ဆယ်နာ့လက်ကို ကိုင်ဆွဲကာ ထွက်သွားသည့်
ချစ်သောပုံရိပ်က အတွေးထဲ ဖြတ်ဝင်လာ
သည့်အခါ ဂျီမင်က ဆိုးယုတ်စွာ ရယ်သည် ။
မိုးထစ်ချုန်းသံတွေကြားမှာ ဂျီမင်၏
မိစ္ဆာဆန်ဆန်ရယ်သံဟာ အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားလျက် ။

×

" သခင်လေး...ဘာတွေလုပ်နေတာလဲ..."

မနက်၆နာရီအချိန်ကြီးမှာ မီးဖိုချောင်ထဲတွင်
တစ်ကိုယ်တည်း အလုပ်ရှုပ်နေသော
သခင်လေးဂျောင်ဂုကို အိမ်တော်ထိန်းကြီးက
အံ့သြစွာ မေးလိုက်သည် ။

" မနက်စာလုပ်နေတာ.."

" အယ်...ကောင်မလေးတွေက မနိုးကြသေး
ဘူးလား...ပေးပေး သခင်လေး..ဦးလေး
လုပ်ပေးမယ်...ထိုင်နေပါ.."

" ရတယ်..ဦးလေး ဒါ ကျွန်တော့်အတွက်
မဟုတ်ဘူးဗျ..."
ဂျောင်ဂုက ဤမျှသာပြန်ဖြေပြီး လုပ်လက်စကို မရပ်ခဲ့ပေ ။

အိမ်တော်ထိန်းကြီးသည် အလုပ်တစ်ခုချင်းစီ
တိုင်းကိုအနုစိတ်ဖြင့် သေသေချာချာ
လုပ်နေသော သခင်လေးကို ကြည့်ကာ
ပြုံးလိုက်မိသည် ။ သခင်လေး အခုလို
လုပ်ပေးနေတဲ့လူက သခင်လေးအတွက်
သိပ်ကိုမှ အရေးပါသည့် လူတစ်ယောက်
ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ။

" မနက်စာ ကျွန်တော့်အတွက် မပြင်နဲ့တော့
ဦးလေး...ကျွန်တော် အပြင်မှာပဲ စားလိုက်
တော့မယ်..."

သခင်လေးက သူကိုယ်တိုင်ပြင်ထားသည့်မနက်စာဘူးလေးကို သေချာထုပ်ပိုးပြီး အပေါ်ထပ်ပြန်တက်သွားသည် ။
ထို့နောက် သိပ်မကြာလိုက်ပဲ ပြန်ဆင်းလာပြီး
တစ်နေရာရာကို ထွက်သွားတော့သည် ။
ဒီနေ့က အလုပ်ပိတ်ရက်ဆိုပေသော်ငြား...။

ဂျောင်ဂု ဂျီမင်ရဲ့စံအိမ်ဆီကို ရောက်လာသည် ။ မနက်စာဘူးလေးကိုင်ရင်း ဧည့်ခန်း
ထဲရောက်တော့ အနည်းငယ် ပြောင်းလဲနေသည့်ပုံစံကို တွေ့လိုက်ရသည် ။

" ဘာဖြစ်ထားတာလဲ..အရင်တုန်းက ဒီလို
မဟုတ်ပါဘူး..."

ဂျောင်ဂုအတွေးများတုန်း အနားကို
ရောက်လာသည့် ဂျီမင်၏သက်တော်စောင့်
တစ်ယောက် ။

" သခင်လေး...ကျွန်တော် ပြောစရာလေး
ရှိလို့ပါ "

" ပြောပါ..."

" မနေ့က အကြီးအကဲ ဒေါသထွက်လာပုံ
ရတယ်..ဧည့်ခန်းမှာ အကြီးအကဲက
ရိုက်ခွဲဖျက်ဆီးတာတွေ လုပ်ခဲ့တာ...
အဲဒါ အကြီးအကဲမှာ ဒဏ်ရာရကုန်တယ်...
အကြီးအကဲ ကိုယ်တိုင်က ဆေးထည့်မှာ
မဟုတ်ဘူး...ဆရာဝန်ခေါ်ပေးရင်လည်း
အဆင်ပြေမှာ မဟုတ်လို့...အဲဒါ ဒီက
သခင်လေးက စိတ်မရှိဘူးဆိုရင် အကြီးအကဲ
ကို ဆေးထည့်ပေးလို့ ရနိုင်မလား မေးတာပါ
အကြီးအကဲက သခင်လေး လုပ်ပေးတာဆို
အဆင်ပြေမယ်ထင်လို့ပါ..."

ဂျောင်ဂု ကျေကျေနပ်နပ်ပြုံးသည် ။
ဂျီမင်ရဲ့သက်တော်စောင့်၏ ဂျီမင်အပေါ်
ထားတဲ့ သဘောထားက ပြည့်ဝလှသည် ။

" ငါ နားလည်ပြီ..ငါ ကိုင်တွယ်လိုက်ပါ့မယ်..
စိတ်မပူနဲ့တော့.."

" ကျေးဇူးတင်ပါတယ် သခင်လေး..ဒါဆို
ကျွန်တော့်ကို သွားခွင့်ပြုပါ..."

ဂျောင်ဂု ခေါင်းငြိမ့်လိုက်ပြီး မီးဖိုခန်းဘက်
ကို လျှောက်လာလိုက်သည် ။ ထမင်းစားပွဲပေါ် မနက်စာဘူးထဲမှ အစားအသောက်များကို ထုတ်လိုက်သည် ။ ပေါင်မုန့်ဖြူပေါ်မှ
ခရင်မ်ဖြူဖြူလေးတွေနဲ့ စတော်ဘယ်ရီလေးတွေ ။ ဓာတ်ဗူးထဲက ကော်ဖီတွေကို ခွက်ထဲ
ပြောင်းထည့်လိုက်ပြီးနောက် မနက်စာပြင်ဆင်ခြင်း ပြီးစီးပြီမို့ လက်ဆေးပြီး
ဂျီမင်အိပ်ခန်းဆီကို သွားလိုက်သည် ။

အခန်းတံခါး အသာဟကြည့်တော့
အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေဆဲဂျီမင်။
ခြေသံဖွဖွဖြင့် ဝင်သွားလိုက်ပြီး အနားရောက်တော့ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်သည် ။

ဂျောင်ဂုမျက်မှောင်တွေ အစွမ်းကုန်ကျုံ့လိုက်မိသည် ။ ဂျီမင်ခြေဖဝါး နီရဲနေတာ သွေးတွေဟာလည်း ခြောက်ပြီး စေးကပ်ကပ်ဖြစ်နေသည် ။ အိပ်ရာက အဖြူမို့ လက်ဖဝါးက
ပေစွန်းနေတဲ့ သွေးကွက်တွေကိုလည်း
အရှင်းသားမြင်ရသည် ။

ဂျောင်ဂု ရေချိုးခန်းထဲကနေ ရေနွေးနဲ့
အဝတ်စ ယူလာကာ ပြန်ထွက်လာခဲ့သည် ။
ကုတင်ခြေရင်းမှာ ထိုင်ချရင်း အိပ်နေသူ
မနိုးအောင် ခြေထောက်ကို ဖြည်းဖြည်းလေး
ဆွဲယူပြီး ပေါင်ပေါ်တင်လိုက်သည် ။
ခြေဖဝါးတွေကို နာကျင်မှာစိုးလို့ ဖွဖွလေး
ထိတွေ့ကိုင်တွယ်ကာ ရေနွေးဝတ်ဖြင့်
သွေးတွေကို သေချာ သန့်စင်ပေးနေမိသည် ။

ပြီးသည့်နောက် ခြေထောက်တွေကို အနူးညံ့ဆုံး မ,ယူကာ ကုတင်ပေါ်ပြန်ချသည် ။
အဝတ်စ နောက်တစ်ခုဖြင့် လက်ဖဝါးတွေကို
ဆေးကြောပေးလိုက်သည် ။ သန့်စင်ခြင်း
ပြီးနောက် ဆေးထည့်ရန် ဆေးသေတ္တာ
ရှာရပြန်သည် ။

" ထားထားတဲ့ နေရာကို ပြောင်းလိုက်ပြန်ပြီ"
ဂျောင်ဂုက အလိုမကျစွာ မျက်နှာကိုမဲ့ကျရင်း
ဆေးဘူးကို ရှာနေသည် ။ ဂျောင်ဂု၏ လုပ်ကိုင်ပုံများကို အနောက်ကနေ မလွတ်တမ်း ငေးကြည့်နေသည့် လူတစ်ယောက် ။

" တွေ့ပြီ- အမေ့! "
ဆေးဘူးရှာတွေ့ပြီမို့ ဒီဘက်ပြန်အလှည့်
ကုတင်ပေါ်မှာ ထထိုင်ကာ စိုက်ကြည့်နေတဲ့
ဂျီမင်ကြောင့် လန့်ဖျတ်သွားသည် ။

" လန့်သွားတာလား .."
ဂျီမင်က မျက်လုံးတွေ မှိတ်ကျသွားအောင် ပြုံးပြရင်း မေးလာသည် ။

" ရုတ်တရက်ကြီးဆိုတော့...
ဘယ်တုန်းထဲက နိုးနေတာလဲ..."

" ပွစိပွစိလုပ်ရင်း ဆေးဘူးရှာနေကတည်းက"

ဂျီမင်က ရွတ်နောက်နောက်ပြောလာတော့
ဂျောင်ဂု မျက်စောင်းတစ်ချက်ထိုးရင်း
ကုတင်ပေါ်လာထိုင်သည် ။

" ငြိမ်ငြိမ်နေ ဆေးထည့်မယ်..."

ဂျောင်ဂုကဆရာကြီးဟန်ဖြင့်ဆိုတော့ ဂျီမင်က မူကြိုကလေးလေးလို ခေါင်းတငြိမ့်ငြိမ့်
လုပ်ပြတယ် ။ ဂျောင်ဂုက ဆူပုတ်ပုတ်ကြားမှပဲ တိတ်တိတ်လေး ခိုးပြုံးလိုက်သည် ။

ဂျီမင် သူ့ကို ချွဲသည့်အခါတွေက တကယ့်ကို
အသည်းယားစရာကောင်းပြီး ပျော်ဖို့လည်း
ကောင်းသည် ။ အကြီးအကဲဆိုတာကို
မေ့သွားလောက်ရသည်အထိ ဂျီမင်က
တစ်ခါတလေ ​လူစားထိုးသွားတတ်တာ ။
ဂျီမင်ရဲထိုပုံစံကိုလည်း သူတစ်ယောက်တည်းပဲ မြင်တွေ့နိုင်တာမို့ သူ့မှာ ကြံဖန်ဂုဏ်ဆာ
ရသေးသည် ။

ခြေဖဝါးတွေကို ဆေးထည့်ပေးနေရင်း
ပြုံးနေသည့် ချစ်သောကို ကြည့်ကာ ဂျီမင်မှာ
လုံးဝ နစ်မျောနေမိသည် ။ သူ မနာကျင်စေရန် ဂရုတစိုက်ဖြင့် သတိထား ဆေးထည့်ပေးနေပုံက အကြိမ်ကြိမ်အခါခါကို ချစ်မဝ
နိုင်စရာ ။

ဒဏ်ရာတွေဟာ ဆေးမလိုပဲတောင်
ပျောက်ကင်းသွားသလိုလို ။ ချစ်သောဟာ
သူ့အပေါ်ကို ထိုမျှ လွှမ်းမိုးနိုင်သည် ။
ကမ္ဘာပျက်နေပါစေအုန်း..ချစ်သောမျက်နှာကို
ငေးနေမိရုံနဲ့ ဆိုးဝါးတဲ့အခြေအနေတွေက
ချက်ချင်းကို နိဗ္ဗာန်ဘုံဖြစ်သွားမှာ ။
ဒီလောက်ထိ ချစ်သောကို သူ ချစ်တာ ။

ခြေထောက်က ပတ်တီးတွေကို ကျေနပ်မှုဖြင့်
ကြည့်လိုက်မိသည်။ဖြစ်နိုင်ရင် တစ်သက်လုံး
ပြန်တောင်မဖြည်ချင်တော့ဘူး ။ ချစ်သောက
ယုယုယယ စည်းပေးထားတာလေးတွေမို့ ။
သိပ်ကိုမှ ပိုလွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဒါတွေက ချစ်ခြင်းတရားရဲ့သက်ရောက်မှုတွေပါပဲ ။ အလိုလိုကို ဖြစ်ပေါ်လာတာတွေ...တားဆီးလို့လည်း မရဘူး ။

" ကြည့်နေတာလေး ရပ်ပြီး လက်လေး
ပေးပါအုန်း ခင်ဗျ..."

" ကြည့်လို့မှ မဝတာဗျာ...နိုးလာတိုင်း အခုလိုလေး အနားမှာ အမြဲရှိနေရင်ကောင်းမယ်..
ချစ်သောရယ်..."

" မကြာခင်မှာ ဖြစ်လာတော့မှာပါ...ဂျီမင်
ခဏလေးပဲ သည်းခံပေးပါနော်..."

" ကိုယ် လောတာတော့ မဟုတ်ပါဘူး
ချစ်သောရယ်...ကိုယ့်အချစ်တွေက တစ်ရက်ထက်တစ်ရက် တိုး တိုးလာနေတော့..
ကိုယ်က ဆေးမမှီတော့ဘူးရယ်..ချစ်သောက
အနားမှာ နေပြီး ကုပေးမှ ရတော့မှာမို့ပါ..."

" စကားတွေ တတ်လွန်းတော့လည်း
ချုပ်ပါဗျာ...."

ဂျီမင်ရဲ့ လက်ဖဝါးကို ဆေးထည့်ပေးနေရင်း
ဂျောင်ဂုက သဘောတကျ ပြောသည် ။

ဆေးထည့်ပြီးတော့ ဂျီမင်က ဂျောင်ဂုလက်ကို ဆွဲထားပြီး မလွှတ်ပေးပေ ၊ ကြောင်လေး
တစ်ကောင်လို ပွတ်သီးပွတ်သပ်လုပ်နေသည်။

" ဂျီမင် ကျွန်တော် ဒါတွေ သွားထားရအုန်းမယ်လေ..."
ဂျောင်ဂုကလည်း ဤသို့သာ ပြောတာ၊
မကြိုက်သည်တော့မဟုတ် ။ ယုန်သွားတွေ
ပေါ်နေအောင် ပြုံးနေရင်း ဂျီမင်ရင်ခွင်ထဲမှာ။

" မနက်စာ မစားတော့ဘူးလား..."

" ချစ်သောက..ကိုယ့် မနက်စာပဲလေ..."

ဂျောင်ဂု မျက်နှာမှာ ပန်းရောင်လှိုင်းထသွားပြီး ရှက်ရမ်းရမ်းကာ ထပြေးသည် ။

" ချစ်သော....ကိုယ့်ကို မျက်နှာသစ်ပေး.."

" ဂျီမင် ကလေးလား...ကျွန်တော် လုပ်ပေး
ရအောင်..."

" ကိုယ့်လက်မှာ ပတ်တီးတွေနဲ့မို့ပါ..."
မျက်နှာက ချက်ချင်းမဲ့ကျသွားပြီး
စိတ်မကောင်းဖြစ်သွားသည့် ပုံစံပြောင်းသွား
သည်မို့ ဂျောင်ဂုမှာပဲ မနေနိုင် မျက်နှာသစ်၊
သွားတိုက်ပေးရပြန်သည် ။

" အာ...!ဂျီမင်! မညစ်ပတ်နဲ့လေ.."
သွားတိုက်ဆေးအမြှုပ်တွေနဲ့ နှာခေါင်းထိပ်ကို လှမ်းတို့တော့ အသန့်ကြိုက်သူ ချစ်သောက
ဆူပုတ်ပုတ်ဖြင့် မျက်စောင်းထိုးသည် ။

" ဒီနေ့ တစ်နေကုန် ချစ်သောရဲ့ ကလေးလေး
လုပ်မယ်..."

" ဒီနေ့က အလုပ်ပိတ်ရက်မို့ ရည်းစားနဲ့
အချိန်ဖြုန်းဖို့ လာတာဗျ.. ကလေးထိန်းဖို့
လာတာ မဟုတ်ပါဘူးနော်..."

" ဒီနေ့တော့ ရည်းစားက မအားလို့ ကလေးပဲ
ထိန်းလိုက်ပါနော်...နော်....လို့...."

တကယ်ပါ ၊ မျက်လုံးမှေးမှေးတွေကို ဝိုင်းစက်နေအောင် လုပ်ပြီး ချွဲရင် ဒီလူမှာ
ချက်ချင်းကို အရည်ပျော်ရော ။

" ငြင်းလည်း မရဘူးမလား...."

" ချစ်သောက သိတာပဲ..."
နဂါးမျက်စောင်းမှာ စပ်ဖြဲဖြဲလုပ်နေသော
ဂျီမင်ဆီ တန်းခနဲ ။ ဂျီမင်က ဒါကို ဟက်ထိ
သွားသည့်ပုံစံ၊ ရင်ဘတ်ကို ဖိကာ ပြန်နောက်နေသည် ။

မနက်စာစားတော့ ဂျောင်ဂုက ခွံ့ကျွေးရသည်။ ခွံ့ကျွေးတာလည်း စားသေးသည် ။
ငြိမ်ငြိမ်လည်းမနေ ၊ ခရင်မ်တွေနဲ့ ဟိုတို့ဒီတို့။
တကယ်ကို ကလေးထိန်းနေရသလိုပါပဲ ။
ချစ်တော့လည်း မငြိုမငြင်ပဲ သည်းခံရတာပေါ့နော် ။

ဂျီမင်ရဲ့ ကျီစယ်မှုများမှာ ဂျောင်ဂုဟာ
အာပေတူးလေးကို ဖြစ်လို့ ။ မနက်စာစားပြီး
သည့်နောက် ရေချိုးရတော့သည် ။ ဤအခါ
ကျတော့လည်း တူတူချိုးမယ်ဆိုပြီး ဂျီကျ
ပြန်သည် ။ ဘယ်လိုမှ မနိုင်မှန်းလည်း
သိတာမို့ ရေတူတူ ဝင်ချိုးရတော့သည် ။

တစ်နာရီလောက် ကြာအောင် ရေချိုးပြီးနောက် ဂျောင်ဂုကို ပွေ့ကာ ပြန်ထွက်လာ
ရသည့် ဂျီမင် ။ ဂျောင်ဂုကတော့ လုံးဝကို
ဆူပုတ်နေကာ ဂျီမင်ကို စိတ်ကောက်နေမှန်း
သိသာသည် ။

" ကလေးထိန်းလေး...ကိုယ့်ကို စိတ်ကောက်
သွားတာလား..."

" ကောက်တယ်! လုံးဝ ကောက်တယ်!! "
သဘက်ဖြူဖြူတွေကြားမှာ ဖက်ထုတ်လုံးလေးလို လုံးထိုင်နေပြီး ဂျီမင်နှင့် ဆန့်ကျင်ဘက်ကို လှည့်ကာ စိတ်ကောက်ပြသည် ။

" ဘာလို့တုန်းဗျာ..."

" ရေပဲတူတူချိုးမယ်လို့ ပြောတာလေ..!!
တခြား ဘာလုပ်မယ်ပြောမိလို့လဲ...!
အတင်းကို......."

ရေချိုးတာ ကြာသွားသည်မို့ နှာသီးထိပ်လေး
ရဲရဲဖြင့် ရန်တွေ့ပုံက သုံးဘဝစာ အငြိုးတွေ
ရှိသလိုလို ။

" ဒါဆို..အပြင်မှာ ထပ်ပြီးတော့...."
ပြီတီတီမျက်နှာနဲ့ဂျီမင်ကို ကြည့်ပြီး
ဂျောင်ဂု အော်တော့သည် ။

" ရားးးး....ဝေးဝေးသွား...ကိုယ့်ဘာသာကိုယ်
အင်္ကျီဝတ်မယ်..အခန်းပြင်ထွက်...! "
ဂျောင်ဂု ဘယ်လောက်အော်အော် ဂျီမင်က
ပြုံးကာ အင်္ကျီသေချာဝတ်ပေးနေသည် ။

" ဇာတ်ကား ကြည့်ရအောင်...နော်....နော် "
" ကာတွန်းကား ကြည့်မလား..."

" ကလေး မဟုတ်ဘူး..."

" ဒါပေမဲ့ ကိုယ်က ချစ်သောရဲ့ ကလေးလေးလေ..."

" မသိဘူး....! "

" သရဲကားကြည့်မလား..."

" ဖွင့်! "
ဆောင့်ကြီးအောင့်ကြီးဖြင့် ပြောလိုက်ပုံက
လုံးဝကို စိတ်ကောက်နေပုံ ။ ဘယ်လောက်
စိတ်ကောက်ကောက်ပါ ရင်ခွင်ထဲကို ဆွဲသွင်း
လိုက်တော့ မရုန်းဘဲ ငြိမ်ငြိမ်လေး ပါလာသည် ။ ချစ်သောကို အဲဒါတွေ အသည်းယားရတာ ။

နှစ်ယောက်သား အင်္ကျီဆင်တူဝတ်ပြီး
ဆိုဖာပေါ်မှာ အကျအနထိုင်ကာ ဇာတ်ကား
ကြည့်ရင်း ကောက်လိုက်ချော့လိုက်၊
စလိုက်နောက်လိုက်ဖြင့် တစ်နေကုန်ဟာ
ပျော်ရွှင်မှုပန်းများ အပြိုင်အဆိုင် ဖူးပွင့်
နေခဲ့တော့သည် ။

×
Romanceကို မနည်းကြိုးစားထားတာမို့
Feedbackလေးများ ပေးကြပါအုန်း...🤓

ပြီးတော့လေ ဇာတ်လမ်းနဲ့ပတ်သက်ပြီး
ပြောမလို့ ၊ အမှန်တော့ အပိုင်း(1)ကတည်းက
ပြောရမှာကို.....ကိုယ်ရဲ့ လစ်ဟင်းမှုပါ ။
အပိုင်း(၁)ကနေ အခုထိက ပြောရရင်
Flashback/နောက်ကြောင်းပြန်တဲ့သဘောမျိုးပါနော်....တကယ့်Presentက Prologueက ဟာပါ ။ ရှုပ်သွားကြမလား
မသိဘူး..ဒါပေမဲ့ စိတ်မပူပါနဲ့ နောက်အပိုင်းတွေကျ ဖြည်းဖြည်းချင်း ရှင်းသွားပါလိမ့်မယ် 🤩 ( ထင်ရတာပဲ🤧 )

AlexandrineKim(2882023)

Zawgyi

ညစာစားပြဲက ျပန္ေရာက္ေတာ့ အေတာ္ပင္
ဉာဥ့္နက္ေနေလၿပီ ။ ေဂ်ာင္ဂုအေဖကေတာ့
နားေတာ့မည္ဟု ဆိုကာ အခန္းအတြင္း
ဝင္သြားခဲ့ၿပီ ။

ေဂ်ာင္ဂုလည္း အေတာ္ပင္ပန္းေနသည္မို႔
အိပ္ရာေပၚ ျဖစ္သလို ပစ္လွဲလိုက္မိသည္ ။
ေနာက္ေတာ့ တစ္စုံတစ္ခုကို သတိရၿပီး
အိတ္ကပ္ထဲက ဖုန္းကို ထုတ္ယူလိုက္သည္ ။

ထို႔ေနာက္ "အမ်ိဳးသား🤍" ဟု လွလွေလး
မွတ္ထားေသာ ဖုန္းနံပါတ္ေလးကို ေခၚဆို
လိုက္သည္ ။ ဖုန္းဝင္ဝင္ခ်င္းပဲ ျပန္ေျဖေသာ
တစ္ဖက္က ဂ်ီမင္ ။

" ဂ်ီမင္.."

" ခ်စ္ေသာ...ဘာ ျဖစ္လို႔ လဲ..."
ဂ်ီမင္အသံက အနည္းငယ္ ရီေဝေဝ ။

" ဘာမွ မျဖစ္ပါဘူး..ဂ်ီမင္ ဘာလုပ္ေနလဲ
သိခ်င္လို႔...ဒါနဲ႔ ဂ်ီမင္ေသာက္ထားတာလား "

" အင္း နည္းနည္းေသာက္ထားတာ..
အိပ္မေပ်ာ္လို႔ မူးၿပီး အိပ္ခ်င္လာေအာင္..."

" ဟုတ္ပါၿပီ...အမ်ားႀကီးေတာ့ မေသာက္နဲ႔.."

" စကားနားေထာင္ပါ့မယ္ဗ်ာ.."
ဂ်ီမင္၏ အေျဖစကားလွလွဟာ ေဂ်ာင္ဂုဟာ
ယုန္သြားေလးေတြ ေပၚေအာင္ျပဳံးသည္ ။

" ညေနက စိတ္မဆိုးဘူးမလား..."

" မဆိုးပါဘူး...ကိုယ္နားလည္ပါတယ္.."

" ခဏေလးပဲ ေစာင့္ေပးပါ ဂ်ီမင္...ကြၽန္ေတာ္
ႀကိဳးစားေနပါတယ္..."

ကြၽန္ေတာ္ ဂ်ီမင္ဆီ ေရာက္လာဖို႔ အမ်ားႀကီး
ႀကိဳးစားေနတာမို႔ ဂ်ီမင္က သည္းခံၿပီး
ေစာင့္ေပးပါ ။ မၾကာခင္ အကုန္အဆင္ေျပ
ေတာ့မွာ......။

" ကိုယ္ အဆင္ေျပပါတယ္..ခ်စ္ေသာကို
ယုံတယ္.."

" ဟုတ္ၿပီ..ဟုတ္ၿပီ..ဒါဆို နားေတာ့ေလေနာ္..
ကြၽန္ေတာ္လည္း အိပ္ေတာ့မွာ..."

" ေကာင္းပါၿပီ ကိုယ့္ခ်စ္ေသာ...အိမ္မက္
လွလွမက္ပါေစ...."
" ခ်စ္တယ္..."

" ပိုခ်စ္တယ္ ဂ်ီမင္..."

ဖုန္းေျပာမႈ ၿပီးဆုံးသြားေတာ့မွ ဂ်ီမင္
ျပဳံးလိုက္သည္ ။

ေသြးစက္စက္က်ေနဆဲလက္နဲ႔ကိုင္ထားတာမို႔
ဖုန္းဟာ ေသြးခ်င္းရဲေနသည္ ။ အေပၚပိုင္း
ဗလာျဖင့္ ဂ်ီမင္ဟာ အမွန္ေတာ့ ဖန္ကြဲစ၊
မွန္ကြဲစေတြၾကားထဲမွာ ထိုင္ေနခဲ့တာ ။

ပြဲမွာေတြ႕ခဲ့ရတဲ့ ခ်စ္ေသာနဲ႔ ထိုမိန္းမရဲ႕
ပုံရိပ္ေတြက သူ႕ေဒါသကို မိုင္ကုန္ေစတယ္ ။
ျဖစ္ႏိုင္ရင္ ခ်စ္ေသာ လက္ကို ဆြဲကိုင္ၿပီး
သူ႕အပိုင္ပါလို႔ ေျပာလိုက္ခ်င္တာ ။ ဒါေပမဲ့
ထိုမိန္းမနဲ႔ ခ်စ္ေသာ လက္ကိုင္ၿပီး ထြက္သြားတာကိုပဲ ခံျပင္းစိတ္ တႏုံ႔ႏုံ႔ျဖင့္ ၾကည့္ခဲ့ရတယ္။ သိပ္ကိုမွ စိတ္ပ်က္စရာ အေျခအေနပဲ

ဒါေၾကာင့္ပဲ စံအိမ္ ျပန္ေရာက္ကတည္းက ေဒါသမ်ားအားလုံးကို ပစၥည္းေတြအေပၚ
ပုံခ်ခဲ့တာ..တစ္အိမ္လုံးကို မြစာက်ဲကာ ပ်က္စီးလို႔ေနသည္ ။

ေျခဖဝါး လက္ဖဝါးေတြမွာလည္း ဖန္ကြဲစ
ေတြေၾကာင့္ ႐ွရာဗလပြနဲ႔ ေသြးေတြဟာ
အိုင္ထြန္းေနသည္ ။ သက္ေတာ္ေစာင့္ေတြကလည္း အနားမကပ္ရဲ ။ သူတို႔ေခါင္းေဆာင္
ေဒါသ သူတို႔သိသည္မလား ။

" ဒါေတြ ႐ွင္းလိုက္..."

ေသြးေပပြေနတဲ့ ေျခလွမ္းေတြနဲ႔ ဂ်ီမင္ဟာ
ယိုင္တိယိုင္တိုင္ အိပ္ခန္းဘက္ကို
ေလွ်ာက္သြားသည္ ။

မိုးက်သံ တေဖ်ာက္ေဖ်ာက္နဲ႔ စည္းခ်က္
ညီစြာ ဂ်ီမင္ဟာ ေတးသြားတစ္ပုဒ္ကို
တီးတိုးညည္းေနၿပီး ေသြးထြက္ေနဆဲ
ခႏၶာနဲ႔ပဲ ဝရန္တာကို ထြက္ရပ္ကာ မိုးစက္
မိုးမႈန္မ်ား ကိုယ္ေပၚက်ဆင္းလာသည္ကို
မ်က္လုံးမွိတ္ကာ ခံစားေနသည္ ။

ဆယ္နာ့လက္ကို ကိုင္ဆြဲကာ ထြက္သြားသည့္
ခ်စ္ေသာပုံရိပ္က အေတြးထဲ ျဖတ္ဝင္လာ
သည့္အခါ ဂ်ီမင္က ဆိုးယုတ္စြာ ရယ္သည္ ။
မိုးထစ္ခ်ဳန္းသံေတြၾကားမွာ ဂ်ီမင္၏
မိစၧာဆန္ဆန္ရယ္သံဟာ အိမ္ေတာ္တစ္ခုလုံးကို လႊမ္းျခဳံသြားလ်က္ ။

×

" သခင္ေလး...ဘာေတြလုပ္ေနတာလဲ..."

မနက္၆နာရီအခ်ိန္ႀကီးမွာ မီးဖိုေခ်ာင္ထဲတြင္
တစ္ကိုယ္တည္း အလုပ္႐ႈပ္ေနေသာ
သခင္ေလးေဂ်ာင္ဂုကို အိမ္ေတာ္ထိန္းႀကီးက
အံ့ၾသစြာ ေမးလိုက္သည္ ။

" မနက္စာလုပ္ေနတာ.."

" အယ္...ေကာင္မေလးေတြက မႏိုးၾကေသး
ဘူးလား...ေပးေပး သခင္ေလး..ဦးေလး
လုပ္ေပးမယ္...ထိုင္ေနပါ.."

" ရတယ္..ဦးေလး ဒါ ကြၽန္ေတာ္႕အတြက္
မဟုတ္ဘူးဗ်..."
ေဂ်ာင္ဂုက ဤမွ်သာျပန္ေျဖၿပီး လုပ္လက္စကို မရပ္ခဲ့ေပ ။

အိမ္ေတာ္ထိန္းႀကီးသည္ အလုပ္တစ္ခုခ်င္းစီ
တိုင္းကိုအႏုစိတ္ျဖင့္ ေသေသခ်ာခ်ာ
လုပ္ေနေသာ သခင္ေလးကို ၾကည့္ကာ
ျပဳံးလိုက္မိသည္ ။ သခင္ေလး အခုလို
လုပ္ေပးေနတဲ့လူက သခင္ေလးအတြက္
သိပ္ကိုမွ အေရးပါသည့္ လူတစ္ေယာက္
ျဖစ္မည္မွာ ေျမႀကီးလက္ခတ္မလြဲ။

" မနက္စာ ကြၽန္ေတာ္႕အတြက္ မျပင္နဲ႔ေတာ့
ဦးေလး...ကြၽန္ေတာ္ အျပင္မွာပဲ စားလိုက္
ေတာ့မယ္..."

သခင္ေလးက သူကိုယ္တိုင္ျပင္ထားသည့္မနက္စာဘူးေလးကို ေသခ်ာထုပ္ပိုးၿပီး အေပၚထပ္ျပန္တက္သြားသည္ ။
ထို႔ေနာက္ သိပ္မၾကာလိုက္ပဲ ျပန္ဆင္းလာၿပီး
တစ္ေနရာရာကို ထြက္သြားေတာ့သည္ ။
ဒီေန႔က အလုပ္ပိတ္ရက္ဆိုေပေသာ္ျငား...။

ေဂ်ာင္ဂု ဂ်ီမင္ရဲ႕စံအိမ္ဆီကို ေရာက္လာသည္ ။ မနက္စာဘူးေလးကိုင္ရင္း ဧည့္ခန္း
ထဲေရာက္ေတာ့ အနည္းငယ္ ေျပာင္းလဲေနသည့္ပုံစံကို ေတြ႕လိုက္ရသည္ ။

" ဘာျဖစ္ထားတာလဲ..အရင္တုန္းက ဒီလို
မဟုတ္ပါဘူး..."

ေဂ်ာင္ဂုအေတြးမ်ားတုန္း အနားကို
ေရာက္လာသည့္ ဂ်ီမင္၏သက္ေတာ္ေစာင့္
တစ္ေယာက္ ။

" သခင္ေလး...ကြၽန္ေတာ္ ေျပာစရာေလး
႐ွိလို႔ပါ "

" ေျပာပါ..."

" မေန႔က အႀကီးအကဲ ေဒါသထြက္လာပုံ
ရတယ္..ဧည့္ခန္းမွာ အႀကီးအကဲက
႐ိုက္ခြဲဖ်က္ဆီးတာေတြ လုပ္ခဲ့တာ...
အဲဒါ အႀကီးအကဲမွာ ဒဏ္ရာရကုန္တယ္...
အႀကီးအကဲ ကိုယ္တိုင္က ေဆးထည့္မွာ
မဟုတ္ဘူး...ဆရာဝန္ေခၚေပးရင္လည္း
အဆင္ေျပမွာ မဟုတ္လို႔...အဲဒါ ဒီက
သခင္ေလးက စိတ္မ႐ွိဘူးဆိုရင္ အႀကီးအကဲ
ကို ေဆးထည့္ေပးလို႔ ရႏိုင္မလား ေမးတာပါ
အႀကီးအကဲက သခင္ေလး လုပ္ေပးတာဆို
အဆင္ေျပမယ္ထင္လို႔ပါ..."

ေဂ်ာင္ဂု ေက်ေက်နပ္နပ္ျပဳံးသည္ ။
ဂ်ီမင္ရဲ႕သက္ေတာ္ေစာင့္၏ ဂ်ီမင္အေပၚ
ထားတဲ့ သေဘာထားက ျပည့္ဝလွသည္ ။

" ငါ နားလည္ၿပီ..ငါ ကိုင္တြယ္လိုက္ပါ့မယ္..
စိတ္မပူနဲ႔ေတာ့.."

" ေက်းဇူးတင္ပါတယ္ သခင္ေလး..ဒါဆို
ကြၽန္ေတာ္႕ကို သြားခြင့္ျပဳပါ..."

ေဂ်ာင္ဂု ေခါင္းၿငိမ့္လိုက္ၿပီး မီးဖိုခန္းဘက္
ကို ေလွ်ာက္လာလိုက္သည္ ။ ထမင္းစားပြဲေပၚ မနက္စာဘူးထဲမွ အစားအေသာက္မ်ားကို ထုတ္လိုက္သည္ ။ ေပါင္မုန္႔ျဖဴေပၚမွ
ခရင္မ္ျဖဴျဖဴေလးေတြနဲ႔ စေတာ္ဘယ္ရီေလးေတြ ။ ဓာတ္ဗူးထဲက ေကာ္ဖီေတြကို ခြက္ထဲ
ေျပာင္းထည့္လိုက္ၿပီးေနာက္ မနက္စာျပင္ဆင္ျခင္း ၿပီးစီးၿပီမို႔ လက္ေဆးၿပီး
ဂ်ီမင္အိပ္ခန္းဆီကို သြားလိုက္သည္ ။

အခန္းတံခါး အသာဟၾကည့္ေတာ့
အသက္႐ွဴသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္ေနဆဲဂ်ီမင္။
ေျခသံဖြဖြျဖင့္ ဝင္သြားလိုက္ၿပီး အနားေရာက္ေတာ့ တစ္ကိုယ္လုံးကို ျခဳံၾကည့္လိုက္သည္ ။

ေဂ်ာင္ဂုမ်က္ေမွာင္ေတြ အစြမ္းကုန္က်ံဳ႕လိုက္မိသည္ ။ ဂ်ီမင္ေျခဖဝါး နီရဲေနတာ ေသြးေတြဟာလည္း ေျခာက္ၿပီး ေစးကပ္ကပ္ျဖစ္ေနသည္ ။ အိပ္ရာက အျဖဴမို႔ လက္ဖဝါးက
ေပစြန္းေနတဲ့ ေသြးကြက္ေတြကိုလည္း
အ႐ွင္းသားျမင္ရသည္ ။

ေဂ်ာင္ဂု ေရခ်ိဳးခန္းထဲကေန ေရေႏြးနဲ႔
အဝတ္စ ယူလာကာ ျပန္ထြက္လာခဲ့သည္ ။
ကုတင္ေျခရင္းမွာ ထိုင္ခ်ရင္း အိပ္ေနသူ
မႏိုးေအာင္ ေျခေထာက္ကို ျဖည္းျဖည္းေလး
ဆြဲယူၿပီး ေပါင္ေပၚတင္လိုက္သည္ ။
ေျခဖဝါးေတြကို နာက်င္မွာစိုးလို႔ ဖြဖြေလး
ထိေတြ႕ကိုင္တြယ္ကာ ေရေႏြးဝတ္ျဖင့္
ေသြးေတြကို ေသခ်ာ သန္႔စင္ေပးေနမိသည္ ။

ၿပီးသည့္ေနာက္ ေျခေထာက္ေတြကို အႏူးညံ့ဆုံး မ,ယူကာ ကုတင္ေပၚျပန္ခ်သည္ ။
အဝတ္စ ေနာက္တစ္ခုျဖင့္ လက္ဖဝါးေတြကို
ေဆးေၾကာေပးလိုက္သည္ ။ သန္႔စင္ျခင္း
ၿပီးေနာက္ ေဆးထည့္ရန္ ေဆးေသတၱာ
႐ွာရျပန္သည္ ။

" ထားထားတဲ့ ေနရာကို ေျပာင္းလိုက္ျပန္ၿပီ"
ေဂ်ာင္ဂုက အလိုမက်စြာ မ်က္ႏွာကိုမဲ့က်ရင္း
ေဆးဘူးကို ႐ွာေနသည္ ။ ေဂ်ာင္ဂု၏ လုပ္ကိုင္ပုံမ်ားကို အေနာက္ကေန မလြတ္တမ္း ေငးၾကည့္ေနသည့္ လူတစ္ေယာက္ ။

" ေတြ႕ၿပီ- အေမ့! "
ေဆးဘူး႐ွာေတြ႕ၿပီမို႔ ဒီဘက္ျပန္အလွည့္
ကုတင္ေပၚမွာ ထထိုင္ကာ စိုက္ၾကည့္ေနတဲ့
ဂ်ီမင္ေၾကာင့္ လန္႔ဖ်တ္သြားသည္ ။

" လန္႔သြားတာလား .."
ဂ်ီမင္က မ်က္လုံးေတြ မွိတ္က်သြားေအာင္ ျပဳံးျပရင္း ေမးလာသည္ ။

" ႐ုတ္တရက္ႀကီးဆိုေတာ့...
ဘယ္တုန္းထဲက ႏိုးေနတာလဲ..."

" ပြစိပြစိလုပ္ရင္း ေဆးဘူး႐ွာေနကတည္းက"

ဂ်ီမင္က ႐ြတ္ေနာက္ေနာက္ေျပာလာေတာ့
ေဂ်ာင္ဂု မ်က္ေစာင္းတစ္ခ်က္ထိုးရင္း
ကုတင္ေပၚလာထိုင္သည္ ။

" ၿငိမ္ၿငိမ္ေန ေဆးထည့္မယ္..."

ေဂ်ာင္ဂုကဆရာႀကီးဟန္ျဖင့္ဆိုေတာ့ ဂ်ီမင္က မူႀကိဳကေလးေလးလို ေခါင္းတၿငိမ့္ၿငိမ့္
လုပ္ျပတယ္ ။ ေဂ်ာင္ဂုက ဆူပုတ္ပုတ္ၾကားမွပဲ တိတ္တိတ္ေလး ခိုးျပဳံးလိုက္သည္ ။

ဂ်ီမင္ သူ႕ကို ခြၽဲသည့္အခါေတြက တကယ့္ကို
အသည္းယားစရာေကာင္းၿပီး ေပ်ာ္ဖို႔လည္း
ေကာင္းသည္ ။ အႀကီးအကဲဆိုတာကို
ေမ့သြားေလာက္ရသည္အထိ ဂ်ီမင္က
တစ္ခါတေလ ​လူစားထိုးသြားတတ္တာ ။
ဂ်ီမင္ရဲထိုပုံစံကိုလည္း သူတစ္ေယာက္တည္းပဲ ျမင္ေတြ႕ႏိုင္တာမို႔ သူ႕မွာ ၾကံဖန္ဂုဏ္ဆာ
ရေသးသည္ ။

ေျခဖဝါးေတြကို ေဆးထည့္ေပးေနရင္း
ျပဳံးေနသည့္ ခ်စ္ေသာကို ၾကည့္ကာ ဂ်ီမင္မွာ
လုံးဝ နစ္ေမ်ာေနမိသည္ ။ သူ မနာက်င္ေစရန္ ဂ႐ုတစိုက္ျဖင့္ သတိထား ေဆးထည့္ေပးေနပုံက အႀကိမ္ႀကိမ္အခါခါကို ခ်စ္မဝ
ႏိုင္စရာ ။

ဒဏ္ရာေတြဟာ ေဆးမလိုပဲေတာင္
ေပ်ာက္ကင္းသြားသလိုလို ။ ခ်စ္ေသာဟာ
သူ႕အေပၚကို ထိုမွ် လႊမ္းမိုးႏိုင္သည္ ။
ကမ႓ာပ်က္ေနပါေစအုန္း..ခ်စ္ေသာမ်က္ႏွာကို
ေငးေနမိ႐ုံနဲ႔ ဆိုးဝါးတဲ့အေျခအေနေတြက
ခ်က္ခ်င္းကို နိဗၺာန္ဘုံျဖစ္သြားမွာ ။
ဒီေလာက္ထိ ခ်စ္ေသာကို သူ ခ်စ္တာ ။

ေျခေထာက္က ပတ္တီးေတြကို ေက်နပ္မႈျဖင့္
ၾကည့္လိုက္မိသည္။ျဖစ္ႏိုင္ရင္ တစ္သက္လုံး
ျပန္ေတာင္မျဖည္ခ်င္ေတာ့ဘူး ။ ခ်စ္ေသာက
ယုယုယယ စည္းေပးထားတာေလးေတြမို႔ ။
သိပ္ကိုမွ ပိုလြန္းတယ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမဲ့ ဒါေတြက ခ်စ္ျခင္းတရားရဲ႕သက္ေရာက္မႈေတြပါပဲ ။ အလိုလိုကို ျဖစ္ေပၚလာတာေတြ...တားဆီးလို႔လည္း မရဘူး ။

" ၾကည့္ေနတာေလး ရပ္ၿပီး လက္ေလး
ေပးပါအုန္း ခင္ဗ်..."

" ၾကည့္လို႔မွ မဝတာဗ်ာ...ႏိုးလာတိုင္း အခုလိုေလး အနားမွာ အၿမဲ႐ွိေနရင္ေကာင္းမယ္..
ခ်စ္ေသာရယ္..."

" မၾကာခင္မွာ ျဖစ္လာေတာ့မွာပါ...ဂ်ီမင္
ခဏေလးပဲ သည္းခံေပးပါေနာ္..."

" ကိုယ္ ေလာတာေတာ့ မဟုတ္ပါဘူး
ခ်စ္ေသာရယ္...ကိုယ့္အခ်စ္ေတြက တစ္ရက္ထက္တစ္ရက္ တိုး တိုးလာေနေတာ့..
ကိုယ္က ေဆးမမွီေတာ့ဘူးရယ္..ခ်စ္ေသာက
အနားမွာ ေနၿပီး ကုေပးမွ ရေတာ့မွာမို႔ပါ..."

" စကားေတြ တတ္လြန္းေတာ့လည္း
ခ်ဳပ္ပါဗ်ာ...."

ဂ်ီမင္ရဲ႕ လက္ဖဝါးကို ေဆးထည့္ေပးေနရင္း
ေဂ်ာင္ဂုက သေဘာတက် ေျပာသည္ ။

ေဆးထည့္ၿပီးေတာ့ ဂ်ီမင္က ေဂ်ာင္ဂုလက္ကို ဆြဲထားၿပီး မလႊတ္ေပးေပ ၊ ေၾကာင္ေလး
တစ္ေကာင္လို ပြတ္သီးပြတ္သပ္လုပ္ေနသည္။

" ဂ်ီမင္ ကြၽန္ေတာ္ ဒါေတြ သြားထားရအုန္းမယ္ေလ..."
ေဂ်ာင္ဂုကလည္း ဤသို႔သာ ေျပာတာ၊
မႀကိဳက္သည္ေတာ့မဟုတ္ ။ ယုန္သြားေတြ
ေပၚေနေအာင္ ျပဳံးေနရင္း ဂ်ီမင္ရင္ခြင္ထဲမွာ။

" မနက္စာ မစားေတာ့ဘူးလား..."

" ခ်စ္ေသာက..ကိုယ့္ မနက္စာပဲေလ..."

ေဂ်ာင္ဂု မ်က္ႏွာမွာ ပန္းေရာင္လိႈင္းထသြားၿပီး ႐ွက္ရမ္းရမ္းကာ ထေျပးသည္ ။

" ခ်စ္ေသာ....ကိုယ့္ကို မ်က္ႏွာသစ္ေပး.."

" ဂ်ီမင္ ကေလးလား...ကြၽန္ေတာ္ လုပ္ေပး
ရေအာင္..."

" ကိုယ့္လက္မွာ ပတ္တီးေတြနဲ႔မို႔ပါ..."
မ်က္ႏွာက ခ်က္ခ်င္းမဲ့က်သြားၿပီး
စိတ္မေကာင္းျဖစ္သြားသည့္ ပုံစံေျပာင္းသြား
သည္မို႔ ေဂ်ာင္ဂုမွာပဲ မေနႏိုင္ မ်က္ႏွာသစ္၊
သြားတိုက္ေပးရျပန္သည္ ။

" အာ...!ဂ်ီမင္! မညစ္ပတ္နဲ႔ေလ.."
သြားတိုက္ေဆးအျမႇဳပ္ေတြနဲ႔ ႏွာေခါင္းထိပ္ကို လွမ္းတို႔ေတာ့ အသန္႔ႀကိဳက္သူ ခ်စ္ေသာက
ဆူပုတ္ပုတ္ျဖင့္ မ်က္ေစာင္းထိုးသည္ ။

" ဒီေန႔ တစ္ေနကုန္ ခ်စ္ေသာရဲ႕ ကေလးေလး
လုပ္မယ္..."

" ဒီေန႔က အလုပ္ပိတ္ရက္မို႔ ရည္းစားနဲ႔
အခ်ိန္ျဖဳန္းဖို႔ လာတာဗ်.. ကေလးထိန္းဖို႔
လာတာ မဟုတ္ပါဘူးေနာ္..."

" ဒီေန႔ေတာ့ ရည္းစားက မအားလို႔ ကေလးပဲ
ထိန္းလိုက္ပါေနာ္...ေနာ္....လို႔...."

တကယ္ပါ ၊ မ်က္လုံးေမွးေမွးေတြကို ဝိုင္းစက္ေနေအာင္ လုပ္ၿပီး ခြၽဲရင္ ဒီလူမွာ
ခ်က္ခ်င္းကို အရည္ေပ်ာ္ေရာ ။

" ျငင္းလည္း မရဘူးမလား...."

" ခ်စ္ေသာက သိတာပဲ..."
နဂါးမ်က္ေစာင္းမွာ စပ္ၿဖဲၿဖဲလုပ္ေနေသာ
ဂ်ီမင္ဆီ တန္းခနဲ ။ ဂ်ီမင္က ဒါကို ဟက္ထိ
သြားသည့္ပုံစံ၊ ရင္ဘတ္ကို ဖိကာ ျပန္ေနာက္ေနသည္ ။

မနက္စာစားေတာ့ ေဂ်ာင္ဂုက ခြံ႕ေကြၽးရသည္။ ခြံ႕ေကြၽးတာလည္း စားေသးသည္ ။
ၿငိမ္ၿငိမ္လည္းမေန ၊ ခရင္မ္ေတြနဲ႔ ဟိုတို႔ဒီတို႔။
တကယ္ကို ကေလးထိန္းေနရသလိုပါပဲ ။
ခ်စ္ေတာ့လည္း မၿငိဳမျငင္ပဲ သည္းခံရတာေပါ့ေနာ္ ။

ဂ်ီမင္ရဲ႕ က်ီစယ္မႈမ်ားမွာ ေဂ်ာင္ဂုဟာ
အာေပတူးေလးကို ျဖစ္လို႔ ။ မနက္စာစားၿပီး
သည့္ေနာက္ ေရခ်ိဳးရေတာ့သည္ ။ ဤအခါ
က်ေတာ့လည္း တူတူခ်ိဳးမယ္ဆိုၿပီး ဂ်ီက်
ျပန္သည္ ။ ဘယ္လိုမွ မႏိုင္မွန္းလည္း
သိတာမို႔ ေရတူတူ ဝင္ခ်ိဳးရေတာ့သည္ ။

တစ္နာရီေလာက္ ၾကာေအာင္ ေရခ်ိဳးၿပီးေနာက္ ေဂ်ာင္ဂုကို ေပြ႕ကာ ျပန္ထြက္လာ
ရသည့္ ဂ်ီမင္ ။ ေဂ်ာင္ဂုကေတာ့ လုံးဝကို
ဆူပုတ္ေနကာ ဂ်ီမင္ကို စိတ္ေကာက္ေနမွန္း
သိသာသည္ ။

" ကေလးထိန္းေလး...ကိုယ့္ကို စိတ္ေကာက္
သြားတာလား..."

" ေကာက္တယ္! လုံးဝ ေကာက္တယ္!! "
သဘက္ျဖဴျဖဴေတြၾကားမွာ ဖက္ထုတ္လုံးေလးလို လုံးထိုင္ေနၿပီး ဂ်ီမင္ႏွင့္ ဆန္႔က်င္ဘက္ကို လွည့္ကာ စိတ္ေကာက္ျပသည္ ။

" ဘာလို႔တုန္းဗ်ာ..."

" ေရပဲတူတူခ်ိဳးမယ္လို႔ ေျပာတာေလ..!!
တျခား ဘာလုပ္မယ္ေျပာမိလို႔လဲ...!
အတင္းကို......."

ေရခ်ိဳးတာ ၾကာသြားသည္မို႔ ႏွာသီးထိပ္ေလး
ရဲရဲျဖင့္ ရန္ေတြ႕ပုံက သုံးဘဝစာ အၿငိဳးေတြ
႐ွိသလိုလို ။

" ဒါဆို..အျပင္မွာ ထပ္ၿပီးေတာ့...."
ၿပီတီတီမ်က္ႏွာနဲ႔ဂ်ီမင္ကို ၾကည့္ၿပီး
ေဂ်ာင္ဂု ေအာ္ေတာ့သည္ ။

" ရားးးး....ေဝးေဝးသြား...ကိုယ့္ဘာသာကိုယ္
အက်ႌဝတ္မယ္..အခန္းျပင္ထြက္...! "
ေဂ်ာင္ဂု ဘယ္ေလာက္ေအာ္ေအာ္ ဂ်ီမင္က
ျပဳံးကာ အက်ႌေသခ်ာဝတ္ေပးေနသည္ ။

" ဇာတ္ကား ၾကည့္ရေအာင္...ေနာ္....ေနာ္ "
" ကာတြန္းကား ၾကည့္မလား..."

" ကေလး မဟုတ္ဘူး..."

" ဒါေပမဲ့ ကိုယ္က ခ်စ္ေသာရဲ႕ ကေလးေလးေလ..."

" မသိဘူး....! "

" သရဲကားၾကည့္မလား..."

" ဖြင့္! "
ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ ေျပာလိုက္ပုံက
လုံးဝကို စိတ္ေကာက္ေနပုံ ။ ဘယ္ေလာက္
စိတ္ေကာက္ေကာက္ပါ ရင္ခြင္ထဲကို ဆြဲသြင္း
လိုက္ေတာ့ မ႐ုန္းဘဲ ၿငိမ္ၿငိမ္ေလး ပါလာသည္ ။ ခ်စ္ေသာကို အဲဒါေတြ အသည္းယားရတာ ။

ႏွစ္ေယာက္သား အက်ႌဆင္တူဝတ္ၿပီး
ဆိုဖာေပၚမွာ အက်အနထိုင္ကာ ဇာတ္ကား
ၾကည့္ရင္း ေကာက္လိုက္ေခ်ာ့လိုက္၊
စလိုက္ေနာက္လိုက္ျဖင့္ တစ္ေနကုန္ဟာ
ေပ်ာ္႐ႊင္မႈပန္းမ်ား အၿပိဳင္အဆိုင္ ဖူးပြင့္
ေနခဲ့ေတာ့သည္ ။

×
Romanceကို မနည္းႀကိဳးစားထားတာမို႔
Feedbackေလးမ်ား ေပးၾကပါအုန္း...🤓

ၿပီးေတာ့ေလ ဇာတ္လမ္းနဲ႔ပတ္သက္ၿပီး
ေျပာမလို႔ ၊ အမွန္ေတာ့ အပိုင္း(1)ကတည္းက
ေျပာရမွာကို.....ကိုယ္ရဲ႕ လစ္ဟင္းမႈပါ ။
အပိုင္း(၁)ကေန အခုထိက ေျပာရရင္
Flashback/ေနာက္ေၾကာင္းျပန္တဲ့သေဘာမ်ိဳးပါေနာ္....တကယ့္Presentက Prologueက ဟာပါ ။ ႐ႈပ္သြားၾကမလား
မသိဘူး..ဒါေပမဲ့ စိတ္မပူပါနဲ႔ ေနာက္အပိုင္းေတြက် ျဖည္းျဖည္းခ်င္း ႐ွင္းသြားပါလိမ့္မယ္ 🤩 ( ထင္ရတာပဲ🤧 )

AlexandrineKim(2882023)

Bạn đang đọc truyện trên: AzTruyen.Top