12
Unicode
" ဂျီမင်ကို ချစ်တယ်..."
ချစ်သောရဲ့ စကားအဆုံးမှာ ဂျီမင်ဟာ
လိပ်ပြာလွင့်သွားသလို မှင်သက်ကာ
စက္ကန့်ပိုင်းမျှ ငြိမ်သက်သွားသည် ။
တခဏအကြာမှာမှ တစ်ဆို့နေတဲ့ လည်ချောင်းမှနေ တုန်ယင်နေတဲ့ အသံဟာ
အစီအစဥ်မကျ ပေါ်ထွက်လာခဲ့သည် ။
" ချစ်..ချစ်သော ဘာ..ပြောလိုက်--"
" ချစ်တယ်..ဂျီမင်ကို ကျွန်တော် ချစ်မိနေပြီ"
အိမ်မက်ဆန်ဆန်ဖြစ်ပျက်သွားတဲ့
အခြေအနေတစ်ခုမှာ ဂျီမင်ဟာ အံဝင်ခွင်ကျ
ဖြစ်မနေခဲ့ ။ မျက်တောင်တွေ တဖျတ်ဖျတ်
ခတ်ရင်း စကားလုံးတွေ သီကုံးဖို့ကိုတောင်
ခဲယဥ်းနေခဲ့သည် ။
" ကိုယ်-ကိုယ် မယုံနိုင်သေးဘူး..ဒါက
တအား..အံ့သြဖို့ကောင်းလွန်းနေတယ်.."
ထိုသို့ပြောတော့ ချစ်သောက မခို့တရို့
ပြုံးသည် ။ သစ္စာပန်းစည်းကို သူ့လက်ထဲ
လာထည့်ပေးပြီး မျက်နှာအနီးကို တိုးကပ်
လာခဲ့သည် ။ လေးနက်နေတဲ့ အညိုရင့်ရောင်
မျက်ဝန်းတွေကို ကြည့်ပြီး မီးခိုးဖျော့ရောင်
မျက်စံတွေဟာ လှုပ်လီလှုပ်လဲ့ ။
" သစ္စာပန်းတွေကို တိုင်တည်ပြီးပြောတာပါ..
ဂျီမင်ကို ချစ်တယ်..."
ဂျီမင်သည် ပထမဦးဆုံးအကြိမ် အလွန်အမင်း စိတ်လှုပ်ရှားက လက်ထဲက
သစ္စာပန်းနီတွေကို တင်းကျပ်စွာ ဆုပ်ကိုင်
လိုက်မိသည် ။
တစ်ခါမှ..ဘဝတလျှောက်လုံးမှာ တစ်ခါမှ
လက်ရှိ အခိုက်အတန့်လောက် ပျော်ရွှင်တာ
မရှိခဲ့ဖူးသေး ။ စကြဝဠာတစ်ခုလုံးကို
အပိုင်စား ရရှိလိုက်သလိုမျိုး ကျေနပ်သည့်
ပီတိနဲ့ ဝမ်းသာမှုတွေက အလျှံအပယ်ကို
ဖိတ်ယိုစီးလာခဲ့သည် ။
ဘာကိုမှ၊ဘာကိုမှ မစဥ်းစားတော့ပဲ
သစ္စာပန်းစည်းကို လွှတ်ချကာ ဂျီမင်
သည် ချစ်သော၏ နှုတ်ခမ်းတွေကို
ရူးရူးမူးမူး နမ်းရှိုက်လိုက်တော့သည် ။
ဒီတစ်ခါရဲ့ အနမ်းတွေက သစ္စာပန်းရဲရဲတို့ထက်ပင် လှပနေခဲ့မှာ ၊ချစ်ခြင်းတရားတွေက
အလျှံအပယ်ကိုး ။
ခပ်သိမ်သိမ်ခါးငယ်ကို ပွေ့ပိုက်ယူကာ
အနီးက စားပွဲပေါ်ကို ပင့်တင်လိုက်ပြီး
အနမ်းတွေဟာ အဆုံးမရှိတော့ ။
အသက်ရှုရန် ခက်ခဲလာသည့်အခါ နှုတ်ခမ်းတွေကို ခေတ္တ အလွတ်ပေးပြီး လည်တိုင်
ကျော့ကျော့ဆီသို့ ဆင်းသက်လာခဲ့သည် ။
လည်တိုင်ပေါ်ကို အနမ်းခပ်ဖွဖွပေးမိတော့
ညည်းသံသဲ့သဲ့ဟာ ထွက်ပေါ်လာသည် ။
အဆုံးစွန်ဆုံးထိကို တွန်းပို့နေတော့တာပါပဲ ။
တစ်ကိုယ်လုံးကလည်း ရဲတောက်နေလိုက်တာ ချစ်သောဟာ ညို့ငင်နေတဲ့ သစ္စာပန်းနီလေးလိုပဲ ။
အစကတည်းက ဟနေတဲ့ အင်္ကျီကို လျှောချ
လိုက်တော့ ခါးထက်မှာ ပုံကျသည် ။
သေသေသပ်သပ်ကို ပေါ်လာတဲ့ ရှူမဝ
ခန္ဓာကိုယ်ဟာ မထိရက်စရာ ။ ရင်ဘတ်တွေကို ဖိကပ်နမ်းတော့ လက်တွေက ပခုံးပေါ်ကို
ရောက်လာခဲ့ပြီး ဂျီမင်၏ အပေါ်ရုံအဝတ်ကို
ကင်းကွာစေသည် ။
အပေါ်ပိုင်းဗလာနဲ့ဂျီမင်ဟာလည်း
အလွန်အမင်းကိုမှ ကြည့်ကောင်းလှသည်။ ချစ်သောဟာ ဂျီမင်၏ရင်ဘတ်ပေါ် လက်ချောင်းရှည်တို့ဖြင့် ပွတ်ဆွဲပြီး မထိတထိ လုပ်သည် ။ ဒီအပြုအမူတွေကြောင့် ဂျီမင်ရဲ့ စိတ်မှာ အဆုံးစွန်ဆုံးကို
လွတ်ထွက်လာခဲ့သည် ။ ဂျီမင်ဟာ လည်တိုင်ဆီ ဦးတည်လိုက်ပြီး ဖိကိုက်၍
ဆွဲစုပ်လိုက်သည်။
ထွက်ပေါ်လာသည့် ညည်းသံကျယ်ကျယ်ဟာ
စိတ်၏ အနက်ရှိုင်းဆုံးနေရာမှ ခံစားချက်တို့ကို လှုံ့ဆော်ပေးလိုက်သည့်သဖွယ် ဂျီမင်မှာ
တစ်ကိုယ်လုံး ပူလောင်လာခဲ့သည် ။
ရမ္မက်တို့ ရောနှောစွာဖြင့် ဂျီမင်၏ ထင်တိုင်း
ကြဲမှုမှာ ချစ်သော၏ လည်ပင်းမှသည်
ပခုံး၊ ရင်ဘတ် ၊ ဝမ်းဗိုက်တို့တွင်
အရောင်အသွေး စုံလင်လာသည် ။
ထိုသည့်နောက် အားမရစွာဖြင့် ချစ်သောကို
ခါးကနေ ပွေ့ချီကာ အဖြူရောင် မွေ့ယာပေါ်ကို လှဲချလိုက်သည် ။ ချစ်သော၏ ဖဲသား
ဘောင်းဘီရှည်မှာလည်း ကြမ်းပြင်ပေါ်တွင်
ပုံကျလျက် ။ မက်လောက်စရာ ပေါင်တံတွေ
က သွယ်လျပြီး ဂျီမင် မနေနိုင်စွာ နမ်းရှိုက်
လိုက်မိသည် ။ ပေါင်တံတွေမှသည်
ခြေသလုံးနုနု ၊ ထိုမှသည် နူးနူးညံ့ညံ့
ခြေဖမိုးလေးပေါ်သို့ အနမ်းပေးလိုက်သည် ။
ဂျီမင်သည် ချစ်သော, တစ်ကိုယ်လုံးကို
နေရာလပ်မကျန်သည်အထိ
မက်မက်မောမောကို နမ်းရှိုက်နေတာ..
ချစ်သောသည်တော့ မျက်ဝန်းများကို
မှိတ်ချထားလျက် ဘာဆိုဘာမှ မတားခဲ့ ။
ဂျီမင်သည် အရိုင်းဆန်နေသော ချစ်သောကို
ကြည့်ကာ ပိုပိုပြီး ရှေ့ဆက်တိုးချင်လာသည်။
နားရွက်ဖျားလေးကို ခပ်ဖွဖွကိုက်ရင်း
ခွင့်တောင်းမိတော့ ချစ်သော က မငြင်းခဲ့ ။
ရမ္မက်ပြင်းပြင်း ပျော်ရွှင်ခြင်းတွေပါပဲ ။
ခြေတံသွယ်ကို ပခုံးပေါ် ဆွဲတင်လိုက်ကာ
နှုတ်ခမ်းတွေကို ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်
ပြီး အစပြုတော့ ညည်းညူသံကျယ်ကျယ်ဟာ နှုတ်ခမ်းတွေကြားမှ ခပ်စိပ်စိပ်
ထွက်ပေါ်လာသည် ။
အသည်းတယားယားဖြင့် ဂျီမင်သည်
ချစ်သော၏ အောက်နှုတ်ခမ်းတွေကို
ဖိကိုက်လိုက်သည် ။ မူးယစ်ဆေးထက်တောင် စွဲလမ်းဖွယ်ကောင်းသည့် နှုတ်ခမ်း
တွေက ဂျီမင် အမြဲပြန်လမ်းမဲ့ခဲ့သည့်
လမ်းတွေ ။ ချွေးစတွေ စို့နေသည့်
မျက်နှာလေးက ရဲရဲနီကာ ဂျီမင်ကို
ဆွဲဆွဲငင်ငင် စိုက်ကြည့်နေသည် ။
ဂျီမင်သည် အသေးစိတ်ကအစ မှတ်သားထားတာ..မဲ့ကျသွားတဲ့ မျက်နှာငယ် ၊
ပွင့်ဟတုန်ရီနေတဲ့ နှုတ်ခမ်းပါးတွေ ၊
သံစဥ်လှ ညည်းသံတွေနဲ့ ညို့ငင်
ဆွဲဆောင်လွန်းတဲ့ ခန္ဓာကိုယ်ရဲ့
အစိတ်အပိုင်း အားလုံးကို ဂျီမင်သေသေချာချာ ထိတွေ့ကာ နှလုံးသား၏
အနက်ရှိုင်းဆုံးထိ မှတ်ယူထားခဲ့သည် ။
အချိန်တစ်ခုကြာတဲ့အထိ ရှိနေခဲ့သည့်
လိုချင်တောင့်တမှုတွေနဲ့အတူ ပြင်းပြင်းရှရှ
ညည်းညူသံတွေ ။ အိပ်ခန်းတစ်ခုလုံးရဲ့
လေထုဟာ ချိုအီပြင်းရှပူလောင်နေခဲ့တော့လေသည် ။
×
ဂျီမင်ရဲ့ ရင်ဘတ်ဖွေးဖွေးပေါ်မှီချကာ
ဆေးလိပ်ဖွာနေသည့် ဂျောင်ဂု ။
မျက်နှာကြတ်ကို စိုက်ငေးနေသည့် ညိုရင့်ရောင်မျက်ဝန်းတွေမှာ ဖြစ်ခဲ့ပြီးသား ကိစ္စအတွက် နောင်တအရိပ်အယောင် တစိုးတစိမျှမရှိ ၊ သိပ််ကိုမှ ပြတ်ပြတ်သားသားပါပဲ ။
" အိမ်မက်လိုပဲ.."
ဂျီမင်ရဲ့ စကားသံအဆုံး ဂျောင်ဂု မော့ကြည့်
လိုက်သည် ။ ဟုတ်တာပေါ့ ၊ ဂျီမင်အတွက်က
အခုထိ ဒီအခြေအနေက အိမ်မက်တစ်ခုလိုပဲ။
အချိန်တစ်ခုရောက်လာတဲ့အခါ နိုးထလာရပြီး ပျောက်ကွယ်သွားမည်လား ဟု တွေးပူ
နေမိသည် ။
ဂျောင်ဂုက သောက်လက်စ ဆေးလိပ်ကို
နီးရာပြာခွက်ထဲ ဖိချေလိုက်ကာ ဂျီမင်၏ လည်ပင်းနားကို မျက်နှာအပ်လိုက်သည် ။
" အိမ်မက်မဟုတ်ကြောင်း သိခဲ့ပြီးပြီပဲကို..
ခ်ခ်.."
ဂျီမင်ဟာ ပြုံးယဲ့ယဲ့ ။
" ချစ်သော...ဂျွန်အိမ်တော်ကို ကိုယ်လာခဲ့မယ်.."
" ဘာလုပ်ဖို့လဲ.."
" ချစ်သောကို လက်ထပ်ဖို့လာတောင်းမလို့.."
စိတ်အားထက်သန်စွာ ပြောလာသည့်
ဂျီမင်၏စကားမှာ ဂျောင်ဂု၏အတွေးတွေ
စက္ကန့်ပိုင်းမျှ ယောက်ယက်ခတ်သွားခဲ့သည် ။ သို့သော်လည်း အလျှင်အမြန်ပင်
ပြန်ထိန်းယူလိုက်သည် ။
"နေပါအုန်း ဆန္ဒတွေ မစောပါနဲ့အုန်း.."
ဂျောင်ဂုက လည်ပင်းကို မထိတထိ
နမ်းကာ ပြောလိုက်သည် ။
ထိုအခါကျတော့လည်း ဂျီမင်က သက်ပြင်း
ဖွဖွချရင်း..
" ဒါပေါ့..ဒါပေါ့...ချစ်သောက ကိုယ့်ကို
ချစ်တာပဲ..ကိုယ်စောင့်ရမှာပေါ့..."
ချစ်သောဆီကနေ ချစ်ခြင်းတရားကိုတောင်
ရနေပြီပဲ ၊ တရားဝင် ပိုင်ဆိုင်ဖို့အတွက်က
ပူပန်မနေတော့ပါ ။ ချစ်သောရဲ့သဘော၊
ချစ်သောရဲ့စိတ်တိုင်းကျပဲ အရာရာဟာ
ဖြစ်နေစေရမယ် ။
" ချစ်တယ်..."
ချစ်သော,က "ချစ်တယ်" ဟု တစ်ခါဆိုတိုင်း
သူ့ရင်မှာ သစ္စာပန်းတွေ ပွင့်ဖူးသည် ။
ရင်နှင့်အမျှပါပဲ ။
" သဘောကျလိုက်တာကွာ..."
ဂျီမင်ဟာ ချစ်သောရဲ့ ဆံနွယ်တွေကို
နမ်းရှိုက်ရင်း သိပ်ကိုမှ ပျော်ရွှင်နေခဲ့ပါ
သည် ။ သူ အလွန်အမင်း တောင့်တနေခဲ့
သည့် နေ့ရက်လေးမလား...။
" ရေချိုးရအောင်..."
"မချိုးချင်ဘူး.."
ချစ်သောက ကြမ်းပြင်ပေါ်မှာကျနေတဲ့
ဂျီမင်ရဲ့ အနက်ရောင်အပေါ်ထည်ကို
ခြုံဝတ်လိုက်သည် ။
" အဲ့လို ညစ်ပတ်မနေရဘူးလေ..တူတူ
ချိုးရအောင်.."
ချစ်သောက ဖြတ်ခနဲလှည့်ကြည့်လာသည် ။
" အတူတူချိုးမှာလား.."
မျက်လုံးကစားကာ မေးလာသည့် ချစ်သောကို ကြည့်ရင်း..
" ဟ!...မလွယ်ဘူးပဲ.."
ဂျီမင်က ဆံပင်တွေကို ဆွဲဖွရင်း
သဘောတကျ ရယ်သွမ်းမိသည် ။
ချစ်သောက စားပွဲပေါ်ကို တက်ထိုင်ရင်း
ကုတင်ပေါ်က ဂျီမင်ကို စိုက်ကြည့်နေသည် ။
ဂျီမင်လည်း ကြမ်းပြင်ပေါ်က ဘောင်းဘီကို
ဝတ်လိုက်ပြီး ချစ်သောနားကို လျှောက်လာခဲ့
သည် ။ နောက်တော့ ချစ်သော၏
ချိုင်းအောက်မှနေ ပွေ့,မ,ကာ ရေချိုးခန်းဆီ
ကို ခေါ်ခဲ့တော့သည်။
ရေချိုးကန်ဘောင်ပေါ်ကို ခြေနှစ်ဖက်
ပစ်တင်ထားပြီး ချစ်သော,က ဂျီမင်၏
ရင်ဘတ်ပေါ်မှီကာ မှေးစင်းနေသည် ။
ဂျီမင်က ချစ်သော၏ လက်ကိုဆွဲယူပြီး
ဆပ်ပြာတိုက်ပေးနေသည် ။ ရင်ဘတ်တွေ၊
ကျောပြင်နဲ့ပေါင်တံတွေ တစ်ကိုယ်လုံး
နေရာလပ်မကျန် သေသေချာချာကို သန့်စင်ပေးနေတာ..။
ရေချိုးပြီးတော့လည်း သဘတ်ကြီးနဲ့
သေချာ ထုတ်လာပြီး ထိုင်ခုံပေါ် ထိုင်စေ
သည် ။ အင်္ကျီကို ရွေးနေတုန်း ကျောဘက်က
ချစ်သော က စကားစလာသည် ။
" ဒီလိုကျတော့လည်း ကိုယ့်ကိုကိုယ် ဘုရင်
လိုတောင် ခံစားမိတယ်.."
ဂျီမင်က ပြုံးကာ ရွေးပြီးသား အဝတ်ကို
အနီးအနားက ကုတင်ပေါ်တင်လိုက်သည် ။
" ဘုရင်ပေါ့..ချစ်သော,က ကိုယ့်ဘဝ
တစ်ခုလုံးကို အပိုင်စားမဲ့ ဘုရင်လေ...
တစ်ခုပဲ..ကိုယ့်ကို သေမိန့်တော့
မချလိုက်ပါနဲ့နော်...မင်းကိုထားခဲ့ပြီး
တမလွန်တစ်ဖက်ကမ်းကို ကိုယ် သွားနိုင်မယ်
မထင်လို့ပါ..ချစ်သော..."
ချစ်သော,က မျက်ရည်ဝဲလာသည် ။
" သေမိန့်တဲ့လား..ဂျီမင်ကို စသိကတည်းက
မနာကျင်စေချင်ခဲ့တာပါ....သေခြင်းတရားဆို
ပိုလို့တောင် မသက်ဆိုင်သေး..."
ချစ်သော,က အဖျားခတ်တုန်ယင်သည့်
အသံနဲ့ ပြောလာခဲ့သည် ။ စကားလုံးတွေ
မပြည့်စုံပေမဲ့ သူ့ကို မနာကျင်စေလိုသည့်
မေတ္တာဓာတ်တွေက ဂျီမင်အပေါ်ကို
အပြည့်အဝ လွှမ်းခြုံခဲ့ပါသည် ။
" ကိုယ့်ကို မနာကျင်စေချင်ဘူးမလား...
ဒါဆို ကိုယ့်အနားက မထွက်သွားပါနဲ့..."
" သစ္စာပန်းရဲ့ မညှိုးသော သစ္စာလို ဂျီမင်
အနားမှာ ကျွန်တော်ရှိနေမှာပါ..."
ဂျီမင်သည် ချစ်သောကို တင်းတင်းကျပ်ကျပ်
ထွေးပွေ့မိလိုက်တော့သည် ။
ညစာစားချိန်ကျ အရောင်တောက်တောက်
ကျွန်းစားပွဲကြီးမှာ နေရာယူလိုက်ကြသည် ။
ဟင်းပွဲအပြည့်က ချစ်သောအကြိုက်
ဆိုတာချည်း ။
" ကျွန်တော့်အကြိုက်တွေ ဘယ်လို
သိနေတာလဲ.."
" စချစ်ကတည်းက..ချစ်သောအကြောင်းတွေ
အစအဆုံးသိအောင် ကြိုးစားထားတဲ့
ကောင်ပါ.."
ဂျီမင်ဟာ ဂုဏ်ယူဝံ့ကြွားသော အပြုံးနဲ့ ။
" ချစ်ရကျိုးနပ်လိုက်တာ.."
ခုံတွေကိုဖယ်ပြီး ဂျီမင်ပေါင်ပေါ်ကို တက်ထိုင်ရင်း ဂျောင်ဂု ပြောလိုက်သည် ။
" သိတယ်မလား..အဲဒါကြောင့် ရဲရဲကြီးသာ
ပုံအောပြီး ချစ်! အရှုံးမရှိဘူးဗျာ..."
ညစာစားပြီးနောက် နီညိုရောင် ဆိုဖာပေါ်မှာ
ထိုင်ကာ TVမှ ဇာတ်လမ်းတွဲကို ကြည့်နေ
ကြသော ပူနွေးနွေးစုံတွဲ ။
အမှန်တော့ ဇာတ်လမ်းသာ ဖွင့်ထားတာ
နှစ်ယောက်လုံးက ဇာတ်လမ်းပေါ် အာရုံ
မရှိဘဲ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေသည် ။
ဂျီမင်က ချစ်သော၏ တီရှပ်အပွကြီးထဲကို
ခေါင်းတိုးဝင်ကာ တဖွဖွနမ်းရင်း အလုပ်များ
နေပြီး ချစ်သော က ရယ်သံသေးသေးလေး
များဖြင့် သဘောကျနေခဲ့သည် ။
" သက်ဆုံးတိုင် ကိုယ့်အနားမှာ ရှိမယ်
မလား..."
" သံသရာရဲ့ ထောင့်တိုင်းမှာ ဂျီမင်ကို
စောင့်ပြီး ချစ်နေမှာပါ "
ဒီ ဝန်ခံခြင်းက အရိုးရှင်းဆုံးပါပဲ ။
ဖြူစင်ခြင်းအပြည့်နဲ့ နှလုံးသားက လာသည့်
အတိုင်း စကားလုံးတွေဖြင့် ဖော်ကြူးခဲ့တာ ။
အနာဂတ်ကို မတွေးဘူး ။ ပစ္စုပ္ပန်မှာပဲ
ဘယ်လောက် ချစ်နိုင်မလဲ တွေးတယ် ။
ရှေ့မှာ ကြုံလာရမဲ့ စာမျက်နှာတွေက
လှလှပပတွေမှာ မဟုတ်မှာတော့
နှစ်ယောက်လုံး သိတယ် ။ ဒါပေမဲ့လည်း
နှစ်ယောက်လုံးက ရူးမိုက်ကြတယ်မလား ။
ချစ်ခြင်းတရားကိုပဲ မျက်စိစုံမှိတ်ကိုးကွယ်ပြီး
ငရဲလမ်းဆိုတောင် နှစ်ဦးသား မရွံ့တမ်း
လျှောက်မှာ ။
×
AlexandrineKim(2382023)
Zawgyi
" ဂျီမင်ကို ချစ်တယ်..."
ခဲယဉ်းနေခဲ့သည် ။
ဂျီမင်ကို ချစ်တယ်..."
လိုက်မိသည် ။
မရှိခဲ့ဖူးသေး ။ စကြဝဠာတစ်ခုလုံးကို
ဖိတ်ယိုစီးလာခဲ့သည် ။
အလျှံအပယ်ကိုး ။
ကင်းကွာစေသည် ။
ဆွဲစုပ်လိုက်သည်။
လိုက်မိသည် ။ ပေါင်တံတွေမှသည်
နေရာလပ်မကျန်သည်အထိ
ထွက်ပေါ်လာသည် ။
လမ်းတွေ ။ ချွေးစတွေ စို့နေသည့်
×
မျက်နှာကြတ်ကို စိုက်ငေးနေသည့် ညိုရင့်ရောင်မျက်ဝန်းတွေမှာ ဖြစ်ခဲ့ပြီးသား ကိစ္စအတွက် နောင်တအရိပ်အယောင် တစိုးတစိမျှမရှိ ၊ သိပ်ကိုမှ ပြတ်ပြတ်သားသားပါပဲ ။
" အိမ်မက်လိုပဲ.."
နေမိသည် ။
ခ်ခ်.."
ဂျီမင်ဟာ ပြုံးယဲ့ယဲ့ ။
" ဘာလုပ်ဖို့လဲ.."
ပြန်ထိန်းယူလိုက်သည် ။
နမ်းကာ ပြောလိုက်သည် ။
ဖွဖွချရင်း..
ပူပန်မနေတော့ပါ ။ ချစ်သောရဲ့သဘော၊
ဖြစ်နေစေရမယ် ။
" ချစ်တယ်..."
ရင်နှင့်အမျှပါပဲ ။
" သဘောကျလိုက်တာကွာ..."
သည့် နေ့ရက်လေးမလား...။
" ရေချိုးရအောင်..."
"မချိုးချင်ဘူး.."
ခြုံဝတ်လိုက်သည် ။
ချိုးရအောင်.."
" အတူတူချိုးမှာလား.."
" ဟ!...မလွယ်ဘူးပဲ.."
သည် ။ နောက်တော့ ချစ်သော၏
ကို ခေါ်ခဲ့တော့သည်။
ဆပ်ပြာတိုက်ပေးနေသည် ။ ရင်ဘတ်တွေ၊
ချစ်သော က စကားစလာသည် ။
လိုတောင် ခံစားမိတယ်.."
မထင်လို့ပါ..ချစ်သော..."
အသံနဲ့ ပြောလာခဲ့သည် ။ စကားလုံးတွေ
ဆိုတာချည်း ။
သိနေတာလဲ.."
ကောင်ပါ.."
မလား..."
အနာဂတ်ကို မတွေးဘူး ။ ပစ္စုပ္ပန်မှာပဲ
နှစ်ယောက်လုံး သိတယ် ။ ဒါပေမဲ့လည်း
လျှောက်မှာ ။
×
Bạn đang đọc truyện trên: AzTruyen.Top