[4]






အဆင်မပြေ....


ဲ့ဆူးမိသည်တယ့်လေ...

ကွဲခဲ့သည်..
ရေးခြစ်လိုက်ပြန်တယ်..။

သူတောင်းပန်ခဲ့ရသည်..။


ထို့ကြောင့် ဆိုင်ကိုပင် စောစောသိမ်းကာ


ဒီနေ့မသွားရသေးဘူးပဲ....


မေပယ်ပင်ကြီးအောက်မာ


"အကို.."


//အကို!!!//



လူတစ်ယောက်...

တအားခန့်ညားလှတယ်......

သေချာဖီးသပ်ထားကာ


//မောင်!!!!!ဟိုမာ ကားးး!!!!! //






တောင် ကျိုးပြီလားပဲ....
အနီရောင် သွေးများ...

အကိုကကျွန်တော့်ကို



့် အသံ..
အသံအစားထွက်လာတာက
အနီရင့်ရင့် သွေးတို့..။







အင်းနောက်ဆုံးပေါ့...

//အ အကို့ ကို ချ စ် တ ယ် //


//မောင်!!!!!ကိုယ်လည်း
မောင့်ကို ချစ်တယ်လေ!!
မောင်!!!!!! //

လက်မခံလိုပါ...

လွန်တော့မယ် //

..................

မောင်.....//


တစ်ဖွဖွပြောနေမိတယ်........//


ရူးတော့မလိုမို့ပါ..။

****************

Alexandrine Kim

ပုစွန်ဆီရောင်ညနေခင်းဟာ တိမ်တိုက်တွေ
ထူထပ်နေသဖြင့် လိမ္မော်ရောင်တိမ်တိုက်
တွေ စီရီနေတာက သိပ်ကိုလှပနေသည်။

သို့ပေမယ့် တိုက်ခတ်နေတယ့် လေပြေက
ဝမ်းနည်းနေသယောင်ယောင်..။

ကြေကွဲမှုအဖော်ပြု..ခေါင်းငိုက်စိုက်ဖြင့်
သူလမ်းလျှောက်နေမိတယ်...

ဒီနေ့သူစိတ်တွေလေးနေသလိုပင်....

သူ့လက်ချောင်းထိပ်က ကပ်ထားတယ့်
ပလာစတာကိုအကြည့်ရောက်မိတော့..

ဒီနေ့ လုပ်သမျှအရာတွေဟာတစ်ခုမှ
အဆင်မပြေ....

ပန်းဆိုင်ဖွင့်လာတစ်လျှောက် ပန်းတွေန
ဲ့ပတ်သက်ပြီး ဘာထိခိုက်မှုမှမရှိတယ့်သူက..

သိပ်လှတယ့်နှင်းဆီပန်းတွေရဲ့ ဆူးတွေန
ဲ့ဆူးမိသည်တယ့်လေ...

ပန်းအိုးနှစ်လုံးဟာလည်း မကွဲစဖူး
ကွဲခဲ့သည်..
ကောက်သိမ်းလိုက်တယ့် ဖန်ကွဲစတွေဟာ
လည်း လက်ဖဝါးထက်ကို လှလှပပ
ရေးခြစ်လိုက်ပြန်တယ်..။

မှားပို့မိတယ့် ပန်းစည်းတွေကြောင့်လည်း
သူတောင်းပန်ခဲ့ရသည်..။

ကိစ္စအားလုံးကိုခြုံငုံကြည့်လိုက်လျှင်..
ဒီနေ့သူ့အတွက်ပြသာဒါးနေ့ပင်....။

ထို့ကြောင့် ဆိုင်က်ိုပင် စောစောသိမ်းကာ
အိမ်ကိုသာအမြန်ပြန်နေမိတယ်......

ရုတ်တရက် သတိရသွားတာ မေပယ်ပင်ကြီး

ဒီနေ့မသွားရသေးဘူးပဲ....

တစ်ဖက်လမ်းကို ကူးရန်ကြည့်မိတော့..
မြင်လိုက်ရ‌တယ့် အရိပ်လေးတစ်ခု....။

မေပယ်ပင်ကြီးအောက်မာ
ကျောပေးထားတယ့်အရိပ်လေး.....

အရိပ်မြင်ရုံမျှပင် မှတ်မိနေလောက်သည့်
တမ်းတမ်းစွဲဖြစ်ခဲ့ရပါသော
သူသုံးနှစ်တာ စောင့်မျှော်ခဲ့ရတယ့် လူသား...

"အကို.."

နှုတ်မှတိုးတိုးရေရွတ်လိုက်ခြင်းသည်..
အံ့သြမှုကြောင့်ဆိုတာမလွဲမသေ..။

//အကို!!!//

လှည့်ကြည့်လာတယ့် ကျွန်တော့်ချစ်ရသူ..

ပြောင်းလဲသွားလိုက်တာအကိုရယ်...။

အရင်တုန်းက သေးသေးကွေးကွေး
ခန္ဓာကိုယ်လေးကလည်း အခုတော့
ပခုံးကျယ်ကျယ်နဲ့ ခန့်ခန့်ညားညား
လူတစ်ယောက်...

ပါးဖောင်းဖောင်းလေးနဲ့
မျက်နှာပိုင်ရှင်လေးကလည်း
အခုတော့ ထင်းနေတယ့် မေးရိုးတွေနဲ့
တအားခန့်ညားလှတယ်......

ဆံပင် ခပ်အုပ်အုပ်သာ အမြဲထားတတ်တယ့်
အကိုက အခုတော့ ဆံပင်ကို
သေချာဖီးသပ်ထားကာ
အရမ်းကြည့်ကောင်းနေလေသည်....

အရင်တုန်းက ကျွန်တော်ရဲ့ ကလေးလေးလို
အကိုက အခုတော့ အရမ်းခန့်ညားတယ့်
လူတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီ.....

//မောင်!!!!!ဟိုမာ ကား!!!!! //

ကျွန်တော်လမ်းမအလယ်မာ
အတွေးလွန်နေမိတယ်ထင်ပါတယ်....

အရှိန်ပြင်းပြင်းလာနေတယ့်ကားတစ်စီး....//

ကံကြမာကကျွန်တော်နဲ့အကိုကို
ထပ်ရက်စက်ပြန်ပြီထင်ပါတယ်.....

လေထဲကိုမြောက်တက်သွားတယ့်
ကျွန်တော့်ခန္ဓာကိုယ်...

စိုးရိမ်တကြီးပြေးလာတယ့် အကို....

လမ်းမကြီးနဲ့ကျောပြင်ရိုက်ခတ်မှုက အရိုးတွေ
တောင် ကျိုးပြီလားပဲ....
ချက်ချင်းအိုင်တက်လာတယ့်
အနီရောင် သွေးများ...

အကိုကကျွန်တော့်ကို
သူ့ပေါင်ပေါ်ပွေ့ထားတယ်...

မျက်ရည်တွေနဲ့ကျွန်တော့်ကိုစိတ်ပူနေခဲ့တာ..

ကျွန်တော်ကို စိတ်ပူနေတယ်ဆိုတော့
ကျွန်တော့်ကို ချစ်သေးတယ်ပေါ့နော်...

မေးချင်ပေမယ့် ထွက်မလာတော့တယ့်
့် အသံ..
အသံအစားထွက်လာတာက
အနီရင့်ရင့် သွေးတို့..။

အကို့ ပါးပြင်လေးကို ကိုင်တွယ်မိတယ်...

‌ငါ အကို့ မျက်နှာကို သွေးစွန်းစေခဲ့ပြီ...
ငါ့ရဲ့ညစ်ပတ်တယ့်လက်တွေနဲ့..

လေးလံလာတယ့် မျက်ခွံတွေ....

အကိုနဲ့ထာဝရခွဲခွာရတော့မာလား....
မယုံကြည်နိုင်တော့ခြင်းမှာ ဒီအရာကအပါအဝင်

မပိတ်လိုက်ပါနဲ့အုန်း မျက်ခွံလေးတွေရယ်...
အကို့ကို အခုမြှပန်တွေ့ရ‌တာလေ....
အခုပဲ ပြန်ခွဲရတော့မာလား...

‌သွေးတွေထွက်နေတယ့် ကြားကနေ
နောက်ဆုံးအနေနဲ့ပြောလိုက်မိတယ်...

အင်းနောက်ဆုံးပေါ့...

//အ အကို့ ကို ချ စ် တ ယ် //

ပါးပြင်ပေါ်ကနေ ပြုတ်ကျသွားတယ့်
သွေးစွန်းနေတယ့်လက်ကလေး......//

//မောင်!!!!!ကိုယ်လည်း
မောင့်ကို ချစ်တယ်လေ!!
မောင်!!!အဲ့လို အိပ်လိုက်လို့မရဘူးလေ!!! ‌
မောင်ရဲ့!အခုပဲမောင့်ကိုလာတွေ့တာလေ!!!
မောင်!!ထ !!မောင်မနောက်နဲ့ကွာ!!!
မောင်!!!!!! //

အော်ဟစ်သံတွေကြားက ကြေကွဲမှုတွေ..
ဆုံးရှုံးသွားခြင်းက နှလုံးသားမို့..
လက်မခံလိုပါ...

//အကို အကို!ဖယ်ပေးပါ လူနာက သွေးထွက်
လွန်တော့မယ် //

..................

ဆေးရုံကားပေါ်မာ အသက်မနည်းရှူနေရတယ့်
မောင်.....//

ကိုယ့် အပြစ်တွေပါ‌မောင်ရယ်...//
ကိုယ်မကာကွယ်ပေးနိုင်ခဲ့လို့....//

သွေးစွန်းနေတယ့် လက်ကလေးကို
ဆုပ်ကိုင်ထားကာ ထွက်မသွားပါနဲ့ ဆိုတယ့်
စကားကို အရူးတစ်ယောက်လို့
တစ်ဖွဖွပြောနေမိတယ်........//

ကိုယ့်ဘဝထဲက ထွက်မသွားပါနဲ့မောင်ရယ်...

ရူးတော့မလိုမို့ပါ..။

****************

Alexandrine Kim

Bạn đang đọc truyện trên: AzTruyen.Top