[1]
ကောင်းကင်အောက်က
မေပယ်ပင်ကြီး တစ်ပင်..။
စိုက်ကြည့်နေမိတယ်..
အော်.....
လှပနေတုန်း...
ရရှိနေသေးတာပဲ...
မေပယ်လေးကတော့
မေပယ်ရွက်လေးတွေက
်အဲ့တစ်စုံတစ်ယောက်က
ကံကောင်းတယ်တဲ့...//
လူတွေကချစ်တယ်...//
သူတို့တွေက လှပတယ်...//
သူတို့တွေက
လှပချင် လှပနေပေမယ့်
သတိရစေမိတယ့်အတွက်
ဖြစ်နေရသည်။
ညှပ်ထားလိုက်တော့တယ်...//
ဆောင်းဦးလေအဝေ့
အော်...မေပယ်တွေတောင်
သူမှတ်မိပါသေးတယ်...
ကုန်ဆုံးခဲ့တယ်...
ကြွေကြသွားတယ့်
နှစ်ပတ်လည်နေ့...//
အကို ကျွန်တော့်ကို
သတ်ပစ်ခဲ့တယ်...//
ရိုက်ခတ်စေတယ်...//
အကြောင်းပြချက်...
ပြချက်တောင်းခဲ့တယ်...
ဘာအကြောင်းပြချက်
လာလာစောင့်နေတာ....
လွမ်းတယ် အကို..
နောက်ဆုံးအချိန်ထိ
ချစ်မိသွားလို့ပါပဲ...//
#Alexandrine Kim
တိမ်သားအနည်းငယ်ထူထပ်နေတယ့်
ကောင်းကင်အောက်က
မေပယ်ပင်ကြီး တစ်ပင်..။
တလွင့်လွင့်ဖြင့် ကျွန်တော့်ပုခုံးထက်
ကြွေကျလာတယ့် မေပယ်ရွက်ငယ်..။
ကိုင်ယူလိုက်ပြီးအကြောင့်းမဲ့
စိုက်ကြည့်နေမိတယ်..
အဘယ့်ကြောင့် မဖိတ်ခေါ်ပဲ
မျက်ရည်တစ်စက်က ကျဆင်းလာပါသနည်း..
အော်.....
မေပယ်တွေဟာ ကြွေကျတာတောင်
လှပနေတုန်း...
အဝါရောင်ကနေအညိုရောင်
ပြောင်းသွားတယ့်မေပယ်ရွက်လေးဟာ
လူတိုင်းရဲ့ တန်ဖိုးထားခြင်းကိုရရှိနေရတုန်း..
အပင်ပေါ်ကနေ စွန့်ပစ်ခြင်းခံလိုက်ရပေမယ့်
တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းကို
ရရှိနေသေးတာပဲ...
အခုသူ့လက်ထဲကအညိုရောင်
မေပယ်လေးကတော့
သူရဲ့ တန်ဖိုးထားချစ်ခြင်းတို့ကိုရရှိလိမ့်မည်..
မေပယ်ရွက်လေးတွေက
တစ်စုံတစ်ယောက်ပေါ်ကို ကြွေကျရင်
်အဲ့တစ်စုံတစ်ယောက်က
ကံကောင်းတယ်တဲ့...//
ဒါကြောင့် မေပယ်တွေကို
လူတွေကချစ်တယ်...//
သူတို့တွေက လှပတယ်...//
သူတို့တွေက
တစ်စုံတစ်ယောက်အတွက်တော့
လှပချင် လှပနေပေမယ့်
ကျွန်တော့်အတွက်ကတော့
ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ကို
သတိရစေမိတယ့်အတွက်
ကြာကြာပင်စိုက်မကြည့်ရဲလောက်အောင်
ဖြစ်နေရသည်။
ဒါပေမယ့် သူတို့လေးတွေကို
ကျွန်တော် တန်ဖိုးထားဆဲ...//
ကိုင်ထားတယ့် အညိုရောင်
ဒိုင်ယာရီစာအုပ်လေးထဲက
စာရွက်လေးတစ်ရွက်ထဲကို
ညှပ်ထားလိုက်တော့တယ်...//
မေပယ်တွေနဲ့ ပုံဖော်ထားတယ့်
မေပယ်တို့ရဲ့ဒိုင်ယာရီ...
ကျွန်တော့်ရဲ့ ရင်တွင်းခံစားချက်တို့ကို
သိရှိနေသော တစ်စုံတစ်ခု...။
ဆောင်းဦးလေအဝေ့
ထပ်ကာကြွေလာတယ့် မေပယ်ရွက်တစ်ချို့။
အော်...မေပယ်တွေတောင်
တစ်ခါပြန်..ကြွေကုန်ပြီပဲ//
သူမှတ်မိပါသေးတယ်...
လွန်ခဲ့တယ့် ခြောက်နှစ်
ဒီမေပယ်ပင်ကြီးအောက်မာပဲ
သူ အကို့ကို စတွေ့ခဲ့တယ်....
ဒီအပင်ကြီးအောက်မာပဲ အကို ,
သူ့အား ဖွင့်ပြောခဲ့တယ်...
ကျွန်တော်နဲ့အကိုရဲ့ နှစ်ပတ်လည်တိုင်းဟာ
ဒီမေပယ်ပင်ကြီးရဲ့အောက်မာပဲ
ကုန်ဆုံးခဲ့တယ်...
မေပယ်ပင်ကြီးကို သက်သေထား
ကျွန်တော်တို့ ကတိသစ္စာတွေဆိုခဲ့ဖူးတယ်..
ဘယ်တော့မှထားမသွားဘူးဆိုပြီး
ပေးခဲ့တယ့် ကတိသစ္စာတွေက
တစ်ချိန်ကြတော့ လေအဝှေ့မာ
ကြွေကြသွားတယ့်
မေပယ်ရွက်ခြောက်လေးတွေလိုပဲ
ကြွေကြသွားခဲ့တယ် လွင့်ပျယ်သွားခဲ့တယ်...
ကျွန်တော်တို့ရဲ့လေးနှစ်မြောက်
နှစ်ပတ်လည်နေ့...//
အကို ကျွန်တော့်ကို
အရင်လိုမနွေးထွေးတော့ပဲ
အေးစက်စက် စကားလုံးတွေနဲ့
သတ်ပစ်ခဲ့တယ်...//
လမ်းခွဲကြမယ်ဆိုတယ့်စကားလုံးက
ကျွန်တော့ရင်ကို အရှိန်အပြင်းဆုံးဖြင့်
ရိုက်ခတ်စေတယ်...//
အကြောင်းပြချက်...
အကို့ကို ကျွန်တော်အကြောင်း
ပြချက်တောင်းခဲ့တယ်...
ဖြေရှင်းချက်တစ်ခုပေါ့...
ဘာအကြောင်းပြချက်
ဘာဖြေရှင်းချက်မှမပေးပဲ
ကျွန်တော့်ကို ရက်ရက်စက်စက
်ကျောခိုင်းသွားခဲ့တယ်...//
လက်ကလေးကို လှမ်းဆွဲထားဖို့တောင်
ကျတော်မေ့လျော့နေခဲ့တာ...
အခုဆို အကို ကျွန်တော့်ရင်ထဲက
ကျွန်တော့်ဘဝထဲက အကြောင်းပြချက်မရှိ
ထွက်သွားတာ နှစ်နှစ်တောင် ရှိရောပေါ့...
သတင်းအစအနတောင် မကြားရတယ့်
အကိုဟာ သေမတတ်ခံစားနေရတယ့်
ကျွန်တော့်ကို တကယ်မေ့သွားပြီထင်ပါတယ်။
နောက်ဆုံးမမေ့နိုင်ခဲ့တာ ကျွန်တော်......
"အကိုပြန်လာရင်လေ"ဆိုတယ့်
မရေရာတယ့် မျှော်လင့်ချက်လေးတစ်ခုနဲ့
ဒီမေပယ်ပင်ကြီးအောက်မာ ရူးမိုက်စွာ
လာလာစောင့်နေတာ....
အကို ထွက်သွားကတည်းကပေါ့....
လွမ်းတယ် အကို..
သေတော့မတတ်ကိုလွမ်းတယ်အကို...
တစ်ချိန်အကိုများ ပြန်လာရင်
ဒီကောင်ကြီးက လုံးဝပြန်လက်ခံပေးအုန်းမာ
ဘာလိုဆို အကို့က ကျွန်တော်ရဲ့
ပထမဆုံးနဲ့နောက်ဆုံးအချစ်ပဲ...//
အချစ်ဦးဖြစ်ခဲ့တယ့် အကို ရောက်လေရာ
အရပ်ကအမြန်ပြန်လာခဲ့ပါ...//
ကျွန်တော်စောင့်နေတယ်...//
နောက်ဆုံးအချိန်ထိ
ကျွန်တော်စောင့်မျှော်နေမာ...//
ဘာလို့ဆို Jeon JungKookဆိုတယ့်
ကျတော်က ParkJimin ဆိုတယ့်
အကိုကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး
ချစ်မိသွားလို့ပါပဲ...//
#Alexandrine Kim
Bạn đang đọc truyện trên: AzTruyen.Top