Part (1)
(Zawgyi)
" ဒိုဂေယာင္ဆူး!. မင္း အိမ္သာထဲမွာ ေဆးလိပ္ခိုး
ေသာက္ျပန္ျပီလား?!"
ေဒါသအေငြ့တေထာင္းေထာင္းထေနတဲ့
ဆရာကို ဂေယာင္ဆူး ျကည့္လိုက္ျပီး အနည္းငယ္ေတာင္ စိတ္ပ်က္မိ၏။
သူ့ေဆးလိပ္အေငြ့ေတာင္ သည္ေလာက္ မထပါေလ။
ခဏခဏျဖစ္ပါမ်ားေတာ့
ဂေယာင္ဆူး စိတ္မရွည္ေတာ့ေပ။
အျကိမ္ေပါင္းမနည္းစြာအတိုင္ခံရျပီးျဖစ္သည္။
မည္သူကခိုးေျကာင္ခိုးဝွက္နွင့္ လုပ္ေဆာင္ေနမွန္း
မသိရသည္ေျကာင့္ ပိုအူယား၏။ သိလ်ွင္ကား
သူ ၏လက္သီးကို ေပ်ာ္ေပ်ာ္ျကီးေတြ့ရမွာမို့ပင္။
ဆရာ၏စားပြဲနား ဂေယာင္ဆူး လမ္းေလ်ွာက္သြား၏။
ဆရာက ထပ္ေမးမေနေတာ့ဘဲ အျပစ္
ေပးေနက်အတိုင္း အတန္း၏ေရွ့၌ မတ္တပ္ရပ္ေနခိုင္းသည္။
ေမးလ်ွင္လည္း သူလုပ္ေျကာင္းအျမဲဝန္ခံေနသည္မို့
ဆရာသည္လည္း အဖက္လုပ္မေနေတာ့ေပ။
ဂေယာင္ဆူးလည္းအေရးလုပ္မေနေတာ့ဘဲ အိပ္ေထာင္ အတြင္းရွိ ပီေကတစ္ခုကို ေကာက္ဝါးလိုက္၏။
အသံျမည္ေအာင္ ပါးစပ္အတြင္း ပီေကကို တစ္ေဖာက္
ေဖာက္ လုပ္ေနသည့္သူ့ကို ျဖတ္သြားျဖတ္လာေတြက
မျကည့္ရဲျကည့္ရဲျဖင့္ ျကည့္သြားျက၏။
အတန္ငယ္ျကာေတာ့စာသင္ခန္းထဲက ဆရာကထြက္
လာျပီး ဂေယာင္ဆူး ၏လြယ္အိတ္မ်ားကိုထုတ္လာျပီး
ျကမ္းျပင္ေပၚသို့အရွိန္ျဖင့္ ပစ္ခ်လိုက္၏။လြယ္အိတ္ရွင္ ကေတာ့အေရးမလုပ္သလိုျဖင့္ ပီေကကို ပူေပါင္းတစ္ခုအသြင္မွွုတ္လိုက္ျပီး လြယ္အိတ္ကို ေကာက္ကာ
ထိုေနရာမွထြက္သြား၏။
"ဒါမင္းကို အျပစ္ေပးတာ ဂေယာင္ဆူး ဒီေန့ေက်ာင္းမလာနဲ့။"
Kyung Soo လမ္းေလ်ွာက္ရင္း ျကံဳရာ ျကံဳရာက်ပန္း
ေနရာတစ္ခုကို အရသာမက်န္ေတာ့ေသာ ပီေကကို
ထူးထုတ္လိုက္ေတာ့ ဆရာ၏ ဆဲသံေတြကိုပင္
အေနာက္မွျကားေနရ၏။
ေက်ာင္းတစ္ေန့မတက္ရေတာ့လဲဘာျဖစ္လဲ။
ဂေယာင္ဆူး တို့မွာ ေနစရာေနရာကမရွားလွ။
"ေဟ်ာင့္.လာေခၚ...'."
ဖုန္းတစ္ဖက္ကလူကလည္း တစ္ခြန္းထဲေျပာကာ
ေခၚဆိုမွုကို ပိတ္လိုက္၏။
ေက်ာင္းေရွ့မွာ ေဆးလိပ္ေသာက္မရတာမို့
ခပ္ေဝးေဝးတစ္ေနရာကို ေဆးလိပ္ေသာက္
ရန္ လမ္းေလ်ွာက္သြားလိုက္၏။
လြယ္အိတ္ထဲကေဆးလိပ္ဘူးကိုထုတ္ျပီး
တစ္ခုကိုထုတ္ကာ ေဘာင္းဘီအိတ္ေထာင္ထဲက
မီးျခစ္ကိုထုတ္လိုက္၏။
မီးညိွရန္ ျခစ္ေသာ္လည္း ေလတိုက္၍ မီးစသည္
ခဏခဏျပတ္ေတာက္သြားသည္။
ထို့ေျကာင့္ လမ္းေလ်ွာက္ရင္း လက္တစ္ဖက္ျဖင့္
ကြယ္ကာ ကုိယ္ကိုအနည္းငယ္မ်ွကိုင္းျပီး
ေဆးလိပ္ေသာက္ရေရးကိုသာ အာရံုစိုက္ေန၏။
ဘုတ္!..
"အား....shit!.. "
ဂေယာင္ဆူး၏ ဂရုမစိုက္မွုေျကာင့္ လူတစ္ဦးနွင့္
ဝင္တိုက္ကာ ေဆးလိပ္သည္ ေအာက္သို့ ျပဳတ္
က်သြားခဲ့၏။
တစ္ဖက္လူ၏ စာရြက္စာတမ္းမ်ားသည္လည္း
ေအာက္သို့ လြွင့္ကာ ျပဳတ္က်သြားေလသည္။
တိုက္မိေသာသူမွာ ဂေယာင္ဆူးကိုမျကည့္နိုင္ေသးပဲ
စာရြက္စာတမ္းေတြကို လိုက္ေကာက္ေန၏။
ေက်ာတြင္လြယ္ထားတဲ့ လြယ္အိတ္ေျကာင့္
ေက်ာင္းသားမွန္းသိသာတဲ့ ထိုလူကို ဂေယာင္ဆူး
ပညာျပလိုက္ခ်င္ပါဘိ။
"ဘာလဲဟ...လူကိုလဲ ဝင္တိုက္ေသးတယ္။..
ေတာင္းပန္ရမယ္ဆိုတာ မသိဘူးလား?...'
ကုန္းကြကြ ျဖင့္ေကာက္ေနတဲ့ ထိုလူ့ေဘးကို
ေဆာင့္ေျကာင့္ထိုင္ကာ ေမးလိုက္ေတာ့
ထိုလူက ေမာ့ျကည့့္လာျပီး မတ္တပ္ရပ္လိုက္၏။
ရွည္လိုက္တဲ့အရပ္။
"ေတာင္းပန္ပါတယ္။."
ထိုသူသည္မတ္တပ္ရပ္သည္နွင့္ ဂေယာင္ဆူးကို
ခါးကုိင္းကာ ေတာင္းပန္ျပီး သူသြားလိုေသာေနရာကို
ထြက္သြားရန္ျပင္လိုက္သည္။
သို့ေသာ္ မာန အခံရွိေသာ ဂေယာင္ဆူးသည္
ျပသာနာ မရွာရရင္ အိပ္မေပ်ာ္စားမဝင္တဲ့လူမ်ိဳးဆို
ေတာ့ ဇာတ္လမ္းကလြယ္လြယ္နဲ့မျပတ္။
"ကင္မ္ ဂ်ံဳ အင္?...ဒါမင္းနာမည္လား...အဟက္!..
ေတာဆန္လိုက္တာ..."
ထိုေကာင္ေလး၏စာရြက္စာတမ္းမ်ားထဲမွ အေရးျကီးဆံုးစာရြက္ျဖစ္သည့္ ေက်ာင္းေျပာင္းေလ်ွာက္လြွာ။
ကံမေကာင္းစြာပဲ ထိုစာရြက္ေလးသည္ ေျမေပၚသို့
က်က်န္ခဲ့သျဖင့္ ဂေယာင္ဆူးလက္ထဲ၌ ေရာက္ရွိ
ေနေလသည္။
ရပ္တန့္သြားတဲ့ နာမည္ပိုင္ရွင္ဟာ ဂေယာင္ဆူး
ဆီသို့ျပန္လမ္းေလ်ွာက္လာကာ
ေလသံေအးေအးျဖင့္ ဆိုလာသည္။
"စာရြက္ျပန္ေပးပါ။..."
စြန္ရဲတစ္ေကာင္ကဲ့သို့ေသာ မ်က္လံုးတစ္စံုကုိ
ဂေယာင္ဆူး ျပန္ျကည့္ရင္း
လွ်ာကို ပါးေစာင္ထဲထိုးထည့္လိုက္သည္။
"ယူခ်င္ရင္...ေပးေစခ်င္ေအာင္ ေတာင္းပန္ေလ.."
ဘလိုင္းျကီးျပသနာလာရွာေသာ လူတစ္ေယာက္
သည္ ဂ်ံဳအင္ေလာက္ အရပ္မရွည္၊ေဘာဒီမေတာင့္၊
ရုပ္မေျဖာင့္သည္ဟု ဂ်ံဳအင္ေတြးကာ ဘာမွျပန္မေျပာ
ပဲ ထိုအတိုင္းရပ္ေနလိုက္၏။
သူဘာမွမလုပ္လည္း ဒီပြဲကအရံွုးအနိုင္ေပၚျပီးသားမို့
ပင္။
"..မင္းကဒီေက်ာင္းကိုလာအပ္တာလား?...
ဒါဆို ကုိယ့္ရဲ့ စီနီယာကို ေလးစားရမယ္ေလ...
မင္းေျကာင့္ ငါေသာက္ဖို့လုပ္ထားတဲ့ေဆးလိပ္က်
သြားတာကိုျမင္လား?..."
ဂ်ံဳအင္သည္ ခပ္တည္တည္ျဖင့္ ေနာက္ေက်ာဘက္မွမိမိလြယ္အိတ္ကိုဆြဲယူကာလက္ထဲက စာရြက္ေတြကို
အကုန္ထည့္လိုက္၏။ ျပီးေနာက္ ပိုက္ဆံအိတ္ထဲမွ
Credit cardကိုထုတ္လိုက္၏။
ထို card အား မိမိေရွ့ကအရိုင္းအစိုင္းေကာင္ကို
လွမ္းေပးလိုက္၏။
ဒါသက္သက္ ေငြညစ္ခ်င္လို့ ဥာဏ္ထြင္တာမဟုတ္လား
ဒါေတြက ရိုးေနပါျပီ။ ဂ်ံဳအင္အတြက္ ေငြဆိုတာ ေရလိုပဲတဲ့ ။ ဟက္!
ထိုအျပဳ အမူေျကာင့္ ဂေယာင္ဆူးမွာ အနာေပၚတုတ္
က်သလိုျဖင့္ ေဒါသေတြေထာင္းတက္လာ၏။
သူလိုခ်င္တာေတာင္းပန္မွု ဒါကိုဒီ သေကာင့္စား ေလး
က ပိုက္ဆံနွင့္ေျဖရွင္း၏။
မာနကို အခ်ိဳးခံလိုက္ရတဲ့ ဂေယာင္ဆူးဟာ
လက္ထဲမွာ အသင့္ရွိျပီးသား မီးျခစ္ျဖင့္
ထိုစာရြက္ေလးကို ေအာက္ေျခမွစ၍ ေလာင္ျမိဳက္ေစ
ခဲ့သည္။
ငါဘာေကာင္လဲဆိုတာ မင္းျကည့္လိုက္ !
"Sorry ကေလးေနာက္က်သြားျပီ..."
တမင္မီးရိွု့လိုက္ျခင္းျဖစ္၏။ မ်က္ခံုတစ္ဖက္ကို
ပညာသားပါပါပင့္ကာ က်န္လက္တစ္ဖက္ကိုလဲ
ေဘာင္းဘီအိပ္ေထာင္ထဲထိုးထည့္ထားေသးသည္။
သာမာန္လူအတြက္ေတာ့ ထိတ္လန့္သြားေစမယ့္
ျုဖစ္ျခင္း သို့ေသာ္ ဂ်ံဳအင္ကေတာ့ လက္ကေလးတစ္
ေခ်ာင္းေတာင္ လွုပ္မလာ။
"အျပစ္လုပ္ျပီးရင္ အဲ့အျပစ္နဲ့တန္တဲ့ အရာကို ျပန္ေပး
ရတယ္...."
ျပီးေနာက္ ဂေယာင္ဆူးက ခပ္စစ ရယ္ကာ
"တကယ္ဆိုရင္ ငါ့ေဆးလိပ္က မင္းေက်ာင္းအပ္လြွာ
ထက္ေတာင္ အေရးျကီးေသးတယ္။.."
ထိုအသံအျပီး ကင္မ္ဂ်ံဳအင္ဟူေသာ ေက်ာင္းအပ္
စာရြက္ကေလးသည္ ျပာစေလးေတြ
အျဖစ္ ေလထဲ၌ တေျဖးေျဖးလြွင့္ပါသြားခဲ့၏။
ဂ်ံဳအင္သည္မတုန္လွုပ္ေပ။
စိတ္မပါေသာ အျကည့္တို့ျဖင့္သာ ေပေစာင္းေစာင္း
ျကည့္ေနေလသည္။
ဒီဂ်ပုက တကယ္ပဲ ဘာျဖစ္ခ်င္ေနတာလဲ
ထိုအျပဳ အမူတို့သည္ ေဒါသျဖစ္ေနေသာ ဂေယာင္ဆူး
ကို စိတ္ဆြေပးေနသလိုပင္။
တီ!...တီ!
ေနာက္ေက်ာဘက္မွ ကားဟြန္းတီးသံက်ယ္က်ယ္
ေျကာင့္ ဂေယာင္ဆူးလွည့္ျကည့္ေတာ့ သူ့ေခၚထား
ေသာ သူ့သူငယ္ခ်င္း ေရာက္ေနျပီပင္။
ထို့ေျကာင့္ စိတ္မျကည္တုန္း ျပသနာရွာျပီးသြားတဲ့
ဂေယာင္ဆူးဟာ အနည္းငယ္က်န္ေနေသးတဲ့
စာရြက္ေလးကို ေျမျပင္၌ ဆက္လက္ေလာင္က်ြမ္း
ေစျပီး နွာေခါင္းနားကို လက္ျဖင့္ အသာညစ္ကာ
ကင္မ္ဂ်ံဳအင္ ရဲ့ အသစ္စက္စက္ တန္ဖိုးျကီး
ေက်ာင္း uniform ရဲ့ပုခံုးနားေလးကိုပြတ္လိုက္၏။
"ငါသြားျပီ။....ေအာ္...ငါ့အေျကာင္းသိခ်င္ရင္
ဂေယာင္ဆူး ဆိုျပီး ေက်ာင္းထဲလိုက္ေမးလိုက္။
ငါဘာေကာင္လဲသိရေအာင္..."
နားနားကပ္ေျပာအျပီး ပုခံုးကိုနွစ္ခ်က္ခပ္ပုတ္ကာ
ကင္မ္ဂ်ံဳအင္ ကိုေက်ာေပးျပီး သူ့သူငယ္ခ်င္း၏
ကားထဲဝင္သြား၏။ ထိုအနက္ေရာင္ျပိဳင္ကားေလး
လည္းအသံက်ယ္က်ယ္ျဖင့္ မ်က္စိတစ္မွိတ္အတြင္း
အေဝးသို့ေရာက္ရွိသြားေလျပီ။
ဂေယာင္ဆူး ထားသြားသည့္အတိုင္း မတ္တတ္ရပ္
က်န္ေနရစ္ခဲ့ေသာ ကင္မ္ဂ်ံဳ အင္ ဆိုေသာေကာင္ေလး
သည္ မိမိ၏ေခါင္းကို ဘယ္ညာ ခ်ိဳးလိုက္ရင္း..
ခပ္ေအးေအးျဖင့္။
"မင္းေတာ့..လူမွား စ မိတာပဲ...."
××××××××××××××××××××
"ေစာနေကာင္က ဘယ္သူလဲ။ လံုးဝရွယ္ေနာ္..
ငါတို့အဖြဲ့ထဲပါခိုင္းလိုက္ရမလား?...'
"အဲ့လိုေကာင္ကေလ...အဟက္...ေျခေမြွးမီးမေလာင္
လက္ေမြွးမီးမေလာင္ ခပ္နုနုေကာင္ေတြကို အထင္မ
ျကီးစမ္းပါနဲ့ကြာ..."
" ေသခ်ာလွခ်ည္လား ငါ့ေကာင္ရ...သူေဌးသားဆို
ေတာ့ ခိုင္းစားလို့ေကာင္းေတာ့မွာပဲ။ မင္းေတာ့
ထီေပါက္တာပဲ...."
"သြားစမ္းပါကြာ။..."
"မင္းသိတယ္မဟုတ္လား?..
ငါတို့ေကာင္ေတြ.ေက်ာင္းတူတူတက္တုန္းက
ငါတို့အဖြဲ့က ကဗိုလ္ပဲ။ အခုမင္းတစ္ေယာက္ပဲက်န္ေတာ့တာဆိုေတာ့ အေျခအေနကဘယ္လိုလဲ"
"ဒီလိုပါပဲ....ေစာက္ရစ္ရွည္မယ့္အစား မင္းရဲ့
ေစာက္က်ိဳးးမေပးတဲ့ ဘား ကိုသာေမာင္းစမ္းပါ။.."
"...ဟမ္း ...ဒီအရိုင္းအစ္ုိင္းေကာင္ကေတာ့.
အျကီးကိုဘယ္လိုေျပာဆိုရမွန္း မသိေသးဘူး။.."
ခပ္ျမန္ျမန္ေမာင္းနွင္သြားတဲ့ကားေလးရဲ့အရွိန္ေျကာင့္
ဂေယာင္ဆူး ေရာက္ခ်င္ေသာ ဘား တစ္ခုကို
အခ်ိန္မျကာပဲ ခပ္ျမန္ျမန္ေရာက္ရွိသြား၏။
ေန့ခင္းဖြင့္တဲ့ ဘား မဟုတ္သည့္အတြက္
ဧည့္သည္လည္းမရွိသလို ဝန္ထမ္းေတြလည္း
မျမင္ရ။ သာမာန္လူေတြမလာနိုင္တဲ့ ေျကးျကီးတဲ့
ဘားမို့ အျပင္အဆင္ေတြကအစ ေတာက္ေတာက္
ေျပာင္ေျပာင္ပင္။ ဂေယာင္ဆူး အျကိုက္ထဲက
အျကိုက္ျဖစ္သည့္ အရက္ေဖ်ာ္တဲ့ ေနရာ။
မီးေရာင္ေျကာင့္ လင္းလက္ေနတဲ့ ဝိုင္ပုလင္းနွင့္
အရက္ပုလင္း မ်ားဟာဂေယာင္ဆူး ရဲ့အသည္း
တစ္ျခမ္းေလးေတြ။
တိတ္ဆိတ္ေနတဲ့ ဘားအတြင္း ဂေယာင္ဆူးက
သူျကိုက္တဲ့ေနရာမွာ ထိုင္ျပီးေနာက္ Menu ကို
တစ္ခ်က္လွန္ျကည့္လိုက္၏။
"ဘာစားမလို့လဲ..."
ဘတ္ဂေယာင္း၏အေမးကိုျပန္မေျဖပဲ စားပြဲေပၚကို
ေျခေထာက္တင္ျပီး သူလုပ္ခ်င္တိုင္းက္ုိလုပ္ေနသည္။
"ဂေယာင္ဆူး...ငါတို့ေကာင္ေတြကိုေခၚထားတယ္။
္ခဏေနရင္ လာလိမ့္မယ္။..."
ျပန္ေျဖသံမျကားေတာ့ဘတ္ဂေယာင္းက မိမိေနာက္က
အရိုင္းအစိုင္းေကာင္ကိုလွည့္ျကည့္လိုက္၏။
ဂေယာင္ဆူးသည္ ပါးစပ္ကသာ မေျဖတာ
ေခါင္းကေတာ့ အဆက္မျပတ္ညိမ့္ေနသည္။
"အာ...တကယ္...."
ဘတ္ဂေယာင္း အသံျကားမွ ဂေယာင္ဆူးဟာ
ေခါင္းညိမ့္တာကိုရပ္ကာ Phကိုသာ အာရံုျပန္စိုက္သြား၏။
ဘား ပိုင္ရွင္ ဘတ္ဂေယာင္းကေတာ့
အဖြဲ့လိုက္ေသာက္စရာနွင့္ စားစရာမ်ားကိုျပင္ဆင္
ရန္အတြက္ အလုပ္ရွုပ္ေနေသာ္လည္းဂေယာင္ဆူး
ကေတာ့ ေအးေဆးသာနွပ္ေန၏။
ဘတ္ခေယာင္းသည္ ဂေယာင္ဆူး၏ေက်ာင္းေနဘက္ျဖစ္သည္။
အသက္အရြယ္အားျဖင့္ ဂေယာင္ဆူးထက္ျကီးေသာ္လည္း ဂေယာင္ဆူးက
အျကီးလိုမဆက္ဆံ။သူသည္လည္း
အငယ္လိုမေနတတ္။
ဘတ္ဂေယာင္းသည္ ဂေယာင္းဆူးတို့၏ အဖြဲ့ေခါင္းေဆာင္လိုပင္ ျဖစ္သည္။ သူသည္ ေက်ာင္းဝင္ခါစျဖစ္ေသာဂေယာင္ဆူးကို ဆိုးသြမ္းေအာင္ သိမ္းသြင္းခဲ့ေသာ
သူလည္းျဖစ္၏။အဖြဲ့ဝင္ေပါင္း(၅)ေယာက္ပါေသာ
သူတို့အဖြဲ့သည္ ေက်ာင္းတြင္ မည္သူမွရန္မစရဲခဲ့ေအာင္
ဆုိးသြမ္းခဲ့ဖူးသည္။ ယခုေတာ့ အကိုေတြဟာ ေက်ာင္း
ထြက္ကာ ကုိယ္ပိုင္အလုပ္ေတြနွင့္ ဦးေဆာင္ေနျကခ်ိန္
တြင္ ဂေယာင္ဆူးမွာေတာ့ အလုပ္မလုပ္ပဲ ေက်ာင္းသာ
ဆက္တက္ေနခဲ့သည္။
ဘတ္ဂေယာင္း၏ ဖခင္ျဖစ္သူသည္ ဆိုလ္းျမို့တြင္းရွိ
နာမည္ျကီး ဘား တစ္ခု၏ပိုင္ရွင္ျဖစ္သည္။
ဖခင္ဆံုးပါးသြားခ်ိန္တြင္ ဘတ္ဂေယာင္းသည္
အထက္တန္းဒုတိယနွစ္သာရွိေသး၏။
ဖခင္၏အလုပ္ကိုဦးေဆာင္မယ့္ သားသမီးဟူ၍
သူတစ္ေယာက္သာရွိရာ ေက်ာင္းထြက္ျပီး
ဖခင္၏ ဘားကိုဦးစီးသည္။ ေပါ့ပ်က္ပ်က္ေနတတ္တဲ့
ဘတ္ဂေယာင္းေျကာင့္ စီးပြာေရး အခါခါ ပ်က္ဖူးသည္။
သို့ေသာ္ အခ်ိန္တစ္ခု တြင္ေတာ့ သူ့ ဘား ဟာ
ဆိုးလ္ မွ နာမည္ျကီး ဘား မ်ားထဲမွ တစ္ခုျဖစ္လာ
ခဲ့၏။ ယခုဆို သူသည္လည္း သူေဌးျဖစ္လာခဲ့ျပီ။
ဂေယာင္ဆူး အေတာ္ျကာ ph သံုးေနရင္းမွ
သူ့အတြက္ စိတ္ဝင္စားစရာေကာင္းေသာ
သတင္းတစ္ခုကိုေတြ့လိုက္ရသျဖင့္ အတန္ငယ္
ဖတ္ျကည့့္လိုက္၏။
^ကင္မ္ မိသားစု၏ သား ကင္မ္ဂ်ံဳအင္ ×××ေက်ာင္း
သို့ေျပာင္းေရြ့ပညာသင္မည္.^
"ဟက္.......တကယ္ကို ထီေပါက္တာပဲ။.."
ရုတ္တရပ္ အေတြးထဲေပၚလာတဲ့ ထိုမ်က္နွာ ညိဳစိမ္စိမ့္။
စြန္ရဲတစ္ေကာင္ကဲ့သို့ေသာ မ်က္လံုးနက္နက္။
သာမာန္ထက္ပိုထင္းလြန္းတဲ့ ေမးရိုး....
ေက်ာင္းဝတ္စံုဝတ္ထားတာေတာင္ စမတ္က်ေနလြန္း
တဲ့ခႏၶာကုိယ္။
ဆြဲေဆာင္မွုရွိတဲ့ အရပ္။
"...မ်က္နွာမွာ ေသြးေလးသာစြန္းလိုက္လို့ကေတာ့...
ပိုျပည့္စံုသြားမွာပါ ေနာ့..ဂ်ံဳအင္ရာ။"
••••••••••••••••••••••••••••••
Hello My Emperor King အစား
ဒီ Ficေလးအပ္ေပးမယ္😁❤
(Unicode)
" ဒိုဂယောင်ဆူး!. မင်း အိမ်သာထဲမှာ ဆေးလိပ်ခိုး
သောက်ပြန်ပြီလား?!"
ဒေါသအငွေ့တထောင်းထောင်းထနေတဲ့
ဆရာကို ဂယောင်ဆူး ကြည့်လိုက်ပြီး အနည်းငယ်တောင် စိတ်ပျက်မိ၏။
သူ့ဆေးလိပ်အငွေ့တောင် သည်လောက် မထပါလေ။
ခဏခဏဖြစ်ပါများတော့
ဂယောင်ဆူး စိတ်မရှည်တော့ပေ။
အကြိမ်ပေါင်းမနည်းစွာအတိုင်ခံရပြီးဖြစ်သည်။
မည်သူကခိုးကြောင်ခိုးဝှက်နှင့် လုပ်ဆောင်နေမှန်း
မသိရသည်ကြောင့် ပိုအူယား၏။ သိလျှင်ကား
သူ ၏လက်သီးကို ပျော်ပျော်ကြီးတွေ့ရမှာမို့ပင်။
ဆရာ၏စားပွဲနား ဂယောင်ဆူး လမ်းလျှောက်သွား၏။
ဆရာက ထပ်မေးမနေတော့ဘဲ အပြစ်
ပေးနေကျအတိုင်း အတန်း၏ရှေ့၌ မတ်တပ်ရပ်နေခိုင်းသည်။
မေးလျှင်လည်း သူလုပ်ကြောင်းအမြဲဝန်ခံနေသည်မို့
ဆရာသည်လည်း အဖက်လုပ်မနေတော့ပေ။
ဂယောင်ဆူးလည်းအရေးလုပ်မနေတော့ဘဲ အိပ်ထောင် အတွင်းရှိ ပီကေတစ်ခုကို ကောက်ဝါးလိုက်၏။
အသံမြည်အောင် ပါးစပ်အတွင်း ပီကေကို တစ်ဖောက်
ဖောက် လုပ်နေသည့်သူ့ကို ဖြတ်သွားဖြတ်လာတွေက
မကြည့်ရဲကြည့်ရဲဖြင့် ကြည့်သွားကြ၏။
အတန်ငယ်ကြာတော့စာသင်ခန်းထဲက ဆရာကထွက်
လာပြီး ဂယောင်ဆူး ၏လွယ်အိတ်များကိုထုတ်လာပြီး
ကြမ်းပြင်ပေါ်သို့အရှိန်ဖြင့် ပစ်ချလိုက်၏။လွယ်အိတ်ရှင် ကတော့အရေးမလုပ်သလိုဖြင့် ပီကေကို ပူပေါင်းတစ်ခုအသွင်မှှုတ်လိုက်ပြီး လွယ်အိတ်ကို ကောက်ကာ
ထိုနေရာမှထွက်သွား၏။
"ဒါမင်းကို အပြစ်ပေးတာ ဂယောင်ဆူး ဒီနေ့ကျောင်းမလာနဲ့။"
Kyung Soo လမ်းလျှောက်ရင်း ကြုံရာ ကြုံရာကျပန်း
နေရာတစ်ခုကို အရသာမကျန်တော့သော ပီကေကို
ထူးထုတ်လိုက်တော့ ဆရာ၏ ဆဲသံတွေကိုပင်
အနောက်မှကြားနေရ၏။
ကျောင်းတစ်နေ့မတက်ရတော့လဲဘာဖြစ်လဲ။
ဂယောင်ဆူး တို့မှာ နေစရာနေရာကမရှားလှ။
"ဟျောင့်.လာခေါ်...'."
ဖုန်းတစ်ဖက်ကလူကလည်း တစ်ခွန်းထဲပြောကာ
ခေါ်ဆိုမှုကို ပိတ်လိုက်၏။
ကျောင်းရှေ့မှာ ဆေးလိပ်သောက်မရတာမို့
ခပ်ဝေးဝေးတစ်နေရာကို ဆေးလိပ်သောက်
ရန် လမ်းလျှောက်သွားလိုက်၏။
လွယ်အိတ်ထဲကဆေးလိပ်ဘူးကိုထုတ်ပြီး
တစ်ခုကိုထုတ်ကာ ဘောင်းဘီအိတ်ထောင်ထဲက
မီးခြစ်ကိုထုတ်လိုက်၏။
မီးညှိရန် ခြစ်သော်လည်း လေတိုက်၍ မီးစသည်
ခဏခဏပြတ်တောက်သွားသည်။
ထို့ကြောင့် လမ်းလျှောက်ရင်း လက်တစ်ဖက်ဖြင့်
ကွယ်ကာ ကိုယ်ကိုအနည်းငယ်မျှကိုင်းပြီး
ဆေးလိပ်သောက်ရရေးကိုသာ အာရုံစိုက်နေ၏။
ဘုတ်!..
"အား....shit!.. "
ဂယောင်ဆူး၏ ဂရုမစိုက်မှုကြောင့် လူတစ်ဦးနှင့်
ဝင်တိုက်ကာ ဆေးလိပ်သည် အောက်သို့ ပြုတ်
ကျသွားခဲ့၏။
တစ်ဖက်လူ၏ စာရွက်စာတမ်းများသည်လည်း
အောက်သို့ လွှင့်ကာ ပြုတ်ကျသွားလေသည်။
တိုက်မိသောသူမှာ ဂယောင်ဆူးကိုမကြည့်နိုင်သေးပဲ
စာရွက်စာတမ်းတွေကို လိုက်ကောက်နေ၏။
ကျောတွင်လွယ်ထားတဲ့ လွယ်အိတ်ကြောင့်
ကျောင်းသားမှန်းသိသာတဲ့ ထိုလူကို ဂယောင်ဆူး
ပညာပြလိုက်ချင်ပါဘိ။
"ဘာလဲဟ...လူကိုလဲ ဝင်တိုက်သေးတယ်။..
တောင်းပန်ရမယ်ဆိုတာ မသိဘူးလား?...'
ကုန်းကွကွ ဖြင့်ကောက်နေတဲ့ ထိုလူ့ဘေးကို
ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်တော့
ထိုလူက မော့ကြည့်လာပြီး မတ်တပ်ရပ်လိုက်၏။
ရှည်လိုက်တဲ့အရပ်။
"တောင်းပန်ပါတယ်။."
ထိုသူသည်မတ်တပ်ရပ်သည်နှင့် ဂယောင်ဆူးကို
ခါးကိုင်းကာ တောင်းပန်ပြီး သူသွားလိုသောနေရာကို
ထွက်သွားရန်ပြင်လိုက်သည်။
သို့သော် မာန အခံရှိသော ဂယောင်ဆူးသည်
ပြသာနာ မရှာရရင် အိပ်မပျော်စားမဝင်တဲ့လူမျိုးဆို
တော့ ဇာတ်လမ်းကလွယ်လွယ်နဲ့မပြတ်။
"ကင်မ် ဂျုံ အင်?...ဒါမင်းနာမည်လား...အဟက်!..
တောဆန်လိုက်တာ..."
ထိုကောင်လေး၏စာရွက်စာတမ်းများထဲမှ အရေးကြီးဆုံးစာရွက်ဖြစ်သည့် ကျောင်းပြောင်းလျှောက်လွှာ။
ကံမကောင်းစွာပဲ ထိုစာရွက်လေးသည် မြေပေါ်သို့
ကျကျန်ခဲ့သဖြင့် ဂယောင်ဆူးလက်ထဲ၌ ရောက်ရှိ
နေလေသည်။
ရပ်တန့်သွားတဲ့ နာမည်ပိုင်ရှင်ဟာ ဂယောင်ဆူး
ဆီသို့ပြန်လမ်းလျှောက်လာကာ
လေသံအေးအေးဖြင့် ဆိုလာသည်။
"စာရွက်ပြန်ပေးပါ။..."
စွန်ရဲတစ်ကောင်ကဲ့သို့သော မျက်လုံးတစ်စုံကို
ဂယောင်ဆူး ပြန်ကြည့်ရင်း
လျှာကို ပါးစောင်ထဲထိုးထည့်လိုက်သည်။
"ယူချင်ရင်...ပေးစေချင်အောင် တောင်းပန်လေ.."
ဘလိုင်းကြီးပြသနာလာရှာသော လူတစ်ယောက်
သည် ဂျုံအင်လောက် အရပ်မရှည်၊ဘောဒီမတောင့်၊
ရုပ်မဖြောင့်သည်ဟု ဂျုံအင်တွေးကာ ဘာမှပြန်မပြော
ပဲ ထိုအတိုင်းရပ်နေလိုက်၏။
သူဘာမှမလုပ်လည်း ဒီပွဲကအရံှုးအနိုင်ပေါ်ပြီးသားမို့
ပင်။
"..မင်းကဒီကျောင်းကိုလာအပ်တာလား?...
ဒါဆို ကိုယ့်ရဲ့ စီနီယာကို လေးစားရမယ်လေ...
မင်းကြောင့် ငါသောက်ဖို့လုပ်ထားတဲ့ဆေးလိပ်ကျ
သွားတာကိုမြင်လား?..."
ဂျုံအင်သည် ခပ်တည်တည်ဖြင့် နောက်ကျောဘက်မှမိမိလွယ်အိတ်ကိုဆွဲယူကာလက်ထဲက စာရွက်တွေကို
အကုန်ထည့်လိုက်၏။ ပြီးနောက် ပိုက်ဆံအိတ်ထဲမှ
Credit cardကိုထုတ်လိုက်၏။
ထို card အား မိမိရှေ့ကအရိုင်းအစိုင်းကောင်ကို
လှမ်းပေးလိုက်၏။
ဒါသက်သက် ငွေညစ်ချင်လို့ ဉာဏ်ထွင်တာမဟုတ်လား
ဒါတွေက ရိုးနေပါပြီ။ ဂျုံအင်အတွက် ငွေဆိုတာ ရေလိုပဲတဲ့ ။ ဟက်!
ထိုအပြု အမူကြောင့် ဂယောင်ဆူးမှာ အနာပေါ်တုတ်
ကျသလိုဖြင့် ဒေါသတွေထောင်းတက်လာ၏။
သူလိုချင်တာတောင်းပန်မှု ဒါကိုဒီ သကောင့်စား လေး
က ပိုက်ဆံနှင့်ဖြေရှင်း၏။
မာနကို အချိုးခံလိုက်ရတဲ့ ဂယောင်ဆူးဟာ
လက်ထဲမှာ အသင့်ရှိပြီးသား မီးခြစ်ဖြင့်
ထိုစာရွက်လေးကို အောက်ခြေမှစ၍ လောင်မြိုက်စေ
ခဲ့သည်။
ငါဘာကောင်လဲဆိုတာ မင်းကြည့်လိုက် !
"Sorry ကလေးနောက်ကျသွားပြီ..."
တမင်မီးရှို့လိုက်ခြင်းဖြစ်၏။ မျက်ခုံတစ်ဖက်ကို
ပညာသားပါပါပင့်ကာ ကျန်လက်တစ်ဖက်ကိုလဲ
ဘောင်းဘီအိပ်ထောင်ထဲထိုးထည့်ထားသေးသည်။
သာမာန်လူအတွက်တော့ ထိတ်လန့်သွားစေမယ့်
ြုဖစ်ခြင်း သို့သော် ဂျုံအင်ကတော့ လက်ကလေးတစ်
ချောင်းတောင် လှုပ်မလာ။
"အပြစ်လုပ်ပြီးရင် အဲ့အပြစ်နဲ့တန်တဲ့ အရာကို ပြန်ပေး
ရတယ်...."
ပြီးနောက် ဂယောင်ဆူးက ခပ်စစ ရယ်ကာ
"တကယ်ဆိုရင် ငါ့ဆေးလိပ်က မင်းကျောင်းအပ်လွှာ
ထက်တောင် အရေးကြီးသေးတယ်။.."
ထိုအသံအပြီး ကင်မ်ဂျုံအင်ဟူသော ကျောင်းအပ်
စာရွက်ကလေးသည် ပြာစလေးတွေ
အဖြစ် လေထဲ၌ တဖြေးဖြေးလွှင့်ပါသွားခဲ့၏။
ဂျုံအင်သည်မတုန်လှုပ်ပေ။
စိတ်မပါသော အကြည့်တို့ဖြင့်သာ ပေစောင်းစောင်း
ကြည့်နေလေသည်။
ဒီဂျပုက တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ
ထိုအပြု အမူတို့သည် ဒေါသဖြစ်နေသော ဂယောင်ဆူး
ကို စိတ်ဆွပေးနေသလိုပင်။
တီ!...တီ!
နောက်ကျောဘက်မှ ကားဟွန်းတီးသံကျယ်ကျယ်
ကြောင့် ဂယောင်ဆူးလှည့်ကြည့်တော့ သူ့ခေါ်ထား
သော သူ့သူငယ်ချင်း ရောက်နေပြီပင်။
ထို့ကြောင့် စိတ်မကြည်တုန်း ပြသနာရှာပြီးသွားတဲ့
ဂယောင်ဆူးဟာ အနည်းငယ်ကျန်နေသေးတဲ့
စာရွက်လေးကို မြေပြင်၌ ဆက်လက်လောင်ကျွမ်း
စေပြီး နှာခေါင်းနားကို လက်ဖြင့် အသာညစ်ကာ
ကင်မ်ဂျုံအင် ရဲ့ အသစ်စက်စက် တန်ဖိုးကြီး
ကျောင်း uniform ရဲ့ပုခုံးနားလေးကိုပွတ်လိုက်၏။
"ငါသွားပြီ။....အော်...ငါ့အကြောင်းသိချင်ရင်
ဂယောင်ဆူး ဆိုပြီး ကျောင်းထဲလိုက်မေးလိုက်။
ငါဘာကောင်လဲသိရအောင်..."
နားနားကပ်ပြောအပြီး ပုခုံးကိုနှစ်ချက်ခပ်ပုတ်ကာ
ကင်မ်ဂျုံအင် ကိုကျောပေးပြီး သူ့သူငယ်ချင်း၏
ကားထဲဝင်သွား၏။ ထိုအနက်ရောင်ပြိုင်ကားလေး
လည်းအသံကျယ်ကျယ်ဖြင့် မျက်စိတစ်မှိတ်အတွင်း
အဝေးသို့ရောက်ရှိသွားလေပြီ။
ဂယောင်ဆူး ထားသွားသည့်အတိုင်း မတ်တတ်ရပ်
ကျန်နေရစ်ခဲ့သော ကင်မ်ဂျုံ အင် ဆိုသောကောင်လေး
သည် မိမိ၏ခေါင်းကို ဘယ်ညာ ချိုးလိုက်ရင်း..
ခပ်အေးအေးဖြင့်။
"မင်းတော့..လူမှား စ မိတာပဲ...."
××××××××××××××××××××
"စောနကောင်က ဘယ်သူလဲ။ လုံးဝရှယ်နော်..
ငါတို့အဖွဲ့ထဲပါခိုင်းလိုက်ရမလား?...'
"အဲ့လိုကောင်ကလေ...အဟက်...ခြေမွှေးမီးမလောင်
လက်မွှေးမီးမလောင် ခပ်နုနုကောင်တွေကို အထင်မ
ကြီးစမ်းပါနဲ့ကွာ..."
" သေချာလှချည်လား ငါ့ကောင်ရ...သူဌေးသားဆို
တော့ ခိုင်းစားလို့ကောင်းတော့မှာပဲ။ မင်းတော့
ထီပေါက်တာပဲ...."
"သွားစမ်းပါကွာ။..."
"မင်းသိတယ်မဟုတ်လား?..
ငါတို့ကောင်တွေ.ကျောင်းတူတူတက်တုန်းက
ငါတို့အဖွဲ့က ကဗိုလ်ပဲ။ အခုမင်းတစ်ယောက်ပဲကျန်တော့တာဆိုတော့ အခြေအနေကဘယ်လိုလဲ"
"ဒီလိုပါပဲ....စောက်ရစ်ရှည်မယ့်အစား မင်းရဲ့
စောက်ကျိုးးမပေးတဲ့ ဘား ကိုသာမောင်းစမ်းပါ။.."
"...ဟမ်း ...ဒီအရိုင်းအစိုင်းကောင်ကတော့.
အကြီးကိုဘယ်လိုပြောဆိုရမှန်း မသိသေးဘူး။.."
ခပ်မြန်မြန်မောင်းနှင်သွားတဲ့ကားလေးရဲ့အရှိန်ကြောင့်
ဂယောင်ဆူး ရောက်ချင်သော ဘား တစ်ခုကို
အချိန်မကြာပဲ ခပ်မြန်မြန်ရောက်ရှိသွား၏။
နေ့ခင်းဖွင့်တဲ့ ဘား မဟုတ်သည့်အတွက်
ဧည့်သည်လည်းမရှိသလို ဝန်ထမ်းတွေလည်း
မမြင်ရ။ သာမာန်လူတွေမလာနိုင်တဲ့ ကြေးကြီးတဲ့
ဘားမို့ အပြင်အဆင်တွေကအစ တောက်တောက်
ပြောင်ပြောင်ပင်။ ဂယောင်ဆူး အကြိုက်ထဲက
အကြိုက်ဖြစ်သည့် အရက်ဖျော်တဲ့ နေရာ။
မီးရောင်ကြောင့် လင်းလက်နေတဲ့ ဝိုင်ပုလင်းနှင့်
အရက်ပုလင်း များဟာဂယောင်ဆူး ရဲ့အသည်း
တစ်ခြမ်းလေးတွေ။
တိတ်ဆိတ်နေတဲ့ ဘားအတွင်း ဂယောင်ဆူးက
သူကြိုက်တဲ့နေရာမှာ ထိုင်ပြီးနောက် Menu ကို
တစ်ချက်လှန်ကြည့်လိုက်၏။
"ဘာစားမလို့လဲ..."
ဘတ်ဂယောင်း၏အမေးကိုပြန်မဖြေပဲ စားပွဲပေါ်ကို
ခြေထောက်တင်ပြီး သူလုပ်ချင်တိုင်းကိုလုပ်နေသည်။
"ဂယောင်ဆူး...ငါတို့ကောင်တွေကိုခေါ်ထားတယ်။
်ခဏနေရင် လာလိမ့်မယ်။..."
ပြန်ဖြေသံမကြားတော့ဘတ်ဂယောင်းက မိမိနောက်က
အရိုင်းအစိုင်းကောင်ကိုလှည့်ကြည့်လိုက်၏။
ဂယောင်ဆူးသည် ပါးစပ်ကသာ မဖြေတာ
ခေါင်းကတော့ အဆက်မပြတ်ညိမ့်နေသည်။
"အာ...တကယ်...."
ဘတ်ဂယောင်း အသံကြားမှ ဂယောင်ဆူးဟာ
ခေါင်းညိမ့်တာကိုရပ်ကာ Phကိုသာ အာရုံပြန်စိုက်သွား၏။
ဘား ပိုင်ရှင် ဘတ်ဂယောင်းကတော့
အဖွဲ့လိုက်သောက်စရာနှင့် စားစရာများကိုပြင်ဆင်
ရန်အတွက် အလုပ်ရှုပ်နေသော်လည်းဂယောင်ဆူး
ကတော့ အေးဆေးသာနှပ်နေ၏။
ဘတ်ခယောင်းသည် ဂယောင်ဆူး၏ကျောင်းနေဘက်ဖြစ်သည်။
အသက်အရွယ်အားဖြင့် ဂယောင်ဆူးထက်ကြီးသော်လည်း ဂယောင်ဆူးက
အကြီးလိုမဆက်ဆံ။သူသည်လည်း
အငယ်လိုမနေတတ်။
ဘတ်ဂယောင်းသည် ဂယောင်းဆူးတို့၏ အဖွဲ့ခေါင်းဆောင်လိုပင် ဖြစ်သည်။ သူသည် ကျောင်းဝင်ခါစဖြစ်သောဂယောင်ဆူးကို ဆိုးသွမ်းအောင် သိမ်းသွင်းခဲ့သော
သူလည်းဖြစ်၏။အဖွဲ့ဝင်ပေါင်း(၅)ယောက်ပါသော
သူတို့အဖွဲ့သည် ကျောင်းတွင် မည်သူမှရန်မစရဲခဲ့အောင်
ဆိုးသွမ်းခဲ့ဖူးသည်။ ယခုတော့ အကိုတွေဟာ ကျောင်း
ထွက်ကာ ကိုယ်ပိုင်အလုပ်တွေနှင့် ဦးဆောင်နေကြချိန်
တွင် ဂယောင်ဆူးမှာတော့ အလုပ်မလုပ်ပဲ ကျောင်းသာ
ဆက်တက်နေခဲ့သည်။
ဘတ်ဂယောင်း၏ ဖခင်ဖြစ်သူသည် ဆိုလ်းမြို့တွင်းရှိ
နာမည်ကြီး ဘား တစ်ခု၏ပိုင်ရှင်ဖြစ်သည်။
ဖခင်ဆုံးပါးသွားချိန်တွင် ဘတ်ဂယောင်းသည်
အထက်တန်းဒုတိယနှစ်သာရှိသေး၏။
ဖခင်၏အလုပ်ကိုဦးဆောင်မယ့် သားသမီးဟူ၍
သူတစ်ယောက်သာရှိရာ ကျောင်းထွက်ပြီး
ဖခင်၏ ဘားကိုဦးစီးသည်။ ပေါ့ပျက်ပျက်နေတတ်တဲ့
ဘတ်ဂယောင်းကြောင့် စီးပွာရေး အခါခါ ပျက်ဖူးသည်။
သို့သော် အချိန်တစ်ခု တွင်တော့ သူ့ ဘား ဟာ
ဆိုးလ် မှ နာမည်ကြီး ဘား များထဲမှ တစ်ခုဖြစ်လာ
ခဲ့၏။ ယခုဆို သူသည်လည်း သူဌေးဖြစ်လာခဲ့ပြီ။
ဂယောင်ဆူး အတော်ကြာ ph သုံးနေရင်းမှ
သူ့အတွက် စိတ်ဝင်စားစရာကောင်းသော
သတင်းတစ်ခုကိုတွေ့လိုက်ရသဖြင့် အတန်ငယ်
ဖတ်ကြည့်လိုက်၏။
^ကင်မ် မိသားစု၏ သား ကင်မ်ဂျုံအင် ×××ကျောင်း
သို့ပြောင်းရွေ့ပညာသင်မည်.^
"ဟက်.......တကယ်ကို ထီပေါက်တာပဲ။.."
ရုတ်တရပ် အတွေးထဲပေါ်လာတဲ့ ထိုမျက်နှာ ညိုစိမ်စိမ့်။
စွန်ရဲတစ်ကောင်ကဲ့သို့သော မျက်လုံးနက်နက်။
သာမာန်ထက်ပိုထင်းလွန်းတဲ့ မေးရိုး....
ကျောင်းဝတ်စုံဝတ်ထားတာတောင် စမတ်ကျနေလွန်း
တဲ့ခန္ဓာကိုယ်။
ဆွဲဆောင်မှုရှိတဲ့ အရပ်။
"...မျက်နှာမှာ သွေးလေးသာစွန်းလိုက်လို့ကတော့...
ပိုပြည့်စုံသွားမှာပါ နော့..ဂျုံအင်ရာ။"
••••••••••••••••••••••••••••••
Hello My Emperor King အစား
ဒီ Ficလေးအပ်ပေးမယ်😁❤
Bạn đang đọc truyện trên: AzTruyen.Top