Intro.....🦋
Butterfly...သီချင်းသံတွေတိုးတိုး
သက်သာစီးမျောနေတဲ့ညတိုင်း
ကိုယ် အိပ်မရခဲ့ဘူး...လိပ်ပြာငယ်..
ကိုယ့်ရင်ခွင်လာနားလှည့်ဖို့
ကိုယ့်နူတ်ခမ်းတွေကိုမင်းစားသုံးဖို့
ကိုယ်လေ...အတောင်ပံတဖြတ်ဖြတ်ခတ်နေတဲ့
မင်းကိုသိပ်လိုအပ်တယ် ...လိပ်ပြာငယ်....
နှလုံးသားထဲမင်းစိတ်ဝိညာဉ်တွေကို
သိမ်းပိုက်အိပ်စက်ချင်လိုက်တာ
လိပ်ပြာငယ်ရယ်...
ကိုယ့်မှာအရူးလိုပါပဲ......
မင်းဘယ်သောင်ကမ်းစပ်ဆီများ
ပျံဝဲသွားရသလဲ....
ဆွေးမြေ့တာထက်....
ကိုယ့်ဟာကိုယ်တိုင်ပျောက်ဆုံးလာတာမို့
"Jiminက...ထူးဆန်းတော့...
Jungkook က..အဖြေမထွက်ဖြစ်နေတယ်...."
ဆိုတဲ့....မင်းနူတ်ခမ်းပါးလေးတွေကို
ကိုယ် အရှက်တရားမဲ့စွာလိုချင်နေပြီ
Euphoria..ငယ်ရယ်....။
Parkjimin...........။
.............
"ကောင်လေး...."
အလုပ်သွားရန်ပစ္စည်းအစုံအလင်နှင့်
အိမ်ထဲမှထွက်လာသော
Uniform အပြည့်နှင့်ကောင်လေးအား
လှမ်းခေါ်လိုက်တော့....
ဖျက်ခနဲပြန်လှည့်ကြည့်လာသည်....။
လန်ဒန်လိုနေရာမျိုးတွင်
ကောင်လေး....ဟု ထူးထူးဆန်းဆန်း
အော်ခေါ်သံကြောင့်ဖြစ်နိုင်ပါသည်...။
ပကတိတည်ငြိမ်နေသောမျက်ဝန်းလေးတွေ
ရေပြင်ညီလိုအသံအက်ရှရှလေး...
နောက်သို့လှန်ဖြီးထားသောဆံပင်နက်နက်လေးတွေ
နှင့်သူပထမဆုံးမြင်ဖူးသော
ပုံစံငယ်အသစ်စက်စက်လေးအားကြည့်၍မဝသေးပါ။
"ကျတော့်ကိုသိလို့လား......"
သိတယ်...ကိုယ် Jiminပါလို့များ
ပြောမိရင်...ငြိမ်းချမ်းမှုလေးသည်
ပြိုပျက်သွားနိုင်မလား.....။
"Sorry...ကိုယ်လူမှားသွားတယ်ထင်တယ်...."
ဝမ်းနည်းလွန်းစွာဖြင့်ဝမ်းသာလွန်းလို့
အတန်ကြာအောင်စိုက်ကြည့်မိတော့
ခေါင်းလေးငုံ့ကာနူတ်ဆက်ရင်း
သူသွားရမည့်လမ်းအားဆက်လျှောက်
သွားသောသူ.....။
ကမ္ဘာအနှံ့အော်ပြေးလိုက်ချင်သောစိတ်နှင့်
မြေကျင်းတူးကာသေပစ်လိုက်ချင်သော
စိတ်နှစ်ခုသည် ပြိုင်ဆိုင်နေသည်.....။
နောက်ဆုံးတော့ ကျတော့်လိပ်ပြာလေးကို
တွေ့ခဲ့ပြီ.....
ဒါပေမယ့် ထိမိလိုက်ရင်ပဲ့ကြွေနိုင်လား
ဆိုတဲ့စိတ်နဲ့...လိုက်မဖမ်းခဲ့မိ.....
လိပ်ပြာလေးသည်...
ဘဝအစစ်ထဲ အံဝင်ခွင်ကျနှင့်...
အိတ်ကလေးကိုင်ကာအလုပ်သွား
ပုံသည် သူ့ဘဝ၏တခုတည်းသောအိမ်မက်
သာဆို ထူးဆန်းနေပါလိမ့်မည်.....
ဒါပေမယ့်.....
သူ့ကိုမသိတော့ခြင်းတွေတော့မပါပါ....
ဒါဟာခြုံခုံတိုက်ခိုက်ခံရခြင်းပဲ......။
ParkJimin တယောက် လန်ဒန်မြို့၏
လမ်းဘေးတနေရာတွင် တရွေ့ရွေ့
ဝေးကွာသွားသော ကျောပြင်လေးအား
ငေးရင်း........။
..............
မင်းကလွဲပြီး
တကမ္ဘာလုံး အရောင်အဆင်းမရှိတော့သလို
မြတ်နိုးမှုမျိုးနဲ့ဒီလူသားကိုချစ်ခဲ့တာပါ
သံသရာအဆက်ဆက်ထိ
အိမ်မက်တွေတူချင်ခဲ့တာပါ။
လိပ်ပြာအတောင်တစ်ချက်ခတ်တိုင်း
နှလုံးအိမ်တစ်ချက်မျှခုန်လေးတိုင်း
ပန်းချီကားပေါ်ဆေးစက်တစ်ချက်
ထင်ကျန်လေတိုင်း စွဲနစ်နေအောင်
ရူးခဲ့တယ်။
ချစ်ခြင်းမေတ္တာဟာ ကောင်လေးဆိုတဲ့
ခေါ်သံအောက်မှာရိုကျိုးစွာရှင်သန်
ရင်းမွှေးပျံ့လွန်းတဲ့ပန်းပွင့်လေးအပေါ်
တစ်ဘ၀လုံးပစ်ချပေးလိုက်ခြင်းပါပဲ။
ဆေးနဲ့စုတ်တံတွေကိုချစ်ခဲ့သလို
Jiminဆိုသူကို လည်းအကန့်အသတ်မဲ့။
ကျတော်လည်းနင့်သီးစွာနာကျင်ခဲ့ရကြောင်း
ဒီလူသားကိုတော့သိစေချင်တယ်
တချို့ညတွေမှာတော့
Butterfly တေးသွားတွေနားထောင်ရင်း
အဆိပ်တက်ခဲ့တဲ့အလွမ်းတွေကြောင်း
အတောင်ပံတွေခတ်ပြချင်သေးတယ်။
တချို့ညတွေကျတော့လည်း
စောင်ဖြူဖြူအောက်က
ဒီလူသားရဲ့အလှတွေကိုလွမ်းမောရင်း
အရှုံးခံရသေးတယ်...
ဒီလူသားဟာအရှုံးကလွဲပြီးဘာမှချန်မထားခဲ့တဲ့သူ...
ခွင့်လွှတ်ပါ...
ရင်ဘက်တလျှောက်ဖြတ်စီးသွားတဲ့
ချိူချိုအီအီအနမ်းတွေကိုလွမ်းမိရင်....
တောင်းပန်ပါတယ်ခေါင်းမိုးထပ်အခန်း
လေးထဲကရယ်သံလွင်လွင်နဲ့
မချည်တတ်ချည်တတ်ရူးရူးနှမ်းနှမ်း
ချည်ခဲ့မိတဲ့မလှမပသောကြိုးတွေကို
လွမ်းမိရင်....
ကျတော့်ကိုခွင့်လွှတ်ပေးပါ...Jimin
ဘယ်ရနံ့နဲ့မှ မွှေးမြပုံချင်းမတူတဲ့ ပန်းတပွင့်ဟာ
သူ့အတိုင်းလေးပဲ လတ်ဆတ်နေသင့်တယ်မလား
ကျနော်ကတော့ အဆင်ပြေပါတယ်
တယောက်ထဲဆိုလဲ ရွာလွန်ရွက်တိုက်ပဲ
ဘ၀ကို ရင်ဆိုင်ရဲတယ်
Jimin ကတော့...ဘဝကလေးလှနေမှဖြစ်မယ်...
Jiminဟာ အေးချမ်းနေမှဖြစ်မယ်...
Jiminဟာ ကောင်လေးအတွက်...
လမင်းတစင်းလိုဖြစ်တည်မှုမျိုးမို့...
ကျတော် ငေးပဲကြည့်ပါရစေ....
ကျတော် ငေးပဲကြည့်ပါရစေ.ဗျာ.....။
JeonJungkook.......။
Bạn đang đọc truyện trên: AzTruyen.Top