Chapter 7
JuYeonဒီနေ့တစ်နေကုန်မအားသည်မို့ညရောက်တော့မှပဲJaeHyunလေးကိုအဝေးကနေငေးကြည့်ရတော့တယ်။မမြင်ရတာသုံးရက်ပေမဲ့သူ့အတွက်ကတော့သုံးနှစ်လိုပင်။
တစ်ခြားသူတွေအပိုလုပ်တယ်လို့ပြောလည်းပြောကြပါစေ။တစ်ကယ်ချစ်ဖူးတဲ့သူမှပဲဒီခံစားချက်ကိုသိမှာမလို့လေ။
"ကဲဒီလောက်ထိလိုက်ကြည့်လိုက်ရတော့ကျေနပ်ပြီလားHyung"
ဘေးမှEricကခေါ်မှသာသတိပြန်ဝင်လာသည်။ဟုတ်သားပဲEricကောပါလာတာမေ့နေတာ။
အလုပ်ကအပြန်လာကြည့်သည်မို့Ericတင်သာမကBodyguardတွေပါနောက်ကားနှစ်စီးနဲ့ပါလာသည်။
သူအငေးကောင်းတုန်းမလို့သူတို့ကိုခနမေ့သွားတယ်ထင်ပ။အော်....LeeJaeHyunကဒီလိုဖြစ်အောင်လည်းပြုစားတတ်တာလား။
( အဲ့ထက်ကိုပိုဆိုးတယ်JuYeonရေ😅 )
JuYeonလည်းပြန်တော့မလိုလုပ်တဲ့အချိန်မှာJaeHyunအိမ်ထဲကိုဘယ်ကမှန်းမသိတဲ့လူသုံးယောက်ဝင်သွားတာကိုတွေ့လိုက်တာမလို့မပြန်သေးဘဲဆက်စောင့်ကြည့်နေလိုက်သည်။
................
JaeHyunအိမ်ထဲရောက်တာနဲ့အိတ်ကိုချပြီးဆိုဖာပေါ်မှာနားနေတုန်းရုတ်တစ်ရက်အိမ်တံခါးမှဘဲလ်တီးသံကြားတာမလို့သူထဖွင့်ပေးမိလိုက်သည်။
ကြည့်လိုက်တော့လူသုံးယောက်။ဘယ်သူတွေမှန်းတော့သူသိပါတယ်။သူ့အဖေငွေချေးခဲ့တဲ့သူဆီကလူတွေဖြစ်သည်။
ထိုလူသုံးယောက်ကအိမ်ထဲကိုမဖိတ်ခေါ်ပါပဲနဲ့ရောက်နေကြသည်။
"ခင်ဗျားတို့ဘာလာလုပ်တာလဲ"
"အဟက်....မင်းကများမေးရတယ်ရှိသေး အကြွေးလာယူတာပေါ့"
"ဒီလအတွက်ကျွန်တော်ပေးပြီးပြီလေ"
"အေးအဲ့တာကြောင့်နောက်လအတွက်လာတောင်းတာ"
"ဘာ...ခင်ဗျားတို့မညစ်နဲ့နော်"
"ငါတို့ကမညစ်ပါဘူး...အကြွေးလေးလာတောင်းတာပဲရှိတာ"
"ကျွန်တော်မပေးန်ိုင်ဘူးနောက်လစာကနောက်လမှပဲပေးမှာမလို့ဒီနေ့တော့ပြန်လိုက်ပါတော့"
"နေပါဦး....မင်းကိုပြောပြဦးမယ်အကြွေးကိုခုဆပ်ရင်မဆပ်ရင်မင်းအဖေပေးခဲ့တဲ့ကတိအတိုင်းငါတို့ကလုပ်ရုံပဲရှိမှာ"
"ဘာကတိလဲ"
"အကြွေးမပေးနိုင်ရင်သူ့သားကိုအကြွေးအနေနဲ့သိမ်းလို့ရတယ်ဆိုတဲ့ကတိ"
သူ့ဆီကိုတစ်လှမ်းချင်းတိုးပြီးပြောလိုက်တဲ့စကားကြောင့်JaeHyunကြက်သီးများပင်ထသွားသည်။
"ဒါမင်းအဖေကိုယ်တိုင်ကိုကပေးခဲ့တာနော်..အဲ့တာကြောင့်ခုချက်ချင်းကျန်တဲ့ပိုက်ဆံကိုပေးရင်ပေးမပေးလို့ကတော့...."
ညစ်ကျယ်ကျယ်နဲ့ကြည့်လာတဲ့ထိုလူကြောင့်JaeHyunကြောက်လာမိသည်။သူ့အဖေကဒီလိုကတိမျိုးကိုပေးခဲ့တယ်လို့သူမှမသိခဲ့တာ။ဒါပေမဲ့သူ့မှာကျန်တဲ့ပိုက်ဆံကလည်းအမေ့ဆေးရုံစရိတ်ထဲပေးလိုက်ပြီမို့အကြွေးဆပ်လို့မရဖြစ်နေသည်။
ထိုလူမှာထပ်တိုးရင်းတိုးရင်းနဲ့JaeHyunပါးကိုလာကိုင်လေသည်။
"အဟက်...မင်းလေးကယောကျ်ားလေးဆိုပေမဲ့ချစ်စရာလေးပဲ....စိတ်မပူပါနဲ့မင်းကယောကျ်ားလေးဆိုတော့နစ်နာစရာမှမရှိတာ"
ပြောလိုက်သည့်စကားကြောင့်JaeHyunသူဘာကိုဆိုလိုမှန်းသဘောပေါက်သွားသည်။အဲ့တော့အတင်းရုန်းမယ်ကြံတော့ထိုလူတွေကသူ့ကိုဖမ်းချုပ်လိုက်ကြသည်။
"ခင်ဗျားကျွန်တော့်ကိုခုချက်ချင်းလွှတ်ပေး!!!"
JaeHyunရှိသမျှအားနဲ့အတင်းရုန်းသော်လည်းလူသုံးယောက်အားနဲ့ဝိုင်းချုပ်ကြတာမလို့ဘယ်လိုမှရုန်းမရဖြစ်နေသည်။
"မင်းအော်လည်းမထူးဘူးနော်"
ပြောပြီးပြီးချင်းJaeHyunရဲ့shirtကိုအားနဲ့ဆွဲဖြဲလိုက်တာကြောင့်ကြယ်သီးတွေအကုန်ပြုတ်သွားသည်။
သူ့ရဲ့ရင်ဘက်ကိုပွတ်ကာအရသာခံနေသောထိုလူကြောင့်သူကြောက်ပြီးငိုမိသည်။ကြောက်အားလန့်အားနဲ့ရုန်းပြီးရိုက်လိုက်တော့ထိုလူရဲ့မျက်နှာကိုလှမ်းရိုက်မိသွားသည်။
ထိုအခါအဲ့ဒီ့လူကစိတ်တိုသွားပြီးအမဲဖြတ်တော့မည့်မုဆိုးနှယ်ကြည့်ကာJaeHyunရဲ့ပါးကိုဖြန်းခနဲရိုက်ချလိုက်သည်။
"မင်းလေးကိုဒီထက်သက်ညှာနေလို့မရတော့ဘူး"
ထိုလူကJaeHyunကိုလှဲချလိုက်ပြီးတက်ခွထားကာခါးမှခါးပတ်ကိုချွတ်ပြီးJaeHyunကိုရိုက်ရန်ပြင်လိုက်သည်။
ကျန်တဲ့နှစ်ယောက်မှာလည်းJaeHyunလက်နဲ့ခြေထောက်များကိုချုပ်ထားသည်။
"ဖြန်း!!!....ဖြန်း!!!!"
"အား!!!!!!!"
JaeHyunရဲ့ရင်ဘက်နှင့်လက်မောင်းနေရာကိုခါးပတ်နဲ့အသားကုန်လွှဲပြီးရိုက်ချလိုက်တာကြောင့်နာကျင်လွန်း၍အော်မိသည်။
"ခုတော့နာရကောင်းမှန်းသိပြီပေါ့ ဟမ်Lee JaeHyun"
JaeHyunမှာနာလွန်း၍အသံပင်မထွက်တော့ချေ။ရိုက်ခံထားရသည့်နေရာမှာအားပြင်းလွန်း၍နီရဲလာသည်။
ထိုလူမှာသူ့ရဲ့ဘောင်းဘီကိုစတင်ပြီးချွတ်ဖို့ကြိုးစားတာကြောင့်သူမရှိရှိတဲ့အားလေးနဲ့ရုန်းပေမဲ့အချည်းနှီးသာ။
ထိုလူမှာတော့လူစိတ်ကင်းမဲ့နေပြီးတဏာစိတ်အပြည့်ဖြစ်နေတာကြောင့်ဘာဆိုဘာမှမမြင်တော့။
ထိုစဥ်.....
"ဒုန်း!!!!!"
အိမ်တံခါးကိုတွန်းပြီးဝင်လာတဲ့လူနှစ်ယောက်။
.................
JuYeonအိမ်မပြန်သေးဘဲဆက်စောင့်ကြည့်နေတုန်းအိမ်ထဲမှJaeHyunရဲ့အော်သံကိုကြားလိုက်တာကြောင့်Ericကိုခေါ်ကာအပြေးသွားမိသည်။
Bodyguardတွေကတော့နောက်ကနေလိုက်လာသည်။သူအိမ်ထဲလည်းဝင်လိုက်တော့သူချစ်ရပါတယ်ဆိုတဲ့သူကိုဘယ်ကမှန်းမသိတဲ့သူကအပေါ်ကနေတက်ခွထားပြီးလက်မှာလည်းခါးပတ်ကိုကိုင်ထားလေသည်။ပြီးတော့JaeHyunရဲ့ဘောင်းဘီကိုပါအတင်းဆွဲချွတ်နေသည်။
သူချစ်ရတဲ့JaeHyunလေးမှာလည်းဒဏ်ရာတွေထင်းနေတာကိုမြင်လိုက်ရတော့JaeHyunရဲ့ဒေါသဟာမီးဟုန်းဟုန်းတောက်နေတဲ့မီးတောက်ပမာကြီးမားလာပြီးJaeHyunပေါ်မှထိုလူကိုပြေးပြီးဆောင့်ကန်လိုက်သည်။
"အား...."
Ericကလည်းအမြန်ပြေးပြီးJaeHyunကိုဆွဲထူပေးလိုက်သည်။နောက်လူနှစ်ယောက်မှJuYeonကိုရိုက်မယ်လုပ်တော့JuYeonရဲ့လူတွေဝင်လာပြီးထိုလူနှစ်ယောက်ကိုချုပ်လိုက်ကြသည်။
JuYeonကတော့ဒေါသထွက်နေသည့်အတွက်ဘာမှပင်မမြင်နိုင်တော့ကာထိုလူကိုဆွဲပြီးထိုးမိနေသည်။မျက်နှာတစ်ခုလုံးကိုထိုးပြီးသွားတော့မကျေနပ်နိုင်သေး၍ထိုလူ့ရဲ့ဗိုက်ကိုပါဆောင့်ကန်နေသည်။
ထိုလူကတော့နာကျင်လွန်း၍JuYeonကိုတောင်းပန်နေပါသော်လည်းမကြား။အားရပါးရသာဆောင့်ကန်နေသည်။ထိုစဥ်JaeHyunဆီမှ....
"JuYeon shi...."
လေသံဖျော့ဖျော့လေးနဲ့သူနာမည်ကိုခေါ်သည့်အသံကိုကြားလိုက်တော့JuYeonလှည့်ကြည့်မိသည်။
သူရဲ့JaeHyunလေး။သူသိပ်ချစ်ရပါတယ်ဆိုတဲ့JaeHyunလေးရဲ့မျက်နှာမှာအရိုက်ခံထားရ၍နီရဲနေသည်ကိုမြင်လိုက်ရတော့JuYeonရင်ဘက်ထဲဓားနဲ့ထိုးလိုက်သလိုပင်နာကျင်ရသည်။
သူJaeHyunနားလေးကိုအပြေးလေးသွားလိုက်ပြီးဆွဲဖက်လိုက်သည်။JaeHyunလေးကတော့ကြောက်လွန်းလို့ထင်ပါရဲ့တုန်တောင်တုန်နေရှာသည်။
JuYeonဖက်ထားတာကနေခွာလိုက်ပြီးshirtအပြဲလေးနဲ့JaeHyunပေါ်ကိုသူ့coatကိုချွတ်ကာခြုံပေးလိုက်သည်။ပြီးတော့Ericကိုကြည့်ပြီး....
"အဲ့ကောင်တွေကိုခေါ်လာခဲ့"
JuYeonကတော့ပြောပြီးတုန်ရီကာကြောက်နေရှာတဲ့JaeHyunကိုယ်လေးကိုအသာလေးမချီလိုက်ပြီးကားဆီကိုလာခဲ့လိုက်သည်။
"ကားတံခါးမဖွင့်ဘဲဘာလုပ်နေတာလဲ!!!"
JuYeonမှအော်လိုက်တော့သူ့လူထဲကတစ်ယောက်ကပြာပြာသလဲဖြင့်ကားတံခါးကိုလာဖွင့်ပေးသည်။
ထိုလူသုံးယောက်ကိုတော့Bodyguardတွေရဲ့ကားနဲ့ခေါ်လာလိုက်ပြီးသူကတော့Ericကိုပဲကားမောင်းခိုင်းကာJaeHyunကိုရင်ခွင်ထဲပွေ့လျက်ပင်ခေါ်လာလိုက်သည်။
အိမ်ရောက်တော့JaeHyunကိုမချပေးသေးဘဲချီလိုက်ပင်ဝင်လိုက်သည်။ဒါကိုBoMinလေးကမြင်တော့
"Daddy...ဦးဦးချောချောဘာဖြစ်လို့လဲဟင်"
"ဦးဦးချောချောကနေမကောင်းလို့တဲ့ဒါကြောင့်ဦးဦးနားရအောင်လို့Daddyခေါ်လာတာသားသားကဦးဦးEricနဲ့အိပ်လိုက်နော်"
"ဟုတ်ကဲ့ဗျ"
JuYeonလည်းသူ့အခန်းထဲကိုအမြန်ဝင်လိုက်ပြီးJaeHyunလေးကိုသူ့ကုတင်ပေါ်မှာအသာလေးချလိုက်သည်။
ပြီးတော်သူကိုယ်တိုင်တောင်အဝတ်အစားမလဲနိုင်သေးဘဲJaeHyunကိုပဲအရင်လုပ်ပေးနေမိသည်။Shirtလေးကိုလဲပေးပြီးတော့သွေးထွက်နေတဲ့နှုတ်ခမ်းထောင့်လေးကိုဆေးထည့်ပေးလိုက်သည်။
ဘယ်လောက်တောင်နာနေသည်မသိJaeHyunမှာလှုပ်တောင်မလှုပ်နိုင်ချေ။ရင်ဘက်မှာလည်းနီရဲနေသည်မို့JuYeonပိုလို့ပင်စိတ်တိုနေမိသည်။
JaeHyunကိုမတရားကြံဖို့ကြိုးစားနေတဲ့ထိုလူရဲ့ပုံကိုမြင်တိုင်းJuYeonခန္တာကိုယ်ထဲမှသွေးတွေတစ်ပွက်တစ်ပွက်ဆူလာသည်အထိဒေါသဖြစ်မိသည်။
JaeHyunအိပ်ပျော်သွားတော့စောင်သေချာခြုံပေးခဲ့ပြီးသူ့အိမ်ရဲ့မြေအောက်Hall wayထဲကိုလာလိုက်သည်။
အခန်းတံခါးကိုတွန်းပြီးဝင်သွားလိုက်တော့Ericလည်းရှိနေလေသည်။
"Hyungကျွန်တော်စစ်မေးကြည့်တာသူတို့ကTiger gangကလူတွေတဲ့...JaeHyun Hyungရဲ့အဖေကTiger gangပိုင်တဲ့လောင်းကစားဝိုင်းမှာလာဆော့တာမနိုင်တော့အကြွေးတွေယူခဲ့တာတဲ့"
"သိပြီ"
JuYeonလည်းထိုလူတွေထဲကမှJaeHyunကိုမတရားကြံစည်ဖို့ကြိုးစားခဲ့တဲ့လူဆီကိုတည့်တည့်သွားလိုက်ပြီးထိုလူရဲ့ရှေ့မှာဝင်ထိုင်လိုက်သည်။ပြီးတော့ပါလာတဲ့ဓားအချွန်ကိုထုတ်ပြီးထိုလူရဲ့ရင်ဘက်ကိုဓားနဲ့ထောက်ကာဖြည်းဖြည်းချင်းမွှန်းလိုက်သည်။ထိူလူကတော့နာကျင်လွန်းအော်ကာတောင်းပန်လေသည်။
"တောင်း....တောင်း....တောင်းပန်ပါတယ်ကျွန်တော့်ကိုလွှတ်ပေးပါ"
"အဟက်.....မင်းအဲ့စကားကိုငါပိုင်တဲ့လူကိုမထိခင်စဥ်းစားရမှာ"
"ကျွန်တော်မသိခဲ့လို့ပါ"
"သိတာတွေမသိတာတွေငါစိတ်မဝင်စားဘူးအဲ့လောက်ထိတဏာရူးနေရင်လည်းတစ်ခြားနေရာသွားပါလားဘာလို့ငါပိုင်တဲ့လူကိုမှမင်းအဲ့လိုလုပ်ရတာလဲ ဟမ်!!!"
ထိုလူမှာဒေါသထွက်နေတဲ့JuYeonရဲ့ရုပ်ကိုကြည့်မိေတာ့အသက်ရှူပင်ရပ်ချင်သွားသည်။
"တော်ပြီ...တော်ပြီအာရုံလာစားတယ်မင်းက Ericငါ့ကိုသေနတ်ပေး"
EricမှJuYeonလက်ထဲသေနတ်ထည့်ပေးလိုက်တော့ထိုလူမှာပြာပြာသလဲဖြင့်JuYeonခြေထောက်ကိုဖက်ကာအော်ဟစ်ငိုယိုပြီးတောင်းပန်တော့သည်။
"မင်းငိုနေလည်းအလကားပဲငါ့သေနတ်ကလူမရွေးဘူး"
JuYeonနှစ်ခါပြန်စဥ်းစားမနေဘဲထိုရဲ့ခေါင်းတည့်တည့်ကိုချိန်ပြီးသေနတ်နဲ့ပစ်လိုက်သည်။
"ဒိုင်း!!!!!!"
"ကျန်တဲ့နှစ်ယောက်ကိုတော့မင်းတို့ပဲလက်စသတ်လိုက်တော့"
Ericခေါင်းငြိမ့်ပြလိုက်ပြီးကျန်တဲ့နှစ်ယောက်ကိုပါသေနတ်ဖြင့်ပစ်သတ်လိုက်သည်။မြန်လွန်း၍ဟိုကအော်ချိန်တောင်မရလိုက်။
...............
JaeHyunအိပ်နေရာမှရုတ်တစ်ရက်နိုးလာသည်။နိုးလာတော့သူ့အိမ်မဟုတ်သည်ကိုသတိထားမိ၍ထထိုင်လိုက်သည်။
ပြီးတော့သူအကြောက်မပြေသေးတာကလည်းပါတော့လန့်ပြီးငိုနေမိပြန်သည်။
ထိုစဥ်အခန်းထဲသို့ရောက်လာသည့်JuYeon။
"JaeHyun shi...နာနေလို့လားဟင်"
စိုးရိမ်တစ်ကြီးနဲ့သူ့နားဝင်ထိုင်လိုက်သည့်JuYeon။
JaeHyunခေါင်းခါပြလိုက်သည်။
"ဒါဆိုဘာလို့လဲ...ဘယ်နေရာကဘာဖြစ်လို့လဲ"
ကြောက်....ကြောက်တယ်"
အသံသေးသေးလေးဖြင့်ငိုကာပြောလာသည့်JaeHyunကြောင့်JuYeonသူတောင်မသိလိုက်ခင်လေးမှာတင်JaeHyunကိုဖက်ထားမိသည်။
"မကြောက်ပါနဲ့...အခုကျွန်တော်ရှိနေပြီပဲမကြောက်နဲ့နော်"
ထိုအခါမှရင်ခွင်ထဲကနေခေါင်းအသာလေးငြိမ့်ပြလာသည်။
"ဒါနဲ့ကျွန်တော်အခုဘယ်ရောက်နေတာလဲ"
"ကျွန်တော်အိမ်က ကျွန်တော့်အခန်းထဲမှာလေ"
"JuYeon shiခေါ်လာတာလား"
"အင်း....ဒါကြောင့်ဘာမှစိတ်မပူဘဲJaeHyun shiကနားလိုက်တော့နော်"
"အင်း"
နောက်တော့JaeHyunလေးငိုရတာမောသွားလို့ထင်ပါရဲ့JuYeonကိုဖက်လျက်ပင်အိပ်ပျော်သွားသည်။
JuYeonကတော့ရင်ခွင်ထဲကကောင်လေးအိပ်ပျော်သွားမှအသာလေးအိပ်ယာထက်လှဲစေပြီးစောင်သေချာပြန်ခြုံပေးခဲ့ကာသူကတော့Ericအခန်းထဲမှာသွားအိပ်လိုက်သည်။
Ericကတော့BoMinလေးနဲ့အတူတူအိပ်သည်မို့အဆင်ပြေပါသည်။အမှန်အတိုင်းပြောရလျှင်JuYeon...JaeHyunကိုရင်ခွင်ထဲထည့်ပြီးအိပ်ချင်တာဒါပေမဲ့JaeHyunကိုလည်းစိုးရိမ်သေးသည်လေ။
____________________________________
Thanks for reading🌸
Bạn đang đọc truyện trên: AzTruyen.Top