Chapter 7

JuYeonဒီနေ့တစ်နေကုန်မအားသည်မို့ညရောက်တော့မှပဲJaeHyunလေးကိုအဝေးကနေငေးကြည့်ရတော့တယ်။မမြင်ရတာသုံးရက်ပေမဲ့သူ့အတွက်ကတော့သုံးနှစ်လိုပင်။

တစ်ခြားသူတွေအပိုလုပ်တယ်လို့ပြောလည်းပြောကြပါစေ။တစ်ကယ်ချစ်ဖူးတဲ့သူမှပဲဒီခံစားချက်ကိုသိမှာမလို့လေ။

"ကဲဒီလောက်ထိလိုက်ကြည့်လိုက်ရတော့ကျေနပ်ပြီလားHyung"

ဘေးမှEricကခေါ်မှသာသတိပြန်ဝင်လာသည်။ဟုတ်သားပဲEricကောပါလာတာမေ့နေတာ။

အလုပ်ကအပြန်လာကြည့်သည်မို့Ericတင်သာမကBodyguardတွေပါနောက်ကားနှစ်စီးနဲ့ပါလာသည်။

သူအငေးကောင်းတုန်းမလို့သူတို့ကိုခနမေ့သွားတယ်ထင်ပ။​​အော်....LeeJaeHyunကဒီလိုဖြစ်အောင်လည်းပြုစားတတ်တာလား။

( အဲ့ထက်ကိုပိုဆိုးတယ်JuYeonရေ😅 )

JuYeonလည်းပြန်တော့မလိုလုပ်တဲ့အချိန်မှာJaeHyunအိမ်ထဲကိုဘယ်ကမှန်းမသိတဲ့လူသုံးယောက်ဝင်သွားတာကိုတွေ့လိုက်တာမလို့မပြန်သေးဘဲဆက်စောင့်ကြည့်နေလိုက်သည်။
................

JaeHyunအိမ်ထဲရောက်တာနဲ့အိတ်ကိုချပြီးဆိုဖာပေါ်မှာနားနေတုန်းရုတ်တစ်ရက်အိမ်တံခါးမှဘဲလ်တီးသံကြားတာမလို့သူထဖွင့်ပေးမိလိုက်သည်။

ကြည့်လိုက်တော့လူသုံးယောက်။ဘယ်သူတွေမှန်းတော့သူသိပါတယ်။သူ့အဖေငွေချေးခဲ့တဲ့သူဆီကလူတွေဖြစ်သည်။

ထိုလူသုံးယောက်ကအိမ်ထဲကိုမဖိတ်ခေါ်ပါပဲနဲ့ရောက်နေကြသည်။

"ခင်ဗျားတို့ဘာလာလုပ်တာလဲ"

"အဟက်....မင်းကများမေးရတယ်ရှိသေး အကြွေးလာယူတာပေါ့"

"ဒီလအတွက်ကျွန်​တော်ပေးပြီးပြီလေ"

"အေးအဲ့တာကြောင့်နောက်လအတွက်လာတောင်းတာ"

"ဘာ...ခင်ဗျားတို့မညစ်နဲ့နော်"

"ငါတို့ကမညစ်ပါဘူး...အကြွေးလေးလာတောင်းတာပဲရှိတာ"

"ကျွန်​တော်မပေးန်ိုင်ဘူးနောက်လစာကနောက်လမှပဲပေးမှာမလို့ဒီနေ့တော့ပြန်လိုက်ပါတော့"

"နေပါဦး....မင်းကိုပြောပြဦးမယ်အကြွေးကိုခုဆပ်ရင်မဆပ်ရင်မင်းအဖေပေးခဲ့တဲ့ကတိအတိုင်းငါတို့ကလုပ်ရုံပဲရှိမှာ"

"ဘာကတိလဲ"

"အကြွေးမပေးနိုင်ရင်သူ့သားကိုအကြွေးအနေနဲ့သိမ်းလို့ရတယ်ဆိုတဲ့ကတိ"

သူ့ဆီကိုတစ်လှမ်းချင်းတိုးပြီးပြောလိုက်တဲ့စကားကြောင့်JaeHyunကြက်သီးများပင်ထသွားသည်။

"ဒါမင်းအဖေကိုယ်တိုင်ကိုကပေးခဲ့တာနော်..အဲ့တာကြောင့်ခုချက်ချင်းကျန်တဲ့ပိုက်ဆံကိုပေးရင်ပေးမပေးလို့ကတော့...."

ညစ်ကျယ်ကျယ်နဲ့ကြည့်လာတဲ့ထိုလူကြောင့်JaeHyunကြောက်လာမိသည်။သူ့အဖေကဒီလိုကတိမျိုးကိုပေးခဲ့တယ်လို့သူမှမသိခဲ့တာ။ဒါပေမဲ့သူ့မှာကျန်တဲ့ပိုက်ဆံကလည်းအမေ့ဆေးရုံစရိတ်ထဲပေးလိုက်ပြီမို့အကြွေးဆပ်လို့မရဖြစ်နေသည်။

ထိုလူမှာထပ်တိုးရင်းတိုးရင်းနဲ့JaeHyunပါးကိုလာကိုင်လေသည်။

"အဟက်...မင်းလေးကယောကျ်ားလေးဆိုပေမဲ့ချစ်စရာလေးပဲ....စိတ်မပူပါနဲ့မင်းကယောကျ်ားလေးဆိုတော့နစ်နာစရာမှမရှိတာ"

ပြောလိုက်သည့်စကားကြောင့်JaeHyunသူဘာကိုဆိုလိုမှန်းသဘောပေါက်သွားသည်။အဲ့တော့အတင်းရုန်းမယ်ကြံတော့ထိုလူတွေကသူ့ကိုဖမ်းချုပ်လိုက်ကြသည်။

"ခင်ဗျားကျွန်တော့်ကိုခုချက်ချင်းလွှတ်ပေး!!!"

JaeHyunရှိသမျှအားနဲ့အတင်းရုန်းသော်လည်းလူသုံးယောက်အားနဲ့ဝိုင်းချုပ်ကြတာမလို့ဘယ်လိုမှရုန်းမရဖြစ်နေသည်။

"မင်းအော်လည်းမထူးဘူး​နော်"

ပြောပြီးပြီးချင်းJaeHyunရဲ့shirtကိုအားနဲ့ဆွဲဖြဲလိုက်တာကြောင့်ကြယ်သီးတွေအကုန်ပြုတ်သွားသည်။

သူ့ရဲ့ရင်ဘက်ကိုပွတ်ကာအရသာခံနေသောထိုလူကြောင့်သူကြောက်ပြီးငိုမိသည်။ကြောက်အားလန့်အားနဲ့ရုန်းပြီးရိုက်လိုက်တော့ထိုလူရဲ့မျက်နှာကိုလှမ်းရိုက်မိသွားသည်။

ထိုအခါအဲ့ဒီ့လူကစိတ်တိုသွားပြီးအမဲ​ဖြတ်တော့မည့်မုဆိုးနှယ်ကြည့်ကာJaeHyunရဲ့ပါးကိုဖြန်းခနဲရိုက်ချလိုက်သည်။

"မင်းလေးကိုဒီထက်သက်ညှာနေလို့မရတော့ဘူး"

ထိုလူကJaeHyunကိုလှဲချလိုက်ပြီးတက်ခွထားကာခါးမှခါးပတ်ကိုချွတ်ပြီးJaeHyunကိုရိုက်ရန်ပြင်လိုက်သည်။

ကျန်တဲ့နှစ်ယောက်မှာလည်းJaeHyunလက်နဲ့ခြေထောက်များကိုချုပ်ထားသည်။

"ဖြန်း!!!....ဖြန်း!!!!"

"အား!!!!!!!"

JaeHyunရဲ့ရင်ဘက်နှင့်လက်မောင်းနေရာကိုခါးပတ်နဲ့အသားကုန်လွှဲပြီးရိုက်ချလိုက်တာကြောင့်နာကျင်လွန်း၍အော်မိသည်။

"ခုတော့နာရကောင်းမှန်းသိပြီပေါ့ ဟမ်Lee JaeHyun"

JaeHyunမှာနာလွန်း၍အသံပင်မထွက်တော့ချေ။ရိုက်ခံထားရသည့်နေရာမှာအားပြင်းလွန်း၍နီရဲလာသည်။

ထိုလူမှာသူ့ရဲ့ဘောင်းဘီကိုစတင်ပြီးချွတ်ဖို့ကြိုးစားတာကြောင့်သူမရှိရှိတဲ့အားလေးနဲ့ရုန်းပေမဲ့အချည်းနှီးသာ။

ထိုလူမှာတော့လူစိတ်ကင်းမဲ့နေပြီးတဏာစိတ်အပြည့်ဖြစ်နေတာကြောင့်ဘာဆိုဘာမှမမြင်တော့။

ထိုစဥ်.....

"ဒုန်း!!!!!"

အိမ်တံခါးကိုတွန်းပြီးဝင်လာတဲ့လူနှစ်ယောက်။
.................

JuYeonအိမ်မပြန်သေးဘဲဆက်စောင့်ကြည့်နေတုန်းအိမ်ထဲမှJaeHyunရဲ့အော်သံကိုကြားလိုက်တာကြောင့်Ericကိုခေါ်ကာအပြေးသွားမိသည်။

Bodyguardတွေကတော့နောက်ကနေလိုက်လာသည်။သူအိမ်ထဲလည်းဝင်လိုက်တော့သူချစ်ရပါတယ်ဆိုတဲ့သူကိုဘယ်ကမှန်းမသိတဲ့သူကအပေါ်ကနေတက်ခွထားပြီးလက်မှာလည်းခါးပတ်ကိုကိုင်ထားလေသည်။ပြီးတော့JaeHyunရဲ့​ဘောင်းဘီကိုပါအတင်းဆွဲချွတ်နေသည်။

သူချစ်ရတဲ့JaeHyunလေးမှာလည်းဒဏ်ရာတွေထင်းနေတာကိုမြင်လိုက်ရတော့JaeHyunရဲ့ဒေါသဟာမီးဟုန်းဟုန်းတောက်နေတဲ့မီးတောက်ပမာကြီးမားလာပြီးJaeHyunပေါ်မှထိုလူကိုပြေးပြီးဆောင့်ကန်လိုက်သည်။

"အား...."

Ericကလည်းအမြန်ပြေးပြီးJaeHyunကိုဆွဲထူပေးလိုက်သည်။နောက်လူနှစ်ယောက်မှJuYeonကိုရိုက်မယ်လုပ်တော့JuYeonရဲ့လူတွေဝင်လာပြီးထိုလူနှစ်ယောက်ကိုချုပ်လိုက်ကြသည်။

JuYeonကတော့ဒေါသထွက်နေသည့်အတွက်ဘာမှပင်မမြင်နိုင်တော့ကာထိုလူကိုဆွဲပြီးထိုးမိနေသည်။မျက်နှာတစ်ခုလုံးကိုထိုးပြီးသွားတော့မကျေနပ်နိုင်သေး၍ထိုလူ့ရဲ့ဗိုက်ကိုပါဆောင့်ကန်နေသည်။

ထိုလူကတော့နာကျင်လွန်း၍JuYeonကိုတောင်းပန်နေပါသော်လည်းမကြား။အားရပါးရသာဆောင့်ကန်နေသည်။ထိုစဥ်JaeHyunဆီမှ....

"JuYeon shi...."

လေသံဖျော့ဖျော့လေးနဲ့သူနာမည်ကိုခေါ်သည့်အသံကိုကြားလိုက်တော့JuYeonလှည့်ကြည့်မိသည်။

သူရဲ့JaeHyunလေး။သူသိပ်ချစ်ရပါတယ်ဆိုတဲ့JaeHyunလေးရဲ့မျက်နှာမှာအရိုက်ခံထားရ၍နီရဲနေသည်ကိုမြင်လိုက်ရတော့JuYeonရင်ဘက်ထဲဓားနဲ့ထိုးလိုက်သလိုပင်နာကျင်ရသည်။

သူJaeHyunနားလေးကိုအပြေးလေးသွားလိုက်ပြီးဆွဲဖက်လိုက်သည်။JaeHyunလေးကတော့ကြောက်လွန်းလို့ထင်ပါရဲ့တုန်​တောင်တုန်နေရှာသည်။

JuYeonဖက်ထားတာကနေခွာလိုက်ပြီးshirtအပြဲလေးနဲ့JaeHyunပေါ်ကိုသူ့coatကိုချွတ်ကာခြုံပေးလိုက်သည်။ပြီးတော့Ericကိုကြည့်ပြီး....

"အဲ့ကောင်တွေကိုခေါ်လာခဲ့"

JuYeonကတော့ပြောပြီးတုန်ရီကာကြောက်နေရှာတဲ့JaeHyunကိုယ်လေးကိုအသာလေးမချီလိုက်ပြီးကားဆီကိုလာခဲ့လိုက်သည်။

"ကားတံခါးမဖွင့်ဘဲဘာလုပ်နေတာလဲ!!!"

JuYeonမှအော်လိုက်တော့သူ့လူထဲကတစ်ယောက်ကပြာပြာသလဲဖြင့်ကားတံခါးကိုလာဖွင့်ပေးသည်။

ထိုလူသုံးယောက်ကိုတော့Bodyguardတွေရဲ့ကားနဲ့ခေါ်လာလိုက်ပြီးသူကတော့Ericကိုပဲကားမောင်းခိုင်းကာJaeHyunကိုရင်ခွင်ထဲပွေ့လျက်ပင်ခေါ်လာလိုက်သည်။

အိမ်ရောက်တော့JaeHyunကိုမချပေးသေးဘဲချီလိုက်ပင်ဝင်လိုက်သည်။ဒါကိုBoMinလေးကမြင်တော့

"Daddy...ဦးဦးချောချောဘာဖြစ်လို့လဲဟင်"

"ဦးဦးချောချောကနေမကောင်းလို့တဲ့ဒါကြောင့်ဦးဦးနားရအောင်လို့Daddyခေါ်လာတာသားသားကဦးဦးEricနဲ့အိပ်လိုက်နော်"

"ဟုတ်ကဲ့ဗျ"

JuYeonလည်းသူ့အခန်းထဲကိုအမြန်ဝင်လိုက်ပြီးJaeHyunလေးကိုသူ့ကုတင်ပေါ်မှာအသာလေးချလိုက်သည်။

​ပြီးတော်သူကိုယ်တိုင်တောင်အဝတ်အစားမလဲနိုင်သေးဘဲJaeHyunကိုပဲအရင်လုပ်ပေးနေမိသည်။Shirtလေးကိုလဲပေးပြီးတော့သွေးထွက်နေတဲ့နှုတ်ခမ်းထောင့်လေးကိုဆေးထည့်ပေးလိုက်သည်။

ဘယ်လောက်တောင်နာနေသည်မသိJaeHyunမှာလှုပ်တောင်မလှုပ်နိုင်ချေ။ရင်ဘက်မှာလည်းနီရဲနေသည်မို့JuYeonပိုလို့ပင်စိတ်တိုနေမိသည်။

JaeHyunကိုမတရားကြံဖို့ကြိုးစားနေတဲ့ထိုလူရဲ့ပုံကိုမြင်တိုင်းJuYeonခန္တာကိုယ်ထဲမှသွေးတွေတစ်ပွက်တစ်ပွက်ဆူလာသည်အထိဒေါသဖြစ်မိသည်။

JaeHyunအိပ်ပျော်သွားတော့စောင်သေချာခြုံပေးခဲ့ပြီးသူ့အိမ်ရဲ့မြေအောက်Hall wayထဲကိုလာလိုက်သည်။

အခန်းတံခါးကိုတွန်းပြီးဝင်သွားလိုက်တော့Ericလည်းရှိနေလေသည်။

"Hyungကျွန်​တော်စစ်မေးကြည့်တာသူတို့ကTiger gangကလူတွေတဲ့...JaeHyun Hyungရဲ့အဖေကTiger gangပိုင်တဲ့လောင်းကစားဝိုင်းမှာလာဆော့တာမနိုင်တော့အကြွေးတွေယူခဲ့တာတဲ့"

"သိပြီ"

JuYeonလည်းထိုလူတွေထဲကမှJaeHyunကိုမတရားကြံစည်ဖို့ကြိုးစားခဲ့တဲ့လူဆီကိုတည့်တည့်သွားလိုက်ပြီးထိုလူရဲ့ရှေ့မှာဝင်ထိုင်လိုက်သည်။ပြီးတော့ပါလာတဲ့ဓားအချွန်ကိုထုတ်ပြီးထိုလူရဲ့ရင်ဘက်ကိုဓားနဲ့ထောက်ကာဖြည်းဖြည်းချင်းမွှန်းလိုက်သည်။ထိူလူကတော့နာကျင်လွန်းအော်ကာတောင်းပန်လေသည်။

"​တောင်း....တောင်း....တောင်းပန်ပါတယ်ကျွန်​တော့်ကိုလွှတ်ပေးပါ"

"အဟက်.....မင်းအဲ့စကားကိုငါပိုင်တဲ့လူကိုမထိခင်စဥ်းစားရမှာ"

"ကျွန်​တော်မသိခဲ့လို့ပါ"

"သိတာတွေမသိတာတွေငါစိတ်မဝင်စားဘူးအဲ့လောက်ထိတဏာရူးနေရင်လည်းတစ်ခြားနေရာသွားပါလားဘာလို့ငါပိုင်တဲ့လူကိုမှမင်းအဲ့လိုလုပ်ရတာလဲ ဟမ်!!!"

ထိုလူမှာဒေါသထွက်နေတဲ့JuYeonရဲ့ရုပ်ကိုကြည့်မိ​ေတာ့အသက်ရှူပင်ရပ်ချင်သွားသည်။

"​တော်ပြီ...တော်ပြီအာရုံလာစားတယ်မင်းက Ericငါ့ကိုသေနတ်ပေး"

EricမှJuYeonလက်ထဲသေနတ်ထည့်ပေးလိုက်တော့ထိုလူမှာပြာပြာသလဲဖြင့်JuYeonခြေထောက်ကိုဖက်ကာ​အော်ဟစ်ငိုယိုပြီးတောင်းပန်တော့သည်။

"မင်းငိုနေလည်းအလကားပဲငါ့သေနတ်ကလူမရွေးဘူး"

JuYeonနှစ်ခါပြန်စဥ်းစားမနေဘဲထိုရဲ့ခေါင်းတည့်တည့်ကိုချိန်ပြီးသေနတ်နဲ့ပစ်လိုက်သည်။

"ဒိုင်း!!!!!!"

"ကျန်တဲ့နှစ်ယောက်ကိုတော့မင်းတို့ပဲလက်စသတ်လိုက်တော့"

Ericခေါင်းငြိမ့်ပြလိုက်ပြီးကျန်တဲ့နှစ်ယောက်ကိုပါသေနတ်ဖြင့်ပစ်သတ်လိုက်သည်။မြန်လွန်း၍ဟိုက​အော်ချိန်တောင်မရလိုက်။
...............

JaeHyunအိပ်နေရာမှရုတ်တစ်ရက်နိုးလာသည်။နိုးလာတော့သူ့အိမ်မဟုတ်သည်ကိုသတိထားမိ၍ထထိုင်လိုက်သည်။
​ပြီး​တော့သူအကြောက်မပြေသေးတာကလည်းပါတော့လန့်ပြီးငိုနေမိပြန်သည်။

ထိုစဥ်အခန်းထဲသို့ရောက်လာသည့်JuYeon။

"JaeHyun shi...နာနေလို့လားဟင်"

စိုးရိမ်တစ်ကြီးနဲ့သူ့နားဝင်ထိုင်လိုက်သည့်JuYeon။

JaeHyunခေါင်းခါပြလိုက်သည်။

"ဒါဆိုဘာလို့လဲ...ဘယ်နေရာကဘာဖြစ်လို့လဲ"

ကြောက်....ကြောက်တယ်"

အသံသေးသေးလေးဖြင့်ငိုကာပြောလာသည့်JaeHyunကြောင့်JuYeonသူတောင်မသိလိုက်ခင်လေးမှာတင်JaeHyunကိုဖက်ထားမိသည်။

"မကြောက်ပါနဲ့...အခုကျွန်တော်ရှိနေပြီပဲမကြောက်နဲ့နော်"

ထိုအခါမှရင်ခွင်ထဲကနေခေါင်းအသာလေးငြိမ့်ပြလာသည်။

"ဒါနဲ့ကျွန်​တော်အခုဘယ်ရောက်နေတာလဲ"

"ကျွန်​တော်အိမ်က ကျွန်တော့်အခန်းထဲမှာလေ"

"JuYeon shiခေါ်လာတာလား"

"အင်း....ဒါ​ကြောင့်ဘာမှစိတ်မပူဘဲJaeHyun shiကနားလိုက်​တော့နော်"

"အင်း"

နောက်တော့JaeHyunလေးငိုရတာမောသွားလို့ထင်ပါရဲ့JuYeonကိုဖက်လျက်ပင်အိပ်ပျော်သွားသည်။

JuYeonက​တော့ရင်ခွင်ထဲကကောင်လေးအိပ်ပျော်သွားမှအသာလေးအိပ်ယာထက်လှဲစေပြီးစောင်သေချာပြန်ခြုံပေးခဲ့ကာသူကတော့Ericအခန်းထဲမှာသွားအိပ်လိုက်သည်။

Ericက​တော့BoMinလေးနဲ့အတူတူအိပ်သည်မို့အဆင်ပြေပါသည်။အမှန်အတိုင်းပြောရလျှင်JuYeon...JaeHyunကိုရင်ခွင်ထဲထည့်ပြီးအိပ်ချင်တာဒါပေမဲ့JaeHyunကိုလည်းစိုးရိမ်သေးသည်လေ။

____________________________________

Thanks for reading🌸











Bạn đang đọc truyện trên: AzTruyen.Top