Chapter 20 (end)
Ericရဲ့ကောင်လေးကိုJuYeonကောJaeHyunပါသဘောကျကြသည်။ပုံစံကရည်ရည်မွန်မွန်လေးနဲ့ချစ်ဖို့ကောင်းသည်။စကားပြောရင်လည်းယဥ်ယဥ်ကျေးကျေးလေးနဲ့Ericနဲ့တော့တစ်ခြားစီပင်။
ဒါပေမဲ့လည်းသူတို့နှစ်ယောက်ဘယ်လိုများတွေ့ပြီးဘယ်လိုများကြိုက်သွားကြလဲတော့နှစ်ယောက်စလုံးစဥ်းစားလို့မရသည်ကအမှန်ပင်ဖြစ်သည်။
အခုလည်းမနက်စာတူတူစားကြပြီးတော့ထိုကောင်လေးကိုEricကိုယ်တိုင်ပြန်လိုက်ပို့လိုက်သည်။
"မောင်ဒီနေ့အလုပ်အားတယ်ဆိုတော့Jaeတို့shoppingထွက်ရအောင်လေ"
"အင်းBoMinလေးကိုပါခေါ်လိုက်မယ်"
ဒီလိုနဲ့သုံးယောက်သားShoppingထွက်လာခဲ့ကြသည်။JuYeonလက်ထပ်ပြီးတဲ့သုံးနှစ်ကျော်ကာလအတွင်းမှာသူတို့အတွဲကိုအားကျတဲ့သူတစ်ဖြည်းဖြည်းများလာကြသည်။
နဂိုကတည်းကနာမည်ရှိတဲ့Lee JuYeonကယောကျ်ားထယူလိုက်တော့တစ်ချို့JuYeonကိုချိန်နေကြတဲ့စီးပွားရှင်တွေရဲ့သမီးတွေကတော့မကျေမနပ်တွေဖြစ်ကြတာပေါ့။ဒါပေမဲ့လည်းJuYeonကအဲ့တာတွေကိုဂရုမစိုက်ခဲ့ပါဘူး။
တစ်ခါကနာမည်ကြီးတဲ့Comapnyတစ်ခုကCEOရဲ့သမီးကJuYeonတို့ဆီမှာအလုပ်ကိစ္စနဲ့လာရင်းဆွေးနွေးကြတော့ထိုကောင်မလေးယောကျာ်းဘာလို့ယူတာလဲတို့လိုလူမျိုးကိုအရင်စဥ်းစားသင့်တာဟူ၍ပြောလာပြီးကတည်းကJuYeonအဲ့Companyကိုလှည့်တောင်မကြည့်တော့ချေ။
ဒီလောက်ထိသူJaeHyunကိုချစ်သည်။သူတို့ချစ်ခြင်းကိုနားလည်ပေးကြတဲ့သူတွေကလည်းရှိသလိုခုချိန်ထိနှမြောနေကြသည့်သူတွေလည်းရှိသည်။
သားလေးBoMinကလည်းသူတို့နှစ်ယောက်နဲ့အတူရှိနေပြီဆိုလျှင်ပိုအားရှိသည်ဟုပြောဖူးသည်။
ဒါကြောင့်သူတို့မိသားစုသုံးယောက်လာပြီဆိုလျှင်ထိုနေရာကအလိုလိုနေရင်းကိုအရောင်တွေထွက်နေသလိုပင်။ဒါဟာလည်းအရှိန်အဝါလို့ပဲခေါ်ရမလား။
အခုလည်းသူတို့Shoppingထွက်လာတော့Mallထဲကလူတွေကအကုန်လိုက်ကြည့်နေကြသည်။သူတို့သုံးယောက်ကတော့ဂရုစိုက်မနေတော့ဘဲဝယ်စရာရှိတာသာဝယ်နေလိုက်သည်။
ဒါပေမဲ့.....ဝယ်ပြီးဆိုင်ကနေပြန်အထွက်တစ်နေရာအရောက်မှာတော့JaeHyunခြေလှမ်းတွေကိုတုံ့ဆိုင်းသွားစေတဲ့တစ်စုံတစ်ယောက်။အဲ့ဒီ့သူရဲ့ဘေးမှာလည်းမိန်းမတစ်ဦးနဲ့ကလေးတစ်ယောက်ကလည်းရှိနေသည်။
သူအံ့သြမှင်သက်စွာကြည့်နေတုန်းမှာပဲထိုသူကလည်းJaeHyunကိုတွေ့သွားပြီးခေါ်လိုက်သည်။
"သား....JaeHyun"
"A...Appa?"
JaeHyunတွေ့လိုက်သည်ကတစ်ခြားသူတော့မဟုတ်JaeHyunနဲ့သူ့အမေကိုအကြွေးတွေနဲ့ထားသွားခဲ့သည့်JaeHyunရဲ့Appaပင်ဖြစ်သည်။
..............
အခုJaeHyunနဲ့သူ့Appaတို့cafeတစ်ခုမှာနှစ်ယောက်တည်းအတူတူထိုင်နေကြသည်။JuYeonကတော့ရှောင်ပေးသည့်သဘောဖြင့်BoMinေလးကိုခေါ်ကာအရုပ်ဆိုင်တွေဘက်သွားလိုက်သည်။
"မတွေ့ရတာတောင်ကြာသွားပြီနော်"
"ဟုတ်ကဲ့Appa"
JaeHyun Appaမှာလည်းJaeHyunကိုအားနာတောင်းပန်သည့်အကြည့်မျိုးဖြင့်ကြည့်ကာ
"Appaတောင်းပန်ပါတယ်သားရယ်မင်းOmmaသတင်းလည်းကြားပါတယ်"
JaeHyunကတော့ခေါင်းကိုသာခပ်လေးလေးငြိမ့်ပြလျက်။
"Appaမင်းတို့သားအမိကိုထားခဲ့မိတဲ့အတွက်လည်းAppaတစ်ကယ်တောင်းပန်ပါတယ်Appaပြန်ရောက်ရောက်ချင်းအကြွေးတွေဆပ်ဖို့သွားခဲ့တယ်ဒါပေမဲ့သူတို့တွေကတရုတ်ဘက်ကိုပြောင်းသွားကြပြီတဲ့Appaလည်းသားကိုလာတွေ့တော့အိမ်ကလည်းပိတ်ထားပြီးသားကလူတစ်ယောက်နောက်လိုက်သွားတယ်ပဲသိခဲ့ရတာ။Appaပြောတာယုံပေးပါသားရယ်"
JaeHyunမှာထိန်းထားသည့်ကြားကမျက်ရည်ဟာကျဖြစ်အောင်ကိုကျလိုက်ပါသေးသည်။
"Appaနဲ့အတူတူတွေ့ခဲ့ရတဲ့သူတွေကကော"
"Appaမိန်းမနဲ့ကလေးပါ"
JaeHyunသူ့နားပင်မယုံနိုင်လောက်အောင်ကိုအံ့သြ သွားသည်။သူနဲ့သူ့Ommaနဲ့နှစ်ယောက်သားပင်ပင်ပန်းပန်းနဲ့ဒုက္ခရောက်နေတဲ့အချိန်မှာAppaကထွက်ပြေးသွားပြီးနောက်အိမ်ထောင်အသစ်တောင်ထူထောင်လိုက်သည်တဲ့လား။
"ဒီကနေထွက်သွားပြီးAppaထိုင်းဘက်ကိုသွားခဲ့တယ်အဲ့မှာအလုပ်လုပ်နေတုန်းရခဲ့တာသူတို့လည်းကိုရီးယားလူမျိုးတွေပဲAppaကိုဒီအတွက်လည်းစိတ်မဆိုးပါနဲ့"
"သားမှာစိတ်ဆိုးပိုင်ခွင့်ကောရှိလို့လား...Appaပဲအရာရာကိိုစိတ်တိုင်းကျလုပ်ခဲ့တာအခုလည်းဒီအတွက်နဲ့သားကစိတ်ဆိုးတော့ရောဘာများပြောင်းလဲသွားမှာမလို့လဲ"
"သားပြောတာမှန်ပါတယ်ဒါကြောင့်သားကိုAppaအရမ်းအားနာနေမိတယ်သား...Appaတို့နဲ့အတူလိုက်နေပါလား"
"မလိုက်နိုင်ဘူးAppa"
JaeHyunချက်ချင်းပဲတုံ့ပြန်လိုက်သည်။
"သားအိမ်ထောင်ကျပြီးပြီစောနကတွေ့ခဲ့တဲ့သူကသားယောကျ်ားနဲ့ကလေးပါ။သားသူတို့ကိုမခွဲနိုင်ဘူးAppaထားခဲ့ပြီးသားဒုက္ခရောက်နေတုန်းကသူကပဲသားကိုကူညီပေးခဲ့တာသားAppaအကြွေးရှင်တွေလက်ထဲမှာဖျက်ဆီးခံရမလိုဖြစ်တုန်းကလည်းသူပဲသားကိုလာကယ်တင်ပေးခဲ့တာ"
JaeHyunမှာပြောရင်းငိုသံလေးပါပေါက်လာတော့သည်။
"Appaတောင်းပန်ပါတယ်သားရယ်...."
JaeHyun Appaကလက်ကိုလာကိုင်မလိုလုပ်တော့JaeHyunအမြန်ပင်လက်ကိုရုတ်လိုက်သည်။ပြီးတော့ပါးပေါ်မှာကျနေတဲ့မျက်ရည်စီးကြောင်းတို့ကိုသုတ်ကာ
"Appaတစ်ကယ်တောင်းပန်တယ်ဆိုရင်Ommaဆီပဲသွားတောင်းပန်လိုက်ပါပြီးတော့Appaသားတို့ကိုထားခဲ့တုန်းကAppaမှာဒီလိုလုပ်ရတဲ့အကြောင်းအရင်းရှိမှာပဲလို့သားဖြည့်တွေးခဲ့တယ်အဲ့တော့အခုလည်းသားဒီလိုလုပ်ရတာအကြောင်းအရင်းရှိတယ်လို့ဖြည့်တွေးပေးပါသားဒီလောက်နဲ့ပြန်ပါတော့မယ်Appaလည်းမိသားစုအသစ်နဲ့ပျော်ပျော်ရွှင်ရွှင်နေသွားပါ"
JaeHyunထ ထွက်တော့မလိုလုပ်တဲ့အချိန်မှာ
"သား.....Appaကိုခွင့်လွှတ်တယ်မလား"
JaeHyunအတတ်နိုင်ဆုံးပြုံးပြလိုက်ပြီး
"သားကAppaကိုခွင့်လွှတ်ပြီးသားပါ"
ဟုပြောကာထွက်လာလိုက်သည်။သူတို့သားအဖနှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာတစ်ခြားသူတွေလိုပွေ့ဖက်ခြင်းတွေလွမ်းဆွတ်တမ်းတခြင်းတွေမပါဝင်ခဲ့ပါဘူး။နဂိုကတည်းကအေးစက်တဲ့ဆက်ဆံရေးတစ်ခုဖြစ်တာမလို့အခုလိုနှစ်အတော်ကြာမှပြန်တွေ့တော့ပိုလို့ပင်အေးစက်သွားတာပေါ့။
....................
ကားပေါ်မှာကတည်းကဘာစကားမှမပြောဘဲငိုမဲ့မဲ့ရုပ်လေးဖြစ်နေတဲ့JaeHyunကိုကြည့်ပြီးJuYeonစိတ်မကောင်းဖြစ်မိသည်။ဒါကြောင့်အိမ်ထဲရောက်သည်နှင့်....
"BoMinလေးဦးဦးEricနဲ့ဆော့နေလိုက်နော်Daddy Appaနဲ့ပြောစရာရှိလို့"
ဟုပြောကာနှစ်ယောက်သားအခန်းထဲကိုဝင်လိုက်ကြသည်။ပြီးတော့ကုတင်ပေါ်လေးမှာထိုင်ကာJuYeonမေးရတော့သည်။
"Jae Appaကဘာတွေပြောလိုက်လို့လဲ"
JaeHyunသက်ပြင်းတစ်ချက်ချလိုက်ပြီး
"Appaကသူနဲ့အတူပြန်လိုက်နေဖို့ခေါ်တာပါ"
JuYeonချက်ချင်းစိုးရိမ်သွားသည်။Jaeသာလက်ခံလိုက်ရင်သူတို့နှစ်ယောက်ခွဲရတော့မှာမလား။
"အဲ့တော့.....Jaeပြန်လိုက်သွားမှာလား"
"Jaeကဘာလို့ပြန်လိုက်နေရမှာလဲJaeမှာမောင်တစ်ယောက်လုံးရှိနေတာကို...."
JuYeonလည်းအဲ့တော့မှနည်းနည်းစိတ်သက်သာရာရသွားပေမဲ့
"Jaeလိုက်နေချင်ရင်လည်းလိုက်သွားနော်"
ဟုတ်တယ်လေ။ဘယ်လိုပဲ ကြည့်ကြည့်သူတို့ကသားအဖအရင်းတွေမလား။အဲ့တော့သူနောက်ဆုတ်ပေးရမည်လေ။
"Jaeမလိုက်ပါဘူးမေ့သွားပြီလားJaeကတိပေးထားတယ်ဘာအကြောင်းပဲရှိရှိမောင့်နားကနေမထွက်သွားဘူးလို့"
အဲ့တော့မှJuYeon JaeHyunကိုရင်ခွင်ထဲထည့်ကာထွေးပွေ့လိုက်သည်။
"ကျေးဇူးပါJae မောင့်အနားမှာရှိနေပေးလို့"
JaeHyunကလည်းJuYeonကိုပြန်ဖက်ထားကာ
"Jaeမှာမောင်ပဲရှိတော့တာလေ"
..........................
"ဟာ....မောင်ဘယ်လိုတွေလုပ်လိုက်တာလဲဂျုံကရေတွေအများကြီးထည့်မှတော့ပြဲကုန်ပြီပေါ့"
မီးဖိုချောင်ထဲမှJaeHyunရဲ့အသံစူးစူးကတစ်အိမ်လုံးပင်ကြားရလောက်သည်။
ဒီနေ့ပိတ်ရက်မလို့အိမ်မှာJuYeonနဲ့JaeHyunတို့နှစ်ယောက်သားကိတ်မုန့်ဖုတ်နေကြခြင်းဖြစ်သည်။Ericကတော့သူ့ကောင်လေးနဲ့သွားdateနေပြီးBoMinလေးကလည်းသူ့ရဲ့အနာဂတ်ခင်ပွန်းလောင်းRoWooအိမ်ဆီသွားဆော့နေသည်။
အဲ့တော့အိမ်မှာနှစ်ယောက်သားပျင်းပျင်းရှိတာနဲ့ကိတ်မုန့်ဖုတ်စားရန်အကြံပေါ်လာခြင်းဖြစ်သည်။အစကတော့လုပ်နေတာဟုတ်ပါရဲ့။ဂျုံနယ်တဲ့အချိန်မှာJuYeonကရေတွေအများကြီးထည့်လိုက်တော့ဂျုံကအကုန်ပျော့သွားတော့သည်။
ဒါကြောင့်Lee JaeHyunရဲ့အသံပါဝါကောင်းကောင်းကိုJuYeonတို့နားထောင်နေရခြင်းဖြစ်သည်။
"Jaeကလည်းမောင့်ကိုမအော်ပါနဲ့ပြန်လုပ်ပေးပါ့မယ်"
ကလေးလိုလိုနဲ့နှုတ်ခမ်းကြီးဆူကာပြောနေသောJuYeonကြောင့်JaeHyunထရယ်မိသည်။
"အဲ့နှုတ်ခမ်းကြီးအရင်သိမ်းလိုက်ဦး"
ပြောမှပဲပိုထော်လာသောကြောင့်JaeHyunအသည်းယားကာJuYeonရဲ့နှုတ်ခမ်းလေးကိုဖြတ်ခနဲနမ်းလိုက်သည်။
"မွ"
အနမ်းခံလိုက်ရသည့်JuYeonမှာတော့ပြုံးပြုံးကြီးနှင့်နှုတ်ခမ်းကိုပိုပြီးထော်ပြလာသည်။အဲ့တော့JaeHyunတို့စိတ်မရှည်တော့ဘူးလေ။
"တစ်ခါဆိုတော်ပြီလေ"
"မရဘူးကွာ....ထပ်နမ်းဦး"
JaeHyunလည်းJuYeonကိုစချင်လာတာနဲ့မနမ်းတော့ဘဲအနားမှာရှိတဲ့ယောက်မနဲ့JuYeonရဲ့ထော်နေတဲ့နှုတ်ခမ်းကိုဘတ်ခနဲရိုက်ချလိုက်သည်။
"အ!!"
"ခစ်ခစ်"
"အော်....မောင့်ကိုလာစနေတယ်ပေါ့"
JuYeonမှာသူ့ကိုစရလို့ပျော်နေတဲ့JaeHyunကိုယ်လုံးလေးကိုခါးကနေအသာမကာအနားမှာရှိတဲ့စားပွဲပေါ်ဆီကောက်ချီကာတင်လိုက်သည်။
ဟိုကလည်းရုတ်တစ်ရက်ဆိုတော့လန်သွားပြီးJuYeonပခုံးပေါ်ဆီလက်တင်မိသွားသည်။
"မောင်ဘာလုပ်.....အု.."
သူစကားပြောလို့မဆုံးသေးခင်မှာပဲသူ့နှုတ်ခမ်းတွေကိုလာနမ်းသည့်JuYeon။
စားပွဲပေါ်ကိုလက်ထောက်ထားရာကနေJaeHyunရဲ့ခါးလေးဆီကိုလက်တွေကိုရွှေ့လိုက်သည်။JaeHyunကလည်းJuYeonလည်တိုင်ပေါ်ကိုလက်နှစ်ဖက်လုံးတင်ကာပို၍နီးအောင်ဖက်လိုက်ပြီးJuYeonရဲ့အနမ်းတွေကိုပြန်လည်တုံ့ပြန်လိုက်သည်။
သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းဟာလည်းထိုအနမ်းများကဲ့သို့နက်ရှိုင်းလွန်းလှသည်။လှပလွန်းသည်။နွေးထွေးလွန်းသည်။ချိုမြိန်လွန်းသည်။
လောကမှာဘယ်အရာမှပြီးပြည့်စုံနေတာတော့မရှိပေမဲ့စိတ်ကျေနပ်တဲ့ပြီးပြည့်စုံမှုမျိုးတော့ရှိသည်။ထိုအရာကိုပြောပါဆိုလျှင်နှစ်ယောက်လုံးသူတို့ရဲ့ချစ်ခြင်းတွေကိုသာပြလိမ့်မည်။
မတော်တဆတွေ့ဆုံမှုကနေတစ်ယောက်မရှိရင်တစ်ယောက်ဟာမနေတတ်တော့အထိကိုချစ်သွားကြသည်။နေထိုင်နေရတဲ့လူ့သက်တမ်းအတောအတွင်းမှာမမျှော်လင့်ထားသည့်ကိစ္စများဖြစ်လာတတ်သည်။
ကောင်းသည့်အရာလည်းဖြစ်နိုင်သလိုမကောင်းသည့်အရာမျိုးလည်းဖြစ်နိုင်သည်။ဒါပေမဲ့နှစ်ယောက်သားရဲ့မမျှော်လင့်ထားတဲ့တွေ့ဆုံမှုလေးကတော့ကောင်းသည့်အရာမှန်းအခုဖော်ကျူးနေသည့်အနမ်းများကိုပင်သက်သေအဖြစ်ဖော်ပြချင်ပါသည်။
အတော်အတန်ကြာတဲ့သူတို့နှစ်ဦးမက်မက်မောမောနမ်းရှိုက်ကြသည်။လက်ထပ်ပြီးကာလအတွင်းဒါဟာသူတို့နှစ်ယောက်ရဲ့အကြာဆုံးအနမ်းလည်းဖြစ်ကြသည်။ဒါကြောင့်နှစ်ယောက်သားအတော်လေးမောနေသည်။
ဒါပေမဲ့ချစ်ခြင်းဟာရပ်တန့်လို့မရတော့သည့်အတွက်JuYeon JaeHyunကိုယ်လေးကိုမချီလိုက်ကာနောက်ထပ်အဓိပ္ပါယ်ရှိသည့်အနမ်းတွေထပ်ပြီးပေးလိုက်ပါတော့သည်။
The end........
________________________________________
ဟုတ်ကဲ့နောက်ဆုံးတော့ဒီficလေးအဆုံးသတ်နိုင်ခဲ့ပါပြီ။ပထမဆုံးficတော့မဟုတ်တော့ပေမဲ့လိုအပ်ချက်ကလေးတွေကတော့ရှိနေပါသေးတယ်။ဖတ်ပေးကြတဲ့သူတွေကိုလည်းတစ်ကယ်လှိုက်လှုက်လှဲလှဲကျေးဇူးတင်ပါတယ်🌸
Thanks for reading🌸
Bạn đang đọc truyện trên: AzTruyen.Top