Chapter 19

3 years later.......

"Jaeရေ.....အချစ်ကလေးရေ.......မောင်ပြန်ရောက်ပြီ"

"လာပါပြီ..ဇွတ်ကိုအော်နေတော့တာပဲဒီမှာညစာချက်နေရင်းတန်းလန်းကြီးမလို့ပါ"

မီးဖိုချောင်ထဲကနေapronလေးကိုအမြန်ချွန်ကာအိမ်ရှေ့တံခါးဆီရောက်နေသောJuYeonဆီသို့JaeHyunအပြေးလေးသွားပြီးဖက်ကာကြိုလိုက်သည်။ဒါဟာသူတို့ရဲ့daily routineတွေထဲကတစ်ခုပင်ဖြစ်သည်။

ခနလောက်ဖက်ထားကာပြန်လွှတ်လိုက်ပြီးJaeHyunမှ.....

"မောင်ပင်ပန်းနေရောပေါ့..ခုတစ်လောအလုပ်တွေများတယ်မလား"

"အရမ်းကြီးလည်းမပင်ပန်းပါဘူးJaeရဲ့မောင်ပင်ပန်းလာရင်တောင်Jaeမျက်နှာလေးတွေ့လိုက်ရရင်ပင်ပန်းတာတွေတောင်ဘယ်ပျောက်ကုန်မှန်းမသိဘူး"

"အပိုတွေသိပ်ပြောနေလိုက်"

"မဟုတ်ပါဘူးဗျာ"

လက်ထပ်ပြီးတဲ့သုံးနှစ်ကျော်ကာလအတွင်းJuyeonကပိုပြီးroလာသည်ဟုJaeHyunထင်မိသည်။Ericကပဲအမြောက်လွန်သွားလို့လားJuYeonကပဲသူ့ဟာသူပြောတတ်လာတာလားတော့မသိ။

စကားပြောရင်လည်းရင်ခုန်အောင်သိပ်လုပ်တတ်သည်။လက်ထပ်တာကြာပြီဆိုပေမဲ့JuYeonကိုခုချိန်ထိJaeHyunရင်ခုန်ရတုန်းပင်။

"သားပြန်ရောက်ပါပြီ"

အိမ်ထဲဝင်လာသည့်BoMinလေးကိုတွေ့တော့JuYeonမှကောက်ကာပွေ့ချီလိုက်သည်။BoMinလေးကလည်းခုဆိုအသက်ရှစ်နှစ်ရှိပြီးမူလတန်းတောင်တက်နေရပြီဖြစ်သည်။

ဒါလည်းမူကြိုကလေးအကျင့်တွေကမပျောက်သေးချင်။JaeHyunခွံ့ကျွေးမှထမင်းကိုသေချာစားသည်။သူ့ဟာသူစားလျှင်ဟုတ်တိပတ်တိမစား။

BoMinလေးပဲလားဆိုတော့လည်းမဟုတ်ပါဘူး။Ericကလည်းအသက်သာကြီးလာတယ်။ကလေးလိုကလုပ်တုန်း။ကလေးလိုလုပ်နေလို့JuYeonကကောင်မလေးထားခိုင်းပြန်တော့လည်းစိတ်မဝင်စားဘူးတဲ့။အဲ့တော့ကောင်လေးပြောင်းထားခိုင်းပြန်တော့လည်းအလုပ်ရှုပ်တယ်တဲ့လေ။

ဆင်ခြေဆင်လက်ပေါင်းစုံပေးနေတော့JuYeonလည်းနောက်ဆုံးမှာလက်လျှော့လိုက်ရသည်။

ဒါပေမဲ့ဒီညတော့Ericတို့သူငယ်ချင်းတွေနဲ့ဘားသွားမယ်ဟုပြောသောကြောင့်ညစာကိုJaeHyunခွံ့ကျွေးစရာမလိုတော့။

JuYeonရေချိုးအဝတ်စားလဲပြီးအောက်ထပ်ကိုဆင်းလာတော့ခုချိန်ထိဟင်းတွေပြင်လို့မပြီးသေးတဲ့JaeHyunကိုတွေ့လိုက်ရသည်။

JuYeonလည်းအနောက်ကနေJaeHyunရဲ့ခါးလေးကိုအသာလေးသိမ်းကျုံးဖက်လိုက်ပြီးပခုံးပေါ်ကိုမေးတင်ထားလိုက်သည်။

"ဘာတွေလုပ်နေတာလဲJae"

"ဆလပ်ရွက်သုပ်နေတာလေBoMinလေးစားချင်တယ်ပြောလို့"

"ဟွန့်...JaeကလေBoMinစားချင်တာကျတော့လုပ်ကျွေးတယ်မောင်စားချင်တာကျတော့မလုပ်ကျွေးဘူး"

"အော်ဟော...ဘယ်လိုကိုကလေးနဲ့အပြိုင်လာဆိုးနေတာလဲဒုတိယEricတော့လာမလုပ်နဲ့နော်ဟိုမှာမောင်ကြိုက်ပါတယ်ဆိုတဲ့ကင်မ်ချီဟင်းရည်ချက်ပေးထားတယ်"

ထိုမှသာJuYeonရုပ်ကြီးကပြုံးဖြီးလာပြီး

"မောင့်Jaeကအကောင်းဆုံးပဲ"

ဟုဆိုကာJaeHyunပါးလေးကိုရွှတ်ခနဲမြည်အောင်နမ်းလိုက်သည်။

Appa ပါးလည်းDaddyနမ်းတာနဲ့ရစရာကိုမရှိတော့ဘူး"

နောက်ကနေဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့BoMinလေးဆီကပြောတော့မှJuYeonဖက်ထားတာကိုအမြန်လွှတ်ပေးလိုက်သည်။

"သားကလည်းအသံလေးဘာလေးပေးတာမဟုတ်ဘူး"

"သားအတွက်လည်းဒါတွေကမဆန်းတော့ပါဘူးDaddyရာခုမှလာရှက်မနေနဲ့"

BoMinလေးပြောသည့်စကားကြောင့်နှစ်ယောက်သားမှာရယ်ရမလိုလိုငိုရမလိုလို။

ထမင်းစားကြတော့BoMinလေးမှ...

"အာ...ဒါနဲ့Appaနဲ့Daddyကိုသားပြောစရာတစ်ခုရှိတယ်"

"ပြောလေ"

BoMinလေးပုံကြည့်ရတာတော်တော်ပျော်နေသည်မို့JuYeonကောJaeHyunကောစိတ်ဝင်တစားဘာပြောမလဲဟုနားစွင့်နေလိုက်သည်။

"သားသားဒီနေ့RoWooကိုမေးကြည့်တာမင်းငါနဲ့ကြီးလာရင်လက်ထပ်မှာလားဆိုတော့သူကလက်ထပ်မယ်တဲ့....သားသားပျော်လိုက်တာ"

"အော်...လက်စသတ်တော့ငါ့သားကဖွင့်ပြောတာလက်ခံလို့ပျော်နေတာကိုး"

BoMinလေးကRoWooကိုချစ်တာလည်းမဆန်းပါဘူး။သူငယ်ချင်းဆိုလို့လည်းBoMinမှာRoWooပဲရှိသလိုRoWooမှာလည်းBoMinပဲရှိသည်။နှစ်ယောက်သားကကြီးလာရင်လက်ထပ်ကြမယ်လို့ပြောတာအခုဖြစ်နေတဲ့သူငယ်ချင်းသံယောဇဥ်ကြောင့်ပဲလား။တစ်ကယ်လားဆိုတာတော့သူတို့ကြီးရင်သိရမှာပေါ့။

ဒီလိုနဲ့ညစာစားပြီး 10နာရီကျော်လောက်ကျတော့BoMinလေးကအိပ်သွားပြီးJuYeonနဲ့JaeHyunကတော့Ericကိုစောင့်နေကြသည်။ 10နာရီပြန်လာမယ်ပြောပြီးမရောက်လာသေးတဲ့EricကိုJaeHyunစိတ်ပူမိသည်။ဒါကြောင့်ဇာတ်ကားကြည့်ရင်းစောင့်နေကြသည်။ဇာတ်ကားကသာဖွင့်ထားပေမဲ့JaeHyunကောင်းကောင်းမကြည့်ရပါ။အကြောင်းမှာJuYeonကြောင့်ပင်ဖြစ်သည်။

TVကိုဖွင့်ထားပြီးမကြည့်ဘဲJaeHyunအနားကိုလာကာပါးကိုလာနမ်းလိုက်လက်ကခါးကိုလာတို့လိုက်လည်ပင်းကိုလာတို့လိုက်နဲ့လုပ်နေတော့JaeHyunမနေတတ်တော့ချေ။

"​မောင်....ဘယ်လိုဖြစ်နေတာလဲကွာ"

မေးတော့လည်းဘာမှပြန်မဖြေဘဲလာရယ်ပြနေသည်။

"သွား....လာမစနဲ့နော်"

JuYeonတို့ကတော့ပြောလေပိုဆိုးလေဟုပဲဆိုရမလား။သူပြောလိုက်မှတစ်ရွှတ်ရွှတ်နဲ့မျက်နှာအနှံ့လာနမ်းနေသည်။

နမ်းနေရင်းလည်ပင်းနားကိုနမ်းလိုက်တော့JaeHyunမနေနိုင်တော့။သူယားတတ်မှန်းသိ၍တစ်မင်JuYeonကလာစနေခြင်းဖြစ်သည်။

"ဟဟ...မောင်ယားတယ်လို့တော်တော့"

လည်ပင်းကိုလာနမ်းနေရတာအားမရတော့လက်ပါJaeHyunခါးကိုလာပြီးကလိထိုးနေတော့JaeHyunမှာတစ်ခစ်ခစ်နဲ့သာရယ်နေရသည်။

"​မောင်....တော်ပါတော့ဆို....ခစ်ခစ်"

"ယားအောင်လုပ်တာယားမှာပေါ့Jaeရဲ့"

"Ring Ring"

JuYeonဖုန်းမြည်လာသဖြင့်နှစ်ယောက်သားကလိထိုးတာကိုရပ်လိုက်ကြသည်။ထိုမှသာJaeHyunအသက်ဝဝရှူရတော့သည်။

"ဟယ်လို..."

"JuYeon Hyungကျွန်တော်SunWoo ပါ"

"​အော်...အေးSunWoo ပြော"

"ဒီမှာEricဘားကလူနဲ့ရန်ဖြစ်နေလို့ကျွန်တော်နဲ့YoungHoonဆွဲတာတောင်မရဘူးHyungလာခဲ့ပေးပါလား"

"ဟမ်....အေးအေးလာခဲ့မယ်ဘယ်ဘားလဲ"

"Midnightဘား xxxxလမ်းမှာရှိတဲ့တစ်ခု"

"အေးအေးငါလာခဲ့မယ်"

"မောင်ဘာဖြစ်တာလဲ"

"Ericဘားမှာရန်ဖြစ်လို့တဲ့"

"ဟင်...."

"အဲ့တာမောင်ခနလိုက်သွားလိုက်ဦးမယ်"

"Jaeကောလိုက်ကူပေးရမလား"

"ရတယ်Jaeကအိမ်မှာပဲနေမောင်သွားလိုက်မယ်"

"အင်းအင်းဂရုလည်းစိုက်ဦးနော်"

JuYeonလည်းအပေါ်ကုတ်တစ်ထပ်ဝတ်လိုက်ကာဘားဆီသို့မောင်းရတော့သည်။လိုရမည်ရဖြစ်အောင်သူ့လူတွေကိုပါကားတစ်စီးနဲ့သပ်သပ်လိုက်ခဲ့ခိုင်းလိုက်သည်။

ဟိုရောက်တော့အထဲဝင်လိုက်သည်နှင့်လူစုနေသည့်နေရာသို့အပြေးသွားလိုက်တော့လူတစ်ယောက်ကိုအပေါ်ကနေခွကာထိုးနေသည့်Ericကိုတွေ့လိုက်သည်။ဘေးမှာလည်းSunWooနဲ့YoungHoonနဲ့ကဆွဲနေပေမဲ့ဘယ်လိုမှမရ။နောက်ထပ်ဘေးမှာလည်းကောင်လေးတစ်ယောက်ကလည်းEricလက်ကိုဆွဲပြီးတောင်းပန်နေရှာသည်။

"Eric!!!"

JuYeonမှဒေါသတစ်ကြီးဖြင့်လှမ်းအော်လိုက်တော့Ericကထိုးနေတာကိုရပ်ပြီးမော့ကြည့်လာသည်။

"မင်းခုချက်ချင်းထစမ်း!!"

JuYeonသေချာကြည့်မိလိုက်တော့Ericမျက်နှာမှာလည်းဒဏ်ရာတွေရှိနေသည်။

"ဘယ်လိုဖြစ်တာလဲ"

"အဲ့ကောင်ပေါ့ကျွန်တော့်ကောင်လေးကိုအရင်လာထိတာ"

"ကောင်လေး? ခနထားလိုက်ပါဦးအဲ့ကိစ္စက"

JuYeonလည်းကြမ်းပြင်ပေါ်မှာလဲကျနေတဲ့သူကိုသွားကြည့်လိုက်တော့သူလည်းဒဏ်ရာတွေနဲ့ဖြစ်နေသည်။Ericလက်ဆကိုJuYeonသိတာမလို့တော်တော်ခံလိုက်ရမည်ဟုသာတွေးမိသည်။

အဲ့တော့JuYeonလည်းပါလာတဲ့သူ့လူတွေကိုခေါ်လိုက်ပြီး

"မင်းတို့သူ့ကိုဆေးရူံခေါ်သွားပေးလိုက်ကုန်ကျစရိတ်ကိုလည်းဒီကဒ်နဲ့ရှင်းပေးပြီးကြည့်ကြပ်လုပ်လိုက်"

"ဟုတ်ကဲ့"

ထိုလူပုံစံကြည့်ရတာလည်းကလေကချေရုပ်နဲ့ပါ။အဲ့တာကအရေးမကြီးဘူး။အခုEricနဲ့စာရင်းရှင်းရဦးမည်။

"ကဲပြောဘယ်လိုဖြစ်တာလဲ!!"

"ဟို....အဲ့တာက...."

Ericပြောမလိုလုပ်​ေနတဲ့အချိန်မှာပဲစောနကEricကိုဆွဲကာတောင်းပန်နေရှာတဲ့ကောင်လေးကရောက်လာပြီးJuYeonကိုတောင်းပန်တော့သည်။

"ဒီကHyungကျွန်တော်တောင်းပန်ပါတယ်Ericက ကျွန်တော့်ကြောင့်ရန်ဖြစ်ရတာပါဒါကြောင့်ရိုက်ချင်ရိုက်ကျွန်တော့်ကိုရိုက်ပါ"

"ဟာ....Hakkieကလည်းဘာလို့ဒါကHakkieအမှားဖြစ်ရမှာလည်းကိုယ်ထိုးတာလေ"

"ကဲတော်ပြီမင်းတို့နှစ်ယောက်ငါဘယ်သူ့မှလည်းမရိုက်ဘူး...Ericဒီကောင်လေးကမင်းနဲ့ဘယ်လိုပတ်သက်တာလဲ"

JuYeonမှမေးလာတော့Ericကထိုကောင်လေးရဲ့လက်ကိုကိုင်လိုက်ကာJuYeonကိုသေသေချာချာကြည့်ပြီး

"ဒါကျွန်တော့်ကောင်လေးပါ"

JuYeonအနည်းငယ်တော့အံ့အားသင့်သွားသည်။

"ကျွန်တော်မပြောပြဖြစ်ခဲ့တာတောင်းပန်ပါတယ်Hyung"

"အေးပါ...အခုညလည်းနက်နေပြီအိမ်ပြန်မယ်"

"ကိုကိုဘယ်နှနာရီထိုးပြီလဲ"

ထိုကောင်လေးမှEricအားစိုးရိမ်တစ်ကြီးမေးလိုက်တော့

"11ကျော်နေပြီ"

"ဟယ်...သွားပါပြီဒီအချိန်ပြန်ရင်Appaဆူလိမ့်မယ် 9နာရီပြန်လာမယ်ပြောထားတာ"

အဲ့တော့JuYeonမှ

"ဒါဆိုလည်းHyungတို့အိမ်ပဲလိုက်ခဲ့လိုက်တော့မနက်ဖြန်မှEricကိုပြန်ပို့ခိုင်းလိုက်မယ်"

"ရလို့လားHyung"

"ရပါတယ်"

"ဟုတ်ကဲ့ဒါဆိုကျေးဇူးပါHyung"

ထိုကောင်လေးမှာEricလက်လေးကိုကိုင်ပြီးထွက်သွားတဲ့ပုံကိုကြည့်ကာJuYeonတွေးလိုက်မိသည်က

JuYeon's pov - Ericတောင်ကလေးမဟုတ်တော့ဘူးပဲချစ်သူအတွက်နဲ့ရန်တောင်ဖြစ်တတ်နေပြီ
..............

အိမ်ရောက်တော့JaeHyunကမအိပ်သေးဘဲစိုးရိမ်တစ်ကြီးနဲ့စောင့်နေသည်။

JuYeonတို့ဝင်လာတာလည်းမြင်ရော

"Eric...ဘယ်လိုဖြစ်တာလဲဒါနဲ့ဒီကောင်လေးကကောဘယ်သူလဲ"

"Jaeရယ်အေးဆေးထိုင်ပါဦးပြောပြပါ့မယ်"

Ericလည်းဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တော့မှJaeHyunသက်ပြင်းချနိုင်တော့သည်။

"ဒါဆိုဒီကောင်လေးကEricရဲ့ချစ်သူပေါ့"

"ဟုတ်ပါတယ်"

"နာမည်က"

"Ju HakNyeonပါဗျ"

"​အော်....ချစ်စရာလေးပဲ"

"မင်းတို့တွဲနေတာဘယ်လောက်ရှိပြီလဲ"

JuYeonမှမေးလိုက်တော့Ericမှ....

"တစ်လပဲရှိပါသေးတယ်"

"အေးအေးအခုတော့မင်းတို့အပေါ်တက်ပြီးနားတော့လေ"

"ဟုတ်ကဲ့"

သူတို့နှစ်ယောက်အပေါ်တက်သွားတော့မှJuYeonနဲ့JaeHyunလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသက်ပြင်းခပ်ဖွဖွလေးထပ်ချမိကြသည်။
_________________________________

အခု​နောက်ပိုင်းလေးကEricနဲ့Hakkieလေးဖြစ်သွားပါတယ်နော်😄သူတို့နှစ်ယောက်အတွက်ကတော့နောက်ထပ်သပ်သပ်ficတစ်ပုဒ်ရေးဖြစ်မယ်ထင်ပါတယ်ဒီထဲမှာနည်းနည်းအမြည်းလေးထည့်ခဲ့တာပါ။

နောက်တစ်ပိုင်းဆိုဇာတ်သိမ်းပါပြီနော်.....

Thanks for reading🌸




Bạn đang đọc truyện trên: AzTruyen.Top