Chapter 19
3 years later.......
"Jaeရေ.....အချစ်ကလေးရေ.......မောင်ပြန်ရောက်ပြီ"
"လာပါပြီ..ဇွတ်ကိုအော်နေတော့တာပဲဒီမှာညစာချက်နေရင်းတန်းလန်းကြီးမလို့ပါ"
မီးဖိုချောင်ထဲကနေapronလေးကိုအမြန်ချွန်ကာအိမ်ရှေ့တံခါးဆီရောက်နေသောJuYeonဆီသို့JaeHyunအပြေးလေးသွားပြီးဖက်ကာကြိုလိုက်သည်။ဒါဟာသူတို့ရဲ့daily routineတွေထဲကတစ်ခုပင်ဖြစ်သည်။
ခနလောက်ဖက်ထားကာပြန်လွှတ်လိုက်ပြီးJaeHyunမှ.....
"မောင်ပင်ပန်းနေရောပေါ့..ခုတစ်လောအလုပ်တွေများတယ်မလား"
"အရမ်းကြီးလည်းမပင်ပန်းပါဘူးJaeရဲ့မောင်ပင်ပန်းလာရင်တောင်Jaeမျက်နှာလေးတွေ့လိုက်ရရင်ပင်ပန်းတာတွေတောင်ဘယ်ပျောက်ကုန်မှန်းမသိဘူး"
"အပိုတွေသိပ်ပြောနေလိုက်"
"မဟုတ်ပါဘူးဗျာ"
လက်ထပ်ပြီးတဲ့သုံးနှစ်ကျော်ကာလအတွင်းJuyeonကပိုပြီးroလာသည်ဟုJaeHyunထင်မိသည်။Ericကပဲအမြောက်လွန်သွားလို့လားJuYeonကပဲသူ့ဟာသူပြောတတ်လာတာလားတော့မသိ။
စကားပြောရင်လည်းရင်ခုန်အောင်သိပ်လုပ်တတ်သည်။လက်ထပ်တာကြာပြီဆိုပေမဲ့JuYeonကိုခုချိန်ထိJaeHyunရင်ခုန်ရတုန်းပင်။
"သားပြန်ရောက်ပါပြီ"
အိမ်ထဲဝင်လာသည့်BoMinလေးကိုတွေ့တော့JuYeonမှကောက်ကာပွေ့ချီလိုက်သည်။BoMinလေးကလည်းခုဆိုအသက်ရှစ်နှစ်ရှိပြီးမူလတန်းတောင်တက်နေရပြီဖြစ်သည်။
ဒါလည်းမူကြိုကလေးအကျင့်တွေကမပျောက်သေးချင်။JaeHyunခွံ့ကျွေးမှထမင်းကိုသေချာစားသည်။သူ့ဟာသူစားလျှင်ဟုတ်တိပတ်တိမစား။
BoMinလေးပဲလားဆိုတော့လည်းမဟုတ်ပါဘူး။Ericကလည်းအသက်သာကြီးလာတယ်။ကလေးလိုကလုပ်တုန်း။ကလေးလိုလုပ်နေလို့JuYeonကကောင်မလေးထားခိုင်းပြန်တော့လည်းစိတ်မဝင်စားဘူးတဲ့။အဲ့တော့ကောင်လေးပြောင်းထားခိုင်းပြန်တော့လည်းအလုပ်ရှုပ်တယ်တဲ့လေ။
ဆင်ခြေဆင်လက်ပေါင်းစုံပေးနေတော့JuYeonလည်းနောက်ဆုံးမှာလက်လျှော့လိုက်ရသည်။
ဒါပေမဲ့ဒီညတော့Ericတို့သူငယ်ချင်းတွေနဲ့ဘားသွားမယ်ဟုပြောသောကြောင့်ညစာကိုJaeHyunခွံ့ကျွေးစရာမလိုတော့။
JuYeonရေချိုးအဝတ်စားလဲပြီးအောက်ထပ်ကိုဆင်းလာတော့ခုချိန်ထိဟင်းတွေပြင်လို့မပြီးသေးတဲ့JaeHyunကိုတွေ့လိုက်ရသည်။
JuYeonလည်းအနောက်ကနေJaeHyunရဲ့ခါးလေးကိုအသာလေးသိမ်းကျုံးဖက်လိုက်ပြီးပခုံးပေါ်ကိုမေးတင်ထားလိုက်သည်။
"ဘာတွေလုပ်နေတာလဲJae"
"ဆလပ်ရွက်သုပ်နေတာလေBoMinလေးစားချင်တယ်ပြောလို့"
"ဟွန့်...JaeကလေBoMinစားချင်တာကျတော့လုပ်ကျွေးတယ်မောင်စားချင်တာကျတော့မလုပ်ကျွေးဘူး"
"အော်ဟော...ဘယ်လိုကိုကလေးနဲ့အပြိုင်လာဆိုးနေတာလဲဒုတိယEricတော့လာမလုပ်နဲ့နော်ဟိုမှာမောင်ကြိုက်ပါတယ်ဆိုတဲ့ကင်မ်ချီဟင်းရည်ချက်ပေးထားတယ်"
ထိုမှသာJuYeonရုပ်ကြီးကပြုံးဖြီးလာပြီး
"မောင့်Jaeကအကောင်းဆုံးပဲ"
ဟုဆိုကာJaeHyunပါးလေးကိုရွှတ်ခနဲမြည်အောင်နမ်းလိုက်သည်။
Appa ပါးလည်းDaddyနမ်းတာနဲ့ရစရာကိုမရှိတော့ဘူး"
နောက်ကနေဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့BoMinလေးဆီကပြောတော့မှJuYeonဖက်ထားတာကိုအမြန်လွှတ်ပေးလိုက်သည်။
"သားကလည်းအသံလေးဘာလေးပေးတာမဟုတ်ဘူး"
"သားအတွက်လည်းဒါတွေကမဆန်းတော့ပါဘူးDaddyရာခုမှလာရှက်မနေနဲ့"
BoMinလေးပြောသည့်စကားကြောင့်နှစ်ယောက်သားမှာရယ်ရမလိုလိုငိုရမလိုလို။
ထမင်းစားကြတော့BoMinလေးမှ...
"အာ...ဒါနဲ့Appaနဲ့Daddyကိုသားပြောစရာတစ်ခုရှိတယ်"
"ပြောလေ"
BoMinလေးပုံကြည့်ရတာတော်တော်ပျော်နေသည်မို့JuYeonကောJaeHyunကောစိတ်ဝင်တစားဘာပြောမလဲဟုနားစွင့်နေလိုက်သည်။
"သားသားဒီနေ့RoWooကိုမေးကြည့်တာမင်းငါနဲ့ကြီးလာရင်လက်ထပ်မှာလားဆိုတော့သူကလက်ထပ်မယ်တဲ့....သားသားပျော်လိုက်တာ"
"အော်...လက်စသတ်တော့ငါ့သားကဖွင့်ပြောတာလက်ခံလို့ပျော်နေတာကိုး"
BoMinလေးကRoWooကိုချစ်တာလည်းမဆန်းပါဘူး။သူငယ်ချင်းဆိုလို့လည်းBoMinမှာRoWooပဲရှိသလိုRoWooမှာလည်းBoMinပဲရှိသည်။နှစ်ယောက်သားကကြီးလာရင်လက်ထပ်ကြမယ်လို့ပြောတာအခုဖြစ်နေတဲ့သူငယ်ချင်းသံယောဇဥ်ကြောင့်ပဲလား။တစ်ကယ်လားဆိုတာတော့သူတို့ကြီးရင်သိရမှာပေါ့။
ဒီလိုနဲ့ညစာစားပြီး 10နာရီကျော်လောက်ကျတော့BoMinလေးကအိပ်သွားပြီးJuYeonနဲ့JaeHyunကတော့Ericကိုစောင့်နေကြသည်။ 10နာရီပြန်လာမယ်ပြောပြီးမရောက်လာသေးတဲ့EricကိုJaeHyunစိတ်ပူမိသည်။ဒါကြောင့်ဇာတ်ကားကြည့်ရင်းစောင့်နေကြသည်။ဇာတ်ကားကသာဖွင့်ထားပေမဲ့JaeHyunကောင်းကောင်းမကြည့်ရပါ။အကြောင်းမှာJuYeonကြောင့်ပင်ဖြစ်သည်။
TVကိုဖွင့်ထားပြီးမကြည့်ဘဲJaeHyunအနားကိုလာကာပါးကိုလာနမ်းလိုက်လက်ကခါးကိုလာတို့လိုက်လည်ပင်းကိုလာတို့လိုက်နဲ့လုပ်နေတော့JaeHyunမနေတတ်တော့ချေ။
"မောင်....ဘယ်လိုဖြစ်နေတာလဲကွာ"
မေးတော့လည်းဘာမှပြန်မဖြေဘဲလာရယ်ပြနေသည်။
"သွား....လာမစနဲ့နော်"
JuYeonတို့ကတော့ပြောလေပိုဆိုးလေဟုပဲဆိုရမလား။သူပြောလိုက်မှတစ်ရွှတ်ရွှတ်နဲ့မျက်နှာအနှံ့လာနမ်းနေသည်။
နမ်းနေရင်းလည်ပင်းနားကိုနမ်းလိုက်တော့JaeHyunမနေနိုင်တော့။သူယားတတ်မှန်းသိ၍တစ်မင်JuYeonကလာစနေခြင်းဖြစ်သည်။
"ဟဟ...မောင်ယားတယ်လို့တော်တော့"
လည်ပင်းကိုလာနမ်းနေရတာအားမရတော့လက်ပါJaeHyunခါးကိုလာပြီးကလိထိုးနေတော့JaeHyunမှာတစ်ခစ်ခစ်နဲ့သာရယ်နေရသည်။
"မောင်....တော်ပါတော့ဆို....ခစ်ခစ်"
"ယားအောင်လုပ်တာယားမှာပေါ့Jaeရဲ့"
"Ring Ring"
JuYeonဖုန်းမြည်လာသဖြင့်နှစ်ယောက်သားကလိထိုးတာကိုရပ်လိုက်ကြသည်။ထိုမှသာJaeHyunအသက်ဝဝရှူရတော့သည်။
"ဟယ်လို..."
"JuYeon Hyungကျွန်တော်SunWoo ပါ"
"အော်...အေးSunWoo ပြော"
"ဒီမှာEricဘားကလူနဲ့ရန်ဖြစ်နေလို့ကျွန်တော်နဲ့YoungHoonဆွဲတာတောင်မရဘူးHyungလာခဲ့ပေးပါလား"
"ဟမ်....အေးအေးလာခဲ့မယ်ဘယ်ဘားလဲ"
"Midnightဘား xxxxလမ်းမှာရှိတဲ့တစ်ခု"
"အေးအေးငါလာခဲ့မယ်"
"မောင်ဘာဖြစ်တာလဲ"
"Ericဘားမှာရန်ဖြစ်လို့တဲ့"
"ဟင်...."
"အဲ့တာမောင်ခနလိုက်သွားလိုက်ဦးမယ်"
"Jaeကောလိုက်ကူပေးရမလား"
"ရတယ်Jaeကအိမ်မှာပဲနေမောင်သွားလိုက်မယ်"
"အင်းအင်းဂရုလည်းစိုက်ဦးနော်"
JuYeonလည်းအပေါ်ကုတ်တစ်ထပ်ဝတ်လိုက်ကာဘားဆီသို့မောင်းရတော့သည်။လိုရမည်ရဖြစ်အောင်သူ့လူတွေကိုပါကားတစ်စီးနဲ့သပ်သပ်လိုက်ခဲ့ခိုင်းလိုက်သည်။
ဟိုရောက်တော့အထဲဝင်လိုက်သည်နှင့်လူစုနေသည့်နေရာသို့အပြေးသွားလိုက်တော့လူတစ်ယောက်ကိုအပေါ်ကနေခွကာထိုးနေသည့်Ericကိုတွေ့လိုက်သည်။ဘေးမှာလည်းSunWooနဲ့YoungHoonနဲ့ကဆွဲနေပေမဲ့ဘယ်လိုမှမရ။နောက်ထပ်ဘေးမှာလည်းကောင်လေးတစ်ယောက်ကလည်းEricလက်ကိုဆွဲပြီးတောင်းပန်နေရှာသည်။
"Eric!!!"
JuYeonမှဒေါသတစ်ကြီးဖြင့်လှမ်းအော်လိုက်တော့Ericကထိုးနေတာကိုရပ်ပြီးမော့ကြည့်လာသည်။
"မင်းခုချက်ချင်းထစမ်း!!"
JuYeonသေချာကြည့်မိလိုက်တော့Ericမျက်နှာမှာလည်းဒဏ်ရာတွေရှိနေသည်။
"ဘယ်လိုဖြစ်တာလဲ"
"အဲ့ကောင်ပေါ့ကျွန်တော့်ကောင်လေးကိုအရင်လာထိတာ"
"ကောင်လေး? ခနထားလိုက်ပါဦးအဲ့ကိစ္စက"
JuYeonလည်းကြမ်းပြင်ပေါ်မှာလဲကျနေတဲ့သူကိုသွားကြည့်လိုက်တော့သူလည်းဒဏ်ရာတွေနဲ့ဖြစ်နေသည်။Ericလက်ဆကိုJuYeonသိတာမလို့တော်တော်ခံလိုက်ရမည်ဟုသာတွေးမိသည်။
အဲ့တော့JuYeonလည်းပါလာတဲ့သူ့လူတွေကိုခေါ်လိုက်ပြီး
"မင်းတို့သူ့ကိုဆေးရူံခေါ်သွားပေးလိုက်ကုန်ကျစရိတ်ကိုလည်းဒီကဒ်နဲ့ရှင်းပေးပြီးကြည့်ကြပ်လုပ်လိုက်"
"ဟုတ်ကဲ့"
ထိုလူပုံစံကြည့်ရတာလည်းကလေကချေရုပ်နဲ့ပါ။အဲ့တာကအရေးမကြီးဘူး။အခုEricနဲ့စာရင်းရှင်းရဦးမည်။
"ကဲပြောဘယ်လိုဖြစ်တာလဲ!!"
"ဟို....အဲ့တာက...."
Ericပြောမလိုလုပ်ေနတဲ့အချိန်မှာပဲစောနကEricကိုဆွဲကာတောင်းပန်နေရှာတဲ့ကောင်လေးကရောက်လာပြီးJuYeonကိုတောင်းပန်တော့သည်။
"ဒီကHyungကျွန်တော်တောင်းပန်ပါတယ်Ericက ကျွန်တော့်ကြောင့်ရန်ဖြစ်ရတာပါဒါကြောင့်ရိုက်ချင်ရိုက်ကျွန်တော့်ကိုရိုက်ပါ"
"ဟာ....Hakkieကလည်းဘာလို့ဒါကHakkieအမှားဖြစ်ရမှာလည်းကိုယ်ထိုးတာလေ"
"ကဲတော်ပြီမင်းတို့နှစ်ယောက်ငါဘယ်သူ့မှလည်းမရိုက်ဘူး...Ericဒီကောင်လေးကမင်းနဲ့ဘယ်လိုပတ်သက်တာလဲ"
JuYeonမှမေးလာတော့Ericကထိုကောင်လေးရဲ့လက်ကိုကိုင်လိုက်ကာJuYeonကိုသေသေချာချာကြည့်ပြီး
"ဒါကျွန်တော့်ကောင်လေးပါ"
JuYeonအနည်းငယ်တော့အံ့အားသင့်သွားသည်။
"ကျွန်တော်မပြောပြဖြစ်ခဲ့တာတောင်းပန်ပါတယ်Hyung"
"အေးပါ...အခုညလည်းနက်နေပြီအိမ်ပြန်မယ်"
"ကိုကိုဘယ်နှနာရီထိုးပြီလဲ"
ထိုကောင်လေးမှEricအားစိုးရိမ်တစ်ကြီးမေးလိုက်တော့
"11ကျော်နေပြီ"
"ဟယ်...သွားပါပြီဒီအချိန်ပြန်ရင်Appaဆူလိမ့်မယ် 9နာရီပြန်လာမယ်ပြောထားတာ"
အဲ့တော့JuYeonမှ
"ဒါဆိုလည်းHyungတို့အိမ်ပဲလိုက်ခဲ့လိုက်တော့မနက်ဖြန်မှEricကိုပြန်ပို့ခိုင်းလိုက်မယ်"
"ရလို့လားHyung"
"ရပါတယ်"
"ဟုတ်ကဲ့ဒါဆိုကျေးဇူးပါHyung"
ထိုကောင်လေးမှာEricလက်လေးကိုကိုင်ပြီးထွက်သွားတဲ့ပုံကိုကြည့်ကာJuYeonတွေးလိုက်မိသည်က
JuYeon's pov - Ericတောင်ကလေးမဟုတ်တော့ဘူးပဲချစ်သူအတွက်နဲ့ရန်တောင်ဖြစ်တတ်နေပြီ
..............
အိမ်ရောက်တော့JaeHyunကမအိပ်သေးဘဲစိုးရိမ်တစ်ကြီးနဲ့စောင့်နေသည်။
JuYeonတို့ဝင်လာတာလည်းမြင်ရော
"Eric...ဘယ်လိုဖြစ်တာလဲဒါနဲ့ဒီကောင်လေးကကောဘယ်သူလဲ"
"Jaeရယ်အေးဆေးထိုင်ပါဦးပြောပြပါ့မယ်"
Ericလည်းဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တော့မှJaeHyunသက်ပြင်းချနိုင်တော့သည်။
"ဒါဆိုဒီကောင်လေးကEricရဲ့ချစ်သူပေါ့"
"ဟုတ်ပါတယ်"
"နာမည်က"
"Ju HakNyeonပါဗျ"
"အော်....ချစ်စရာလေးပဲ"
"မင်းတို့တွဲနေတာဘယ်လောက်ရှိပြီလဲ"
JuYeonမှမေးလိုက်တော့Ericမှ....
"တစ်လပဲရှိပါသေးတယ်"
"အေးအေးအခုတော့မင်းတို့အပေါ်တက်ပြီးနားတော့လေ"
"ဟုတ်ကဲ့"
သူတို့နှစ်ယောက်အပေါ်တက်သွားတော့မှJuYeonနဲ့JaeHyunလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသက်ပြင်းခပ်ဖွဖွလေးထပ်ချမိကြသည်။
_________________________________
အခုနောက်ပိုင်းလေးကEricနဲ့Hakkieလေးဖြစ်သွားပါတယ်နော်😄သူတို့နှစ်ယောက်အတွက်ကတော့နောက်ထပ်သပ်သပ်ficတစ်ပုဒ်ရေးဖြစ်မယ်ထင်ပါတယ်ဒီထဲမှာနည်းနည်းအမြည်းလေးထည့်ခဲ့တာပါ။
နောက်တစ်ပိုင်းဆိုဇာတ်သိမ်းပါပြီနော်.....
Thanks for reading🌸
Bạn đang đọc truyện trên: AzTruyen.Top