Chapter 11
ညပိုင်းJuYeonအခန်းထဲမှာEricနဲ့အတူအလုပ်လုပ်နေသည်။Ericကအလုပ်လုပ်ရင်သေသပ်တိကျသည်။JuYeonတောင်နှစ်ခါပြန်စစ်စရာမလိုအောင်ကိုတော်သည်။
"ဒေါက် ဒေါက်"
"JaeHyunလားဝင်ခဲ့လေ"
JaeHyunလည်းဝင်လာတော့JuYeonခမျာထပ်ပြီးJaeHyunရဲ့အလှတွေမှာနစ်မြောပြန်သည်။
ရိုးရိုးshirtအဖြူလေးကိုအောက်ကဒူးခေါင်းလောက်ဘောင်းဘီတိုအမည်းရောင်လေးဝတ်ထားတော့သူ့ရဲ့Jaeဟာလှနေပြန်ရော။
"ရေနွေးကြမ်းလာပို့ပေးတာ"
"အော်...အင်း"
JaeHyunပြန်ထွက်သွားတဲ့အထိJuYeonမှာငေးကြည့်လို့မပြီးတော့Ericက
"အမလေး...အသိစိတ်လေးဘာလေးလည်းထိန်းဦးငါ့အကိုရေ"
"သိပါတယ်မရှည်နဲ့"
"အာ...ဒါနဲ့Hyungကိုပြစရာတစ်ခုရှိတယ်"
Ericသူ့ဖုန်းကိုထုတ်လိုက်ပြီးညနေတုန်းကJaeHyunခေါင်းဆောင်းလေးနဲ့ပုံကိုထုတ်ပြလိုက်သည်။
"ငါ့ကိုအဲ့ပုံပို့ပေး"
"NoNo"
Ericအကြောင်းသိတဲ့JuYeonမှ
"ဘာဝယ်ပေးရမှာလဲပြော"
"ဟဲ...ဟဲ ဒီလိုမှပေါ့.....အခုNikeကအသစ်ထုတ်ထားတဲ့sneakerဝယ်ပေး"
"အေး....limited editonကိုဝယ်ပေးမယ်..နောက်ထပ်ရှိသေးရင်လည်းတစ်ခါတည်းပို့ပေး"
"Ok....Wallpaperထားလို့ကောင်းတဲ့ပုံလေးပါပို့လိုက်မယ်"
Ericကအိိမ်မှာနေရင်းနဲ့JaeHyunပုံတွေကိုသူ့အကိုအတွက်ခိုးပြီးရိုက်ထားလေ့ရှိသဖြင့်ပုံများမှာ10ပုံတောင်ကျော်လေသည်။ရှူထောင့်အမျိုးအမျိုးကနေပုံစံအမျိုးအမျိုးနဲ့ရိုက်တတ်တဲ့Ericကပဲဓာတ်ပုံရိုက်တော်တာလား။JaeHyunကပဲဘယ်လိုရိုက်ရိုက်ကိုလှနေတာလားတော့မသဲကွဲပါ။
.................
JaeHyunရဲ့ဘဝလေးဟာအထိနာခဲ့သလောက်JuYeonနဲ့ကျမှပဲပျော်ဖို့ကောင်းတယ်ပဲဆိုရမလား။JaeHyunအတွက်ကတော့Ommaကိုစိတ်ပူရတာကလွဲလို့တစ်ခြားဘာမှအပူပင်မရှိ။
ဒါပေမဲ့အပူပင်မရှိတဲ့JaeHyunဘဝလေးကိုဖျက်စီးတော့မဲ့ဖုန်းတစ်ကောလ်ဝင်ရောက်လာပါတော့သည်။
ပိတ်ရက်မလို့ဧည့်ခန်းထဲမှာထိုင်ကာJuYeonရယ်JaeHyunရယ်Ericရယ်အတူတူTVကြည့်နေကြသည်။
အေးအေးဆေးဆေးTVကြည့်နေကြတုန်းရုတစ်ရက်JaeHyunဆီကိုဝင်လာတဲ့ဖုန်းတစ်ခု။
"ဟယ်လို.........ဗျာ!!!!!"
JaeHyunဘယ်လောက်ပင်လန့်သွားသည်မသိလက်ထဲမှဖုန်းပင်ပြုတ်ကျသွားတော့သည်။
"JaeHyunဘယ်သူမလို့လဲ"
JaeHyunမှာဘာမှပင်မပြောန်ိုင်ရှာတော့ဘဲလက်တွေတုန်လာသည်။အဲ့တော့JuYeonကပဲJaeHyunနားလေးကိုသွားကာမေးရတော့သည်။
"JaeHyunဘာဖြစ်တာလဲ"
"Omma...Ommaအခုနှလုံးထဖောက်လာလို့တဲ့စိုးရိမ်ရတယ်တဲ့"
"ဒါဆိုလာထ...ဆေးရုံကိုအတူသွားရအောင်"
JuYeonကဆွဲထူတော့မှတုန်တုန်ရီရီနဲ့ထလာပြီးနှစ်ယောက်သားဆေးရုံကိုအမြန်လာလိုက်ကြသည်။
ဆေးရုံရဲ့ခွဲစိတ်ခန်းရှေ့ရောက်တော့Nurseကိုသေချာမေးလိုက်သည်။
"ကျွန်တော်အမေဘယ်လိုဖြစ်တာလဲဗျ"
"ဒီအတိုင်းနေရာကနေနှလုံးထဖောက်တာပါအခုဆရာဝန်ကြီးနဲ့ခွဲစိတ်ခန်းထဲမှာရှိနေတာမလို့စိတ်ကိုအေးအေးထားပါ"
Nurseကတော့စိတ်ကိုအေးအေးထားခိုင်းပေမဲ့JaeHyunဘယ်လိုလုပ်နေလို့ရမှာလဲ။စိုးရိမ်ကြီးစွာနဲ့JuYeonနဲ့အတူခွဲစိတ်ခန်းရှေ့ကထိုင်ခုံလေးမှာထိုင်ပြီးစောင့်နေမိသည်။
နာရီအနည်းငယ်ကြာတော့ဆရာဝန်ထွက်လာသည်။
"ဒေါက်တာကျွန်တော့်အမေကော..."
ဒေါက်တာမှာတော့အားနာသည့်ပုံဖြင့်ကြည့်ကာ
"စိတ်မကောင်းပါဘူးသားရေအတတ်နိုင်ဆုံးတော့လုပ်ခဲ့ပေမဲ့သားအမေကကွယ်လွန်သွားပါပြီ"
ဆရာဝန်ရဲ့စကားအဆုံးမှာတော့JaeHyunရပ်ဖို့ပင်အားတောင်မရှိတော့သည်မို့လဲကျသွားခဲ့သည်။ပြီးတော့တားဆီးမရတော့တဲ့မျက်ရည်များဟာကျလာပါတော့သည်။
JuYeonလည်းစိတ်မကောင်းဖြစ်ကာJaeHyunကိုနှစ်သိမ့်ပေးနေမိသည်။
Nurseတွေနဲ့ဆရာဝန်ဟာလည်းJaeHyunလေးအတွက်စိတ်မကောင်းချေ။
JuYeonလည်းငိုနေတဲ့JaeHyunကိုထစေကာကားဆီကိုခေါ်လာလိုက်သည်။ကားထဲရောက်တော့လည်းအငိုမတိတ်သေးတာမလို့JuYeonစိုးရိမ်လာသည်။
JaeHyunရယ်မငိုပါနဲ့တော့လို့လည်းသူ့မှာမပြောရက်သဖြင့်JaeHyunကိုယ်လေးကိုအသာဆွဲယူကာရင်ခွင်၌မျက်နှာအပ်စေပြီးငိုစေသည်။
JaeHyunမှာလည်းJuYeonရင်ခွင်ထဲရောက်မှပိုလို့ပင်ငိုတော့သည်။ပြီးတော့ငိုသံလေးနဲ့
"JuYeon....အခုဘယ်လိုလုပ်ရတော့မလဲဟင်......ကျွန်တော့်မှာOmmaပဲရှိတော့တာဒါပေမဲ့Ommaကျွန်တော့်ကိုထားခဲ့ပြီ"
"ဘာလို့အဲ့လိုပြောရတာလဲJaeHyunရဲ့JaeHyunမှာကျွန်တော်တစ်ယောက်လုံးရှိပါသေးတယ်"
ထိုသို့ပြောလိုက်တော့ရင်ခွင်ထဲကနေထကာမော့ကြည့်လာတဲ့သူ့ရဲ့Jae။
"လိမ်နေတာ....ငယ်ငယ်ကတည်းကAppaကလည်းထားခဲ့တယ်အခုOmmaလည်းထားသွားပြီJuYeonလည်းထားသွားမှာမလားကျွန်တော့်ကို"
"မဟုတ်ရပါဘူး....မထားခဲ့ပါဘူးကျွန်တော်JaeHyunကိုမထားသွားဘူးတစ်သက်လုံးJaeHyunနားမှာပဲနေမှာအခုOmmaကလည်းကောင်းတဲ့နေရာကိုရောက်သွားပါပြီJaeHyunရဲ့"
"တစ်ကယ်ပြောတာလား"
"ကျွန်တော့်ကိုမယုံဘူးလား"
JuYeonအမေးကိုပြန်မဖြေဘဲရင်ခွင်ထဲနောက်တစ်ခေါက်ပြန်တိုးဝင်လာတဲ့JaeHyun။
ပြီးတော့မှရှိုက်သံလေးနဲ့
"ယုံတယ်ယုံလွန်းလို့ထားသွားခံရမှာကြောက်နေတာ"
JaeHyunရဲ့အဖြေကြောင့်JuYeonပြုံးမိသွားသည်။ရပြီ။ဒီလောက်ဆိုရပါပြီ။ပြန်မချစ်နိုင်ရင်တောင်ယုံကြည်ပေးတယ်ဆိုတာလောက်နဲ့ကိုမောင်ကျေနပ်ပါတယ်Jaeရယ်။
.................
Ommaရဲ့စျာပနကိုလည်းJuYeonအကူအညီနဲ့ပဲပြီးစီးခဲ့သည်။Ommaကိုမီးသဂြိုလ်တဲ့အချိန်အထိJuYeonဟာJaeHyunနားမှာပဲတစ်ချိန်လုံးရှိနေပေးပြီးအားပေးခဲ့သည်။
ဒါကြောင့်လည်းJaeHyunဒီအချိန်ထိနေနေနိုင်သေးတာဆိုလည်းမမှားချေ။Ommaရဲ့နောက်ဆုံးခရီးအထိလိုက်ပို့ပေးခဲ့ရတဲ့အတွက်JaeHyunကျေနပ်မိပါသည်။
................
"ဒေါက်...ဒေါက်"
အခန်းတံခါးခေါက်သံကြားလို့သွားကြည့်မိတော့Ericနဲ့BoMinလေးဖြစ်နေသည်။
"Appa...ငိုနေတာလား"
"မငိုပါဘူး"
"ဦးဦးEricကပြောပြတယ်Appaရဲ့မေမေကအဝေးကြီးကိုသွားလိုက်ပြီဆိုအဲ့တာကြောင့်Appaကငိုနေတာဆို.....Appaမငိုနဲ့တော့နော်သားသားတို့ရှိတာမလို့Appaမငိုရဘူးနော်"
JaeHyunဘယ်လိုဆက်ပြီးဝမ်းနည်းနိုင်တော့မလဲကွယ်။BoMinလေးကတောင်သူ့ကိုပြောလာတာသားသားတို့ရှိတယ်လေတဲ့။
JaeHyunဝမ်းသာမိသည်။သူ့ဆီမှာခင်တွယ်စရာလေးတွေကျန်ရှိနေသေးတယ်ဆိုတဲ့ခံစားချက်ကသူ့ကိုအားဖြစ်စေသည်။
သူချစ်ရတဲ့သူကလည်းသူ့နားမှာတစ်သက်လုံးရှိနေပေးမယ်တဲ့လေ။သူဘာလိုတော့ဦးမှာလဲ။
Ericနဲ့BoMinလေးကJaeHyunကိုဖက်ထားလေသည်။ထိုကဲ့သို့နွေးထွေးစရာမြင်ကွင်းလေးကိုအဝေးတစ်နေရာကနေကြည့်နေတဲ့သူဟာလည်းဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ပါတော့သည်။
JuYeon's pov - ငါJaeကိုဘယ်တော့မှလက်မလွှတ်ဘူးသူပျော်အောင်ငါထားမယ်သူ့ကိုဝမ်းနည်းစေတဲ့အရာမှန်သမျှမရှိ
အောင်ထားမယ်
..................
နောက်နေ့တွေရောက်တော့JaeHyunပုံမှန်အတိုင်းCafeမှာအလုပ်ဆင်းသည်။SangYeonနဲ့ကျန်တဲ့သူတွေကနားခိုင်းပေးမဲ့သူကမနားချင်။
သူ့သူငယ်ချင်းတွေကောSangYeonကောပြီးတော့ဆိုင်ကဖောက်သည်ကောင်မလေးတွေကပါသူ့ကိုအားပေးစကားပြောကြတာမလို့သူပျော်မိသည်။
နဂိုကတည်းကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူမလို့ချစ်ခင်သူပေါများပြီးဖေးမကူညီစောင့်ရှောက်ပေးတဲ့သူတွေလည်းများသည်။
ဒါကြောင့်လည်းJaeHyunရဲ့ဘဝလေးဟာမိဘကံမကောင်းပေမဲ့လို့မိတ်ဆွေကံကောင်းတယ်ပဲခေါ်ရမလား။
ဒါပေမဲ့တစ်ယောက်သောသူကိုတော့မိတ်ဆွေအဖြစ်ထက်ပိုတဲ့ခံစားချက်မျိုးရနေတာတော့သူ့အပြစ်မဟုတ်ပါလေ။
JuYeonကသူ့အနားမှာရှိနေပေးမယ်ဆိုတဲ့စကားနဲ့တင်သူဘဝတစ်သက်တာကိုပျော်ရွှင်စွာကုန်ဆုံးဖို့လုံလောက်သွားပြီ။ဒါဟာလည်းJuYeonကိုချစ်တဲ့အချစ်ကြောင့်ပင်။
အချစ်ဆိုတာJaeHyunအတွက်တော့ဆန်းကြယ်နေတာမျိုးလည်းမဟုတ်။သူကိုယ်တိုင်လည်းနားမလည်။ဒါပေမဲ့သူသိသည်ကအချစ်ဆိုတာJuYeonပဲ။
ချစ်ရတဲ့သူလို့ပြောလိုက်တာနဲ့JuYeonကိုမျက်လုံးထဲကွင်းကွင်းကွက်ကွက်မြင်လာသည်အထိJuYeonကိုချစ်သည်။
JuYeonဆီကပြန်ချစ်ပေးဖို့တော့သူမမျှော်လင့်ပါဘူး။ဖွင့်လည်းမပြောချင်ဘူး။ငြင်းခံရမှာကြောက်လို့။အခုလိုမျိုးလေးနေ့တိုင်းမြင်တွေ့နေရတာလေးကိုပဲကျေနပ်လိုက်ပါ့မယ်။
JuYeonလည်းတစ်ချိန်ကျရင်သူချစ်တဲ့သူကိုတွေ့မှာပဲလေ။JuYeonလိုပုံကလည်းမိန်းကလေးတွေနဲ့ပဲလိုက်သည်ဟုသူတွေးမိသည်။
အေးလေ။JuYeonကလည်းမိန်းကလေးတွေပဲစိတ်ဝင်စားမှာပေါ့။ဟိုတစ်လောကဇာတ်ကားတူတူကြည့်ကြတုန်းကတောင်ဒီကားကမင်းသမီးမချောလို့မကြည့်ဘူးတဲ့လေ။
အဲ့တော့အပြင်မှာသူနဲ့တွဲမဲ့သူဆိုလှလှပပမိန်းကလေးပဲလိုချင်မှာပေါ့။သူ့လိုကောင်လေးမျိုးဘယ်ကြိုက်ပါ့မလဲ။
ဒါကြောင့်လည်းJuYeonဆီကအချစ်ကိုမမျှော်လင့်ရဲတာပေါ့။ဒီအတိုင်းလေးခိုးခိုးပြီးချစ်နေရတာပဲကောင်းပါတယ်။
____________________________________
ဟုတ်ကဲ့ရေးလာတာ10ပိုင်းကျော်ပြီခုထိမတွဲကြသေးလို့စိတ်မဆိုးပါနဲ့။FudanshiလေးEricလက်စွမ်းပြတော့မှာမလို့သူတို့နှစ်ယောက်ကြိုက်ကြတော့မှာပါနော်
Thanks for reading🌸
Bạn đang đọc truyện trên: AzTruyen.Top