Chapter 11

ညပိုင်းJuYeonအခန်းထဲမှာEricနဲ့အတူအလုပ်လုပ်နေသည်။Ericကအလုပ်လုပ်ရင်​သေသပ်တိကျသည်။JuYeonတောင်နှစ်ခါပြန်စစ်စရာမလိုအောင်ကိုတော်သည်။

"ဒေါက် ဒေါက်"

"JaeHyunလားဝင်ခဲ့လေ"

JaeHyunလည်းဝင်လာတော့JuYeonခမျာထပ်ပြီးJaeHyunရဲ့အလှတွေမှာနစ်မြောပြန်သည်။

ရိုးရိုးshirtအဖြူလေးကိုအောက်ကဒူးခေါင်းလောက်ဘောင်းဘီတိုအမည်းရောင်လေးဝတ်ထားတော့သူ့ရဲ့Jaeဟာလှနေပြန်ရော။

"ရေနွေးကြမ်းလာပို့ပေးတာ"

"အော်...အင်း"

JaeHyunပြန်ထွက်သွားတဲ့အထိJuYeonမှာငေးကြည့်လို့မပြီးတော့Ericက

"အမလေး...အသိစိတ်လေးဘာလေးလည်းထိန်းဦးငါ့အကိုရေ"

"သိပါတယ်မရှည်နဲ့"

"အာ...ဒါနဲ့Hyungကိုပြစရာတစ်ခုရှိတယ်"

Ericသူ့ဖုန်းကိုထုတ်လိုက်ပြီးညနေတုန်းကJaeHyunခေါင်းဆောင်းလေးနဲ့ပုံကိုထုတ်ပြလိုက်သည်။

"ငါ့ကိုအဲ့ပုံပို့ပေး"

"NoNo"

Ericအကြောင်းသိတဲ့JuYeonမှ

"ဘာဝယ်ပေးရမှာလဲပြော"

"ဟဲ...ဟဲ ဒီလိုမှပေါ့.....အခုNikeကအသစ်ထုတ်ထားတဲ့sneakerဝယ်ပေး"

"အေး....limited editonကိုဝယ်ပေးမယ်..နောက်ထပ်ရှိသေးရင်လည်းတစ်ခါတည်းပို့ပေး"

"Ok....Wallpaperထားလို့ကောင်းတဲ့ပုံလေးပါပို့လိုက်မယ်"

Ericကအိိမ်မှာနေရင်းနဲ့JaeHyunပုံတွေကိုသူ့အကိုအတွက်ခိုးပြီးရိုက်ထားလေ့ရှိသဖြင့်ပုံများမှာ10ပုံတောင်ကျော်လေသည်။ရှူထောင့်အမျိုးအမျိုးကနေပုံစံအမျိုးအမျိုးနဲ့ရိုက်တတ်တဲ့Ericကပဲဓာတ်ပုံရိုက်တော်တာလား။JaeHyunကပဲဘယ်လိုရိုက်ရိုက်ကိုလှနေတာလားတော့မသဲကွဲပါ။
.................

JaeHyunရဲ့ဘဝလေးဟာအထိနာခဲ့သလောက်JuYeonနဲ့ကျမှပဲပျော်ဖို့ကောင်းတယ်ပဲဆိုရမလား။JaeHyunအတွက်ကတော့Ommaကိုစိတ်ပူရတာကလွဲလို့တစ်ခြားဘာမှအပူပင်မရှိ။

ဒါပေမဲ့အပူပင်မရှိတဲ့JaeHyunဘဝလေးကိုဖျက်စီးတော့မဲ့ဖုန်းတစ်ကောလ်ဝင်ရောက်လာပါတော့သည်။

ပိတ်ရက်မလို့ဧည့်ခန်းထဲမှာထိုင်ကာJuYeonရယ်JaeHyunရယ်Ericရယ်အတူတူTVကြည့်နေကြသည်။

အေးအေးဆေးဆေးTVကြည့်နေကြတုန်းရုတစ်ရက်JaeHyunဆီကိုဝင်လာတဲ့ဖုန်းတစ်ခု။

"ဟယ်လို.........ဗျာ!!!!!"

JaeHyunဘယ်လောက်ပင်လန့်သွားသည်မသိလက်ထဲမှဖုန်းပင်ပြုတ်ကျသွားတော့သည်။

"JaeHyunဘယ်သူမလို့လဲ"

JaeHyunမှာဘာမှပင်မပြောန်ိုင်ရှာတော့ဘဲလက်တွေတုန်လာသည်။အဲ့တော့JuYeonကပဲJaeHyunနားလေးကိုသွားကာမေးရတော့သည်။

"JaeHyunဘာဖြစ်တာလဲ"

"Omma...Ommaအခုနှလုံးထဖောက်လာလို့တဲ့စိုးရိမ်ရတယ်တဲ့"

"ဒါဆိုလာထ...ဆေးရုံကိုအတူသွားရအောင်"

JuYeonကဆွဲထူတော့မှတုန်တုန်ရီရီနဲ့ထလာပြီးနှစ်ယောက်သားဆေးရုံကိုအမြန်လာလိုက်ကြသည်။

ဆေးရုံရဲ့ခွဲစိတ်ခန်းရှေ့ရောက်တော့Nurseကိုသေချာမေးလိုက်သည်။

"ကျွန်တော်အမေဘယ်လိုဖြစ်တာလဲဗျ"

"ဒီအတိုင်းနေရာကနေနှလုံးထဖောက်တာပါအခုဆရာဝန်ကြီးနဲ့ခွဲစိတ်ခန်းထဲမှာရှိနေတာမလို့စိတ်ကိုအေးအေးထားပါ"

Nurseကတော့စိတ်ကိုအေးအေးထားခိုင်းပေမဲ့JaeHyunဘယ်လိုလုပ်နေလို့ရမှာလဲ။စိုးရိမ်ကြီးစွာနဲ့JuYeonနဲ့အတူခွဲစိတ်ခန်းရှေ့ကထိုင်ခုံလေးမှာထိုင်ပြီးစောင့်နေမိသည်။

နာရီအနည်းငယ်ကြာတော့ဆရာဝန်ထွက်လာသည်။

"ဒေါက်တာကျွန်တော့်အမေကော..."

ဒေါက်တာမှာတော့အားနာသည့်ပုံဖြင့်ကြည့်ကာ

"စိတ်မကောင်းပါဘူးသားရေအတတ်နိုင်ဆုံးတော့လုပ်ခဲ့ပေမဲ့သားအမေကကွယ်လွန်သွားပါပြီ"

ဆရာဝန်ရဲ့စကားအဆုံးမှာတော့JaeHyunရပ်ဖို့ပင်အားတောင်မရှိတော့သည်မို့လဲကျသွားခဲ့သည်။ပြီးတော့တားဆီးမရတော့တဲ့မျက်ရည်များဟာကျလာပါတော့သည်။

JuYeonလည်းစိတ်မကောင်းဖြစ်ကာJaeHyunကိုနှစ်သိမ့်ပေးနေမိသည်။

Nurseတွေနဲ့ဆရာဝန်ဟာလည်းJaeHyunလေးအတွက်စိတ်မကောင်းချေ။

JuYeonလည်းငိုနေတဲ့JaeHyunကိုထစေကာကားဆီကိုခေါ်လာလိုက်သည်။ကားထဲရောက်တော့လည်းအငိုမတိတ်သေးတာမလို့JuYeonစိုးရိမ်လာသည်။

JaeHyunရယ်မငိုပါနဲ့တော့လို့လည်းသူ့မှာမပြောရက်သဖြင့်JaeHyunကိုယ်လေးကိုအသာဆွဲယူကာရင်ခွင်၌မျက်နှာအပ်စေပြီးငိုစေသည်။

JaeHyunမှာလည်းJuYeonရင်ခွင်ထဲရောက်မှပိုလို့ပင်ငိုတော့သည်။ပြီးတော့ငိုသံလေးနဲ့

"JuYeon....အခုဘယ်လိုလုပ်ရတော့မလဲဟင်......ကျွန်တော့်မှာOmmaပဲရှိတော့တာဒါပေမဲ့Ommaကျွန်တော့်ကိုထားခဲ့ပြီ"

"ဘာလို့အဲ့လိုပြောရတာလဲJaeHyunရဲ့JaeHyunမှာကျွန်တော်တစ်ယောက်လုံးရှိပါသေးတယ်"

ထိုသို့ပြောလိုက်တော့ရင်ခွင်ထဲကနေထကာမော့ကြည့်လာတဲ့သူ့ရဲ့Jae။

"လိမ်နေတာ....ငယ်ငယ်ကတည်းကAppaကလည်းထားခဲ့တယ်အခုOmmaလည်းထားသွားပြီJuYeonလည်းထားသွားမှာမလားကျွန်တော့်ကို"

"မဟုတ်ရပါဘူး....မထားခဲ့ပါဘူးကျွန်တော်JaeHyunကိုမထားသွားဘူးတစ်သက်လုံးJaeHyunနားမှာပဲနေမှာအခုOmmaကလည်းကောင်းတဲ့နေရာကိုရောက်သွားပါပြီJaeHyunရဲ့"

"တစ်ကယ်ပြောတာလား"

"ကျွန်တော့်ကိုမယုံဘူးလား"

JuYeonအမေးကိုပြန်မဖြေဘဲရင်ခွင်ထဲနောက်တစ်ခေါက်ပြန်တိုးဝင်လာတဲ့JaeHyun။

ပြီးတော့မှရှိုက်သံလေးနဲ့

"ယုံတယ်ယုံလွန်းလို့ထားသွားခံရမှာကြောက်နေတာ"

JaeHyunရဲ့အဖြေကြောင့်JuYeonပြုံးမိသွားသည်။ရပြီ။ဒီလောက်ဆိုရပါပြီ။ပြန်မချစ်နိုင်ရင်တောင်ယုံကြည်ပေးတယ်ဆိုတာလောက်နဲ့ကိုမောင်ကျေနပ်ပါတယ်Jaeရယ်။
.................

Ommaရဲ့စျာပနကိုလည်းJuYeonအကူအညီနဲ့ပဲပြီးစီးခဲ့သည်။Ommaကိုမီးသဂြိုလ်တဲ့အချိန်အထိJuYeonဟာJaeHyunနားမှာပဲတစ်ချိန်လုံးရှိနေပေးပြီးအားပေးခဲ့သည်။

ဒါကြောင့်လည်းJaeHyunဒီအချိန်ထိနေနေနိုင်သေးတာဆိုလည်းမမှားချေ။Ommaရဲ့နောက်ဆုံးခရီးအထိလိုက်ပို့ပေးခဲ့ရတဲ့အတွက်JaeHyunကျေနပ်မိပါသည်။
................

"ဒေါက်...ဒေါက်"

အခန်းတံခါးခေါက်သံကြားလို့သွားကြည့်မိတော့Ericနဲ့BoMinလေးဖြစ်နေသည်။

"Appa...ငိုနေတာလား"

"မငိုပါဘူး"

"ဦးဦးEricကပြောပြတယ်Appaရဲ့မေမေကအဝေးကြီးကိုသွားလိုက်ပြီဆိုအဲ့တာကြောင့်Appaကငိုနေတာဆို.....Appaမငိုနဲ့တော့နော်သားသားတို့ရှိတာမလို့Appaမငိုရဘူးနော်"

JaeHyunဘယ်လိုဆက်ပြီးဝမ်းနည်းနိုင်တော့မလဲကွယ်။BoMinလေးကတောင်သူ့ကိုပြောလာတာသားသားတို့ရှိတယ်လေတဲ့။

JaeHyunဝမ်းသာမိသည်။သူ့ဆီမှာခင်တွယ်စရာလေးတွေကျန်ရှိနေသေးတယ်ဆိုတဲ့ခံစားချက်ကသူ့ကိုအားဖြစ်စေသည်။

သူချစ်ရတဲ့သူကလည်းသူ့နားမှာတစ်သက်လုံးရှိနေပေးမယ်တဲ့လေ။သူဘာလိုတော့ဦးမှာလဲ။

Ericနဲ့BoMinလေးကJaeHyunကိုဖက်ထားလေသည်။ထိုကဲ့သို့နွေးထွေးစရာမြင်ကွင်းလေးကိုအဝေးတစ်နေရာကနေကြည့်နေတဲ့သူဟာလည်းဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ပါတော့သည်။

JuYeon's pov - ငါJaeကိုဘယ်တော့မှလက်မလွှတ်ဘူးသူပျော်အောင်ငါထားမယ်သူ့ကိုဝမ်းနည်းစေတဲ့အရာမှန်သမျှမရှိ
အောင်ထားမယ်
..................

နောက်နေ့တွေရောက်တော့JaeHyunပုံမှန်အတိုင်းCafeမှာအလုပ်ဆင်းသည်။SangYeonနဲ့ကျန်တဲ့သူတွေကနားခိုင်းပေးမဲ့သူကမနားချင်။

သူ့သူငယ်ချင်းတွေကောSangYeonကောပြီးတော့ဆိုင်ကဖောက်သည်ကောင်မလေးတွေကပါသူ့ကိုအားပေးစကားပြောကြတာမလို့သူပျော်မိသည်။

နဂိုကတည်းကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူမလို့ချစ်ခင်သူပေါများပြီးဖေးမကူညီစောင့်ရှောက်ပေးတဲ့သူတွေလည်းများသည်။

ဒါကြောင့်လည်းJaeHyunရဲ့ဘဝလေးဟာမိဘကံမကောင်းပေမဲ့လို့မိတ်ဆွေကံကောင်းတယ်ပဲခေါ်ရမလား။

ဒါပေမဲ့တစ်ယောက်သောသူကိုတော့မိတ်ဆွေအဖြစ်ထက်ပိုတဲ့ခံစားချက်မျိုးရနေတာတော့သူ့အပြစ်မဟုတ်ပါလေ။

JuYeonကသူ့အနားမှာရှိနေပေးမယ်ဆိုတဲ့စကားနဲ့တင်သူဘဝတစ်သက်တာကိုပျော်ရွှင်စွာကုန်ဆုံးဖို့လုံလောက်သွားပြီ။ဒါဟာလည်းJuYeonကိုချစ်တဲ့အချစ်ကြောင့်ပင်။

အချစ်ဆိုတာJaeHyunအတွက်တော့ဆန်းကြယ်နေတာမျိုးလည်းမဟုတ်။သူကိုယ်တိုင်လည်းနားမလည်။ဒါပေမဲ့သူသိသည်ကအချစ်ဆိုတာJuYeonပဲ။

ချစ်ရတဲ့သူလို့ပြောလိုက်တာနဲ့JuYeonကိုမျက်လုံးထဲကွင်းကွင်းကွက်ကွက်မြင်လာသည်အထိJuYeonကိုချစ်သည်။

JuYeonဆီကပြန်ချစ်ပေးဖို့တော့သူမမျှော်လင့်ပါဘူး။ဖွင့်လည်းမပြောချင်ဘူး။ငြင်းခံရမှာကြောက်လို့။အခုလိုမျိုးလေးနေ့တိုင်းမြင်တွေ့နေရတာလေးကိုပဲကျေနပ်လိုက်ပါ့မယ်။

JuYeonလည်းတစ်ချိန်ကျရင်သူချစ်တဲ့သူကိုတွေ့မှာပဲလေ။JuYeonလိုပုံကလည်းမိန်းကလေးတွေနဲ့ပဲလိုက်သည်ဟုသူတွေးမိသည်။

အေးလေ။JuYeonကလည်းမိန်းကလေးတွေပဲစိတ်ဝင်စားမှာပေါ့။ဟိုတစ်လောကဇာတ်ကားတူတူကြည့်ကြတုန်းကတောင်ဒီကားကမင်းသမီးမချောလို့မကြည့်ဘူးတဲ့လေ။

အဲ့တော့အပြင်မှာသူနဲ့တွဲမဲ့သူဆိုလှလှပပမိန်းကလေးပဲလိုချင်မှာပေါ့။သူ့လိုကောင်လေးမျိုးဘယ်ကြိုက်ပါ့မလဲ။

ဒါကြောင့်လည်းJuYeonဆီကအချစ်ကိုမမျှော်လင့်ရဲတာပေါ့။ဒီအတိုင်းလေးခိုးခိုးပြီးချစ်နေရတာပဲကောင်းပါတယ်။

____________________________________

ဟုတ်ကဲ့ရေးလာတာ10ပိုင်းကျော်ပြီခုထိမတွဲကြသေးလို့စိတ်မဆိုးပါနဲ့။FudanshiလေးEricလက်စွမ်းပြတော့မှာမလို့သူတို့နှစ်ယောက်ကြိုက်ကြတော့မှာပါနော်

Thanks for reading🌸

Bạn đang đọc truyện trên: AzTruyen.Top