8

Unicode

ပြိုင်ကား အဝါလေးကို ထိုးရပ်လိုက်တာ
ထွေထွေထူးထူးနေရာတော့ မဟုတ် ။
ပုစွန်ဆီရောင် ဖြာကျနေတဲ့ ကောင်းကင်နဲ့
ဆက်စပ်နေတဲ့ မြစ်ကမ်းနံဘေး ။
မင်္ဂလာပွဲကနေ ထွက်လာပြီးကတည်းက
စိတ်လွတ်လက်လွတ် တစ်နေကုန်
ဦးတည်ရာမဲ့ Jeonဟာ ကားကို မောင်းနေ
ခဲ့သည် ။

" ညောင်းသွားပြီလား "

ဘေးမှ မပွင့်တပွင့်အပြုံးလေးနဲ့ဆိုလာတာက
တစ်လမ်းလုံး ဆိတ်နေသည့် မောင် ။

" မဟုတ်ပါဘူး..ဒီတိုင်း ကားထဲမှာ မွန်းကြပ်
လာတော့.."

မောင်ရော Jeonရော ကားအပြင်ကို
ထွက်လိုက်ကြသည် ။လေနုနုက ခပ်နွေးနွေး။
ရေပြင်ပေါ်က တလှပ်လှပ် လှိုင်းတွန့်လေး
တွေမှာ နိမ့်ဝင်လာတဲ့ နေရောင်က ဟပ်ထင်
နေသည် ။

"...ပျော်စရာကြီး..."
Jeonက မျက်လုံးလေးတွေမှိတ်ရင်း
လတ်လတ်ဆတ်ဆတ်လေကို ရှူသွင်းကာ
ဆိုသည် ။

" သဘောတွေကျနေတယ်ပေါ့ "
မောင်က အနီးအနားက ကျောက်ခဲလုံးလေး
တွေကို ဟိုကန်ဒီကန်ရင်းဖြင့် Jeonကို
ပြောသည် ။

" ကျုပ်ကို လက်မလွှတ်ပေးလို့ ကျေးဇူးပါ "
Jeonဟာ မောင့်မျက်ဝန်းတွေကို ငေးကြည့်
ရင်း ငိုသံစွက်စွက်ဖြင့် ပြောရှာသည် ။
အိုင်ထွန်းနေတဲ့ မျက်ရည်တွေက ကြည်နူးမှု
ကြောင့်ပင် ။

မောင်ဟာ ရေးရေးလေးပြုံးရင်း စိမ်းနုနု
မြက်ခင်းပေါ်ကို ထိုင်ချလိုက်သည် ။
နောက်တော့ အိတ်ကပ်ထဲကနေ စီးကရက်
တစ်လိပ်ထုတ်ပြီး မီးညှိနေသည် ။

စီးကရက်ငွေ့တွေ့ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း မောင်ဟာ ရှေ့က မြင်ကွင်းကို ငေးကြည့်
နေသည် ။

" ငါလည်း ပျော်တယ်...ဒီလို မပျော်ရတာ
ကြာပြီ "
မောင်ဟာ သူမမြင်ဖူးတဲ့ပုံစံမျိုးနဲ့ ပြောလာ
သည် ။

" မောင်....."
မောင့်လက်ထဲကို ထည့်ပေးလိုက်တဲ့
အသံဖမ်းစက်လေး ။

" ဒါနဲ့ဆို မောင့်အတွက် လုံလုံလောက်လောက်
သက်သေရပြီထင်တယ် "

Jimin ဖွင့်နားထောင်ကြည့်တော့
မင်္ဂလာပွဲမှာ ဂျွန်ဟွာအင်းနဲ့ Jeonနဲ့
ပြဿနာဖြစ်နေသည့် အသံများဖြစ်သည် ။

" မင်း ငယ်ငယ်ကတည်းက အဲ့ဒီလို
အရိုက်ခံနေရတာလား "
အသံဖမ်းစက်မှ Jeonအရိုက်ခံလိုက်ရသည့်
အသံကို ကြားသည့်အခါ မောင်က အံကြိတ်သံဖြင့် မေးလာသည် ။

" ဒါ ကျုပ် အသက်အရွယ်ကြောင့်သာ
ဒီလောက်နဲ့ ပြီးသွားတာ..ငယ်ငယ်တုန်းကဆို
အရိုက်ခံရတာ လမ်းတောင်မလျှောက်နိုင်ဘူး"

" မင်း အဖေက အဲ့ဒါအတွက် ဘာမှ မပြော
ဘူးလား..."

Jeonက ခါးသီးစွာ ခေါင်းခါပြသည် ။
" သူ ချစ်တဲ့လူနဲ့ ကွေကွင်းအောင် လုပ်ခဲ့တဲ့
မိန်းမရဲ့သားကို ဘယ်လိုများ သူ ဂရုစိုက်
ပါ့မလဲ မောင်..."

Jeonမျက်ခွံတွေသည် အနီရောင်သမ်းကာ
မျက်ခွံတွေသည် မို့ဖောင်းဖောင်း ။
" မငိုနဲ့တော့..မင်း မျက်လုံးတွေ...."

" ...."

" နာလိမ့်မယ် "
Jeonသည် လိမ့်ဆင်းလာတဲ့ မျက်ရည်ဥတွေ
ကြား ကြည်ကြည်နူးနူး ပြုံးသည် ။ ဘေးမှာ
ထိုင်နေတဲ့ မောင့်လက်မောင်းကို လက်
နှစ်ဖက်လုံးနဲ့ ဆွဲဖက်လိုက်ပြီး ခေါင်းဖြင့်
တိုးဝှေ့လိုက်သည် ။

" ကလေး ကျနေတာပဲ.."

" မောင့် ကလေးလေ.."

" ဟုတ်လို့လား..? "
ပြုံးစစနဲ့ မောင်က မေးသည် ။

" ဘာလို့လဲ.."

" မောင့် ယောကျ်ား မဟုတ်ဘူးလား "

မဖြစ်စဖူး Jeonသည် ရင်တွေ လှပ်ခနဲ
တုန်ကာ မျက်နှာလေးသည် ပန်းနုရောင်
လွှမ်းသွားသည် ။

" ဒီလိုပဲ အမြဲဖြစ်ချင်တယ် မောင်..."

" ...."

" မောင်...."

" ဖြစ်မှာပါ..အခုတော့ ခဏလေး အကုန်
မေ့ထားရအောင် "
မောင်သည် Jeon ဘက်ကို ခေါင်းစောင်းကာ
မှီလိုက်သည် ။

နေဝင်ချိန်မှာ လှပတဲ့ အချိန်လေးတွေ
ရှိခဲ့ကြသည် ။ သို့သော် တစ်မိုးတအောက်ထဲက တစ်ဖက်ခြမ်းတွင် ပြဿနာမီးတောက်သည် အဟုန်ပြင်းစွာ လောင်ကျွမ်း
နေခဲ့သည် ။

ဂျွန်ဟွာအင်းသည် သတင်းသမားတွေရဲ့
ကင်မရာမီးရောင်တွေကြား သတ်သေချင်
လောက်အောင် ဖြစ်လာသည် ။ ချွဲဟာယွန်း
သည်လည်း ကိုယ်ရံတော်များစွာ အကူအညီ
ဖြင့် ကားပေါ်ကို တက်ရသည် ။

မင်္ဂလာပွဲသည် အုန်းအုန်းကျက်ကျက်
ဖြစ်သွားကာ တစ်နိုင်ငံလုံးနီးနီးကိုလည်း
ထို သတင်းပျံ့နှံ့သွားပြီဖြစ်သည် ။
စုပြုံလာကြတဲ့ သတင်းသမားတွေကြား
ဂျွန်အိမ်တော်နှင့် ချွဲအိမ်တော်မှ ကားများ
သည် ထိုးထွက်ရခက်နေသည် ။

' ဖောင်း !! ´
ကျယ်လောင်စွာ ထွက်ပေါ်လာသည့်
ဗြောက်သံ ။ သက်ဆိုင်ရာ လုံခြုံရေးများက
လမ်း ကူရှင်းပေးကာမှ ကားများထွက်နိုင်
သည် ။

" မစ္စစ် ဂျွန်..သား ဖြစ်သူရဲ့ လုပ်ရပ်နဲ့
ပတ်သက်ပြီး တစ်ခုခုလောက်ပြောခဲ့ပေးပါ "

" သားဖြစ်သူက လိင်တူနှစ်သက်နေတဲ့လူ
ဆိုတာ မိခင်ဖြစ်တဲ့ မစ္စစ် ဂျွန်က သိခဲ့ပါလား
ဒါမဟုတ် မသိချင်ယောင် ဆောင်ခဲ့တာလား"

" မစ္စစ်ဂျွန် ချွဲဟာယွန်းနဲ့ ဂျွန်ဂျောင်ဂုက...."

ကားမှန်တင်ထားတာတောင် ဖြတ်ဖောက်
ဝင်လာတဲ့ သတင်းထောက်တွေရဲ့ အော်သံ
တွေကြား ဂျွန်ဟွာအင်းသည် မျက်ထောက်
တွေ ရဲရဲနီနေသည် ။

" အိမ်ကို မြန်မြန်မောင်း !!!! "

" ပြီးတော့ အဲ့ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်ရော..
ဟို ပတ်ခ်ဂျီမင်းဆိုတဲ့ အမှိုက်လိုကောင်ကိုရော ဘယ်မှာလဲဆိုတာ ရှာထား..!! "

" သခင်-သခင်မကြီး..အိမ်တော်ကို
တခြားဘက်က ဝင်မှ ဖြစ်မယ်ထင်တယ်..
အိမ်ရှေ့မှ သတင်းထောက်တွေ အုံနေတယ်
တဲ့ "

"Ahhhhh "
ဂျွန်ဟွာအင်းသည် ဒေါသကို မထိန်းချုပ်
နိုင်တော့သည့် အလား သွေးရူးသွေးတန်း
အော်ဟစ်နေသည် ။

" အိမ်ကို မမောင်းနဲ့....ယူဆိုရာအိမ်ကို
မောင်း..!! Gang  အိမ်တော်.."

ကားရပ်လိုက်သည်နှင့် ဒေါက်ဖိနပ်
အနီရောင်ပိုင်ရှင်သည် ကြမ်းတမ်းစွာ
ဆင်းလာသည် ။

ဘဲလ်ကို အချက်များစွာ နှိပ်လိုက်သည် ။
ခြံတံခါးလာဖွင့်သူက ပြူးပြာနေတဲ့ ယူဆိုရာ။
မြင်မြင်ချင်းပင် ဂျွန်ဟွာအင်းသည် ယူဆိုရာ
ကို အရှိန်ပြင်းစွာ ဆောင့်တွန်းလိုက်သည် ။
ထိုအခါ ကားမောင်းသမားက ပြေးဆင်း
လာပြီး လာဆွဲရသည် ။

" သခင်မကြီး စိတ်ကိုထိန်းပါ..."

" ယူဆိုရာ..!! နင့်သားလုပ်ရပ်ကို နင်
မြင်တယ်မလား..!!!..နင့်သား လုပ်လို့
အခု ငါ့ဂုဏ်သိက္ခာတွေ အကုန် ပျက်ဆီး
သွားပြီ..အမှိုက်လိုမိန်းမရဲ့...!! "

" ငါ တောင်းပန်ပါတယ် ဟွာအင်းရယ်..."

" နင် ဘာပြန်လုပ်ပေးမှာလဲ..နင့်သား
လုပ်သွားတာတွေအတွက် ဘာပြန်လုပ်ပေး
မှာလဲလို့ !!! "

ဂျွန်ဟွာအင်းသည် စိတ်လွတ်နေသူလိုမျိုး
ဆိုရာ့အား ဆွဲရမ်းကာ သွေးရူးသွေးတန်း
အော်ဟစ်နေသည် ။

ယူဆို့ရာ ဆံပင်ကို ဆောင့်ဆွဲထားသည့်
ဂျွန်ဟွာအင်းကို မည်သူကမှလည်း ဝင်မဆွဲရဲ။ သခင်ကြီး ဂန်ကလည်း အိမ်မှာ မရှိသော
ကြောင့် ဆိုရာသည် ကူရာမဲ့နေသည် ။

" ယူဆိုရာ !! နင်ပြောလေ...!!! "

" ဂျွန်ဟွာအင်း...!!! "
ဂျွန်ဟွာအင်း၏ အော်ဟစ်သံကို လွှမ်းသွား
သည့် ကြောက်မက်ဖွယ် အသံသည် ခြံအဝက
Jiminဆီမှ ။

" သား...."

" အခု ချက်ချင်း ခင်ဗျားရဲ့ ရွံစရာကောင်းတဲ့
လက်ကို အမေ့ဆီကနေ လွှတ်လိုက် "

ဂျွန်ဟွာအင်းက ပေါက်ကွဲနေတဲ့ မီးတောင်
တစ်လုံးဆို Park Jiminက အရှိန်ပြင်းပြင်း
တောက်လောင်ရန် အရှိန်ယူနေသည့်
မီးတောက်တစ်ခုဖြစ်သည် ။

ဂျွန်ဟွာအင်းသည် Jiminကို မြင်သည်နှင့်
ယူဆို့ရာ ဆံပင်ကို ဆွဲထားသည့် လက်အား
ပိုမို အားထည့်လိုက်ပြီး ပါးတစ်ဖက်အား
အရှိန်ပြင်းစွာ ရိုက်ချလိုက်သည် ။ ဆိုရာသည် ခွေခနဲ လဲကျကာ ပြန်မထနိုင်ခဲ့ ။

ဂျွန်ဟွာအင်းသည် ဆိုရာ့ကို ငုံ့ကြည့်ရင်း
လှောင်ပြုံး ပြုံးလိုက်သည် ။ Jimin၏
မျက်နှာအခြေအနေကို ကြည့်ရန်
လှည့်လိုက်သည် ။

' ဖြောင်း !! ´
ဂျွန်ဟွာအင်း ရိုက်ချက်ထက် နှစ်ဆပြင်းတဲ့
ရိုက်ချက်က Jiminဆီမှ ။ ဂျွန်ဟွာအင်း
သည် ရုပ်ပျက်ဆင်းပျက် လဲကျသွားသည် ။
ယူဆိုရာကိုတော့ အစေခံတွေက အပြေးပွေ့
ကာ ပြင်းထန်တော့မည့် ရန်ပွဲကနေ ဆွဲထုတ်
လိုက်ရသည် ။

" နင်...!! "
ဂျွန်ဟွာအင်းသည် Jiminကို စူးစူးရဲရဲ
ကြည့်ပြီး အော်ဟစ်သည် ။ Jiminသည် လဲကျနေတဲ့ ထိုမိန်းမအပေါ်ကနေ ခွထားပြီး လည်ပင်းကို ဆွဲညှစ်လိုက်သည် ။

" ငါ့ အမေကို ရိုက်ချင်တိုင်း ရိုက်နေရအောင်
သူက နင့်လို အပေါစားမဟုတ်ဘူး..!!! "

Jiminသည် အသက်အရွယ်တွေ ဘာတွေ
သတိမရတော့ ၊ ယခု အချိန်မှာ သူသည်
ဒေါသမိုင်ကုန်ရောက်နေပြီဖြစ်သည် ။

" ငါ့..ငါ့များ...အပေါ စား တဲ့..နင်ကမှ..
အမှိုက်..လို ကောင် "
ဂျွန်ဟွာအင်းသည် လည်ပင်းညှစ်ခံထား
ရသည့် ကြားမှ တစ်လုံးချင်းပြောသည် ။

Jiminသည် ဂျွန်ဟွာအင်းကို လည်ပင်းမှ
ဆွဲကိုင်ကာ နံဘေးရှိ ကျောက်ပြားကို
ထိုမိန်းမ ခေါင်းဖြင့် ရိုက်ချရန် လုပ်လိုက်
သည် ။

" မောင် !!!! "

Jeonသည် အပြေးဝင်လာကာ Jiminကို
ဆွဲချုပ်လိုက်ရသည် ။

" မင်း ဘာလို့လိုက်လာတာလဲ...!!!
မင်းကို ငါ မလိုက်လာဖို့ ပြောထားတယ်
လေ !!! "

အမှန်တော့ Jeonသည် လိုက်လာဖို့
စိတ်ကူးမရှိခဲ့ပါ ၊ ဂျွန်ဟွာအင်း၏ ဒရိုင်ဘာ
သည် Jiminနဲ့သူမ ထိပ်တိုက်ဆုံကတည်းက
JungKookကို ဖုန်းဆက်လိုက်တာကြောင့်
ရောက်လာရခြင်းဖြစ်သည် ။

ဖုန်းရရချင်းပင် Jeonသည် ပြူးပြာသွားကာ
ကားလမ်းကိုပင် မီးနီတွေ အကုန်ဖြတ်မောင်း
ကာ သူ့အမေရှိရာဆီ အမြန်​မောင်းလာရ
သည် ။ အချိန်မှီလေးပေမို့ပေါ့ ။

Jiminသည် Jeonလက်မှ အတင်းရုန်းထွက်
နေသည် ။ Jeonကို လက်ပြန်ရိုက်ချပြီး
ဆောင့်တွန်းလိုက်သည် ။ ရိုက်ချက်သည်
အားပြင်းပုံများ Jeon နှုတ်ခမ်းမှ သွေးစများ
လွင့်စင်သွားခဲ့သည် ။

Jiminသည် ခြံလမ်းတစ်လျှောက် အလှဆင်
ထားသည့် ပန်းအိုးသေးသေးလေးတစ်လုံးကို
ကောက်ကိုင်ကာ ဂျွန်ဟွာအင်းဆီ ခြေလှမ်း
ကျဲကြီးတွေဖြင့် လျှောက်သွားသည် ။
Jeonသည်လည်း အနောက်မှ ကုန်းရုန်းထကာ အပြေးလိုက်ရသည် ။

Jiminသည် ဂျွန်ဟွာအင်းကို အသေရိုက်ပစ်ဖို့
အလုပ် Jeonက အမြန် ဝင်ကာသည် ။

" Jeon JungKook ဖယ်စမ်း !!! မင်းပါ
အရိုက်ခံချင်နေတာလား..အေး..မင်းကိုပါ
ငါသတ်ပစ်မှာနော်...!! ဖယ်စမ်း !! "

" သတ်မယ်ဆိုလည်း သတ်ပါ...မောင်ရယ်
အခုလို လုပ်မနေပါနဲ့....တော်ပါတော့ "

Jeon မျက်ရည်တွေ စီးကျလာတဲ့အခါ
Jiminလက်တို့ တုန့်သွားသည် ။
အသက်ကို ပြင်းစွာရှူရင်း တဆတ်ဆတ်
တုန်နေသော လက်ထဲမှာ ပန်းအိုးကို
ပစ်ချလိုက်သည် ။

' ခွမ်း ´
ပန်းအိုး အပိုင်းအစတွေသည် လွင့်စင်
ကုန်သည် ။ မြေကြီး မြေမှုန့်တွေသည်လည်း
ပျံနှံ့ကုန်လျက် ။ လိမ္မော်ပန်းလေးကတော့
ပွင့်လွှာတွေ အကုန်ကြွေကုန်သည် ။

Jiminသည် ဂျွန်ဟွာအင်းရော Jeonရောကို
ကျောခိုင်းလိုက်သည် ။ ခြေလှမ်း
အနည်းငယ် လှမ်းပြီးနောက်....

" မောင် !!! "
Jeon၏ စိုးရိမ်တကြီး အော်သံ နဲ့အတူ
သူ လှည့်အကြည့် ပခုံးမှ စူးကနဲ ခံစား
လိုက်ရသည့် နာကျင်မှု ။

စီးကျလာသည့် သွေးစက်တွေ ။
ယိုင်နဲ့နဲ့ ဂျွန်ဟွာအင်းသည် လက်ထဲမှ
ပန်းအိုး အကွဲစကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားသည် ။ Jiminကို သေချာ
စိုက်ကြည့်ရင်း ထိုးစိုက်ထားသည့်
ပန်းအိုးအကွဲစကို ပိုပြီး နစ်ဝင်အောင်
ထပ်ဖိ ထိုးသည် ။ ထိုအခါမှ ရပ်ကြည့်
နေတဲ့ ကားဒရိုင်ဘာက အပြေးလာဆွဲပြီး
ခေါ်သွားသည် ။

" နင် နဲ့ ငါနဲ့ မပြီးသေးဘူး....ဟားဟား..! "
အရူးတစ်ယောက်လို ရယ်သွမ်းရင်း
ဂျွန်ဟွာအင်းသည် ထွက်သွားသည် ။

Jiminသည် သွေးစက်စက်ကျနေသော
ပခုံးမှ ပန်းအိုးအကွဲစကို အံကြိတ်ပြီး
ဆွဲထုတ်လိုက်သည် ။ Jeonကို ကြည့်လိုက်
တော့ ရှော့ရနေသလိုဖြစ်ကာ ငုတ်တုတ်လေး။

" Jeon!? "

" Jeon...Jeon ! မောင့်ကို ကြည့်အုန်း.."

" ဒဏ်-ဒဏ်ရာ.."

" Jeon....စိတ်ကပ်အုန်း.."
Jiminသည် လန့်လာသည် ။ Jeonသည်
သူ့ကို မျက်လုံးဝိုင်းကြီးတွေကိုဖြင့်
ကြည့်နေကာ သတိလွတ်နေသလို ။

" သွေး-သွေးတွေ..."

" Jeon...မောင့်ကို ကြည့်..မောင့်ကို ကြည့်ပြီး
စကားသေချာပြော.."

" ဟင့်..မောင်..နာသွားပြီ..."
Jeonသည် ပုံစံတမျိုး ပြောင်းသွားခဲ့သည် ။
နောက်တော့ ဖြူလျော့လာရင်း အသက်
ခပ်ပြင်းပြင်း ရှိုက်ကာ မေ့ကျသွားသည် ။

" Jeon !! "

မလှုပ်မယှက် ဖြစ်နေတဲ့ Jeonကို
Jiminသည် သွေးစက်စက်ကျနေသော
လက်မောင်းဖြင့် ပွေ့ကာ ကားပေါ်
အပြေးတင်ရန် လုပ်သည် ။

" သား...သား..ဆေးရုံ မခေါ်သွားနဲ့...
သူ အဆင်ပြေမှာ မဟုတ်ဘူး..သတင်းသမား
တွေက.."

" ဒါဆို သူ့ကို ဘယ်လိုလုပ််ရမှာလဲ..."
Jimin၏ စကားတွင် ရှိုက်သံညှင်းညှင်း
ပါလာသည် ။

" ဆရာဝန်..ခေါ်ထားတယ်...လာပါ
အိမ်ထဲ သွားရအောင်..သားလက်က
ဒဏ်ရာ- "

" သူက ပိုအ​ရေးကြီးနေတယ် ! အမေ...
သူတစ်ခုခု ဖြစ်လို့မရဘူး.."

×
သတင်းတွေက တောမီးလောင်သလိုမျိုး
တစ်နိုင်ငံလုံးကို ပျံနှံ့သွားပြီး သတင်းသမား
တိုင်းသည် Jeonအိမ်တော်၏ ဖြေရှင်းမည့် စကားသံကို စောင့်စားနေကြသည် ။

ပြည်ပမှ ဂျွန်မင်ဂျွန်းသည်ပင် ကိုရီးယားကို
ဝင်လာဖို့ အဆင်မပြေတော့ပဲ ပြည်ပတွင်သာ
ခေတ္တနေထိုင်နေရသည် ။

" တစ်ပတ်..တစ်ပတ် ရှိနေပြီ...အခုထိ
မပြီးသေးဘူးလား... "

ဂျွန်ဟွာအင်း ဘေးတွင် ပစ္စည်းများစွာ
အစိတ်စိတ်အမြွှာမြွှာ ကွဲပြဲနေသည် ။
သူမသည် အပျက်အစီးများကြားတွင်
ဆေးလိပ်တစ်လိပ်ကို သောက်နေသည် ။

" သခင်မကြီး...ချွဲဟာယွန်း လာတယ် "
ဂျွန်ဟွာအင်း စိတ်ညစ်သွားသည် ။
အဲ့မိန်းကလေးကို သူ ဘယ်လိုရင်ဆိုင်
ရမလဲ ။

" ဝင်ခိုင်းလိုက်..."

" Mrs Jeon..."

" ​...... "

" အသံတိတ် မနေပါနဲ့..ကျွန်မ ရှင့်ကို
ပြဿနာရှာဖို့ လာတာ မဟုတ်ဘူး.."

ဂျွန်ဟွာအင်းသည် မျက်ခုံးတစ်ချက်
ပင့်မိသွားသည် ။

" ကျွန်မတို့ရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက်
တန်ရာတန်ကြေး တစ်ခုတော့ ပြန်ရသင့်တယ်
မဟုတ်လား.."

" မင်း ဘာလုပ်ချင်တာလဲ.."

" ကျွန်မ ဘာလုပ်ချင်တာလဲဆိုတော့........"

×

" Jeon မှာ Traumaရှိတယ်...ငယ်ငယ်က
သူ့အမေရဲ့ Child abuseတွေကြောင့်...
အဲ့ဒါက သွေးလန့်စရာအခြေအနေတစ်ခုနဲ့
ကြုံတဲ့အခါ ပေါ်လာတတ်တယ်...
သီးခြား အခြေအနေတစ်ခုပေါ့..."

" အဲ့ဒီအချိန်ဆို သူက စိတ်လွတ်နေမှာ..
သူ ဘာလုပ်လို့ ဘာလုပ်လိုက်မှန်းတောင်
သိမှာမဟုတ်ဘူး..."

" ဒါကြောင့် အခုတလော သူ့ကို အမေ့အိမ်
မှာပဲ ထားထားရမယ်..မဟုတ်ရင်..."

" မဟုတ်ရင် ဘာဖြစ်မလဲ သား.."

" သူ့ Trauma ရုတ်တရက် ထဖြစ်တဲ့အခါ
သူ ပြဿနာတွေ လုပ်မိကောင်းလုပ်မိလိမ့်
မယ်..သူ အဲ့ဒါ ငြိမ်နေတာကြာပြီ..."

" သား ထိခိုက်တာကို မြင်မှ ပြန်ပေါ်လာခဲ့
တာပေါ့..သားကို တော်တော်ချစ်ရှာတာပဲ..
ဒီကလေးလေးက.."

အိပ်ပျော်နေတဲ့ Jeonကို ငေးကြည့်ရင်း
Jiminသည် အမေ့ကို ဘာမှ ပြန်​မပြောခဲ့ပဲ
နှုတ်ခမ်းဖျား လှုပ်ရုံလေးသာ ရေရွတ်လိုက်
သည် ။

" မောင် တောင်းပန်ပါတယ် "

×

အားရိုးရိုး...Updateကြာသွားလို့ ချောတီးပါ။
အခုတလောက ခေါင်းတစ်ခြမ်းကိုက်တာ
ပြန်စနေလို့ ဖုန်းကို အားစိုက်မကိုင်နိုင်တာ
ကြောင့် စာရိုက်ချိန် နည်းသွားတာပါ ။

စကားမစပ်..ဇာတ်လမ်းက စတော့မယ်နော်
😀 ။

AlexandrinKim (832023)

Zawgyi

ၿပိဳင္ကား အဝါေလးကို ထိုးရပ္လိုက္တာ
ေထြေထြထူးထူးေနရာေတာ့ မဟုတ္ ။
ပုစြန္ဆီေရာင္ ျဖာက်ေနတဲ့ ေကာင္းကင္နဲ႔
ဆက္စပ္ေနတဲ့ ျမစ္ကမ္းနံေဘး ။
မဂၤလာပြဲကေန ထြက္လာၿပီးကတည္းက
စိတ္လြတ္လက္လြတ္ တစ္ေနကုန္
ဦးတည္ရာမဲ့ Jeonဟာ ကားကို ေမာင္းေန
ခဲ့သည္ ။

" ေညာင္းသြားၿပီလား "

ေဘးမွ မပြင့္တပြင့္အျပဳံးေလးနဲ႔ဆိုလာတာက
တစ္လမ္းလုံး ဆိတ္ေနသည့္ ေမာင္ ။

" မဟုတ္ပါဘူး..ဒီတိုင္း ကားထဲမွာ မြန္းၾကပ္
လာေတာ့.."

ေမာင္ေရာ Jeonေရာ ကားအျပင္ကို
ထြက္လိုက္ၾကသည္ ။ေလႏုႏုက ခပ္ေႏြးေႏြး။
ေရျပင္ေပၚက တလွပ္လွပ္ လိႈင္းတြန္႔ေလး
ေတြမွာ နိမ့္ဝင္လာတဲ့ ေနေရာင္က ဟပ္ထင္
ေနသည္ ။

"...ေပ်ာ္စရာႀကီး..."
Jeonက မ်က္လုံးေလးေတြမွိတ္ရင္း
လတ္လတ္ဆတ္ဆတ္ေလကို ႐ွဴသြင္းကာ
ဆိုသည္ ။

" သေဘာေတြက်ေနတယ္ေပါ့ "
ေမာင္က အနီးအနားက ေက်ာက္ခဲလုံးေလး
ေတြကို ဟိုကန္ဒီကန္ရင္းျဖင့္ Jeonကို
ေျပာသည္ ။

" က်ဳပ္ကို လက္မလႊတ္ေပးလို႔ ေက်းဇူးပါ "
Jeonဟာ ေမာင့္မ်က္ဝန္းေတြကို ေငးၾကည့္
ရင္း ငိုသံစြက္စြက္ျဖင့္ ေျပာ႐ွာသည္ ။
အိုင္ထြန္းေနတဲ့ မ်က္ရည္ေတြက ၾကည္ႏူးမႈ
ေၾကာင့္ပင္ ။

ေမာင္ဟာ ေရးေရးေလးျပဳံးရင္း စိမ္းႏုႏု
ျမက္ခင္းေပၚကို ထိုင္ခ်လိုက္သည္ ။
ေနာက္ေတာ့ အိတ္ကပ္ထဲကေန စီးကရက္
တစ္လိပ္ထုတ္ၿပီး မီးညႇိေနသည္ ။

စီးကရက္ေငြ႕ေတြ႕ကို ခပ္ျပင္းျပင္းမႈတ္ထုတ္ရင္း ေမာင္ဟာ ေ႐ွ႕က ျမင္ကြင္းကို ေငးၾကည့္
ေနသည္ ။

" ငါလည္း ေပ်ာ္တယ္...ဒီလို မေပ်ာ္ရတာ
ၾကာၿပီ "
ေမာင္ဟာ သူမျမင္ဖူးတဲ့ပုံစံမ်ိဳးနဲ႔ ေျပာလာ
သည္ ။

" ေမာင္....."
ေမာင့္လက္ထဲကို ထည့္ေပးလိုက္တဲ့
အသံဖမ္းစက္ေလး ။

" ဒါနဲ႔ဆို ေမာင့္အတြက္ လုံလုံေလာက္ေလာက္
သက္ေသရၿပီထင္တယ္ "

Jimin ဖြင့္နားေထာင္ၾကည့္ေတာ့
မဂၤလာပြဲမွာ ဂြၽန္ဟြာအင္းနဲ႔ Jeonနဲ႔
ျပႆနာျဖစ္ေနသည့္ အသံမ်ားျဖစ္သည္ ။

" မင္း ငယ္ငယ္ကတည္းက အဲ့ဒီလို
အ႐ိုက္ခံေနရတာလား "
အသံဖမ္းစက္မွ Jeonအ႐ိုက္ခံလိုက္ရသည့္
အသံကို ၾကားသည့္အခါ ေမာင္က အံႀကိတ္သံျဖင့္ ေမးလာသည္ ။

" ဒါ က်ဳပ္ အသက္အ႐ြယ္ေၾကာင့္သာ
ဒီေလာက္နဲ႔ ၿပီးသြားတာ..ငယ္ငယ္တုန္းကဆို
အ႐ိုက္ခံရတာ လမ္းေတာင္မေလွ်ာက္ႏိုင္ဘူး"

" မင္း အေဖက အဲ့ဒါအတြက္ ဘာမွ မေျပာ
ဘူးလား..."

Jeonက ခါးသီးစြာ ေခါင္းခါျပသည္ ။
" သူ ခ်စ္တဲ့လူနဲ႔ ေကြကြင္းေအာင္ လုပ္ခဲ့တဲ့
မိန္းမရဲ႕သားကို ဘယ္လိုမ်ား သူ ဂ႐ုစိုက္
ပါ့မလဲ ေမာင္..."

Jeonမ်က္ခြံေတြသည္ အနီေရာင္သမ္းကာ
မ်က္ခြံေတြသည္ မို႔ေဖာင္းေဖာင္း ။
" မငိုနဲ႔ေတာ့..မင္း မ်က္လုံးေတြ...."

" ...."

" နာလိမ့္မယ္ "
Jeonသည္ လိမ့္ဆင္းလာတဲ့ မ်က္ရည္ဥေတြ
ၾကား ၾကည္ၾကည္ႏူးႏူး ျပဳံးသည္ ။ ေဘးမွာ
ထိုင္ေနတဲ့ ေမာင့္လက္ေမာင္းကို လက္
ႏွစ္ဖက္လုံးနဲ႔ ဆြဲဖက္လိုက္ၿပီး ေခါင္းျဖင့္
တိုးေဝွ႔လိုက္သည္ ။

" ကေလး က်ေနတာပဲ.."

" ေမာင့္ ကေလးေလ.."

" ဟုတ္လို႔လား..? "
ျပဳံးစစနဲ႔ ေမာင္က ေမးသည္ ။

" ဘာလို႔လဲ.."

" ေမာင့္ ေယာက်္ား မဟုတ္ဘူးလား "

မျဖစ္စဖူး Jeonသည္ ရင္ေတြ လွပ္ခနဲ
တုန္ကာ မ်က္ႏွာေလးသည္ ပန္းႏုေရာင္
လႊမ္းသြားသည္ ။

" ဒီလိုပဲ အၿမဲျဖစ္ခ်င္တယ္ ေမာင္..."

" ...."

" ေမာင္...."

" ျဖစ္မွာပါ..အခုေတာ့ ခဏေလး အကုန္
ေမ့ထားရေအာင္ "
ေမာင္သည္ Jeon ဘက္ကို ေခါင္းေစာင္းကာ
မွီလိုက္သည္ ။

ေနဝင္ခ်ိန္မွာ လွပတဲ့ အခ်ိန္ေလးေတြ
႐ွိခဲ့ၾကသည္ ။ သို႔ေသာ္ တစ္မိုးတေအာက္ထဲက တစ္ဖက္ျခမ္းတြင္ ျပႆနာမီးေတာက္သည္ အဟုန္ျပင္းစြာ ေလာင္ကြၽမ္း
ေနခဲ့သည္ ။

ဂြၽန္ဟြာအင္းသည္ သတင္းသမားေတြရဲ႕
ကင္မရာမီးေရာင္ေတြၾကား သတ္ေသခ်င္
ေလာက္ေအာင္ ျဖစ္လာသည္ ။ ခြၽဲဟာယြန္း
သည္လည္း ကိုယ္ရံေတာ္မ်ားစြာ အကူအညီ
ျဖင့္ ကားေပၚကို တက္ရသည္ ။

မဂၤလာပြဲသည္ အုန္းအုန္းက်က္က်က္
ျဖစ္သြားကာ တစ္ႏိုင္ငံလုံးနီးနီးကိုလည္း
ထို သတင္းပ်ံ႕ႏွံ႔သြားၿပီျဖစ္သည္ ။
စုျပဳံလာၾကတဲ့ သတင္းသမားေတြၾကား
ဂြၽန္အိမ္ေတာ္ႏွင့္ ခြၽဲအိမ္ေတာ္မွ ကားမ်ား
သည္ ထိုးထြက္ရခက္ေနသည္ ။

' ေဖာင္း !! ´
က်ယ္ေလာင္စြာ ထြက္ေပၚလာသည့္
ေျဗာက္သံ ။ သက္ဆိုင္ရာ လုံျခဳံေရးမ်ားက
လမ္း ကူ႐ွင္းေပးကာမွ ကားမ်ားထြက္ႏိုင္
သည္ ။

" မစၥစ္ ဂြၽန္..သား ျဖစ္သူရဲ႕ လုပ္ရပ္နဲ႔
ပတ္သက္ၿပီး တစ္ခုခုေလာက္ေျပာခဲ့ေပးပါ "

" သားျဖစ္သူက လိင္တူႏွစ္သက္ေနတဲ့လူ
ဆိုတာ မိခင္ျဖစ္တဲ့ မစၥစ္ ဂြၽန္က သိခဲ့ပါလား
ဒါမဟုတ္ မသိခ်င္ေယာင္ ေဆာင္ခဲ့တာလား"

" မစၥစ္ဂြၽန္ ခြၽဲဟာယြန္းနဲ႔ ဂြၽန္ေဂ်ာင္ဂုက...."

ကားမွန္တင္ထားတာေတာင္ ျဖတ္ေဖာက္
ဝင္လာတဲ့ သတင္းေထာက္ေတြရဲ႕ ေအာ္သံ
ေတြၾကား ဂြၽန္ဟြာအင္းသည္ မ်က္ေထာက္
ေတြ ရဲရဲနီေနသည္ ။

" အိမ္ကို ျမန္ျမန္ေမာင္း !!!! "

" ၿပီးေတာ့ အဲ့ဂြၽန္ေဂ်ာင္ဂုဆိုတဲ့ေကာင္ေရာ..
ဟို ပတ္ခ္ဂ်ီမင္းဆိုတဲ့ အမိႈက္လိုေကာင္ကိုေရာ ဘယ္မွာလဲဆိုတာ ႐ွာထား..!! "

" သခင္-သခင္မႀကီး..အိမ္ေတာ္ကို
တျခားဘက္က ဝင္မွ ျဖစ္မယ္ထင္တယ္..
အိမ္ေ႐ွ႕မွ သတင္းေထာက္ေတြ အုံေနတယ္
တဲ့ "

"Ahhhhh "
ဂြၽန္ဟြာအင္းသည္ ေဒါသကို မထိန္းခ်ဳပ္
ႏိုင္ေတာ့သည့္ အလား ေသြး႐ူးေသြးတန္း
ေအာ္ဟစ္ေနသည္ ။

" အိမ္ကို မေမာင္းနဲ႔....ယူဆိုရာအိမ္ကို
ေမာင္း..!! Gang  အိမ္ေတာ္.."

ကားရပ္လိုက္သည္ႏွင့္ ေဒါက္ဖိနပ္
အနီေရာင္ပိုင္႐ွင္သည္ ၾကမ္းတမ္းစြာ
ဆင္းလာသည္ ။

ဘဲလ္ကို အခ်က္မ်ားစြာ ႏွိပ္လိုက္သည္ ။
ျခံတံခါးလာဖြင့္သူက ျပဴးျပာေနတဲ့ ယူဆိုရာ။
ျမင္ျမင္ခ်င္းပင္ ဂြၽန္ဟြာအင္းသည္ ယူဆိုရာ
ကို အ႐ွိန္ျပင္းစြာ ေဆာင့္တြန္းလိုက္သည္ ။
ထိုအခါ ကားေမာင္းသမားက ေျပးဆင္း
လာၿပီး လာဆြဲရသည္ ။

" သခင္မႀကီး စိတ္ကိုထိန္းပါ..."

" ယူဆိုရာ..!! နင့္သားလုပ္ရပ္ကို နင္
ျမင္တယ္မလား..!!!..နင့္သား လုပ္လို႔
အခု ငါ့ဂုဏ္သိကၡာေတြ အကုန္ ပ်က္ဆီး
သြားၿပီ..အမိႈက္လိုမိန္းမရဲ႕...!! "

" ငါ ေတာင္းပန္ပါတယ္ ဟြာအင္းရယ္..."

" နင္ ဘာျပန္လုပ္ေပးမွာလဲ..နင့္သား
လုပ္သြားတာေတြအတြက္ ဘာျပန္လုပ္ေပး
မွာလဲလို႔ !!! "

ဂြၽန္ဟြာအင္းသည္ စိတ္လြတ္ေနသူလိုမ်ိဳး
ဆိုရာ့အား ဆြဲရမ္းကာ ေသြး႐ူးေသြးတန္း
ေအာ္ဟစ္ေနသည္ ။

ယူဆို႔ရာ ဆံပင္ကို ေဆာင့္ဆြဲထားသည့္
ဂြၽန္ဟြာအင္းကို မည္သူကမွလည္း ဝင္မဆြဲရဲ။ သခင္ႀကီး ဂန္ကလည္း အိမ္မွာ မ႐ွိေသာ
ေၾကာင့္ ဆိုရာသည္ ကူရာမဲ့ေနသည္ ။

" ယူဆိုရာ !! နင္ေျပာေလ...!!! "

" ဂြၽန္ဟြာအင္း...!!! "
ဂြၽန္ဟြာအင္း၏ ေအာ္ဟစ္သံကို လႊမ္းသြား
သည့္ ေၾကာက္မက္ဖြယ္ အသံသည္ ျခံအဝက
Jiminဆီမွ ။

" သား...."

" အခု ခ်က္ခ်င္း ခင္ဗ်ားရဲ႕ ႐ြံစရာေကာင္းတဲ့
လက္ကို အေမ့ဆီကေန လႊတ္လိုက္ "

ဂြၽန္ဟြာအင္းက ေပါက္ကြဲေနတဲ့ မီးေတာင္
တစ္လုံးဆို Park Jiminက အ႐ွိန္ျပင္းျပင္း
ေတာက္ေလာင္ရန္ အ႐ွိန္ယူေနသည့္
မီးေတာက္တစ္ခုျဖစ္သည္ ။

ဂြၽန္ဟြာအင္းသည္ Jiminကို ျမင္သည္ႏွင့္
ယူဆို႔ရာ ဆံပင္ကို ဆြဲထားသည့္ လက္အား
ပိုမို အားထည့္လိုက္ၿပီး ပါးတစ္ဖက္အား
အ႐ွိန္ျပင္းစြာ ႐ိုက္ခ်လိုက္သည္ ။ ဆိုရာသည္ ေခြခနဲ လဲက်ကာ ျပန္မထႏိုင္ခဲ့ ။

ဂြၽန္ဟြာအင္းသည္ ဆိုရာ့ကို ငုံ႔ၾကည့္ရင္း
ေလွာင္ျပဳံး ျပဳံးလိုက္သည္ ။ Jimin၏
မ်က္ႏွာအေျခအေနကို ၾကည့္ရန္
လွည့္လိုက္သည္ ။

' ေျဖာင္း !! ´
ဂြၽန္ဟြာအင္း ႐ိုက္ခ်က္ထက္ ႏွစ္ဆျပင္းတဲ့
႐ိုက္ခ်က္က Jiminဆီမွ ။ ဂြၽန္ဟြာအင္း
သည္ ႐ုပ္ပ်က္ဆင္းပ်က္ လဲက်သြားသည္ ။
ယူဆိုရာကိုေတာ့ အေစခံေတြက အေျပးေပြ႕
ကာ ျပင္းထန္ေတာ့မည့္ ရန္ပြဲကေန ဆြဲထုတ္
လိုက္ရသည္ ။

" နင္...!! "
ဂြၽန္ဟြာအင္းသည္ Jiminကို စူးစူးရဲရဲ
ၾကည့္ၿပီး ေအာ္ဟစ္သည္ ။ Jiminသည္ လဲက်ေနတဲ့ ထိုမိန္းမအေပၚကေန ခြထားၿပီး လည္ပင္းကို ဆြဲညႇစ္လိုက္သည္ ။

" ငါ့ အေမကို ႐ိုက္ခ်င္တိုင္း ႐ိုက္ေနရေအာင္
သူက နင့္လို အေပါစားမဟုတ္ဘူး..!!! "

Jiminသည္ အသက္အ႐ြယ္ေတြ ဘာေတြ
သတိမရေတာ့ ၊ ယခု အခ်ိန္မွာ သူသည္
ေဒါသမိုင္ကုန္ေရာက္ေနၿပီျဖစ္သည္ ။

" ငါ့..ငါ့မ်ား...အေပါ စား တဲ့..နင္ကမွ..
အမိႈက္..လို ေကာင္ "
ဂြၽန္ဟြာအင္းသည္ လည္ပင္းညႇစ္ခံထား
ရသည့္ ၾကားမွ တစ္လုံးခ်င္းေျပာသည္ ။

Jiminသည္ ဂြၽန္ဟြာအင္းကို လည္ပင္းမွ
ဆြဲကိုင္ကာ နံေဘး႐ွိ ေက်ာက္ျပားကို
ထိုမိန္းမ ေခါင္းျဖင့္ ႐ိုက္ခ်ရန္ လုပ္လိုက္
သည္ ။

" ေမာင္ !!!! "

Jeonသည္ အေျပးဝင္လာကာ Jiminကို
ဆြဲခ်ဳပ္လိုက္ရသည္ ။

" မင္း ဘာလို႔လိုက္လာတာလဲ...!!!
မင္းကို ငါ မလိုက္လာဖို႔ ေျပာထားတယ္
ေလ !!! "

အမွန္ေတာ့ Jeonသည္ လိုက္လာဖို႔
စိတ္ကူးမ႐ွိခဲ့ပါ ၊ ဂြၽန္ဟြာအင္း၏ ဒ႐ိုင္ဘာ
သည္ Jiminနဲ႔သူမ ထိပ္တိုက္ဆုံကတည္းက
JungKookကို ဖုန္းဆက္လိုက္တာေၾကာင့္
ေရာက္လာရျခင္းျဖစ္သည္ ။

ဖုန္းရရခ်င္းပင္ Jeonသည္ ျပဴးျပာသြားကာ
ကားလမ္းကိုပင္ မီးနီေတြ အကုန္ျဖတ္ေမာင္း
ကာ သူ႕အေမ႐ွိရာဆီ အျမန္​ေမာင္းလာရ
သည္ ။ အခ်ိန္မွီေလးေပမို႔ေပါ့ ။

Jiminသည္ Jeonလက္မွ အတင္း႐ုန္းထြက္
ေနသည္ ။ Jeonကို လက္ျပန္႐ိုက္ခ်ၿပီး
ေဆာင့္တြန္းလိုက္သည္ ။ ႐ိုက္ခ်က္သည္
အားျပင္းပုံမ်ား Jeon ႏႈတ္ခမ္းမွ ေသြးစမ်ား
လြင့္စင္သြားခဲ့သည္ ။

Jiminသည္ ျခံလမ္းတစ္ေလွ်ာက္ အလွဆင္
ထားသည့္ ပန္းအိုးေသးေသးေလးတစ္လုံးကို
ေကာက္ကိုင္ကာ ဂြၽန္ဟြာအင္းဆီ ေျခလွမ္း
က်ဲႀကီးေတြျဖင့္ ေလွ်ာက္သြားသည္ ။
Jeonသည္လည္း အေနာက္မွ ကုန္း႐ုန္းထကာ အေျပးလိုက္ရသည္ ။

Jiminသည္ ဂြၽန္ဟြာအင္းကို အေသ႐ိုက္ပစ္ဖို႔
အလုပ္ Jeonက အျမန္ ဝင္ကာသည္ ။

" Jeon JungKook ဖယ္စမ္း !!! မင္းပါ
အ႐ိုက္ခံခ်င္ေနတာလား..ေအး..မင္းကိုပါ
ငါသတ္ပစ္မွာေနာ္...!! ဖယ္စမ္း !! "

" သတ္မယ္ဆိုလည္း သတ္ပါ...ေမာင္ရယ္
အခုလို လုပ္မေနပါနဲ႔....ေတာ္ပါေတာ့ "

Jeon မ်က္ရည္ေတြ စီးက်လာတဲ့အခါ
Jiminလက္တို႔ တုန္႔သြားသည္ ။
အသက္ကို ျပင္းစြာ႐ွဴရင္း တဆတ္ဆတ္
တုန္ေနေသာ လက္ထဲမွာ ပန္းအိုးကို
ပစ္ခ်လိုက္သည္ ။

' ခြမ္း ´
ပန္းအိုး အပိုင္းအစေတြသည္ လြင့္စင္
ကုန္သည္ ။ ေျမႀကီး ေျမမႈန္႔ေတြသည္လည္း
ပ်ံႏွံ႔ကုန္လ်က္ ။ လိေမၼာ္ပန္းေလးကေတာ့
ပြင့္လႊာေတြ အကုန္ေႂကြကုန္သည္ ။

Jiminသည္ ဂြၽန္ဟြာအင္းေရာ Jeonေရာကို
ေက်ာခိုင္းလိုက္သည္ ။ ေျခလွမ္း
အနည္းငယ္ လွမ္းၿပီးေနာက္....

" ေမာင္ !!! "
Jeon၏ စိုးရိမ္တႀကီး ေအာ္သံ နဲ႔အတူ
သူ လွည့္အၾကည့္ ပခုံးမွ စူးကနဲ ခံစား
လိုက္ရသည့္ နာက်င္မႈ ။

စီးက်လာသည့္ ေသြးစက္ေတြ ။
ယိုင္နဲ႔နဲ႔ ဂြၽန္ဟြာအင္းသည္ လက္ထဲမွ
ပန္းအိုး အကြဲစကို က်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ထားသည္ ။ Jiminကို ေသခ်ာ
စိုက္ၾကည့္ရင္း ထိုးစိုက္ထားသည့္
ပန္းအိုးအကြဲစကို ပိုၿပီး နစ္ဝင္ေအာင္
ထပ္ဖိ ထိုးသည္ ။ ထိုအခါမွ ရပ္ၾကည့္
ေနတဲ့ ကားဒ႐ိုင္ဘာက အေျပးလာဆြဲၿပီး
ေခၚသြားသည္ ။

" နင္ နဲ႔ ငါနဲ႔ မၿပီးေသးဘူး....ဟားဟား..! "
အ႐ူးတစ္ေယာက္လို ရယ္သြမ္းရင္း
ဂြၽန္ဟြာအင္းသည္ ထြက္သြားသည္ ။

Jiminသည္ ေသြးစက္စက္က်ေနေသာ
ပခုံးမွ ပန္းအိုးအကြဲစကို အံႀကိတ္ၿပီး
ဆြဲထုတ္လိုက္သည္ ။ Jeonကို ၾကည့္လိုက္
ေတာ့ ေ႐ွာ့ရေနသလိုျဖစ္ကာ ငုတ္တုတ္ေလး။

" Jeon!? "

" Jeon...Jeon ! ေမာင့္ကို ၾကည့္အုန္း.."

" ဒဏ္-ဒဏ္ရာ.."

" Jeon....စိတ္ကပ္အုန္း.."
Jiminသည္ လန္႔လာသည္ ။ Jeonသည္
သူ႕ကို မ်က္လုံးဝိုင္းႀကီးေတြကိုျဖင့္
ၾကည့္ေနကာ သတိလြတ္ေနသလို ။

" ေသြး-ေသြးေတြ..."

" Jeon...ေမာင့္ကို ၾကည့္..ေမာင့္ကို ၾကည့္ၿပီး
စကားေသခ်ာေျပာ.."

" ဟင့္..ေမာင္..နာသြားၿပီ..."
Jeonသည္ ပုံစံတမ်ိဳး ေျပာင္းသြားခဲ့သည္ ။
ေနာက္ေတာ့ ျဖဴေလ်ာ့လာရင္း အသက္
ခပ္ျပင္းျပင္း ႐ိႈက္ကာ ေမ့က်သြားသည္ ။

" Jeon !! "

မလႈပ္မယွက္ ျဖစ္ေနတဲ့ Jeonကို
Jiminသည္ ေသြးစက္စက္က်ေနေသာ
လက္ေမာင္းျဖင့္ ေပြ႕ကာ ကားေပၚ
အေျပးတင္ရန္ လုပ္သည္ ။

" သား...သား..ေဆး႐ုံ မေခၚသြားနဲ႔...
သူ အဆင္ေျပမွာ မဟုတ္ဘူး..သတင္းသမား
ေတြက.."

" ဒါဆို သူ႕ကို ဘယ္လိုလုပ္္ရမွာလဲ..."
Jimin၏ စကားတြင္ ႐ိႈက္သံညႇင္းညႇင္း
ပါလာသည္ ။

" ဆရာဝန္..ေခၚထားတယ္...လာပါ
အိမ္ထဲ သြားရေအာင္..သားလက္က
ဒဏ္ရာ- "

" သူက ပိုအ​ေရးႀကီးေနတယ္ ! အေမ...
သူတစ္ခုခု ျဖစ္လို႔မရဘူး.."

×
သတင္းေတြက ေတာမီးေလာင္သလိုမ်ိဳး
တစ္ႏိုင္ငံလုံးကို ပ်ံႏွံ႔သြားၿပီး သတင္းသမား
တိုင္းသည္ Jeonအိမ္ေတာ္၏ ေျဖ႐ွင္းမည့္ စကားသံကို ေစာင့္စားေနၾကသည္ ။

ျပည္ပမွ ဂြၽန္မင္ဂြၽန္းသည္ပင္ ကိုရီးယားကို
ဝင္လာဖို႔ အဆင္မေျပေတာ့ပဲ ျပည္ပတြင္သာ
ေခတၱေနထိုင္ေနရသည္ ။

" တစ္ပတ္..တစ္ပတ္ ႐ွိေနၿပီ...အခုထိ
မၿပီးေသးဘူးလား... "

ဂြၽန္ဟြာအင္း ေဘးတြင္ ပစၥည္းမ်ားစြာ
အစိတ္စိတ္အႁမႊာႁမႊာ ကြဲၿပဲေနသည္ ။
သူမသည္ အပ်က္အစီးမ်ားၾကားတြင္
ေဆးလိပ္တစ္လိပ္ကို ေသာက္ေနသည္ ။

" သခင္မႀကီး...ခြၽဲဟာယြန္း လာတယ္ "
ဂြၽန္ဟြာအင္း စိတ္ညစ္သြားသည္ ။
အဲ့မိန္းကေလးကို သူ ဘယ္လိုရင္ဆိုင္
ရမလဲ ။

" ဝင္ခိုင္းလိုက္..."

" Mrs Jeon..."

" ​...... "

" အသံတိတ္ မေနပါနဲ႔..ကြၽန္မ ႐ွင့္ကို
ျပႆနာ႐ွာဖို႔ လာတာ မဟုတ္ဘူး.."

ဂြၽန္ဟြာအင္းသည္ မ်က္ခုံးတစ္ခ်က္
ပင့္မိသြားသည္ ။

" ကြၽန္မတို႔ရဲ႕ အ႐ွက္နဲ႔ ဂုဏ္သိကၡာအတြက္
တန္ရာတန္ေၾကး တစ္ခုေတာ့ ျပန္ရသင့္တယ္
မဟုတ္လား.."

" မင္း ဘာလုပ္ခ်င္တာလဲ.."

" ကြၽန္မ ဘာလုပ္ခ်င္တာလဲဆိုေတာ့........"

×

" Jeon မွာ Trauma႐ွိတယ္...ငယ္ငယ္က
သူ႕အေမရဲ႕ Child abuseေတြေၾကာင့္...
အဲ့ဒါက ေသြးလန္႔စရာအေျခအေနတစ္ခုနဲ႔
ၾကဳံတဲ့အခါ ေပၚလာတတ္တယ္...
သီးျခား အေျခအေနတစ္ခုေပါ့..."

" အဲ့ဒီအခ်ိန္ဆို သူက စိတ္လြတ္ေနမွာ..
သူ ဘာလုပ္လို႔ ဘာလုပ္လိုက္မွန္းေတာင္
သိမွာမဟုတ္ဘူး..."

" ဒါေၾကာင့္ အခုတေလာ သူ႕ကို အေမ့အိမ္
မွာပဲ ထားထားရမယ္..မဟုတ္ရင္..."

" မဟုတ္ရင္ ဘာျဖစ္မလဲ သား.."

" သူ႕ Trauma ႐ုတ္တရက္ ထျဖစ္တဲ့အခါ
သူ ျပႆနာေတြ လုပ္မိေကာင္းလုပ္မိလိမ့္
မယ္..သူ အဲ့ဒါ ၿငိမ္ေနတာၾကာၿပီ..."

" သား ထိခိုက္တာကို ျမင္မွ ျပန္ေပၚလာခဲ့
တာေပါ့..သားကို ေတာ္ေတာ္ခ်စ္႐ွာတာပဲ..
ဒီကေလးေလးက.."

အိပ္ေပ်ာ္ေနတဲ့ Jeonကို ေငးၾကည့္ရင္း
Jiminသည္ အေမ့ကို ဘာမွ ျပန္​မေျပာခဲ့ပဲ
ႏႈတ္ခမ္းဖ်ား လႈပ္႐ုံေလးသာ ေရ႐ြတ္လိုက္
သည္ ။

" ေမာင္ ေတာင္းပန္ပါတယ္ "

×

အား႐ိုး႐ိုး...Updateၾကာသြားလို႔ ေခ်ာတီးပါ။
အခုတေလာက ေခါင္းတစ္ျခမ္းကိုက္တာ
ျပန္စေနလို႔ ဖုန္းကို အားစိုက္မကိုင္ႏိုင္တာ
ေၾကာင့္ စာ႐ိုက္ခ်ိန္ နည္းသြားတာပါ ။

စကားမစပ္..ဇာတ္လမ္းက စေတာ့မယ္ေနာ္
😀 ။

AlexandrinKim (832023)

Bạn đang đọc truyện trên: AzTruyen.Top