6
Unicode
မယုံနိုင်စရာ ကိစ္စအရပ်ရပ်တို့ကြောင့်
Jeonသည် အကြီးအကျယ် လန့်ခဲ့ရပါသည်။
ကျယ်ဝန်းသော အိပ်ရာပေါ်တွင်
တစ်ကိုယ်တည်း လှဲနေရင်း အတွေးတွေ
သည် မောင့်ဆီမှ သိခဲ့ရသည့် ကိစ္စများတွင်။
သူ့ နံဘေးတွင်လည်း လုပ်လက်စ စာရင်း
ဇယားများနဲ့ ပွင့်လျက်သား လက်ပ်တော့
တစ်လုံး ။
" ငါ ဘာလုပ်သင့်လဲ.."
သူ့ အမေသည် လူကောင်းတစ်ယောက်
မဟုတ်မှန်း သိပေမဲ့ ထိုမျှလောက်ထိ
ယုတ်မာ စဥ်းလဲလိမ့်မယ် လို့ သူမထင်ခဲ့ ။
တစ်စုံတစ်ယောက်ကို လိုချင်ခြင်းအတွက်
တစ်စုံတစ်ယောက်ရဲ့ဘဝကို လွယ်လွယ်ကူကူပဲ ဖျက်ဆီးခဲ့ခြင်းက သူ့ကို အံ့အားသင့်
စေသည် ။
" အဖေ့ကို လိုချင်တာနဲ့ မောင့် အမေကို.."
ခပ် ရှင်းရှင်းသာတွေးရရင် သူ့အမေဟာ
အချစ်အတွက် ရူးမိုက်ခဲ့သည်ပေါ့ ။
အချစ်အတွက် အသက်ပေးရဲသည် မဟုတ်
ပေမဲ့ အချစ်ကို ရဖို့ ဘာမဆို လုပ်ရဲတဲ့
မိန်းမတစ်ယောက်ဖြစ်သည်ပေါ့ ။
" အမေတောင်မှ အချစ်တစ်ခုအတွက်
ရူးမိုက်ခဲ့သေးတာပဲ..ကျုပ်ကရော ဘာလို့
မောင့်အတွက် မိုက်ရူးရဲ မဆန်ရဲရမှာလဲ.."
Jeonသည် အတွေးတို့ လက်ခဲနဲ ဝင်လာသည်။ ဘေးမှ အပေါ်ထပ် အင်္ကျီကို
ထပ်ဝတ်လိုက်ရင်း မပြီးပြတ်သေးသော
စာရင်းဇယားများကို လစ်လျှူရှုလိုက်
တော့သည် ။
သူအတွက် ဦးတည်ရာကား မောင့်တိုက်ခန်းမှ
လွဲ၍အခြား မရှိခဲ့ ။ တံခါးကို ရှိပြီးသား
သော့အပိုနဲ့ ဖွင့်ကာ ခပ်ဖွဖွ ဝင်လာခဲ့သည်။
တိုက်ခန်းတစ်ခုလုံးတိတ်ဆိတ်နေသော
ကြောင့် မောင် အပြင်များသွားလေလား ဟု
ထင်မိလိုက်သည် ။
သို့သော် အိပ်ခန်းဘက်မှ စီးကရက်နံ့ကြောင့်
မောင် ရှိနေမှန်း သိလိုက်ရသည် ။ သူ
အိပ်ခန်း တံခါးဖွင့်ပြီး ဝင်လာတာတောင်
မောင် သိလေရဲ့လား ။ ဆိုဖာပေါ်တွင်
မှီလှဲကာ ရှေ့ကို ခပ်ထွေထွေ ငေးနေသည့်
မောင်က အပေါ်ပိုင်း ဗလာကျင်း ။
စီးကရက်ကို ပြာခွက်ထဲ ဖိချေသည့်အခါတွင်
သူ့ကို မောင် သတိထားမိသွားသည် ။
ဖြတ်ခနဲ စူးရဲသွားသည့် မောင့်မျက်ဝန်းတွေက သားရဲအလား ။ ကြည်ပြာရောင်
ဆေးလိပ် ပြာခွက်သည် ချက်ချင်းပင်
သူ့ဆီကို တန်းတန်းမတ်မတ် ။ သူသည်
မရှောင်ခဲ့ပါ ။
ပြာခွက်သည် မျက်နှာကို မထိခဲ့သော်လည်း
ပခုံးတစ်ဖက်ကို အားပြင်းပြင်းဖြင့် ထိမှန်
သွားသည် ။ အသည်းခိုက်လုလု နာကျင်
သွားသော်လည်း အံသာ ကြိတ်မိလိုက်၏။
" ထွက်သွား...!!! "
မောင်သည် ခပ်ယိုင်ယိုင်ထလာကာ
သူ့ကို ကြမ်းတမ်းစွာ နှင်ထုတ်ပြန်သည် ။
" ညတွေ မအိပ်ဘူးလား...မောင်.."
မောင့်မျက်နှာသည် ချောင်ကျလျက် ။
နှုတ်ခမ်းတွေသည် သွေးမရှိသလိုပင်
ထင်ရကာ မျက်တွင်းတွေသည် ချိုင့်ကျလျက်။Jeonသည် မျက်နှာကို ခပ်ဖွဖွ
တို့ထိရင်း ဆိုလာသည် ။
" မင်း ထွက်သွားစမ်းကွာ !!! "
သူသည် Jeonကို အော်ဟစ် မောင်းထုတ်
မိသည် ။ အခုချိန်မှာ သူတစ်ယောက်တည်းသာ နေချင်မိတာကြောင့် ။
နေ့မအိပ် ညမအိပ် စုံစမ်းပြီးတဲ့နောက်
အဖြေတွေကို တိတိကျကျသိခဲ့ရပြီ ။
သက်သေအထောက်အထားတွေလည်း
လုံလုံလောက်လောက် ရခဲ့ပြီ ။
ထိုအချိန်တွင် သူသည် ပင်ပန်းတာတွေကို
အနားမယူတာကြောင့် တစ်ကိုယ်လုံးသည်
ချုံးချုံးကျနေခဲ့သည် ။ ဒီကြားထဲ Jeon
JungKookရဲ့ အချစ်တွေကိုလည်း တွန်းထုတ်နေရတာ ပိုပင်ပန်းလှသည် ။
Jeonသည် အခန်းပြင်ထွက်သွားသည်။
သူ မျက်ဝန်းတို့ ခေတ္တမှိတ်လိုက်သည် ။
သိပ်မကြာ သူ့အနားသို့ ပြန်ရောက်လာသည့်
ခြေသံကြောင့် စိတ်ရှုပ်စွာ မော့ကြည့်လိုက်
သည် ။
" Chamomile( ချာမိုမိုင်းလ်)ရေနွေးကြမ်း..
သောက်လိုက်ပါ..အဲ့ဒါက ကောင်းကောင်း
အိပ်ပျော်စေတယ်..."
အပူငွေ့တို့ တထောင်းထောင်း ထနေသည့်
ဖန်ခွက်ထဲက ရေနွေးကြမ်းတွေ ။
အနံ့သည် သင်းသင်းပေမဲ့ Jiminကိုတော့
စိတ်မကြည်လင်စေနိုင်ခဲ့ ။
" ဟာကွာ..!!! "
'ခွမ်း! ´
ကမ်းပေးနေသည့် ရေနွေးကြမ်းခွက်ကို
Jiminသည် လက်ပြန်ရိုက်ချလိုက်သည် ။
ပူလောင်နေသည့် ရေနွေးကြမ်းတွေသည်
Jeonလက်ပေါ်သို့ အကုန်မှောက်ကျသွား
သည် ။ Jeonသည် ရုတ်တရက် ပူလောင်မှု
ကြောင့် ခွက်ကိုပင် ပစ်ထုတ်လိုက်မိ၏ ။
" ငါ မင်းကို ထွက်သွားဖို့ ပြောနေတာလေ..
နားမလည်ဘူးလား !!!! "
အက်ကွဲမတတ် အော်ဟစ်ပြီးနောက်
Jiminသည် ခေတ္တငြိမ်သက်သွားသည် ။
ဒီတစ်ခါလည်း Jeonသည် ထွက်သွားပြီး
ပြန်ဝင်လာသည် ။
" မင်း..-"
" ဒီမှာ ရေနွေးကြမ်းကို ပူတုန်းလေး
သောက်ဖြစ်အောင်သောက်..."
ဖန်ခွက် အသစ်တစ်လုံးနဲ့ ရေနွေးကြမ်း
ဖန်ကရားလေးကို သူ့ဘေးက စားပွဲပေါ်တွင်
ချပေးပြီး ထွက်သွားလေသည် ။
ထပ်ပြီး ပြန်လာအုန်းမလားလို့ Jimin
စောင့်ကြည့်ပေမဲ့ Jeonသည် တကယ်
ထွက်သွားပုံရသည် ။ တိုက်ခန်းအတွင်းတွင်
နာရီသံမှလွဲ၍ အပ်ကျသံပင် ကြားရလောက်
အောင် တိတ်ဆိတ်သွားသည် ။
နာရီဝက်လောက် Jimin မျက်လုံး မှိတ်ထား
မိသည် ။ နှာသီးဖျားကို လာရောက်ရိုက်ခတ်
တဲ့ ရေနွေးကြမ်း၏ ခပ်သင်းသင်းအနံ့ ။
လုပ်နိုးလုပ်နိုးဖြင့် နောက်ဆုံး Jiminသည်
ဖန်ကရားကို ယူကာ ခွက်ထဲ ရေနွေးကြမ်း
အချို့ ငှဲ့လိုက်သည် ။ ချာမိုမိုင်းလ် ပန်းပွင့်
လေးတွေပင် ပါလာသေးသည် ။
ဖြည်းဖြည်းချင်း သောက်ရင်း နောက်ဆုံး
တစ်ခွက်ကုန်သွားသည် ။ Jimin
ဖန်ခွက်နှင့် ကရားကို ကိုင်ကာ အခန်းပြင်
သို့ထွက်ခဲ့သည် ။ မီးဖိုခန်းထဲ ဝင်ရန်အလုပ်
Jimin ခြေလှမ်းတို့ တုန့်သွားခဲ့သည် ။
မီးဖိုခန်းမှာ Jeonဟာ အဝကို ကျောပေး
လျက် ထ်ိုင်နေသည် ။ ဘေးမှာလည်း
ဆေးဘူးလေး တစ်ဘူးနှင့် ။ Jeonသည်
တီရှပ် ဝတ်ထားသည်မို့ Jeon လက်ချောင်း
တွေမှအစ လက်ဖျံအထိ အပူလောင်မှု
ကြောင့် ရဲပတောင်း ခတ်နေတာကို
မြင်နေရသည် ။
Jeonသည် ဆေးဘူးကို ဖွင့်သော်လည်း
လက်နာနေသောကြောင့်ထင့် ဖွင့်ရခက် ။
အပူလောင်တာက ညာဘက်လက်ဖြစ်သည်မို့
ပိုဆိုးသည် ။ အသားတွေသည် ယခုထက်ထိ
မီးမြှိုက်ခံနေရသလိုမျိုး တဆစ်ဆစ်နာကျင်
နေသည် ။ အထိပင် မခံနိုင် ။ လက်မောင်းရင်းကလည်း လှုပ်တာနဲ့ နာလှသည် ။
Jeonသည် မျက်ရည်တွေ ထိန်းမနိုင်တော့ပဲ
ပြိုကျလာခဲ့သည် ။ တရှုံ့ရှုံ့ ရှိုက်ငိုသံလေး
တွေသည် တစတစကျယ်လာကာ Jeon
ကျောပြင်သည် တသိမ့်သိမ့် တုန်လျက် ။
Jiminသည် အနောက်ကနေ ကြည့်နေရင်း
အသက်ရှုကျပ်လာသည် ။ ရင်ဘတ်ပေါ်ကို
တစ်ခုခု ဖိထားသလိုမျိုး လေးလံလာရင်း
Jeonကို ကြည့်လေ ရင်ထဲမှာ ပဲ့ကြွေမတတ်
နာကျင်လေပဲ ။
နောက်ဆုံး သည်းမခံနိုင်တဲ့ အဆုံး
Jeonနားကို အပြေးသွားကာ Jeonလက်ထဲမှ
ဆေးဘူးကို ဆွဲလုလိုက်သည် ။ Jeonသည်
ရုတ်တရက်မို့ လန့်သွားကာ မျက်ရည်တွေကို
အလျင်အမြန်သုတ်နေသည် ။ ထထွက်သွားဖို့ ပြင်သည့် Jeonကို ပြန်ထိုင်ခိုင်းကာ
သူကိုယ်တိုင် Jeonလက်ဖမိုးတွေကို
ယုယုယယ ဆွဲယူကာ နူးနူးညံ့ညံ့ ဆေးလိမ်း
ပေးမိသည် ။
Jeonသည် ဆေးလိမ်းပေးနေသည့် မောင့်ကို
ငေးရင်း မျက်ရည်ဥတွေသည် တစ်လုံးချင်း
ပြန်လည်ကြွေကျလာသည် ။ မောင်သည်
သေသေချာချာ ဆေးလူးပေးပြီးနောက်
သူ့ကို ကျောပေးကာ ဘေစင်ကို
လက်ထောက်ထားသည် ။
သူ မောင့်ကျောပြင်ကို ငေးရင်း မနေနိုင်
လွန်းစွာ အပြေးဖက်လိုက်သည် ။
မောင်သည် တွန့်ခနဲ ဖြစ်သွားသော်လည်း
အရင်လို ကြမ်းကြမ်းတမ်းတမ်း
မတွန်းဖယ်ခဲ့ပါ ။
" ချစ်လွန်းလို့ပါ..အပြစ်မမြင်ပါနဲ့..."
ရှိုက်ကြီးတငင်သာ Jeon ဆိုမိ၏ ။
မယုံနိုင်စရာ မောင်သည် သူ့ဘက်ကို
ပြန်လှည့်လာကာ ခပ်တင်းတင်း
ပြန်ထွေးပွေ့သည် ။ သူ့ ဆံစတွေကို
ခပ်ဖွဖွ နမ်းရှိုက်ရင်း မောင်ဟာ အသံတိတ်
ကြေကွဲနေသယောင် ။ Jeonသာ မခံစားမိ
ခဲ့တာ ပခုံးပေါ်က စွတ်စိုမှုတွေကို ။
အထိန်းအကွပ်မဲ့ မျက်ရည်တွေ Jimin
ကျဆင်းနေခဲ့၏ ။ ခပ်တင်းတင်း ပွေ့ဖက်
ထားရင်း Jiminသည် ခံစားချက်တွေ
ပြင်းထန်နေသည့် သဏ္ဍာန် ။ သူ့မျက်ရည်
တွေကို Jeonအား မပြချင်ခဲ့ပါ ။
ထို့ကြောင့် အသံတိတ် ကြိတ်ငိုရင်းသာ ။
သူတို့ အချိန်တစ်ခုအထိ နစ်ဝင်မတတ်
ဖက်ထားခဲ့ကြသည် ။ မျက်ရည်စက်တွေ
သည် နှစ်ဦးနှစ်ဖက်လုံးမှ အစီစီအရီရီ ။
စကားတစ်ခွန်းမျှ မဆိုကြပဲ နှစ်ဦးသား
ကိုယ်စီကိုယ်စီ ကြေကွဲနေကြသည် ။
လေထုက ယနေ့မှ ဆွေးမြည့်နေသယောင်။
" မောင်...ကျုပ်ကို ချစ်လား..."
အရင်လို ခါးခါးတူးတူး မငြင်းဘဲ
မောင်သည် မျက်နှာလွှဲသွားသည် ။
ဒီနှစ်ထဲ မောင့်နားမှာ သူ ကုတ်ကပ်နေခြင်း
အကြောင်းပြချက်သည် ထိုအချက်ကြောင့်
လည်း ပါသည် ။
ချစ်လားလို့ မေးမိတိုင်း မောင်သည်
ခါးခါးတူးတူး ငြင်းဆန်သော်လည်း
မောင့်မျက်ဝန်းတွေသည် နှုတ်နှင့်
ဆန့်ကျင်နေတာကို သူဖမ်းမိခဲ့သည် ။
ဒါကြောင့် သေချာအောင် သူ အကြိမ်ကြိမ်
ပြုခဲ့သည် ၊ ဆန်းစစ်ခဲ့သည် ။ မောင်သည်
သတိမထားမိပေမဲ့ သူ့အတွက်တော့
ခိုင်မာသည့် အကြောင်းက ရှိနေခဲ့ပြီ ။
" ချစ်တယ်မလား...ကျုပ်ကို ချစ်နေရက်
သားနဲ့..ဘယ်အချိန်ထိ ဖုံးကွယ်ထားမို့လဲ..
မောင်..."
Jiminသည် မလုံမလဲဖြင့် Jeonကို
မျက်နှာချင်းမဆိုင်ပေ ။
" မင်း အထင်လွဲနေ- "
" မောင့် မျက်ဝန်းတွေက လိမ်မရဘူး..မောင်"
မောင်သည် မည်သည့်တုန့်ပြန်စကားမှ
မဆိုပဲ အင်္ကျီတစ်ထည်ကောက်စွပ်ကာ
နီရဲရဲ အိပ်ရာထဲလှဲချပြီး အိပ်ရန်ပြင်နေတော့
သည် ။ Jeonသည် မောင့်ဘေးဝင်လှဲရင်း
မောင့် မျက်နှာအစိတ်အပိုင်းတိုင်းကို
အမြတ်တနိုးငေးကာ နေမိတော့သည် ။
×
" သမီးကို သူ့အမေ မရှိတော့ကတည်းက
ဦး တစ်ယောက်ပဲ ပြုစုပျိုးထောင်လာရတာ.
အခုလို မောင်ရင့်လို လူတော်တစ်ယောက်ဆီ
အပ်ရမှာဆိုတော့ ကျုပ်ပိုလို့တောင်
စိတ်ချတာပေါ့ "
Jeonသည် သက်ပြင်းကို မသိမသာချ၏ ။
အကြည့်တို့သည် သူ့ရှေ့က အနီရောင်ဝိုင်
တွေကိုသာ ငေးစိုက်နေ၏ ။ အခု သူသည်
နှစ်ဖက် မိသားစု ထမင်းစားဝိုင်းဟုခေါ်သည့်
နေရာတွင် ဖြစ်သည် ။ သူ့ဘေးနားတွင်
သူနဲ့ လက်ထပ်ရမည့်အမျိုးသမီး ချွဲဟာယွန်း
ရှိနေသည် ။
" JungKookလည်း ဟာယွန်းလေးကို
သဘောကျတယ်မလား "
သူ့မျက်နှာချင်းဆိုင်မှာ ရှိနေသည့်
ချွဲဟာယွန်း အဖေ၏ အမေးကို Jeon
ပွင့်ပွင့်လင်းလင်းသာ ဖြေရရင်
" လုံးဝ သဘောမကျပါဘူး " ဟူ၍ဖြစ်မည် ။
သူ့ဘဝမှာ သဘောကျတာ မောင်ကလွဲ၍မရှိ။
သို့သော် သူ့အမေ၏ ခပ်စူးစူးအကြည့်တို့
ကြောင့် သူပြောချင်သည့် စကားများကို
အတွေးထဲတင်သာ ဖျောက်လိုက်ရသည် ။
" သဘောကျပါတယ် "
ထိုအဖြေကိုကြားတော့ ဟာယွန်းက
ရှက်ပြုံးပြုံးလိုက်သလို သူ့အမေသည်လည်း
လှစ်ခနဲ ပြုံး၏ ။ Mr.Choiကတော့
သဘောတကျ ရယ်လေသည် ။ ရယ်ဖို့
မပြောနှင့် ပြုံးပင်မပြုံးနိုင်သူကတော့
အဖြေစကားပိုင်ရှင် သူ ပင်ဖြစ်သည် ။
ချွဲမိသားစုကို နှုတ်ဆက်ပြီးနောက်
သူတို့နှစ်ယောက်လည်း ပြန်လာခဲ့သည် ။
အဖေကတော့ အလုပ်ကိစ္စကြောင့် ပြည်ပ
ရောက်နေသည်မို့ မလာနိုင်ခဲ့တာဖြစ်သည် ။
" နင် အခုလို အဆင်ပြေအောင် လုပ်ခဲ့တာ
ငါ သိပ် ကျေးဇူးတင်တယ် "
" အမေ ပျော်နေတယ်မလား..သူတစ်ပါး
စိတ်ဆင်းရဲလေ အမေပျော်လေ မလား.."
" နင် ဘာစကားပြောတာလဲ..Jeon
JungKook! "
ကား နောက်ခန်းတွင် Jeonသားအမိ
နှစ်ယောက်သည် အစွန်းတစ်ဖက်စီတွင်
ဖြစ်သည် ။ Jeonသည် ကားမှန်ကို
ခပ်လေးလေး မှီထားသည် ။
" အခုလို လုပ်တာ နင်လည်း အကျိုးရမဲ့
ကိစ္စ...အဲ့ဒါကို နင် ဖျက်လိုဖျက်ဆီး
မလုပ်နဲ့..."
" အကျိုးရတယ်..ခင်ဗျားအတွက်ပဲ
အကျိုးရနေတာလေ ! "
" နင် ငါ့ကို ဘယ်လို သုံးနှုန်းလိုက်တာလဲ..
ငါ နင့် အမေနော် !! "
" အမေဆန်ခဲ့ဖူးလို့လား..ကိုယ့် အတ္တ
အတွက်ပဲ ကိုယ်သိခဲ့တာ မလား !! "
" Jeon JungKook !!! "
ဂျွန်ဟွာအင်းသည် လက် ရွယ်လိုက်စဥ်
ကားသည် ရှေ့မှာ အရှိန်နှင့် ကွေ့လာသည့်
ကားနှင့် ဝင်ဆောင့်မိသည် ။
" ကားကို ဘယ်လို မောင်းတာလဲ !! "
" တောင်းပန်ပါတယ်..ရှေ့က ရုတ်တရက်
ကွေ့လာလို့..."
Jeonလှမ်းကြည့်လိုက်သည် ။ ရှေ့က
ကားက ပြိုင်ကား အဝါလေး ။ ပူခနဲ
ဖြစ်သွားသည့် သွေးများ ။ ထို ပြိုင်ကား
အဝါရောင်သည် တစ်စီးဆို တစ်စီးပဲ
ထွက်သည့် Limited ဖြစ်သည် ။
ထို တစ်စီးကိုပဲ လက်ရှိ စီးနေသူက..။
မနှောင်းမကြာ အဝါရောင် ပြိုင်ကားပေါ်က
ဆင်းချလာသည့် မောင် ။
Jeonသည် ကား အပြင်ကို ထွက်လိုက်သည်။
" သခင်လေး ရတယ် ကျွန်တော် ပြောကြည့်
လိုက်ပါ့မယ် "
Driverက ပြာပြာသလဲ ဝင်တားသည် ။
" လင် တွေ့တော့ မနေနိုင်ဘူး...ချက်ချင်း
ပြေးတွေ့တယ်ပေါ့..ဟက်.."
ဂျွန်ဟွာအင်းပါ ကားပေါ်က ဆင်းလာရင်း
သူ့ကို ခပ်ရွဲ့ရွဲ့ ဆိုသည် ။
သို့သော် Jeonသည် ထိုစကားထက်
သူတို့ရှေ့က မောင်ကိုသာ အာရုံရသည် ။
မှောင်စပြုနေသည့် ညခင်းနှင့် ရွှေအိုရောင်
အင်္ကျီဝတ်ထားသည့် မောင်က ည၏
ကြယ်တစ်ပွင့် သဖွယ်ပင် ။
မောင်သည် ပြိုင်ကားကို သေသေချာချာ
စစ်ဆေးနေသည် ။ ဘာမှ မထိခိုက်သွားတာ
သေချာမှ သူတို့ဘက်ကို လှည့်လာသည် ။
သူ့ထက် သူ့အမေကို မြင်တော့ မောင့်
မျက်ဝန်းတွေ စူးရဲလာသည် ။
" ငါ့ကားတော့ နည်းနည်းချိုင့်သွားပြီ..
ကောင်လေး..ဒီကား ဘယ်လောက်
စျေးရှိလဲ မင်းသိ- "
" ဘယ်လောက် ပေးရမလဲသာ ပြောလိုက် "
မောင်ရဲ့ ကြားဖြတ်စကားကြောင့်
ဟွာအင်းသည် မျက်ခုံးတို့ တွန့်ချိုးသွားသည်။
" သူများ စကားပြောတုန်း ဖြတ်မပြောရဘူး
ဆိုတာ မင်းမိဘတွေ မသင်ထားပေးဘူးလား"
" သူတစ်ပါးပိုင် ပစ္စည်းကိုရော မလုယူ
ရဘူးဆိုတာ ဒီက အမျိုးသမီးရဲ့မိဘကလည််း
မသင်ထားပေးဘူးထင်တယ်.."
" နင် နင်..ဘာစကားပြောတာလဲ..!! "
" Opps..စပ်သွားတာလား..အနာရှိတဲ့ပုံပဲ
နော်.."
မောင်သည် မခိုးမခန့်ပြောရင်း ဟွာအင်းကို
ကြည့်ကာ ရဲရဲတင်းတင်း စိန်ခေါ်သည် ။
ဂျွန်ဟွာအင်းသည်လည်း မော်ချီနေအောင်
ပြန်ကြည့်ကာ " စိန်လိုက်လေ " ဆိုသည့်
သဘော ။
" အော် ဒါနဲ့ ကြုံတုန်း ဒါလေး..."
မောင်သည် ဟွာအင်း တည့်တည့်ကို
လျှောက်လာပြီး ဟွာအင်း လက်ထဲသို့
ဓာတ်ပုံတစ်ခုထည့်ပေးလိိုက်သည် ။
အတိအကျဆိုသော် ထိုပုံသည်
ပတ်ခ်ဗြောင်ဟို ပိုက်ဆံအိတ်မှ ရသည့်
ဓာတ်ပုံ မိတ္တူဖြစ်သည် ။
" နင်..ဒါကို ဘယ်ကရတာလဲ.."
ဟွာအင်းသည် မျက်လုံးပြူးမျက်စံပြူးဖြင့်
မေးသည် ။
" တစ်စုံတစ်ယောက်က အစွဲအလမ်းကြီးကြီး
သိမ်းထားတာကိုးး.."
" နင် ငါ့ကို ဘာလုပ်ချင်နေတာလဲ !! "
ဂျွန်ဟွာအင်းသည် စိတ်လွတ်သည့်အလား
မောင့်အင်္ကျီစတို့ကို ကိုင်ကာ ဆွဲရမ်းလေ
သည် ။
" မောင့်ကို မလုပ်နဲ့ ! "
'ဖြောင်း !! ´
Jeonသည် မောင်နှင့် သူ့အမေကြားကို
ဝင်ဆွဲသည် ။ ထိုအတွက်ရလိုက်တာက
သူ့အမေဆီမှ ပြင်းထန်လှသည့် ရိုက်ချက်။
" လင်ထရူးနေတဲ့ အကောင် !! "
ဓာတ်ပုံကို အပိုင်းပိုင်း အစစဖြစ်အောင်
ဖြဲဆုတ်ကာဟမောင့်ရှေ့က Jeonကို
ပစ်ပေါက်လိုက်ပြီး ကားပေါ်တက်သွားသည်။
" မောင်းတော့ "
" သခင်မကြီး..သခင်လေးက- "
" ထားခဲ့လိုက် ! မောင်းဆိုမောင်းလိုက် !! "
ထို့နောက် လမ်းမပေါ်ဝယ် သူရယ် မောင်ရယ်
အဝါရောင် ပြိုင်ကားလေးရယ်သာ ကျန်ခဲ့
သည် ။Jeonသည် ဖုန်းတစ်လုံးပဲ ပါသည်မို့
ကြည့်ရတာ အိမ်ကနေ ကားတစ်စီး
လွှတ်ခိုင်းရမည့်ပုံ ။
ဖုန်းဆက်ဖို့ ပြင်နေတုန်း မောင့်ကို ကြည့်မိ
တော့ ကားရှေ့ဖုံးပေါ်ထိုင်ကာ သူ့ကို
စိုက်ကြည့်နေသည် ။ သူတို့နောက်ဆုံး
တွေ့ဖြစ်ခဲ့တာကို ပြန်စဥ်းစားကြည့်ရင်
လွန်ခဲ့သည့် တစ်ပတ်က ဖြစ်သည် ။
လက်ထပ်ပွဲ ကိစ္စတွေ ရှုပ်နေသည်မို့
မောင့်ဆီ သူ ခြေဦး မလှည့်နိုင်ခဲ့ ။
သူသည် ခေါင်းဆတ်ပြလိုက်သည် ။
" မသွားသေးဘူးလား " ဆိုသည့်သဘော ။
ထိုအခါ မောင်သည် ရှေ့ဖုံးပေါ်က ဆင်းရင်း
သော့ကို လှည့်ကာ ကားထဲ ဝင်သွားသည် ။
နောက်တော့ မောင်းသူ ဘေးနေရာဘက်က
ကားတံခါးသည် ပွင့်လာသည် ။ အစကတော့
သူ ကြောင်ပြီး ကြည့်နေခဲ့ပေမဲ့ နောက်တော့
အချက်သိကာ ကားထဲ ဝင်ထိုင်လိုက်သည် ။
" ကျေးဇူးပဲ မောင် "
မောင့်နားကို တိုးရင်း မောင့်ပါးကို ခပ်ဖွဖွ
နမ်းကာဆိုလိုက်သည် ။ ထိုအခါမောင်က
လှစ်ခနဲပြုံးလေရဲ့ ။
×
နှစ်ရက်လောက် အလုပ်လေး ရှုပ်သွားလို့
အခုမှ Wattpadဘက် ခြေဦးလှည့်ဖြစ်တာ
ချိတူတို့ရေ 😭 ။ အပ်ပုဒိတ် ပိစိလေး
ကြာသွားလို့ စိတ်မကောက်ကြပါနဲ့နော်🥺 ။
AlexandrineKim(322023)
Zawgyi
မယုံႏိုင္စရာ ကိစၥအရပ္ရပ္တို႔ေၾကာင့္
Jeonသည္ အႀကီးအက်ယ္ လန္႔ခဲ့ရပါသည္။
က်ယ္ဝန္းေသာ အိပ္ရာေပၚတြင္
တစ္ကိုယ္တည္း လွဲေနရင္း အေတြးေတြ
သည္ ေမာင့္ဆီမွ သိခဲ့ရသည့္ ကိစၥမ်ားတြင္။
သူ႕ နံေဘးတြင္လည္း လုပ္လက္စ စာရင္း
ဇယားမ်ားနဲ႔ ပြင့္လ်က္သား လက္ပ္ေတာ့
တစ္လုံး ။
" ငါ ဘာလုပ္သင့္လဲ.."
သူ႕ အေမသည္ လူေကာင္းတစ္ေယာက္
မဟုတ္မွန္း သိေပမဲ့ ထိုမွ်ေလာက္ထိ
ယုတ္မာ စဥ္းလဲလိမ့္မယ္ လို႔ သူမထင္ခဲ့ ။
တစ္စုံတစ္ေယာက္ကို လိုခ်င္ျခင္းအတြက္
တစ္စုံတစ္ေယာက္ရဲ႕ဘဝကို လြယ္လြယ္ကူကူပဲ ဖ်က္ဆီးခဲ့ျခင္းက သူ႕ကို အံ့အားသင့္
ေစသည္ ။
" အေဖ့ကို လိုခ်င္တာနဲ႔ ေမာင့္ အေမကို.."
ခပ္ ႐ွင္း႐ွင္းသာေတြးရရင္ သူ႕အေမဟာ
အခ်စ္အတြက္ ႐ူးမိုက္ခဲ့သည္ေပါ့ ။
အခ်စ္အတြက္ အသက္ေပးရဲသည္ မဟုတ္
ေပမဲ့ အခ်စ္ကို ရဖို႔ ဘာမဆို လုပ္ရဲတဲ့
မိန္းမတစ္ေယာက္ျဖစ္သည္ေပါ့ ။
" အေမေတာင္မွ အခ်စ္တစ္ခုအတြက္
႐ူးမိုက္ခဲ့ေသးတာပဲ..က်ဳပ္ကေရာ ဘာလို႔
ေမာင့္အတြက္ မိုက္႐ူးရဲ မဆန္ရဲရမွာလဲ.."
Jeonသည္ အေတြးတို႔ လက္ခဲနဲ ဝင္လာသည္။ ေဘးမွ အေပၚထပ္ အက်ႌကို
ထပ္ဝတ္လိုက္ရင္း မၿပီးျပတ္ေသးေသာ
စာရင္းဇယားမ်ားကို လစ္လွ်ဴ႐ႈလိုက္
ေတာ့သည္ ။
သူအတြက္ ဦးတည္ရာကား ေမာင့္တိုက္ခန္းမွ
လြဲ၍အျခား မ႐ွိခဲ့ ။ တံခါးကို ႐ွိၿပီးသား
ေသာ့အပိုနဲ႔ ဖြင့္ကာ ခပ္ဖြဖြ ဝင္လာခဲ့သည္။
တိုက္ခန္းတစ္ခုလုံးတိတ္ဆိတ္ေနေသာ
ေၾကာင့္ ေမာင္ အျပင္မ်ားသြားေလလား ဟု
ထင္မိလိုက္သည္ ။
သို႔ေသာ္ အိပ္ခန္းဘက္မွ စီးကရက္နံ႔ေၾကာင့္
ေမာင္ ႐ွိေနမွန္း သိလိုက္ရသည္ ။ သူ
အိပ္ခန္း တံခါးဖြင့္ၿပီး ဝင္လာတာေတာင္
ေမာင္ သိေလရဲ႕လား ။ ဆိုဖာေပၚတြင္
မွီလွဲကာ ေ႐ွ႕ကို ခပ္ေထြေထြ ေငးေနသည့္
ေမာင္က အေပၚပိုင္း ဗလာက်င္း ။
စီးကရက္ကို ျပာခြက္ထဲ ဖိေခ်သည့္အခါတြင္
သူ႕ကို ေမာင္ သတိထားမိသြားသည္ ။
ျဖတ္ခနဲ စူးရဲသြားသည့္ ေမာင့္မ်က္ဝန္းေတြက သားရဲအလား ။ ၾကည္ျပာေရာင္
ေဆးလိပ္ ျပာခြက္သည္ ခ်က္ခ်င္းပင္
သူ႕ဆီကို တန္းတန္းမတ္မတ္ ။ သူသည္
မေ႐ွာင္ခဲ့ပါ ။
ျပာခြက္သည္ မ်က္ႏွာကို မထိခဲ့ေသာ္လည္း
ပခုံးတစ္ဖက္ကို အားျပင္းျပင္းျဖင့္ ထိမွန္
သြားသည္ ။ အသည္းခိုက္လုလု နာက်င္
သြားေသာ္လည္း အံသာ ႀကိတ္မိလိုက္၏။
" ထြက္သြား...!!! "
ေမာင္သည္ ခပ္ယိုင္ယိုင္ထလာကာ
သူ႕ကို ၾကမ္းတမ္းစြာ ႏွင္ထုတ္ျပန္သည္ ။
" ညေတြ မအိပ္ဘူးလား...ေမာင္.."
ေမာင့္မ်က္ႏွာသည္ ေခ်ာင္က်လ်က္ ။
ႏႈတ္ခမ္းေတြသည္ ေသြးမ႐ွိသလိုပင္
ထင္ရကာ မ်က္တြင္းေတြသည္ ခ်ိဳင့္က်လ်က္။Jeonသည္ မ်က္ႏွာကို ခပ္ဖြဖြ
တို႔ထိရင္း ဆိုလာသည္ ။
" မင္း ထြက္သြားစမ္းကြာ !!! "
သူသည္ Jeonကို ေအာ္ဟစ္ ေမာင္းထုတ္
မိသည္ ။ အခုခ်ိန္မွာ သူတစ္ေယာက္တည္းသာ ေနခ်င္မိတာေၾကာင့္ ။
ေန႔မအိပ္ ညမအိပ္ စုံစမ္းၿပီးတဲ့ေနာက္
အေျဖေတြကို တိတိက်က်သိခဲ့ရၿပီ ။
သက္ေသအေထာက္အထားေတြလည္း
လုံလုံေလာက္ေလာက္ ရခဲ့ၿပီ ။
ထိုအခ်ိန္တြင္ သူသည္ ပင္ပန္းတာေတြကို
အနားမယူတာေၾကာင့္ တစ္ကိုယ္လုံးသည္
ခ်ံဳးခ်ံဳးက်ေနခဲ့သည္ ။ ဒီၾကားထဲ Jeon
JungKookရဲ႕ အခ်စ္ေတြကိုလည္း တြန္းထုတ္ေနရတာ ပိုပင္ပန္းလွသည္ ။
Jeonသည္ အခန္းျပင္ထြက္သြားသည္။
သူ မ်က္ဝန္းတို႔ ေခတၱမွိတ္လိုက္သည္ ။
သိပ္မၾကာ သူ႕အနားသို႔ ျပန္ေရာက္လာသည့္
ေျခသံေၾကာင့္ စိတ္႐ႈပ္စြာ ေမာ့ၾကည့္လိုက္
သည္ ။
" Chamomile( ခ်ာမိုမိုင္းလ္)ေရေႏြးၾကမ္း..
ေသာက္လိုက္ပါ..အဲ့ဒါက ေကာင္းေကာင္း
အိပ္ေပ်ာ္ေစတယ္..."
အပူေငြ႕တို႔ တေထာင္းေထာင္း ထေနသည့္
ဖန္ခြက္ထဲက ေရေႏြးၾကမ္းေတြ ။
အနံ႔သည္ သင္းသင္းေပမဲ့ Jiminကိုေတာ့
စိတ္မၾကည္လင္ေစႏိုင္ခဲ့ ။
" ဟာကြာ..!!! "
'ခြမ္း! ´
ကမ္းေပးေနသည့္ ေရေႏြးၾကမ္းခြက္ကို
Jiminသည္ လက္ျပန္႐ိုက္ခ်လိုက္သည္ ။
ပူေလာင္ေနသည့္ ေရေႏြးၾကမ္းေတြသည္
Jeonလက္ေပၚသို႔ အကုန္ေမွာက္က်သြား
သည္ ။ Jeonသည္ ႐ုတ္တရက္ ပူေလာင္မႈ
ေၾကာင့္ ခြက္ကိုပင္ ပစ္ထုတ္လိုက္မိ၏ ။
" ငါ မင္းကို ထြက္သြားဖို႔ ေျပာေနတာေလ..
နားမလည္ဘူးလား !!!! "
အက္ကြဲမတတ္ ေအာ္ဟစ္ၿပီးေနာက္
Jiminသည္ ေခတၱၿငိမ္သက္သြားသည္ ။
ဒီတစ္ခါလည္း Jeonသည္ ထြက္သြားၿပီး
ျပန္ဝင္လာသည္ ။
" မင္း..-"
" ဒီမွာ ေရေႏြးၾကမ္းကို ပူတုန္းေလး
ေသာက္ျဖစ္ေအာင္ေသာက္..."
ဖန္ခြက္ အသစ္တစ္လုံးနဲ႔ ေရေႏြးၾကမ္း
ဖန္ကရားေလးကို သူ႕ေဘးက စားပြဲေပၚတြင္
ခ်ေပးၿပီး ထြက္သြားေလသည္ ။
ထပ္ၿပီး ျပန္လာအုန္းမလားလို႔ Jimin
ေစာင့္ၾကည့္ေပမဲ့ Jeonသည္ တကယ္
ထြက္သြားပုံရသည္ ။ တိုက္ခန္းအတြင္းတြင္
နာရီသံမွလြဲ၍ အပ္က်သံပင္ ၾကားရေလာက္
ေအာင္ တိတ္ဆိတ္သြားသည္ ။
နာရီဝက္ေလာက္ Jimin မ်က္လုံး မွိတ္ထား
မိသည္ ။ ႏွာသီးဖ်ားကို လာေရာက္႐ိုက္ခတ္
တဲ့ ေရေႏြးၾကမ္း၏ ခပ္သင္းသင္းအနံ႔ ။
လုပ္ႏိုးလုပ္ႏိုးျဖင့္ ေနာက္ဆုံး Jiminသည္
ဖန္ကရားကို ယူကာ ခြက္ထဲ ေရေႏြးၾကမ္း
အခ်ိဳ႕ ငွဲ႔လိုက္သည္ ။ ခ်ာမိုမိုင္းလ္ ပန္းပြင့္
ေလးေတြပင္ ပါလာေသးသည္ ။
ျဖည္းျဖည္းခ်င္း ေသာက္ရင္း ေနာက္ဆုံး
တစ္ခြက္ကုန္သြားသည္ ။ Jimin
ဖန္ခြက္ႏွင့္ ကရားကို ကိုင္ကာ အခန္းျပင္
သို႔ထြက္ခဲ့သည္ ။ မီးဖိုခန္းထဲ ဝင္ရန္အလုပ္
Jimin ေျခလွမ္းတို႔ တုန္႔သြားခဲ့သည္ ။
မီးဖိုခန္းမွာ Jeonဟာ အဝကို ေက်ာေပး
လ်က္ ထ္ိဳင္ေနသည္ ။ ေဘးမွာလည္း
ေဆးဘူးေလး တစ္ဘူးႏွင့္ ။ Jeonသည္
တီ႐ွပ္ ဝတ္ထားသည္မို႔ Jeon လက္ေခ်ာင္း
ေတြမွအစ လက္ဖ်ံအထိ အပူေလာင္မႈ
ေၾကာင့္ ရဲပေတာင္း ခတ္ေနတာကို
ျမင္ေနရသည္ ။
Jeonသည္ ေဆးဘူးကို ဖြင့္ေသာ္လည္း
လက္နာေနေသာေၾကာင့္ထင့္ ဖြင့္ရခက္ ။
အပူေလာင္တာက ညာဘက္လက္ျဖစ္သည္မို႔
ပိုဆိုးသည္ ။ အသားေတြသည္ ယခုထက္ထိ
မီးၿမႇိဳက္ခံေနရသလိုမ်ိဳး တဆစ္ဆစ္နာက်င္
ေနသည္ ။ အထိပင္ မခံႏိုင္ ။ လက္ေမာင္းရင္းကလည္း လႈပ္တာနဲ႔ နာလွသည္ ။
Jeonသည္ မ်က္ရည္ေတြ ထိန္းမႏိုင္ေတာ့ပဲ
ၿပိဳက်လာခဲ့သည္ ။ တ႐ႈံ႕႐ႈံ႕ ႐ိႈက္ငိုသံေလး
ေတြသည္ တစတစက်ယ္လာကာ Jeon
ေက်ာျပင္သည္ တသိမ့္သိမ့္ တုန္လ်က္ ။
Jiminသည္ အေနာက္ကေန ၾကည့္ေနရင္း
အသက္႐ႈက်ပ္လာသည္ ။ ရင္ဘတ္ေပၚကို
တစ္ခုခု ဖိထားသလိုမ်ိဳး ေလးလံလာရင္း
Jeonကို ၾကည့္ေလ ရင္ထဲမွာ ပဲ့ေႂကြမတတ္
နာက်င္ေလပဲ ။
ေနာက္ဆုံး သည္းမခံႏိုင္တဲ့ အဆုံး
Jeonနားကို အေျပးသြားကာ Jeonလက္ထဲမွ
ေဆးဘူးကို ဆြဲလုလိုက္သည္ ။ Jeonသည္
႐ုတ္တရက္မို႔ လန္႔သြားကာ မ်က္ရည္ေတြကို
အလ်င္အျမန္သုတ္ေနသည္ ။ ထထြက္သြားဖို႔ ျပင္သည့္ Jeonကို ျပန္ထိုင္ခိုင္းကာ
သူကိုယ္တိုင္ Jeonလက္ဖမိုးေတြကို
ယုယုယယ ဆြဲယူကာ ႏူးႏူးညံ့ညံ့ ေဆးလိမ္း
ေပးမိသည္ ။
Jeonသည္ ေဆးလိမ္းေပးေနသည့္ ေမာင့္ကို
ေငးရင္း မ်က္ရည္ဥေတြသည္ တစ္လုံးခ်င္း
ျပန္လည္ေႂကြက်လာသည္ ။ ေမာင္သည္
ေသေသခ်ာခ်ာ ေဆးလူးေပးၿပီးေနာက္
သူ႕ကို ေက်ာေပးကာ ေဘစင္ကို
လက္ေထာက္ထားသည္ ။
သူ ေမာင့္ေက်ာျပင္ကို ေငးရင္း မေနႏိုင္
လြန္းစြာ အေျပးဖက္လိုက္သည္ ။
ေမာင္သည္ တြန္႔ခနဲ ျဖစ္သြားေသာ္လည္း
အရင္လို ၾကမ္းၾကမ္းတမ္းတမ္း
မတြန္းဖယ္ခဲ့ပါ ။
" ခ်စ္လြန္းလို႔ပါ..အျပစ္မျမင္ပါနဲ႔..."
႐ိႈက္ႀကီးတငင္သာ Jeon ဆိုမိ၏ ။
မယုံႏိုင္စရာ ေမာင္သည္ သူ႕ဘက္ကို
ျပန္လွည့္လာကာ ခပ္တင္းတင္း
ျပန္ေထြးေပြ႕သည္ ။ သူ႕ ဆံစေတြကို
ခပ္ဖြဖြ နမ္း႐ိႈက္ရင္း ေမာင္ဟာ အသံတိတ္
ေၾကကြဲေနသေယာင္ ။ Jeonသာ မခံစားမိ
ခဲ့တာ ပခုံးေပၚက စြတ္စိုမႈေတြကို ။
အထိန္းအကြပ္မဲ့ မ်က္ရည္ေတြ Jimin
က်ဆင္းေနခဲ့၏ ။ ခပ္တင္းတင္း ေပြ႕ဖက္
ထားရင္း Jiminသည္ ခံစားခ်က္ေတြ
ျပင္းထန္ေနသည့္ သ႑ာန္ ။ သူ႕မ်က္ရည္
ေတြကို Jeonအား မျပခ်င္ခဲ့ပါ ။
ထို႔ေၾကာင့္ အသံတိတ္ ႀကိတ္ငိုရင္းသာ ။
သူတို႔ အခ်ိန္တစ္ခုအထိ နစ္ဝင္မတတ္
ဖက္ထားခဲ့ၾကသည္ ။ မ်က္ရည္စက္ေတြ
သည္ ႏွစ္ဦးႏွစ္ဖက္လုံးမွ အစီစီအရီရီ ။
စကားတစ္ခြန္းမွ် မဆိုၾကပဲ ႏွစ္ဦးသား
ကိုယ္စီကိုယ္စီ ေၾကကြဲေနၾကသည္ ။
ေလထုက ယေန႔မွ ေဆြးျမည့္ေနသေယာင္။
" ေမာင္...က်ဳပ္ကို ခ်စ္လား..."
အရင္လို ခါးခါးတူးတူး မျငင္းဘဲ
ေမာင္သည္ မ်က္ႏွာလႊဲသြားသည္ ။
ဒီႏွစ္ထဲ ေမာင့္နားမွာ သူ ကုတ္ကပ္ေနျခင္း
အေၾကာင္းျပခ်က္သည္ ထိုအခ်က္ေၾကာင့္
လည္း ပါသည္ ။
ခ်စ္လားလို႔ ေမးမိတိုင္း ေမာင္သည္
ခါးခါးတူးတူး ျငင္းဆန္ေသာ္လည္း
ေမာင့္မ်က္ဝန္းေတြသည္ ႏႈတ္ႏွင့္
ဆန္႔က်င္ေနတာကို သူဖမ္းမိခဲ့သည္ ။
ဒါေၾကာင့္ ေသခ်ာေအာင္ သူ အႀကိမ္ႀကိမ္
ျပဳခဲ့သည္ ၊ ဆန္းစစ္ခဲ့သည္ ။ ေမာင္သည္
သတိမထားမိေပမဲ့ သူ႕အတြက္ေတာ့
ခိုင္မာသည့္ အေၾကာင္းက ႐ွိေနခဲ့ၿပီ ။
" ခ်စ္တယ္မလား...က်ဳပ္ကို ခ်စ္ေနရက္
သားနဲ႔..ဘယ္အခ်ိန္ထိ ဖုံးကြယ္ထားမို႔လဲ..
ေမာင္..."
Jiminသည္ မလုံမလဲျဖင့္ Jeonကို
မ်က္ႏွာခ်င္းမဆိုင္ေပ ။
" မင္း အထင္လြဲေန- "
" ေမာင့္ မ်က္ဝန္းေတြက လိမ္မရဘူး..ေမာင္"
ေမာင္သည္ မည္သည့္တုန္႔ျပန္စကားမွ
မဆိုပဲ အက်ႌတစ္ထည္ေကာက္စြပ္ကာ
နီရဲရဲ အိပ္ရာထဲလွဲခ်ၿပီး အိပ္ရန္ျပင္ေနေတာ့
သည္ ။ Jeonသည္ ေမာင့္ေဘးဝင္လွဲရင္း
ေမာင့္ မ်က္ႏွာအစိတ္အပိုင္းတိုင္းကို
အျမတ္တႏိုးေငးကာ ေနမိေတာ့သည္ ။
×
" သမီးကို သူ႕အေမ မ႐ွိေတာ့ကတည္းက
ဦး တစ္ေယာက္ပဲ ျပဳစုပ်ိဳးေထာင္လာရတာ.
အခုလို ေမာင္ရင့္လို လူေတာ္တစ္ေယာက္ဆီ
အပ္ရမွာဆိုေတာ့ က်ဳပ္ပိုလို႔ေတာင္
စိတ္ခ်တာေပါ့ "
Jeonသည္ သက္ျပင္းကို မသိမသာခ်၏ ။
အၾကည့္တို႔သည္ သူ႕ေ႐ွ႕က အနီေရာင္ဝိုင္
ေတြကိုသာ ေငးစိုက္ေန၏ ။ အခု သူသည္
ႏွစ္ဖက္ မိသားစု ထမင္းစားဝိုင္းဟုေခၚသည့္
ေနရာတြင္ ျဖစ္သည္ ။ သူ႕ေဘးနားတြင္
သူနဲ႔ လက္ထပ္ရမည့္အမ်ိဳးသမီး ခြၽဲဟာယြန္း
႐ွိေနသည္ ။
" JungKookလည္း ဟာယြန္းေလးကို
သေဘာက်တယ္မလား "
သူ႕မ်က္ႏွာခ်င္းဆိုင္မွာ ႐ွိေနသည့္
ခြၽဲဟာယြန္း အေဖ၏ အေမးကို Jeon
ပြင့္ပြင့္လင္းလင္းသာ ေျဖရရင္
" လုံးဝ သေဘာမက်ပါဘူး " ဟူ၍ျဖစ္မည္ ။
သူ႕ဘဝမွာ သေဘာက်တာ ေမာင္ကလြဲ၍မ႐ွိ။
သို႔ေသာ္ သူ႕အေမ၏ ခပ္စူးစူးအၾကည့္တို႔
ေၾကာင့္ သူေျပာခ်င္သည့္ စကားမ်ားကို
အေတြးထဲတင္သာ ေဖ်ာက္လိုက္ရသည္ ။
" သေဘာက်ပါတယ္ "
ထိုအေျဖကိုၾကားေတာ့ ဟာယြန္းက
႐ွက္ျပဳံးျပဳံးလိုက္သလို သူ႕အေမသည္လည္း
လွစ္ခနဲ ျပဳံး၏ ။ Mr.Choiကေတာ့
သေဘာတက် ရယ္ေလသည္ ။ ရယ္ဖို႔
မေျပာႏွင့္ ျပဳံးပင္မျပဳံးႏိုင္သူကေတာ့
အေျဖစကားပိုင္႐ွင္ သူ ပင္ျဖစ္သည္ ။
ခြၽဲမိသားစုကို ႏႈတ္ဆက္ၿပီးေနာက္
သူတို႔ႏွစ္ေယာက္လည္း ျပန္လာခဲ့သည္ ။
အေဖကေတာ့ အလုပ္ကိစၥေၾကာင့္ ျပည္ပ
ေရာက္ေနသည္မို႔ မလာႏိုင္ခဲ့တာျဖစ္သည္ ။
" နင္ အခုလို အဆင္ေျပေအာင္ လုပ္ခဲ့တာ
ငါ သိပ္ ေက်းဇူးတင္တယ္ "
" အေမ ေပ်ာ္ေနတယ္မလား..သူတစ္ပါး
စိတ္ဆင္းရဲေလ အေမေပ်ာ္ေလ မလား.."
" နင္ ဘာစကားေျပာတာလဲ..Jeon
JungKook! "
ကား ေနာက္ခန္းတြင္ Jeonသားအမိ
ႏွစ္ေယာက္သည္ အစြန္းတစ္ဖက္စီတြင္
ျဖစ္သည္ ။ Jeonသည္ ကားမွန္ကို
ခပ္ေလးေလး မွီထားသည္ ။
" အခုလို လုပ္တာ နင္လည္း အက်ိဳးရမဲ့
ကိစၥ...အဲ့ဒါကို နင္ ဖ်က္လိုဖ်က္ဆီး
မလုပ္နဲ႔..."
" အက်ိဳးရတယ္..ခင္ဗ်ားအတြက္ပဲ
အက်ိဳးရေနတာေလ ! "
" နင္ ငါ့ကို ဘယ္လို သုံးႏႈန္းလိုက္တာလဲ..
ငါ နင့္ အေမေနာ္ !! "
" အေမဆန္ခဲ့ဖူးလို႔လား..ကိုယ့္ အတၱ
အတြက္ပဲ ကိုယ္သိခဲ့တာ မလား !! "
" Jeon JungKook !!! "
ဂြၽန္ဟြာအင္းသည္ လက္ ႐ြယ္လိုက္စဥ္
ကားသည္ ေ႐ွ႕မွာ အ႐ွိန္ႏွင့္ ေကြ႕လာသည့္
ကားႏွင့္ ဝင္ေဆာင့္မိသည္ ။
" ကားကို ဘယ္လို ေမာင္းတာလဲ !! "
" ေတာင္းပန္ပါတယ္..ေ႐ွ႕က ႐ုတ္တရက္
ေကြ႕လာလို႔..."
Jeonလွမ္းၾကည့္လိုက္သည္ ။ ေ႐ွ႕က
ကားက ၿပိဳင္ကား အဝါေလး ။ ပူခနဲ
ျဖစ္သြားသည့္ ေသြးမ်ား ။ ထို ၿပိဳင္ကား
အဝါေရာင္သည္ တစ္စီးဆို တစ္စီးပဲ
ထြက္သည့္ Limited ျဖစ္သည္ ။
ထို တစ္စီးကိုပဲ လက္႐ွိ စီးေနသူက..။
မေႏွာင္းမၾကာ အဝါေရာင္ ၿပိဳင္ကားေပၚက
ဆင္းခ်လာသည့္ ေမာင္ ။
Jeonသည္ ကား အျပင္ကို ထြက္လိုက္သည္။
" သခင္ေလး ရတယ္ ကြၽန္ေတာ္ ေျပာၾကည့္
လိုက္ပါ့မယ္ "
Driverက ျပာျပာသလဲ ဝင္တားသည္ ။
" လင္ ေတြ႕ေတာ့ မေနႏိုင္ဘူး...ခ်က္ခ်င္း
ေျပးေတြ႕တယ္ေပါ့..ဟက္.."
ဂြၽန္ဟြာအင္းပါ ကားေပၚက ဆင္းလာရင္း
သူ႕ကို ခပ္႐ြဲ႕႐ြဲ႕ ဆိုသည္ ။
သို႔ေသာ္ Jeonသည္ ထိုစကားထက္
သူတို႔ေ႐ွ႕က ေမာင္ကိုသာ အာ႐ုံရသည္ ။
ေမွာင္စျပဳေနသည့္ ညခင္းႏွင့္ ေ႐ႊအိုေရာင္
အက်ႌဝတ္ထားသည့္ ေမာင္က ည၏
ၾကယ္တစ္ပြင့္ သဖြယ္ပင္ ။
ေမာင္သည္ ၿပိဳင္ကားကို ေသေသခ်ာခ်ာ
စစ္ေဆးေနသည္ ။ ဘာမွ မထိခိုက္သြားတာ
ေသခ်ာမွ သူတို႔ဘက္ကို လွည့္လာသည္ ။
သူ႕ထက္ သူ႕အေမကို ျမင္ေတာ့ ေမာင့္
မ်က္ဝန္းေတြ စူးရဲလာသည္ ။
" ငါ့ကားေတာ့ နည္းနည္းခ်ိဳင့္သြားၿပီ..
ေကာင္ေလး..ဒီကား ဘယ္ေလာက္
ေစ်း႐ွိလဲ မင္းသိ- "
" ဘယ္ေလာက္ ေပးရမလဲသာ ေျပာလိုက္ "
ေမာင္ရဲ႕ ၾကားျဖတ္စကားေၾကာင့္
ဟြာအင္းသည္ မ်က္ခုံးတို႔ တြန္႔ခ်ိဳးသြားသည္။
" သူမ်ား စကားေျပာတုန္း ျဖတ္မေျပာရဘူး
ဆိုတာ မင္းမိဘေတြ မသင္ထားေပးဘူးလား"
" သူတစ္ပါးပိုင္ ပစၥည္းကိုေရာ မလုယူ
ရဘူးဆိုတာ ဒီက အမ်ိဳးသမီးရဲ႕မိဘကလည္္း
မသင္ထားေပးဘူးထင္တယ္.."
" နင္ နင္..ဘာစကားေျပာတာလဲ..!! "
" Opps..စပ္သြားတာလား..အနာ႐ွိတဲ့ပုံပဲ
ေနာ္.."
ေမာင္သည္ မခိုးမခန္႔ေျပာရင္း ဟြာအင္းကို
ၾကည့္ကာ ရဲရဲတင္းတင္း စိန္ေခၚသည္ ။
ဂြၽန္ဟြာအင္းသည္လည္း ေမာ္ခ်ီေနေအာင္
ျပန္ၾကည့္ကာ " စိန္လိုက္ေလ " ဆိုသည့္
သေဘာ ။
" ေအာ္ ဒါနဲ႔ ၾကဳံတုန္း ဒါေလး..."
ေမာင္သည္ ဟြာအင္း တည့္တည့္ကို
ေလွ်ာက္လာၿပီး ဟြာအင္း လက္ထဲသို႔
ဓာတ္ပုံတစ္ခုထည့္ေပးလိိဳက္သည္ ။
အတိအက်ဆိုေသာ္ ထိုပုံသည္
ပတ္ခ္ေျဗာင္ဟို ပိုက္ဆံအိတ္မွ ရသည့္
ဓာတ္ပုံ မိတၱဴျဖစ္သည္ ။
" နင္..ဒါကို ဘယ္ကရတာလဲ.."
ဟြာအင္းသည္ မ်က္လုံးျပဴးမ်က္စံျပဴးျဖင့္
ေမးသည္ ။
" တစ္စုံတစ္ေယာက္က အစြဲအလမ္းႀကီးႀကီး
သိမ္းထားတာကိုးး.."
" နင္ ငါ့ကို ဘာလုပ္ခ်င္ေနတာလဲ !! "
ဂြၽန္ဟြာအင္းသည္ စိတ္လြတ္သည့္အလား
ေမာင့္အက်ႌစတို႔ကို ကိုင္ကာ ဆြဲရမ္းေလ
သည္ ။
" ေမာင့္ကို မလုပ္နဲ႔ ! "
'ေျဖာင္း !! ´
Jeonသည္ ေမာင္ႏွင့္ သူ႕အေမၾကားကို
ဝင္ဆြဲသည္ ။ ထိုအတြက္ရလိုက္တာက
သူ႕အေမဆီမွ ျပင္းထန္လွသည့္ ႐ိုက္ခ်က္။
" လင္ထ႐ူးေနတဲ့ အေကာင္ !! "
ဓာတ္ပုံကို အပိုင္းပိုင္း အစစျဖစ္ေအာင္
ၿဖဲဆုတ္ကာဟေမာင့္ေ႐ွ႕က Jeonကို
ပစ္ေပါက္လိုက္ၿပီး ကားေပၚတက္သြားသည္။
" ေမာင္းေတာ့ "
" သခင္မႀကီး..သခင္ေလးက- "
" ထားခဲ့လိုက္ ! ေမာင္းဆိုေမာင္းလိုက္ !! "
ထို႔ေနာက္ လမ္းမေပၚဝယ္ သူရယ္ ေမာင္ရယ္
အဝါေရာင္ ၿပိဳင္ကားေလးရယ္သာ က်န္ခဲ့
သည္ ။Jeonသည္ ဖုန္းတစ္လုံးပဲ ပါသည္မို႔
ၾကည့္ရတာ အိမ္ကေန ကားတစ္စီး
လႊတ္ခိုင္းရမည့္ပုံ ။
ဖုန္းဆက္ဖို႔ ျပင္ေနတုန္း ေမာင့္ကို ၾကည့္မိ
ေတာ့ ကားေ႐ွ႕ဖုံးေပၚထိုင္ကာ သူ႕ကို
စိုက္ၾကည့္ေနသည္ ။ သူတို႔ေနာက္ဆုံး
ေတြ႕ျဖစ္ခဲ့တာကို ျပန္စဥ္းစားၾကည့္ရင္
လြန္ခဲ့သည့္ တစ္ပတ္က ျဖစ္သည္ ။
လက္ထပ္ပြဲ ကိစၥေတြ ႐ႈပ္ေနသည္မို႔
ေမာင့္ဆီ သူ ေျခဦး မလွည့္ႏိုင္ခဲ့ ။
သူသည္ ေခါင္းဆတ္ျပလိုက္သည္ ။
" မသြားေသးဘူးလား " ဆိုသည့္သေဘာ ။
ထိုအခါ ေမာင္သည္ ေ႐ွ႕ဖုံးေပၚက ဆင္းရင္း
ေသာ့ကို လွည့္ကာ ကားထဲ ဝင္သြားသည္ ။
ေနာက္ေတာ့ ေမာင္းသူ ေဘးေနရာဘက္က
ကားတံခါးသည္ ပြင့္လာသည္ ။ အစကေတာ့
သူ ေၾကာင္ၿပီး ၾကည့္ေနခဲ့ေပမဲ့ ေနာက္ေတာ့
အခ်က္သိကာ ကားထဲ ဝင္ထိုင္လိုက္သည္ ။
" ေက်းဇူးပဲ ေမာင္ "
ေမာင့္နားကို တိုးရင္း ေမာင့္ပါးကို ခပ္ဖြဖြ
နမ္းကာဆိုလိုက္သည္ ။ ထိုအခါေမာင္က
လွစ္ခနဲျပဳံးေလရဲ႕ ။
×
ႏွစ္ရက္ေလာက္ အလုပ္ေလး ႐ႈပ္သြားလို႔
အခုမွ Wattpadဘက္ ေျခဦးလွည့္ျဖစ္တာ
ခ်ိတူတို႔ေရ 😭 ။ အပ္ပုဒိတ္ ပိစိေလး
ၾကာသြားလို႔ စိတ္မေကာက္ၾကပါနဲ႔ေနာ္🥺 ။
AlexandrineKim(322023)
Bạn đang đọc truyện trên: AzTruyen.Top