4
Unicode
လွန်ခဲ့သည့် တစ်နှစ်ခန့်...
" အမေ..."
" Jiminလေး...မတွေ့ရတာတောင် ကြာပြီ
သားရယ်..အိမ်လည်း မလာဘူး..သပ်သပ်
ခွဲနေတာ အဆင်ရောပြေရဲ့လား.."
" ပြေပါတယ်..အိမ် မလာဖြစ်တာက
ကိစ္စလေး တချို့ကြောင့်ပါ "
" ဘာ ကိစ္စဖြစ်နေတာလဲ သား "
" ဂျွန် ဟွာ အင်း.."
ယူဆိုရာ ၏ မျက်နှာသည် ပြုံးနေရာမှ
တည်သွားခဲ့သည် ။
" အဲ့နာမည်ကို သိတယ်မလား...အခု
Jeon Groupရဲ့ ကတော်လေ...
ဂျွန်မင်ဂျွန်းရဲ့ မိန်းမလေ "
" သိတယ် ! "
သူမသည် မျက်ရည်များ ဝေ့သီနေသည် ။
" သူမ အမေ့ကို တစ်ခုခုလုပ်ခဲ့တယ်မလား!
ကျွန်တော် သိတယ်.."
" လုပ်ခဲ့တာတွေ အများကြီးပါ..
ငါ့ဘဝ တလျှောက်လုံး ခေါင်းမထောင်နိုင်
အောင် လုပ်ခဲ့တာ "
" လက်စား မချေချင်ဘူးလား.."
" ဟင့်အင်း..မုန်းစတွေကို ဒီဘဝတင်ပဲ
ဖြတ်လိုက်တော့မယ် သား.."
" ဘာလုပ်ခဲ့လဲ..သူ အမေ့ကို.."
" မသိချင်ပါနဲ့ ပြီးပြီးသားတွေပဲ..."
" အမေ့ကို လုပ်ခဲ့တာတွေကို ပြီးပြီးသား
ဆိုပြီး ထားလိုက်တော့မှာလား.!!မျက်လုံး
တစ်လုံး အတွက် မျက်လုံးတစ်လုံးပဲလေ.."
" တော်ပါပြီ Jiminရယ်..သူလည်း
သူ့ဘဝနဲ့သူ ပြေနေပြီပဲ..အမေ့ကိုလည်း
ဘာမှ မလုပ်တော့ဘူးလေ "
" ကောင်းပါပြီ..အမေ မလုပ်လည်း
လုပ်နိုင်တဲ့သူ လုပ်ရမှာပေါ့.."
" အမုန်းစတွေကို ပြန်မဖော်ချင်ပါနဲ့..
Jiminရယ်..."
ထွက်သွားပြီ ဖြစ်တဲ့ Jiminကတော့
ထိုစကားကို မကြားနိုင်တော့ ။
Jiminသည် အရင် အိမ်အဟောင်းကို
ပြန်သွားခဲ့ရာမှ သူ့အမေ၏ အခန်းတွင်းဆီမှ
ဟောင်းနွမ်းနွမ်း ဒိုင်ယာရီ တစ်ခုကို ရှာတွေ့
ခဲ့သည် ။
ဒိုင်ယာရီ စာမျက်နှာတိုင်းမှာ ဂျွန်ဟွာအင်း၏
ယုတ်မာမှုတွေကြောင့် သူမ မည်မျှနာကျင်
ခဲ့ရကြောင်းတွေ ရေးထားသည် ။
ကြည့်ရတာ သူ့အမေက ဂျွန်ဟွာအင်းကို
တွန်းလှန်ခဲ့သည့် ပုံမပေါ် ။ ဘယ်လောက်ထိ
ဆိုးဝါးဝါးတွေ ဖြစ်ခဲ့သလဲ ။
သူအကုန်သိရဖို့ အပူတပြင်း ကိစ္စတွေကို
စုံစမ်းခဲ့သည် ။ ကိစ္စတွေဟာ တစ်ပိုင်းတစ်စ
သာ သိရသည် ဆိုပေမဲ့ ဆက်စပ်မိသည့်အခါ
သူသည် ကြိုးစကို တွေ့ခါနီးပင် ။
ကြိုးစတွေ့သည်နဲ့ သူဖြည်ချနိုင်တော့မည် ။
ဒါကြောင့် သူ ထပ်သိလိုသိရငြား နစ်နာသူ
အမေ့ဆီသွားခဲ့သော်လည်း သူမက
သိပ်ကို ရိုးလွန်းသည် ။ ကိုယ့်ကို နာကျင်
အောင် လုပ်တဲ့သူကို မျက်ကွယ်ပြုထား
နိုင်တဲ့ စိတ်ဓာတ်ကိုတော့ သူတကယ်
သြချသည် ။
သူကတော့ သူ့ကို တစ်ဆနာကျင်စေရင်
ထိုသူ့ကို ဆယ်ဆလောက် ပြန်နာကျင်စေမှ
ကျေနပ်သည့် လူစားမျိုး ။
" မဟုတ်သေးဘူး..သူတို့ကြားမှာ ဒီ့ထက်
ကြီးတဲ့ ကိစ္စရှိနေတယ်..."
Jiminသည် အတွေးတွေများစွာဖြင့်
ပြိုင်ကားကို သတိလက်လွတ်မောင်းနေ
မိသည် ။ ထို့ကြောင့်ပင် ဘေးလမ်းကြောက
အနက်ရောင် ကားတစ်စီးကို ပွန်းပွတ်မိ၏ ။
" F*kkk..ငါ့ ကားမီးလုံး..!! "
Jiminသည် ကားထဲမှ ကျယ်လောင်စွာ
အော်လိုက်သည် ။ သူ့အဖိုးတန်လေး
ထိခိုက်သွားတာမို့ လုံးဝ အဆင်မပြေပါ ။
မှားတာကလည်း သူဆိုပေမဲ့ ဟိုဘက်ကလူက
ပိုမှားသည် ။
ဒေါသတကြီး ကားပေါ်က ဆင်းမိတော့
ဟိုဘက်ကနေလည်း သူနဲ့မတိမ်းတယိမ်း
ကောင်လေး တစ်ယောက်ဆင်းလာသည် ။
Jiminသည် ကွဲသွားသည့် မီးလုံးကို
တသသ ကြည့်နေတုန်း ဟိုတစ်ယောက်က
သူ့ဘေးနား ရောက်လာသည် ။
သူသည်စိတ်လွတ်သွားကာဘာမှ
မတွေးနိုင်တော့ပဲထိုကောင်လေးအား
ခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်၏ ။
ခွပ်ခနဲမြည်သံနှင့်အတူထိုကောင်လေးလည်းလမ်းပေါ်သို့လဲကျသွားလေသည်။
သူ့ရဲ့လက်သီးအားကဘယ်လောက်တောင်ပြင်းသွားလိုက်သလဲ....
ထိုကောင်လေးနှုတ်ခမ်းပါးတွေဆီမှထွက်လာသောသွေးစရဲရဲကိုပင်မြင်နေရပြီ။
" ရမ်းကားလိုက်တာ !! လမ်းကြောက
ဘေးထွက်ပြီး အရင်လာတိုက်တာ
ခင်ဗျားနော်..! "
ပါးစပ်မှသွေးစက်အနည်းငယ်ကိုလက်ဖျံဖြင့်သုတ်လိုက်ကာကောင်လေးကပါးစောင်ကိုလျှာဖြင့်ထိုးကာကြည့်လာသည်။
" ငါ့ကား မီးလုံးကို မင်း ဘာပြန်လုပ်ပေး
မှာလဲ...မင်းပြောလေ ပြောကြည့်စမ်း"
ထိုကောင်လေးသည် သူ့စကားကြောင့်
မျက်ဝန်းတွေ စူးရဲသွားသည် ။
သူ၏နှုတ်ခမ်းတစ်ဖက်ကလည်းအလိုလိုမဲ့သွားသည်။
" ဘာပြန်လုပ်ပေးမှာလဲ..ဟုတ်လား..
လုပ်ပေးမယ်..ခဏစောင့်.."
ကောင်လေးက သူ့ကားဘက်ကို
ခပ်မြန်မြန်လျှောက်သွားသည် ။
ထွက်ပြေးသွားပြီအထင်နဲ့
သူ့အနောက်ကနေအမြန်လိုက်ရင်း
ထိုကောင်လေး၏ပုခုံးကိုကိုင်ကာ
ဆွဲလှည့်လိုက်သည်။
" မင်း ဘယ်ကို ထွက်ပြေးမို့လဲ..!! "
" ဖယ်စမ်း..!! လာမထိနဲ့"
" ထိတော့ဘာဖြစ်ချင်လဲ!!"
ထိုကောင်လေးထက် နှစ်ဆပြင်းတဲ့
အသံနှုန်းနဲ့ ပြန်အော်ကာ ထိုကောင်လေးကိုတွန်းလွှတ်လိုက်ပြီးကားတံခါးကို
ဆောင့်ကန်လိုက်တော့ကောင်လေး၏
မျက်ခုံးများမသိမသာ တွန့်သွားသည်။
အလကား..! မဖြဲရဲဘဲ လာဖြဲနေတယ် ။
အမှန်တော့ သူ ဒီကိစ္စကို ဒီလောက်
ပုံကြီးချဲ့စရာမလိုပေမဲ့ ထွက်ချင်ရဲ့
ဒေါသတို့ကို လွှတ်ချဖို့က တစ်နေရာလိုနေသည်။
" ဟေ့..! မင်း ဘာလုပ်တာလဲ..!! "
ကောင်လေးသည် ကားထဲမှ သံတုတ်
ဆွဲထုတ်ကာ သူ့ပြိုင်ကားဘက်ကို
သွားသည်မို့ သူ အလျင်အမြန်
တားရတော့သည် ။
" မီးလုံးကို ဘာပြန်လုပ်ပေးမှာလဲဆို ?
အခု ဒါလုပ်ပေးမယ် ကြည့်ထား..!! "
ခွမ်း!!!
အကောင်းတိုင်းရှိနေသေးသည့်
နောက်မီးလုံးသည် အစိတ်စိတ်အမြွှာမြွှာ
ကွဲထွက်သွားသည် ။ မီးလုံးလောက်နဲ့
မတန့်သွားဘဲ ကားနောက်မှန်ကိုပါ
ထပ်မံရိုက်ခွဲလိုက်တာကြောင့်
သူ၏မျက်လုံးတွေကနှစ်ဆပြူးသွားရသည်။
မှန်ကွဲစတွေက လမ်းပြင်တစ်လျှောက်
ပြန့်ကျဲသွားကာ လွင့်ပျံကုန်သည်။
"အိုး ဘယ်လိုလုပ်မလဲ..ကွဲသွားပြီ"
"မင်း..!"
" မကျေနပ်ရင် လာရှင်း!ခင်ဗျားလို
ငကြောင်တွေကိုကြောက်မနေဘူး
ရဲခေါ်ချင်သေးလည်းရတယ်နော်
အခုတော့ဂွတ်ဘိုင်"
အံ့သြပြီးကြည့်နေတဲ့ သူ့ကို လိပ်စာကတ်
တစ်ခု ပစ်ချရင်း ထွက်သွားတဲ့ ကောင်လေး။
အရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားတဲ့ကားတစ်စီးကိုငေးသာကြည့်ရင်းသူ့ရဲ့အံကိုကြိတ်လိုက်မိသည်။
" Ahh!!! "
ထိုကတ်ကို ကောက်ယူပြီး ကားထဲဝင်လိုက်
သည် ။ရွှေရောင်ကတ်မှာရေးထိုးထားတဲ့နာမည်ကိုတွေ့လိုက်ပြီးနှုတ်ခမ်းဖူးတွေကမဲ့ပြုံးတစ်ခုကိုလျင်မြန်စွာပြုံးလိုက်မိသည်။
JeonJungKook
"အဟက်JeonJungKook?..
JeonJungKook!! မင်းတော့ငရဲရောက်ပြီပဲ "
ထွက်သွားတဲ့ ကားအနက်လေးထဲမှာတော့..
" သူ ငါ့ဆီ တကယ်လာပါ့မလား..
ဒေါသထွက်အောင်တော့ လုပ်ခဲ့တာပဲ.."
ရူးရူးနှမ်းနှမ်းလို့ပဲ ပြောမလား ။
ထိုလူ့ကို ရုတ်တရက် မြင်လိုက်ရတဲ့အချိန်
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလို ။
ကိုယ့်ကို အကြောင်းမဲ့ ထိုးလိုက်တာတောင်
အပြစ်မမြင်နိုင်ဘဲ သဘောကျမိသွားတာ ။
ဒါကြောင့်ပဲ ဖြတ်ထိုးဉာဏ်ကောင်းစွာ
သူ့ကုမ္ပဏီကို တဖက်လှည့်ဖြင့်
ဖိတ်လိုက်ခြင်းဖြစ်သည် ။
" အို..ရင်တွေကို ခုန်နေတာပဲ.."
စတွေ့ကတည်းက လွဲမှားခဲ့တာပါ ။
သူက လက်စားချေဖို့ ပူလောင်နေတဲ့အချိန်
Jeonက အချစ်ကိုတွေးပြီး နူးညံ့နေလေရဲ့ ။
--------------
" နေစမ်းပါအုန်း..Jeon JungKookဆိုတော့
Jeon Groupကပေါ့.."
Laptopပေါ်မှာလက်ချောင်းတို့ ပြေးလွှားပြီး
နာမည်ကိုရိုက်ရှာလိုက်သည် ။
" ဂျွန်ဟွာအင်းရဲ့ သားပဲ...အဲ့ဒါကြောင့်
သောက်ချိုး လုံးဝ မပြေတာကိုး.."
Jiminသည် စီးကရက်ကို ပြင်းစွာ ရှိုက်ရင်း
နေ့ခင်းက ကိစ္စကို တွေးကာ ခံပြင်းစိတ်မှာ
တပြည့်တလျှံ ။စီးကရက်ငွေ့တွေသာ
လေထဲပျောက်ကွယ်သွားပေမယ့်
စိတ်ထဲတနုံ့နုံ့ဖြစ်နေသည့်ကိစ္စက
အစိုင်အခဲကြီးတစ်ခုလိုဖြစ်နေသည်။
သူ့ကိုသက်သက်မဲ့လာကြောသွားတာ
တစ်စက်မှမခံနိုင်။
" ငါ လုံးဝ မကျေနပ်ဘူး.."
ရှိုက်ဖွာနေသောစီးကရက်ကို ဖိချေမီးသတ်
လိုက်ကာ မတ်တတ်ထရပ်လိုက်ပြီး
အင်္ကျီကော်လံကိုသေချာပြင်လိုက်သည်။ဆံပင်တွေကိုလည်း သပ်တင်လိုက်ကာ
မှန်ထဲတချက်ကြည့်လိုက်သည်။
"လူလေးကပေါက်စနလောက်နဲ့
ငါတောက်ချရင်လွင့်ထွက်သွားမယ့်
လူမျိုးက ငါ့ကိုလာကလိနေတော့လည်း
မှတ်လောက်သားလောက်ရှိအောင်
လုပ်ပေးလိုက်ကြတာပေါ့"
Jeonကုမ္ပဏီ၏ရှေ့တွင် အရှိန်ပြင်းစွာ
မောင်းလာတဲ့ကားတစ်စီးက ရပ်တန့်
သွားသည်။ တစ်ဆက်တည်းမှာပင်
လူတစ်ယောက်ကသံတုတ်ဆွဲကာ
ကားတံခါး၏အပြင်သို့ထွက်လာသည်။
ညနေရုံးဆင်းချိန်လည်းဖြစ်ပြန်တော့
လူတွေလည်းရှင်းကာမရှိသလောက်
ဖြစ်နေသည်။
ဟိုကောင့်၏ ကားကိုမြင်ထားသည်မို့
ရုံးခန်းထဲတွင် သကောင့်သား ရှိတာ
သေချာသည်။မိုက်ကန်းကန်းဖြင့်
ကုမ္ပဏီထဲဝင်လာတော့လုံခြုံရေးက
သူ့ကို မသင်္ကာသလို ကြည့်နေသည် ။
သူ့လက်ထဲမှာက သံတုတ်နဲ့ကိုး ။
" Jeon JungKookကို ခေါ်ပေး.."
" ဘာ..မင်း CEOကို ဘယ်လိုခေါ်လိုက်တာ?"
" သောက် စကားမများဘဲ အဲ့ကောင်ကို
ခေါ်လိုက်စမ်းပါ..မဟုတ်ရင် ငါသွားမယ်..
ဖယ်စမ်း..! "
" လူကြီးမင်း..ဝင်လို့မရပါဘူး.."
ရုန့်ရင်းဆန်ခတ် ဖြစ်နေချိန် ကုမ္ပဏီထဲက
ထွက်လာတဲ့ နေ့ခင်းက ပုံရိပ်က
ပြုံးရယ်နေကာ ရုံးမဆင်းသေးသော
ဝန်ထမ်းအချို့နှင့်စကားပြောနေသည်။
ကျက်သရေတွေ အဖြာဖြာတုံးချက်က
ကိုယ်ကိုနှစ်ခြမ်းဆွဲဖြဲချင်သည်အထိ
ဒေါသများကတလိပ်လိပ်တက်လာသည်။
"JeonJungkook! ဘယ်သူလာလဲ
ကြည့်လိုက်ပါဦး"
ပြုံးရယ်နေသည့်ကောင်လေးမျက်နှာက
သူ့အသံကိုကြားလိုက်ရသည်တွင်
ချက်ချင်းတည်သွားကာသူ့ဘေးနားကဝန်ထမ်းတွေကိုမျက်ရိပ်ပြလိုက်သည်။
ဝန်ထမ်းများကလည်းအရိပ်အကဲသိသည့်အလား အလျှိုလျှိုထွက်ခွာကုန်ကြသည်။
"အော် ခင်ဗျားပဲ"
ခွပ်!
သူ့ရဲ့လက်သီးကိုနှစ်ကြိမ်မြောက်မိသွားတဲ့
ကောင်လေးကအထိုးခံလိုက်ပြီးတွင်
သူ့ကိုစိုက်ကာကြည့်လာသည်။
"နှစ်ခါတောင်ရှိနေပြီနော် ခင်ဗျား"
"ငါ့ကားမှန်လောက်တော့ မင်းမျက်နှာက
တစ်ဝက်တောင်တန်မနေဘူး"
"အဲ့ဒီလောက်တောင် အလျော်
လိုချင်နေတယ်ပေါ့.. ဟော ဒီမှာ ရော့ ! "
ဝေါခနဲပစ်ချပေးလိုက်တဲ့ကားသော့တွဲ
တွေကမြေပြင်ပေါ်မှာအပုံလိုက်။
သော့တိုင်းသည် နောက်ဆုံးပေါ်
ပြိုင်ကားတွေရဲ့သော့များဖြစ်တာကြောင့်
တန်ဖိုးကမနည်းမနောပင်။
" ဒိတ်အောက်နေတဲ့ ခင်ဗျားကားထက်
၁၀ဆလောက် ပိုကောင်းတဲ့ ဟာတွေချည်းပဲ"
Jiminသည် ခန္ဓာကိုယ်တွင်းမှ သွေးတို့
ပွက်ပွက် ဆူလာသည်ကို ခံစားမိသည် ။
" ဒီမှာ Jeon Jung Kook..ငါ ဝယ်ရင်
ဒီကားမျိုး အစီး ၁၀၀ ၅၀လောက်
အသာလေး ဝယ်နိုင်တယ်..အခုလာတာ
အလျော်အတွက်ဆိုပေမဲ့ ဒီအလျော်အစား
မဟုတ်ဘူး.."
" အဲ့ဒါဆို ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ..
အာရုံ တအားစားတယ်နော်.."
" ဘာဖြစ်ချင်နေတာလဲ ဟုတ်လား..?
မင်းမျက်နှာကို ဟောဒီသံတုတ်နဲ့
နာနာလေးရိုက်ချင်တာ...ဖြစ်နိုင်ရင်
တစ်ခေါင်းလုံးကွဲထွက်သွားအောင်ကိုပါ
အသေရိုက်ချင်နေတာ "
"သံတုတ်နဲ့ ရိုက်မဲ့အစား ခင်ဗျားရဲ့
ဖူးထွက်နေတဲ့ နှုတ်ခမ်းနဲ့ရိုက်လိုက်ပါလား..
နှစ်ဦးနှစ်ဖက်အကျိုးရှိတာပေါ့ဗျာ"
"မင်းဘာသောက်စကားပြောတာလဲ!!"
Jiminလက်သည် စိတ်ထက်မြန်၏ ။
ပါးထိုးပေးဟန်လုပ်သည့် ကောင်လေးကို
နောက်တစ်ကြိမ် ထပ်ထိုးချလိုက်၏ ။
" Ah..!ခင်ဗျား လွန်လာပြီနော်...! "
" ဒါကမှ ပိုလွန်တာ.."
Jiminသည် ခပ်မဲ့မဲ့ပြုံးရင်း အနီးနားက
ကြွေပန်းအိုးတွေကို လက်ထဲက သံတုတ်ဖြင့်
လွှဲရိုက်ပလိုက်တော့သည် ။
ဖန်စတွေ အများအပြားသည် ကြမ်းပြင်
တလျှောက် ပျံ့လွင့်လျက် ။ ကောင်လေးက
မတားပဲ သူ့ကိုသာ ခပ်ထွေထွေ စိုက်ကြည့်
နေသည် ။
စိတ်ကြိုက်ရိုက်ခွဲပြီးနောက် ကောင်လေး
ဘက်ကို လှည့်ကြည့်လိုက်ချိန်
ကောင်လေးက မျက်နှာနားကပ်နေပြီး
သူ့နှုတ်ခမ်းတို့ကို မထိတထိ
နမ်းလိုက်သည် ။
" မင်း ဘာလုပ်တာ !!! "
" ပစ္စည်းတွေကို ရိုက်ခွဲမဲ့အစား အခုလိုလေး
လုပ်လိုက်တာ မပင်ပန်းဘူးမလား.."
မထီတထီမျက်နှာပေးနဲ့ ထိုသကောင့်သား
အား ထပ်ထိုးလိုက်သည် ။ သို့သော်
သူ့လက်ကို ဟိုက အမြန်ဆုပ်ကိုင်ရင်း
တားလိုက်သည် ။
" Ho! Stop...သုံးချက် ရှိနေပြီလေ..!
သည်းခံနေတာ အတိုင်းအတာနဲ့ပေါ့.."
လုံခြုံရေးတချို့သည် သူ့နားကို ဝိုင်းလာ
တာကြောင့် သူသည် လက်ကို ဆောင့်ဖြုတ်
ကာ မကျေမချမ်း ကြည့်ရင်း လှည့်ထွက်ခဲ့သည်။
" ဟေ့လူ..! မသွားခင် နာမည်လေး ပြောပါ
အုန်း !! "
" မသေမချင်း မှတ်ထား !!ငါ့နာမည်က
Park Jimin..."
" Park Jimin...."
" မောင်လို့ပဲ ခေါ်ရင် စိတ်မရှိဘူးမလား ! "
JungKookစကားကြောင့် Jiminသည်
စိတ်ရှုပ်ထွေးဟန်ဖြင့် လှည့်ကြည့်လာ
သည် ။ လှည့်ကြည့်ကြည့်ချင်းပင်
Jungkookရဲ့ နားလည်ရခက်သည့် အကြည့်၊
အဓိပ္ပာယ််မဖော်နိုင်သည့် အပြုံးတို့နှင့်
ပက်ပင်းတိုးသည် ။မသိချင်ယောင်ဆောင်
ကာပဲ သူထွက်ခဲ့လိုက်တော့သည် ။
သူတို့နှစ်ယောက်၏ ပထမဆုံး
တွေ့ဆုံခြင်းသည် ကြည်နူးမှု ကင်းမဲ့စွာရမ်းကားမှုများနှင့်သာ စတင်ခဲ့သည် ။
" ဒီ အမှိုက်တွေ လာရှင်းလိုက်...ပြီးရင်
လိုချင်တဲ့ ကားသော့ကို ယူသွားကြ "
ဝန်ထမ်းများသည် မျက်လုံးပြူး မျက်စံပြူး ။
ကားသော့များကို အလုအယက်
ပြေးကောက်ကြသည် ။ Jungkookကတော့
ဘာမှကိုမှ ဂရုမစိုက်စွာ ထွက်သွားခဲ့ပြီ ။
ကြည့်ရတာ သူတို့ CEOသည် ရန်ဖြစ်ပြီးနောက် တအားစိတ်ရွှင်သွားသည့်ပုံ ။
-----------------
Present ။
" သူမက ချွဲဟာယွန်း.."
" စိတ်မဝင်စားဘူး အမေ "
" နင် သူမကို လက်ထပ်ကိုထပ်ရမယ်..! "
" ငြင်းတယ်..အဆုံးထိ ငြင်းတယ် အမေ..
ကျွန်တော့်ဘဝမှာ မောင်က လွဲပြီး
ဘယ်သူ့ကိုမှ လက်မထပ်ဘူး.."
ဖြန်းကနဲ ပါးတစ်ဖက်အရိုက်ခံလိုက်ရုံမက
ကော်ဖီပူပူဖြင့် ထပ်ဆင့် အပက်ခံလိုက်သည်
မို့ မျက်နှာသည် မြင်မကောင်းအောင်
ရဲတက်လာသည် ။
" သွားလိုက်ပါအုန်းမယ် "
ကားမောင်းလာသည့် တလျှောက်
မျက်ရည်တွေကို ထိန်းရတာ မျက်ရိုးတွေပင်
ကိုက်ခဲလာသည် ။
မောင့် တိုက်ခန်းဆီရောက်တော့
မောင်က စာတမ်းတစ်ခုကို ဖတ်နေသည် ။
သူဝင်လာသည်ကို မြင်တော့ ထိုစာတမ်းကို
အံဆွဲထဲ ထည့်သိမ်းလိုက်သည် ။
" Jeon ! ဘာဖြစ်လာတာလဲ..ပေကျံနေ
တာပဲကွာ..."
မောင်က အခု သူ့ကို စိတ်ပူပေးနေတာလား။
" အမေနဲ့ နည်းနည်း..."
" ဘာကိစ္စကြောင့်လဲ.."
" အိမ်ထောင်ပြုခိုင်းနေလို့.."
ဒီလိုဆိုပြန်တော့ Jiminက သက်ပြင်း
ခပ်လေးလေးချသည် ။
" အဲ့ဒီအိမ်ထောင်ဖက်ကိုပဲ- "
" မပြောပါနဲ့ !! မောင် ပြောမှာကို သိတယ်..
မကြားချင်တာမို့ မပြောပါနဲ့ တောင်းပန်
ပါတယ်.."
ငိုချရင်း ပြောလာသည့် Jeonကြောင့်
Jiminသည် Jeonကို တင်းတင်းကြပ်ကြပ်
ဖက်ထားပေးလိုက်သည် ။
"ကျွန်တော့် ဘဝမှာ အမေ့စိတ်ကြိုက်..
အမေ့သဘောပဲ နေလာခဲ့ပေးတာ..
ကိုယ့်ချစ်တဲ့သူကိုတောင် ကိုယ့်သဘောနဲ့
ကိုယ် ရွေးချယ်လို့ မရတော့ဘူးလား.."
" ငယ်ငယ်တကည်းက စိတ်မကြည်ရင်
ရိုက်တယ်..အမှားသေးသေးလေးတစ်ခု
လုပ်မိတာနဲ့ ကြောက်ဖို့ကောင်းအောင်
အပြစ်ပေးတယ် အမှောင်ခန်းထဲ
ပိတ်ထားတယ်..အစာ မကျွေးဘဲလည်း
ထားတယ်...."
" အဖေကလည်း အဲ့ဒါတွေကို ထိုင်ကြည့်ရုံ
ကလွဲပြီး ဘာမှ မလုပ်ပေးခဲ့ဘူး.."
Jeon ပုံစံသည် ခံစားချက်တွေကို
မထိန်းထားနိုင်တော့သည့် သဏ္ဍာန်
အကုန်လုံးကို ရှိုက်ကြီးတငင် ဖွင့်ထုတ်
လာသည် ။
ဘာလဲ..ဂျွန်ဟွာအင်းက ဂျွန်ဂျောင်ဂုကို
နည်းနည်းမှ မချစ်ဘူးလား..ဒါဆို
ဖူးဖူးမှုတ်ထားတယ်ဆိုတဲ့ သတင်းတွေက
လုပ်ဇာတ်တွေပေါ့ ။
ဒါဆို အဲ့မိန်းမရဲ့ အားနည်းချက်က ဘာလဲ ။
" မောင့် ဘဝလည်း အဲ့လိုပါပဲ...
မောင်ဆို ပိုဆိုးသေး..အဖေက အမြဲတမ်း
ရိုက်နှက်နေတာလေ..အမေ့ကို..
မောင်ဆို ဝင်ကာရင်းနဲ့ ခေါင်းတောင်
ရိုက်ခွဲခံရဖူးတယ်.."
" တော်တော် နာခဲ့မှာပဲ.."
" အမှန်တော့..မောင်က လောကထဲကို
ရောက်လာနိုင်တာ အမေ့ဆုံးဖြတ်ချက်
ကြောင့်.."
"..."
" ဘာလို့ဆို မောင်က မောင့်အမေနဲ့
မောင့်အဖေဆိုတဲ့လူနှစ်ယောက်ရဲ့
တစ်ညတာ အမှားကြောင့် ရလာတဲ့
ကလေးတစ်ယောက်သာသာပဲမို့.."
" မောင်ရယ်..."
" အခုမှ မောင်ပိုသိလိုက်ရတာက..
အဲ့အမှားက..နှစ်ဦးသဘောတူ မဟုတ်ခဲ့ဘူး"
" ဟင်..ဒါဆို..-"
Jeonမျက်ဝန်းတွေသည် တစ်ခုခုကို
နားလည်သွားသလို ။
" ဟုတ်တယ်..မောင့်အမေက
ပတ်ခ်ဗြောင်ဟို ဆိုတဲ့ လူရဲ့ အတင်း
သိမ်းပိုက်တာကို ခံခဲ့ရတာ..."
" စိတ်မကောင်းပါဘူး..."
" ပိုဆိုးတာက အဲ့ကိစ္စတစ်ခုလုံးက....."
" ဘာမှ မဟုတ်တော့ဘူး..မောင် မသေချာ
သေးလို့ မပြောချင်တော့ဘူး.."
" ကဲလာ...တစ်ကိုယ်လုံး ပေကျံနေတာပဲ..
မောင်ကိုယ်တိုင် .သန့်စင်ပေးမယ်.."
Jeonနှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွ
နမ်းရင်း ပွေ့ချီကာ ရေချိုးခန်းဆီ ဝင်သွား
တော့သည် ။
" အဲ့ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်မှာ
ကြိုးကိုင်သူ တစ်ယောက်ရှိနေတယ်...."
×
Hee..မနေ့က Updateပေးဖို့ မေ့သွားလို့
ဆောတီးပါ😆 ။
AlexandrineKim(2622023)
Zawgyi
လြန္ခဲ့သည့္ တစ္ႏွစ္ခန္႔...
" အေမ..."
" Jiminေလး...မေတြ႕ရတာေတာင္ ၾကာၿပီ
သားရယ္..အိမ္လည္း မလာဘူး..သပ္သပ္
ခြဲေနတာ အဆင္ေရာေျပရဲ႕လား.."
" ေျပပါတယ္..အိမ္ မလာျဖစ္တာက
ကိစၥေလး တခ်ိဳ႕ေၾကာင့္ပါ "
" ဘာ ကိစၥျဖစ္ေနတာလဲ သား "
" ဂြၽန္ ဟြာ အင္း.."
ယူဆိုရာ ၏ မ်က္ႏွာသည္ ျပဳံးေနရာမွ
တည္သြားခဲ့သည္ ။
" အဲ့နာမည္ကို သိတယ္မလား...အခု
Jeon Groupရဲ႕ ကေတာ္ေလ...
ဂြၽန္မင္ဂြၽန္းရဲ႕ မိန္းမေလ "
" သိတယ္ ! "
သူမသည္ မ်က္ရည္မ်ား ေဝ့သီေနသည္ ။
" သူမ အေမ့ကို တစ္ခုခုလုပ္ခဲ့တယ္မလား!
ကြၽန္ေတာ္ သိတယ္.."
" လုပ္ခဲ့တာေတြ အမ်ားႀကီးပါ..
ငါ့ဘဝ တေလွ်ာက္လုံး ေခါင္းမေထာင္ႏိုင္
ေအာင္ လုပ္ခဲ့တာ "
" လက္စား မေခ်ခ်င္ဘူးလား.."
" ဟင့္အင္း..မုန္းစေတြကို ဒီဘဝတင္ပဲ
ျဖတ္လိုက္ေတာ့မယ္ သား.."
" ဘာလုပ္ခဲ့လဲ..သူ အေမ့ကို.."
" မသိခ်င္ပါနဲ႔ ၿပီးၿပီးသားေတြပဲ..."
" အေမ့ကို လုပ္ခဲ့တာေတြကို ၿပီးၿပီးသား
ဆိုၿပီး ထားလိုက္ေတာ့မွာလား.!!မ်က္လုံး
တစ္လုံး အတြက္ မ်က္လုံးတစ္လုံးပဲေလ.."
" ေတာ္ပါၿပီ Jiminရယ္..သူလည္း
သူ႕ဘဝနဲ႔သူ ေျပေနၿပီပဲ..အေမ့ကိုလည္း
ဘာမွ မလုပ္ေတာ့ဘူးေလ "
" ေကာင္းပါၿပီ..အေမ မလုပ္လည္း
လုပ္ႏိုင္တဲ့သူ လုပ္ရမွာေပါ့.."
" အမုန္းစေတြကို ျပန္မေဖာ္ခ်င္ပါနဲ႔..
Jiminရယ္..."
ထြက္သြားၿပီ ျဖစ္တဲ့ Jiminကေတာ့
ထိုစကားကို မၾကားႏိုင္ေတာ့ ။
Jiminသည္ အရင္ အိမ္အေဟာင္းကို
ျပန္သြားခဲ့ရာမွ သူ႕အေမ၏ အခန္းတြင္းဆီမွ
ေဟာင္းႏြမ္းႏြမ္း ဒိုင္ယာရီ တစ္ခုကို ႐ွာေတြ႕
ခဲ့သည္ ။
ဒိုင္ယာရီ စာမ်က္ႏွာတိုင္းမွာ ဂြၽန္ဟြာအင္း၏
ယုတ္မာမႈေတြေၾကာင့္ သူမ မည္မွ်နာက်င္
ခဲ့ရေၾကာင္းေတြ ေရးထားသည္ ။
ၾကည့္ရတာ သူ႕အေမက ဂြၽန္ဟြာအင္းကို
တြန္းလွန္ခဲ့သည့္ ပုံမေပၚ ။ ဘယ္ေလာက္ထိ
ဆိုးဝါးဝါးေတြ ျဖစ္ခဲ့သလဲ ။
သူအကုန္သိရဖို႔ အပူတျပင္း ကိစၥေတြကို
စုံစမ္းခဲ့သည္ ။ ကိစၥေတြဟာ တစ္ပိုင္းတစ္စ
သာ သိရသည္ ဆိုေပမဲ့ ဆက္စပ္မိသည့္အခါ
သူသည္ ႀကိဳးစကို ေတြ႕ခါနီးပင္ ။
ႀကိဳးစေတြ႕သည္နဲ႔ သူျဖည္ခ်ႏိုင္ေတာ့မည္ ။
ဒါေၾကာင့္ သူ ထပ္သိလိုသိရျငား နစ္နာသူ
အေမ့ဆီသြားခဲ့ေသာ္လည္း သူမက
သိပ္ကို ႐ိုးလြန္းသည္ ။ ကိုယ့္ကို နာက်င္
ေအာင္ လုပ္တဲ့သူကို မ်က္ကြယ္ျပဳထား
ႏိုင္တဲ့ စိတ္ဓာတ္ကိုေတာ့ သူတကယ္
ၾသခ်သည္ ။
သူကေတာ့ သူ႕ကို တစ္ဆနာက်င္ေစရင္
ထိုသူ႕ကို ဆယ္ဆေလာက္ ျပန္နာက်င္ေစမွ
ေက်နပ္သည့္ လူစားမ်ိဳး ။
" မဟုတ္ေသးဘူး..သူတို႔ၾကားမွာ ဒီ့ထက္
ႀကီးတဲ့ ကိစၥ႐ွိေနတယ္..."
Jiminသည္ အေတြးေတြမ်ားစြာျဖင့္
ၿပိဳင္ကားကို သတိလက္လြတ္ေမာင္းေန
မိသည္ ။ ထို႔ေၾကာင့္ပင္ ေဘးလမ္းေၾကာက
အနက္ေရာင္ ကားတစ္စီးကို ပြန္းပြတ္မိ၏ ။
" F*kkk..ငါ့ ကားမီးလုံး..!! "
Jiminသည္ ကားထဲမွ က်ယ္ေလာင္စြာ
ေအာ္လိုက္သည္ ။ သူ႕အဖိုးတန္ေလး
ထိခိုက္သြားတာမို႔ လုံးဝ အဆင္မေျပပါ ။
မွားတာကလည္း သူဆိုေပမဲ့ ဟိုဘက္ကလူက
ပိုမွားသည္ ။
ေဒါသတႀကီး ကားေပၚက ဆင္းမိေတာ့
ဟိုဘက္ကေနလည္း သူနဲ႔မတိမ္းတယိမ္း
ေကာင္ေလး တစ္ေယာက္ဆင္းလာသည္ ။
Jiminသည္ ကြဲသြားသည့္ မီးလုံးကို
တသသ ၾကည့္ေနတုန္း ဟိုတစ္ေယာက္က
သူ႕ေဘးနား ေရာက္လာသည္ ။
သူသည္စိတ္လြတ္သြားကာဘာမွ
မေတြးႏိုင္ေတာ့ပဲထိုေကာင္ေလးအား
ခပ္ျပင္းျပင္းတစ္ခ်က္ထိုးလိုက္၏ ။
ခြပ္ခနဲျမည္သံႏွင့္အတူထိုေကာင္ေလးလည္းလမ္းေပၚသို႔လဲက်သြားေလသည္။
သူ႕ရဲ႕လက္သီးအားကဘယ္ေလာက္ေတာင္ျပင္းသြားလိုက္သလဲ....
ထိုေကာင္ေလးႏႈတ္ခမ္းပါးေတြဆီမွထြက္လာေသာေသြးစရဲရဲကိုပင္ျမင္ေနရၿပီ။
" ရမ္းကားလိုက္တာ !! လမ္းေၾကာက
ေဘးထြက္ၿပီး အရင္လာတိုက္တာ
ခင္ဗ်ားေနာ္..! "
ပါးစပ္မွေသြးစက္အနည္းငယ္ကိုလက္ဖ်ံျဖင့္သုတ္လိုက္ကာေကာင္ေလးကပါးေစာင္ကိုလွ်ာျဖင့္ထိုးကာၾကည့္လာသည္။
" ငါ့ကား မီးလုံးကို မင္း ဘာျပန္လုပ္ေပး
မွာလဲ...မင္းေျပာေလ ေျပာၾကည့္စမ္း"
ထိုေကာင္ေလးသည္ သူ႕စကားေၾကာင့္
မ်က္ဝန္းေတြ စူးရဲသြားသည္ ။
သူ၏ႏႈတ္ခမ္းတစ္ဖက္ကလည္းအလိုလိုမဲ့သြားသည္။
" ဘာျပန္လုပ္ေပးမွာလဲ..ဟုတ္လား..
လုပ္ေပးမယ္..ခဏေစာင့္.."
ေကာင္ေလးက သူ႕ကားဘက္ကို
ခပ္ျမန္ျမန္ေလွ်ာက္သြားသည္ ။
ထြက္ေျပးသြားၿပီအထင္နဲ႔
သူ႕အေနာက္ကေနအျမန္လိုက္ရင္း
ထိုေကာင္ေလး၏ပုခုံးကိုကိုင္ကာ
ဆြဲလွည့္လိုက္သည္။
" မင္း ဘယ္ကို ထြက္ေျပးမို႔လဲ..!! "
" ဖယ္စမ္း..!! လာမထိနဲ႔"
" ထိေတာ့ဘာျဖစ္ခ်င္လဲ!!"
ထိုေကာင္ေလးထက္ ႏွစ္ဆျပင္းတဲ့
အသံႏႈန္းနဲ႔ ျပန္ေအာ္ကာ ထိုေကာင္ေလးကိုတြန္းလႊတ္လိုက္ၿပီးကားတံခါးကို
ေဆာင့္ကန္လိုက္ေတာ့ေကာင္ေလး၏
မ်က္ခုံးမ်ားမသိမသာ တြန္႔သြားသည္။
အလကား..! မၿဖဲရဲဘဲ လာၿဖဲေနတယ္ ။
အမွန္ေတာ့ သူ ဒီကိစၥကို ဒီေလာက္
ပုံႀကီးခ်ဲ႕စရာမလိုေပမဲ့ ထြက္ခ်င္ရဲ႕
ေဒါသတို႔ကို လႊတ္ခ်ဖို႔က တစ္ေနရာလိုေနသည္။
" ေဟ့..! မင္း ဘာလုပ္တာလဲ..!! "
ေကာင္ေလးသည္ ကားထဲမွ သံတုတ္
ဆြဲထုတ္ကာ သူ႕ၿပိဳင္ကားဘက္ကို
သြားသည္မို႔ သူ အလ်င္အျမန္
တားရေတာ့သည္ ။
" မီးလုံးကို ဘာျပန္လုပ္ေပးမွာလဲဆို ?
အခု ဒါလုပ္ေပးမယ္ ၾကည့္ထား..!! "
ခြမ္း!!!
အေကာင္းတိုင္း႐ွိေနေသးသည့္
ေနာက္မီးလုံးသည္ အစိတ္စိတ္အႁမႊာႁမႊာ
ကြဲထြက္သြားသည္ ။ မီးလုံးေလာက္နဲ႔
မတန္႔သြားဘဲ ကားေနာက္မွန္ကိုပါ
ထပ္မံ႐ိုက္ခြဲလိုက္တာေၾကာင့္
သူ၏မ်က္လုံးေတြကႏွစ္ဆျပဴးသြားရသည္။
မွန္ကြဲစေတြက လမ္းျပင္တစ္ေလွ်ာက္
ျပန္႔က်ဲသြားကာ လြင့္ပ်ံကုန္သည္။
"အိုး ဘယ္လိုလုပ္မလဲ..ကြဲသြားၿပီ"
"မင္း..!"
" မေက်နပ္ရင္ လာ႐ွင္း!ခင္ဗ်ားလို
ငေၾကာင္ေတြကိုေၾကာက္မေနဘူး
ရဲေခၚခ်င္ေသးလည္းရတယ္ေနာ္
အခုေတာ့ဂြတ္ဘိုင္"
အံ့ၾသၿပီးၾကည့္ေနတဲ့ သူ႕ကို လိပ္စာကတ္
တစ္ခု ပစ္ခ်ရင္း ထြက္သြားတဲ့ ေကာင္ေလး။
အ႐ွိန္ျပင္းျပင္းနဲ႔ေမာင္းထြက္သြားတဲ့ကားတစ္စီးကိုေငးသာၾကည့္ရင္းသူ႕ရဲ႕အံကိုႀကိတ္လိုက္မိသည္။
" Ahh!!! "
ထိုကတ္ကို ေကာက္ယူၿပီး ကားထဲဝင္လိုက္
သည္ ။ေ႐ႊေရာင္ကတ္မွာေရးထိုးထားတဲ့နာမည္ကိုေတြ႕လိုက္ၿပီးႏႈတ္ခမ္းဖူးေတြကမဲ့ျပဳံးတစ္ခုကိုလ်င္ျမန္စြာျပဳံးလိုက္မိသည္။
JeonJungKook
"အဟက္JeonJungKook?..
JeonJungKook!! မင္းေတာ့ငရဲေရာက္ၿပီပဲ "
ထြက္သြားတဲ့ ကားအနက္ေလးထဲမွာေတာ့..
" သူ ငါ့ဆီ တကယ္လာပါ့မလား..
ေဒါသထြက္ေအာင္ေတာ့ လုပ္ခဲ့တာပဲ.."
႐ူး႐ူးႏွမ္းႏွမ္းလို႔ပဲ ေျပာမလား ။
ထိုလူ႕ကို ႐ုတ္တရက္ ျမင္လိုက္ရတဲ့အခ်ိန္
ကမ႓ာႀကီးတစ္ခုလုံး တိတ္ဆိတ္သြားသလို ။
ကိုယ့္ကို အေၾကာင္းမဲ့ ထိုးလိုက္တာေတာင္
အျပစ္မျမင္ႏိုင္ဘဲ သေဘာက်မိသြားတာ ။
ဒါေၾကာင့္ပဲ ျဖတ္ထိုးဉာဏ္ေကာင္းစြာ
သူ႕ကုမၸဏီကို တဖက္လွည့္ျဖင့္
ဖိတ္လိုက္ျခင္းျဖစ္သည္ ။
" အို..ရင္ေတြကို ခုန္ေနတာပဲ.."
စေတြ႕ကတည္းက လြဲမွားခဲ့တာပါ ။
သူက လက္စားေခ်ဖို႔ ပူေလာင္ေနတဲ့အခ်ိန္
Jeonက အခ်စ္ကိုေတြးၿပီး ႏူးညံ့ေနေလရဲ႕ ။
--------------
" ေနစမ္းပါအုန္း..Jeon JungKookဆိုေတာ့
Jeon Groupကေပါ့.."
Laptopေပၚမွာလက္ေခ်ာင္းတို႔ ေျပးလႊားၿပီး
နာမည္ကို႐ိုက္႐ွာလိုက္သည္ ။
" ဂြၽန္ဟြာအင္းရဲ႕ သားပဲ...အဲ့ဒါေၾကာင့္
ေသာက္ခ်ိဳး လုံးဝ မေျပတာကိုး.."
Jiminသည္ စီးကရက္ကို ျပင္းစြာ ႐ိႈက္ရင္း
ေန႔ခင္းက ကိစၥကို ေတြးကာ ခံျပင္းစိတ္မွာ
တျပည့္တလွ်ံ ။စီးကရက္ေငြ႕ေတြသာ
ေလထဲေပ်ာက္ကြယ္သြားေပမယ့္
စိတ္ထဲတႏုံ႔ႏုံ႔ျဖစ္ေနသည့္ကိစၥက
အစိုင္အခဲႀကီးတစ္ခုလိုျဖစ္ေနသည္။
သူ႕ကိုသက္သက္မဲ့လာေၾကာသြားတာ
တစ္စက္မွမခံႏိုင္။
" ငါ လုံးဝ မေက်နပ္ဘူး.."
႐ိႈက္ဖြာေနေသာစီးကရက္ကို ဖိေခ်မီးသတ္
လိုက္ကာ မတ္တတ္ထရပ္လိုက္ၿပီး
အက်ႌေကာ္လံကိုေသခ်ာျပင္လိုက္သည္။ဆံပင္ေတြကိုလည္း သပ္တင္လိုက္ကာ
မွန္ထဲတခ်က္ၾကည့္လိုက္သည္။
"လူေလးကေပါက္စနေလာက္နဲ႔
ငါေတာက္ခ်ရင္လြင့္ထြက္သြားမယ့္
လူမ်ိဳးက ငါ့ကိုလာကလိေနေတာ့လည္း
မွတ္ေလာက္သားေလာက္႐ွိေအာင္
လုပ္ေပးလိုက္ၾကတာေပါ့"
Jeonကုမၸဏီ၏ေ႐ွ႕တြင္ အ႐ွိန္ျပင္းစြာ
ေမာင္းလာတဲ့ကားတစ္စီးက ရပ္တန္႔
သြားသည္။ တစ္ဆက္တည္းမွာပင္
လူတစ္ေယာက္ကသံတုတ္ဆြဲကာ
ကားတံခါး၏အျပင္သို႔ထြက္လာသည္။
ညေန႐ုံးဆင္းခ်ိန္လည္းျဖစ္ျပန္ေတာ့
လူေတြလည္း႐ွင္းကာမ႐ွိသေလာက္
ျဖစ္ေနသည္။
ဟိုေကာင့္၏ ကားကိုျမင္ထားသည္မို႔
႐ုံးခန္းထဲတြင္ သေကာင့္သား ႐ွိတာ
ေသခ်ာသည္။မိုက္ကန္းကန္းျဖင့္
ကုမၸဏီထဲဝင္လာေတာ့လုံျခဳံေရးက
သူ႕ကို မသကၤာသလို ၾကည့္ေနသည္ ။
သူ႕လက္ထဲမွာက သံတုတ္နဲ႔ကိုး ။
" Jeon JungKookကို ေခၚေပး.."
" ဘာ..မင္း CEOကို ဘယ္လိုေခၚလိုက္တာ?"
" ေသာက္ စကားမမ်ားဘဲ အဲ့ေကာင္ကို
ေခၚလိုက္စမ္းပါ..မဟုတ္ရင္ ငါသြားမယ္..
ဖယ္စမ္း..! "
" လူႀကီးမင္း..ဝင္လို႔မရပါဘူး.."
႐ုန္႔ရင္းဆန္ခတ္ ျဖစ္ေနခ်ိန္ ကုမၸဏီထဲက
ထြက္လာတဲ့ ေန႔ခင္းက ပုံရိပ္က
ျပဳံးရယ္ေနကာ ႐ုံးမဆင္းေသးေသာ
ဝန္ထမ္းအခ်ိဳ႕ႏွင့္စကားေျပာေနသည္။
က်က္သေရေတြ အျဖာျဖာတုံးခ်က္က
ကိုယ္ကိုႏွစ္ျခမ္းဆြဲၿဖဲခ်င္သည္အထိ
ေဒါသမ်ားကတလိပ္လိပ္တက္လာသည္။
"JeonJungkook! ဘယ္သူလာလဲ
ၾကည့္လိုက္ပါဦး"
ျပဳံးရယ္ေနသည့္ေကာင္ေလးမ်က္ႏွာက
သူ႕အသံကိုၾကားလိုက္ရသည္တြင္
ခ်က္ခ်င္းတည္သြားကာသူ႕ေဘးနားကဝန္ထမ္းေတြကိုမ်က္ရိပ္ျပလိုက္သည္။
ဝန္ထမ္းမ်ားကလည္းအရိပ္အကဲသိသည့္အလား အလွ်ိဳလွ်ိဳထြက္ခြာကုန္ၾကသည္။
"ေအာ္ ခင္ဗ်ားပဲ"
ခြပ္!
သူ႕ရဲ႕လက္သီးကိုႏွစ္ႀကိမ္ေျမာက္မိသြားတဲ့
ေကာင္ေလးကအထိုးခံလိုက္ၿပီးတြင္
သူ႕ကိုစိုက္ကာၾကည့္လာသည္။
"ႏွစ္ခါေတာင္႐ွိေနၿပီေနာ္ ခင္ဗ်ား"
"ငါ့ကားမွန္ေလာက္ေတာ့ မင္းမ်က္ႏွာက
တစ္ဝက္ေတာင္တန္မေနဘူး"
"အဲ့ဒီေလာက္ေတာင္ အေလ်ာ္
လိုခ်င္ေနတယ္ေပါ့.. ေဟာ ဒီမွာ ေရာ့ ! "
ေဝါခနဲပစ္ခ်ေပးလိုက္တဲ့ကားေသာ့တြဲ
ေတြကေျမျပင္ေပၚမွာအပုံလိုက္။
ေသာ့တိုင္းသည္ ေနာက္ဆုံးေပၚ
ၿပိဳင္ကားေတြရဲ႕ေသာ့မ်ားျဖစ္တာေၾကာင့္
တန္ဖိုးကမနည္းမေနာပင္။
" ဒိတ္ေအာက္ေနတဲ့ ခင္ဗ်ားကားထက္
၁၀ဆေလာက္ ပိုေကာင္းတဲ့ ဟာေတြခ်ည္းပဲ"
Jiminသည္ ခႏၶာကိုယ္တြင္းမွ ေသြးတို႔
ပြက္ပြက္ ဆူလာသည္ကို ခံစားမိသည္ ။
" ဒီမွာ Jeon Jung Kook..ငါ ဝယ္ရင္
ဒီကားမ်ိဳး အစီး ၁၀၀ ၅၀ေလာက္
အသာေလး ဝယ္ႏိုင္တယ္..အခုလာတာ
အေလ်ာ္အတြက္ဆိုေပမဲ့ ဒီအေလ်ာ္အစား
မဟုတ္ဘူး.."
" အဲ့ဒါဆို ခင္ဗ်ားက ဘာျဖစ္ခ်င္ေနတာလဲ..
အာ႐ုံ တအားစားတယ္ေနာ္.."
" ဘာျဖစ္ခ်င္ေနတာလဲ ဟုတ္လား..?
မင္းမ်က္ႏွာကို ေဟာဒီသံတုတ္နဲ႔
နာနာေလး႐ိုက္ခ်င္တာ...ျဖစ္ႏိုင္ရင္
တစ္ေခါင္းလုံးကြဲထြက္သြားေအာင္ကိုပါ
အေသ႐ိုက္ခ်င္ေနတာ "
"သံတုတ္နဲ႔ ႐ိုက္မဲ့အစား ခင္ဗ်ားရဲ႕
ဖူးထြက္ေနတဲ့ ႏႈတ္ခမ္းနဲ႔႐ိုက္လိုက္ပါလား..
ႏွစ္ဦးႏွစ္ဖက္အက်ိဳး႐ွိတာေပါ့ဗ်ာ"
"မင္းဘာေသာက္စကားေျပာတာလဲ!!"
Jiminလက္သည္ စိတ္ထက္ျမန္၏ ။
ပါးထိုးေပးဟန္လုပ္သည့္ ေကာင္ေလးကို
ေနာက္တစ္ႀကိမ္ ထပ္ထိုးခ်လိုက္၏ ။
" Ah..!ခင္ဗ်ား လြန္လာၿပီေနာ္...! "
" ဒါကမွ ပိုလြန္တာ.."
Jiminသည္ ခပ္မဲ့မဲ့ျပဳံးရင္း အနီးနားက
ေႂကြပန္းအိုးေတြကို လက္ထဲက သံတုတ္ျဖင့္
လႊဲ႐ိုက္ပလိုက္ေတာ့သည္ ။
ဖန္စေတြ အမ်ားအျပားသည္ ၾကမ္းျပင္
တေလွ်ာက္ ပ်ံ႕လြင့္လ်က္ ။ ေကာင္ေလးက
မတားပဲ သူ႕ကိုသာ ခပ္ေထြေထြ စိုက္ၾကည့္
ေနသည္ ။
စိတ္ႀကိဳက္႐ိုက္ခြဲၿပီးေနာက္ ေကာင္ေလး
ဘက္ကို လွည့္ၾကည့္လိုက္ခ်ိန္
ေကာင္ေလးက မ်က္ႏွာနားကပ္ေနၿပီး
သူ႕ႏႈတ္ခမ္းတို႔ကို မထိတထိ
နမ္းလိုက္သည္ ။
" မင္း ဘာလုပ္တာ !!! "
" ပစၥည္းေတြကို ႐ိုက္ခြဲမဲ့အစား အခုလိုေလး
လုပ္လိုက္တာ မပင္ပန္းဘူးမလား.."
မထီတထီမ်က္ႏွာေပးနဲ႔ ထိုသေကာင့္သား
အား ထပ္ထိုးလိုက္သည္ ။ သို႔ေသာ္
သူ႕လက္ကို ဟိုက အျမန္ဆုပ္ကိုင္ရင္း
တားလိုက္သည္ ။
" Ho! Stop...သုံးခ်က္ ႐ွိေနၿပီေလ..!
သည္းခံေနတာ အတိုင္းအတာနဲ႔ေပါ့.."
လုံျခဳံေရးတခ်ိဳ႕သည္ သူ႕နားကို ဝိုင္းလာ
တာေၾကာင့္ သူသည္ လက္ကို ေဆာင့္ျဖဳတ္
ကာ မေက်မခ်မ္း ၾကည့္ရင္း လွည့္ထြက္ခဲ့သည္။
" ေဟ့လူ..! မသြားခင္ နာမည္ေလး ေျပာပါ
အုန္း !! "
" မေသမခ်င္း မွတ္ထား !!ငါ့နာမည္က
Park Jimin..."
" Park Jimin...."
" ေမာင္လို႔ပဲ ေခၚရင္ စိတ္မ႐ွိဘူးမလား ! "
JungKookစကားေၾကာင့္ Jiminသည္
စိတ္႐ႈပ္ေထြးဟန္ျဖင့္ လွည့္ၾကည့္လာ
သည္ ။ လွည့္ၾကည့္ၾကည့္ခ်င္းပင္
Jungkookရဲ႕ နားလည္ရခက္သည့္ အၾကည့္၊
အဓိပၸာယ္္မေဖာ္ႏိုင္သည့္ အျပဳံးတို႔ႏွင့္
ပက္ပင္းတိုးသည္ ။မသိခ်င္ေယာင္ေဆာင္
ကာပဲ သူထြက္ခဲ့လိုက္ေတာ့သည္ ။
သူတို႔ႏွစ္ေယာက္၏ ပထမဆုံး
ေတြ႕ဆုံျခင္းသည္ ၾကည္ႏူးမႈ ကင္းမဲ့စြာရမ္းကားမႈမ်ားႏွင့္သာ စတင္ခဲ့သည္ ။
" ဒီ အမိႈက္ေတြ လာ႐ွင္းလိုက္...ၿပီးရင္
လိုခ်င္တဲ့ ကားေသာ့ကို ယူသြားၾက "
ဝန္ထမ္းမ်ားသည္ မ်က္လုံးျပဴး မ်က္စံျပဴး ။
ကားေသာ့မ်ားကို အလုအယက္
ေျပးေကာက္ၾကသည္ ။ Jungkookကေတာ့
ဘာမွကိုမွ ဂ႐ုမစိုက္စြာ ထြက္သြားခဲ့ၿပီ ။
ၾကည့္ရတာ သူတို႔ CEOသည္ ရန္ျဖစ္ၿပီးေနာက္ တအားစိတ္႐ႊင္သြားသည့္ပုံ ။
-----------------
Present ။
" သူမက ခြၽဲဟာယြန္း.."
" စိတ္မဝင္စားဘူး အေမ "
" နင္ သူမကို လက္ထပ္ကိုထပ္ရမယ္..! "
" ျငင္းတယ္..အဆုံးထိ ျငင္းတယ္ အေမ..
ကြၽန္ေတာ္႕ဘဝမွာ ေမာင္က လြဲၿပီး
ဘယ္သူ႕ကိုမွ လက္မထပ္ဘူး.."
ျဖန္းကနဲ ပါးတစ္ဖက္အ႐ိုက္ခံလိုက္႐ုံမက
ေကာ္ဖီပူပူျဖင့္ ထပ္ဆင့္ အပက္ခံလိုက္သည္
မို႔ မ်က္ႏွာသည္ ျမင္မေကာင္းေအာင္
ရဲတက္လာသည္ ။
" သြားလိုက္ပါအုန္းမယ္ "
ကားေမာင္းလာသည့္ တေလွ်ာက္
မ်က္ရည္ေတြကို ထိန္းရတာ မ်က္႐ိုးေတြပင္
ကိုက္ခဲလာသည္ ။
ေမာင့္ တိုက္ခန္းဆီေရာက္ေတာ့
ေမာင္က စာတမ္းတစ္ခုကို ဖတ္ေနသည္ ။
သူဝင္လာသည္ကို ျမင္ေတာ့ ထိုစာတမ္းကို
အံဆြဲထဲ ထည့္သိမ္းလိုက္သည္ ။
" Jeon ! ဘာျဖစ္လာတာလဲ..ေပက်ံေန
တာပဲကြာ..."
ေမာင္က အခု သူ႕ကို စိတ္ပူေပးေနတာလား။
" အေမနဲ႔ နည္းနည္း..."
" ဘာကိစၥေၾကာင့္လဲ.."
" အိမ္ေထာင္ျပဳခိုင္းေနလို႔.."
ဒီလိုဆိုျပန္ေတာ့ Jiminက သက္ျပင္း
ခပ္ေလးေလးခ်သည္ ။
" အဲ့ဒီအိမ္ေထာင္ဖက္ကိုပဲ- "
" မေျပာပါနဲ႔ !! ေမာင္ ေျပာမွာကို သိတယ္..
မၾကားခ်င္တာမို႔ မေျပာပါနဲ႔ ေတာင္းပန္
ပါတယ္.."
ငိုခ်ရင္း ေျပာလာသည့္ Jeonေၾကာင့္
Jiminသည္ Jeonကို တင္းတင္းၾကပ္ၾကပ္
ဖက္ထားေပးလိုက္သည္ ။
"ကြၽန္ေတာ္႕ ဘဝမွာ အေမ့စိတ္ႀကိဳက္..
အေမ့သေဘာပဲ ေနလာခဲ့ေပးတာ..
ကိုယ့္ခ်စ္တဲ့သူကိုေတာင္ ကိုယ့္သေဘာနဲ႔
ကိုယ္ ေ႐ြးခ်ယ္လို႔ မရေတာ့ဘူးလား.."
" ငယ္ငယ္တကည္းက စိတ္မၾကည္ရင္
႐ိုက္တယ္..အမွားေသးေသးေလးတစ္ခု
လုပ္မိတာနဲ႔ ေၾကာက္ဖို႔ေကာင္းေအာင္
အျပစ္ေပးတယ္ အေမွာင္ခန္းထဲ
ပိတ္ထားတယ္..အစာ မေကြၽးဘဲလည္း
ထားတယ္...."
" အေဖကလည္း အဲ့ဒါေတြကို ထိုင္ၾကည့္႐ုံ
ကလြဲၿပီး ဘာမွ မလုပ္ေပးခဲ့ဘူး.."
Jeon ပုံစံသည္ ခံစားခ်က္ေတြကို
မထိန္းထားႏိုင္ေတာ့သည့္ သ႑ာန္
အကုန္လုံးကို ႐ိႈက္ႀကီးတငင္ ဖြင့္ထုတ္
လာသည္ ။
ဘာလဲ..ဂြၽန္ဟြာအင္းက ဂြၽန္ေဂ်ာင္ဂုကို
နည္းနည္းမွ မခ်စ္ဘူးလား..ဒါဆို
ဖူးဖူးမႈတ္ထားတယ္ဆိုတဲ့ သတင္းေတြက
လုပ္ဇာတ္ေတြေပါ့ ။
ဒါဆို အဲ့မိန္းမရဲ႕ အားနည္းခ်က္က ဘာလဲ ။
" ေမာင့္ ဘဝလည္း အဲ့လိုပါပဲ...
ေမာင္ဆို ပိုဆိုးေသး..အေဖက အၿမဲတမ္း
႐ိုက္ႏွက္ေနတာေလ..အေမ့ကို..
ေမာင္ဆို ဝင္ကာရင္းနဲ႔ ေခါင္းေတာင္
႐ိုက္ခြဲခံရဖူးတယ္.."
" ေတာ္ေတာ္ နာခဲ့မွာပဲ.."
" အမွန္ေတာ့..ေမာင္က ေလာကထဲကို
ေရာက္လာႏိုင္တာ အေမ့ဆုံးျဖတ္ခ်က္
ေၾကာင့္.."
"..."
" ဘာလို႔ဆို ေမာင္က ေမာင့္အေမနဲ႔
ေမာင့္အေဖဆိုတဲ့လူႏွစ္ေယာက္ရဲ႕
တစ္ညတာ အမွားေၾကာင့္ ရလာတဲ့
ကေလးတစ္ေယာက္သာသာပဲမို႔.."
" ေမာင္ရယ္..."
" အခုမွ ေမာင္ပိုသိလိုက္ရတာက..
အဲ့အမွားက..ႏွစ္ဦးသေဘာတူ မဟုတ္ခဲ့ဘူး"
" ဟင္..ဒါဆို..-"
Jeonမ်က္ဝန္းေတြသည္ တစ္ခုခုကို
နားလည္သြားသလို ။
" ဟုတ္တယ္..ေမာင့္အေမက
ပတ္ခ္ေျဗာင္ဟို ဆိုတဲ့ လူရဲ႕ အတင္း
သိမ္းပိုက္တာကို ခံခဲ့ရတာ..."
" စိတ္မေကာင္းပါဘူး..."
" ပိုဆိုးတာက အဲ့ကိစၥတစ္ခုလုံးက....."
" ဘာမွ မဟုတ္ေတာ့ဘူး..ေမာင္ မေသခ်ာ
ေသးလို႔ မေျပာခ်င္ေတာ့ဘူး.."
" ကဲလာ...တစ္ကိုယ္လုံး ေပက်ံေနတာပဲ..
ေမာင္ကိုယ္တိုင္ .သန္႔စင္ေပးမယ္.."
Jeonႏွာေခါင္းလုံးလုံးေလးကို ခပ္ဖြဖြ
နမ္းရင္း ေပြ႕ခ်ီကာ ေရခ်ိဳးခန္းဆီ ဝင္သြား
ေတာ့သည္ ။
" အဲ့ဒီကိစၥတစ္ခုလုံးရဲ႕ ေနာက္ကြယ္မွာ
ႀကိဳးကိုင္သူ တစ္ေယာက္႐ွိေနတယ္...."
×
Hee..မေန႔က Updateေပးဖို႔ ေမ့သြားလို႔
ေဆာတီးပါ😆 ။
AlexandrineKim(2622023)
Bạn đang đọc truyện trên: AzTruyen.Top