18

Unicode

စျာပနပွဲတွင် ဂျွန်ဟွာအင်းသည် မျက်ရည်
တစမ်းစမ်းဖြင့် ရှိနေသည် ။ အဖြူရောင်
ပန်းတွေကြားက ဂျွန်မင်ဂျွန်း၏ ဓာတ်ပုံကို တစ်ချက်တစ်ချက်ငေးကြည့်ရင်း
သူမသည် အမှန်တကယ် ခံစားနေရပုံ ။

" သားကိုလည်း မတွေ့မိသလိုပဲနော်.."

" အော်..သား-သားက ပြည်ပရောက်နေလို့ပါ"

" အဖေရဲ့ စျာပနကိုတောင် မလာနိုင်လောက်အောင် အလုပ်ကြိုးစားတဲ့ပုံပဲ.."
ဂျွန်ဟွာအင်းသည် ထိုစကားကို ကြားပြီးတဲ့နောက် ဒေါသထွက်ပုံမပေါ် ။ သူမသည်
ဤသို့ကြားရမည်ကို မှန်းဆထားပြီးသား
ဖြစ်သည့်ပုံ ။

" ဆရာကတော်...ဟို ဂန်အိမ်တော်က
လာတယ်..."
စျာပနမှာ လာကူညီပေးနေတဲ့ အတွင်းရေးမှူး
လေးက တိုးတိုးလေး လာပြောသည် ။

" ဟုတ်ပြီ..ငါသွားလိုက်မယ်..."

ဂျွန်ဟွာအင်းသည် ယူဆိုရာတို့ ရှိရာဆီကို
လျှောက်သွားသည် ။

" အော် ဆိုရာ..နင်လာတာပဲ..ငါက မလာ
လောက်ဘူးတောင် ထင်တာ..."

" ငါလာမှာကို နင်သိနေသားပဲ..အပိုတွေ
မလုပ်ပြနဲ့.."

ဂျွန်ဟွာအင်းသည် အနေခက်သည့် အပြုံး
တစ်ခု ဆင်မြန်းလိုက်သည် ။

" အမျိုးသားနဲ့ သားရော.."

" အမျိုးသားနဲ့ သားက မအားဘူး..."

ဂျွန်ဟွာအင်းသည် နိုင်ကွက်တွေ့သွားသလို
ယူဆိုရာအား ခနဲ့ရန် စကားလုံးများကို
စီစဥ်လိုက်သည် ။

" အမျိုးသားကတော့ အလုပ်ကြောင့်
မအားဘူးပဲ ထင်ပါတယ်..သားကကျ
အလုပ်လက်မဲ့ မလား..ဘာတွေများ မအား
လည်း မသိဘူးနော်...ဟင်းဟင်း "

" သားမှာက အရေးကြီးတဲ့အလုပ်ရှိနေတယ်လေ...အဲ့ဒါက လူ့အသက်တစ်ချောင်းကို
ကယ်ရမှာ..."
ဂျွန်ဟွာအင်း၏ ခနဲ့မှုကို ယူဆိုရာက
အေးဆေးစွာတုန့်ပြန်သည် ။

" အရေးကြီး---"
ဂျွန်ဟွာအင်းသည် ထပ်၍ ​အချေအတင်
ပြောရန် ​ပြင်လိုက်ပေမဲ့ သူမ တစ်စုံတစ်ခုကို
သတိရသွားသည် ။

JungKook...

" ဟို ဆိုရာ ခဏလေးစောင့်ပေးပါနော်...
ကျွန်မ အရေးကိစ္စလေးတစ်ခုကြောင့် ဖုန်း--"

" ဟာ...အမျိုးသားရဲ့ နောက်ဆုံးခရီးထက်
ဘယ်အရာကများ အရေးကြီးနိုင်မလဲ..
ဟွာအင်း..လာပါ..လာပါ...ဂါရဝပြုရအောင်"

ဂျွန်ဟွာအင်းသည် Jimin ဂျွန်အိမ်တော်ထဲက
JungKookကို ကယ်တော့မည်ဆိုတာ
သိလိုက်ပြီ ဖြစ်သည် ။ ထို့ကြောင့် အိမ်တော်ထိန်းကြီးကို ဖုန်းဆက်ရန် ကြံသော်လည်း
ယူဆိုရာက အခွင့်မပေးခဲ့ ။

ဂါရဝပြုပြီးနောက် ဖုန်းဆီသွားရန်ပြုပေမဲ့
တစ်ယောက််ပြီး ရောက်လာကြသည့် သူတို့
ကြောင့် ဂျွန်ဟွာအင်းသည် အကျပ်ရိုက်နေသည်။

' အဲ့ဒါမှ ပြဿနာပဲ '

Jiminသည် ဂျွန်အိမ်တော်ထဲကို ခြေလှမ်းကျဲ
တွေဖြင့် ဝင်လာသည် ။အိမ်တော်ထိန်းကြီးက
Jiminကို မြင်သည့်အခါ အပြေးလာခေါ်သည် ။

" အကိိုလေးး...သော့က ဒီမှာပါ...မြေအောက်ခန်း..."

အိမ်တော်ထိန်းဦးလေးကြီးက သော့ကို
တုန်တုန်ယင်ယင်ဖြင့် သူ့လက်ထဲ ထည့်ပေး
သည် ။ ဒီသော့ကို ထိုဦးလေးကြီးသည်
ဂျွန်ဟွာအင်းဆီမှ တိတ်တိတ်လေး ယူထားရ
ခြင်းဖြစ်သည် ။

" ဦးတို့ မိသားစုကိုလည်း ကယ်ပေးပါနော်
အကိုလေး..."
အိမ်တော်ထိန်းဦးလေးကြီးသည် Jiminကို
လျှို့ဝှက်စွာ ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြခဲ့သည် ။ ဒါကြောင့် Jimin၏ လှုပ်ရှားမှုသည် ပို၍အဆင်ပြေနေခြင်း ဖြစ်သည် ။

" စိတ်မပူပါနဲ့..အခုလောက်ဆို သူတို့
လုံခြုံပါပြီ..."

မြေအောက်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့်
အောက််သိုးသိုး အနံ့ကို ဦးစွာရလိုက်သည် ။
မှောင်မဲနေသည့် အခန်းထဲကို ဝင်လိုက်ရရင်း
အမြင်အာရုံကို ကျင့်သားရအောင် ခေတ္တ
စောင့်လိုက်ရသည် ။

" Jeon..."

" Jeon..."

" မော-င်..."
အားပြတ်ဖျော့တော့နေသည့် ခေါ်သံတိုးတိုး..

" JEON!! "

နောက်ဆုံး Jiminသည် Jeonကိုမြင်ခဲ့ပါပြီ ။
ညစ်ထေးအေးစက်နေသည့် ကြမ်းပြင်ပေါ်တွင် လက်ပြန်ကြိုးတုပ်ခံထားရကာ
ခွေခွေလေး လဲလျောင်းနေသည့် Jeon။
ဝတ်ထားသည့် Shirtဖြူဖြူတွင်လည်း
သွေးကွက်တွေသည် နေရာအနှံ့ ။

မျက်နှာတွင်လည်း ဖူးယောင်နေသည့်
ဒဏ်ရာတချို့နှင့် ယခုထက်ထိ မခြောက်သေးသည့် သွေးစတချို့က စေးကပ်ဆဲ ။
ရုတ်တရက် အိမ်တော်ထိန်း၏ စကားတချို့ကို ပြန်ကြားယောင်မိသည် ။

" ညညဆို သခင်မကြီးက..စိတ်မထိန်းနိုင်တိုင်း သခင်လေးကို ရိုက်နှက်နေတာ...
ကျွန်တော်လည်း တားပေမဲ့ မရပါဘူး..
အကိုလေးရယ်.."

" ​ေ-မာင်-လား.."

" ဟုတ်တယ် မောင်ပါ...မောင်ကြာသွားမိတယ် Jeonရယ်..."

Jiminသည် ဘေးဘီကို ကြည့်မိကာမှ
မြင်လိုက်ရသည့် ချိန်းကြိုးတစ်ကြိုး ။
Jeonကို ထိုချိန်းကြိုးနှင့် ရိုက်နှက်ခဲ့သည်
လား ။ Jimin၏ သွေးတို့ ဆူပွက်လာသည် ။

" နာ-တယ် "
Jeon၏ အသံသည် အက်ကွဲနေသည် ။

" သက်သာသွားမှာပါ..မောင် ရှိတယ်.."

" သူ-သူက Jeonကို ရိုက်တယ်..အရမ်း
နာတာပဲ..တစ်ကိုယ်လုံး နာတယ်..ဟင့် "
မျက်လုံးပင် မဖွင့်နိုင်တော့သည့် Jeonက
ရှိုက်သံတချို့နဲ့ တိုးတိုးလေးငိုနေသည် ။

မြေအောက်ခန်းထဲကို ထပ်ဝင်လာကြသည့်
လူသုံးယောက် ။ Jiminအနောက်ကို
လှည့်ကြည့်လိုက်သည် ။

"ဒီ့ထက်ပိုသေချာတဲ့ သက်သေရှိအုန်းမလား"
Jimin၏ ပြတ်ရှရှစကားမှာ ထိုလူသုံးယောက်က ခေါင်းငြိမ့်ပြသည် ။

" Jeon..မောင်တို့ ဆေးရုံသွားကြမယ်နော် "

Jeonသည် တစ်ပတ်လုံးလုံး ရေသာ
သောက်ခဲ့ရပြီး အစာမစားခဲ့ရသည့်အတွက်
စကားပြောဖို့ပင် အားပင်မရှိတော့ကာ
Jimin၏ လက်တွေကြားမှာ ဖျော့ဖျော့လေးသာ ပါလာခဲ့တော့သည် ။

×

" Jeon JungKook...ဘယ်ရောက်သွားတာလဲ !!! "
ဂျွန်ဟွာအင်းသည် အိမ်တော်ကိုပြန်ရောက်
သည်နှင့် JungKook မရှိတော့သည်ကို
သိကာ သောင်းကျန်းတော့သည် ။

" သ-သခင်မကြီး..ကျွန်တော်-ကျွန်တော်...."

" နင်-နင် လွှတ်ပေးလိုက်တာမလား...
ငါသိတယ်..နင်လည်း ဟိုလူကြီး Hwaလိုပဲ
ဂျွန်တို့ရဲ့ သစ္စာခံဆိုတာ.."

" ကျွန်တော် တောင်းပန်ပါတယ်..."
အိမ်တော်ထိန်းကြီးသည် ဒူးထောက်ချလိုက်
သည် ။

" နောက်ကျသွားပြီ...နင့်သမီးနဲ့ မြေးကို
နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ "

" အဲ့လို မလုပ်ပါနဲ့ဗျာ..."

" ဟားဟားးးး...အကုန်သတ်ပစ်မှာ..."
ဂျွန်ဟွာအင်းသည် စိတ်လွတ်နေသူ
တစ်ယောက်လို ပြုမူနေသည် ။

" ဂျွန်ဟွာအင်း...ခင်ဗျား တော်သင့်ပြီ "
ဂျွန်ဟွာအင်းသည် ဖုန်းနံပါတ်တချို့ကို
နှိပ်နေချိန် အနောက်မှ ထွက်ပေါ်လာသည့်
အသံ ။ အိမ်တော်ထိန်းကြီးသည် အကူအညီ
ရသလို ပြေးထွက်သွားခဲ့သည် ။

" Park Jimin?? ParkJimin! နင်က
ဘာမို့လို့ ငါ့ကို လာတားနေတာလဲ..."

" ခင်ဗျား အခုမရပ်ရင် အပြစ်က ပိုတိုးမယ်နော် "

" လာခြိမ်းခြောက်နေတယ်..နင့်ကို ငါ
မကြောက်ဘူး...ဟက်.."
ဂျွန်ဟွာအင်းသည် ဖုန်းကို ခေါ်လိုက်သည် ။
တစ်ဖက်က ဖုန်းပြန်မဖြေပေ ။

...ဘာလို့ မကိုင်တာလဲ...

ဂျွန်ဟွာအင်း မျက်မှောင်ကြုံ့သွားသည် ။
သူမ ထပ်ခေါ်လိုက်သော်လည်း မကိုင်ပါ ။

" ဖုန်း မကိုင်ဘူးလား...ဟက် ကြည့်ရတာ
ကိုင်မဲ့လူ မရှိတော့ဘူး ထင်တယ်..."

Jiminက လက်ထဲမှ Vibrateဖြစ်နေတဲ့
ဖုန်းကို မြှောက်ပြသည် ။ ဂျွန်ဟွာအင်းသည်
အခြေအနေကို နားလည်လိုက်တာကြောင့်
ဖုန်းကို လွင့်ပစ်လိုက်သည် ။ နောက်တော့
သူမ၏ အိတ်ထဲမှ သေနတ်ကို ထုတ်လိုက်
သည် ။

Jiminသည် အနည်းငယ်တော့ တွန့်ခနဲ
ဖြစ်သွားသည် ။ သို့ပေမဲ့လည်း ကြောက်ရွံ့
ဟန်မပြ ။ ဒီမိန်းမက ဒီလောက်ထိလုပ်မည်
ဆိုတာ မှန်းဆထားပုံ ။

" မထင်ထားမိဘူး...သေနတ်ပါကိုင်လိမ့်မယ်လို့.."
Jiminသည် ရီ၍လှောင်သံစွက်ကာ
ပြောလိုက်သည့်အခါ ဂျွန်ဟွာအင်းသည်
မခံမရပ်နိုင်ဖြစ်သွားသည် ။

" နင် မရီနဲ့ ParkJimin...!!နင့်ရီသံတွေကို
ငါမုန်းတယ်..!! ဟိုမိန်းမနဲ့တစ်ထေရာတည်း "

Jiminသည် ပြုံးနေရာမှ တည်သွားသည် ။
နောက်တော့ ဂျွန်ဟွာအင်းဆီကို တဖြည်းဖြည်း လျှောက်လှမ်းသွားသည် ။

" ပစ်မလို့လား...ပစ်လေ..ပစ်လိုက်..."

" သတ်ပစ်မှာ..!!!သေချာပေါက်....
နင်-နင် ရှေ့မတိုးလာနဲ့ !! PARKJIMIN!!! "

'ချောက်´
ဂျွန်ဟွာအင်းသည် လက်နက်ပင်မပါသည့်
Jiminကို သရဲသဘက်သဖွယ် ကြောက်ရွံ့ကာ သေနတ်မောင်းကို တင်လိုက်သည် ။

" ပစ်ပါ..အားမနာနေနဲ့.."
Jiminကား မျက်လုံးမှိတ်ချ၍ သေနတ်
ပြောင်းဝရှေ့ ရပ်လိုက်သည် ။

" နင်-နင်..ငါတကယ် ပစ်မှာနော်..!! "

Jiminသာ ဘာမှ ပြန်မဖြေခဲ့ပေ ။
တိတ်ဆိတ်နေသည့် အချိန်တစ်ခုမှာ
ဂျွန်ဟွာအင်း၏ တုန်လှုပ်နေသော အသက်
ရှူသံသာ ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်နေခဲ့သည် ။

အတန်ကြာသည်အထိ ဘာမှမဖြစ်တာကြောင့် Jimin သူ့ရှေ့က ဂျွန်ဟွာအင်းကို
ကြည့်လိုက်သည် ။ သူမသည် အသားတွေပင် တဆတ်ဆတ်တုန်ကာ ခြောက်ခြားနေသည် ။

" ကြောက်နေတာလား.."

Jimin၏ မျက်လုံးတွေကို စေ့စေ့မကြည့်ရဲ
ဂျွန်ဟွာအင်းကား သူမ၏ အပြစ်တွေကို
ပြန်ခံစားနေရပုံ ။

" ခင်ဗျားကြောက်နေတယ်မလား...ကျုပ်ကို
မဟုတ်ပဲနဲ့...ခင်ဗျား လုပ်ခဲ့သမျှ မကောင်းမှုတွေကို..."

" ပြန်မြင်ယောင်နေပြီမလား..ခင်ဗျားသတ်ခဲ့တဲ့ လူတွေကို..."

" တော်တော့!!! မပြောနဲ့တော့ !! "

" ခင်ဗျား...ကြားနေပြီမလား...ခင်ဗျား
ရက်ရက်စက်စက်လုပ်ပစ်ခဲ့တဲ့ လူတွေရဲ့
နာနာကျည်းကျည်း ရေရွတ်သံတွေ..."

" တော်ပါတော့လို့ !!!!! ငါ ဘာမှ မမှားဘူး..
နင် လူလိမ်ကောင် !! ငါ ဘာမှ မလုပ်ခဲ့ဘူးးး...
ငါက ဒီအတိုင်း အနိုင်ရခဲ့ချင်ရုံပါပဲ..."

" ခင်ဗျားရဲ့ အတ္တက အခုတော့ ခင်ဗျားကို
ဝါးမျိုတော့မယ်...အခု ခင်ဗျား သေမလို
ချစ်ပါတယ်ဆိုတဲ့ လူကိုလည်း ခင်ဗျား
ကိုယ်တိုင် သတ်လိုက်ပြီ..."

" မဟုတ်ဘူး..!! "

" အခု ခင်ဗျား ကုန်းရုန်းရှာဖွေထားခဲ့တဲ့
ပိုက်ဆံတွေ စည်းစိမ်တွေကိုလည်း ထားခဲ့
ရတော့မယ်...ခင်ဗျားပိုင်ဆိုင်သမျှတွေကို
ထားခဲ့ရပြီး ဗလာဟင်းလင်းဘဝကြီးနဲ့ပဲ
ထောင်ထဲမှာ အဆုံးသတ်ရတော့မယ် "

" မ ဟု တ် ဘူး လို့ !!!! "

' ဒိုင်း !!! '
ဂျွန်ဟွာအင်းသည် Jimin၏ စကား ထိုးနှက်
မှုများတွင် စိတ်လွတ်သွားကာ သေနတ်ဖြင့်
ထိမိထိရာကို ပစ်လိုက်တော့သည် ။
သွေးစက်တွေသည် ဖြာကနဲ ၊ နံရံအဖြူဆီကို
စင်ကုန်သည် ။

Jiminသည် လက်မောင်းရင်းကို အုပ်ကိုင်ရင်း လဲကျသွားသည် ။ ဂျွန်ဟွာအင်းသည်
သူ့ကို စိုက်ကြည့်လာသည် ။ နောက်တော့
သေသေချာချာပဲ Jiminကို သေနတ်ဖြင့်
ချိန်လိုက်သည် ။

Jiminသည် သူသေကိုယ်သေ လုပ်ဖို့
ဆုံးဖြတ်ပြီးသားပင် ။ Jimin ဒီတစ်ခါ
မျက်စိစုံမှိတ်လျက် မော့ကြည့်လိုက်သည် ။
သတ်လိုက် ဆိုသည့် သဘော ။

သို့သော် ဂျွန်ဟွာအင်း၏ သေနတ်ပြောင်းဝသည် ဦးတည်ရာ ပြောင်းသွားခဲ့သည် ။
သေနတ်ပြောင်းဝအား တုန်ယင်စွာဖြင့် သူမ၏နားထင်ဆီသို့ တေ့လိုက်သည် ။

" ငါ-ငါက ဘယ်တော့မှ မရှုံးဘူး..."

' ဒိုင်း ' ခနဲ ပစ်ခတ်သံက ထပ်မံထွက်ပေါ်
လာခဲ့သည် ။ ရဲတွေ ဝင်လာသည့်အခါ
မြင်တွေ့လိုက်ရတာက သွေးအိုင်ကြား
အသက်မဲ့နေသည့် ဂျွန်ဟွာအင်းနဲ့
သေနတ်ဒဏ်ရာကြောင့် သွေးထွက်လွန်နေ
သည့် Jimin ။

×

" သက်သေတွေ ရှာပြီးကာမှ ထောင်ထဲ
မထည့်လိုက်ရတာ​တော့ မကျေနပ်ဘူး.."

" ထယ်..အဲ့ဒီလို မပြောရဘူးလေ.."

" ထယ်​ ပြောချင်တာ အဲ့လိုမဟုတ်ဘူး...
အဲ့မိန်းမ သတ်သေသွားတာကိုမကျေနပ်တာ"

" ကိုယ်သိပါတယ်ကွာ.."

" ဒါနဲ့...သူ့ကို ဟိုJungKookအကြောင်း
ပြောပြီးပြီလား..."

" Jeonက ဘာဖြစ်လို့လဲ "

" အမေ့..! လန့်လိုက်တာ..."
SeokJinနဲ့ Taehyungသည် စကားပြောနေတုန်း ပတ်တီးဖွေးဖွေးဖြင့် ဘေးနားရောက်လာသော Jiminကြောင့် တွန့်ခနဲ
လန့်ကုန်ကြသည် ။

" ဘယ်တုန်းက သတိပြန်ရတာလဲ "

" ဒီလောက်လေးနဲ့ ငါအကြာကြီး အိပ်မနေပါဘူး...ဒါဖြင့် ခုနက စကားကို ဆက်ပါအုန်း..
Jeon ဘာဖြစ်တာလဲ.."

" သူ သတိရနေပြီ..ဒါပေမဲ့ ခက်တာက..."

" အေး..မြန်မြန်ပြော..."

" သူ့ စိတ်အခြေအနေ မကောင်းဘူး..."

" ဘယ်လို? ! "

" ဆရာဝန်ပြောတာကတော့ အခုကြုံလိုက်
ရတာက သူ့ရဲ့ ငယ်ဘဝက အတိတ်ဆိုးကို
တူးဖော်မိသလို ဖြစ်သွားတယ်..အဲ့Trauma
က အခု လက်ရှိ စိတ်အခြေအနေပေါ်
သက်ရောက်ပြီး...သူ့စိတ်က....ဟင်း...
အဲ့ဒါ မင်းကိုယ်တိုင်ပဲသွားကြည့်မှ ရမယ်..."

" အခု သွားမယ်..."

" မင်း ဒဏ်ရာက.."

" အရေးမကြီးဘူး..."

" ပြီးတာပဲလေ...ငါတို့လည်း မင်းသက်သာတာ စောင့်နေတာ...သူ့ဆီသွားဖို့..."

×

အရေးအသားက အဖက်ဆယ်လို့ မရအောင်
စုတ်ချာနေတာ သိပါတယ် ။ စိတ်အာရုံတွေလည်း ဘယ်လိုမှ စုစည်းမရလို့ပါ ။

နောက်တစ်ပိုင်း ဇာတ်သိမ်း သေချာပါပြီ ။
အားလုံးပဲ အခုအချိန်ထိ လိုအပ်တာတွေကို
အားမနာပဲ ဝေဖန်ပေးကြပါ ။

- AlexandrineKim(1142023)-

Zawgyi

စ်ာပနပြဲတြင္ ဂြၽန္ဟြာအင္းသည္ မ်က္ရည္
တစမ္းစမ္းျဖင့္ ႐ွိေနသည္ ။ အျဖဴေရာင္
ပန္းေတြၾကားက ဂြၽန္မင္ဂြၽန္း၏ ဓာတ္ပုံကို တစ္ခ်က္တစ္ခ်က္ေငးၾကည့္ရင္း
သူမသည္ အမွန္တကယ္ ခံစားေနရပုံ ။

" သားကိုလည္း မေတြ႕မိသလိုပဲေနာ္.."

" ေအာ္..သား-သားက ျပည္ပေရာက္ေနလို႔ပါ"

" အေဖရဲ႕ စ်ာပနကိုေတာင္ မလာႏိုင္ေလာက္ေအာင္ အလုပ္ႀကိဳးစားတဲ့ပုံပဲ.."
ဂြၽန္ဟြာအင္းသည္ ထိုစကားကို ၾကားၿပီးတဲ့ေနာက္ ေဒါသထြက္ပုံမေပၚ ။ သူမသည္
ဤသို႔ၾကားရမည္ကို မွန္းဆထားၿပီးသား
ျဖစ္သည့္ပုံ ။

" ဆရာကေတာ္...ဟို ဂန္အိမ္ေတာ္က
လာတယ္..."
စ်ာပနမွာ လာကူညီေပးေနတဲ့ အတြင္းေရးမႉး
ေလးက တိုးတိုးေလး လာေျပာသည္ ။

" ဟုတ္ၿပီ..ငါသြားလိုက္မယ္..."

ဂြၽန္ဟြာအင္းသည္ ယူဆိုရာတို႔ ႐ွိရာဆီကို
ေလွ်ာက္သြားသည္ ။

" ေအာ္ ဆိုရာ..နင္လာတာပဲ..ငါက မလာ
ေလာက္ဘူးေတာင္ ထင္တာ..."

" ငါလာမွာကို နင္သိေနသားပဲ..အပိုေတြ
မလုပ္ျပနဲ႔.."

ဂြၽန္ဟြာအင္းသည္ အေနခက္သည့္ အျပဳံး
တစ္ခု ဆင္ျမန္းလိုက္သည္ ။

" အမ်ိဳးသားနဲ႔ သားေရာ.."

" အမ်ိဳးသားနဲ႔ သားက မအားဘူး..."

ဂြၽန္ဟြာအင္းသည္ ႏိုင္ကြက္ေတြ႕သြားသလို
ယူဆိုရာအား ခနဲ႔ရန္ စကားလုံးမ်ားကို
စီစဥ္လိုက္သည္ ။

" အမ်ိဳးသားကေတာ့ အလုပ္ေၾကာင့္
မအားဘူးပဲ ထင္ပါတယ္..သားကက်
အလုပ္လက္မဲ့ မလား..ဘာေတြမ်ား မအား
လည္း မသိဘူးေနာ္...ဟင္းဟင္း "

" သားမွာက အေရးႀကီးတဲ့အလုပ္႐ွိေနတယ္ေလ...အဲ့ဒါက လူ႕အသက္တစ္ေခ်ာင္းကို
ကယ္ရမွာ..."
ဂြၽန္ဟြာအင္း၏ ခနဲ႔မႈကို ယူဆိုရာက
ေအးေဆးစြာတုန္႔ျပန္သည္ ။

" အေရးႀကီး---"
ဂြၽန္ဟြာအင္းသည္ ထပ္၍ ​အေခ်အတင္
ေျပာရန္ ​ျပင္လိုက္ေပမဲ့ သူမ တစ္စုံတစ္ခုကို
သတိရသြားသည္ ။

JungKook...

" ဟို ဆိုရာ ခဏေလးေစာင့္ေပးပါေနာ္...
ကြၽန္မ အေရးကိစၥေလးတစ္ခုေၾကာင့္ ဖုန္း--"

" ဟာ...အမ်ိဳးသားရဲ႕ ေနာက္ဆုံးခရီးထက္
ဘယ္အရာကမ်ား အေရးႀကီးႏိုင္မလဲ..
ဟြာအင္း..လာပါ..လာပါ...ဂါရဝျပဳရေအာင္"

ဂြၽန္ဟြာအင္းသည္ Jimin ဂြၽန္အိမ္ေတာ္ထဲက
JungKookကို ကယ္ေတာ့မည္ဆိုတာ
သိလိုက္ၿပီ ျဖစ္သည္ ။ ထို႔ေၾကာင့္ အိမ္ေတာ္ထိန္းႀကီးကို ဖုန္းဆက္ရန္ ၾကံေသာ္လည္း
ယူဆိုရာက အခြင့္မေပးခဲ့ ။

ဂါရဝျပဳၿပီးေနာက္ ဖုန္းဆီသြားရန္ျပဳေပမဲ့
တစ္ေယာက္္ၿပီး ေရာက္လာၾကသည့္ သူတို႔
ေၾကာင့္ ဂြၽန္ဟြာအင္းသည္ အက်ပ္႐ိုက္ေနသည္။

' အဲ့ဒါမွ ျပႆနာပဲ '

Jiminသည္ ဂြၽန္အိမ္ေတာ္ထဲကို ေျခလွမ္းက်ဲ
ေတြျဖင့္ ဝင္လာသည္ ။အိမ္ေတာ္ထိန္းႀကီးက
Jiminကို ျမင္သည့္အခါ အေျပးလာေခၚသည္ ။

" အကိိဳေလးး...ေသာ့က ဒီမွာပါ...ေျမေအာက္ခန္း..."

အိမ္ေတာ္ထိန္းဦးေလးႀကီးက ေသာ့ကို
တုန္တုန္ယင္ယင္ျဖင့္ သူ႕လက္ထဲ ထည့္ေပး
သည္ ။ ဒီေသာ့ကို ထိုဦးေလးႀကီးသည္
ဂြၽန္ဟြာအင္းဆီမွ တိတ္တိတ္ေလး ယူထားရ
ျခင္းျဖစ္သည္ ။

" ဦးတို႔ မိသားစုကိုလည္း ကယ္ေပးပါေနာ္
အကိုေလး..."
အိမ္ေတာ္ထိန္းဦးေလးႀကီးသည္ Jiminကို
လွ်ိဳ႕ဝွက္စြာ ဆက္သြယ္ၿပီး အက်ိဳးအေၾကာင္း ေျပာျပခဲ့သည္ ။ ဒါေၾကာင့္ Jimin၏ လႈပ္႐ွားမႈသည္ ပို၍အဆင္ေျပေနျခင္း ျဖစ္သည္ ။

" စိတ္မပူပါနဲ႔..အခုေလာက္ဆို သူတို႔
လုံျခဳံပါၿပီ..."

ေျမေအာက္ခန္းတံခါးကို ဖြင့္လိုက္သည္ႏွင့္
ေအာက္္သိုးသိုး အနံ႔ကို ဦးစြာရလိုက္သည္ ။
ေမွာင္မဲေနသည့္ အခန္းထဲကို ဝင္လိုက္ရရင္း
အျမင္အာ႐ုံကို က်င့္သားရေအာင္ ေခတၱ
ေစာင့္လိုက္ရသည္ ။

" Jeon..."

" Jeon..."

" ေမာ-င္..."
အားျပတ္ေဖ်ာ့ေတာ့ေနသည့္ ေခၚသံတိုးတိုး..

" JEON!! "

ေနာက္ဆုံး Jiminသည္ Jeonကိုျမင္ခဲ့ပါၿပီ ။
ညစ္ေထးေအးစက္ေနသည့္ ၾကမ္းျပင္ေပၚတြင္ လက္ျပန္ႀကိဳးတုပ္ခံထားရကာ
ေခြေခြေလး လဲေလ်ာင္းေနသည့္ Jeon။
ဝတ္ထားသည့္ Shirtျဖဴျဖဴတြင္လည္း
ေသြးကြက္ေတြသည္ ေနရာအႏွံ႔ ။

မ်က္ႏွာတြင္လည္း ဖူးေယာင္ေနသည့္
ဒဏ္ရာတခ်ိဳ႕ႏွင့္ ယခုထက္ထိ မေျခာက္ေသးသည့္ ေသြးစတခ်ိဳ႕က ေစးကပ္ဆဲ ။
႐ုတ္တရက္ အိမ္ေတာ္ထိန္း၏ စကားတခ်ိဳ႕ကို ျပန္ၾကားေယာင္မိသည္ ။

" ညညဆို သခင္မႀကီးက..စိတ္မထိန္းႏိုင္တိုင္း သခင္ေလးကို ႐ိုက္ႏွက္ေနတာ...
ကြၽန္ေတာ္လည္း တားေပမဲ့ မရပါဘူး..
အကိုေလးရယ္.."

" ​ေ-မာင္-လား.."

" ဟုတ္တယ္ ေမာင္ပါ...ေမာင္ၾကာသြားမိတယ္ Jeonရယ္..."

Jiminသည္ ေဘးဘီကို ၾကည့္မိကာမွ
ျမင္လိုက္ရသည့္ ခ်ိန္းႀကိဳးတစ္ႀကိဳး ။
Jeonကို ထိုခ်ိန္းႀကိဳးႏွင့္ ႐ိုက္ႏွက္ခဲ့သည္
လား ။ Jimin၏ ေသြးတို႔ ဆူပြက္လာသည္ ။

" နာ-တယ္ "
Jeon၏ အသံသည္ အက္ကြဲေနသည္ ။

" သက္သာသြားမွာပါ..ေမာင္ ႐ွိတယ္.."

" သူ-သူက Jeonကို ႐ိုက္တယ္..အရမ္း
နာတာပဲ..တစ္ကိုယ္လုံး နာတယ္..ဟင့္ "
မ်က္လုံးပင္ မဖြင့္ႏိုင္ေတာ့သည့္ Jeonက
႐ိႈက္သံတခ်ိဳ႕နဲ႔ တိုးတိုးေလးငိုေနသည္ ။

ေျမေအာက္ခန္းထဲကို ထပ္ဝင္လာၾကသည့္
လူသုံးေယာက္ ။ Jiminအေနာက္ကို
လွည့္ၾကည့္လိုက္သည္ ။

"ဒီ့ထက္ပိုေသခ်ာတဲ့ သက္ေသ႐ွိအုန္းမလား"
Jimin၏ ျပတ္႐ွ႐ွစကားမွာ ထိုလူသုံးေယာက္က ေခါင္းၿငိမ့္ျပသည္ ။

" Jeon..ေမာင္တို႔ ေဆး႐ုံသြားၾကမယ္ေနာ္ "

Jeonသည္ တစ္ပတ္လုံးလုံး ေရသာ
ေသာက္ခဲ့ရၿပီး အစာမစားခဲ့ရသည့္အတြက္
စကားေျပာဖို႔ပင္ အားပင္မ႐ွိေတာ့ကာ
Jimin၏ လက္ေတြၾကားမွာ ေဖ်ာ့ေဖ်ာ့ေလးသာ ပါလာခဲ့ေတာ့သည္ ။

×

" Jeon JungKook...ဘယ္ေရာက္သြားတာလဲ !!! "
ဂြၽန္ဟြာအင္းသည္ အိမ္ေတာ္ကိုျပန္ေရာက္
သည္ႏွင့္ JungKook မ႐ွိေတာ့သည္ကို
သိကာ ေသာင္းက်န္းေတာ့သည္ ။

" သ-သခင္မႀကီး..ကြၽန္ေတာ္-ကြၽန္ေတာ္...."

" နင္-နင္ လႊတ္ေပးလိုက္တာမလား...
ငါသိတယ္..နင္လည္း ဟိုလူႀကီး Hwaလိုပဲ
ဂြၽန္တို႔ရဲ႕ သစၥာခံဆိုတာ.."

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..."
အိမ္ေတာ္ထိန္းႀကီးသည္ ဒူးေထာက္ခ်လိုက္
သည္ ။

" ေနာက္က်သြားၿပီ...နင့္သမီးနဲ႔ ေျမးကို
ေနာက္ဆုံးအေနနဲ႔ ဘာေျပာခ်င္ေသးလဲ "

" အဲ့လို မလုပ္ပါနဲ႔ဗ်ာ..."

" ဟားဟားးးး...အကုန္သတ္ပစ္မွာ..."
ဂြၽန္ဟြာအင္းသည္ စိတ္လြတ္ေနသူ
တစ္ေယာက္လို ျပဳမူေနသည္ ။

" ဂြၽန္ဟြာအင္း...ခင္ဗ်ား ေတာ္သင့္ၿပီ "
ဂြၽန္ဟြာအင္းသည္ ဖုန္းနံပါတ္တခ်ိဳ႕ကို
ႏွိပ္ေနခ်ိန္ အေနာက္မွ ထြက္ေပၚလာသည့္
အသံ ။ အိမ္ေတာ္ထိန္းႀကီးသည္ အကူအညီ
ရသလို ေျပးထြက္သြားခဲ့သည္ ။

" Park Jimin?? ParkJimin! နင္က
ဘာမို႔လို႔ ငါ့ကို လာတားေနတာလဲ..."

" ခင္ဗ်ား အခုမရပ္ရင္ အျပစ္က ပိုတိုးမယ္ေနာ္ "

" လာၿခိမ္းေျခာက္ေနတယ္..နင့္ကို ငါ
မေၾကာက္ဘူး...ဟက္.."
ဂြၽန္ဟြာအင္းသည္ ဖုန္းကို ေခၚလိုက္သည္ ။
တစ္ဖက္က ဖုန္းျပန္မေျဖေပ ။

...ဘာလို႔ မကိုင္တာလဲ...

ဂြၽန္ဟြာအင္း မ်က္ေမွာင္ၾကဳံ႕သြားသည္ ။
သူမ ထပ္ေခၚလိုက္ေသာ္လည္း မကိုင္ပါ ။

" ဖုန္း မကိုင္ဘူးလား...ဟက္ ၾကည့္ရတာ
ကိုင္မဲ့လူ မ႐ွိေတာ့ဘူး ထင္တယ္..."

Jiminက လက္ထဲမွ Vibrateျဖစ္ေနတဲ့
ဖုန္းကို ေျမႇာက္ျပသည္ ။ ဂြၽန္ဟြာအင္းသည္
အေျခအေနကို နားလည္လိုက္တာေၾကာင့္
ဖုန္းကို လြင့္ပစ္လိုက္သည္ ။ ေနာက္ေတာ့
သူမ၏ အိတ္ထဲမွ ေသနတ္ကို ထုတ္လိုက္
သည္ ။

Jiminသည္ အနည္းငယ္ေတာ့ တြန္႔ခနဲ
ျဖစ္သြားသည္ ။ သို႔ေပမဲ့လည္း ေၾကာက္႐ြံ႕
ဟန္မျပ ။ ဒီမိန္းမက ဒီေလာက္ထိလုပ္မည္
ဆိုတာ မွန္းဆထားပုံ ။

" မထင္ထားမိဘူး...ေသနတ္ပါကိုင္လိမ့္မယ္လို႔.."
Jiminသည္ ရီ၍ေလွာင္သံစြက္ကာ
ေျပာလိုက္သည့္အခါ ဂြၽန္ဟြာအင္းသည္
မခံမရပ္ႏိုင္ျဖစ္သြားသည္ ။

" နင္ မရီနဲ႔ ParkJimin...!!နင့္ရီသံေတြကို
ငါမုန္းတယ္..!! ဟိုမိန္းမနဲ႔တစ္ေထရာတည္း "

Jiminသည္ ျပဳံးေနရာမွ တည္သြားသည္ ။
ေနာက္ေတာ့ ဂြၽန္ဟြာအင္းဆီကို တျဖည္းျဖည္း ေလွ်ာက္လွမ္းသြားသည္ ။

" ပစ္မလို႔လား...ပစ္ေလ..ပစ္လိုက္..."

" သတ္ပစ္မွာ..!!!ေသခ်ာေပါက္....
နင္-နင္ ေ႐ွ႕မတိုးလာနဲ႔ !! PARKJIMIN!!! "

'ေခ်ာက္´
ဂြၽန္ဟြာအင္းသည္ လက္နက္ပင္မပါသည့္
Jiminကို သရဲသဘက္သဖြယ္ ေၾကာက္႐ြံ႕ကာ ေသနတ္ေမာင္းကို တင္လိုက္သည္ ။

" ပစ္ပါ..အားမနာေနနဲ႔.."
Jiminကား မ်က္လုံးမွိတ္ခ်၍ ေသနတ္
ေျပာင္းဝေ႐ွ႕ ရပ္လိုက္သည္ ။

" နင္-နင္..ငါတကယ္ ပစ္မွာေနာ္..!! "

Jiminသာ ဘာမွ ျပန္မေျဖခဲ့ေပ ။
တိတ္ဆိတ္ေနသည့္ အခ်ိန္တစ္ခုမွာ
ဂြၽန္ဟြာအင္း၏ တုန္လႈပ္ေနေသာ အသက္
႐ွဴသံသာ က်ယ္က်ယ္ေလာင္ေလာင္
ထြက္ေပၚေနခဲ့သည္ ။

အတန္ၾကာသည္အထိ ဘာမွမျဖစ္တာေၾကာင့္ Jimin သူ႕ေ႐ွ႕က ဂြၽန္ဟြာအင္းကို
ၾကည့္လိုက္သည္ ။ သူမသည္ အသားေတြပင္ တဆတ္ဆတ္တုန္ကာ ေျခာက္ျခားေနသည္ ။

" ေၾကာက္ေနတာလား.."

Jimin၏ မ်က္လုံးေတြကို ေစ့ေစ့မၾကည့္ရဲ
ဂြၽန္ဟြာအင္းကား သူမ၏ အျပစ္ေတြကို
ျပန္ခံစားေနရပုံ ။

" ခင္ဗ်ားေၾကာက္ေနတယ္မလား...က်ဳပ္ကို
မဟုတ္ပဲနဲ႔...ခင္ဗ်ား လုပ္ခဲ့သမွ် မေကာင္းမႈေတြကို..."

" ျပန္ျမင္ေယာင္ေနၿပီမလား..ခင္ဗ်ားသတ္ခဲ့တဲ့ လူေတြကို..."

" ေတာ္ေတာ့!!! မေျပာနဲ႔ေတာ့ !! "

" ခင္ဗ်ား...ၾကားေနၿပီမလား...ခင္ဗ်ား
ရက္ရက္စက္စက္လုပ္ပစ္ခဲ့တဲ့ လူေတြရဲ႕
နာနာက်ည္းက်ည္း ေရ႐ြတ္သံေတြ..."

" ေတာ္ပါေတာ့လို႔ !!!!! ငါ ဘာမွ မမွားဘူး..
နင္ လူလိမ္ေကာင္ !! ငါ ဘာမွ မလုပ္ခဲ့ဘူးးး...
ငါက ဒီအတိုင္း အႏိုင္ရခဲ့ခ်င္႐ုံပါပဲ..."

" ခင္ဗ်ားရဲ႕ အတၱက အခုေတာ့ ခင္ဗ်ားကို
ဝါးမ်ိဳေတာ့မယ္...အခု ခင္ဗ်ား ေသမလို
ခ်စ္ပါတယ္ဆိုတဲ့ လူကိုလည္း ခင္ဗ်ား
ကိုယ္တိုင္ သတ္လိုက္ၿပီ..."

" မဟုတ္ဘူး..!! "

" အခု ခင္ဗ်ား ကုန္း႐ုန္း႐ွာေဖြထားခဲ့တဲ့
ပိုက္ဆံေတြ စည္းစိမ္ေတြကိုလည္း ထားခဲ့
ရေတာ့မယ္...ခင္ဗ်ားပိုင္ဆိုင္သမွ်ေတြကို
ထားခဲ့ရၿပီး ဗလာဟင္းလင္းဘဝႀကီးနဲ႔ပဲ
ေထာင္ထဲမွာ အဆုံးသတ္ရေတာ့မယ္ "

" မ ဟု တ္ ဘူး လို႔ !!!! "

' ဒိုင္း !!! '
ဂြၽန္ဟြာအင္းသည္ Jimin၏ စကား ထိုးႏွက္
မႈမ်ားတြင္ စိတ္လြတ္သြားကာ ေသနတ္ျဖင့္
ထိမိထိရာကို ပစ္လိုက္ေတာ့သည္ ။
ေသြးစက္ေတြသည္ ျဖာကနဲ ၊ နံရံအျဖဴဆီကို
စင္ကုန္သည္ ။

Jiminသည္ လက္ေမာင္းရင္းကို အုပ္ကိုင္ရင္း လဲက်သြားသည္ ။ ဂြၽန္ဟြာအင္းသည္
သူ႕ကို စိုက္ၾကည့္လာသည္ ။ ေနာက္ေတာ့
ေသေသခ်ာခ်ာပဲ Jiminကို ေသနတ္ျဖင့္
ခ်ိန္လိုက္သည္ ။

Jiminသည္ သူေသကိုယ္ေသ လုပ္ဖို႔
ဆုံးျဖတ္ၿပီးသားပင္ ။ Jimin ဒီတစ္ခါ
မ်က္စိစုံမွိတ္လ်က္ ေမာ့ၾကည့္လိုက္သည္ ။
သတ္လိုက္ ဆိုသည့္ သေဘာ ။

သို႔ေသာ္ ဂြၽန္ဟြာအင္း၏ ေသနတ္ေျပာင္းဝသည္ ဦးတည္ရာ ေျပာင္းသြားခဲ့သည္ ။
ေသနတ္ေျပာင္းဝအား တုန္ယင္စြာျဖင့္ သူမ၏နားထင္ဆီသို႔ ေတ့လိုက္သည္ ။

" ငါ-ငါက ဘယ္ေတာ့မွ မ႐ႈံးဘူး..."

' ဒိုင္း ' ခနဲ ပစ္ခတ္သံက ထပ္မံထြက္ေပၚ
လာခဲ့သည္ ။ ရဲေတြ ဝင္လာသည့္အခါ
ျမင္ေတြ႕လိုက္ရတာက ေသြးအိုင္ၾကား
အသက္မဲ့ေနသည့္ ဂြၽန္ဟြာအင္းနဲ႔
ေသနတ္ဒဏ္ရာေၾကာင့္ ေသြးထြက္လြန္ေန
သည့္ Jimin ။

×

" သက္ေသေတြ ႐ွာၿပီးကာမွ ေထာင္ထဲ
မထည့္လိုက္ရတာ​ေတာ့ မေက်နပ္ဘူး.."

" ထယ္..အဲ့ဒီလို မေျပာရဘူးေလ.."

" ထယ္​ ေျပာခ်င္တာ အဲ့လိုမဟုတ္ဘူး...
အဲ့မိန္းမ သတ္ေသသြားတာကိုမေက်နပ္တာ"

" ကိုယ္သိပါတယ္ကြာ.."

" ဒါနဲ႔...သူ႕ကို ဟိုJungKookအေၾကာင္း
ေျပာၿပီးၿပီလား..."

" Jeonက ဘာျဖစ္လို႔လဲ "

" အေမ့..! လန္႔လိုက္တာ..."
SeokJinနဲ႔ Taehyungသည္ စကားေျပာေနတုန္း ပတ္တီးေဖြးေဖြးျဖင့္ ေဘးနားေရာက္လာေသာ Jiminေၾကာင့္ တြန္႔ခနဲ
လန္႔ကုန္ၾကသည္ ။

" ဘယ္တုန္းက သတိျပန္ရတာလဲ "

" ဒီေလာက္ေလးနဲ႔ ငါအၾကာႀကီး အိပ္မေနပါဘူး...ဒါျဖင့္ ခုနက စကားကို ဆက္ပါအုန္း..
Jeon ဘာျဖစ္တာလဲ.."

" သူ သတိရေနၿပီ..ဒါေပမဲ့ ခက္တာက..."

" ေအး..ျမန္ျမန္ေျပာ..."

" သူ႕ စိတ္အေျခအေန မေကာင္းဘူး..."

" ဘယ္လို? ! "

" ဆရာဝန္ေျပာတာကေတာ့ အခုၾကဳံလိုက္
ရတာက သူ႕ရဲ႕ ငယ္ဘဝက အတိတ္ဆိုးကို
တူးေဖာ္မိသလို ျဖစ္သြားတယ္..အဲ့Trauma
က အခု လက္႐ွိ စိတ္အေျခအေနေပၚ
သက္ေရာက္ၿပီး...သူ႕စိတ္က....ဟင္း...
အဲ့ဒါ မင္းကိုယ္တိုင္ပဲသြားၾကည့္မွ ရမယ္..."

" အခု သြားမယ္..."

" မင္း ဒဏ္ရာက.."

" အေရးမႀကီးဘူး..."

" ၿပီးတာပဲေလ...ငါတို႔လည္း မင္းသက္သာတာ ေစာင့္ေနတာ...သူ႕ဆီသြားဖို႔..."

×

အေရးအသားက အဖက္ဆယ္လို႔ မရေအာင္
စုတ္ခ်ာေနတာ သိပါတယ္ ။ စိတ္အာ႐ုံေတြလည္း ဘယ္လိုမွ စုစည္းမရလို႔ပါ ။

ေနာက္တစ္ပိုင္း ဇာတ္သိမ္း ေသခ်ာပါၿပီ ။
အားလုံးပဲ အခုအခ်ိန္ထိ လိုအပ္တာေတြကို
အားမနာပဲ ေဝဖန္ေပးၾကပါ ။

- AlexandrineKim(1142023)-

Bạn đang đọc truyện trên: AzTruyen.Top