17
Unicode
" ဂျွန်ဟွာအင်း !!! မင်းတော်တော် ယုတ်မာတဲ့
မိန်းမ..."
ဒေါသတကြီးအော်ဟစ်ကာ ဂျွန်ဟွာအင်း
ရှိနေသည့်အခန်းထဲဝင်လာသောဂျွန်မင်ဂျွန်း။
" ဘာတွေ လာယောင်နေတာလဲ မင်ဂျွန်း "
ဂျွန်ဟွာအင်းသည် ဖုန်းကို အကြည့်မပျက်
ပြန်ဖြေသည် ။
" မင်း..မင်း...ငါ့သားလေးကို သတ်ခဲ့တာ..."
" ဘာတွေရူးနေတာလဲ မင်ဂျွန်း..ဘယ်တုန်းက
ရှင့်မှာ သားရှိဖူးလို့လဲ..."
" ဆိုရာနဲ့ ငါ့ရဲ့သားလေး.....ငါတို့သားလေးကို
မင်း သတ်ပစ်ခဲ့တာ !!!! "
ဂျွန်ဟွာအင်းသည် အေးဆေးနေသည့်ပုံစံမှ
ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။
အဲ့ကိစ္စကို မည်သူမျှ မသိအောင် သူမ
အကောင်းဆုံး ဖုံးဖိထားခဲ့သည် မလား ။
" ရှင်..ရှင်..အဲ့ဒါကို ဘယ်လို သိသွားတာလဲ "
" မင်းလုပ်ခဲ့တာ မင်းဝန်ခံပြီပေါ့...! "
" ဟုတ်တယ် ကျွန်မ လုပ်ခဲ့တယ်...အဲ့ဒီတော့
ဘာဖြစ်လဲ.."
ဂျွန်ဟွာအင်း၏ မျက်နှာပြောင်တိုက်သည့်
စကားလုံးတွေသည် ဂျွန်မင်ဂျွန်း၏ စိတ်ကို ပို၍ ဆွပေးနေသယောင် ။
" ဘာဖြစ်လဲ ဟုတ်လား...!! မင်း လူမဆန်တဲ့
မိန်းမ !! "
" လူမဆန်ဘူး ဟုတ်တယ် !!! ကျွန်မက
လူမဆန်ဘူး...! ဘာလို့လဲ သိလား..ရှင့်ကို
ချစ်လွန်းလို့ !! ရှင့်ကို ချစ်လွန်းလို့...ကျွန်မက
လူယုတ်မာ လုံးလုံးဖြစ်ခဲ့တာ..! "
" မင်း အချစ်က သိပ်ရွံဖို့ကောင်းတယ်.."
ဂျွန်ဟွာအင်းသည် အသက်ရှူတွေပါ ကျပ်လာပြီး အလွန်အမင်း အော်ငိုပစ်ချင်သောလည်း ပေါက်ထွက်မလာအောင် ခက်ခက်ခဲခဲ
ထိန်းချုပ်နေသည် ။
" ငါ မင်းကို သတ်ပစ်မယ် ဂျွန်ဟွာအင်း !! "
ရုတ်တရက် ဂျွန်မင်ဂျွန်းသည် စိတ်လွတ်နေသူတစ်ယောက်လို ဂျွန်ဟွာအင်းအား
အတင်း လည်ပင်းညှစ်တော့သည် ။
ဂျွန်ဟွာအင်းသည် ကြမ်းပြင်ပေါ်သို့လဲကျ
သွားပြီး လူးလိမ့် ရုန်းကန်နေသည် ။
" မင်းနဲ့ တန်တဲ့ ငရဲကို ငါပို့ပေးမယ်..."
" အစ်-လွှ-တ် စ-မ်း.."
' ခွမ်း ! ´
ဂျွန်ဟွာအင်းသည် ရုန်းရင်းကန်ရင်းဖြင့်
တန်ဖိုးကြီး ပန်းအိုးတင်ထားသော ခုံပုအား
ကန်မိသောကြောင့် ပန်းအိုးသည် ပြုတ်ကျကာ ကြမ်းပြင်ပေါ်၌ အစိတ်စိတ်အမြွှာမြွှာ ။
ဂျွန်ဟွာအင်းသည် သူမ၏ မျက်နှာနားက
ဖန်ကွဲစ ခပ်ကြီးကြီးကို လှမ်းယူလိုက်သည် ။
နောက်ဂျွန်မင်ဂျွန်းအား ထိုးမိထိုးရာကို
စိုက်ချလိုက်တော့သည် ။
" အားးးး "
ဂျွန်မင်ဂျွန်း၏ အော်သံကျယ်နှင့်အတူ
ဂျွန်ဟွာအင်း လည်ပင်းမှ တင်းကျပ်မှုများ
လည်း ပြေလျော့သွားသည် ။
" မင်း-မင်း-အယုတ်တမာမ..."
" မဟုတ်ဘူး...မင်ဂျွန်း...ရှင်-ရှင် သတိထား
ပါအုန်း...! "
ဂျွန်ဟွာအင်းသည် မျက်စိစုံမှိတ်ပြီး ထိုးလိုက်
ခြင်းဖြစ်သည်မို့ ဂျွန်မင်ဂျွန်းအား ဘယ်နေရာ
ထိသွားမှန်းမသိခဲ့ ။ ယခုမှ သေချာကြည့်မိတော့ လည်ပင်းထဲကို အတော်ပင် ဝင်သွားပြီ
ဖြစ်သည် ။
" ဆို-ဆိုရာ-ငယ် ကိုယ် တောင်းပန်ပါတယ်.."
အသက်ငင်နေခြင်းမှာတောင် သူမအရမ်းမုန်းသည့် မိန်းမ နာမည်ကိုသာ တဖွဖွ ရေရွတ်နေသည့် သူမအရမ်းချစ်ရတဲ့ ယောကျ်ား ။
ဂျွန်ဟွာအင်း မျက်အိမ်များသည် နီရဲလာသည်။ မျက်ရည်တွေ ဝဲလာသော်လည်း
ပါးပြင်ပေါ် မကျလာအောင် အံကြိတ်ကာ
ထိန်းထားသည် ။
" နောက်ဆုံး-နောက်ဆုံး အချိန်အထိတောင်
အဲ့မိန်းမပဲလား...ပြောစမ်းပါ..ဂျွန်မင်ဂျွန်းးး.."
ဂျွန်မင်ဂျွန်းသည် အသက်ငင်နေခြင်းကို
ဂျွန်ဟွာအင်းသည် တုန်ယင်စွာပဲ ရပ်ကြည့်
နေခဲ့သည် ။
" ကျွန်မကို နည်းနည်းမှ-နည်းနည်းလေးတောင်မှ လှည့်မကြည့်ခဲ့ဘူးလား..."
ဂျွန်ဟွာအင်းရဲ့မေးခွန်းကို အသက်မဲ့သွားပြီ
ဖြစ်သော ဂျွန်မင်ဂျွန်းကား ပြန်မဖြေနိုင်ခဲ့တော့ပေ ။
တရစပ် မြည်နေတဲ့ JungKookဖုန်းကြောင့်
ယူဆိုရာ လာကိုင်လိုက်သည် ။ JungKookနဲ့
Jiminသည် အိမ်အနောက်ကစိုက်ခင်းထဲတွင်
အလုပ်ရှုပ်နေကြသောကြောင့် ဖုန်းကို
လာမကိုင်နိုင်ပေ ။
" ဟယ်လို..."
" နင့်-နင့် အဖေ သေပြီ..အိမ်တော်ကို
ပြန်လာခဲ့ "
" ဘာ...မင်ဂျွန်း ဆုံးပြီ!!? "
" ယူဆိုရာလား..!? "
" ငါ့ကို သေချာပြောစမ်းပါ ဟွာအင်း...
မင်ဂျွန်း-မင်ဂျွန်းက- "
" အေးဟုတ်တယ်...နင်မှနင် ဖြစ်ခဲ့တဲ့
ယောကျ်ားက အခုလည်း နင့်နာမည်ကို
တ,ရင်း သေသွားပြီ..."
" မဟုတ်ဘူးး "
ယူဆိုရာသည် ဖုန်းကိုင်လျက်ပင် ခွေလဲကျ
သွားသည် ။ အခုမှ အိမ်ပြန်ရောက်သည့်
ဂန်ဆောင်းမင်က ဝင်ဝင်ချင်းပင် လဲကျသည့်ဆိုရာ့ကို အပြေးပွေ့ရသည်။
" ဆိုရာ..ဘာ ဖြစ်တာလဲကွာ..."
" မင်ဂျွန်း-မင်ဂျွန်းလေ...သူဆုံးသွားပြီ "
" ဘာ!!လွန်ခဲ့တဲ့၂ရက်မှ သူအကောင်းကြီးပဲလေ ကိုယ်နဲ့တောင် တွေ့ခဲ့ကြသေးတာ...
ဘယ်လိုဖြစ်ရတာလဲ..."
" မသိဘူး..."
ယူဆိုရာသည် သည်းသည်းထန်ထန်
ငိုကြွေးနေခဲ့သည် ။ ဂန်ဆောင်းမင်သည်
ကိုယ်မဟုတ်သည့် တခြားသူအတွက်
ကျနေသည့် အချစ်ရဆုံးသူ၏ မျက်ရည်တွေကို မကြည့်မိအောင် ထိန်းသည် ။ အံကို
တင်းတင်းကြိတ်ထားလျက် ဂန်ဆောင်းမင်
သည်လည်း အသံတိတ်ကြေကွဲနေသည် ။
" နောက်တစ်ပတ်နေရင် ဘယ်လောက်
ကြီးလာလည်း ကြည့်ရ- အမေ !! "
Jiminနဲ့JungKookသည် ဧည့်ခန်းထဲက
အဖြစ်အပျက်ကို မြင်သည့်အခါ ပြာပြာသလဲ
ဖြစ်ကုန်သည် ။
" JungKook...မင်း အဖေ ဆုံးပြီ.."
Jiminသည် သူ့အမေဘာကြောင့် အခုလို
ပြိုလဲသွားသည်လဲကို သိလိုက်ရပြီ ။
JungKookကို ကြည့်လိုက်တော့ သိပ်ခံစား
ရပုံမပြ ၊ ကြည့်ရတာ ခံစားချက်ကို ရှိပုံမပေါ်။
" မောင် အဲ့ဒါဆို ကျုပ် အိမ်တော်ကို ခဏ
ပြန်ရမယ် ထင်တယ် "
" မောင်က အမေ့ကို စောင့်ရှောက်ရမယ် "
" ရတယ် မောင်..ကျုပ် ဖုန်းဆက်မယ်နော် "
" အင်း.."
JungKookသည် ပစ္စည်းတချို့ကို ယူကာ
မောင်တို့အိမ်မှ ထွက်လာသည် ။
Jeonအိမ်တော်ထဲကို ကားဝင်လာသည့်အခါ
အလုပ်သမားများ တစ်ယောက်မှ မရှိပဲ
ခြောက်ကပ်နေသည် ။
" အလုပ်သမားတွေ ဘယ်ရောက်ကုန်တာလဲ"
" သခင်မကြီး ပြန်လွှတ်လိုက်တာပါ..လွန်ခဲ့တဲ့
ရက်က.."
တစ်ယောက်တည်းကျန်ခဲ့သည့်
အိမ်တော်ထိန်းကြီးက ဖြေသည် ။
" အဲ့မိန်း---- အမေ ဘယ်မလဲ.."
အိမ်တော်ထိန်းကြီးကို JungKookမေးလိုက်သည် ။
" သခင်ကြီးရော သခင်မကြီးရောက
အပေါ်ထပ်မှာပါ နှစ်ယောက်သား စကားများနေကြတဲ့ ပုံပဲ..သခင်လေး "
" ရပြီ.."
JungKookသည် အပေါ်ထပ်ကို အေးအေး
လူလူပင် တက်လာခဲ့သည် ။ JungKook အခန်းတံခါးဖွင့်လိုက်တာနဲ့ ဂျွန်မင်ဂျွန်းရဲ့
အသက်မဲ့ခန္ဓာကိုယ်ကို ငူငူကြီးငေးကြည့်ရင်း
ဖန်စတွေကြားထိုင်နေသည့် ဂျွန်ဟွာအင်းကို တွေ့လိုက်ရသည် ။
" သတ်လိုက်ပြီလား.."
JungKook၏ အသံကြောင့် ဂျွန်ဟွာအင်း မော့ကြည့်လာတော့ သူမမျက်ဝန်းထဲမှာ JungKookမမြင်ဖူးတဲ့ကြေကွဲခြင်းတွေနဲ့
အတူ ပါးပြင်မှာလည်း မျက်ရည်စီးကြောင်းတွေ ။
" ဟက်..သေလောက်အောင်ချစ်တာပါဆို..
အခုတော့လည်း သေအောင် သတ်လိုက်ပြီပေါ့"
" ငါ-ငါ မရည်ရွယ်ခဲ့ဘူး....အဲ့ဒါက ဒီတိုင်း..
အားး!! "
ဂျွန်ဟွာအင်းသည် သူမဆံပင်တွေကို
ဆောင့်ဆွဲရင်း အော်ဟစ်ကာ ငိုနေသည် ။
" ရဲတိုင်ပြီးပြီလား..."
" မတိုင်နဲ့!! တိုင်လို့ မရဘူး !! "
ဂျွန်ဟွာအင်းသည် သွေးရူးသွေးတန်းဖြင့်
JungKook၏ ခြေထောက်တွေ လှမ်းဆွဲ
သည် ။
" ကျစ်..ဖယ်စမ်းပါ..လူသတ်မှု ဖြစ်ထားတာ
ရဲတိုင်မှ ရမှာပေါ့.."
" မရဘူးလို့ !!! ရဲတိုင်လိုက်လို့ မရဘူး !!
ငါ ထောင်ထဲ မဝင်ချင်ဘူး..!! ထောင်ထဲ
မသွားချင်ဘူးလို့ !! "
" ကျုပ်ကို ထောင်ထဲပို့တုန်းကကျ ဘယ်လို
မျိုးလေးလဲ..ကိုယ်တိုင် ထောင်ထဲ ဝင်ရဖို့ကျတော့ ကြောက်နေတယ်ပေါ့...ဟက်...
ဖယ်စမ်း !! "
JungKookသည် မဲ့ပြုံးလေး ပြုံးရင်းဖြင့်
တစ်နေရာကို ဖုန်းဆက်ကာ အခန်းထဲမှ
ထွက်ဖို့ ပြင်လိုက်သည် ။
သို့သော် အခန်းပြင် မရောက်ခဲ့ပေ ။
ဦးခေါင်းမှ ပူခနဲ ခံစားမှုနှင့်အတူ နာကျင်မှု ။
မိုက်ခနဲ မူးသွားသောကြောင့် ဦးခေါင်းကို လက်ဖြင့်ကိုင်ရင်း JungKookသည် နံရံကို
မှီကျသွားသည် ။ လက်ထဲက ဖုန်းလေးသည်
လည်း လွတ်ကျသွားသည် ။
ဂျွန်ဟွာအင်းသည် သစ်သားခုံကို ကိုင်လျက်
ပြန်မထနိုင်သည့် JungKookကို စိုက်ကြည့်
နေသည် ။ နောက် ရူးသွပ်နေသည့်
လူတစ်ယောက်လို JungKook၏ ဖုန်းကို
အချက်ပေါင်းများစွာ ရိုက်ချလိုက်သည် ။
" မ-မ လုပ်နဲ့ ! "
" ပြောနိုင်သေးတာလား.."
" အ့! "
ဂျွန်ဟွာအင်းသည် JungKook၏ မျက်နှာကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည် ။
ထိုအခါ JungKookသည် မတောင့်ခံနိုင်တော့ပဲ မေ့မျောသွားတော့သည် ။
" အိမ်တော်ထိန်းကြီး...!! "
နာရီအတော်အတန်ကြာသည့်အခါ ထွက်ပေါ်
လာသည့် ခေါ်သံ ။
" အမိန့်ရှိ--- သခင်မကြီး..!! "
အိမ်တော်ထိန်းကြီးသည် အခန်းဝတွင်ပင်
ကြက်သေသေကာ ရပ်သွားသည် ။
ဂျွန်ဟွာအင်းသည် ဆိုဖာပေါ်တွင် သေချာ
ထိုင်နေကာ လက်ထဲတွင်လည်း အနက်ရောင်
သေနတ်တစ်လက်ကို ကျည်ဖြည့်နေသည် ။
" မသေချင်ရင်...အဲ့လူ အလောင်းကို
ရှင်းလိုက်...ပြီးတော့ ဟိုကောင်ကိုကျ
မြေအောက်ခန်းထဲ ထည့်ထား..အစားကျွေးဖို့
စိတ်တောင် မကူးလိုက်နဲ့..အိမ်တော်ထိန်းကြီး
တင်မကဘူး...မိသားစုလိုက်ပါ ဘဝကူးသွား
မယ် နားလည်လား.."
အိမ်တော်ထိန်းကြီးသည် သေနတ်ကို
ပိုကြောက်ရသည်မို့ တုန်တုန်ယင်ယင်နှင့်ပင်
ဂျွန်ဟွာအင်းခိုင်းသည့်အတိုင်း လုပ်ရသည် ။
" အားလုံးကို သခင်ကြီး အလုပ်ကိစ္စနဲ့ ပြည်ပ
ရောက်နေတယ်လို့ပဲ အသိပေးထား..."
" ဟုတ်..ဟုတ်..သခင်မကြီး....သခင်ကြီးရဲ့
အလောင်းကို ဘယ်မှာမြှုပ်ရမလဲ.."
" မမြှုပ်ရပါဘူး...ဒီတိုင်း တစ်နေရာမှာ
ခဏထားထားအုန်း...အက်ဆီးဒန့်တစ်ခု
ဖြစ်ဖို့ လိုအပ်တယ်..."
တစ်ပတ်ခန့်အကြာ...။
" ဂျွန်လုပ်ငန်းစု၏ လက်ရှိ CEO ဂျွန်မင်ဂျွန်း
သည် အဝေးပြေးလမ်းမပေါ်၌ ကုန်ကား
တစ်စီးနှင့် တိုက်မိကာအခင်းဖြစ်ရာနေရာ၌ပဲ
အသက်ဆုံးရှုံးခဲ့ပါသည် ။ "
ဂျွန်ဟွာအင်းသည် သတင်းကို ကြည့်ရင်း
နာနာကျင်ကျင်ပဲ ပြုံးလိုက်သည် ။
" ကောင်းကောင်းသွားပါ မင်ဂျွန်း.."
" သခင်မကြီး...ယူဆိုရာဆိုတဲ့ အမျိုးသမီးက
တွေ့ချင်လို့ပါတဲ့..."
" လာခိုင်းလိုက်.."
" ဂျွန်ဟွာအင်း...! နင် မင်ဂျွန်းကို သတ်လိုက်
တာမလား..."
" အလွတ်ကြီး စွပ်စွဲနေတာပါလား...ဘာလဲ
ယောကျ်ားက ဂရုမစိုက်တော့လို့ လာလောင်
တာလား..."
" အပိုတွေ ပြောမနေနဲ့...နင် မင်ဂျွန်းဆုံးပြီ
ဆိုတာကို လွန်ခဲ့တဲ့ တစ်ပတ်က ပြောခဲ့တာလေ..အခုမှ မင်ဂျွန်းက ကားတိုက်ပြီး
ဆုံးတာတဲ့လား..."
" အဲ့ဒီတော့ နင်က ဘယ်လို ထင်လို့လဲ.."
" နင် သတ်တာမလား..နင်သတ်လိုက်တာ
မလားလို့ !! "
" ဟုတ်ရင်ရော..နင့်မှာ သက်သေရှိလား.."
" နင် ဖုန်းခေါ်ခဲ့တယ်လေ..."
" ဟုတ်လား..အသံသွင်းထားတယ်ပေါ့..."
ယူဆိုရာသည် မင်ဂျွန်းကို ဂျွန်ဟွာအင်း
သတ်လိုက်မှန်း သိသော်လည်း လက်ဆုပ်
လက်ကိုင်ပြစရာ သက်သေမရှိပေ ။
" သက်သေမရှိဘူးမလား ဟက်..
သက်သေရအောင် အရင်ရှာပြီးမှ
စကားဆက်ပြောကြတာပေါ့...ဟင်းဟင်း"
" နင် အခုလုပ်ရပ်အတွက် နောင်တရစေရမယ် "
" အိုးဟိုးဟိုး...ကြောက်လိုက်တာ..အချစ်သူရဲကောင်းမကြီးရယ်.."
ဆိုရာသည် ကားပေါ်ရောက်တော့
သေချာစဥ်းစားမိသည် ။ ဂျွန်ဟွာအင်း
ထိုနေ့က ဖုန်းဆက်တာကို သိတာ သူရယ်
ဆောင်းမင်ရယ် သားရယ် JungKookရယ်
ရှိသည် ။ သို့သော် ဖုန်းဆက်တာကို သိပါတယ် ဆိုတာက လုံလောက်တဲ့ သက်သေ
မဟုတ်ပေ ။ ရုတ်တရက် ဆိုရာ အဓိက
သက်သေကို သတိရသွားသည် ။
" JungKook...အဲ့နေ့က JungKookက
အိမ်တော်ပြန်သွားတာ.."
×
" Jeon ပျောက်နေတာ တစ်ပတ်ရှိပြီ.."
" ဖုန်းဆက်ကြည့်ပါလား "
" ဖုန်းက စက်ပိတ်ထားတယ် အမေ..."
Jiminသည် JungKookဖုန်းကို အကြိမ်ပေါင်းများစွာ ဆက်ခဲ့သော်လည်း ဖုန်းမကိုင်ပေ။
" တစ်ပတ်လုံးလုံး ဖုန်းပိတ်ထားတာလား.."
" Jeon ခရီးထွက်နေတယ်လို့ ဂျွန်ဟွာအင်း
သတင်းလွှင့်ထားပေမဲ့ ကျွန်တော်တော့
မယုံဘူး..Jeonတစ်ခုခုဖြစ်နေတာ သေချာတယ်.."
" ဂျွန်ဟွာအင်းက JungKookကိုများ
တစ်ခုခုလုပ်လိုက်တာလား..."
" အဲ့ဒါကလွဲပြီး ဘာရှိအုန်းမလဲ...ဆိုးရွာတာ
မဖြစ်ဖို့ပဲ ဆုတောင်းနေရမယ်...ကျွန်တော်
လည်း တစ်ပတ်လုံးလုံး Jeonရှိနိုင်မဲ့နေရာကို
ဆက်စပ်နေတာ..."
" သူ့အိမ်တော်မှာပဲ ဖြစ်နေမလား..."
" ကျွန်တော်လည်း သံသယရှိပေမဲ့
အိမ်တော်ကို ဝင်ဖို့ကျ မလွယ်ကူဘူး....
အဲ့ဒါကြောင့် ကျွန်တော် ခိုးဝင်ဖို့ ပြင်နေတာ"
" အဆင်ပြေပါ့မလား..."
" ဂျွန်မင်ဂျွန်းရဲ့ စျာပနရက်ကျရင် အိမ်တော်မှာ ဂျွန်ဟွာအင်း ခဏမရှိဘူး..အဲ့အချိန်
ဝင်ရှာရမယ်...တခြားဖြစ်နိုင်တဲ့နေရာတွေမှာ
လည်း မရှိဘူး ပြည်ပကိုထွက်တဲ့စာရင်းတွေ
မှာလည်း Jeonမပါဘူး..အဲ့ဒီတော့ အိမ်တော်မှာပဲ ရှိမယ်ဆိုတာ သေချာနေတယ်.."
" ခိုးဝင်ရမှာ အန္တရာယ်များလွန်းတယ်...
အဲ့မိန်းမက တစ်ခုခုလုပ်လိုက်ရင်..."
" စိတ်မပူပါနဲ့ ကျွန်တော့်မှာ အစီအစဥ်
ရှိတယ်...ပြီးတော့..ပိုင်နက်ကျူးကျော်မှုနဲ့
လည်း တရားစွဲ မခံရအောင် စီစဥ်ထားပြီးပြီ..
အဓိကက အဲ့အိမ်တော်ထဲကို ရအောင်
ဝင်ဖို့ပဲ..."
×
နောက်တစ်ပိုင်း ဇာတ်သိမ်းပါ ဆိုပြီး
အရင်အပိုင်းမှာ အာချောင်လိုက်မိတယ်..
သေချာရေးကြည့်လိုက်တော့မှ နောက်၂ပိုင်း
လောက် ကျန်သေးတယ်🤓 ။
တအား ဆွဲဆန့်နေမိလား...ပြောကြပါအုန်း။
ဝေဘင်ရေးလေး ဆင်းခဲ့ကြပါ..နော်နော်🥺။
Zawgyi
" ဂြၽန္ဟြာအင္း !!! မင္းေတာ္ေတာ္ ယုတ္မာတဲ့
မိန္းမ..."
ေဒါသတႀကီးေအာ္ဟစ္ကာ ဂြၽန္ဟြာအင္း
႐ွိေနသည့္အခန္းထဲဝင္လာေသာဂြၽန္မင္ဂြၽန္း။
" ဘာေတြ လာေယာင္ေနတာလဲ မင္ဂြၽန္း "
ဂြၽန္ဟြာအင္းသည္ ဖုန္းကို အၾကည့္မပ်က္
ျပန္ေျဖသည္ ။
" မင္း..မင္း...ငါ့သားေလးကို သတ္ခဲ့တာ..."
" ဘာေတြ႐ူးေနတာလဲ မင္ဂြၽန္း..ဘယ္တုန္းက
႐ွင့္မွာ သား႐ွိဖူးလို႔လဲ..."
" ဆိုရာနဲ႔ ငါ့ရဲ႕သားေလး.....ငါတို႔သားေလးကို
မင္း သတ္ပစ္ခဲ့တာ !!!! "
ဂြၽန္ဟြာအင္းသည္ ေအးေဆးေနသည့္ပုံစံမွ
႐ုတ္တရက္ လႈပ္လႈပ္႐ွား႐ွားျဖစ္သြားသည္ ။
အဲ့ကိစၥကို မည္သူမွ် မသိေအာင္ သူမ
အေကာင္းဆုံး ဖုံးဖိထားခဲ့သည္ မလား ။
" ႐ွင္..႐ွင္..အဲ့ဒါကို ဘယ္လို သိသြားတာလဲ "
" မင္းလုပ္ခဲ့တာ မင္းဝန္ခံၿပီေပါ့...! "
" ဟုတ္တယ္ ကြၽန္မ လုပ္ခဲ့တယ္...အဲ့ဒီေတာ့
ဘာျဖစ္လဲ.."
ဂြၽန္ဟြာအင္း၏ မ်က္ႏွာေျပာင္တိုက္သည့္
စကားလုံးေတြသည္ ဂြၽန္မင္ဂြၽန္း၏ စိတ္ကို ပို၍ ဆြေပးေနသေယာင္ ။
" ဘာျဖစ္လဲ ဟုတ္လား...!! မင္း လူမဆန္တဲ့
မိန္းမ !! "
" လူမဆန္ဘူး ဟုတ္တယ္ !!! ကြၽန္မက
လူမဆန္ဘူး...! ဘာလို႔လဲ သိလား..႐ွင့္ကို
ခ်စ္လြန္းလို႔ !! ႐ွင့္ကို ခ်စ္လြန္းလို႔...ကြၽန္မက
လူယုတ္မာ လုံးလုံးျဖစ္ခဲ့တာ..! "
" မင္း အခ်စ္က သိပ္႐ြံဖို႔ေကာင္းတယ္.."
ဂြၽန္ဟြာအင္းသည္ အသက္႐ွဴေတြပါ က်ပ္လာၿပီး အလြန္အမင္း ေအာ္ငိုပစ္ခ်င္ေသာလည္း ေပါက္ထြက္မလာေအာင္ ခက္ခက္ခဲခဲ
ထိန္းခ်ဳပ္ေနသည္ ။
" ငါ မင္းကို သတ္ပစ္မယ္ ဂြၽန္ဟြာအင္း !! "
႐ုတ္တရက္ ဂြၽန္မင္ဂြၽန္းသည္ စိတ္လြတ္ေနသူတစ္ေယာက္လို ဂြၽန္ဟြာအင္းအား
အတင္း လည္ပင္းညႇစ္ေတာ့သည္ ။
ဂြၽန္ဟြာအင္းသည္ ၾကမ္းျပင္ေပၚသို႔လဲက်
သြားၿပီး လူးလိမ့္ ႐ုန္းကန္ေနသည္ ။
" မင္းနဲ႔ တန္တဲ့ ငရဲကို ငါပို႔ေပးမယ္..."
" အစ္-လႊ-တ္ စ-မ္း.."
' ခြမ္း ! ´
ဂြၽန္ဟြာအင္းသည္ ႐ုန္းရင္းကန္ရင္းျဖင့္
တန္ဖိုးႀကီး ပန္းအိုးတင္ထားေသာ ခုံပုအား
ကန္မိေသာေၾကာင့္ ပန္းအိုးသည္ ျပဳတ္က်ကာ ၾကမ္းျပင္ေပၚ၌ အစိတ္စိတ္အႁမႊာႁမႊာ ။
ဂြၽန္ဟြာအင္းသည္ သူမ၏ မ်က္ႏွာနားက
ဖန္ကြဲစ ခပ္ႀကီးႀကီးကို လွမ္းယူလိုက္သည္ ။
ေနာက္ဂြၽန္မင္ဂြၽန္းအား ထိုးမိထိုးရာကို
စိုက္ခ်လိုက္ေတာ့သည္ ။
" အားးးး "
ဂြၽန္မင္ဂြၽန္း၏ ေအာ္သံက်ယ္ႏွင့္အတူ
ဂြၽန္ဟြာအင္း လည္ပင္းမွ တင္းက်ပ္မႈမ်ား
လည္း ေျပေလ်ာ့သြားသည္ ။
" မင္း-မင္း-အယုတ္တမာမ..."
" မဟုတ္ဘူး...မင္ဂြၽန္း...႐ွင္-႐ွင္ သတိထား
ပါအုန္း...! "
ဂြၽန္ဟြာအင္းသည္ မ်က္စိစုံမွိတ္ၿပီး ထိုးလိုက္
ျခင္းျဖစ္သည္မို႔ ဂြၽန္မင္ဂြၽန္းအား ဘယ္ေနရာ
ထိသြားမွန္းမသိခဲ့ ။ ယခုမွ ေသခ်ာၾကည့္မိေတာ့ လည္ပင္းထဲကို အေတာ္ပင္ ဝင္သြားၿပီ
ျဖစ္သည္ ။
" ဆို-ဆိုရာ-ငယ္ ကိုယ္ ေတာင္းပန္ပါတယ္.."
အသက္ငင္ေနျခင္းမွာေတာင္ သူမအရမ္းမုန္းသည့္ မိန္းမ နာမည္ကိုသာ တဖြဖြ ေရ႐ြတ္ေနသည့္ သူမအရမ္းခ်စ္ရတဲ့ ေယာက်္ား ။
ဂြၽန္ဟြာအင္း မ်က္အိမ္မ်ားသည္ နီရဲလာသည္။ မ်က္ရည္ေတြ ဝဲလာေသာ္လည္း
ပါးျပင္ေပၚ မက်လာေအာင္ အံႀကိတ္ကာ
ထိန္းထားသည္ ။
" ေနာက္ဆုံး-ေနာက္ဆုံး အခ်ိန္အထိေတာင္
အဲ့မိန္းမပဲလား...ေျပာစမ္းပါ..ဂြၽန္မင္ဂြၽန္းးး.."
ဂြၽန္မင္ဂြၽန္းသည္ အသက္ငင္ေနျခင္းကို
ဂြၽန္ဟြာအင္းသည္ တုန္ယင္စြာပဲ ရပ္ၾကည့္
ေနခဲ့သည္ ။
" ကြၽန္မကို နည္းနည္းမွ-နည္းနည္းေလးေတာင္မွ လွည့္မၾကည့္ခဲ့ဘူးလား..."
ဂြၽန္ဟြာအင္းရဲ႕ေမးခြန္းကို အသက္မဲ့သြားၿပီ
ျဖစ္ေသာ ဂြၽန္မင္ဂြၽန္းကား ျပန္မေျဖႏိုင္ခဲ့ေတာ့ေပ ။
တရစပ္ ျမည္ေနတဲ့ JungKookဖုန္းေၾကာင့္
ယူဆိုရာ လာကိုင္လိုက္သည္ ။ JungKookနဲ႔
Jiminသည္ အိမ္အေနာက္ကစိုက္ခင္းထဲတြင္
အလုပ္႐ႈပ္ေနၾကေသာေၾကာင့္ ဖုန္းကို
လာမကိုင္ႏိုင္ေပ ။
" ဟယ္လို..."
" နင့္-နင့္ အေဖ ေသၿပီ..အိမ္ေတာ္ကို
ျပန္လာခဲ့ "
" ဘာ...မင္ဂြၽန္း ဆုံးၿပီ!!? "
" ယူဆိုရာလား..!? "
" ငါ့ကို ေသခ်ာေျပာစမ္းပါ ဟြာအင္း...
မင္ဂြၽန္း-မင္ဂြၽန္းက- "
" ေအးဟုတ္တယ္...နင္မွနင္ ျဖစ္ခဲ့တဲ့
ေယာက်္ားက အခုလည္း နင့္နာမည္ကို
တ,ရင္း ေသသြားၿပီ..."
" မဟုတ္ဘူးး "
ယူဆိုရာသည္ ဖုန္းကိုင္လ်က္ပင္ ေခြလဲက်
သြားသည္ ။ အခုမွ အိမ္ျပန္ေရာက္သည့္
ဂန္ေဆာင္းမင္က ဝင္ဝင္ခ်င္းပင္ လဲက်သည့္ဆိုရာ့ကို အေျပးေပြ႕ရသည္။
" ဆိုရာ..ဘာ ျဖစ္တာလဲကြာ..."
" မင္ဂြၽန္း-မင္ဂြၽန္းေလ...သူဆုံးသြားၿပီ "
" ဘာ!!လြန္ခဲ့တဲ့၂ရက္မွ သူအေကာင္းႀကီးပဲေလ ကိုယ္နဲ႔ေတာင္ ေတြ႕ခဲ့ၾကေသးတာ...
ဘယ္လိုျဖစ္ရတာလဲ..."
" မသိဘူး..."
ယူဆိုရာသည္ သည္းသည္းထန္ထန္
ငိုေႂကြးေနခဲ့သည္ ။ ဂန္ေဆာင္းမင္သည္
ကိုယ္မဟုတ္သည့္ တျခားသူအတြက္
က်ေနသည့္ အခ်စ္ရဆုံးသူ၏ မ်က္ရည္ေတြကို မၾကည့္မိေအာင္ ထိန္းသည္ ။ အံကို
တင္းတင္းႀကိတ္ထားလ်က္ ဂန္ေဆာင္းမင္
သည္လည္း အသံတိတ္ေၾကကြဲေနသည္ ။
" ေနာက္တစ္ပတ္ေနရင္ ဘယ္ေလာက္
ႀကီးလာလည္း ၾကည့္ရ- အေမ !! "
Jiminနဲ႔JungKookသည္ ဧည့္ခန္းထဲက
အျဖစ္အပ်က္ကို ျမင္သည့္အခါ ျပာျပာသလဲ
ျဖစ္ကုန္သည္ ။
" JungKook...မင္း အေဖ ဆုံးၿပီ.."
Jiminသည္ သူ႕အေမဘာေၾကာင့္ အခုလို
ၿပိဳလဲသြားသည္လဲကို သိလိုက္ရၿပီ ။
JungKookကို ၾကည့္လိုက္ေတာ့ သိပ္ခံစား
ရပုံမျပ ၊ ၾကည့္ရတာ ခံစားခ်က္ကို ႐ွိပုံမေပၚ။
" ေမာင္ အဲ့ဒါဆို က်ဳပ္ အိမ္ေတာ္ကို ခဏ
ျပန္ရမယ္ ထင္တယ္ "
" ေမာင္က အေမ့ကို ေစာင့္ေ႐ွာက္ရမယ္ "
" ရတယ္ ေမာင္..က်ဳပ္ ဖုန္းဆက္မယ္ေနာ္ "
" အင္း.."
JungKookသည္ ပစၥည္းတခ်ိဳ႕ကို ယူကာ
ေမာင္တို႔အိမ္မွ ထြက္လာသည္ ။
Jeonအိမ္ေတာ္ထဲကို ကားဝင္လာသည့္အခါ
အလုပ္သမားမ်ား တစ္ေယာက္မွ မ႐ွိပဲ
ေျခာက္ကပ္ေနသည္ ။
" အလုပ္သမားေတြ ဘယ္ေရာက္ကုန္တာလဲ"
" သခင္မႀကီး ျပန္လႊတ္လိုက္တာပါ..လြန္ခဲ့တဲ့
ရက္က.."
တစ္ေယာက္တည္းက်န္ခဲ့သည့္
အိမ္ေတာ္ထိန္းႀကီးက ေျဖသည္ ။
" အဲ့မိန္း---- အေမ ဘယ္မလဲ.."
အိမ္ေတာ္ထိန္းႀကီးကို JungKookေမးလိုက္သည္ ။
" သခင္ႀကီးေရာ သခင္မႀကီးေရာက
အေပၚထပ္မွာပါ ႏွစ္ေယာက္သား စကားမ်ားေနၾကတဲ့ ပုံပဲ..သခင္ေလး "
" ရၿပီ.."
JungKookသည္ အေပၚထပ္ကို ေအးေအး
လူလူပင္ တက္လာခဲ့သည္ ။ JungKook အခန္းတံခါးဖြင့္လိုက္တာနဲ႔ ဂြၽန္မင္ဂြၽန္းရဲ႕
အသက္မဲ့ခႏၶာကိုယ္ကို ငူငူႀကီးေငးၾကည့္ရင္း
ဖန္စေတြၾကားထိုင္ေနသည့္ ဂြၽန္ဟြာအင္းကို ေတြ႕လိုက္ရသည္ ။
" သတ္လိုက္ၿပီလား.."
JungKook၏ အသံေၾကာင့္ ဂြၽန္ဟြာအင္း ေမာ့ၾကည့္လာေတာ့ သူမမ်က္ဝန္းထဲမွာ JungKookမျမင္ဖူးတဲ့ေၾကကြဲျခင္းေတြနဲ႔
အတူ ပါးျပင္မွာလည္း မ်က္ရည္စီးေၾကာင္းေတြ ။
" ဟက္..ေသေလာက္ေအာင္ခ်စ္တာပါဆို..
အခုေတာ့လည္း ေသေအာင္ သတ္လိုက္ၿပီေပါ့"
" ငါ-ငါ မရည္႐ြယ္ခဲ့ဘူး....အဲ့ဒါက ဒီတိုင္း..
အားး!! "
ဂြၽန္ဟြာအင္းသည္ သူမဆံပင္ေတြကို
ေဆာင့္ဆြဲရင္း ေအာ္ဟစ္ကာ ငိုေနသည္ ။
" ရဲတိုင္ၿပီးၿပီလား..."
" မတိုင္နဲ႔!! တိုင္လို႔ မရဘူး !! "
ဂြၽန္ဟြာအင္းသည္ ေသြး႐ူးေသြးတန္းျဖင့္
JungKook၏ ေျခေထာက္ေတြ လွမ္းဆြဲ
သည္ ။
" က်စ္..ဖယ္စမ္းပါ..လူသတ္မႈ ျဖစ္ထားတာ
ရဲတိုင္မွ ရမွာေပါ့.."
" မရဘူးလို႔ !!! ရဲတိုင္လိုက္လို႔ မရဘူး !!
ငါ ေထာင္ထဲ မဝင္ခ်င္ဘူး..!! ေထာင္ထဲ
မသြားခ်င္ဘူးလို႔ !! "
" က်ဳပ္ကို ေထာင္ထဲပို႔တုန္းကက် ဘယ္လို
မ်ိဳးေလးလဲ..ကိုယ္တိုင္ ေထာင္ထဲ ဝင္ရဖို႔က်ေတာ့ ေၾကာက္ေနတယ္ေပါ့...ဟက္...
ဖယ္စမ္း !! "
JungKookသည္ မဲ့ျပဳံးေလး ျပဳံးရင္းျဖင့္
တစ္ေနရာကို ဖုန္းဆက္ကာ အခန္းထဲမွ
ထြက္ဖို႔ ျပင္လိုက္သည္ ။
သို႔ေသာ္ အခန္းျပင္ မေရာက္ခဲ့ေပ ။
ဦးေခါင္းမွ ပူခနဲ ခံစားမႈႏွင့္အတူ နာက်င္မႈ ။
မိုက္ခနဲ မူးသြားေသာေၾကာင့္ ဦးေခါင္းကို လက္ျဖင့္ကိုင္ရင္း JungKookသည္ နံရံကို
မွီက်သြားသည္ ။ လက္ထဲက ဖုန္းေလးသည္
လည္း လြတ္က်သြားသည္ ။
ဂြၽန္ဟြာအင္းသည္ သစ္သားခုံကို ကိုင္လ်က္
ျပန္မထႏိုင္သည့္ JungKookကို စိုက္ၾကည့္
ေနသည္ ။ ေနာက္ ႐ူးသြပ္ေနသည့္
လူတစ္ေယာက္လို JungKook၏ ဖုန္းကို
အခ်က္ေပါင္းမ်ားစြာ ႐ိုက္ခ်လိုက္သည္ ။
" မ-မ လုပ္နဲ႔ ! "
" ေျပာႏိုင္ေသးတာလား.."
" အ့! "
ဂြၽန္ဟြာအင္းသည္ JungKook၏ မ်က္ႏွာကို ေနာက္တစ္ႀကိမ္ ထပ္႐ိုက္လိုက္သည္ ။
ထိုအခါ JungKookသည္ မေတာင့္ခံႏိုင္ေတာ့ပဲ ေမ့ေမ်ာသြားေတာ့သည္ ။
" အိမ္ေတာ္ထိန္းႀကီး...!! "
နာရီအေတာ္အတန္ၾကာသည့္အခါ ထြက္ေပၚ
လာသည့္ ေခၚသံ ။
" အမိန္႔႐ွိ--- သခင္မႀကီး..!! "
အိမ္ေတာ္ထိန္းႀကီးသည္ အခန္းဝတြင္ပင္
ၾကက္ေသေသကာ ရပ္သြားသည္ ။
ဂြၽန္ဟြာအင္းသည္ ဆိုဖာေပၚတြင္ ေသခ်ာ
ထိုင္ေနကာ လက္ထဲတြင္လည္း အနက္ေရာင္
ေသနတ္တစ္လက္ကို က်ည္ျဖည့္ေနသည္ ။
" မေသခ်င္ရင္...အဲ့လူ အေလာင္းကို
႐ွင္းလိုက္...ၿပီးေတာ့ ဟိုေကာင္ကိုက်
ေျမေအာက္ခန္းထဲ ထည့္ထား..အစားေကြၽးဖို႔
စိတ္ေတာင္ မကူးလိုက္နဲ႔..အိမ္ေတာ္ထိန္းႀကီး
တင္မကဘူး...မိသားစုလိုက္ပါ ဘဝကူးသြား
မယ္ နားလည္လား.."
အိမ္ေတာ္ထိန္းႀကီးသည္ ေသနတ္ကို
ပိုေၾကာက္ရသည္မို႔ တုန္တုန္ယင္ယင္ႏွင့္ပင္
ဂြၽန္ဟြာအင္းခိုင္းသည့္အတိုင္း လုပ္ရသည္ ။
" အားလုံးကို သခင္ႀကီး အလုပ္ကိစၥနဲ႔ ျပည္ပ
ေရာက္ေနတယ္လို႔ပဲ အသိေပးထား..."
" ဟုတ္..ဟုတ္..သခင္မႀကီး....သခင္ႀကီးရဲ႕
အေလာင္းကို ဘယ္မွာျမႇဳပ္ရမလဲ.."
" မျမႇဳပ္ရပါဘူး...ဒီတိုင္း တစ္ေနရာမွာ
ခဏထားထားအုန္း...အက္ဆီးဒန္႔တစ္ခု
ျဖစ္ဖို႔ လိုအပ္တယ္..."
တစ္ပတ္ခန္႔အၾကာ...။
" ဂြၽန္လုပ္ငန္းစု၏ လက္႐ွိ CEO ဂြၽန္မင္ဂြၽန္း
သည္ အေဝးေျပးလမ္းမေပၚ၌ ကုန္ကား
တစ္စီးႏွင့္ တိုက္မိကာအခင္းျဖစ္ရာေနရာ၌ပဲ
အသက္ဆုံး႐ႈံးခဲ့ပါသည္ ။ "
ဂြၽန္ဟြာအင္းသည္ သတင္းကို ၾကည့္ရင္း
နာနာက်င္က်င္ပဲ ျပဳံးလိုက္သည္ ။
" ေကာင္းေကာင္းသြားပါ မင္ဂြၽန္း.."
" သခင္မႀကီး...ယူဆိုရာဆိုတဲ့ အမ်ိဳးသမီးက
ေတြ႕ခ်င္လို႔ပါတဲ့..."
" လာခိုင္းလိုက္.."
" ဂြၽန္ဟြာအင္း...! နင္ မင္ဂြၽန္းကို သတ္လိုက္
တာမလား..."
" အလြတ္ႀကီး စြပ္စြဲေနတာပါလား...ဘာလဲ
ေယာက်္ားက ဂ႐ုမစိုက္ေတာ့လို႔ လာေလာင္
တာလား..."
" အပိုေတြ ေျပာမေနနဲ႔...နင္ မင္ဂြၽန္းဆုံးၿပီ
ဆိုတာကို လြန္ခဲ့တဲ့ တစ္ပတ္က ေျပာခဲ့တာေလ..အခုမွ မင္ဂြၽန္းက ကားတိုက္ၿပီး
ဆုံးတာတဲ့လား..."
" အဲ့ဒီေတာ့ နင္က ဘယ္လို ထင္လို႔လဲ.."
" နင္ သတ္တာမလား..နင္သတ္လိုက္တာ
မလားလို႔ !! "
" ဟုတ္ရင္ေရာ..နင့္မွာ သက္ေသ႐ွိလား.."
" နင္ ဖုန္းေခၚခဲ့တယ္ေလ..."
" ဟုတ္လား..အသံသြင္းထားတယ္ေပါ့..."
ယူဆိုရာသည္ မင္ဂြၽန္းကို ဂြၽန္ဟြာအင္း
သတ္လိုက္မွန္း သိေသာ္လည္း လက္ဆုပ္
လက္ကိုင္ျပစရာ သက္ေသမ႐ွိေပ ။
" သက္ေသမ႐ွိဘူးမလား ဟက္..
သက္ေသရေအာင္ အရင္႐ွာၿပီးမွ
စကားဆက္ေျပာၾကတာေပါ့...ဟင္းဟင္း"
" နင္ အခုလုပ္ရပ္အတြက္ ေနာင္တရေစရမယ္ "
" အိုးဟိုးဟိုး...ေၾကာက္လိုက္တာ..အခ်စ္သူရဲေကာင္းမႀကီးရယ္.."
ဆိုရာသည္ ကားေပၚေရာက္ေတာ့
ေသခ်ာစဥ္းစားမိသည္ ။ ဂြၽန္ဟြာအင္း
ထိုေန႔က ဖုန္းဆက္တာကို သိတာ သူရယ္
ေဆာင္းမင္ရယ္ သားရယ္ JungKookရယ္
႐ွိသည္ ။ သို႔ေသာ္ ဖုန္းဆက္တာကို သိပါတယ္ ဆိုတာက လုံေလာက္တဲ့ သက္ေသ
မဟုတ္ေပ ။ ႐ုတ္တရက္ ဆိုရာ အဓိက
သက္ေသကို သတိရသြားသည္ ။
" JungKook...အဲ့ေန႔က JungKookက
အိမ္ေတာ္ျပန္သြားတာ.."
×
" Jeon ေပ်ာက္ေနတာ တစ္ပတ္႐ွိၿပီ.."
" ဖုန္းဆက္ၾကည့္ပါလား "
" ဖုန္းက စက္ပိတ္ထားတယ္ အေမ..."
Jiminသည္ JungKookဖုန္းကို အႀကိမ္ေပါင္းမ်ားစြာ ဆက္ခဲ့ေသာ္လည္း ဖုန္းမကိုင္ေပ။
" တစ္ပတ္လုံးလုံး ဖုန္းပိတ္ထားတာလား.."
" Jeon ခရီးထြက္ေနတယ္လို႔ ဂြၽန္ဟြာအင္း
သတင္းလႊင့္ထားေပမဲ့ ကြၽန္ေတာ္ေတာ့
မယုံဘူး..Jeonတစ္ခုခုျဖစ္ေနတာ ေသခ်ာတယ္.."
" ဂြၽန္ဟြာအင္းက JungKookကိုမ်ား
တစ္ခုခုလုပ္လိုက္တာလား..."
" အဲ့ဒါကလြဲၿပီး ဘာ႐ွိအုန္းမလဲ...ဆိုး႐ြာတာ
မျဖစ္ဖို႔ပဲ ဆုေတာင္းေနရမယ္...ကြၽန္ေတာ္
လည္း တစ္ပတ္လုံးလုံး Jeon႐ွိႏိုင္မဲ့ေနရာကို
ဆက္စပ္ေနတာ..."
" သူ႕အိမ္ေတာ္မွာပဲ ျဖစ္ေနမလား..."
" ကြၽန္ေတာ္လည္း သံသယ႐ွိေပမဲ့
အိမ္ေတာ္ကို ဝင္ဖို႔က် မလြယ္ကူဘူး....
အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ခိုးဝင္ဖို႔ ျပင္ေနတာ"
" အဆင္ေျပပါ့မလား..."
" ဂြၽန္မင္ဂြၽန္းရဲ႕ စ်ာပနရက္က်ရင္ အိမ္ေတာ္မွာ ဂြၽန္ဟြာအင္း ခဏမ႐ွိဘူး..အဲ့အခ်ိန္
ဝင္႐ွာရမယ္...တျခားျဖစ္ႏိုင္တဲ့ေနရာေတြမွာ
လည္း မ႐ွိဘူး ျပည္ပကိုထြက္တဲ့စာရင္းေတြ
မွာလည္း Jeonမပါဘူး..အဲ့ဒီေတာ့ အိမ္ေတာ္မွာပဲ ႐ွိမယ္ဆိုတာ ေသခ်ာေနတယ္.."
" ခိုးဝင္ရမွာ အႏၲရာယ္မ်ားလြန္းတယ္...
အဲ့မိန္းမက တစ္ခုခုလုပ္လိုက္ရင္..."
" စိတ္မပူပါနဲ႔ ကြၽန္ေတာ္႕မွာ အစီအစဥ္
႐ွိတယ္...ၿပီးေတာ့..ပိုင္နက္က်ဴးေက်ာ္မႈနဲ႔
လည္း တရားစြဲ မခံရေအာင္ စီစဥ္ထားၿပီးၿပီ..
အဓိကက အဲ့အိမ္ေတာ္ထဲကို ရေအာင္
ဝင္ဖို႔ပဲ..."
×
ေနာက္တစ္ပိုင္း ဇာတ္သိမ္းပါ ဆိုၿပီး
အရင္အပိုင္းမွာ အာေခ်ာင္လိုက္မိတယ္..
ေသခ်ာေရးၾကည့္လိုက္ေတာ့မွ ေနာက္၂ပိုင္း
ေလာက္ က်န္ေသးတယ္🤓 ။
တအား ဆြဲဆန္႔ေနမိလား...ေျပာၾကပါအုန္း။
ေဝဘင္ေရးေလး ဆင္းခဲ့ၾကပါ..ေနာ္ေနာ္🥺။
Bạn đang đọc truyện trên: AzTruyen.Top