16
Unicode
ဘယ်နေရာကြည့်ကြည့် စိမ်းနုနုမြက်ခင်းတွေက အဆုံးမရှိ ။ နေရောင်သည် ပူပြင်းစွာ မဟုတ်ပဲ ခပ်နွေးနွေးလေး ဖြာကျနေသည် ။
လေနုအေးသည်လည်း တဝှေ့ဝှေ့နှင့်မို့
သူ့ ဆံနွယ်ရှည်တွေသည် ခပ်လွင့်လွင့် ။
သူသည် ယခု အရိပ်ကောင်းသည့် အပင်အောက်တွင် ထိုင်နေခြင်းဖြစ်သည် ။
ပတ်ဝန်းကျင်ကို ကြည့်ပြီး သူ့ပေါင်ပေါ်ကို
ကြည့်လိုက်တော့ ငြိမ်းချမ်းစွာ အိပ်ပျော်နေသူ။
တကယ်ပါ ၊ စိတ်အပန်းဖြေရအောင်ဆိုပြီး
သူ့ကို ဒီနေရာလေးကို ခေါ်လာခဲ့တဲ့သူက
အခုတော့ ကိုယ်တိုင် စိတ်အပန်းဖြေပြီး
သူ့ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားသည်။
" Jeon..မောင့် Jeonလေး..."
ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားလေးကို တယုတယ ငေးကြည့်ရင်း သူ့ရင်ထဲ ပီတိတွေဟာ အတိုင်းမရှိ ။ နှစ်နှစ်လောက် မမြင်တွေ့ခဲ့ရတဲ့ ထိုမျက်နှာတော်လေးဟာ ဘယ်အချိန်ကြည့်ကြည့် ကြည့်မဝခဲ့ပါ ။
ကြမ်းတမ်းတဲ့ ဘဝတဆစ်ကို ကြုံခဲ့ရခြင်းကို
သူတွေးမိတိုင်း အထပ်ထပ်အခါခါ တောင်းပန်ချင်မိသည် ။ သူ့အတွက်ကြောင့်နှင့် သူ့ချစ်ရသူလေး မည်မျှ အပင်ပန်းခံခဲ့ရပါသနည်း ။
ထောင် ဆိုတဲ့ ခက်ခဲကြမ်းတမ်းတဲ့နေရာမှာ
ဒီ နူးနူးညံ့ညံ့ မင်းသားလေး မည်သို့ နေထိုင်ခဲ့ပါသနည်း ။ နီနီရဲရဲလက်ဖဝါးလေးတွေက
ယခုတော့ အသားမာလေးတွေ တက်နေသည်။ ဖွေးဥဥ ကျောပြင်မှာလည်း အနာရွတ်တွေ ရှိလာတာကို တွေ့ရသည် ။
အခုလို ဖြစ်အောင်လုပ်ခဲ့သည့် ချွဲဟာယွန်းကိုလည်း သူ မုန်းလို့ မဆုံးပါ ။ ထိုမိန်းမကို
သူ့လက်နဲ့ကိုယ်တိုင် အဆုံးမသတ်ပေးလိုက်
ရတာကိုပင် သူ နောင်တရနေသည် ။
ရင်ထဲမှာ အတွေးဆိုးတွေကြောင့် ပူလောင်လာသည် ။ သို့သော်လည်း လေပြည်အေး
တဝှေ့မှာတင် အပူမီးတို့ ငြိမ်းကျသွားသည် ။
သူ့ဘေးမှာ ယိမ်းနွဲ့နေတဲ့ ပန်းရိုင်းလေးတစ်ပွင့်ကို ခူးလိုက်သည် ။ နောက်တော့ အိပ်ပျော်နေတဲ့ Jeon၏ နားကြားထဲကို မသိမသာ
ညှပ်ထားပေးလိုက်သည် ။ ပန်းတစ်ပွင့်နဲ့
Jeonဟာ နှစ်သက်ဖွယ်ကောင်းမှုအတိ ။
" ဟ်...."
ရယ်သံတိုးတိုးလေး ထွက်သွားမိသည် ။
အနည်းငယ် နေမြင့်လာတဲ့အခါ Jeonဟာ
လူးလူးလွန့်လွန့်ဖြင့် နိုးလာသည် ။
နားကြားထဲမှ ပန်းတစ်ပွင့်ရယ် ၊
အိပ်စုံမှုန်မွှား မျက်ဝန်းတွေနှင့် ပွယောင်းယောင်း ဆံပင်တွေဟာ Jeon၏ ချစ်စရာကောင်းမှုကို အဆုံးထိ တွန်းပို့နေသည် ။
" ချစ်ဖို့ကောင်းလိုက်တာကွာ..."
" ဟင်..."
အသံကား လုံးလုံးထွေးထွေး ။
" ချစ်ဖို့ကောင်းတယ်လို့...ချစ်လို့ကို မဝဘူး "
ထိုအခါကျ Jeonဟာ မပွင့်တပွင့် မျက်ဝန်းများနှင့် လိုက်ဖက်အောင် အပြုံးကြီး တစ်ခု
ပြုံးသည် ။ နောက်တော့ သူ့ရင်ဘတ်ပေါ်ကို
လှဲချလာပြန်သည် ။
" အိပ်ပုတ်လေး...အိပ်ရေးမဝသေးဘူးလား"
" အင်း...ဒီလို မအိပ်ရတာကြာပြီ...မောင့် ရင်ဘတ်ကြီးက မှီလို့ကောင်းလိုက်တာ..."
" ပြောတော့ မောင့်ကို အပန်းဖြေဖို့ ခေါ်လာတာဆို...အခုကျ ဇိမ်ယူနေတာ ခင်ဗျားလေးပေါ့..."
" ဟီး..အဲ့ဒီလိုပဲ ဆိုပါတော့..."
ပြုံးပြုံးရယ်ရယ်နဲ့ Jeonဟာ ယုန်သွားလေးတွေ ထင်းခနဲ ။
" အိပ်..အိပ်...မောင် ရှိတယ်.."
" တစ်ရေးပါပဲ.."
လက်ညိုးတစ်ချောင်းထောင်ပြရင်း အိပ်မောကျသွားပြန်သည် ။ ဒီကောင်လေး အိပ်ရေးတွေ ပျက်ထားတာ မနည်းမှန်း သူသိပါသည် ။ ဒါကြောင့်လည်း ပိတ်ချထားတဲ့ မျက်ခွံလေးတွေကို ငေးလိုက် ၊မထိတွေ့ရတာ ကြာပြီ ဖြစ်တဲ့ အပြင်လောကကိုခံစားလိုက်ဖြင့်သာ အချိန်ကုန်မိတော့သည် ။
" ဘာ ဟင်းတွေလဲ..."
" အစုံပါပဲ..မောင့် မေမေက အများကြီး ချက်ပေးလိုက်တာ.."
ထမင်းချိုင့်ကို နေရာချနေရင်း Jeonကဖြေသည် ။ အိပ်ရေးဝသွားတာကြောင့် Jeonမျက်နှာလေးက ပြည့်ဖောင်းနေသည် ။
" ကဲ စားကြမယ်..."
တူကို ကိုင်ဖို့ပြင်လိုက်သော်လည်း လက်ထဲကို ရောက်လာသည့် ဇွန်း ။ နားမလည်နိုင်စွာ
Jeonကိုကြည့်တော့ "ဇွန်းနဲ့စား"ဆိုသည့် သဘော ။ Jiminစိတ်ညစ်စွာ ဇွန်းကို ပစ်ချ
လိုက်သည် ။
" မောင် နေကောင်းနေပါပြီ "
Jiminသည် လွန်ခဲ့တစ်လ ထမင်းပြန်စားသည့် အချိန်က တူကို ကောင်းစွာ မကိုင်နိုင်ပဲ
လွတ်ကျခဲ့ရသည် ။ လက်အကြောတွေသည်
ကောင်းမွန်စွာ အလုပ်မလုပ်သေးပေ ။
ထိုအခါကစ Jeonသည်သာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ခွံ့ကျွေးခဲ့သည် ။
သို့သော် ယခုအချိန်တွင် သူ အဆင်ပြေလုနီးပါး ရှိနေပါပြီ ။ သို့သော် Jeonသည်
ယခုထိ သူ့အား လူမမာတစ်ယောက်လို
ပြုမူဆဲ ၊ ထိုအခြင်းအရာကို သူမနှစ်သက်ပေ။
" မောင် နေကောင်းတာ သိတယ်...ဇွန်းနဲ့စားဆိုတာလေ..မောင့်ကို တူမကိုင်နိုင်တဲ့ လူမမာတစ်ယောက်လို့ တွေးထားလို့ မဟုတ်ဘူး....
ဇွန်းနဲ့စားရတာက ပိုလွယ်ကူလို့ စားခိုင်းတာ..
ဒီမှာလေ..ကျုပ်တောင် ဇွန်းနဲ့စားမို့ကို..."
Jeonဟာ ဇွန်းလေး မြှောက်ပြရင်း ပြောသည်။ Jiminသည် Jeonပုံစံကို ကြည့်ရင်း စိတ်မကြည်မှုများ ပျောက်သွားသည် ။
နှာတစ်ချက်မှုတ်ရင်း ယခုနက ပန်းကန်ထဲ
ပစ်ချခဲ့သည့် ဇွန်းကို ကိုင်ကာ ထမင်း စစားလိုက်သည် ။
Jeonသည် မောင့်အပြုအမူတွေ ကြည့်ရင်း
သွားလေးတွေ ပေါ်အောင် ရယ်နေသည် ။
" ဘာတွေ အဲ့ဒီ့လောက် သဘောကျနေတာလဲ"
" ဒီတိုင်းပါပဲ..မောင်က တဖြည်းဖြည်း ကလေးလေးနဲ့ တူလာလို့...."
" အဟွတ်...ဟွတ်.."
Jiminသည် Jeonစကားကြားသည့်အခါ
စားလက်စ ထမင်းတို့ သီးကုန်သည် ။
Jeonသည် ပြာပြာသလဲ ရေဘူးလေးဖွင့်ပြီး
နှုတ်ခမ်းနား တေ့ပေးသည် ။
" မောင်ရယ်...ဖြည်းဖြည်းစားတာ မဟုတ်ဘူး"
Jeonကတော့ စိတ်ပူစွာ ပြောနေပေမဲ့ Jiminကတော့ သူ့အတွေးဖြင့်သူ မျောနေသည် ။
" ကြည့်...မောင်ကတော့ ပြောနေတာ
နားမထောင်ဘူး တွေးချင်ရာ တွေးနေတော့တာပဲ...ဟွန့်.."
Jeonဟာ ထမင်းချိုင့်တို့ကို ပြန်သိမ်းဆည်းရင်း ပွစိပွစိ ရေရွတ်နေသည် ။ Jiminဟာ
လည်း လက်သည်းကိုက်လိုက် ၊ ဆံပင်ကို ဆော့လိုက်ဖြင့် အတွေးများနေသည် ။
" မောင် !ဘာတွေ အဲ့ဒီ့လောက် တွေးနေတာလဲ.."
" မောင့်ကို နမ်းပါလား "
Jeonသည် မောင့်ဘေးနားကို ဆွေ့ခနဲ ဝင်ထိုင်ရင်း မေးခွန်းထုတ်မိတဲ့အခါ ပြန်ဖြေလာတာက တစ်မျိုးလေး ။
Jeonသည် တုံ့ဆိုင်းမနေပဲ မောင့်နှုတ်ခမ်းထူထူပေါ်ကို ဖိကပ်နမ်းလိုက်သည် ။ မောင့်၏
လက်တို့သည် Jeonခါးပေါ်ရောက်လာကာ
ရုတ်တရက် Jeonကို မြက်ခင်းပြင်ပေါ်
လှဲချလိုက်သည် ။
ပြင်းပြင်းရှရှ နမ်းနေပုံက မောင်ဟာ ဆေးရုံ
တက်နေရတဲ့ လူနာလို့ ယုံနိုင်ဖွယ်မရှိ ။
နှုတ်ခမ်းတွေနဲ့ Jeonလည်တိုင်ကို ပွတ်ဆွဲမိတော့ Jeonက ခပ်သဲ့သဲ့ ညည်းသည် ။
Jeon၏ မေးဖျားလေးကို မထိမတိကိုက်လိုက်သည် ။ မှဲ့နက်လေးကိုလည်း ခပ်ဖွဖွ
နမ်းသည် ။ နောက်ဆုံး ခပ်ပွပွနှာခေါင်းထိပ်လေးမှာ အနမ်းတို့ကို အဆုံးသတ်လိုက်တော့
Jeonသည် အသက်ပြင်းပြင်းရှူလျက် သူ့ကို
ပြုံးပြနေသည် ။
" ချစ်တယ်နော်..သိလား...မောင်"
" အင်း သိတယ်..."
" သိတယ်ပဲလား..."
" သိတယ်ပဲ..."
" အကျင့်ကို မကောင်းတာ..."
Jeonက ဆူပုတ်ပုတ်ဆိုတော့ မောင်က
မျက်လုံးလေးတွေ မှိတ်သည်အထိ ပြုံးသည်။
" ချစ်တယ်..ချစ်တယ်...မောင့်Jeonလေးကို
မောင်က အများကြီး ချစ်တာ..."
မောင်ဟာ ပြောလည်းပြော ၊ နမ်းလည်းနမ်း ။
×
" ဒီအိမ်ပဲ Jeon "
Jeonကားစက်သပ်ပြီးနောက် သူတို့ရှေ့က
အိမ်ပုလေးဆီကို ဝင်လာခဲ့လိုက်သည် ။
" မောင့် ငယ်ငယ်က အခန်းလေးက ဟိုထောင့်ချိုးလေးမှာ..."
အိမ်လေးကို Jeonဝေ့ဝဲကြည့်နေတုန်း မောင်က ပြောသည် ။ မောင် ညွှန်သည့်အတိုင်း
Jeonသွားတော့ အနီရောင် တံခါးတစ်ချပ်ကိုတွေ့သည် ။
ဘာတဲ့၊တံခါးမှာရေးထားတာ PJM Areaဆိုပဲ။ မောင်ဟာ ငယ်ငယ်ကတည်းက ပိုင်စိုးပိုင်နင်းလေးပဲ ။ ကိုယ့်အတွေးနဲ့ကို
ခပ်ဖွဖွ ရယ်မိလိုက်သည် ။
အခန်းထဲကို ဝင်လိုက်တော့ ပစ္စည်းအကုန်လုံးက သန့်ရှင်းသပ်ရပ်နေသည် ။ ဖုန်တစ်စက်မှ မရှိ ။
" မောင် ဒီကို လာနေကျလား "
" မဟုတ်ဘူး...မောင့် အမေ...သူ့ခင်မျာ
ဒီအိမ်လေးကို သံယောဇဥ်မပြတ်နိုင်ပဲ
လာလာပြီး သန့်ရှင်းနေတာ..မောင့်ငယ်ငယ်
ကပစ္စည်းတွေ အခုထိရှိနေသေးတာပဲ ကြည့်"
" ကောင်းတာပေါ့..."
" Jeon...ဒီမှာ သက်သေတွေ..."
မောင်က ဂျွန်ဟွာအင်းအကြောင်းတွေ သိလို့
သက်သေတွေကို ပုံတူပွားပြီး အစစ်တွေကိုကျ ဖွက်သိမ်းထားခဲ့သည် ။
မောင်က ကုတင်ပေါ်မှာ သက်သေတွေကို
ပြန်စိစစ်နေတုန်း သူကတော့ မောင့်အခန်းကို
စပ်စုနေသည် ။
" ဒါ ဘာလေးတုန်း..."
အနီရဲရဲ ကြက်ပေါက်အရုပ်လေးကို သူဆွဲယူလိုက်သည် ။ အရုပ်လေးသည် သူ့လက်နှစ်ဖက်နှင့် ကွက်တိဖြစ်နေသည် ။
" ချစ်စရာလေး..."
" အဲ့ဒါ မောင့်အမေ ပေးတာ...မောင်နဲ့တူလို့တဲ့.."
" တူပါတယ်..နှုတ်ခမ်းက ခပ်ထော်ထော်နဲ့ "
" ဟားး...မောင် အဲ့တုန်းက အမေကို အဝါရောင်ကြီး ဝယ်လာပေးလို့ စိတ်ကောက်ခဲ့တာ ၊ နောက်နေ့ကျ အမေက အနီရောင်
ဆိုးပြီး ပြန်ပေးတယ်..."
" မောင်က အဝါမကြိုက်ဘူးလား.."
" အနီကလွဲပြီး ဘယ်အရောင်မှ မကြိုက်ဘူး "
မောင့်အဖြေကြောင့် သူ့မှာ ပြောစရာမရှိတော့။ မောင်ဟာ စာရွက်စာတမ်းတွေပေါ်
အာရုံပြန်ရောက်သွားပြီး သူကတော့ ထိုကြက်ပေါက်အရုပ်လေးကိုသာ ဖျစ်ညှစ်နေခဲ့သည် ။
" သဘောကျရင် ယူသွားလေ.."
" တကယ်လား...အိပ်ရာထဲ ထည့်အိပ်မယ် "
မောင်က မျက်ခုံးပင့်ပြီး မေးလာသည် ။
" ကလေးဖြစ်နေတာလား " တဲ့ ။
သူ ဘာမှ ပြန်မဖြေမိပေ ။ ငယ်ငယ်ကတည်း
က တစ်ယောက်တည်းအိပ်ရသည်မို့ ကြောက်သည့် အချိန်တိုင်း အရုပ်တွေကြား တိုးဝင်တတ်သည် ။ အရုပ်တွေ အနားမှာ ရှိပါက
သူ့ကြောက်စိတ်တွေ အနည်းငယ် သက်သာခဲ့သည် ။ ထို့ကြောင့်ပင် ယခုအချိန်ထိ သူ့အိပ်ရာထဲတွင် အရုပ်တချို့ ရှိနေဆဲ ဖြစ်သည်။
" ရပြီ Jeon..အကုန်စုံ-"
Jiminသည် စာရွက်စာတမ်းတွေကို စိစစ်ပြီး
သည့်နောက် သိမ်းဆည်းပြီး ပြန်ရန်Jeonကို
ပြောဖို့အလုပ် ၊ Jeonကား အခန်းထဲက
ကြိမ်ခုံပေါ်တွင် အရုပ်ပိုက်လျက် အိပ်ပျော်နေပြီ ။
" တကယ့်ကို အအိပ်မက်တဲ့ ကောင်လေး "
Jiminသည် ခေါင်းရမ်းရင်း Jeonကို
အိပ်ရာပေါ်သို့ တင်ပေးပြီး စောင်ခြုံကာ
ဆက်အိပ်စေသည် ။ သူကတော့ ဧည့်ခန်းဘက်ကို ထွက်လာခဲ့သည် ။
ဧည့်ခန်းအလယ်က စားပွဲကို သူအာရုံရပြီး
အံဆွဲတွေကို လိုက်ဖွင့်ကြည့်သည် ။
" ဘာပုံတွေပါလိမ့်..."
" ဒါ ဟိုမိန်းမနဲ့ အမေ မလား...သူတို့ တအား
ရင်းနှီးခဲ့ကျသလိုပဲ..."
" မင်္ဂလာပွဲ...ယူအိမ်တော်...ယူဟွာအင်း"
Jiminသည် ဟောင်းနွမ်းနေသော စာရွက်တွေကို ဖတ်ကြည့်ရင်း တိုးတိုးလေး
ရေရွတ်လျက် ရှိသည် ။
" ဒါဆို ဂျွန်ဟွာအင်း အဖေနဲ့ ငါ့အမေနဲ့က
လက်ထပ်ခဲ့တယ်...အဲ့အချိန်ကစ ဂျွန်ဟွာအင်းက ငါ့အမေကို ရန်ငြိုးထားခဲ့တယ်ပေါ့.."
Jiminသည် ကိစ္စတို့ကို ဆက်စပ်ရပြီးနောက်
ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည် ။
" ဒါလေးကရော...ဘာပါလိမ့်..."
Ultrasoundရိုက်ထားသည့် ပုံလေးတစ်ပုံ
ဖြစ်သည် ။ ပုံနောက်ကို လှန်ကြည့်တော့
မင်ဂျွန်း အသေးလေး တဲ့ ။
Jimin ရုတ်တရက် သွေးပူသွားသည် ။
" ဒါ ဒါ အမေ့ပစ္စည်းတွေမလား..ဒီပုံက
ဘာလဲ..."
သူ့အမေက ဂျွန်မင်ဂျွန်းနဲ့ ကလေးရခဲ့တာလား။ အဲ့ဒီကလေးက ဘယ်သူလဲ ။
Jimin၏ ခေါင်းထဲတွင် မေးခွန်းတွေ
ပြည့်နှက်လာသည် ။
" မဖြစ်နိုင်တာ ! "
ဖြစ်နိုင်ချေရှိတဲ့ အတွေးတစ်ခုတည်းကိုပဲ
ထပ်ထပ်ခါခါ ရောက်နေတဲ့ အခါ Jimin
လန့်လာသည် ။
" အမေက ငါတစ်ယောက်တည်းကိုပဲ
မွေးခဲ့တာလေ.."
Jimin သည် ဖုန်းအမြန်ထုတ်ပြီး သူ့အမေကို
ဆက်လိုက်သည် ။
" အမေ.. ကျွန်တော် မေးစရာရှိလို့..."
" မေးလေ.."
" ကျွန်တော် အခု အိမ်ဟောင်းလေးမှာ..."
" ဘာဖြစ်လဲ သား..."
" ဧည့်ခန်းထဲက စားပွဲရဲ့ အံဆွဲထဲကနေ
Ultrasoundပုံတစ်ပုံတွေ့တယ်..အနောက်မှာ
မင်ဂျွန်း အသေးလေးလို့ ရေးထားတယ် "
" အယ်..အဲ့ပုံလေးရှိသေးတာလား..ဘာမှ
မလုပ်နဲ့အုန်းနော်..အမေလာခဲ့မယ်.."
" အမေ ခဏလေး..ကျွန်တော် ပြောလို့---"
သူ့အမေကား စကားပင်မဆုံးလိုက်
ဖုန်းချသွားသည် ။
မိနစ်နှစ်ဆယ်လောက်အကြာ သူ့အမေ
ရောက်လာသည် ။
" သား...ဟိုပုံလေး ဘယ်မလဲ..."
" ဒီမှာ..."
သူ့အမေသည် ultrasoundပုံလေးကို
ကြည့်ပြီး မျက်ရည်တွေ ဝဲလာသည် ။
" အဲ့ဒါ ဘယ်သူလဲ အမေ..."
" ဒါ..မေမေ့ရဲ့ ပထမဆုံးကလေးလေး...
သားရဲ့ အစ်ကိုလို့ပဲ ပြောရမလား မသိဘူး.."
ထိုစကားကြားမှ Jiminအနည်းငယ်
စိတ်သက်သာရာ ရသွားသည် ။
" ဘာဖြစ်ခဲ့တာလဲ.."
" အဲ့ည...အဲ့ညက အိမ်ပြန်ရောက်ရင်
မင်ဂျွန်းကိုဒီပုံလေး ပြပြီး အမေ့ဗိုက်ထဲမှာ
သူ့ကိုယ်ပွားလေးရောက်နေတာ ပြောပြမလို့..
ကံမကောင်းချင်တော့ အဲ့ညက အမေက
မင်းအဖေနဲ့ မှားခဲ့မိတဲ့ည ဖြစ်နေတယ်...."
" နောက်ရက်ကျ ညက အမေတို့ပုံတွေ
ပျံ့ကုန်လို့ မတတ်သာပဲ မင်းအဖေနဲ့ အမေ
လက်ထပ်ခဲ့ရတယ်...ဒါကြောင့် မင်ဂျွန်းကို
လည်း ဒီကိစ္စမပြောဖြစ်ခဲ့တော့ဘူး..သူလည်း
ဟွာအင်းနဲ့ လက်ထပ်လိုက်ရတာကြောင့်.."
" ဒါပေမဲ့ ဒီကလေးလေးကိုတော့ အမေရအောင် မွေးဖို့ ဆုံးဖြတ်ထားပြီးသားပါ..
ဒါပေမဲ့ ဟွာအင်းက ဒီကိစ္စကိုသိသွားခဲ့တယ်"
" အမေ့ကို ဆေးရုံတစ်ခုမှာ ဖျက်ချခိုင်းခဲ့တယ်...."
" အမေ ငြင်းခဲ့တယ်မလား...."
" ငြင်းခဲ့ပါတယ် ဒါပေမဲ့--"
" ဆေးခတ်ထားတဲ့ ဖျော်ရည်ကို တိုက်ပြီး
ဆေးရုံကို ဘယ်သူမှ မသိအောင် ခေါ်သွားတယ်...ပြီးတော့ သူပိုက်ဆံပေးထားတဲ့
ဆရာဝန်က ကလေးကို ဖျက်ချလိုက်တယ်..
နောက် မေ့ဆေးပြယ်ပြီး နိုးလာတော့ အများပိုင် ဆေးရုံတစ်ခုကို ရောက်နေတယ်..ဘယ်သူ ပို့လို့ပို့သွားမှန်း မသိခဲ့ဘူး...သတိထားမိလိုက်တဲ့အခါမှာ ဗိုက်ထဲမှာ ကလေးမရှိတော့ဘူး...အဲ့ဒါကို အမှုဖွင့်တော့လည်း ဘယ်သူကမှ မဆောင်ရွက်ပေးခဲ့ကြဘူး...အခုထိ အဲ့ပြစ်မှုက ဖုံးကွယ်ခံထားရဆဲပဲ..."
" Jeon !! "
Jiminသည် တရစပ်ပြောချလာတဲ့ စကားကို
နားထောင်ပြီး လန့်သွားသည် ။
" ဘယ်တုန်းကတည်းက နိုးနေတာလဲ "
" မောင့်အမေ စကား စပြောကတည်းက.."
" Jeonက ဒီကိစ္စကို သိနေတာလား..."
" ဟိုတလောကမှ သိတာပါ..မပူပါနဲ့
အဲ့အတွက်သက်သေတွေ ကျုပ်မှာရှိပြီးသား "
" ဘာလို့ မောင့်ကို မပြောခဲ့တာလဲ !! "
" မောင့်ကို စိတ်မညစ်စေချင်လို့လေ "
" မဟုတ်ဘူးလေကွာ..ဒါကတော့ မောင့်ကို-"
Jiminသည် စကားလုံးတွေပင် ပျောက်ကာ
မျက်နှာကို လက်နဲ့အုပ်ထားသည် ။
" အန်တီ စိတ်မပူပါနဲ့..ကျွန်တော်က သေချာပေါက် ဂျွန်ဟွာအင်းကို ဒီအပြစ်အတွက်ပါ ပေးဆပ်ခိုင်းမှာပါ...."
JungKookက ယူ့ဆိုရာ လက်ကို ဆုပ်ကိုင်ပြီး
လေးလေးနက်နက်ပြောသည် ။
" မောင်..."
မောင့်အမေပြန်သွားသည့်အခါ Jeonကား
ဆိုဖာမှာ တောင့်တောင့်ကြီးထိုင်နေတဲ့
မောင့်ကို ချော့ရတော့သည် ။
" မောင်လို့...."
" မောင်ကလည်း စိတ်မကောက်ပါနဲ့ကွာ..."
" မောင် စိတ်ပင်ပန်းမှာစိုးလို့ ကျုပ်က မပြောခဲ့တာလေ...အခုသိရတော့ ခေါင်းကိုက်ပြီမလား...ဒီလိုဖြစ်မှာစိုးလို့ မပြောတာပါဆို..."
Jeonကား မချော့တတ်ချော့တတ်ဖြင့်
ကြိုးစားချော့နေပါသော်လည်း မောင်က
ရှေ့တည့်တည့်ကိုသာ မျက်နှာမူဆဲ ။
" မောင် တကယ် ကျုပ်ကို စကား ပြန်မပြောဘူးလား..."
" ဟွန်း...ရတယ် ရတယ်..အဲ့မှာပဲ ထိုင်ပြီး
စိတ်ကောက်နေလိုက်...ဘဲနှုတ်သီးနဲ့လူ !"
" မင်း မောင့်---ငါ့ကို ဘယ်လိုခေါ်လိုက်တာ "
" မကြားလိုက်ဘူးလား..ထပ်ပြောရမှာလား..
သေချာနားထောင် ဘဲ နှုတ် သီး နဲ့ လူ...! "
" ယုန်အစုတ်ပလုတ်လေးကများ..."
" Yaaa....ကျုပ်က ယုန်မဟုတ်ဘူးနော်..."
" ယုန် ပါ..မှန်သေချာပြန်ကြည့်လိုက်အုန်း "
" ယုန်မဟုတ်ဘူးဆို ! "
" ဟုတ်ပါတယ်ဆို ! "
" မဟုတ်ပါဘူးလို့ ပြောနေတယ်လေ..
ဘဲနှုတ်သီးရဲ့...! "
" ဘာ..လာစမ်း လာစမ်း..ယုန်လေးကတော့
မောင့် လက်စာ မိချင်နေပြီ ထင်တယ်..."
မောင် ထိုင်နေရာကထပြီး Jeonဆီလာတဲ့အခါ Jeonသည် တခစ်ခစ်ရယ်ပြီး အိပ်ခန်းထဲ တန်းနေအောင် ပြေးသည် ။
" ဘယ်ပြေးမှာလဲ..ယုန်ပေါက်လေး..ဟမ် "
မောင်ပါ အိပ်ခန်းထဲလိုက်ဝင်သွားပြီးနောက်
အိပ်ခန်းထဲမှ သဘောတကျ ရယ်သံများ
လွင့်ပျံ့လာတော့သည် ။
×
နောက်တစ်ပိုင်း ဇာတ်သိမ်း ဖြစ်ဖို့ များပါတယ် ချိတူတို့ ။
ဒါလေးက ပြီးတော့မှာဆိုတော့ အသစ်လေးတစ်ပုဒ် တင်ထားပါတယ် ။
Escape from the Oblivionပါ ။
OTPကတော့ သိတဲ့အတိုင်း Koominပါ
(Dom Jimin /SubKoo )
အသစ်လေးကိုလည်း မောင်တို့လိုပဲ
အားပေးကြပါအုန်း ။
Zawgyi
ဘယ္ေနရာၾကည့္ၾကည့္ စိမ္းႏုႏုျမက္ခင္းေတြက အဆုံးမ႐ွိ ။ ေနေရာင္သည္ ပူျပင္းစြာ မဟုတ္ပဲ ခပ္ေႏြးေႏြးေလး ျဖာက်ေနသည္ ။
ေလႏုေအးသည္လည္း တေဝွ႔ေဝွ႔ႏွင့္မို႔
သူ႕ ဆံႏြယ္႐ွည္ေတြသည္ ခပ္လြင့္လြင့္ ။
သူသည္ ယခု အရိပ္ေကာင္းသည့္ အပင္ေအာက္တြင္ ထိုင္ေနျခင္းျဖစ္သည္ ။
ပတ္ဝန္းက်င္ကို ၾကည့္ၿပီး သူ႕ေပါင္ေပၚကို
ၾကည့္လိုက္ေတာ့ ၿငိမ္းခ်မ္းစြာ အိပ္ေပ်ာ္ေနသူ။
တကယ္ပါ ၊ စိတ္အပန္းေျဖရေအာင္ဆိုၿပီး
သူ႕ကို ဒီေနရာေလးကို ေခၚလာခဲ့တဲ့သူက
အခုေတာ့ ကိုယ္တိုင္ စိတ္အပန္းေျဖၿပီး
သူ႕ေပါင္ေပၚ ေခါင္းအုံးကာ အိပ္ေပ်ာ္သြားသည္။
" Jeon..ေမာင့္ Jeonေလး..."
ေပါင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ အမ်ိဳးသားေလးကို တယုတယ ေငးၾကည့္ရင္း သူ႕ရင္ထဲ ပီတိေတြဟာ အတိုင္းမ႐ွိ ။ ႏွစ္ႏွစ္ေလာက္ မျမင္ေတြ႕ခဲ့ရတဲ့ ထိုမ်က္ႏွာေတာ္ေလးဟာ ဘယ္အခ်ိန္ၾကည့္ၾကည့္ ၾကည့္မဝခဲ့ပါ ။
ၾကမ္းတမ္းတဲ့ ဘဝတဆစ္ကို ၾကဳံခဲ့ရျခင္းကို
သူေတြးမိတိုင္း အထပ္ထပ္အခါခါ ေတာင္းပန္ခ်င္မိသည္ ။ သူ႕အတြက္ေၾကာင့္ႏွင့္ သူ႕ခ်စ္ရသူေလး မည္မွ် အပင္ပန္းခံခဲ့ရပါသနည္း ။
ေထာင္ ဆိုတဲ့ ခက္ခဲၾကမ္းတမ္းတဲ့ေနရာမွာ
ဒီ ႏူးႏူးညံ့ညံ့ မင္းသားေလး မည္သို႔ ေနထိုင္ခဲ့ပါသနည္း ။ နီနီရဲရဲလက္ဖဝါးေလးေတြက
ယခုေတာ့ အသားမာေလးေတြ တက္ေနသည္။ ေဖြးဥဥ ေက်ာျပင္မွာလည္း အနာ႐ြတ္ေတြ ႐ွိလာတာကို ေတြ႕ရသည္ ။
အခုလို ျဖစ္ေအာင္လုပ္ခဲ့သည့္ ခြၽဲဟာယြန္းကိုလည္း သူ မုန္းလို႔ မဆုံးပါ ။ ထိုမိန္းမကို
သူ႕လက္နဲ႔ကိုယ္တိုင္ အဆုံးမသတ္ေပးလိုက္
ရတာကိုပင္ သူ ေနာင္တရေနသည္ ။
ရင္ထဲမွာ အေတြးဆိုးေတြေၾကာင့္ ပူေလာင္လာသည္ ။ သို႔ေသာ္လည္း ေလျပည္ေအး
တေဝွ႔မွာတင္ အပူမီးတို႔ ၿငိမ္းက်သြားသည္ ။
သူ႕ေဘးမွာ ယိမ္းႏြဲ႕ေနတဲ့ ပန္း႐ိုင္းေလးတစ္ပြင့္ကို ခူးလိုက္သည္ ။ ေနာက္ေတာ့ အိပ္ေပ်ာ္ေနတဲ့ Jeon၏ နားၾကားထဲကို မသိမသာ
ညႇပ္ထားေပးလိုက္သည္ ။ ပန္းတစ္ပြင့္နဲ႔
Jeonဟာ ႏွစ္သက္ဖြယ္ေကာင္းမႈအတိ ။
" ဟ္...."
ရယ္သံတိုးတိုးေလး ထြက္သြားမိသည္ ။
အနည္းငယ္ ေနျမင့္လာတဲ့အခါ Jeonဟာ
လူးလူးလြန္႔လြန္႔ျဖင့္ ႏိုးလာသည္ ။
နားၾကားထဲမွ ပန္းတစ္ပြင့္ရယ္ ၊
အိပ္စုံမႈန္မႊား မ်က္ဝန္းေတြႏွင့္ ပြေယာင္းေယာင္း ဆံပင္ေတြဟာ Jeon၏ ခ်စ္စရာေကာင္းမႈကို အဆုံးထိ တြန္းပို႔ေနသည္ ။
" ခ်စ္ဖို႔ေကာင္းလိုက္တာကြာ..."
" ဟင္..."
အသံကား လုံးလုံးေထြးေထြး ။
" ခ်စ္ဖို႔ေကာင္းတယ္လို႔...ခ်စ္လို႔ကို မဝဘူး "
ထိုအခါက် Jeonဟာ မပြင့္တပြင့္ မ်က္ဝန္းမ်ားႏွင့္ လိုက္ဖက္ေအာင္ အျပဳံးႀကီး တစ္ခု
ျပဳံးသည္ ။ ေနာက္ေတာ့ သူ႕ရင္ဘတ္ေပၚကို
လွဲခ်လာျပန္သည္ ။
" အိပ္ပုတ္ေလး...အိပ္ေရးမဝေသးဘူးလား"
" အင္း...ဒီလို မအိပ္ရတာၾကာၿပီ...ေမာင့္ ရင္ဘတ္ႀကီးက မွီလို႔ေကာင္းလိုက္တာ..."
" ေျပာေတာ့ ေမာင့္ကို အပန္းေျဖဖို႔ ေခၚလာတာဆို...အခုက် ဇိမ္ယူေနတာ ခင္ဗ်ားေလးေပါ့..."
" ဟီး..အဲ့ဒီလိုပဲ ဆိုပါေတာ့..."
ျပဳံးျပဳံးရယ္ရယ္နဲ႔ Jeonဟာ ယုန္သြားေလးေတြ ထင္းခနဲ ။
" အိပ္..အိပ္...ေမာင္ ႐ွိတယ္.."
" တစ္ေရးပါပဲ.."
လက္ညိဳးတစ္ေခ်ာင္းေထာင္ျပရင္း အိပ္ေမာက်သြားျပန္သည္ ။ ဒီေကာင္ေလး အိပ္ေရးေတြ ပ်က္ထားတာ မနည္းမွန္း သူသိပါသည္ ။ ဒါေၾကာင့္လည္း ပိတ္ခ်ထားတဲ့ မ်က္ခြံေလးေတြကို ေငးလိုက္ ၊မထိေတြ႕ရတာ ၾကာၿပီ ျဖစ္တဲ့ အျပင္ေလာကကိုခံစားလိုက္ျဖင့္သာ အခ်ိန္ကုန္မိေတာ့သည္ ။
" ဘာ ဟင္းေတြလဲ..."
" အစုံပါပဲ..ေမာင့္ ေမေမက အမ်ားႀကီး ခ်က္ေပးလိုက္တာ.."
ထမင္းခ်ိဳင့္ကို ေနရာခ်ေနရင္း Jeonကေျဖသည္ ။ အိပ္ေရးဝသြားတာေၾကာင့္ Jeonမ်က္ႏွာေလးက ျပည့္ေဖာင္းေနသည္ ။
" ကဲ စားၾကမယ္..."
တူကို ကိုင္ဖို႔ျပင္လိုက္ေသာ္လည္း လက္ထဲကို ေရာက္လာသည့္ ဇြန္း ။ နားမလည္ႏိုင္စြာ
Jeonကိုၾကည့္ေတာ့ "ဇြန္းနဲ႔စား"ဆိုသည့္ သေဘာ ။ Jiminစိတ္ညစ္စြာ ဇြန္းကို ပစ္ခ်
လိုက္သည္ ။
" ေမာင္ ေနေကာင္းေနပါၿပီ "
Jiminသည္ လြန္ခဲ့တစ္လ ထမင္းျပန္စားသည့္ အခ်ိန္က တူကို ေကာင္းစြာ မကိုင္ႏိုင္ပဲ
လြတ္က်ခဲ့ရသည္ ။ လက္အေၾကာေတြသည္
ေကာင္းမြန္စြာ အလုပ္မလုပ္ေသးေပ ။
ထိုအခါကစ Jeonသည္သာ သူ႕ကို ကိုယ္တိုင္ကိုယ္က် ခြံ႕ေကြၽးခဲ့သည္ ။
သို႔ေသာ္ ယခုအခ်ိန္တြင္ သူ အဆင္ေျပလုနီးပါး ႐ွိေနပါၿပီ ။ သို႔ေသာ္ Jeonသည္
ယခုထိ သူ႕အား လူမမာတစ္ေယာက္လို
ျပဳမူဆဲ ၊ ထိုအျခင္းအရာကို သူမႏွစ္သက္ေပ။
" ေမာင္ ေနေကာင္းတာ သိတယ္...ဇြန္းနဲ႔စားဆိုတာေလ..ေမာင့္ကို တူမကိုင္ႏိုင္တဲ့ လူမမာတစ္ေယာက္လို႔ ေတြးထားလို႔ မဟုတ္ဘူး....
ဇြန္းနဲ႔စားရတာက ပိုလြယ္ကူလို႔ စားခိုင္းတာ..
ဒီမွာေလ..က်ဳပ္ေတာင္ ဇြန္းနဲ႔စားမို႔ကို..."
Jeonဟာ ဇြန္းေလး ေျမႇာက္ျပရင္း ေျပာသည္။ Jiminသည္ Jeonပုံစံကို ၾကည့္ရင္း စိတ္မၾကည္မႈမ်ား ေပ်ာက္သြားသည္ ။
ႏွာတစ္ခ်က္မႈတ္ရင္း ယခုနက ပန္းကန္ထဲ
ပစ္ခ်ခဲ့သည့္ ဇြန္းကို ကိုင္ကာ ထမင္း စစားလိုက္သည္ ။
Jeonသည္ ေမာင့္အျပဳအမူေတြ ၾကည့္ရင္း
သြားေလးေတြ ေပၚေအာင္ ရယ္ေနသည္ ။
" ဘာေတြ အဲ့ဒီ့ေလာက္ သေဘာက်ေနတာလဲ"
" ဒီတိုင္းပါပဲ..ေမာင္က တျဖည္းျဖည္း ကေလးေလးနဲ႔ တူလာလို႔...."
" အဟြတ္...ဟြတ္.."
Jiminသည္ Jeonစကားၾကားသည့္အခါ
စားလက္စ ထမင္းတို႔ သီးကုန္သည္ ။
Jeonသည္ ျပာျပာသလဲ ေရဘူးေလးဖြင့္ၿပီး
ႏႈတ္ခမ္းနား ေတ့ေပးသည္ ။
" ေမာင္ရယ္...ျဖည္းျဖည္းစားတာ မဟုတ္ဘူး"
Jeonကေတာ့ စိတ္ပူစြာ ေျပာေနေပမဲ့ Jiminကေတာ့ သူ႕အေတြးျဖင့္သူ ေမ်ာေနသည္ ။
" ၾကည့္...ေမာင္ကေတာ့ ေျပာေနတာ
နားမေထာင္ဘူး ေတြးခ်င္ရာ ေတြးေနေတာ့တာပဲ...ဟြန္႔.."
Jeonဟာ ထမင္းခ်ိဳင့္တို႔ကို ျပန္သိမ္းဆည္းရင္း ပြစိပြစိ ေရ႐ြတ္ေနသည္ ။ Jiminဟာ
လည္း လက္သည္းကိုက္လိုက္ ၊ ဆံပင္ကို ေဆာ့လိုက္ျဖင့္ အေတြးမ်ားေနသည္ ။
" ေမာင္ !ဘာေတြ အဲ့ဒီ့ေလာက္ ေတြးေနတာလဲ.."
" ေမာင့္ကို နမ္းပါလား "
Jeonသည္ ေမာင့္ေဘးနားကို ေဆြ႕ခနဲ ဝင္ထိုင္ရင္း ေမးခြန္းထုတ္မိတဲ့အခါ ျပန္ေျဖလာတာက တစ္မ်ိဳးေလး ။
Jeonသည္ တုံ႔ဆိုင္းမေနပဲ ေမာင့္ႏႈတ္ခမ္းထူထူေပၚကို ဖိကပ္နမ္းလိုက္သည္ ။ ေမာင့္၏
လက္တို႔သည္ Jeonခါးေပၚေရာက္လာကာ
႐ုတ္တရက္ Jeonကို ျမက္ခင္းျပင္ေပၚ
လွဲခ်လိုက္သည္ ။
ျပင္းျပင္း႐ွ႐ွ နမ္းေနပုံက ေမာင္ဟာ ေဆး႐ုံ
တက္ေနရတဲ့ လူနာလို႔ ယုံႏိုင္ဖြယ္မ႐ွိ ။
ႏႈတ္ခမ္းေတြနဲ႔ Jeonလည္တိုင္ကို ပြတ္ဆြဲမိေတာ့ Jeonက ခပ္သဲ့သဲ့ ညည္းသည္ ။
Jeon၏ ေမးဖ်ားေလးကို မထိမတိကိုက္လိုက္သည္ ။ မွဲ႔နက္ေလးကိုလည္း ခပ္ဖြဖြ
နမ္းသည္ ။ ေနာက္ဆုံး ခပ္ပြပြႏွာေခါင္းထိပ္ေလးမွာ အနမ္းတို႔ကို အဆုံးသတ္လိုက္ေတာ့
Jeonသည္ အသက္ျပင္းျပင္း႐ွဴလ်က္ သူ႕ကို
ျပဳံးျပေနသည္ ။
" ခ်စ္တယ္ေနာ္..သိလား...ေမာင္"
" အင္း သိတယ္..."
" သိတယ္ပဲလား..."
" သိတယ္ပဲ..."
" အက်င့္ကို မေကာင္းတာ..."
Jeonက ဆူပုတ္ပုတ္ဆိုေတာ့ ေမာင္က
မ်က္လုံးေလးေတြ မွိတ္သည္အထိ ျပဳံးသည္။
" ခ်စ္တယ္..ခ်စ္တယ္...ေမာင့္Jeonေလးကို
ေမာင္က အမ်ားႀကီး ခ်စ္တာ..."
ေမာင္ဟာ ေျပာလည္းေျပာ ၊ နမ္းလည္းနမ္း ။
×
" ဒီအိမ္ပဲ Jeon "
Jeonကားစက္သပ္ၿပီးေနာက္ သူတို႔ေ႐ွ႕က
အိမ္ပုေလးဆီကို ဝင္လာခဲ့လိုက္သည္ ။
" ေမာင့္ ငယ္ငယ္က အခန္းေလးက ဟိုေထာင့္ခ်ိဳးေလးမွာ..."
အိမ္ေလးကို Jeonေဝ့ဝဲၾကည့္ေနတုန္း ေမာင္က ေျပာသည္ ။ ေမာင္ ၫႊန္သည့္အတိုင္း
Jeonသြားေတာ့ အနီေရာင္ တံခါးတစ္ခ်ပ္ကိုေတြ႕သည္ ။
ဘာတဲ့၊တံခါးမွာေရးထားတာ PJM Areaဆိုပဲ။ ေမာင္ဟာ ငယ္ငယ္ကတည္းက ပိုင္စိုးပိုင္နင္းေလးပဲ ။ ကိုယ့္အေတြးနဲ႔ကို
ခပ္ဖြဖြ ရယ္မိလိုက္သည္ ။
အခန္းထဲကို ဝင္လိုက္ေတာ့ ပစၥည္းအကုန္လုံးက သန္႔႐ွင္းသပ္ရပ္ေနသည္ ။ ဖုန္တစ္စက္မွ မ႐ွိ ။
" ေမာင္ ဒီကို လာေနက်လား "
" မဟုတ္ဘူး...ေမာင့္ အေမ...သူ႕ခင္မ်ာ
ဒီအိမ္ေလးကို သံေယာဇဥ္မျပတ္ႏိုင္ပဲ
လာလာၿပီး သန္႔႐ွင္းေနတာ..ေမာင့္ငယ္ငယ္
ကပစၥည္းေတြ အခုထိ႐ွိေနေသးတာပဲ ၾကည့္"
" ေကာင္းတာေပါ့..."
" Jeon...ဒီမွာ သက္ေသေတြ..."
ေမာင္က ဂြၽန္ဟြာအင္းအေၾကာင္းေတြ သိလို႔
သက္ေသေတြကို ပုံတူပြားၿပီး အစစ္ေတြကိုက် ဖြက္သိမ္းထားခဲ့သည္ ။
ေမာင္က ကုတင္ေပၚမွာ သက္ေသေတြကို
ျပန္စိစစ္ေနတုန္း သူကေတာ့ ေမာင့္အခန္းကို
စပ္စုေနသည္ ။
" ဒါ ဘာေလးတုန္း..."
အနီရဲရဲ ၾကက္ေပါက္အ႐ုပ္ေလးကို သူဆြဲယူလိုက္သည္ ။ အ႐ုပ္ေလးသည္ သူ႕လက္ႏွစ္ဖက္ႏွင့္ ကြက္တိျဖစ္ေနသည္ ။
" ခ်စ္စရာေလး..."
" အဲ့ဒါ ေမာင့္အေမ ေပးတာ...ေမာင္နဲ႔တူလို႔တဲ့.."
" တူပါတယ္..ႏႈတ္ခမ္းက ခပ္ေထာ္ေထာ္နဲ႔ "
" ဟားး...ေမာင္ အဲ့တုန္းက အေမကို အဝါေရာင္ႀကီး ဝယ္လာေပးလို႔ စိတ္ေကာက္ခဲ့တာ ၊ ေနာက္ေန႔က် အေမက အနီေရာင္
ဆိုးၿပီး ျပန္ေပးတယ္..."
" ေမာင္က အဝါမႀကိဳက္ဘူးလား.."
" အနီကလြဲၿပီး ဘယ္အေရာင္မွ မႀကိဳက္ဘူး "
ေမာင့္အေျဖေၾကာင့္ သူ႕မွာ ေျပာစရာမ႐ွိေတာ့။ ေမာင္ဟာ စာ႐ြက္စာတမ္းေတြေပၚ
အာ႐ုံျပန္ေရာက္သြားၿပီး သူကေတာ့ ထိုၾကက္ေပါက္အ႐ုပ္ေလးကိုသာ ဖ်စ္ညႇစ္ေနခဲ့သည္ ။
" သေဘာက်ရင္ ယူသြားေလ.."
" တကယ္လား...အိပ္ရာထဲ ထည့္အိပ္မယ္ "
ေမာင္က မ်က္ခုံးပင့္ၿပီး ေမးလာသည္ ။
" ကေလးျဖစ္ေနတာလား " တဲ့ ။
သူ ဘာမွ ျပန္မေျဖမိေပ ။ ငယ္ငယ္ကတည္း
က တစ္ေယာက္တည္းအိပ္ရသည္မို႔ ေၾကာက္သည့္ အခ်ိန္တိုင္း အ႐ုပ္ေတြၾကား တိုးဝင္တတ္သည္ ။ အ႐ုပ္ေတြ အနားမွာ ႐ွိပါက
သူ႕ေၾကာက္စိတ္ေတြ အနည္းငယ္ သက္သာခဲ့သည္ ။ ထို႔ေၾကာင့္ပင္ ယခုအခ်ိန္ထိ သူ႕အိပ္ရာထဲတြင္ အ႐ုပ္တခ်ိဳ႕ ႐ွိေနဆဲ ျဖစ္သည္။
" ရၿပီ Jeon..အကုန္စုံ-"
Jiminသည္ စာ႐ြက္စာတမ္းေတြကို စိစစ္ၿပီး
သည့္ေနာက္ သိမ္းဆည္းၿပီး ျပန္ရန္Jeonကို
ေျပာဖို႔အလုပ္ ၊ Jeonကား အခန္းထဲက
ႀကိမ္ခုံေပၚတြင္ အ႐ုပ္ပိုက္လ်က္ အိပ္ေပ်ာ္ေနၿပီ ။
" တကယ့္ကို အအိပ္မက္တဲ့ ေကာင္ေလး "
Jiminသည္ ေခါင္းရမ္းရင္း Jeonကို
အိပ္ရာေပၚသို႔ တင္ေပးၿပီး ေစာင္ျခဳံကာ
ဆက္အိပ္ေစသည္ ။ သူကေတာ့ ဧည့္ခန္းဘက္ကို ထြက္လာခဲ့သည္ ။
ဧည့္ခန္းအလယ္က စားပြဲကို သူအာ႐ုံရၿပီး
အံဆြဲေတြကို လိုက္ဖြင့္ၾကည့္သည္ ။
" ဘာပုံေတြပါလိမ့္..."
" ဒါ ဟိုမိန္းမနဲ႔ အေမ မလား...သူတို႔ တအား
ရင္းႏွီးခဲ့က်သလိုပဲ..."
" မဂၤလာပြဲ...ယူအိမ္ေတာ္...ယူဟြာအင္း"
Jiminသည္ ေဟာင္းႏြမ္းေနေသာ စာ႐ြက္ေတြကို ဖတ္ၾကည့္ရင္း တိုးတိုးေလး
ေရ႐ြတ္လ်က္ ႐ွိသည္ ။
" ဒါဆို ဂြၽန္ဟြာအင္း အေဖနဲ႔ ငါ့အေမနဲ႔က
လက္ထပ္ခဲ့တယ္...အဲ့အခ်ိန္ကစ ဂြၽန္ဟြာအင္းက ငါ့အေမကို ရန္ၿငိဳးထားခဲ့တယ္ေပါ့.."
Jiminသည္ ကိစၥတို႔ကို ဆက္စပ္ရၿပီးေနာက္
ေခါင္းတၿငိမ့္ၿငိမ့္လုပ္ေနသည္ ။
" ဒါေလးကေရာ...ဘာပါလိမ့္..."
Ultrasound႐ိုက္ထားသည့္ ပုံေလးတစ္ပုံ
ျဖစ္သည္ ။ ပုံေနာက္ကို လွန္ၾကည့္ေတာ့
မင္ဂြၽန္း အေသးေလး တဲ့ ။
Jimin ႐ုတ္တရက္ ေသြးပူသြားသည္ ။
" ဒါ ဒါ အေမ့ပစၥည္းေတြမလား..ဒီပုံက
ဘာလဲ..."
သူ႕အေမက ဂြၽန္မင္ဂြၽန္းနဲ႔ ကေလးရခဲ့တာလား။ အဲ့ဒီကေလးက ဘယ္သူလဲ ။
Jimin၏ ေခါင္းထဲတြင္ ေမးခြန္းေတြ
ျပည့္ႏွက္လာသည္ ။
" မျဖစ္ႏိုင္တာ ! "
ျဖစ္ႏိုင္ေခ်႐ွိတဲ့ အေတြးတစ္ခုတည္းကိုပဲ
ထပ္ထပ္ခါခါ ေရာက္ေနတဲ့ အခါ Jimin
လန္႔လာသည္ ။
" အေမက ငါတစ္ေယာက္တည္းကိုပဲ
ေမြးခဲ့တာေလ.."
Jimin သည္ ဖုန္းအျမန္ထုတ္ၿပီး သူ႕အေမကို
ဆက္လိုက္သည္ ။
" အေမ.. ကြၽန္ေတာ္ ေမးစရာ႐ွိလို႔..."
" ေမးေလ.."
" ကြၽန္ေတာ္ အခု အိမ္ေဟာင္းေလးမွာ..."
" ဘာျဖစ္လဲ သား..."
" ဧည့္ခန္းထဲက စားပြဲရဲ႕ အံဆြဲထဲကေန
Ultrasoundပုံတစ္ပုံေတြ႕တယ္..အေနာက္မွာ
မင္ဂြၽန္း အေသးေလးလို႔ ေရးထားတယ္ "
" အယ္..အဲ့ပုံေလး႐ွိေသးတာလား..ဘာမွ
မလုပ္နဲ႔အုန္းေနာ္..အေမလာခဲ့မယ္.."
" အေမ ခဏေလး..ကြၽန္ေတာ္ ေျပာလို႔---"
သူ႕အေမကား စကားပင္မဆုံးလိုက္
ဖုန္းခ်သြားသည္ ။
မိနစ္ႏွစ္ဆယ္ေလာက္အၾကာ သူ႕အေမ
ေရာက္လာသည္ ။
" သား...ဟိုပုံေလး ဘယ္မလဲ..."
" ဒီမွာ..."
သူ႕အေမသည္ ultrasoundပုံေလးကို
ၾကည့္ၿပီး မ်က္ရည္ေတြ ဝဲလာသည္ ။
" အဲ့ဒါ ဘယ္သူလဲ အေမ..."
" ဒါ..ေမေမ့ရဲ႕ ပထမဆုံးကေလးေလး...
သားရဲ႕ အစ္ကိုလို႔ပဲ ေျပာရမလား မသိဘူး.."
ထိုစကားၾကားမွ Jiminအနည္းငယ္
စိတ္သက္သာရာ ရသြားသည္ ။
" ဘာျဖစ္ခဲ့တာလဲ.."
" အဲ့ည...အဲ့ညက အိမ္ျပန္ေရာက္ရင္
မင္ဂြၽန္းကိုဒီပုံေလး ျပၿပီး အေမ့ဗိုက္ထဲမွာ
သူ႕ကိုယ္ပြားေလးေရာက္ေနတာ ေျပာျပမလို႔..
ကံမေကာင္းခ်င္ေတာ့ အဲ့ညက အေမက
မင္းအေဖနဲ႔ မွားခဲ့မိတဲ့ည ျဖစ္ေနတယ္...."
" ေနာက္ရက္က် ညက အေမတို႔ပုံေတြ
ပ်ံ႕ကုန္လို႔ မတတ္သာပဲ မင္းအေဖနဲ႔ အေမ
လက္ထပ္ခဲ့ရတယ္...ဒါေၾကာင့္ မင္ဂြၽန္းကို
လည္း ဒီကိစၥမေျပာျဖစ္ခဲ့ေတာ့ဘူး..သူလည္း
ဟြာအင္းနဲ႔ လက္ထပ္လိုက္ရတာေၾကာင့္.."
" ဒါေပမဲ့ ဒီကေလးေလးကိုေတာ့ အေမရေအာင္ ေမြးဖို႔ ဆုံးျဖတ္ထားၿပီးသားပါ..
ဒါေပမဲ့ ဟြာအင္းက ဒီကိစၥကိုသိသြားခဲ့တယ္"
" အေမ့ကို ေဆး႐ုံတစ္ခုမွာ ဖ်က္ခ်ခိုင္းခဲ့တယ္...."
" အေမ ျငင္းခဲ့တယ္မလား...."
" ျငင္းခဲ့ပါတယ္ ဒါေပမဲ့--"
" ေဆးခတ္ထားတဲ့ ေဖ်ာ္ရည္ကို တိုက္ၿပီး
ေဆး႐ုံကို ဘယ္သူမွ မသိေအာင္ ေခၚသြားတယ္...ၿပီးေတာ့ သူပိုက္ဆံေပးထားတဲ့
ဆရာဝန္က ကေလးကို ဖ်က္ခ်လိုက္တယ္..
ေနာက္ ေမ့ေဆးျပယ္ၿပီး ႏိုးလာေတာ့ အမ်ားပိုင္ ေဆး႐ုံတစ္ခုကို ေရာက္ေနတယ္..ဘယ္သူ ပို႔လို႔ပို႔သြားမွန္း မသိခဲ့ဘူး...သတိထားမိလိုက္တဲ့အခါမွာ ဗိုက္ထဲမွာ ကေလးမ႐ွိေတာ့ဘူး...အဲ့ဒါကို အမႈဖြင့္ေတာ့လည္း ဘယ္သူကမွ မေဆာင္႐ြက္ေပးခဲ့ၾကဘူး...အခုထိ အဲ့ျပစ္မႈက ဖုံးကြယ္ခံထားရဆဲပဲ..."
" Jeon !! "
Jiminသည္ တရစပ္ေျပာခ်လာတဲ့ စကားကို
နားေထာင္ၿပီး လန္႔သြားသည္ ။
" ဘယ္တုန္းကတည္းက ႏိုးေနတာလဲ "
" ေမာင့္အေမ စကား စေျပာကတည္းက.."
" Jeonက ဒီကိစၥကို သိေနတာလား..."
" ဟိုတေလာကမွ သိတာပါ..မပူပါနဲ႔
အဲ့အတြက္သက္ေသေတြ က်ဳပ္မွာ႐ွိၿပီးသား "
" ဘာလို႔ ေမာင့္ကို မေျပာခဲ့တာလဲ !! "
" ေမာင့္ကို စိတ္မညစ္ေစခ်င္လို႔ေလ "
" မဟုတ္ဘူးေလကြာ..ဒါကေတာ့ ေမာင့္ကို-"
Jiminသည္ စကားလုံးေတြပင္ ေပ်ာက္ကာ
မ်က္ႏွာကို လက္နဲ႔အုပ္ထားသည္ ။
" အန္တီ စိတ္မပူပါနဲ႔..ကြၽန္ေတာ္က ေသခ်ာေပါက္ ဂြၽန္ဟြာအင္းကို ဒီအျပစ္အတြက္ပါ ေပးဆပ္ခိုင္းမွာပါ...."
JungKookက ယူ႕ဆိုရာ လက္ကို ဆုပ္ကိုင္ၿပီး
ေလးေလးနက္နက္ေျပာသည္ ။
" ေမာင္..."
ေမာင့္အေမျပန္သြားသည့္အခါ Jeonကား
ဆိုဖာမွာ ေတာင့္ေတာင့္ႀကီးထိုင္ေနတဲ့
ေမာင့္ကို ေခ်ာ့ရေတာ့သည္ ။
" ေမာင္လို႔...."
" ေမာင္ကလည္း စိတ္မေကာက္ပါနဲ႔ကြာ..."
" ေမာင္ စိတ္ပင္ပန္းမွာစိုးလို႔ က်ဳပ္က မေျပာခဲ့တာေလ...အခုသိရေတာ့ ေခါင္းကိုက္ၿပီမလား...ဒီလိုျဖစ္မွာစိုးလို႔ မေျပာတာပါဆို..."
Jeonကား မေခ်ာ့တတ္ေခ်ာ့တတ္ျဖင့္
ႀကိဳးစားေခ်ာ့ေနပါေသာ္လည္း ေမာင္က
ေ႐ွ႕တည့္တည့္ကိုသာ မ်က္ႏွာမူဆဲ ။
" ေမာင္ တကယ္ က်ဳပ္ကို စကား ျပန္မေျပာဘူးလား..."
" ဟြန္း...ရတယ္ ရတယ္..အဲ့မွာပဲ ထိုင္ၿပီး
စိတ္ေကာက္ေနလိုက္...ဘဲႏႈတ္သီးနဲ႔လူ !"
" မင္း ေမာင့္---ငါ့ကို ဘယ္လိုေခၚလိုက္တာ "
" မၾကားလိုက္ဘူးလား..ထပ္ေျပာရမွာလား..
ေသခ်ာနားေထာင္ ဘဲ ႏႈတ္ သီး နဲ႔ လူ...! "
" ယုန္အစုတ္ပလုတ္ေလးကမ်ား..."
" Yaaa....က်ဳပ္က ယုန္မဟုတ္ဘူးေနာ္..."
" ယုန္ ပါ..မွန္ေသခ်ာျပန္ၾကည့္လိုက္အုန္း "
" ယုန္မဟုတ္ဘူးဆို ! "
" ဟုတ္ပါတယ္ဆို ! "
" မဟုတ္ပါဘူးလို႔ ေျပာေနတယ္ေလ..
ဘဲႏႈတ္သီးရဲ႕...! "
" ဘာ..လာစမ္း လာစမ္း..ယုန္ေလးကေတာ့
ေမာင့္ လက္စာ မိခ်င္ေနၿပီ ထင္တယ္..."
ေမာင္ ထိုင္ေနရာကထၿပီး Jeonဆီလာတဲ့အခါ Jeonသည္ တခစ္ခစ္ရယ္ၿပီး အိပ္ခန္းထဲ တန္းေနေအာင္ ေျပးသည္ ။
" ဘယ္ေျပးမွာလဲ..ယုန္ေပါက္ေလး..ဟမ္ "
ေမာင္ပါ အိပ္ခန္းထဲလိုက္ဝင္သြားၿပီးေနာက္
အိပ္ခန္းထဲမွ သေဘာတက် ရယ္သံမ်ား
လြင့္ပ်ံ႕လာေတာ့သည္ ။
×
ေနာက္တစ္ပိုင္း ဇာတ္သိမ္း ျဖစ္ဖို႔ မ်ားပါတယ္ ခ်ိတူတို႔ ။
ဒါေလးက ၿပီးေတာ့မွာဆိုေတာ့ အသစ္ေလးတစ္ပုဒ္ တင္ထားပါတယ္ ။
Escape from the Oblivionပါ ။
OTPကေတာ့ သိတဲ့အတိုင္း Koominပါ
(Dom Jimin /SubKoo )
အသစ္ေလးကိုလည္း ေမာင္တို႔လိုပဲ
အားေပးၾကပါအုန္း ။
Bạn đang đọc truyện trên: AzTruyen.Top