15

မောင် သတိပြန်ရလာတာ ၃ပတ်ရှိပြီ ဖြစ်သော်လည်း လှုပ်ရှားတာနှင့် စကားပြောတာကို မလုပ်နိုင်သေးပါ ။ နှစ်နှစ်ကျော်လောက် အကြောသေခဲ့ရသည့်ဒဏ်ကြောင့် ဖြစ်သည် ။ အစာလည်း စားလို့မရသေးသည်မို့ အားဆေးသာ သွင်းထားရသည်။

မောင်က နံရံပေါ်က တီဗီမှာ လာနေတဲ့
သတင်းကို ငေးကြည့်နေသည် ။ သတင်းက
ချွဲဟာယွန်းနဲ့ သူမအဖေတို့ အဖမ်းခံရသည့်
သတင်း ။

" မောင် တွေ့လား...သူမ အပြစ်အတွက်
သူမ ပေးဆပ်နေရပြီ...ဒါက အစပဲ ရှိသေးတယ် "

မောင်သည် တုန့်ပြန်မှု မရှိပေမဲ့ မျက်တောင်လေးတွေတော့ ပုတ်ခတ်ပုတ်ခတ်လုပ်သည်။

" သူမက အရှက်ကို ဘုရားလို ကိုးကွယ်ပြနေ
တဲ့မိန်းမ မလို့ အခုလို လူပုံလယ် အရှက်ခွဲခံ
ရတာက သူမအတွက် အနာဆုံး ဖြစ်မှာပေါ့..
မဟုတ်ဘူးလား မောင်..."

" ကျေနပ်တယ်မလား...."
မောင့် မျက်ဝန်းတွေမှာတော့ ကျေနပ်သည့်
အရိပ်အယောင်လေးတွေ ဖြတ်ပြေးနေသည်။
ထိုအခါ Jeonသည် အပြုံးသေးသေးလေး
တစ်ခု နှုတ်ခမ်းထက် ချိတ်ဆွဲလိုက်တော့သည် ။

" မူးယစ်ဆေးဝါးလုပ်ငန်းနှင့် မပတ်သက်သော ချွဲလုပ်ငန်းများကို Mr Jeon JungKookအား နိုင်ငံတော်က ဆုငွေအဖြစ်
ချီးမြှင့်လိုက်သည် "

" ဘာ !!! အဲ့လို မရဘူးလေ...ရှင်တို့ ယုတ်မာ
လှချည်လား...ဒီလုပ်ငန်းတွေ ရဖို့ ကျွန်မတို့
ဘယ်လောက် ရုန်းခဲ့ရလဲ..."

" ချွဲဟာယွန်း....နေရာမှာ ပြန်ထိုင်ပါ ! "

JungKookဟာ သရုပ်ပျက်နေသော
ချွဲဟာယွန်းကို ကြည့်ရင်း တိတ်တိတ်လေး
ပြုံးလိုက်သည် ။

" မူးယစ်ဆေးအား လက်လီလက်ကား
ရောင်းဝယ်ဖောက်ကားမှု ၊ နိုင်ငံတော်
အကျိုးယုတ်စေရေး မူးယစ်ဆေးဝါး
ဖြန့်ဖြူးမှု တင်သာမက အဂတိလိုက်စားမှု၊
လာဘ်စားမှု တို့ကို ချွဲဟာယွန်းနှင့် ချွဲအီဂိုတို့မှ
ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထားနှင့် တကွ ရရှိထားပါသည်"

" ဤပြစ်မှုများအတွက် ချွဲအီဂိုအား
အသက်သေဆုံးသည်အထိ ထောင်ဒဏ်
ချမှတ်လိုက်သည် "

" ချွဲဟာယွန်းသည် အထက်ပါပြစ်မှုများအပြင် လွန်ခဲ့သော နှစ်နှစ်ခန့်က **ရက်**လတွင် ဖြစ်ပွားခဲ့သော Mr Park Jiminအားကိုယ်ထိလက်ရောက် လုပ်ကြံမှုကို တစ်ပါးသူအား ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် ခိုင်းစေခဲ့ခြင်း ၊ Mr Jeon JungKookအား နာမည်ပျက်စေရန်အလို့ငှာ မတရားသောနည်းဖြင့် ကြံဆောင်ခဲ့ခြင်း ၊ Mr Park Jiminအား သေဆုံးစေရန်ထိ ရိုက်နှက်စေမှုအား ခိုင်းစေခြင်း...ဤပြစ်မှုများကို ချွဲဟာယွန်းမှကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သက်သေအခိုင်အမာရရှိထားကာ ပြစ်မှုထင်ရှားပါသည်..."

" ထို့ကြောင့် ဤပြစ်မှုအားလုံးအတွက်
ချွဲဟာယွန်းအား ထောင်ဒဏ်...."

" တစ်သက်တကျွန်း ချမှတ်လိုက်သည် "

" မဟုတ်ဘူးးး !!! "
ချွဲဟာယွန်းသည် တရားရုံးထဲတွင်
ရူးသွပ်မတတ် အော်ဟစ်သည် ။

" ငါ့ကို လွှတ်! လွှတ်စမ်း..!!! ငါ ထောင်ထဲ
မသွားဘူး !! မသွားဘူးလို့ ပြောနေတယ်လေ!!! "
ချွဲဟာယွန်းဟာ ရဲမေတွေကြား ရုန်းကန်ရင်း
တရွတ်တိုက် ။

" ချွဲဟာယွန်း....."

" ထောင် ထမင်းကို သေချာစားခဲ့နော်...
စားခဲ့နော်လို့ မပြောရဘူးထင်တယ်..
ဘာလို့ဆို မင်းက ဘယ်တော့မှ အပြင်လောက ကို ထပ်မတွေ့ရတော့ဘူးလေ..."

" Jeon JungKook ငါနင့်ကို သတ်ပစ်မယ် "

" Ah ! "

" Mr Jeon !! "

ချွဲဟာယွန်းသည် စိတ်လွတ်နေသူပမာ
ရဲမေလက်ထဲကနေ ရုန်းထွက်ကာ JungKook၏မျက်နှာကို ဆွဲကုတ်ချပစ်သည်။

JungKookမျက်နှာတွင် လက်သည်းရာ
အစင်းလိုက် ထင်ပြီး သွေးစို့လာသည် ။
" သူ့ကို မြန်မြန် ခေါ်သွားကြလေ...MrJeon
အဆင်ပြေရဲ့လား..."

" ရတယ်.."

JungKookသည် မောင်ရှိသည့်အိမ်ကိုသာ
ပြန်ခဲ့သည် ။ မောင့်အခန်းထဲဝင်တော့
မောင့်အမေက မောင်နဲ့ စကားပြောနေသည်။

" အန်တီ..."

" သား JungKook...သူလေ..သူလေ...
လက်လေးတွေ လှုပ်လာနိုင်ပြီ..."

" ဟုတ်လား...တိုးတက်လာတာပဲ.."

" ဟုတ်ပါ့....သားငယ်က သန်မာတယ်လေ..
ဆရာဝန်ကတော့ ပြောတယ်...ဒီလိုသာ
ဆက်တိုးတက်နေမယ်ဆို..နောက် နှစ်လ
လောက်နေရင် Stableဖြစ်မယ်လို့ ပြောမယ် "

" သိပ်ကောင်းတဲ့ သတင်းပါပဲ....
အန်တီ နားချင် နားလေ..ကျွန်တော် မောင့်ကို
ဆက်စောင့်ပေးမယ်.."

မောင့်အမေထွက်သွားတာနဲ့ Jeonသည်
အပေါ်ကုတ်ကို ချွတ်ပြီး မောင့်နား
ဝင်ထိုင်လိုက်သည် ။

" မောင်...."
နီကျင့်ကျင့် မျက်စံတွေက သူ့ဘက်
ရွေ့လာသည် ။ သူ့မျက်နှာကိုကြည့်ပြီး
မောင့် မျက်အိမ်တွေ အနည်းငယ် ကျယ်သွား
သည် ။

" မောင် တစ်ခုခု ပြောချင်နေတာလား "
မောင်က သူ့မျက်နှာကိုသာ စိုက်ကြည့်နေသည်။

" ဒီဒဏ်ရာကြောင့်လား...ဟက်..ချွဲဟာယွန်း
လုပ်လိုက်တာ..."
မောင့် မျက်ဝန်းတွေထဲတွင် စိတ်ပျက်မှုတချို့
လွှမ်းခြုံသွားသည် ။

" မောင်သိလား...ဒီနေ့ တရားရုံးမှာ ချွဲဟာယွန်းက အရူးမတစ်ယောက်လိုပဲ..."

" အရာအားလုံးကို တပြိုင်နက် ဆုံးရှုံးရသွားတဲ့အခါ..စိတ်လွတ်သွားသလိုပေါ့..."

Jeonသည် မောင့်ကို လက်ထောက်ကာ
ငေးမိသည် ။ မောင့် လက်ဖဝါးတစ်ဖက်ကို
ကိုင်လိုက်ပြီး သူ့ပါးပြင်ပေါ်တင်ထား
ပေးလိုက်သည် ။ လှုပ်လိလှုပ်ရွ အထိအတွေ့လေး....မောင့် လက်ချောင်းလေးတွေကနေ ။
သူ့ပါးပြင်ကို တို့ထိတို့ထိ လုပ်နေတာ ။

" မြန်မြန်နေကောင်းအောင် နေရမယ်နော် "

" နေကောင်းမှ ကျုပ်ကို ထိချင်သလောက်ထိ"
မောင့်မျက်ဝန်းတွေသည် တမျိုးတမြည်
ပြောင်းသွားသည် ။ Jeonသည် ထိုမျက်ဝန်း
တွေ၏ အဓိပ္ပါယ်ကို ဖတ်မိကာ မျက်နှာသည် တစ်ချက်ရဲခနဲ ။

" အတွေးတွေ မလွန်ပါနဲ့..မျက်နှာကို
ထိတာကို ပြောတာပါ "
မောင့်၏ နှုတ်ခမ်းထောင့်စွန်းလေးသည်
မဆိုသလောက်လေး ကော့တတ်သွားသည် ။

×
" Park Jimin ပြန်သတိရလာပြီ....
စိတ်ပျက်စရာပဲ..."
ဂျွန်ဟွာအင်းသည် နားထင်ကို ဖိနှိပ်ရင်း
​ရေရွတ်လိုက်သည် ။

အခုတလောတွင်လည်း သူမလုပ်ငန်းများက
အရှုံးပေါ်မလိုတောင် ဖြစ်နေသည် ။ သူမနဲ့
ပူးပေါင်းထားတဲ့ ချွဲလုပ်ငန်းတချို့က
Jeon Jung Kookလက်ထဲရောက်သွားသည်မို့ Jeon Jung Kookကလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း သူမနဲ့ ပူးပေါင်းထားမှုကို
ရုတ်သိမ်းပစ်သည် ။ ဒါကြောင့် သူမ
လုပ်ငန်းများသည် အောက်ကို ထိုးချနေသည်။

" ဘယ်လိုလုပ်မှ နင်တို့နှစ်ယောက်လုံး
ပျောက်ကွယ်သွားကြမှာလဲ...စိတ်ကုန်လိုက်
တာ...."

ယခုဆို Park Jiminကပါ သတိပြန်ရလာပြီ
ဆိုတော့ သူမကို အပြတ်ချေမှုန်းချင်သူ
တစ်ယောက်တိုးလာပြီဖြစ်သည် ။
" တော်သေးတာပေါ့..ငါသက်သေတွေ
အရင်ရှင်းထားလိုက်လို့..."

သူမသည် JungKookထောင်ထဲဝင်သည့်
အချိန်တွင် Park Jiminတိုက်ခန်းကို
ဝင်မွှေကာ သူမကို တရားစွဲမည့်သက်သေတွေ အားလုံးကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမ ယခုအခြေအနေတွင် အနည်းငယ်စိတ်အေးနိုင်ခြင်းဖြစ်သည်။

"  ဟယ်လို...နေရာသိရပြီလား..."
သူမသည် မိစ္စာသဖွယ် ပြုံးလိုက်သည် ။

" မောင်...ကျုပ် ခဏနေပြန်လာမယ်နော်...
အခုက ဒါလေးက တကယ့် အရေးပေါ်မို့ပါ.."

မောင့်အမေသည် အရေးပေါ်ကိစ္စကြောင့်
အိမ်မှာ မရှိ ။ သူစောင့်ပေးနေသည့်အချိန်တွင် ကုမ္ပဏီမှ မဖြစ်မနေ လုပ်ရမည့် ကိစ္စ
တစ်ခုက ပေါ်လာသည် ။ မည်သို့မျှလည်း
ရွေ့ဆိုင်းလိုက်၍ မရ ။ ထို့ကြောင့်JungKook အလျင်အမြန်သွားရန် ပြင်ဆင်လိုက်သည် ။

JungKookကားထွက်သွားပြီသည်နှင့်
အိမ်အနားကို လူတစ်ယောက် တိတ်တဆိတ်
ချဥ်းကပ်လာပြီး အိမ်ထဲကို ဝင်သွားသည် ။
Jiminမွန်းကြပ်မှာစိုး၍ အစောင့်အကြပ်တွေ
မထားထားခြင်းသည် ထိုလူ့အတွက် အိမ်ထဲသို့ ပိုမို လွယ်ကူစေခဲ့သည် ။အိမ်ထဲတွင်လည်း Jiminနှင့် သူနာပြုလေးနှစ်ယောက်သာ ရှိသည် ။ ယခုအချိန်တွင် ထိုသူနာပြု
နှစ်ယောက်သည် မေ့လဲနေပြီဖြစ်သည် ။

ခြေသံဖွဖွကို သူကြားသည် ။ မျက်လုံးဖွင့်
ကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံနဲ့
သူ မသိသည့် လူတစ်ယောက် ။ အသင့်ပါ
လာသည့် ဆေးထိုးအပ်ကို ထုတ်ရင်း
သူ့ဆေးပိုက်ထဲကို ထိုးရန်ပြင်သည် ။

သို့သော် Jiminသည် ရှိရှိသမျှအားကို
လက်ကောက်ဝတ်ထဲထည့်လိုက်ပြီး
ဆေးထိုးအပ်ကိုင်ထားသည့် ထိုလူ့လက်ကို
ပုတ်ချလိုက်သည် ။ ဆေးထိုးအပ်သည်
အောက်ကို ကျသွားသည် ။ Jiminသည်
အားအကုန် ကုန်ခမ်းသွားသလို ပင်ပန်း
သွားသည် ။

" ကျစ်..."

' မင်းမှာ အချိန် ၈မိနစ်ပဲရမယ်..Jeon
JungKookက ကုမ္ပဏီသွားတာ မဟုတ်ဘူး
ဒီနားက Cafeကိုသွားပြီး သူ့အတွင်းရေးမှူးကို
စာရင်းသွားပေးတာ ´

ထိုလူသည် ပြုတ်ကျသွားသည့် ဆေးထိုးအပ်ကို ကောက်ယူရန် တစ်ဖက်ကိုလာသည် ။
ထိုအချိန် Jiminသည် လက်ကောက်ဝတ်နားက အရေးပေါ်ခလုတ်ကို နှိပ်ရန်ပြင်နေသည် ။

" ဟာ ဒီကောင်...! "
ထိုလူသည် အလျှင်လိုနေသည်မို့ ဆေးထိုးအပ်ကို မကောက်တော့ဘဲ အနီးနားက ဆိုဖာပေါ်မှာရှိတဲ့ ခေါင်းအုံးဖြင့် Jiminကိုဖိချလိုက်သည် ။

Jiminသည် ရုန်းကန်နေသော်လည်း
အရာမရောက် ။ တအင့်အင့် အော်သံတွေကလွဲ၍ အခြားအသံ မပြုနိုင်ခဲ့ ။ Jimin၏
ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ခါနေကာ
လက်သီးကို တင်းတင်းဆုပ်လာသည် ။

လည်ပင်းကြောတွေ ထောင်လာပြီး
လက်ဖျံတလျှောက်လည်း စိမ်းပြာရောင်
သွေးကြောတွေ တင်းထောင်လာသည် ။
လက်နှစ်ဖက်သည် တဖြည်းဖြည်း
လှုပ်ရှားလာသည် ။

" မောင် !!! "
Jeonသည် အခန်းထဲကို ရောက်ရောက်ချင်း
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သွေးပင်
ပြောင်းပြန်စီးချင်သွားသည် ။

" ဒီခွေး....!! "
JungKook ထိုအနက်ရောင်လူအား
ပစ်ကန်လိုက်သည် ။ လဲကျသွားသည့်
ထိုလူ့ပေါ်က်ု တက်ခွရင်း အချက်ပေါင်းများစွာ ထိုးနေမိသည် ။

JungKook အိမ်ပြန်ရောက်သည့်အချိန်တွင်
ခြံတံခါးက ပွင့်နေသည်ကို တွေ့သည်မို့
မသင်္ကာစွာ အမြန်ဝင်လာခဲ့ရာ ဤမြင်ကွင်းကို မြင်ရခြင်းဖြစ်သည် ။ ယခု အချိန်တွင်
JungKookသည် လူသတ်ချင်စိတ်များ
ပြည့်နှက်နေသည် ။

" မင်းကို အသေသတ်ပစ်မယ် !!!...မင်းက
ဘာကောင်မို့ မောင့်ကို ထိရဲတာလဲ...!! "

" တောင်း-တောင်းပန်ပါတယ်...ကျွန်တော်
လည်း ရွေးစရာမရှိတော့လို့ပါ "

" ဘယ်သူခိုင်းတာလဲ...! "

"....."

" ပြောလို့ !!!! "

" ကျွန်တော် ပြောလို့မရဘူး...ပြောရင်
ကျွန်တော့်သမီးလေးကို သတ်လိမ့်မယ်..."

" မင်းရဲ့ သမီးကို ဘာမှမဖြစ်အောင် ငါလုပ်ပေးမှာမို့..မင်းက ငါမေးတာကို အေးအေးဆေးဆေး ဖြေလိုက်"

မျက်နှာတစ်ခုလုံး သွေးရွဲနေသော ထိုလူ
သည် အတန်ငယ် စဥ်းစားပြီးမှ ခေါင်းညိမ့်သည် ။

" ငါမေးမယ်..ဂျွန်ဟွာအင်း ခိုင်းတာလား.."

" ဟုတ်-ဟုတ်ပါတယ်..."

" ဟားးး....ဒီမိန်းမ...! "
Jeonသည် လေပူတွေကို ခပ်ပြင်းပြင်း
မှုတ်ထုတ်သည် ။

" Je-on "
ရုတ်တရက် JungKookစိတ်ထဲ အချက်
ပေးသံတွေ မြည်သွားသည် ။ထို့ကြောင့်
အနောက်ကို အမြန်လှည့်ကြည့်လိုက်သည် ။

"  မောင် ? မောင် အခု ကျုပ်ကို ခေါ်လိုက်တာလား "

" Je on "
တိုးညှင်းညှင်းခေါ်သံက မောင့်ဆီက ။
နီကျင့်ကျင့် မျက်ဝန်းတွေနဲ့ သူ့ကို ငေးနေသည် ။

Jeon မောင့်အနား အမြန်သွားမိသည် ။
နောက်တော့ မောင့်ကို အနည်းငယ် ထူပြီး
ထိုင်ခိုင်းလိုက်သည် ။မောင်သည် မျက်ရည်
တွေ ဝဲနေသည် ။ မောင့် လက်တစ်ဖက်​
မြောက်တက်လာပြီး Jeonမျက်နှာကို
ဖွဖွလေး လာထိသည် ။

" မောင် စကား​ ပြန်ပြောလာနိုင်တာလား "

" အင်း......မင်း ကို မောင် ​လွမ်း နေခဲ့တာ..
တလျှောက်လုံး..."

" သိတယ်..မောင် အိပ်နေတဲ့ တလျှောက်လုံး
ကျုပ်ကို လွမ်းနေတာ သိတယ်....မောနေမယ်
စကားတွေ အများကြီး မပြောနဲ့အုန်းနော်...."

" မောင်... Jeon ကို ချစ် တယ်  "
Jeonသည် စကားထပ်ပြောရန်
ပြင်သော်လည်း မောင့်၏ စကားကြောင့်
အသံတို့ တိတ်ကျသွားသည် ။ Jeonဘေးနားက အချိန်တွေ ရုတ်တရက် ရပ်သွားသလိုမျိုး
မောင့်ရဲ့ စကားလေးတစ်ခွန်းက Jeonအပေါ်လွှမ်းမိုးခဲ့သည် ။

နောက်ဆုံးတော့ မောင် ပြောခဲ့ပြီ ။ Jeon
မောင့်ဆီက အတောင့်တဆုံး စကားလေး...
" ချစ်တယ် " တဲ့ ။ မောင် ပြန်ပြီးသတိရလာတုန်းက အပျော်ဆုံးဆို အခုက ထိုထက်ပင်
ပိုသည် ။

Jeonသည် မောင့်ကို တင်းတင်းကြပ်ကြပ်
ဖက်လိုက်မိသည် ။ မောင့် ခန္ဓာကိုယ်က
အရင်ကထက် ပိန်ကျနေတာကြောင့်လည်း
စိတ်မကောင်း ။

" ကျုပ် ဒီအချိန်ကို ဘယ်လောက် စောင့်ခဲ့ရလဲ..ကျေးဇူးတင်ပါတယ်..."

" မောင့် ကို စောင့်နေ ပေးတာကို ပိုကျေးဇူး
တင်ပါတယ်..."

×
တစ်လခန့်ကြာပြီးနောက် ။

" မင်းနဲ့ မင်း သမီးက ဒီမှာ နေရမယ်...
ငါ့အရိပ်အောက်မှာမို့ လုံခြုံတယ်..."

" ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘာပြန်
လုပ်ပေးရမလဲ.."

" သက်သေထွက်ဆိုပေးရုံပဲ..."

" ဟုတ်ကဲ့ပါ "

JungKook , ထိုလူကိစ္စ စီစဥ်ပေးပြီး
ပြန်လာတဲ့ ကားပေါ်မှာ ဖုန်းတစ်ကောလ်
ဝင်လာသည် ။

" ဟယ်လို..Jeon JungKookပြောနေပါတယ်"

" ....."

" ဘာရယ် !? တကယ်လား..."

" ....."

" ဟက်....စိတ်မကောင်းပါဘူး..."

" ....."

" စျာပနကို ကောင်းကောင်းလေး စီစဥ်ပေးလိုက်ပါ "

JungKook ကားမှန်ကနေ အပြင်ကို
ငေးကြည့်ရင်း မဲ့ပြုံးလေး တချက်ပြုံးလိုက်သည် ။

" ချွဲဟာယွန်း သေပြီ....."

သတ်သေသွားသည်တဲ့ သူမက ။ နောက်ဆုံး
အချိန်က သိပ်တော့ အဆင်မပြေ ။ မူးယစ်ဆေး အများအပြား သုံးစွဲခဲ့မှု​ကြောင့်
စိတ်ဖောက်ပြန်ကာ သူမသည် ရေချိုးခန်းထဲတွင် သူမ၏ အင်္ကျီတွေကို ဖြဲစုတ်ပြီး
ကြိုးအဖြစ် အသုံးပြုကာ ဝတ်လစ်စလစ်နှင့်ပင် ကြိုးဆွဲချခဲ့သည် ။ သူမအဖေလည်း
ထိုသတင်းကြောင့် ရှော့ရကာ တစ်ခါတည်း
ပွဲချင်းပြီးသွားသည်။

မကောင်းတဲ့ လူရဲ့ အဆုံးသတ်က ဒါမျိုးပါပဲ။
မကြာခင်လည်း နောက်ထပ်တစ်ယောက်
အဆုံးသတ်တော့မည် ။

" သက်သေတွေ ဖျက်ဆီးလိုက်ရုံနဲ့ လွတ်ပြီ
ထင်နေတယ်ပေါ့..."

" ဟယ်လို SeokJin...."

" ....."

" သေချာပေါက် ယူမှာပေါ့...အိမ်ကိုပဲလာခဲ့
လိပ်စာပေးမယ်.."

" .... "

" Kim Taehyungကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါအုန်း..အခုလို ကူညီပေးတာ "

" ကျေးဇူးတင်ရင် အဲ့မိန်းမကို ထောင်ထဲသာ
ရအောင်ထည့်ပေးတဲ့ JungKookရေ..."

" သေချာပေါက် အဲ့မိန်းမ ထောင်ထဲ ဝင်ရမှာပါ..သူ့အပြစ်တွေအတွက် ပေးဆပ်ရဖို့ အာမခံပါတယ်..."

သက်သေတွေလည်း စုံလုနီးနီးဖြစ်နေပြီ ။
ကျန်တော့တာက မောင့်ရဲ့သက်သေတွေပဲ
ဖြစ်သည် ။ မောင့် သက်သေတွေ ဖျက်ဆီး
ခံခဲ့ရသည် ။ အမှန်တကယ်တော့ ဂျွန်ဟွာအင်း ဖျက်ဆီးခဲ့တာ ပုံတူပွားထားသည့်
သက်သေများသာ ဖြစ်သည် ။ ဒါဆို
သက်သေ အစစ်တွေက အဘယ်မှာနည်း ။
ထို့အတွက်လည်း သက်သေများရှိရာကို
လမ်းပြပေးမည့် မောင်တစ်ယောက်လုံး
သူ့မှာ ရှိပါသည် ။

" ခင်ဗျားတော့ ဇာတ်သိမ်းပြီ ဂျွန်ဟွာအင်း "

×
ကြာသွားတဲ့ အတွက် အားနာရပါတယ် ။
ဒါလေးက ပြီးတော့မယ်နော် ၊ ဇာတ်လမ်းကို
အမြန်ပဲသွားနေတာမို့ ။

AlexandrineKim(2432023)

Zawgyi

ေမာင္ သတိျပန္ရလာတာ ၃ပတ္႐ွိၿပီ ျဖစ္ေသာ္လည္း လႈပ္႐ွားတာႏွင့္ စကားေျပာတာကို မလုပ္ႏိုင္ေသးပါ ။ ႏွစ္ႏွစ္ေက်ာ္ေလာက္ အေၾကာေသခဲ့ရသည့္ဒဏ္ေၾကာင့္ ျဖစ္သည္ ။ အစာလည္း စားလို႔မရေသးသည္မို႔ အားေဆးသာ သြင္းထားရသည္။

ေမာင္က နံရံေပၚက တီဗီမွာ လာေနတဲ့
သတင္းကို ေငးၾကည့္ေနသည္ ။ သတင္းက
ခြၽဲဟာယြန္းနဲ႔ သူမအေဖတို႔ အဖမ္းခံရသည့္
သတင္း ။

" ေမာင္ ေတြ႕လား...သူမ အျပစ္အတြက္
သူမ ေပးဆပ္ေနရၿပီ...ဒါက အစပဲ ႐ွိေသးတယ္ "

ေမာင္သည္ တုန္႔ျပန္မႈ မ႐ွိေပမဲ့ မ်က္ေတာင္ေလးေတြေတာ့ ပုတ္ခတ္ပုတ္ခတ္လုပ္သည္။

" သူမက အ႐ွက္ကို ဘုရားလို ကိုးကြယ္ျပေန
တဲ့မိန္းမ မလို႔ အခုလို လူပုံလယ္ အ႐ွက္ခြဲခံ
ရတာက သူမအတြက္ အနာဆုံး ျဖစ္မွာေပါ့..
မဟုတ္ဘူးလား ေမာင္..."

" ေက်နပ္တယ္မလား...."
ေမာင့္ မ်က္ဝန္းေတြမွာေတာ့ ေက်နပ္သည့္
အရိပ္အေယာင္ေလးေတြ ျဖတ္ေျပးေနသည္။
ထိုအခါ Jeonသည္ အျပဳံးေသးေသးေလး
တစ္ခု ႏႈတ္ခမ္းထက္ ခ်ိတ္ဆြဲလိုက္ေတာ့သည္ ။

" မူးယစ္ေဆးဝါးလုပ္ငန္းႏွင့္ မပတ္သက္ေသာ ခြၽဲလုပ္ငန္းမ်ားကို Mr Jeon JungKookအား ႏိုင္ငံေတာ္က ဆုေငြအျဖစ္
ခ်ီးျမႇင့္လိုက္သည္ "

" ဘာ !!! အဲ့လို မရဘူးေလ...႐ွင္တို႔ ယုတ္မာ
လွခ်ည္လား...ဒီလုပ္ငန္းေတြ ရဖို႔ ကြၽန္မတို႔
ဘယ္ေလာက္ ႐ုန္းခဲ့ရလဲ..."

" ခြၽဲဟာယြန္း....ေနရာမွာ ျပန္ထိုင္ပါ ! "

JungKookဟာ သ႐ုပ္ပ်က္ေနေသာ
ခြၽဲဟာယြန္းကို ၾကည့္ရင္း တိတ္တိတ္ေလး
ျပဳံးလိုက္သည္ ။

" မူးယစ္ေဆးအား လက္လီလက္ကား
ေရာင္းဝယ္ေဖာက္ကားမႈ ၊ ႏိုင္ငံေတာ္
အက်ိဳးယုတ္ေစေရး မူးယစ္ေဆးဝါး
ျဖန္႔ျဖဴးမႈ တင္သာမက အဂတိလိုက္စားမႈ၊
လာဘ္စားမႈ တို႔ကို ခြၽဲဟာယြန္းႏွင့္ ခြၽဲအီဂိုတို႔မွ
က်ဴးလြန္ခဲ့ေၾကာင္း သက္ေသအေထာက္အထားႏွင့္ တကြ ရ႐ွိထားပါသည္"

" ဤျပစ္မႈမ်ားအတြက္ ခြၽဲအီဂိုအား
အသက္ေသဆုံးသည္အထိ ေထာင္ဒဏ္
ခ်မွတ္လိုက္သည္ "

" ခြၽဲဟာယြန္းသည္ အထက္ပါျပစ္မႈမ်ားအျပင္ လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန္႔က **ရက္**လတြင္ ျဖစ္ပြားခဲ့ေသာ Mr Park Jiminအားကိုယ္ထိလက္ေရာက္ လုပ္ၾကံမႈကို တစ္ပါးသူအား ႀကိဳးကိုင္ျခယ္လွယ္ျခင္းျဖင့္ ခိုင္းေစခဲ့ျခင္း ၊ Mr Jeon JungKookအား နာမည္ပ်က္ေစရန္အလို႔ငွာ မတရားေသာနည္းျဖင့္ ၾကံေဆာင္ခဲ့ျခင္း ၊ Mr Park Jiminအား ေသဆုံးေစရန္ထိ ႐ိုက္ႏွက္ေစမႈအား ခိုင္းေစျခင္း...ဤျပစ္မႈမ်ားကို ခြၽဲဟာယြန္းမွက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သက္ေသအခိုင္အမာရ႐ွိထားကာ ျပစ္မႈထင္႐ွားပါသည္..."

" ထို႔ေၾကာင့္ ဤျပစ္မႈအားလုံးအတြက္
ခြၽဲဟာယြန္းအား ေထာင္ဒဏ္...."

" တစ္သက္တကြၽန္း ခ်မွတ္လိုက္သည္ "

" မဟုတ္ဘူးးး !!! "
ခြၽဲဟာယြန္းသည္ တရား႐ုံးထဲတြင္
႐ူးသြပ္မတတ္ ေအာ္ဟစ္သည္ ။

" ငါ့ကို လႊတ္! လႊတ္စမ္း..!!! ငါ ေထာင္ထဲ
မသြားဘူး !! မသြားဘူးလို႔ ေျပာေနတယ္ေလ!!! "
ခြၽဲဟာယြန္းဟာ ရဲေမေတြၾကား ႐ုန္းကန္ရင္း
တ႐ြတ္တိုက္ ။

" ခြၽဲဟာယြန္း....."

" ေထာင္ ထမင္းကို ေသခ်ာစားခဲ့ေနာ္...
စားခဲ့ေနာ္လို႔ မေျပာရဘူးထင္တယ္..
ဘာလို႔ဆို မင္းက ဘယ္ေတာ့မွ အျပင္ေလာက ကို ထပ္မေတြ႕ရေတာ့ဘူးေလ..."

" Jeon JungKook ငါနင့္ကို သတ္ပစ္မယ္ "

" Ah ! "

" Mr Jeon !! "

ခြၽဲဟာယြန္းသည္ စိတ္လြတ္ေနသူပမာ
ရဲေမလက္ထဲကေန ႐ုန္းထြက္ကာ JungKook၏မ်က္ႏွာကို ဆြဲကုတ္ခ်ပစ္သည္။

JungKookမ်က္ႏွာတြင္ လက္သည္းရာ
အစင္းလိုက္ ထင္ၿပီး ေသြးစို႔လာသည္ ။
" သူ႕ကို ျမန္ျမန္ ေခၚသြားၾကေလ...MrJeon
အဆင္ေျပရဲ႕လား..."

" ရတယ္.."

JungKookသည္ ေမာင္႐ွိသည့္အိမ္ကိုသာ
ျပန္ခဲ့သည္ ။ ေမာင့္အခန္းထဲဝင္ေတာ့
ေမာင့္အေမက ေမာင္နဲ႔ စကားေျပာေနသည္။

" အန္တီ..."

" သား JungKook...သူေလ..သူေလ...
လက္ေလးေတြ လႈပ္လာႏိုင္ၿပီ..."

" ဟုတ္လား...တိုးတက္လာတာပဲ.."

" ဟုတ္ပါ့....သားငယ္က သန္မာတယ္ေလ..
ဆရာဝန္ကေတာ့ ေျပာတယ္...ဒီလိုသာ
ဆက္တိုးတက္ေနမယ္ဆို..ေနာက္ ႏွစ္လ
ေလာက္ေနရင္ Stableျဖစ္မယ္လို႔ ေျပာမယ္ "

" သိပ္ေကာင္းတဲ့ သတင္းပါပဲ....
အန္တီ နားခ်င္ နားေလ..ကြၽန္ေတာ္ ေမာင့္ကို
ဆက္ေစာင့္ေပးမယ္.."

ေမာင့္အေမထြက္သြားတာနဲ႔ Jeonသည္
အေပၚကုတ္ကို ခြၽတ္ၿပီး ေမာင့္နား
ဝင္ထိုင္လိုက္သည္ ။

" ေမာင္...."
နီက်င့္က်င့္ မ်က္စံေတြက သူ႕ဘက္
ေ႐ြ႕လာသည္ ။ သူ႕မ်က္ႏွာကိုၾကည့္ၿပီး
ေမာင့္ မ်က္အိမ္ေတြ အနည္းငယ္ က်ယ္သြား
သည္ ။

" ေမာင္ တစ္ခုခု ေျပာခ်င္ေနတာလား "
ေမာင္က သူ႕မ်က္ႏွာကိုသာ စိုက္ၾကည့္ေနသည္။

" ဒီဒဏ္ရာေၾကာင့္လား...ဟက္..ခြၽဲဟာယြန္း
လုပ္လိုက္တာ..."
ေမာင့္ မ်က္ဝန္းေတြထဲတြင္ စိတ္ပ်က္မႈတခ်ိဳ႕
လႊမ္းျခဳံသြားသည္ ။

" ေမာင္သိလား...ဒီေန႔ တရား႐ုံးမွာ ခြၽဲဟာယြန္းက အ႐ူးမတစ္ေယာက္လိုပဲ..."

" အရာအားလုံးကို တၿပိဳင္နက္ ဆုံး႐ႈံးရသြားတဲ့အခါ..စိတ္လြတ္သြားသလိုေပါ့..."

Jeonသည္ ေမာင့္ကို လက္ေထာက္ကာ
ေငးမိသည္ ။ ေမာင့္ လက္ဖဝါးတစ္ဖက္ကို
ကိုင္လိုက္ၿပီး သူ႕ပါးျပင္ေပၚတင္ထား
ေပးလိုက္သည္ ။ လႈပ္လိလႈပ္႐ြ အထိအေတြ႕ေလး....ေမာင့္ လက္ေခ်ာင္းေလးေတြကေန ။
သူ႕ပါးျပင္ကို တို႔ထိတို႔ထိ လုပ္ေနတာ ။

" ျမန္ျမန္ေနေကာင္းေအာင္ ေနရမယ္ေနာ္ "

" ေနေကာင္းမွ က်ဳပ္ကို ထိခ်င္သေလာက္ထိ"
ေမာင့္မ်က္ဝန္းေတြသည္ တမ်ိဳးတျမည္
ေျပာင္းသြားသည္ ။ Jeonသည္ ထိုမ်က္ဝန္း
ေတြ၏ အဓိပၸါယ္ကို ဖတ္မိကာ မ်က္ႏွာသည္ တစ္ခ်က္ရဲခနဲ ။

" အေတြးေတြ မလြန္ပါနဲ႔..မ်က္ႏွာကို
ထိတာကို ေျပာတာပါ "
ေမာင့္၏ ႏႈတ္ခမ္းေထာင့္စြန္းေလးသည္
မဆိုသေလာက္ေလး ေကာ့တတ္သြားသည္ ။

×
" Park Jimin ျပန္သတိရလာၿပီ....
စိတ္ပ်က္စရာပဲ..."
ဂြၽန္ဟြာအင္းသည္ နားထင္ကို ဖိႏွိပ္ရင္း
​ေရ႐ြတ္လိုက္သည္ ။

အခုတေလာတြင္လည္း သူမလုပ္ငန္းမ်ားက
အ႐ႈံးေပၚမလိုေတာင္ ျဖစ္ေနသည္ ။ သူမနဲ႔
ပူးေပါင္းထားတဲ့ ခြၽဲလုပ္ငန္းတခ်ိဳ႕က
Jeon Jung Kookလက္ထဲေရာက္သြားသည္မို႔ Jeon Jung Kookကလည္း တုံ႔ဆိုင္းမေနဘဲ ခ်က္ခ်င္း သူမနဲ႔ ပူးေပါင္းထားမႈကို
႐ုတ္သိမ္းပစ္သည္ ။ ဒါေၾကာင့္ သူမ
လုပ္ငန္းမ်ားသည္ ေအာက္ကို ထိုးခ်ေနသည္။

" ဘယ္လိုလုပ္မွ နင္တို႔ႏွစ္ေယာက္လုံး
ေပ်ာက္ကြယ္သြားၾကမွာလဲ...စိတ္ကုန္လိုက္
တာ...."

ယခုဆို Park Jiminကပါ သတိျပန္ရလာၿပီ
ဆိုေတာ့ သူမကို အျပတ္ေခ်မႈန္းခ်င္သူ
တစ္ေယာက္တိုးလာၿပီျဖစ္သည္ ။
" ေတာ္ေသးတာေပါ့..ငါသက္ေသေတြ
အရင္႐ွင္းထားလိုက္လို႔..."

သူမသည္ JungKookေထာင္ထဲဝင္သည့္
အခ်ိန္တြင္ Park Jiminတိုက္ခန္းကို
ဝင္ေမႊကာ သူမကို တရားစြဲမည့္သက္ေသေတြ အားလုံးကို ဖ်က္ဆီးလိုက္ၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူမ ယခုအေျခအေနတြင္ အနည္းငယ္စိတ္ေအးႏိုင္ျခင္းျဖစ္သည္။

"  ဟယ္လို...ေနရာသိရၿပီလား..."
သူမသည္ မိစၥာသဖြယ္ ျပဳံးလိုက္သည္ ။

" ေမာင္...က်ဳပ္ ခဏေနျပန္လာမယ္ေနာ္...
အခုက ဒါေလးက တကယ့္ အေရးေပၚမို႔ပါ.."

ေမာင့္အေမသည္ အေရးေပၚကိစၥေၾကာင့္
အိမ္မွာ မ႐ွိ ။ သူေစာင့္ေပးေနသည့္အခ်ိန္တြင္ ကုမၸဏီမွ မျဖစ္မေန လုပ္ရမည့္ ကိစၥ
တစ္ခုက ေပၚလာသည္ ။ မည္သို႔မွ်လည္း
ေ႐ြ႕ဆိုင္းလိုက္၍ မရ ။ ထို႔ေၾကာင့္JungKook အလ်င္အျမန္သြားရန္ ျပင္ဆင္လိုက္သည္ ။

JungKookကားထြက္သြားၿပီသည္ႏွင့္
အိမ္အနားကို လူတစ္ေယာက္ တိတ္တဆိတ္
ခ်ဥ္းကပ္လာၿပီး အိမ္ထဲကို ဝင္သြားသည္ ။
Jiminမြန္းၾကပ္မွာစိုး၍ အေစာင့္အၾကပ္ေတြ
မထားထားျခင္းသည္ ထိုလူ႕အတြက္ အိမ္ထဲသို႔ ပိုမို လြယ္ကူေစခဲ့သည္ ။အိမ္ထဲတြင္လည္း Jiminႏွင့္ သူနာျပဳေလးႏွစ္ေယာက္သာ ႐ွိသည္ ။ ယခုအခ်ိန္တြင္ ထိုသူနာျပဳ
ႏွစ္ေယာက္သည္ ေမ့လဲေနၿပီျဖစ္သည္ ။

ေျခသံဖြဖြကို သူၾကားသည္ ။ မ်က္လုံးဖြင့္
ၾကည့္လိုက္ေတာ့ အနက္ေရာင္ဝတ္စုံနဲ႔
သူ မသိသည့္ လူတစ္ေယာက္ ။ အသင့္ပါ
လာသည့္ ေဆးထိုးအပ္ကို ထုတ္ရင္း
သူ႕ေဆးပိုက္ထဲကို ထိုးရန္ျပင္သည္ ။

သို႔ေသာ္ Jiminသည္ ႐ွိ႐ွိသမွ်အားကို
လက္ေကာက္ဝတ္ထဲထည့္လိုက္ၿပီး
ေဆးထိုးအပ္ကိုင္ထားသည့္ ထိုလူ႕လက္ကို
ပုတ္ခ်လိုက္သည္ ။ ေဆးထိုးအပ္သည္
ေအာက္ကို က်သြားသည္ ။ Jiminသည္
အားအကုန္ ကုန္ခမ္းသြားသလို ပင္ပန္း
သြားသည္ ။

" က်စ္..."

' မင္းမွာ အခ်ိန္ ၈မိနစ္ပဲရမယ္..Jeon
JungKookက ကုမၸဏီသြားတာ မဟုတ္ဘူး
ဒီနားက Cafeကိုသြားၿပီး သူ႕အတြင္းေရးမႉးကို
စာရင္းသြားေပးတာ ´

ထိုလူသည္ ျပဳတ္က်သြားသည့္ ေဆးထိုးအပ္ကို ေကာက္ယူရန္ တစ္ဖက္ကိုလာသည္ ။
ထိုအခ်ိန္ Jiminသည္ လက္ေကာက္ဝတ္နားက အေရးေပၚခလုတ္ကို ႏွိပ္ရန္ျပင္ေနသည္ ။

" ဟာ ဒီေကာင္...! "
ထိုလူသည္ အလွ်င္လိုေနသည္မို႔ ေဆးထိုးအပ္ကို မေကာက္ေတာ့ဘဲ အနီးနားက ဆိုဖာေပၚမွာ႐ွိတဲ့ ေခါင္းအုံးျဖင့္ Jiminကိုဖိခ်လိုက္သည္ ။

Jiminသည္ ႐ုန္းကန္ေနေသာ္လည္း
အရာမေရာက္ ။ တအင့္အင့္ ေအာ္သံေတြကလြဲ၍ အျခားအသံ မျပဳႏိုင္ခဲ့ ။ Jimin၏
ခႏၶာကိုယ္သည္ တဆတ္ဆတ္တုန္ခါေနကာ
လက္သီးကို တင္းတင္းဆုပ္လာသည္ ။

လည္ပင္းေၾကာေတြ ေထာင္လာၿပီး
လက္ဖ်ံတေလွ်ာက္လည္း စိမ္းျပာေရာင္
ေသြးေၾကာေတြ တင္းေထာင္လာသည္ ။
လက္ႏွစ္ဖက္သည္ တျဖည္းျဖည္း
လႈပ္႐ွားလာသည္ ။

" ေမာင္ !!! "
Jeonသည္ အခန္းထဲကို ေရာက္ေရာက္ခ်င္း
ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေသြးပင္
ေျပာင္းျပန္စီးခ်င္သြားသည္ ။

" ဒီေခြး....!! "
JungKook ထိုအနက္ေရာင္လူအား
ပစ္ကန္လိုက္သည္ ။ လဲက်သြားသည့္
ထိုလူ႕ေပၚက္ု တက္ခြရင္း အခ်က္ေပါင္းမ်ားစြာ ထိုးေနမိသည္ ။

JungKook အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္
ျခံတံခါးက ပြင့္ေနသည္ကို ေတြ႕သည္မို႔
မသကၤာစြာ အျမန္ဝင္လာခဲ့ရာ ဤျမင္ကြင္းကို ျမင္ရျခင္းျဖစ္သည္ ။ ယခု အခ်ိန္တြင္
JungKookသည္ လူသတ္ခ်င္စိတ္မ်ား
ျပည့္ႏွက္ေနသည္ ။

" မင္းကို အေသသတ္ပစ္မယ္ !!!...မင္းက
ဘာေကာင္မို႔ ေမာင့္ကို ထိရဲတာလဲ...!! "

" ေတာင္း-ေတာင္းပန္ပါတယ္...ကြၽန္ေတာ္
လည္း ေ႐ြးစရာမ႐ွိေတာ့လို႔ပါ "

" ဘယ္သူခိုင္းတာလဲ...! "

"....."

" ေျပာလို႔ !!!! "

" ကြၽန္ေတာ္ ေျပာလို႔မရဘူး...ေျပာရင္
ကြၽန္ေတာ္႕သမီးေလးကို သတ္လိမ့္မယ္..."

" မင္းရဲ႕ သမီးကို ဘာမွမျဖစ္ေအာင္ ငါလုပ္ေပးမွာမို႔..မင္းက ငါေမးတာကို ေအးေအးေဆးေဆး ေျဖလိုက္"

မ်က္ႏွာတစ္ခုလုံး ေသြး႐ြဲေနေသာ ထိုလူ
သည္ အတန္ငယ္ စဥ္းစားၿပီးမွ ေခါင္းညိမ့္သည္ ။

" ငါေမးမယ္..ဂြၽန္ဟြာအင္း ခိုင္းတာလား.."

" ဟုတ္-ဟုတ္ပါတယ္..."

" ဟားးး....ဒီမိန္းမ...! "
Jeonသည္ ေလပူေတြကို ခပ္ျပင္းျပင္း
မႈတ္ထုတ္သည္ ။

" Je-on "
႐ုတ္တရက္ JungKookစိတ္ထဲ အခ်က္
ေပးသံေတြ ျမည္သြားသည္ ။ထို႔ေၾကာင့္
အေနာက္ကို အျမန္လွည့္ၾကည့္လိုက္သည္ ။

"  ေမာင္ ? ေမာင္ အခု က်ဳပ္ကို ေခၚလိုက္တာလား "

" Je on "
တိုးညႇင္းညႇင္းေခၚသံက ေမာင့္ဆီက ။
နီက်င့္က်င့္ မ်က္ဝန္းေတြနဲ႔ သူ႕ကို ေငးေနသည္ ။

Jeon ေမာင့္အနား အျမန္သြားမိသည္ ။
ေနာက္ေတာ့ ေမာင့္ကို အနည္းငယ္ ထူၿပီး
ထိုင္ခိုင္းလိုက္သည္ ။ေမာင္သည္ မ်က္ရည္
ေတြ ဝဲေနသည္ ။ ေမာင့္ လက္တစ္ဖက္​
ေျမာက္တက္လာၿပီး Jeonမ်က္ႏွာကို
ဖြဖြေလး လာထိသည္ ။

" ေမာင္ စကား​ ျပန္ေျပာလာႏိုင္တာလား "

" အင္း......မင္း ကို ေမာင္ ​လြမ္း ေနခဲ့တာ..
တေလွ်ာက္လုံး..."

" သိတယ္..ေမာင္ အိပ္ေနတဲ့ တေလွ်ာက္လုံး
က်ဳပ္ကို လြမ္းေနတာ သိတယ္....ေမာေနမယ္
စကားေတြ အမ်ားႀကီး မေျပာနဲ႔အုန္းေနာ္...."

" ေမာင္... Jeon ကို ခ်စ္ တယ္  "
Jeonသည္ စကားထပ္ေျပာရန္
ျပင္ေသာ္လည္း ေမာင့္၏ စကားေၾကာင့္
အသံတို႔ တိတ္က်သြားသည္ ။ Jeonေဘးနားက အခ်ိန္ေတြ ႐ုတ္တရက္ ရပ္သြားသလိုမ်ိဳး
ေမာင့္ရဲ႕ စကားေလးတစ္ခြန္းက Jeonအေပၚလႊမ္းမိုးခဲ့သည္ ။

ေနာက္ဆုံးေတာ့ ေမာင္ ေျပာခဲ့ၿပီ ။ Jeon
ေမာင့္ဆီက အေတာင့္တဆုံး စကားေလး...
" ခ်စ္တယ္ " တဲ့ ။ ေမာင္ ျပန္ၿပီးသတိရလာတုန္းက အေပ်ာ္ဆုံးဆို အခုက ထိုထက္ပင္
ပိုသည္ ။

Jeonသည္ ေမာင့္ကို တင္းတင္းၾကပ္ၾကပ္
ဖက္လိုက္မိသည္ ။ ေမာင့္ ခႏၶာကိုယ္က
အရင္ကထက္ ပိန္က်ေနတာေၾကာင့္လည္း
စိတ္မေကာင္း ။

" က်ဳပ္ ဒီအခ်ိန္ကို ဘယ္ေလာက္ ေစာင့္ခဲ့ရလဲ..ေက်းဇူးတင္ပါတယ္..."

" ေမာင့္ ကို ေစာင့္ေန ေပးတာကို ပိုေက်းဇူး
တင္ပါတယ္..."

×
တစ္လခန္႔ၾကာၿပီးေနာက္ ။

" မင္းနဲ႔ မင္း သမီးက ဒီမွာ ေနရမယ္...
ငါ့အရိပ္ေအာက္မွာမို႔ လုံျခဳံတယ္..."

" ေက်းဇူးတင္ပါတယ္..ကြၽန္ေတာ္ ဘာျပန္
လုပ္ေပးရမလဲ.."

" သက္ေသထြက္ဆိုေပး႐ုံပဲ..."

" ဟုတ္ကဲ့ပါ "

JungKook , ထိုလူကိစၥ စီစဥ္ေပးၿပီး
ျပန္လာတဲ့ ကားေပၚမွာ ဖုန္းတစ္ေကာလ္
ဝင္လာသည္ ။

" ဟယ္လို..Jeon JungKookေျပာေနပါတယ္"

" ....."

" ဘာရယ္ !? တကယ္လား..."

" ....."

" ဟက္....စိတ္မေကာင္းပါဘူး..."

" ....."

" စ်ာပနကို ေကာင္းေကာင္းေလး စီစဥ္ေပးလိုက္ပါ "

JungKook ကားမွန္ကေန အျပင္ကို
ေငးၾကည့္ရင္း မဲ့ျပဳံးေလး တခ်က္ျပဳံးလိုက္သည္ ။

" ခြၽဲဟာယြန္း ေသၿပီ....."

သတ္ေသသြားသည္တဲ့ သူမက ။ ေနာက္ဆုံး
အခ်ိန္က သိပ္ေတာ့ အဆင္မေျပ ။ မူးယစ္ေဆး အမ်ားအျပား သုံးစြဲခဲ့မႈ​ေၾကာင့္
စိတ္ေဖာက္ျပန္ကာ သူမသည္ ေရခ်ိဳးခန္းထဲတြင္ သူမ၏ အက်ႌေတြကို ၿဖဲစုတ္ၿပီး
ႀကိဳးအျဖစ္ အသုံးျပဳကာ ဝတ္လစ္စလစ္ႏွင့္ပင္ ႀကိဳးဆြဲခ်ခဲ့သည္ ။ သူမအေဖလည္း
ထိုသတင္းေၾကာင့္ ေ႐ွာ့ရကာ တစ္ခါတည္း
ပြဲခ်င္းၿပီးသြားသည္။

မေကာင္းတဲ့ လူရဲ႕ အဆုံးသတ္က ဒါမ်ိဳးပါပဲ။
မၾကာခင္လည္း ေနာက္ထပ္တစ္ေယာက္
အဆုံးသတ္ေတာ့မည္ ။

" သက္ေသေတြ ဖ်က္ဆီးလိုက္႐ုံနဲ႔ လြတ္ၿပီ
ထင္ေနတယ္ေပါ့..."

" ဟယ္လို SeokJin...."

" ....."

" ေသခ်ာေပါက္ ယူမွာေပါ့...အိမ္ကိုပဲလာခဲ့
လိပ္စာေပးမယ္.."

" .... "

" Kim Taehyungကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာေပးပါအုန္း..အခုလို ကူညီေပးတာ "

" ေက်းဇူးတင္ရင္ အဲ့မိန္းမကို ေထာင္ထဲသာ
ရေအာင္ထည့္ေပးတဲ့ JungKookေရ..."

" ေသခ်ာေပါက္ အဲ့မိန္းမ ေထာင္ထဲ ဝင္ရမွာပါ..သူ႕အျပစ္ေတြအတြက္ ေပးဆပ္ရဖို႔ အာမခံပါတယ္..."

သက္ေသေတြလည္း စုံလုနီးနီးျဖစ္ေနၿပီ ။
က်န္ေတာ့တာက ေမာင့္ရဲ႕သက္ေသေတြပဲ
ျဖစ္သည္ ။ ေမာင့္ သက္ေသေတြ ဖ်က္ဆီး
ခံခဲ့ရသည္ ။ အမွန္တကယ္ေတာ့ ဂြၽန္ဟြာအင္း ဖ်က္ဆီးခဲ့တာ ပုံတူပြားထားသည့္
သက္ေသမ်ားသာ ျဖစ္သည္ ။ ဒါဆို
သက္ေသ အစစ္ေတြက အဘယ္မွာနည္း ။
ထို႔အတြက္လည္း သက္ေသမ်ား႐ွိရာကို
လမ္းျပေပးမည့္ ေမာင္တစ္ေယာက္လုံး
သူ႕မွာ ႐ွိပါသည္ ။

" ခင္ဗ်ားေတာ့ ဇာတ္သိမ္းၿပီ ဂြၽန္ဟြာအင္း "

×
ၾကာသြားတဲ့ အတြက္ အားနာရပါတယ္ ။
ဒါေလးက ၿပီးေတာ့မယ္ေနာ္ ၊ ဇာတ္လမ္းကို
အျမန္ပဲသြားေနတာမို႔ ။

AlexandrineKim(2432023)

Bạn đang đọc truyện trên: AzTruyen.Top