14

ချွဲဟာယွန်းသည် သူမ ရုံးခန်းဆီကို ဒေါက်ဖိနပ်သံ ကျယ်လောင်စွာဖြင့်
လျှောက်သွားသည် ။ တွန့်ချိုးထားတဲ့
မျက်ခုံးတန်းတွေက စိတ်မကြည်လင်ကြောင်း
ပြသည် ။

သူမသည် ဆုံလည်ကုလားထိုင်တွင်
ထိုင်လိုက်ရင်း ဖိုင်ထဲရှိ ငွေစာရင်းများကို
ကြည့်လိုက်သည် ။

" တောက်ခ် !!! "
ဖိုင်တွဲအား ဒေါသတကြီး အဝေးသို့ လွင့်ပစ်
လိုက်သည် ။

လွန်ခဲ့သည့် နှစ်ရက်ကသူမ၏
ဆေးရောင်းဝယ်ရေးလုပ်ငန်းများ
ထပ်အဖမ်းခံရသည် ။ သူမမှာ နှုတ်ပိတ်
နေရသည့် ကိစ္စတွေနဲ့ ရှုပ်နေရုံသာမက
ဆေးများကို မည်သို့ ပြန်ယူရမည်ကိုလည်း ​
ခေါင်းခြောက်နေရသည် ။ ဒီတစ်ခါ
အပါအဝင်ဆို သူမဆေးတွေ အဖမ်းခံနေရတာ လေးခေါက် ရှိနေခဲ့ပြီ ။

ဆုံးရှုံးသွားသည့် ဤဆေးများ၏ တန်ဖိုးသည် လက်ရှိပေါက်စျေးနဲ့ဆို လုပ်ငန်း
အသေးစားတစ်ခုပင် လုပ်ကိုင်၍ ရနိုင်သည်။
" ...ရဲတွေက ဘယ်လိုလုပ် အနံ့ရရသွားတာလဲ...ကျစ်.."

သူမသည် စိတ်ဖိစီးလွန်းတာကြောင့်
အံဆွဲထဲမှ အဖြူရောင်အမှုန့်တချို့ကို
ထုတ်ပြီး ရှူရှိုက်လိုက်သည် ။

" မမလေး ! မမလေး ! "
ရုံးခန်းထဲသို့ အပြေးဝင်လာသော စာရေးမလေးကြောင့် သူမ အလျင်အမြန် ဆေးကို
သိမ်းလိုက်ရသည် ။

" နင် တံခါး မခေါက်တတ်ဘူးလား !!! "
သူမသည် ဒေါသတကြီး အော်ငေါက်လိုက်
သည် ။ သို့သော် စာရေးမလေးသည်
ထိုစကား​ကြောင့် တွန့်ဆုတ်မသွားပဲ
အလန့်တကြား ဆက်ပြောလာသည် ။

" မမလေး..ရဲတွေ လာနေပြီ.."

" ဘာ ! ဘာအတွက်လဲ...."

" မူးယစ်ဆေး စစ်ဆေးဖို့အတွက်ဆိုလားပဲ..."

" shitt...ငါ မရှိဘူးလို့ ပြောလိုက်.."

" ရှင်? "

" ငါပြောတာ နင်မကြားဘူးလား ! "

" ကြား-ကြား ပါတယ်..အခုသွားပြော
လိုက်ပါ့မယ်..."
စာရေးမလေးက အပြေးထွက်သွားသည်။
ချွဲဟာယွန်းသည် သူမ၏ ကုတ်နှင့်ပိုက်ဆံအိတ်ကို ဆွဲယူလိုက်သည် ။

" မမလေး မရှိဘူးလို့ ရှင်တို့ကိုပြောနေတယ်လေ !! "

" ဖယ်ပေးပါ..ရှိမရှိ ကျွန်တော်တို့ အတည်ပြုပြီး ထွက်သွားပါ့မယ် "

ရဲတချို့သည် ချွဲဟာယွန်း၏ ရုံးခန်းထဲသို့
ဝင်သွားကြသည် ။ စာရေးမလေးသည်
သူမတော့ အလုပ်ပြုတ်ပြီဟု တွေးလိုက်သည် ။ သို့သော် ရုံးခန်းထဲတွင် ချွဲဟာယွန်းကား
မရှိတော့ပေ ။

" သခင်မကြီး..ချွဲဟာယွန်းလာ-- "

" ဖယ်စမ်း..! "

အစောင့်ကို တွန်းဖယ်ကာ ကမူးရှူးထူး
ဂျွန်ဟွာအင်း၏ ကိုယ်ပိုင်ရုံးခန်းအတွင်းသို့
ဝင်လာသည့် ချွဲဟာယွန်း ။ ဂျွန်ဟွာအင်းသည် လက်ပြကာ အစောင့်ကို ထွက်သွားခိုင်းလိုက်သည် ။

" ဘာဖြစ်လာတာလဲ "

" ရဲတွေ ကျွန်မကို ဖမ်းဖို့ လုပ်နေတယ် "

" ဘာ ! ဘာတွေ ပြောနေတာလဲ "

" ရဲတွေ ! သူတို့ ကျွန်မလုပ်ငန်းတွေကနေ
တစ်ခုခုသိထားပြီ ထင်တယ်..ကျွန်မကို
ဖမ်းဖို့ လာကြတယ် "

" နင့်ကို ဖမ်းလာတာ ဟုတ်လို့လား..."

" မူးယစ်ဆေး ကိစ္စအတွက် ကျွန်မဆီကို
လာကြတာပါဆို ! "

" နင် အခု ဆေးသုံးထားတာလား..."

" အင်း..နည်းနည်းပါ..."

" ဒီတော့ ငါက ဘာလုပ်ပေးရမှာလဲ "
အမှန်ဆို ဂျွန်ဟွာအင်းက ဘာမှကို မလုပ်ပေး
ချင်ပါ ။ အခန့်မသင့်ရင် သူမကို လာစင်နိုင်
သည့် ပြဿနာမီးပွားကို သူမ နည်းနည်းမျှ
မလိုချင်ပေ ။

" ကျွန်မကို အမှုကနေ လွတ်အောင်
လုပ်ပေးပါ..."

" ဒီမှာ ချွဲဟာယွန်း...ငါ့ရုပ်က ရှေ့နေ
ဒါမှမဟုတ် အမှုစစ်နဲ့များ တူနေလို့လား "

" ရှင် ကူညီမှ ရမှာမို့ပါ..ဂျွန်ဟွာအင်း..."

" ငါ့မှာလည်း လုပ်ငန်းတွေက အဆင်မပြေ
တာ..နင် ငါ့ကို အကူအညီတောင်းလို့ မရဘူး "

"ဂျွန်ဟွာအင်း...!! ရှင် လိုအပ်တုန်းက
ကျွန်မ ရှင်နဲ့ ပူးပေါင်းခဲ့ပေးတယ်လေ..."
ချွဲဟာယွန်းသည် ထိုင်နေရာမှ မတ်တပ်ရပ်
လိုက်ပြီး ဂျွန်ဟွာအင်းကို အံကြိတ်သံဖြင့်
ပြောလိုက်သည် ။

" ငါ ဘယ်တုန်းက နင့်ကို လိုအပ်ခဲ့ဖူးလို့လဲ..
ချွဲဟာယွန်း..."
ဂျွန်ဟွာအင်းသည် မျက်နှာတစ်ချက်မှ
မပျက်သွားဘဲ ချွဲဟာယွန်းကို ပြန်ပြောသည်။

" Park Jiminနဲ့ Jeon JungKookကိစ္စ.."

" ဟိုး..ဟိုး...အဲ့တုန်းက ငါနင့်ကို အကူအညီ
မတောင်းခဲ့ပါဘူးနော်..နင်ပဲ ငါ့ရုံးခန်းထဲကို
လာပြီး နင့်အစီအစဥ်ကို ပြောပြပြီး..ငါ့ကို
အကူအညီတောင်းခဲ့တာလေ..သေချာ
ပြန်စဥ်းစားကြည့်ပါအုန်း...."

" ရှင်...! ကျွန်မ ရှင့်လုပ်ငန်းတွေနဲ့ တွဲလုပ်
ပေးတယ်လေ..."

" မကျေနပ်ရင် ရှယ်ယာပြန်ထုတ်သွားလိုက် "

" ဂျွန်ဟွာအင်း !! "

" ဘယ်လိုတောင် ရဲတင်းတာလဲ...ငါ့နာမည်ကို ဘယ်လိုတောင် အဆင့်မရှိတဲ့ လေသံနဲ့
ပြောနေတာလဲ "
ဂျွန်ဟွာအင်းသည် ထရပ်လိုက်ရင်း ချွဲဟာယွန်းဆီကို တစ်လှမ်းချင်း တိုးသွားကာ
အေးစက်စက် ​ဆိုသည် ။

ချွဲဟာယွန်းသည် သူမထက် ကြီးသည့်
အရှိန်အဝါကို ကြည့်ရင် တုန်ယင်လာသည်။
" အမှန်ဆို..နင် ငါ့ဆီမှာ အခုလို လုပ်နေရမှာ
မဟုတ်ဘူး...နင့်လုပ်ငန်းတွေကို ရဲတွေဆီ
သတင်းပေးတဲ့ လူဆီသွားရမှာ..."

" အဲ့လူက ဘယ်သူလဲ ! "
ချွဲဟာယွန်းသည် ပက်ခနဲ ။

" Jeon JungKook "

" ဘာ !! သူက ထောင်ထဲမှာ မဟုတ်ဘူးလား "

" တုံးလိုက်တဲ့ ကောင်မလေးရယ်..နင်
အ,လွန်းတာပဲ...သူ ပြန်လွတ်လာတာဖြင့်
တစ်လကျော်လို့ သူ့ကုမ္ပဏီကိုတောင်
ငါ့ဆီက ပြန်ယူသွားပြီးပြီ..."

ဂျွန်ဟွာအင်းသည် နောက်ဆုံး စကားတွင်
မကြိတ်မခဲနိုင်သည့် လေသံများ ပါဝင်နေသည် ။

အမှန်တော့ JungKook၏ လက်အောက်က
လုပ်ငန်းတွေရဲ့ တစ်လစာ ဝင်ငွေသည်
သူမ၏ ဖက်ရှင် လုပ်ငန်းများ၏ တစ်နှစ်စာ
ဝင်ငွေနှင့် ယှဥ်နိုင်သည် ။ ဒါကြောင့်
JungKook၏ လုပ်ငန်းများကို သူမ
အလွန်အမင်းလိုချင်နေခြင်း ဖြစ်သည် ။

" အဲ့ကောင်-အဲ့ကောင်..အခု ရုံးခန်းမှာ
ရှိနေမလား..."

" ရှိမှာပေါ့..."

ချွဲဟာယွန်းသည် နှုတ်ဆက်စကားပင်
မဆိုနိုင်ဘဲ အမြန်ထွက်သွားသည် ။

" နောက်တစ်ခါ အဲ့မိန်းမ ထပ်လာရင်
ရဲကို တန်းခေါ်လိုက်..ကြားလား.."

" ဟုတ်ကဲ့ပါ...သခင်မကြီး "

×

JungKookသည် လေလေးချွန်နေရင်း
နာရီကိုကြည့်လိုက် ဖုန်းကို ကြည့်လိုက်
လုပ်နေသည် ။

" 5 "

" 4 "

" 3 "

" 2 "

" 1...."

" Jeon JungKook !! "
JungKook၏ စက္ကန့် ရေတွက်သံအပြီး
JungKook၏ ရုံးခန်းအတွင်းသို့ သွေးရူးသွေးတန်း ဝင်ချလာသည့် ချွဲဟာယွန်း။

" မတွေ့ရတာ ကြာပြီနော်...ချွဲဟာယွန်း "

" ငါ့ကိစ္စတွေကို နင်ဘာလို့ ဝင်ရှုပ်နေတာလဲ
Jeon JungKook !! "

" ဟင်..ဘာတွေ လာပြောနေတာလဲ...
ငါ ဘာများ လုပ်မိလို့တုန်း..."
JungKook၏ မျက်နှာသည် အမှန်တကယ်
ဘာမှ မသိသည့်ပုံစံ ယူထားသည် ။

" နင်..နင်..ငါ့လုပ်ငန်းတွေကို ရဲလက်အပ်
တာလေ.."

" နင့် ဘယ်လုပ်ငန်းကို ငါ ရဲလက်အပ်မိ
လိုက်လို့လဲ..."

" နင် ငါ့ ဆေးရောင်းဝယ်ရေးလုပ်ငန်းနေရာ
တွေကို ရဲတွေဆီ သတင်းပေးလိုက်တယ်လေ !! "

" Ohhh "
JungKook တမင်တကာ အံ့သြသည့် ပုံစံ
လုပ််လိုက်သည် ။

" နင်က မူးယစ်ဆေးရောင်းမှန်း ငါမသိခဲ့ပါဘူး ချွဲဟာယွန်း...ငါက ဒီတိုင်း နိုင်ငံအတွက်
လုပ်ပေးခဲ့တာပါ..."

" အပိုတွေ မပြောနဲ့ !!! "

" အာ....မအော်ရဘူးလေ..အချိန်နဲ့အခါနဲ့
သင့်လျော်အောင် နေထိုင်တတ်ရမယ်လေ "

ချွဲဟာယွန်း၏ မျက်လုံးတွေသည် ဆေးသုံစွဲမှုတို့ကြောင့် ရဲတောက်နေသည် ။ ယိုင်နဲ့နဲ့ဖြင့်
JungKookနားကို သွားပြီး ရုတ်တရက်
ဒူးထောက်ချလိုက်သည် ။

" အိုမို..ဘာလုပ်တာလဲ..."

ချွဲဟာယွန်းသည် အံကြိတ်လိုက်ပြီး
JungKook၏ ခြေထောက်တစ်ဖက်ကို
လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည် ။

" ကျေးဇူးပြုပြီး ဒီအမှုကနေ ငါ့ကို ကယ်ပေးပါ..ငါသာ ထောင်ကျသွားရင် ငါ့လုပ်ငန်းတွေအကုန် ပျက်စီးသွားကုန်လိမ့်မယ်..."

" ကူညီပေးပါ.."
သူမ၏ ပုံစံသည် အခြားလူမြင်လျှင်
ချက်ချင်း ကူညီပေးချင်လောက်အောင်ကို
သနားစဖွယ် ဖြစ်နေသည် ။

" အော်....ကူညီပေးရမှာလား..."
JungKookသည် စိတ်မကောင်းဖြစ်သွားသည့်ဟန် လုပ်သည် ။

" ကူညီမှာလား..."

" ဘာတွေ မျှော်လင့်နေတာလဲ..hk..."
JungKookသည် ​သူ့ခြေထောက်ကို
ချွဲဟာယွန်း၏ လက်တို့ကြားမှ ဇတ်ခနဲ
ရုန်းထွက်လိုက်သည် ။ ထိုအခါ သူမသည်
ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသည် ။

" ဟက်..ရယ်စရာကောင်းလိုက်တာ..."

" နင်..နင် ငါ့ကို လှောင်တာလား Jeon
JungKook..."

" မလှောင်ရဲပါဘူး..."
JungKookသည် မလှောင်ဘူးသာ ပြောတာ
မျက်နှာပေးသည် လုံးဝ သူမအဖြစ်ကို
လှောင်နေသည့် ပုံစံ ။

" နင် ဘာလို့ အဲ့လောက် ယုတ်မာရတာလဲ !! "

ထိုစကားကြားသည့်အခါ JungKook
မျက်နှာသည် အေးစက်သွားသည် ။

" ဘယ်သူ အရင်ယုတ်မာခဲ့တာလဲ..ချွဲဟာယွန်း..ဒီကစားပွဲကို အရင်စခဲ့တာ..မင်းပဲလေ "
" မင်း ငါနဲ့မောင့်တုန်းက ဘယ်လိုလုပ်ခဲ့သလဲ..ငါ့ရောဂါကို ခုတုံးလုပ်ပြီး မင်း
ယုတ်မာခဲ့တယ်လေ.."

" ငါက နင်တို့ဆီက ငါ့အရှက်နဲ့ တန်တဲ့ဟာကို
ပြန်ယူခဲ့တာ...ငါမမှားဘူး..."
ချွဲဟာယွန်းက မျက်နှာပြောင်တိုက်စွာ
ပြောသည် ။

" ဒါဆိုလည်း အဆုံးထိ လျှောက်လေ...
ဘာလို့ အဆုံးကျမှ မြင်မကောင်းအောင်
တုန်လှုပ်နေရတာလဲ..."

" ငါ Park Jiminကို မသတ်ခဲ့ဘူးလေ....
သတ်ခဲ့တာက နင်လေ...ငါက နင့်ကို
သတ်ဖို့ပဲ ခိုင်းခဲ့ရုံ..."

" ......နောက်တစ်ခေါက်လောက် ပြန်ပြော
ပါလား...သေသေချာချာလေး ကြားချင်လို့ "

" ငါက နင့်ရောဂါကို ဖောက်လာအောင်
ဆေးတိုက်ပြီး Park Jiminကို သတ်ခိုင်းခဲ့တာလို့ !!!! ရပြီလား..​ွေးမသားရဲ့.."
အမှန်တော့ ချွဲဟာယွန်းသည် မူးယစ်ဆေး
သုံးစွဲမှု များတာကြောင့် စိတ်တို့ သိပ်မူမမှန်ကာ ထိန်းချုပ်မရတော့ပေ ။

" ရိုင်းစိုင်းလိုက်တာ "
JungKookသည် မထီတထီ မျက်နှာပေးနှင့် ။

" ငါ့ကို ကူညီပေး..ငါ့ကို ကူညီပေးလို့. !!
အကောင်ရဲ့ !! "
ချွဲဟာယွန်းသည် စိတ်လွတ်သွားဟန်ဖြင့်
သူမနားက ဘောပင်ခွက်ထဲမှ ဓားတိုကို
ကောက်ကိုင်ပြီး သူ့ကို ထိုးရန်ပြင်လိုက်သည်။

" အခုချက်ချင်း..လက်နက်ချပြီး အဖမ်းခံပါ
ချွဲဟာယွန်း ! "
အချိန်ကိုက် ဝင်ရောက်လာသည့် ရဲများ ။

" Perfect timing ! "
JungKookက ခပ်တိုးတိုး ရေရွတ်သည် ။

" နင် ဘယ်တုန်းက ရဲကို ခေါ်လိုက်တာလဲ
Jeon JungKook "

" သူတို့က နင် မရောက်ခင်ကတည်းက
ရှိနေကြတာ..."
ဒါကြောင့် သူမ သွေးရူးသွေးတန်းဝင်လာတာကို မည်သူကမျှ မတားကြတာကိုး ။

" နင်..နင် အကျင့်မကောင်းတဲ့အကောင် ! "
ချွဲဟာယွန်းသည် လက်ထိပ်နဲ့ရဲတွေကြား
ရုန်းကန်အော်ဟစ်ရင်း ပါသွားသည် ။

" ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်..."

" ရပါတယ်..ဒါလုပ်ပေးရမှာပဲလေ...အော်
ဒါနဲ့...စုံထောက်ကြီး..စောနက ကြားလိုက်
တယ်မလား...လွန်ခဲ့တဲ့ ၂နှစ်က ကျွန်တော့်
အမှုမှာ သူက ကြိုးကိုင်ခဲ့တဲ့သူဆိုတာ..."

" ဟုတ်ကဲ့..ကျုပ်ကြားလိုက်ပါတယ်...
Mr Jeonသာဆန္ဒရှိမယ်ဆို ကျုပ် အဲ့အမှုကို
ကျုပ်ပြန်လိုက်ပေးပါ့မယ်..."

" အဲ့ဒီလိုသာဆို ကျေးဇူးတင်မိမှာပေါ့ "

×

" မောင်..."

" မောင်သိလား...ဒီနေ့လေ မောင့်ကို
အခုလို ဖြစ်အောင် လုပ်တဲ့ မိန်းမကို ကျုပ်
သူနဲ့ တန်တဲ့ အပြစ်ရအောင် လုပ်နိုင်ခဲ့ပြီ "

" မောင် အဲ့ဒါကို ကြည့်ပြီး အောင်ပွဲခံရမယ်လေ..မောင် အခုလိုကြီး အိပ်မနေပါနဲ့တော့.."
JungKookသည် မျက်ရည်တွေ စီးကျလာသည် ။

" မောင် ရာ....."
JungKookသည် မောင်နဲ့ ဆန့်ကျင်ဘက်ကိုသာ မျက်နှာမူလိုက်မိတော့သည် ။

သွေးရည်တွေ....
ဘယ်ကိုကြည့်ကြည့် သွေးတွေပဲ သူမြင်နေရတော့သည် ။ သူသည် ယခု တဒုတ်ဒုတ်
ခုန်နေဆဲ နှလုံးကြီးထဲမှာ ဖြစ်သည် ။
အသက်တစ်ချက်ရှိုက်တိုင်း သွေးညှီနံ့တွေကို
သာ ရနေသည် ။

" Ahhh "
ဦးခေါင်းကို သံအချွန်နှင့် ထိုးဆွသလို
နာကျင်လာသည် ။ ခန္ဓာကိုယ်သည်လည်း
ကွဲအက်မတက် ကျဥ်တက်လာသည် ။

" Jeon..! "
သူ အားကိုးတကြီး ခေါ်မိတာ Jeon ။
Jeon နာမည်ကိုခေါ်လိုက်တိုင်း နာကျင်မှုတွေ
လျော့ပါးလာသည် ။

" Jeon ! ! "

တီခနဲ တီခနဲ မြင့်တက်လာတဲ့ နံပါတ်တွေ ။
JungKook အလန့်တကြား လှည့်ကြည့်မိသည် ။ မောင့်၏ နှလုံးခုန်နှုန်းသည်
အလွန်အမင်း မြန်ဆန်လာကာ သေသွားနိုင်သည်။

" မောင်...မောင် ! "

ဟင်! Jeon၏ ခေါ်သံငယ်....

" JEON ! ဘယ်မှာလဲ "

" မောင် သတိထားအုန်း ! "
Jeonသည် ပြာယာခတ်နေကာ ဆရာဝန်ကို
အမြန်ခေါ်လိုက်သည် ။

" မဟုတ်ဘူး..မဟုတ်ဘူး.."
နှလုံးခုန်နှုန်းတွေက သတ်မှတ်ချက်ကို
ကျော်လွန်တော့မည် ။ Jeonသည်
ဘာလုပ်မှန်းမသိတော့ပဲ မောင့်လက်ဖဝါးကို
သာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

သူ ရှေ့က သွေးရည်တွေထဲကနေ ထွက်ပေါ်လာသည့် လက်တစ်ဖက် ။ သူသည်
ဘာမှ မစဥ်းစားတော့ဘဲ ထိုလက်ကို
ဆွဲကိုင်လိုက်ပြီး ဒီသွေးတွေကြားမှ ရုန်းထွက်
လိုက်တော့သည် ။

" မောင် !! "

"  Jeon ! "

ရုတ်တရက် Jiminဆီမှ ပြင်းစွာရှိုက်လိုက်သော အသက်ရှူသံတစ်ခု ပေါ်ထွက်လာပြီး
နှလုံးခုန်နှုန်းသည် ပြန်လည်ငြိမ်သက်သွားသည် ။

ယခုမှ ရောက်လာသော ဆရာဝန်နှင့်
JungKookသည် ကြောင်အစွာ မောင့်ကို
ကြည့်နေမိသည် ။

" ဟင်..! လက်..လက် လှုပ်လာတယ် "

JungKookသည် သေချာအောင် အတည်ပြု
သည် ။ မောင်၏ မျက်တောင်လေးတွေ
လှုပ်ခတ်လာပြီး နီကျင့်ကျင့် မျက်ဝန်းတွေကို
ပြန်မြင်ရချိန်မှာ JungKookသည် သက်ပြင်းချလိုက်နိုင်ပြီး ကြမ်းပြင်ပေါ်ကို
ထိုင်ချလိုက်တော့သည် ။

" မောင် Jeonဆီကို ပြန်လာပြီပဲ..."
×

ဆျာပတ် ကမ်းဘတ် !! အချိုလေးတွေ
ကျွေးဖို့ တွေးထားပါတယ်🤓

AlexandrineKim(2032023)

Zawgyi

ခြၽဲဟာယြန္းသည္ သူမ ႐ုံးခန္းဆီကို ေဒါက္ဖိနပ္သံ က်ယ္ေလာင္စြာျဖင့္
ေလွ်ာက္သြားသည္ ။ တြန္႔ခ်ိဳးထားတဲ့
မ်က္ခုံးတန္းေတြက စိတ္မၾကည္လင္ေၾကာင္း
ျပသည္ ။

သူမသည္ ဆုံလည္ကုလားထိုင္တြင္
ထိုင္လိုက္ရင္း ဖိုင္ထဲ႐ွိ ေငြစာရင္းမ်ားကို
ၾကည့္လိုက္သည္ ။

" ေတာက္ခ္ !!! "
ဖိုင္တြဲအား ေဒါသတႀကီး အေဝးသို႔ လြင့္ပစ္
လိုက္သည္ ။

လြန္ခဲ့သည့္ ႏွစ္ရက္ကသူမ၏
ေဆးေရာင္းဝယ္ေရးလုပ္ငန္းမ်ား
ထပ္အဖမ္းခံရသည္ ။ သူမမွာ ႏႈတ္ပိတ္
ေနရသည့္ ကိစၥေတြနဲ႔ ႐ႈပ္ေန႐ုံသာမက
ေဆးမ်ားကို မည္သို႔ ျပန္ယူရမည္ကိုလည္း ​
ေခါင္းေျခာက္ေနရသည္ ။ ဒီတစ္ခါ
အပါအဝင္ဆို သူမေဆးေတြ အဖမ္းခံေနရတာ ေလးေခါက္ ႐ွိေနခဲ့ၿပီ ။

ဆုံး႐ႈံးသြားသည့္ ဤေဆးမ်ား၏ တန္ဖိုးသည္ လက္႐ွိေပါက္ေစ်းနဲ႔ဆို လုပ္ငန္း
အေသးစားတစ္ခုပင္ လုပ္ကိုင္၍ ရႏိုင္သည္။
" ...ရဲေတြက ဘယ္လိုလုပ္ အနံ႔ရရသြားတာလဲ...က်စ္.."

သူမသည္ စိတ္ဖိစီးလြန္းတာေၾကာင့္
အံဆြဲထဲမွ အျဖဴေရာင္အမႈန္႔တခ်ိဳ႕ကို
ထုတ္ၿပီး ႐ွဴ႐ိႈက္လိုက္သည္ ။

" မမေလး ! မမေလး ! "
႐ုံးခန္းထဲသို႔ အေျပးဝင္လာေသာ စာေရးမေလးေၾကာင့္ သူမ အလ်င္အျမန္ ေဆးကို
သိမ္းလိုက္ရသည္ ။

" နင္ တံခါး မေခါက္တတ္ဘူးလား !!! "
သူမသည္ ေဒါသတႀကီး ေအာ္ေငါက္လိုက္
သည္ ။ သို႔ေသာ္ စာေရးမေလးသည္
ထိုစကား​ေၾကာင့္ တြန္႔ဆုတ္မသြားပဲ
အလန္႔တၾကား ဆက္ေျပာလာသည္ ။

" မမေလး..ရဲေတြ လာေနၿပီ.."

" ဘာ ! ဘာအတြက္လဲ...."

" မူးယစ္ေဆး စစ္ေဆးဖို႔အတြက္ဆိုလားပဲ..."

" shitt...ငါ မ႐ွိဘူးလို႔ ေျပာလိုက္.."

" ႐ွင္? "

" ငါေျပာတာ နင္မၾကားဘူးလား ! "

" ၾကား-ၾကား ပါတယ္..အခုသြားေျပာ
လိုက္ပါ့မယ္..."
စာေရးမေလးက အေျပးထြက္သြားသည္။
ခြၽဲဟာယြန္းသည္ သူမ၏ ကုတ္ႏွင့္ပိုက္ဆံအိတ္ကို ဆြဲယူလိုက္သည္ ။

" မမေလး မ႐ွိဘူးလို႔ ႐ွင္တို႔ကိုေျပာေနတယ္ေလ !! "

" ဖယ္ေပးပါ..႐ွိမ႐ွိ ကြၽန္ေတာ္တို႔ အတည္ျပဳၿပီး ထြက္သြားပါ့မယ္ "

ရဲတခ်ိဳ႕သည္ ခြၽဲဟာယြန္း၏ ႐ုံးခန္းထဲသို႔
ဝင္သြားၾကသည္ ။ စာေရးမေလးသည္
သူမေတာ့ အလုပ္ျပဳတ္ၿပီဟု ေတြးလိုက္သည္ ။ သို႔ေသာ္ ႐ုံးခန္းထဲတြင္ ခြၽဲဟာယြန္းကား
မ႐ွိေတာ့ေပ ။

" သခင္မႀကီး..ခြၽဲဟာယြန္းလာ-- "

" ဖယ္စမ္း..! "

အေစာင့္ကို တြန္းဖယ္ကာ ကမူး႐ွဴးထူး
ဂြၽန္ဟြာအင္း၏ ကိုယ္ပိုင္႐ုံးခန္းအတြင္းသို႔
ဝင္လာသည့္ ခြၽဲဟာယြန္း ။ ဂြၽန္ဟြာအင္းသည္ လက္ျပကာ အေစာင့္ကို ထြက္သြားခိုင္းလိုက္သည္ ။

" ဘာျဖစ္လာတာလဲ "

" ရဲေတြ ကြၽန္မကို ဖမ္းဖို႔ လုပ္ေနတယ္ "

" ဘာ ! ဘာေတြ ေျပာေနတာလဲ "

" ရဲေတြ ! သူတို႔ ကြၽန္မလုပ္ငန္းေတြကေန
တစ္ခုခုသိထားၿပီ ထင္တယ္..ကြၽန္မကို
ဖမ္းဖို႔ လာၾကတယ္ "

" နင့္ကို ဖမ္းလာတာ ဟုတ္လို႔လား..."

" မူးယစ္ေဆး ကိစၥအတြက္ ကြၽန္မဆီကို
လာၾကတာပါဆို ! "

" နင္ အခု ေဆးသုံးထားတာလား..."

" အင္း..နည္းနည္းပါ..."

" ဒီေတာ့ ငါက ဘာလုပ္ေပးရမွာလဲ "
အမွန္ဆို ဂြၽန္ဟြာအင္းက ဘာမွကို မလုပ္ေပး
ခ်င္ပါ ။ အခန္႔မသင့္ရင္ သူမကို လာစင္ႏိုင္
သည့္ ျပႆနာမီးပြားကို သူမ နည္းနည္းမွ်
မလိုခ်င္ေပ ။

" ကြၽန္မကို အမႈကေန လြတ္ေအာင္
လုပ္ေပးပါ..."

" ဒီမွာ ခြၽဲဟာယြန္း...ငါ့႐ုပ္က ေ႐ွ႕ေန
ဒါမွမဟုတ္ အမႈစစ္နဲ႔မ်ား တူေနလို႔လား "

" ႐ွင္ ကူညီမွ ရမွာမို႔ပါ..ဂြၽန္ဟြာအင္း..."

" ငါ့မွာလည္း လုပ္ငန္းေတြက အဆင္မေျပ
တာ..နင္ ငါ့ကို အကူအညီေတာင္းလို႔ မရဘူး "

"ဂြၽန္ဟြာအင္း...!! ႐ွင္ လိုအပ္တုန္းက
ကြၽန္မ ႐ွင္နဲ႔ ပူးေပါင္းခဲ့ေပးတယ္ေလ..."
ခြၽဲဟာယြန္းသည္ ထိုင္ေနရာမွ မတ္တပ္ရပ္
လိုက္ၿပီး ဂြၽန္ဟြာအင္းကို အံႀကိတ္သံျဖင့္
ေျပာလိုက္သည္ ။

" ငါ ဘယ္တုန္းက နင့္ကို လိုအပ္ခဲ့ဖူးလို႔လဲ..
ခြၽဲဟာယြန္း..."
ဂြၽန္ဟြာအင္းသည္ မ်က္ႏွာတစ္ခ်က္မွ
မပ်က္သြားဘဲ ခြၽဲဟာယြန္းကို ျပန္ေျပာသည္။

" Park Jiminနဲ႔ Jeon JungKookကိစၥ.."

" ဟိုး..ဟိုး...အဲ့တုန္းက ငါနင့္ကို အကူအညီ
မေတာင္းခဲ့ပါဘူးေနာ္..နင္ပဲ ငါ့႐ုံးခန္းထဲကို
လာၿပီး နင့္အစီအစဥ္ကို ေျပာျပၿပီး..ငါ့ကို
အကူအညီေတာင္းခဲ့တာေလ..ေသခ်ာ
ျပန္စဥ္းစားၾကည့္ပါအုန္း...."

" ႐ွင္...! ကြၽန္မ ႐ွင့္လုပ္ငန္းေတြနဲ႔ တြဲလုပ္
ေပးတယ္ေလ..."

" မေက်နပ္ရင္ ႐ွယ္ယာျပန္ထုတ္သြားလိုက္ "

" ဂြၽန္ဟြာအင္း !! "

" ဘယ္လိုေတာင္ ရဲတင္းတာလဲ...ငါ့နာမည္ကို ဘယ္လိုေတာင္ အဆင့္မ႐ွိတဲ့ ေလသံနဲ႔
ေျပာေနတာလဲ "
ဂြၽန္ဟြာအင္းသည္ ထရပ္လိုက္ရင္း ခြၽဲဟာယြန္းဆီကို တစ္လွမ္းခ်င္း တိုးသြားကာ
ေအးစက္စက္ ​ဆိုသည္ ။

ခြၽဲဟာယြန္းသည္ သူမထက္ ႀကီးသည့္
အ႐ွိန္အဝါကို ၾကည့္ရင္ တုန္ယင္လာသည္။
" အမွန္ဆို..နင္ ငါ့ဆီမွာ အခုလို လုပ္ေနရမွာ
မဟုတ္ဘူး...နင့္လုပ္ငန္းေတြကို ရဲေတြဆီ
သတင္းေပးတဲ့ လူဆီသြားရမွာ..."

" အဲ့လူက ဘယ္သူလဲ ! "
ခြၽဲဟာယြန္းသည္ ပက္ခနဲ ။

" Jeon JungKook "

" ဘာ !! သူက ေထာင္ထဲမွာ မဟုတ္ဘူးလား "

" တုံးလိုက္တဲ့ ေကာင္မေလးရယ္..နင္
အ,လြန္းတာပဲ...သူ ျပန္လြတ္လာတာျဖင့္
တစ္လေက်ာ္လို႔ သူ႕ကုမၸဏီကိုေတာင္
ငါ့ဆီက ျပန္ယူသြားၿပီးၿပီ..."

ဂြၽန္ဟြာအင္းသည္ ေနာက္ဆုံး စကားတြင္
မႀကိတ္မခဲႏိုင္သည့္ ေလသံမ်ား ပါဝင္ေနသည္ ။

အမွန္ေတာ့ JungKook၏ လက္ေအာက္က
လုပ္ငန္းေတြရဲ႕ တစ္လစာ ဝင္ေငြသည္
သူမ၏ ဖက္႐ွင္ လုပ္ငန္းမ်ား၏ တစ္ႏွစ္စာ
ဝင္ေငြႏွင့္ ယွဥ္ႏိုင္သည္ ။ ဒါေၾကာင့္
JungKook၏ လုပ္ငန္းမ်ားကို သူမ
အလြန္အမင္းလိုခ်င္ေနျခင္း ျဖစ္သည္ ။

" အဲ့ေကာင္-အဲ့ေကာင္..အခု ႐ုံးခန္းမွာ
႐ွိေနမလား..."

" ႐ွိမွာေပါ့..."

ခြၽဲဟာယြန္းသည္ ႏႈတ္ဆက္စကားပင္
မဆိုႏိုင္ဘဲ အျမန္ထြက္သြားသည္ ။

" ေနာက္တစ္ခါ အဲ့မိန္းမ ထပ္လာရင္
ရဲကို တန္းေခၚလိုက္..ၾကားလား.."

" ဟုတ္ကဲ့ပါ...သခင္မႀကီး "

×

JungKookသည္ ေလေလးခြၽန္ေနရင္း
နာရီကိုၾကည့္လိုက္ ဖုန္းကို ၾကည့္လိုက္
လုပ္ေနသည္ ။

" 5 "

" 4 "

" 3 "

" 2 "

" 1...."

" Jeon JungKook !! "
JungKook၏ စကၠန္႔ ေရတြက္သံအၿပီး
JungKook၏ ႐ုံးခန္းအတြင္းသို႔ ေသြး႐ူးေသြးတန္း ဝင္ခ်လာသည့္ ခြၽဲဟာယြန္း။

" မေတြ႕ရတာ ၾကာၿပီေနာ္...ခြၽဲဟာယြန္း "

" ငါ့ကိစၥေတြကို နင္ဘာလို႔ ဝင္႐ႈပ္ေနတာလဲ
Jeon JungKook !! "

" ဟင္..ဘာေတြ လာေျပာေနတာလဲ...
ငါ ဘာမ်ား လုပ္မိလို႔တုန္း..."
JungKook၏ မ်က္ႏွာသည္ အမွန္တကယ္
ဘာမွ မသိသည့္ပုံစံ ယူထားသည္ ။

" နင္..နင္..ငါ့လုပ္ငန္းေတြကို ရဲလက္အပ္
တာေလ.."

" နင့္ ဘယ္လုပ္ငန္းကို ငါ ရဲလက္အပ္မိ
လိုက္လို႔လဲ..."

" နင္ ငါ့ ေဆးေရာင္းဝယ္ေရးလုပ္ငန္းေနရာ
ေတြကို ရဲေတြဆီ သတင္းေပးလိုက္တယ္ေလ !! "

" Ohhh "
JungKook တမင္တကာ အံ့ၾသသည့္ ပုံစံ
လုပ္္လိုက္သည္ ။

" နင္က မူးယစ္ေဆးေရာင္းမွန္း ငါမသိခဲ့ပါဘူး ခြၽဲဟာယြန္း...ငါက ဒီတိုင္း ႏိုင္ငံအတြက္
လုပ္ေပးခဲ့တာပါ..."

" အပိုေတြ မေျပာနဲ႔ !!! "

" အာ....မေအာ္ရဘူးေလ..အခ်ိန္နဲ႔အခါနဲ႔
သင့္ေလ်ာ္ေအာင္ ေနထိုင္တတ္ရမယ္ေလ "

ခြၽဲဟာယြန္း၏ မ်က္လုံးေတြသည္ ေဆးသုံစြဲမႈတို႔ေၾကာင့္ ရဲေတာက္ေနသည္ ။ ယိုင္နဲ႔နဲ႔ျဖင့္
JungKookနားကို သြားၿပီး ႐ုတ္တရက္
ဒူးေထာက္ခ်လိုက္သည္ ။

" အိုမို..ဘာလုပ္တာလဲ..."

ခြၽဲဟာယြန္းသည္ အံႀကိတ္လိုက္ၿပီး
JungKook၏ ေျခေထာက္တစ္ဖက္ကို
လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္သည္ ။

" ေက်းဇူးျပဳၿပီး ဒီအမႈကေန ငါ့ကို ကယ္ေပးပါ..ငါသာ ေထာင္က်သြားရင္ ငါ့လုပ္ငန္းေတြအကုန္ ပ်က္စီးသြားကုန္လိမ့္မယ္..."

" ကူညီေပးပါ.."
သူမ၏ ပုံစံသည္ အျခားလူျမင္လွ်င္
ခ်က္ခ်င္း ကူညီေပးခ်င္ေလာက္ေအာင္ကို
သနားစဖြယ္ ျဖစ္ေနသည္ ။

" ေအာ္....ကူညီေပးရမွာလား..."
JungKookသည္ စိတ္မေကာင္းျဖစ္သြားသည့္ဟန္ လုပ္သည္ ။

" ကူညီမွာလား..."

" ဘာေတြ ေမွ်ာ္လင့္ေနတာလဲ..hk..."
JungKookသည္ ​သူ႕ေျခေထာက္ကို
ခြၽဲဟာယြန္း၏ လက္တို႔ၾကားမွ ဇတ္ခနဲ
႐ုန္းထြက္လိုက္သည္ ။ ထိုအခါ သူမသည္
႐ုပ္ပ်က္ဆင္းပ်က္ ျပဳတ္က်သည္ ။

" ဟက္..ရယ္စရာေကာင္းလိုက္တာ..."

" နင္..နင္ ငါ့ကို ေလွာင္တာလား Jeon
JungKook..."

" မေလွာင္ရဲပါဘူး..."
JungKookသည္ မေလွာင္ဘူးသာ ေျပာတာ
မ်က္ႏွာေပးသည္ လုံးဝ သူမအျဖစ္ကို
ေလွာင္ေနသည့္ ပုံစံ ။

" နင္ ဘာလို႔ အဲ့ေလာက္ ယုတ္မာရတာလဲ !! "

ထိုစကားၾကားသည့္အခါ JungKook
မ်က္ႏွာသည္ ေအးစက္သြားသည္ ။

" ဘယ္သူ အရင္ယုတ္မာခဲ့တာလဲ..ခြၽဲဟာယြန္း..ဒီကစားပြဲကို အရင္စခဲ့တာ..မင္းပဲေလ "
" မင္း ငါနဲ႔ေမာင့္တုန္းက ဘယ္လိုလုပ္ခဲ့သလဲ..ငါ့ေရာဂါကို ခုတုံးလုပ္ၿပီး မင္း
ယုတ္မာခဲ့တယ္ေလ.."

" ငါက နင္တို႔ဆီက ငါ့အ႐ွက္နဲ႔ တန္တဲ့ဟာကို
ျပန္ယူခဲ့တာ...ငါမမွားဘူး..."
ခြၽဲဟာယြန္းက မ်က္ႏွာေျပာင္တိုက္စြာ
ေျပာသည္ ။

" ဒါဆိုလည္း အဆုံးထိ ေလွ်ာက္ေလ...
ဘာလို႔ အဆုံးက်မွ ျမင္မေကာင္းေအာင္
တုန္လႈပ္ေနရတာလဲ..."

" ငါ Park Jiminကို မသတ္ခဲ့ဘူးေလ....
သတ္ခဲ့တာက နင္ေလ...ငါက နင့္ကို
သတ္ဖို႔ပဲ ခိုင္းခဲ့႐ုံ..."

" ......ေနာက္တစ္ေခါက္ေလာက္ ျပန္ေျပာ
ပါလား...ေသေသခ်ာခ်ာေလး ၾကားခ်င္လို႔ "

" ငါက နင့္ေရာဂါကို ေဖာက္လာေအာင္
ေဆးတိုက္ၿပီး Park Jiminကို သတ္ခိုင္းခဲ့တာလို႔ !!!! ရၿပီလား..​ြေးမသားရဲ႕.."
အမွန္ေတာ့ ခြၽဲဟာယြန္းသည္ မူးယစ္ေဆး
သုံးစြဲမႈ မ်ားတာေၾကာင့္ စိတ္တို႔ သိပ္မူမမွန္ကာ ထိန္းခ်ဳပ္မရေတာ့ေပ ။

" ႐ိုင္းစိုင္းလိုက္တာ "
JungKookသည္ မထီတထီ မ်က္ႏွာေပးႏွင့္ ။

" ငါ့ကို ကူညီေပး..ငါ့ကို ကူညီေပးလို႔. !!
အေကာင္ရဲ႕ !! "
ခြၽဲဟာယြန္းသည္ စိတ္လြတ္သြားဟန္ျဖင့္
သူမနားက ေဘာပင္ခြက္ထဲမွ ဓားတိုကို
ေကာက္ကိုင္ၿပီး သူ႕ကို ထိုးရန္ျပင္လိုက္သည္။

" အခုခ်က္ခ်င္း..လက္နက္ခ်ၿပီး အဖမ္းခံပါ
ခြၽဲဟာယြန္း ! "
အခ်ိန္ကိုက္ ဝင္ေရာက္လာသည့္ ရဲမ်ား ။

" Perfect timing ! "
JungKookက ခပ္တိုးတိုး ေရ႐ြတ္သည္ ။

" နင္ ဘယ္တုန္းက ရဲကို ေခၚလိုက္တာလဲ
Jeon JungKook "

" သူတို႔က နင္ မေရာက္ခင္ကတည္းက
႐ွိေနၾကတာ..."
ဒါေၾကာင့္ သူမ ေသြး႐ူးေသြးတန္းဝင္လာတာကို မည္သူကမွ် မတားၾကတာကိုး ။

" နင္..နင္ အက်င့္မေကာင္းတဲ့အေကာင္ ! "
ခြၽဲဟာယြန္းသည္ လက္ထိပ္နဲ႔ရဲေတြၾကား
႐ုန္းကန္ေအာ္ဟစ္ရင္း ပါသြားသည္ ။

" ပူးေပါင္းေပးလို႔ ေက်းဇူးတင္ပါတယ္..."

" ရပါတယ္..ဒါလုပ္ေပးရမွာပဲေလ...ေအာ္
ဒါနဲ႔...စုံေထာက္ႀကီး..ေစာနက ၾကားလိုက္
တယ္မလား...လြန္ခဲ့တဲ့ ၂ႏွစ္က ကြၽန္ေတာ္႕
အမႈမွာ သူက ႀကိဳးကိုင္ခဲ့တဲ့သူဆိုတာ..."

" ဟုတ္ကဲ့..က်ဳပ္ၾကားလိုက္ပါတယ္...
Mr Jeonသာဆႏၵ႐ွိမယ္ဆို က်ဳပ္ အဲ့အမႈကို
က်ဳပ္ျပန္လိုက္ေပးပါ့မယ္..."

" အဲ့ဒီလိုသာဆို ေက်းဇူးတင္မိမွာေပါ့ "

×

" ေမာင္..."

" ေမာင္သိလား...ဒီေန႔ေလ ေမာင့္ကို
အခုလို ျဖစ္ေအာင္ လုပ္တဲ့ မိန္းမကို က်ဳပ္
သူနဲ႔ တန္တဲ့ အျပစ္ရေအာင္ လုပ္ႏိုင္ခဲ့ၿပီ "

" ေမာင္ အဲ့ဒါကို ၾကည့္ၿပီး ေအာင္ပြဲခံရမယ္ေလ..ေမာင္ အခုလိုႀကီး အိပ္မေနပါနဲ႔ေတာ့.."
JungKookသည္ မ်က္ရည္ေတြ စီးက်လာသည္ ။

" ေမာင္ ရာ....."
JungKookသည္ ေမာင္နဲ႔ ဆန္႔က်င္ဘက္ကိုသာ မ်က္ႏွာမူလိုက္မိေတာ့သည္ ။

ေသြးရည္ေတြ....
ဘယ္ကိုၾကည့္ၾကည့္ ေသြးေတြပဲ သူျမင္ေနရေတာ့သည္ ။ သူသည္ ယခု တဒုတ္ဒုတ္
ခုန္ေနဆဲ ႏွလုံးႀကီးထဲမွာ ျဖစ္သည္ ။
အသက္တစ္ခ်က္႐ိႈက္တိုင္း ေသြးညႇီနံ႔ေတြကို
သာ ရေနသည္ ။

" Ahhh "
ဦးေခါင္းကို သံအခြၽန္ႏွင့္ ထိုးဆြသလို
နာက်င္လာသည္ ။ ခႏၶာကိုယ္သည္လည္း
ကြဲအက္မတက္ က်ဥ္တက္လာသည္ ။

" Jeon..! "
သူ အားကိုးတႀကီး ေခၚမိတာ Jeon ။
Jeon နာမည္ကိုေခၚလိုက္တိုင္း နာက်င္မႈေတြ
ေလ်ာ့ပါးလာသည္ ။

" Jeon ! ! "

တီခနဲ တီခနဲ ျမင့္တက္လာတဲ့ နံပါတ္ေတြ ။
JungKook အလန္႔တၾကား လွည့္ၾကည့္မိသည္ ။ ေမာင့္၏ ႏွလုံးခုန္ႏႈန္းသည္
အလြန္အမင္း ျမန္ဆန္လာကာ ေသသြားႏိုင္သည္။

" ေမာင္...ေမာင္ ! "

ဟင္! Jeon၏ ေခၚသံငယ္....

" JEON ! ဘယ္မွာလဲ "

" ေမာင္ သတိထားအုန္း ! "
Jeonသည္ ျပာယာခတ္ေနကာ ဆရာဝန္ကို
အျမန္ေခၚလိုက္သည္ ။

" မဟုတ္ဘူး..မဟုတ္ဘူး.."
ႏွလုံးခုန္ႏႈန္းေတြက သတ္မွတ္ခ်က္ကို
ေက်ာ္လြန္ေတာ့မည္ ။ Jeonသည္
ဘာလုပ္မွန္းမသိေတာ့ပဲ ေမာင့္လက္ဖဝါးကို
သာ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။

သူ ေ႐ွ႕က ေသြးရည္ေတြထဲကေန ထြက္ေပၚလာသည့္ လက္တစ္ဖက္ ။ သူသည္
ဘာမွ မစဥ္းစားေတာ့ဘဲ ထိုလက္ကို
ဆြဲကိုင္လိုက္ၿပီး ဒီေသြးေတြၾကားမွ ႐ုန္းထြက္
လိုက္ေတာ့သည္ ။

" ေမာင္ !! "

"  Jeon ! "

႐ုတ္တရက္ Jiminဆီမွ ျပင္းစြာ႐ိႈက္လိုက္ေသာ အသက္႐ွဴသံတစ္ခု ေပၚထြက္လာၿပီး
ႏွလုံးခုန္ႏႈန္းသည္ ျပန္လည္ၿငိမ္သက္သြားသည္ ။

ယခုမွ ေရာက္လာေသာ ဆရာဝန္ႏွင့္
JungKookသည္ ေၾကာင္အစြာ ေမာင့္ကို
ၾကည့္ေနမိသည္ ။

" ဟင္..! လက္..လက္ လႈပ္လာတယ္ "

JungKookသည္ ေသခ်ာေအာင္ အတည္ျပဳ
သည္ ။ ေမာင္၏ မ်က္ေတာင္ေလးေတြ
လႈပ္ခတ္လာၿပီး နီက်င့္က်င့္ မ်က္ဝန္းေတြကို
ျပန္ျမင္ရခ်ိန္မွာ JungKookသည္ သက္ျပင္းခ်လိုက္ႏိုင္ၿပီး ၾကမ္းျပင္ေပၚကို
ထိုင္ခ်လိုက္ေတာ့သည္ ။

" ေမာင္ Jeonဆီကို ျပန္လာၿပီပဲ..."
×

ဆ်ာပတ္ ကမ္းဘတ္ !! အခ်ိဳေလးေတြ
ေကြၽးဖို႔ ေတြးထားပါတယ္🤓

AlexandrineKim(2032023)

Bạn đang đọc truyện trên: AzTruyen.Top