13

Unicode

ထောင်၏ဂိတ်ဝ ပိတ်သွားချိန်မှာ JungKook
သည် မထိတွေ့ရတာကြာပြီဖြစ်သော ပြင်ပ၏
လေကို ရှူရှိုက်လိုက်သည် ။

" ဟိုမှာ SeokJinမလား..."
ဘေးမှ ဂင်ဒို၏စကား ။

" အေး ဟုတ်တယ်..ငါတို့ကို လာကြိုတာ
ထင်တယ် "

" သခင်လေး Jeon "
ရုတ်တရက် အနားကိုပြေးလာပြီး ခါးကို
ကိုင်းညွတ်ကာ နှုတ်ဆက်လိုက်တဲ့ ကောင်လေး တစ်ယောက်ကြောင့် Jeonကြောင်အ
သွားသည် ။

" ဘယ်သူလဲ ? "

" ကျွန်တော်က အထိန်းတော် Hwaရဲ့သားပါ..
အဖေက သခင်လေးကို ကြိုဖို့ လွှတ်လိုက်တာပါ "

Jeonမျက်နှာ ရုတ်တရက် တင်းမာသွားသည်။
" မင်းတို့ကို ဂျွန်ဟွာအင်းက ခိုင်းလိုက်တာလား.."

" မဟုတ်ပါဘူး...ကျွန်တော်တို့ သားအဖက
Jeonတွေ အတွက်ပဲ အလုပ်လုပ်ပေးတာပါ "
ထိုစကားကြားတော့ Jeonက ခပ်ပါးပါး
ပြုံးပြန်တယ် ။

" ငါတော့ Seokjinနဲ့ပဲ သွားတော့မယ်..."

" အင်း...ငါနောက်ကျ ဆက်သွယ်မယ်နော် "
ဂင်ဒိုက အိုကေ ပုံစံလုပ်ပြပြီး SeokJinနဲ့
ထွက်သွားသည် ။

JungKookသည် ရပ်ထားသော အနက်ရောင်
ကားလေးပေါ်ကို တက်လိုက်သည် ။ ကားထဲ
ဝင်ထိုင်လိုက်သည်နှင့် ဆုံးရှုံးလိုက်သော
အရှိန်အဝါများ ပြန်လည် ရရှိလာသလို
ခံစားလိုက်ရသည် ။

" သခင်လေး..ကျွန်တော် သခင်လေးရဲ့
ကွန်ဒိုကို ခေါ်သွားပေးမယ်နော် "

" ငါ့ ကွန်ဒို..? အဲ့ဒါကို ဂျွန်ဟွာအင်း
မသိမ်းလိုက်ဘူးလား..."

" အဖေက ကောင်းကောင်း ဝှက်ထားပေးခဲ့ပါတယ်..ယူဟွာအင်း မသိခဲ့ဘူး .."

" ဟက်...အဲ့ဒါဆိုရင်တော့ ငါပြန်စဖို့
သိပ်မခက်တော့ဘူး..."

JungKookသည် သူ့ကိုယ်ပိုင်ကုမ္ပဏီမှ
ရသမျှ အမြတ်အစွန်းသာမက ငွေကြေး
အားလုံးကို စုဆောင်းသိမ်းထားခဲ့သည် ။
ဤသည်တို့ သိမ်းဆည်းရာသည် သူ၏
ကိုယ်ပိုင် ကွန်ဒို တစ်လုံးတွင်ဖြစ်သည် ။
ဂျွန်ဟွာအင်း မသိအောင် တိတ်တဆိတ်
ဝယ်ယူထားခြင်း ဖြစ်သည် ။ ထိုကွန်ဒိုထဲတွင်
ရှိသော စည်းစိမ်များသည် Jeonအိမ်တော်
ပိုင်ဆိုင်မှုနီးနီးပင် ရှိသည် ။

" ဒါက သခင်လေး Jeonရဲ့ ကုမ္ပဏီလုပ်ငန်း
မှာ ကျန်ရှိနေတဲ့ ရှယ်ယာတွေပါ.."

" ၄၀% ကျန်သေးတာပဲ.."

" ဟုတ်တယ် သခင်လေး..ယူဟွာအင်းက
သခင်လေး ဒီက လွတ်ဖို့ လိုသေးတာမို့
ဖြည်းဖြည်းချင်းပဲ ထုတ်ပြီး သူ့ဘက်ကို
ပြောင်းနေတာ "

" ငါ့ကို လျှော့တွက်တာပဲ...."

" သခင်လေး နောက်နှစ်မှသာ လွတ်ရင်
သခင်လေးရဲ့ လုပ်ငန်းပိုင်ဆိုင်မှုအကုန်
ယူဟွာအင်းဆီ ပါသွားတော့မှာ..
အဖေကလည်း သခင်လေး လုပ်ငန်းနဲ့
ပတ်သက်တာကျ ကြားကနေ သခင်လေး
ပြန်လွတ်လာတဲ့အထိ ဝင်ထိန်းထားပေးခွင့်
မရှိလို့ သခင်လေးကို အမြန်ပြန်လွတ်အောင်
ကြိုးစားခဲ့တာပါ "

" ဆိုတော့ကာ...ဒီလွတ်ငြိမ်းချမ်းသာခွင့်က.."

" ဟုတ်ပါတယ်..သခင်လေးနဲ့ သခင်လေး
အခန်းဖော်နှစ်ယောက်တည်းပါပဲ..."

" အခုလို ကြိုးစားထားပေးတာ ကျေးဇူးပါပဲ "

" ဒါ ကျွန်တော်တို့ လုပ်ပေးရမဲ့ အရာပါပဲ..
ဒါနဲ့ သခင်လေး...."
ထိုကောင်လေးက သူ့ကို ဖိုင်တစ်ခု
ကမ်းပေးလာသည် ။

" ဟို...Park Jiminရဲ့ ဒီနှစ်နှစ်အတွင်း
ကျန်းမာရေး အခြေအနေတွေပါ "

" ဘာမှ မတိုးတက်လာခဲ့ဘူးတဲ့လား..."
JungKookသည် စိတ်ပင်ပန်းစွာ ကား၏
နောက်မှီဆီ မှီချလိုက်သည် ။

×

အဖြူရောင် လေဟာပြင်လို့ ပြောရမလား..
သူ့ဘေးနားမှာ ရှိနေတဲ့ အဖြူရောင်
အစိုင်အခဲတွေက လွင့်ပျံ့နေသည် ။
သူ ထိုအစိုင်အခဲတစ်ခုချင်းစီကို ထိကြည့်
မိသည်နှင့် အမှုန့်တွေအဖြစ် လွင့်ပျံ့သွားသည် ။

အဖြူရောင်တွေကြားမှာ ထင်းနေတဲ့
အနီရောင် အစိုင်အခဲတစ်ခု ။ သူသည်
ထိုအနီရောင် အစိုင်အခဲကို ထိတွေ့လိုက်သည် ။ ထိုအနီရောင် အစိုင်အခဲက တခြား
အစိုင်အခဲတွေလို အမှုန့်အဖြစ် လွင့်ထွက်
မသွားဘဲ အရည်တွေ အဖြစ်စီးကျလာသည်။

...သွေး..သွေးတွေ...

လှိုင်ခနဲ ထလာတဲ့ သွေးညှီနံ့တွေနဲ့အတူ
သူ သွေးပျက်သွားသည် ။ သွေးရည်တွေက
ပျံ့နှံ့ မစီးဆင်းသွားဘဲ သူ့ဆီကိုသာ ဦးတည်
ပြီး စီးဆင်းလာသည် ။ အရိပ်မဲတစ်ခုလို
သူ့ကို အုပ်မိုးရန် ကြိုးစားလာသည် ။

သူ ခြောက်ခြားစွာ ဦးတည်ရာမဲ့ ပြေးနေမိသည် ။ သို့သော် သွေးရည်တွေက သူ့ကို
မိသွားသည် ။ သွေးရည်တွေကနေ သွေးမျှင်
တွေ အဖြစ် ပြောင်းလဲလာပြီး သူ့ ခန္ဓာကိုယ်ကို တွယ်ကပ်လာသည် ။

သူ့မျက်လုံးနှင့် နှာခေါင်းတို့မှလည်း
သွေးတွေ စီးကျလာသည် ။ သူ့ရှေ့တည့်တည့်မှာလည်း သွေးရည်တချို့ စုစည်းပြီး
တဒုတ်ဒုတ် ခုန်နေသည့် နှလုံးကြီးတစ်ခု
ဖြစ်လာသည် ။  သွေးရည်တွေကို ထိုနှလုံးကြီးက စုပ်ယူနေသည် ။ သူသည်လည်း
ထိုနှလုံးကြီးဆီကို ရွေ့သွားနေသည် ။

....မဟုတ်ဘူး...ကယ်ပါအုန်း...

အကူအညီကို သူ တောင်းနေမိသည် ။
သို့သော် ဤနေရာတွင် သူနဲ့ ရဲရဲနီ နှလုံးကြီး
က လွဲ၍ မည်သူမျှ မရှိ ။

Jeonရေ.....

Jeonရေ...မောင့်ကို ကယ်ပါအုန်း.....

Jeon.....!

ရုတ်တရက် JungKookသည် အိပ်ပျော်
နေရာမှ နိုးသွားသည် ။ သူ အိမ်မက်လား
လက်တွေ့လား မသဲကွဲပေမဲ့ မောင့်ခေါ်သံကို
ကြားလိုက်ရသည် ။

သူ ကွန်ဒို ရောက်ရောက်ချင်း ဂျွန်ဟွာအင်း
ဆီမှ သူ့အပိုင် ရှယ်ယာနှင့် လုပ်ငန်းတချို့ကို
ပြန်ယူရန် စီစဥ်မိသည် ။ ဤသို့ လုပ်နေတုန်း
သူ မောင့် အကြောင်းကလည်း ခေါင်းထဲ
ရောက်လာပြန်သည် ။ သူ မောင့်ကို
သွားမတွေ့ရသေးပေ ။ အမှန်တော့ မောင်
ရှိနေသည့် နေရာကို စုံစမ်းဆဲ ဖြစ်တာကြောင့်
ဖြစ်သည် ။

..မောင် အဆင်မှ ပြေရဲ့လား..

တစ်ဖက်တွင်လည်း....

" Drရေ...သူ-သူ နှလုံးခုန်နှုန်းတွေ ပိုကျနေ
တယ်.."
ယူဆိုရာသည် ဆရာဝန်လက်ကို အပြေးဆွဲရင်း ပြောသည် ။

" ဘယ်လို ဖြစ်တာလဲ.."

" ကျွန်မလည်း မသိဘူး..သူ့ကို ရေပတ်တိုက်
ပေးနေတုန်း အသက်ရှူနှုန်းနဲ့နှလုံးခုန်နှုန်း
အရင်ထက် ပိုကျလာတယ် "

" ကြည့်ရတာ သခင်လေးရဲ့ ဦးနှောက်က
ကြာကြာအလုပ်မလုပ်နိုင်တော့ဘူး ထင်တယ် "
" Dr ပြောချင်တာက.."

" ဟင်း....သူဌေးကတော် စိတ်ကို ပြင်ဆင်
ထားပါ သခင်လေး အခြေအနေက
သိပ်မခံနိုင်တော့ဘူး ထင်တယ် "

ယူဆိုရာ မျက်လုံးတွေ ဝိုင်းခနဲ ။
" ရှင်..? ကျွန်မသားက..."

"  ဟုတ်တယ်..သူဌေးကတော် သူ့ကို
လက်လျှော့ရတော့မဲ့ အခြေအနေနဲ့ နီးနေပြီ "

" မဟုတ်ဘူးလေ..ကျွန်မတို့ နှစ်နှစ်အတွင်းမှာတောင် ဘာမှ ဖြစ်တာ မဟုတ်ဘူးလေ.."

" အမှန် ဒီနှစ်နှစ်အတွင်းမှာ တစ်ခုခု
ထူးခြားခဲ့ရင်တောင် ကျွန်တော်တို့ ပိုပြီး
မျှော်လင့်လို့ ရနိုင်ခဲ့မှာ..."

ယူဆိုရာသည် မျက်ရည်များစွာဖြင့်
လှဲအိပ်နေဆဲ သား၏ နဖူးလေးကို ခပ်ဖွဖွ
ပွတ်သပ်လိုက်သည် ။

" သူ..သူ ဘယ်လောက်ထိ ခံမလဲ "

" နှစ်လ အများဆုံးပဲ...ဒီအတွင်း နိုးလာရင်တော့ အခြေအနေက ပြောင်းချင်ပြောင်းသွား
နိုင်ပေမဲ့ သခင်လေးက အခုထိ ဘာမှကို
မထူးခြားလာခဲ့တာကြောင့် နှစ်လပဲ ခံနိုင်ချေရှိတော့တာပါ "

" ဒီအတွင်း နိုးလာခဲ့ရင်ရော..."

" ဒါဆိုရင်တော့ သေချာပေါက် ဒီတောင်ကို
ကျော်လွှားနိုင်ခဲ့ပြီပေါ့...အခု အခြေအနေက
သခင်လေးက မနိုးလာလို့ ဖြစ်လာတဲ့
အခြေအနေပါပဲ..အဓိကက သခင်လေးရဲ့
ဦးနှောက် ပုံမှန် ပြန်အလုပ်လုပ်လာဖို့ပဲ "

" ဒါပေမဲ့ ကျွန်တော်တို့ နှစ်နှစ်အတွင်း
ရသမျှနည်းနဲ့ နိုးလာအောင် ကြိုးစားခဲ့တယ်
မဟုတ်လား...ဒါပေမဲ့ တစ်ခုမှ အလုပ်မဖြစ်ခဲ့
ဖူးလေ...အခု ကျွန်တော်တို့မှာ ဘာမှ လုပ်ဖို့
မကျန်- "

" မဟုတ်ဘူး...! တစ်ခုကျန်သေးတယ်...
အဲ့တစ်ခု-တစ်ခုက အလုပ်ဖြစ်နိုင်တယ် "

ယူဆိုရာ တစ်စုံတစ်ယောက်က်ု အမြန်
ဖုန်းခေါ်လိုက်သည် ။
" ဦးလေး Hwa..."

×

" Dan...နေရာသိရပြီလား..."

" ...... "

" အေး ငါ အခု သွားလိုက်မယ်.."

Danသည် အထိန်းတော် Hwaသား၏နာမည်
ဖြစ်သည် ။ Danပေးသည့် လိပ်စာအတိုင်း
သူ သွားလိုက်သည် ။ ဂျွန်ဟွာအင်းတောင်
စုံစမ်းမရသည့် လိပ်စာကို Danမည်သို့မည်ပုံ
စုံစမ်းလိုက်ပါလိမ့် ။

" ယူဆိုရာနဲ့ အဖေနဲ့က အဆက်အသွယ်
ရှိတယ်...ယူဟွာအင်းဘက်က လုပ်ကြံဖို့
လွှတ်လိုက်သမျှ လူတိုင်းကို အဖေက
တားပေးခဲ့တာ..."

" ကောင်းပြီ..ငါ အဲ့ဒီကို ရောက်တော့မယ် "

နေရာက မြို့နဲ့ အနည်းငယ် အလှမ်းဝေးသည့်
ဆိတ်ငြိမ်ရပ်ကွက်ထဲတွင် ဖြစ်သည် ။
ဘဲလ်တီးလိုက်တော့ ထွက်လာတာ ယူဆိုရာ။
သူ့ကို မြင်တော့ အံ့သြသွားသည် ၊ နောက်တော့ ဝင်ခွင့်ပေးသည် ။

" သားကို လာတွေ့တာမလား.."
ယူဆိုရာ၏ အမေးကို JungKookခေါင်းငြိမ့်
အဖြေပေးလိုက်သည် ။

အခန်းတစ်ခုကို သူမက လိုက်ပို့ပေးပြီး
ပြန်ထွက်သွားသည် ။ အသက်ပြင်းပြင်းရှူပြီး
အထဲကို ဝင်လိုက်သည် ။

" ကျေးဇူးပြုပြီး..အလုပ်ဖြစ်ပါစေ..."

များလှစွာသော စက်ကိရိယာတွေကြား
လှဲအိပ်နေသော မောင်က သူလိုချင်တဲ့ပုံစံ
မဟုတ်ခဲ့ ။ အပြစ်လုပ်ထားတာ သူ မလို့
သူ မောင့်ကို ထိတွေ့ရန် တွန့်ဆုတ်နေခဲ့သည်။

သို့သော်လည်း မောင့်ကို စိုက်ကြည့်ရင်း
မနေနိုင်လွန်းလို့ နီရဲရဲ ဆံနွယ်လေးတွေ
ထိတွေ့ကြည့်လိုက်သည် ။ ရုတ်တရက်
သူ့ရှေ့က မောင့်ကိုချိတ်ဆက်ထားတဲ့
စက်ပေါ်က နံပါတ်လေးတွေ မြင့်တက်သွားတာကို တွေ့လိုက်ရသည်။

" ဒါ-ဒါ အဆင်ပြေတယ် "
ဘေးနားကို ရောက်လာတဲ့ မောင့်အမေ ။

သူမက မောင့်လက်ဖဝါးတစ်ဖက်ကို
သူ့လက်ထဲ ထည့်ပေးသည် ။
" သူစောင့်နေတာ မင်းပဲ..JungKook..
သူ စောင့်ခဲ့နေတာ..."

" ဗျာ..."

" တော်သေးတာပေါ့...မင်းသာ အရောက်
နောက်ကျခဲ့ရင်.. သားကို ငါတို့ ဆုံးရှုံးရ
တော့မှာ JungKook"

"......"

" သားက နှစ်နှစ်အတွင်းမှာ ဘာမှ မတိုးတက်
တဲ့အပြင် တစ်နေ့ထက် တစ်နေ့ အခြေအနေက ဆိုးလာတယ်...နောက်နှစ်လနေလို့မှ
သူ့ အခြေအနေက နည်းနည်းမှ မတိုးတက်
လာဘူးဆိုရင် သူ့ကို ငါတို့ လက်လျှော့ရတော့မှာ.."

JungKookသည် ထိတ်ပျာသွားသည် ။
ဘယ်လောက်တောင်မှ စွန်းစွန်းလေးပဲ
လိုတော့တဲ့ အခြေအနေတစ်ခုလဲ ။

" မောင်က အဲ့ဒီလောက်တောင်မှ အခြေအနေ
ဆိုးခဲ့တာလဲ "

" ဟုတ်တယ် JungKook...အန်တီ အမျိုးမျိုး
ကြိုးစားပေးခဲ့ပါတယ်..ဘာမှ မထူးခြားလာ
ခဲ့ဘူး...တစ်နေ့ထက် တစ်နေ့ အသက်ရှူနှုန်းနဲ့
နှလုံးခုန်နှုန်းကျလာတာပဲ ရှိတယ်...အခုမှ
..အခုမှ..ပထမဆုံး ပြန်တက်လာတာပဲ..."

JungKook, မောင့် လက်ဖမိုးလေးကို
ခပ်ဖွဖွ နမ်းလိုက်သည် ။ တီခနဲ ၊ တီခနဲ
ပြန်တက်လာတဲ့ နံပါတ်လေးတွေကြည့်ရင်း
သူရော မောင့် အမေရော နှစ်နှစ်ခြိုက်ခြိုက်
ပြုံးလိုက်ကြသည် ။

" ဘယ်တုန်းက လွတ်လာတာလဲ..JungKook"

" တစ်ပတ်လောက် ရှိပါပြီ...ပြီးတော့...
တောင်းပန်ပါတယ်..."

" ဘာကိုလဲ JungKook..."

" ဖြစ်သွားခဲ့တဲ့ ကိစ္စတွေအတွက်ပါ.."

" မင်းမလုပ်တာ အန်တီသိပါတယ်.."

" အန်တီ ကျွန်တော့်ကို ယုံတာလား.."

" မင်း မလုပ်လောက်ဘူးဆိုတာ အန်တီ
ယုံတယ်...ဒါပေမဲ့ လုပ်တဲ့သူကိုတော့
အန်တီ ဖော်ထုတ်ချင်နေတာ..ခက်တာက
အန်တီက အသုံးမကျဘူးလေ..အခုထိကို
သားအတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလေ "

" ကျွန်တော် လုပ်မှာပါ...သွေးကြွေးအတိုင်း
ကျွန်တော် ပြန်ယူမှာပါ "

×

" သခင်-သခင်မကြီး..."

ဂျွန်ဟွာအင်း ကုမ္ပဏီထဲကို ဝင်ဝင်လာချင်း
သူမ အတွင်းရေးမှူးမလေးက တုန်တုန်ရီရီ
လာကြိုသည် ။

" ဘာဖြစ်နေတာလဲ.."

" ဟို-ဟို..အရင်ပိုင်ရှင်ပြန်ရောက်နေတယ် "

" နင် ဘာတွေလာပြောနေတာလဲ ရီဆို...
နေမကောင်းဘူးလား..မကောင်းရင်လည်း
အိမ်ပြန်-"

ဂျွန်ဟွာအင်းသည် အတွင်းရေးမှူးကို ဆူပူရင်း
ရုံးခန်းကို ဖွင့်လိုက်သည် ။ ပွင့်ဟသွားသည့်
တံခါးနောက်တွင် CEOနေရာ၌ ထိုင်နေသော
သူကို မြင်လိုက်ရသည် ။ သူမ အံ့သြလွန်းလို့
စကားတောင် ဆက်မပြောနိုင်တော့တဲ့ အထိ။

" Jeon..Jeon JungKook "

" ဟိုင်း...မတွေ့ရတာကြာပြီနော်..ဘယ်လိုလဲ
ကျုပ် နေရာမှာ အခန့်သားထိုင်ပြီး ကျုပ်
ရှာဖွေထားသမျှကို အပိုင်သိမ်းထားရတာ "

" နင် ဘယ်လိုလုပ် လွတ်လာတာလဲ..
ငါ ငါ ထောင်ကို ဖုန်းဆက်မှာ..နင်အခုတည်းက ပြေးချင်ရင် ပြေးထားလိုက်.."

" ဘာတွေ လာပြောနေတာလဲ..သွေးလေ
ခြောက်ခြားပြီး ရူးသွားပြီလား..ကျုပ်ကို
ထောင်ပြေးလာတယ်များ ထင်နေလား "

" မဖြစ်နိုင်တာ...တစ်နှစ်တောင် ကျန်သေး
တာကို..."

" ဟက်...ဒီနေ့ ရှယ်ယာရှင် အစည်းအဝေး
ရှိတယ်မလား...ကျုပ်နေရာကနေ ပစ္စည်းလေးတွေ သိမ်းထားလိုက်တော့နော်..."

" နင့်လို လူသတ်မှုနဲ့ ထောင်ထွက်ကို
ဘယ်သူကများ CEOအဖြစ် လက်ခံမယ်
ထင်နေတာလဲ..."

" အင်းနော်..ဘယ်သူများ လက်ခံမလဲ
မသိဘူးနော်..."
JungKookသည် ပြုံးစစဖြင့် ဂျွန်ဟွာအင်းကို
လှောင်သည် ။

" ယုံကြည်ချက်တွေ ရှိနေတယ်ပေါ့..
အစည်းအဝေးကျ တွေ့ကြမယ်လေ...
အခုတော့ ဒီကနေ ထွက်သွားစမ်း.."

" အိုခေပါ.."
JungKookသည် ထွက်သွားရင်း လက်ကလည်း CEO Jeon HwaInnလို့ ရေးထိုးထားသော ဖန်ပြားကို တိုက်ချသွားသည် ။

' ခွမ်း !! ´

" Opps...မရည်ရွယ်ပါဘူး..လက်က
တမင်သပ်သပ် တိုက်ချမိလိုက်တယ် ထင်တယ် "

" နင် !! "

ထွက်သွားပြီ ဖြစ်တဲ့ JungKookကျောပြင်ကို
ကြည့်ပြီး ဂျွန်ဟွာအင်းသည် တဆတ်ဆတ်
တုန်လျက် ရှိသည် ။

" အင်း...အရေးကြီးတဲ့ လူကို မေ့နေတာပဲ.."

" ဂင်ဒိုရေ...မင်း​ရထားတဲ့ သက်သေတွေ
ပို့ပေးပါအုန်း "

ဂင်ဒိုက တော်သည် ။ ထောင်ကျခဲ့သည့်
ဆေးမှုကို ကိုယ်တိုင်ပြန်လိုက်ကာ နှိုက်နှိုက်
ချွတ်ချွတ် သက်သေတချို့ပြန်ရထားသည်။
ချွဲလုပ်ငန်းစုက သူ့ကို အပြစ်ပုံချခဲ့တာကနေ
စပြီး မူးယစ်ဖြန့်ချီရေး လုပ်ငန်းအထိ ။

မနေ့ကလည်း ချွဲဟာယွန်းတို့ရဲ့ ဆေးရောင်းဝယ်သည့် နေရာတွေ အဖမ်းခံရသည်။ အလုပ်သမားတွေကတော့ခိုင်းသည့် လူကို
မထုတ်ဖော်သည့်အတွက် ချွဲလုပ်ငန်းစုသည်
အန္တရာယ်ကင်းနေသေးသည် ။ သို့သော်
ငွေ အမြောက်အမြား ဆုံးရှုံးသွားတာဖြစ်တာကြောင့် ချွဲဟာယွန်းတို့ မည်မျှဆွေ့ဆွေ့ ခုန်နေ
လိုက်မည်လဲ ။

" Hk..ချွဲဟာယွန်းရေ..ခဏပဲစောင့်ပါ..
သေချာပေါက် မင်းဆီကို ချစ်ဖို့ကောင်းတဲ့
အရာလေးတွေ ပို့ပေးမှာပါ ဟင်းဟင်း "
JungKookသည် ညစ်ကျယ်ကျယ် ပြုံးလိုက်
သည် ။

ရှယ်ယာရှင် အစည်းအဝေး ။

" ဒါ မသင့်လျော်ပါဘူး ရှင့်..ကျွန်မနဲ့
ရှင်တို့က ဒီနှစ်နှစ်အတွင်း လက်တွဲလာခဲ့တာ
သူက အခုမှ ထောင်က လွတ်ပြီး ပြန်ရောက်
လာတာလေ..."

" Mrs Jeon...သူက အစကတည်းက
ဒီလုပ်ငန်းရဲ့CEOလေ..Mrs Jeonက
ခဏတာပဲ ထိန်းသိမ်းပေးထားတာဆို.."

" ဒါပေမဲ့ အခု ရှယ်ယာပိုင်ဆိုင်မှုကိုကြည့်ရင်
ကျွန်မမှာ ၄၀% ရှိနေတယ်လေ..ဒါ​ကြောင့်
ကျွန်မမှာလည်း အခွင့်အရေးရှိတယ် "

" ဟိုး...နေပါအုန်း...ကျုပ်မှာလည်း ရှယ်ယာ
ပိုင်ဆိုင်မှု ၄၀%တောင် ရှိသေးတာနော်..
Mrs Jeon ရဲ့..hk.."

" ဒါပေမဲ့ ဒီက ရှယ်ယာရှင်တွေက ကျွန်မနဲ့
လက်တွဲလာခဲ့တဲ့ သူတွေမို့ သေချာပေါက်
ကျွန်မနဲ့ အတွေးတူမှာပေါ့ "

" ကျွန်တော်တို့ဘက်က အတွေးမတူကြောင်း
သေချာအောင် ပြောပြီးပြီလို့ ထင်ပါတယ်နော် Mrs Jeon..."

ဂျွန်ဟွာအင်းသည် ဒေါသတအားထွက်နေသော်လည်း ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် အတော်ထိန်းနေရသည် ။

" ဒါဆို အားလုံး သဘောတူညီချက်အရ
JeonJungKookကပဲ Crude Oilလုပ်ငန်းရဲ့
CEO ဖြစ်သွားခဲ့ပါပြီ "

လက်ခုပ်သံတွေထဲမှာ ဂျွန်ဟွာအင်းရဲ့
လက်ခုပ်သံတော့ မပါခဲ့ ။ သူမသည်
အလွန်အမင်း ဒေါသထွက်နေသည် ။
သူမ လက်ထဲ အကုန်ရောက်ခါနီးမှ
ပြန်လုယူခံလိုက်ရသလို ။

" အော်..ခင်ဗျား ယူထားတဲ့ ရှယ်ယာ ၄၀%ကို
ပြန်သွင်းရမယ်နော်.."

" ဘာကြောင့်လဲ..."

" သဘောတူညီချက်ကို မေ့သွားတာလား..
ကျုပ် ပြန်လာရင် ထိန်းသိမ်းထားသမျှကို
ပြန်ပေးရမယ်လေ "

" ရူးနေတာလား..ဒါ ငါ့အပိုင် ရှယ်ယာစုလေ "

" ခင်ဗျားက အလုပ်လုပ်တာ မတိကျဘူးပဲ..
အခုထိ အဲ့ရှယ်ယာတွေက ခင်ဗျားအပိုင်တွေ
မဖြစ်သေးဘူး..ကျုပ် နာမည်ကြီးနဲ့ ကျန်သေးတယ် "

" ဘာ..."
ဂျွန်ဟွာအင်း အလန့်တကြား ရှယ်ယာစာရင်း
ကို ပြန်စစ်သည် ။

" မဟုတ်ဘူး..! မဟုတ်ဘူး..! "

ဘာကြောင့် ရှယ်ယာဝင်တွေက သူမဘက်
မထောက်ခံတော့လည်း ဆိုတာ သူမ သိသွား
သည် ။ JeonJungKookတွင် ရှယ်ယာက
၈၀%တောင် ရှိနေတာကြောင့် အမြတ်ရမည့်
ဘက်ကိုပဲ ပါသွားကြခြင်းဖြစ်သည် ။

သူမသည် JungKook၏ ရှယ်ယာများကို
သူမနာမည်နှင့် မပြောင်းရသေးဘဲ ထိန်းသိမ်း
ထားဆဲ အခြေအနေမှာပဲ ရှိနေသေးသည် ။
သူမသည် JungKook ပြန်မလွတ်လောက်
သေးဘူး အထင်နှင့် နာမည်ပြောင်းရန်ကိစ္စကို
ဆိုင်းငံ့ထားတာ ဖြစ်သည် ။ အခု သူမ
ဘာမှ ပြန်​မပြောနိုင်တော့ပေ ။

JungKookသည် CEOနေရာတွင်ထိုင်ရင်း
ခပ်ဟဟ ရယ်နေသည် ။

" ကဲ...အခုက ချွဲဟာယွန်းရဲ့ အလှည့်ပဲ "

×

လူက စာရေးခါနီးမှ မုပျောက်သွားလို့
အပ်ပုဒိတ် ကြာသွားပါတယ် 👁👄👁
ကဲကဲ နောက်နှစ်ပိုင်းလောက်ဆို ဆျာပတ်
ပြန်ပါလာပါတော့မယ်နော် 🤥
လိုတာ ဘာရှိလဲ ပြောခဲ့ကြအုန်း 👽🙌

Btw...ဖတ်တဲ့လူ နည်းသွားတယ်နော်😩

AlexandrineKim(1932023)

Zawgyi

ေထာင္၏ဂိတ္ဝ ပိတ္သြားခ်ိန္မွာ JungKook
သည္ မထိေတြ႕ရတာၾကာၿပီျဖစ္ေသာ ျပင္ပ၏
ေလကို ႐ွဴ႐ိႈက္လိုက္သည္ ။

" ဟိုမွာ SeokJinမလား..."
ေဘးမွ ဂင္ဒို၏စကား ။

" ေအး ဟုတ္တယ္..ငါတို႔ကို လာႀကိဳတာ
ထင္တယ္ "

" သခင္ေလး Jeon "
႐ုတ္တရက္ အနားကိုေျပးလာၿပီး ခါးကို
ကိုင္းၫြတ္ကာ ႏႈတ္ဆက္လိုက္တဲ့ ေကာင္ေလး တစ္ေယာက္ေၾကာင့္ Jeonေၾကာင္အ
သြားသည္ ။

" ဘယ္သူလဲ ? "

" ကြၽန္ေတာ္က အထိန္းေတာ္ Hwaရဲ႕သားပါ..
အေဖက သခင္ေလးကို ႀကိဳဖို႔ လႊတ္လိုက္တာပါ "

Jeonမ်က္ႏွာ ႐ုတ္တရက္ တင္းမာသြားသည္။
" မင္းတို႔ကို ဂြၽန္ဟြာအင္းက ခိုင္းလိုက္တာလား.."

" မဟုတ္ပါဘူး...ကြၽန္ေတာ္တို႔ သားအဖက
Jeonေတြ အတြက္ပဲ အလုပ္လုပ္ေပးတာပါ "
ထိုစကားၾကားေတာ့ Jeonက ခပ္ပါးပါး
ျပဳံးျပန္တယ္ ။

" ငါေတာ့ Seokjinနဲ႔ပဲ သြားေတာ့မယ္..."

" အင္း...ငါေနာက္က် ဆက္သြယ္မယ္ေနာ္ "
ဂင္ဒိုက အိုေက ပုံစံလုပ္ျပၿပီး SeokJinနဲ႔
ထြက္သြားသည္ ။

JungKookသည္ ရပ္ထားေသာ အနက္ေရာင္
ကားေလးေပၚကို တက္လိုက္သည္ ။ ကားထဲ
ဝင္ထိုင္လိုက္သည္ႏွင့္ ဆုံး႐ႈံးလိုက္ေသာ
အ႐ွိန္အဝါမ်ား ျပန္လည္ ရ႐ွိလာသလို
ခံစားလိုက္ရသည္ ။

" သခင္ေလး..ကြၽန္ေတာ္ သခင္ေလးရဲ႕
ကြန္ဒိုကို ေခၚသြားေပးမယ္ေနာ္ "

" ငါ့ ကြန္ဒို..? အဲ့ဒါကို ဂြၽန္ဟြာအင္း
မသိမ္းလိုက္ဘူးလား..."

" အေဖက ေကာင္းေကာင္း ဝွက္ထားေပးခဲ့ပါတယ္..ယူဟြာအင္း မသိခဲ့ဘူး .."

" ဟက္...အဲ့ဒါဆိုရင္ေတာ့ ငါျပန္စဖို႔
သိပ္မခက္ေတာ့ဘူး..."

JungKookသည္ သူ႕ကိုယ္ပိုင္ကုမၸဏီမွ
ရသမွ် အျမတ္အစြန္းသာမက ေငြေၾကး
အားလုံးကို စုေဆာင္းသိမ္းထားခဲ့သည္ ။
ဤသည္တို႔ သိမ္းဆည္းရာသည္ သူ၏
ကိုယ္ပိုင္ ကြန္ဒို တစ္လုံးတြင္ျဖစ္သည္ ။
ဂြၽန္ဟြာအင္း မသိေအာင္ တိတ္တဆိတ္
ဝယ္ယူထားျခင္း ျဖစ္သည္ ။ ထိုကြန္ဒိုထဲတြင္
႐ွိေသာ စည္းစိမ္မ်ားသည္ Jeonအိမ္ေတာ္
ပိုင္ဆိုင္မႈနီးနီးပင္ ႐ွိသည္ ။

" ဒါက သခင္ေလး Jeonရဲ႕ ကုမၸဏီလုပ္ငန္း
မွာ က်န္႐ွိေနတဲ့ ႐ွယ္ယာေတြပါ.."

" ၄၀% က်န္ေသးတာပဲ.."

" ဟုတ္တယ္ သခင္ေလး..ယူဟြာအင္းက
သခင္ေလး ဒီက လြတ္ဖို႔ လိုေသးတာမို႔
ျဖည္းျဖည္းခ်င္းပဲ ထုတ္ၿပီး သူ႕ဘက္ကို
ေျပာင္းေနတာ "

" ငါ့ကို ေလွ်ာ့တြက္တာပဲ...."

" သခင္ေလး ေနာက္ႏွစ္မွသာ လြတ္ရင္
သခင္ေလးရဲ႕ လုပ္ငန္းပိုင္ဆိုင္မႈအကုန္
ယူဟြာအင္းဆီ ပါသြားေတာ့မွာ..
အေဖကလည္း သခင္ေလး လုပ္ငန္းနဲ႔
ပတ္သက္တာက် ၾကားကေန သခင္ေလး
ျပန္လြတ္လာတဲ့အထိ ဝင္ထိန္းထားေပးခြင့္
မ႐ွိလို႔ သခင္ေလးကို အျမန္ျပန္လြတ္ေအာင္
ႀကိဳးစားခဲ့တာပါ "

" ဆိုေတာ့ကာ...ဒီလြတ္ၿငိမ္းခ်မ္းသာခြင့္က.."

" ဟုတ္ပါတယ္..သခင္ေလးနဲ႔ သခင္ေလး
အခန္းေဖာ္ႏွစ္ေယာက္တည္းပါပဲ..."

" အခုလို ႀကိဳးစားထားေပးတာ ေက်းဇူးပါပဲ "

" ဒါ ကြၽန္ေတာ္တို႔ လုပ္ေပးရမဲ့ အရာပါပဲ..
ဒါနဲ႔ သခင္ေလး...."
ထိုေကာင္ေလးက သူ႕ကို ဖိုင္တစ္ခု
ကမ္းေပးလာသည္ ။

" ဟို...Park Jiminရဲ႕ ဒီႏွစ္ႏွစ္အတြင္း
က်န္းမာေရး အေျခအေနေတြပါ "

" ဘာမွ မတိုးတက္လာခဲ့ဘူးတဲ့လား..."
JungKookသည္ စိတ္ပင္ပန္းစြာ ကား၏
ေနာက္မွီဆီ မွီခ်လိုက္သည္ ။

×

အျဖဴေရာင္ ေလဟာျပင္လို႔ ေျပာရမလား..
သူ႕ေဘးနားမွာ ႐ွိေနတဲ့ အျဖဴေရာင္
အစိုင္အခဲေတြက လြင့္ပ်ံ႕ေနသည္ ။
သူ ထိုအစိုင္အခဲတစ္ခုခ်င္းစီကို ထိၾကည့္
မိသည္ႏွင့္ အမႈန္႔ေတြအျဖစ္ လြင့္ပ်ံ႕သြားသည္ ။

အျဖဴေရာင္ေတြၾကားမွာ ထင္းေနတဲ့
အနီေရာင္ အစိုင္အခဲတစ္ခု ။ သူသည္
ထိုအနီေရာင္ အစိုင္အခဲကို ထိေတြ႕လိုက္သည္ ။ ထိုအနီေရာင္ အစိုင္အခဲက တျခား
အစိုင္အခဲေတြလို အမႈန္႔အျဖစ္ လြင့္ထြက္
မသြားဘဲ အရည္ေတြ အျဖစ္စီးက်လာသည္။

...ေသြး..ေသြးေတြ...

လိႈင္ခနဲ ထလာတဲ့ ေသြးညႇီနံ႔ေတြနဲ႔အတူ
သူ ေသြးပ်က္သြားသည္ ။ ေသြးရည္ေတြက
ပ်ံ႕ႏွံ႔ မစီးဆင္းသြားဘဲ သူ႕ဆီကိုသာ ဦးတည္
ၿပီး စီးဆင္းလာသည္ ။ အရိပ္မဲတစ္ခုလို
သူ႕ကို အုပ္မိုးရန္ ႀကိဳးစားလာသည္ ။

သူ ေျခာက္ျခားစြာ ဦးတည္ရာမဲ့ ေျပးေနမိသည္ ။ သို႔ေသာ္ ေသြးရည္ေတြက သူ႕ကို
မိသြားသည္ ။ ေသြးရည္ေတြကေန ေသြးမွ်င္
ေတြ အျဖစ္ ေျပာင္းလဲလာၿပီး သူ႕ ခႏၶာကိုယ္ကို တြယ္ကပ္လာသည္ ။

သူ႕မ်က္လုံးႏွင့္ ႏွာေခါင္းတို႔မွလည္း
ေသြးေတြ စီးက်လာသည္ ။ သူ႕ေ႐ွ႕တည့္တည့္မွာလည္း ေသြးရည္တခ်ိဳ႕ စုစည္းၿပီး
တဒုတ္ဒုတ္ ခုန္ေနသည့္ ႏွလုံးႀကီးတစ္ခု
ျဖစ္လာသည္ ။  ေသြးရည္ေတြကို ထိုႏွလုံးႀကီးက စုပ္ယူေနသည္ ။ သူသည္လည္း
ထိုႏွလုံးႀကီးဆီကို ေ႐ြ႕သြားေနသည္ ။

....မဟုတ္ဘူး...ကယ္ပါအုန္း...

အကူအညီကို သူ ေတာင္းေနမိသည္ ။
သို႔ေသာ္ ဤေနရာတြင္ သူနဲ႔ ရဲရဲနီ ႏွလုံးႀကီး
က လြဲ၍ မည္သူမွ် မ႐ွိ ။

Jeonေရ.....

Jeonေရ...ေမာင့္ကို ကယ္ပါအုန္း.....

Jeon.....!

႐ုတ္တရက္ JungKookသည္ အိပ္ေပ်ာ္
ေနရာမွ ႏိုးသြားသည္ ။ သူ အိမ္မက္လား
လက္ေတြ႕လား မသဲကြဲေပမဲ့ ေမာင့္ေခၚသံကို
ၾကားလိုက္ရသည္ ။

သူ ကြန္ဒို ေရာက္ေရာက္ခ်င္း ဂြၽန္ဟြာအင္း
ဆီမွ သူ႕အပိုင္ ႐ွယ္ယာႏွင့္ လုပ္ငန္းတခ်ိဳ႕ကို
ျပန္ယူရန္ စီစဥ္မိသည္ ။ ဤသို႔ လုပ္ေနတုန္း
သူ ေမာင့္ အေၾကာင္းကလည္း ေခါင္းထဲ
ေရာက္လာျပန္သည္ ။ သူ ေမာင့္ကို
သြားမေတြ႕ရေသးေပ ။ အမွန္ေတာ့ ေမာင္
႐ွိေနသည့္ ေနရာကို စုံစမ္းဆဲ ျဖစ္တာေၾကာင့္
ျဖစ္သည္ ။

..ေမာင္ အဆင္မွ ေျပရဲ႕လား..

တစ္ဖက္တြင္လည္း....

" Drေရ...သူ-သူ ႏွလုံးခုန္ႏႈန္းေတြ ပိုက်ေန
တယ္.."
ယူဆိုရာသည္ ဆရာဝန္လက္ကို အေျပးဆြဲရင္း ေျပာသည္ ။

" ဘယ္လို ျဖစ္တာလဲ.."

" ကြၽန္မလည္း မသိဘူး..သူ႕ကို ေရပတ္တိုက္
ေပးေနတုန္း အသက္႐ွဴႏႈန္းနဲ႔ႏွလုံးခုန္ႏႈန္း
အရင္ထက္ ပိုက်လာတယ္ "

" ၾကည့္ရတာ သခင္ေလးရဲ႕ ဦးေႏွာက္က
ၾကာၾကာအလုပ္မလုပ္ႏိုင္ေတာ့ဘူး ထင္တယ္ "
" Dr ေျပာခ်င္တာက.."

" ဟင္း....သူေဌးကေတာ္ စိတ္ကို ျပင္ဆင္
ထားပါ သခင္ေလး အေျခအေနက
သိပ္မခံႏိုင္ေတာ့ဘူး ထင္တယ္ "

ယူဆိုရာ မ်က္လုံးေတြ ဝိုင္းခနဲ ။
" ႐ွင္..? ကြၽန္မသားက..."

"  ဟုတ္တယ္..သူေဌးကေတာ္ သူ႕ကို
လက္ေလွ်ာ့ရေတာ့မဲ့ အေျခအေနနဲ႔ နီးေနၿပီ "

" မဟုတ္ဘူးေလ..ကြၽန္မတို႔ ႏွစ္ႏွစ္အတြင္းမွာေတာင္ ဘာမွ ျဖစ္တာ မဟုတ္ဘူးေလ.."

" အမွန္ ဒီႏွစ္ႏွစ္အတြင္းမွာ တစ္ခုခု
ထူးျခားခဲ့ရင္ေတာင္ ကြၽန္ေတာ္တို႔ ပိုၿပီး
ေမွ်ာ္လင့္လို႔ ရႏိုင္ခဲ့မွာ..."

ယူဆိုရာသည္ မ်က္ရည္မ်ားစြာျဖင့္
လွဲအိပ္ေနဆဲ သား၏ နဖူးေလးကို ခပ္ဖြဖြ
ပြတ္သပ္လိုက္သည္ ။

" သူ..သူ ဘယ္ေလာက္ထိ ခံမလဲ "

" ႏွစ္လ အမ်ားဆုံးပဲ...ဒီအတြင္း ႏိုးလာရင္ေတာ့ အေျခအေနက ေျပာင္းခ်င္ေျပာင္းသြား
ႏိုင္ေပမဲ့ သခင္ေလးက အခုထိ ဘာမွကို
မထူးျခားလာခဲ့တာေၾကာင့္ ႏွစ္လပဲ ခံႏိုင္ေခ်႐ွိေတာ့တာပါ "

" ဒီအတြင္း ႏိုးလာခဲ့ရင္ေရာ..."

" ဒါဆိုရင္ေတာ့ ေသခ်ာေပါက္ ဒီေတာင္ကို
ေက်ာ္လႊားႏိုင္ခဲ့ၿပီေပါ့...အခု အေျခအေနက
သခင္ေလးက မႏိုးလာလို႔ ျဖစ္လာတဲ့
အေျခအေနပါပဲ..အဓိကက သခင္ေလးရဲ႕
ဦးေႏွာက္ ပုံမွန္ ျပန္အလုပ္လုပ္လာဖို႔ပဲ "

" ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏွစ္ႏွစ္အတြင္း
ရသမွ်နည္းနဲ႔ ႏိုးလာေအာင္ ႀကိဳးစားခဲ့တယ္
မဟုတ္လား...ဒါေပမဲ့ တစ္ခုမွ အလုပ္မျဖစ္ခဲ့
ဖူးေလ...အခု ကြၽန္ေတာ္တို႔မွာ ဘာမွ လုပ္ဖို႔
မက်န္- "

" မဟုတ္ဘူး...! တစ္ခုက်န္ေသးတယ္...
အဲ့တစ္ခု-တစ္ခုက အလုပ္ျဖစ္ႏိုင္တယ္ "

ယူဆိုရာ တစ္စုံတစ္ေယာက္က္ု အျမန္
ဖုန္းေခၚလိုက္သည္ ။
" ဦးေလး Hwa..."

×

" Dan...ေနရာသိရၿပီလား..."

" ...... "

" ေအး ငါ အခု သြားလိုက္မယ္.."

Danသည္ အထိန္းေတာ္ Hwaသား၏နာမည္
ျဖစ္သည္ ။ Danေပးသည့္ လိပ္စာအတိုင္း
သူ သြားလိုက္သည္ ။ ဂြၽန္ဟြာအင္းေတာင္
စုံစမ္းမရသည့္ လိပ္စာကို Danမည္သို႔မည္ပုံ
စုံစမ္းလိုက္ပါလိမ့္ ။

" ယူဆိုရာနဲ႔ အေဖနဲ႔က အဆက္အသြယ္
႐ွိတယ္...ယူဟြာအင္းဘက္က လုပ္ၾကံဖို႔
လႊတ္လိုက္သမွ် လူတိုင္းကို အေဖက
တားေပးခဲ့တာ..."

" ေကာင္းၿပီ..ငါ အဲ့ဒီကို ေရာက္ေတာ့မယ္ "

ေနရာက ၿမိဳ႕နဲ႔ အနည္းငယ္ အလွမ္းေဝးသည့္
ဆိတ္ၿငိမ္ရပ္ကြက္ထဲတြင္ ျဖစ္သည္ ။
ဘဲလ္တီးလိုက္ေတာ့ ထြက္လာတာ ယူဆိုရာ။
သူ႕ကို ျမင္ေတာ့ အံ့ၾသသြားသည္ ၊ ေနာက္ေတာ့ ဝင္ခြင့္ေပးသည္ ။

" သားကို လာေတြ႕တာမလား.."
ယူဆိုရာ၏ အေမးကို JungKookေခါင္းၿငိမ့္
အေျဖေပးလိုက္သည္ ။

အခန္းတစ္ခုကို သူမက လိုက္ပို႔ေပးၿပီး
ျပန္ထြက္သြားသည္ ။ အသက္ျပင္းျပင္း႐ွဴၿပီး
အထဲကို ဝင္လိုက္သည္ ။

" ေက်းဇူးျပဳၿပီး..အလုပ္ျဖစ္ပါေစ..."

မ်ားလွစြာေသာ စက္ကိရိယာေတြၾကား
လွဲအိပ္ေနေသာ ေမာင္က သူလိုခ်င္တဲ့ပုံစံ
မဟုတ္ခဲ့ ။ အျပစ္လုပ္ထားတာ သူ မလို႔
သူ ေမာင့္ကို ထိေတြ႕ရန္ တြန္႔ဆုတ္ေနခဲ့သည္။

သို႔ေသာ္လည္း ေမာင့္ကို စိုက္ၾကည့္ရင္း
မေနႏိုင္လြန္းလို႔ နီရဲရဲ ဆံႏြယ္ေလးေတြ
ထိေတြ႕ၾကည့္လိုက္သည္ ။ ႐ုတ္တရက္
သူ႕ေ႐ွ႕က ေမာင့္ကိုခ်ိတ္ဆက္ထားတဲ့
စက္ေပၚက နံပါတ္ေလးေတြ ျမင့္တက္သြားတာကို ေတြ႕လိုက္ရသည္။

" ဒါ-ဒါ အဆင္ေျပတယ္ "
ေဘးနားကို ေရာက္လာတဲ့ ေမာင့္အေမ ။

သူမက ေမာင့္လက္ဖဝါးတစ္ဖက္ကို
သူ႕လက္ထဲ ထည့္ေပးသည္ ။
" သူေစာင့္ေနတာ မင္းပဲ..JungKook..
သူ ေစာင့္ခဲ့ေနတာ..."

" ဗ်ာ..."

" ေတာ္ေသးတာေပါ့...မင္းသာ အေရာက္
ေနာက္က်ခဲ့ရင္.. သားကို ငါတို႔ ဆုံး႐ႈံးရ
ေတာ့မွာ JungKook"

"......"

" သားက ႏွစ္ႏွစ္အတြင္းမွာ ဘာမွ မတိုးတက္
တဲ့အျပင္ တစ္ေန႔ထက္ တစ္ေန႔ အေျခအေနက ဆိုးလာတယ္...ေနာက္ႏွစ္လေနလို႔မွ
သူ႕ အေျခအေနက နည္းနည္းမွ မတိုးတက္
လာဘူးဆိုရင္ သူ႕ကို ငါတို႔ လက္ေလွ်ာ့ရေတာ့မွာ.."

JungKookသည္ ထိတ္ပ်ာသြားသည္ ။
ဘယ္ေလာက္ေတာင္မွ စြန္းစြန္းေလးပဲ
လိုေတာ့တဲ့ အေျခအေနတစ္ခုလဲ ။

" ေမာင္က အဲ့ဒီေလာက္ေတာင္မွ အေျခအေန
ဆိုးခဲ့တာလဲ "

" ဟုတ္တယ္ JungKook...အန္တီ အမ်ိဳးမ်ိဳး
ႀကိဳးစားေပးခဲ့ပါတယ္..ဘာမွ မထူးျခားလာ
ခဲ့ဘူး...တစ္ေန႔ထက္ တစ္ေန႔ အသက္႐ွဴႏႈန္းနဲ႔
ႏွလုံးခုန္ႏႈန္းက်လာတာပဲ ႐ွိတယ္...အခုမွ
..အခုမွ..ပထမဆုံး ျပန္တက္လာတာပဲ..."

JungKook, ေမာင့္ လက္ဖမိုးေလးကို
ခပ္ဖြဖြ နမ္းလိုက္သည္ ။ တီခနဲ ၊ တီခနဲ
ျပန္တက္လာတဲ့ နံပါတ္ေလးေတြၾကည့္ရင္း
သူေရာ ေမာင့္ အေမေရာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
ျပဳံးလိုက္ၾကသည္ ။

" ဘယ္တုန္းက လြတ္လာတာလဲ..JungKook"

" တစ္ပတ္ေလာက္ ႐ွိပါၿပီ...ၿပီးေတာ့...
ေတာင္းပန္ပါတယ္..."

" ဘာကိုလဲ JungKook..."

" ျဖစ္သြားခဲ့တဲ့ ကိစၥေတြအတြက္ပါ.."

" မင္းမလုပ္တာ အန္တီသိပါတယ္.."

" အန္တီ ကြၽန္ေတာ္႕ကို ယုံတာလား.."

" မင္း မလုပ္ေလာက္ဘူးဆိုတာ အန္တီ
ယုံတယ္...ဒါေပမဲ့ လုပ္တဲ့သူကိုေတာ့
အန္တီ ေဖာ္ထုတ္ခ်င္ေနတာ..ခက္တာက
အန္တီက အသုံးမက်ဘူးေလ..အခုထိကို
သားအတြက္ ဘာမွ မလုပ္ေပးႏိုင္ဘူးေလ "

" ကြၽန္ေတာ္ လုပ္မွာပါ...ေသြးေႂကြးအတိုင္း
ကြၽန္ေတာ္ ျပန္ယူမွာပါ "

×

" သခင္-သခင္မႀကီး..."

ဂြၽန္ဟြာအင္း ကုမၸဏီထဲကို ဝင္ဝင္လာခ်င္း
သူမ အတြင္းေရးမႉးမေလးက တုန္တုန္ရီရီ
လာႀကိဳသည္ ။

" ဘာျဖစ္ေနတာလဲ.."

" ဟို-ဟို..အရင္ပိုင္႐ွင္ျပန္ေရာက္ေနတယ္ "

" နင္ ဘာေတြလာေျပာေနတာလဲ ရီဆို...
ေနမေကာင္းဘူးလား..မေကာင္းရင္လည္း
အိမ္ျပန္-"

ဂြၽန္ဟြာအင္းသည္ အတြင္းေရးမႉးကို ဆူပူရင္း
႐ုံးခန္းကို ဖြင့္လိုက္သည္ ။ ပြင့္ဟသြားသည့္
တံခါးေနာက္တြင္ CEOေနရာ၌ ထိုင္ေနေသာ
သူကို ျမင္လိုက္ရသည္ ။ သူမ အံ့ၾသလြန္းလို႔
စကားေတာင္ ဆက္မေျပာႏိုင္ေတာ့တဲ့ အထိ။

" Jeon..Jeon JungKook "

" ဟိုင္း...မေတြ႕ရတာၾကာၿပီေနာ္..ဘယ္လိုလဲ
က်ဳပ္ ေနရာမွာ အခန္႔သားထိုင္ၿပီး က်ဳပ္
႐ွာေဖြထားသမွ်ကို အပိုင္သိမ္းထားရတာ "

" နင္ ဘယ္လိုလုပ္ လြတ္လာတာလဲ..
ငါ ငါ ေထာင္ကို ဖုန္းဆက္မွာ..နင္အခုတည္းက ေျပးခ်င္ရင္ ေျပးထားလိုက္.."

" ဘာေတြ လာေျပာေနတာလဲ..ေသြးေလ
ေျခာက္ျခားၿပီး ႐ူးသြားၿပီလား..က်ဳပ္ကို
ေထာင္ေျပးလာတယ္မ်ား ထင္ေနလား "

" မျဖစ္ႏိုင္တာ...တစ္ႏွစ္ေတာင္ က်န္ေသး
တာကို..."

" ဟက္...ဒီေန႔ ႐ွယ္ယာ႐ွင္ အစည္းအေဝး
႐ွိတယ္မလား...က်ဳပ္ေနရာကေန ပစၥည္းေလးေတြ သိမ္းထားလိုက္ေတာ့ေနာ္..."

" နင့္လို လူသတ္မႈနဲ႔ ေထာင္ထြက္ကို
ဘယ္သူကမ်ား CEOအျဖစ္ လက္ခံမယ္
ထင္ေနတာလဲ..."

" အင္းေနာ္..ဘယ္သူမ်ား လက္ခံမလဲ
မသိဘူးေနာ္..."
JungKookသည္ ျပဳံးစစျဖင့္ ဂြၽန္ဟြာအင္းကို
ေလွာင္သည္ ။

" ယုံၾကည္ခ်က္ေတြ ႐ွိေနတယ္ေပါ့..
အစည္းအေဝးက် ေတြ႕ၾကမယ္ေလ...
အခုေတာ့ ဒီကေန ထြက္သြားစမ္း.."

" အိုေခပါ.."
JungKookသည္ ထြက္သြားရင္း လက္ကလည္း CEO Jeon HwaInnလို႔ ေရးထိုးထားေသာ ဖန္ျပားကို တိုက္ခ်သြားသည္ ။

' ခြမ္း !! ´

" Opps...မရည္႐ြယ္ပါဘူး..လက္က
တမင္သပ္သပ္ တိုက္ခ်မိလိုက္တယ္ ထင္တယ္ "

" နင္ !! "

ထြက္သြားၿပီ ျဖစ္တဲ့ JungKookေက်ာျပင္ကို
ၾကည့္ၿပီး ဂြၽန္ဟြာအင္းသည္ တဆတ္ဆတ္
တုန္လ်က္ ႐ွိသည္ ။

" အင္း...အေရးႀကီးတဲ့ လူကို ေမ့ေနတာပဲ.."

" ဂင္ဒိုေရ...မင္း​ရထားတဲ့ သက္ေသေတြ
ပို႔ေပးပါအုန္း "

ဂင္ဒိုက ေတာ္သည္ ။ ေထာင္က်ခဲ့သည့္
ေဆးမႈကို ကိုယ္တိုင္ျပန္လိုက္ကာ ႏိႈက္ႏိႈက္
ခြၽတ္ခြၽတ္ သက္ေသတခ်ိဳ႕ျပန္ရထားသည္။
ခြၽဲလုပ္ငန္းစုက သူ႕ကို အျပစ္ပုံခ်ခဲ့တာကေန
စၿပီး မူးယစ္ျဖန္႔ခ်ီေရး လုပ္ငန္းအထိ ။

မေန႔ကလည္း ခြၽဲဟာယြန္းတို႔ရဲ႕ ေဆးေရာင္းဝယ္သည့္ ေနရာေတြ အဖမ္းခံရသည္။ အလုပ္သမားေတြကေတာ့ခိုင္းသည့္ လူကို
မထုတ္ေဖာ္သည့္အတြက္ ခြၽဲလုပ္ငန္းစုသည္
အႏၲရာယ္ကင္းေနေသးသည္ ။ သို႔ေသာ္
ေငြ အေျမာက္အျမား ဆုံး႐ႈံးသြားတာျဖစ္တာေၾကာင့္ ခြၽဲဟာယြန္းတို႔ မည္မွ်ေဆြ႕ေဆြ႕ ခုန္ေန
လိုက္မည္လဲ ။

" Hk..ခြၽဲဟာယြန္းေရ..ခဏပဲေစာင့္ပါ..
ေသခ်ာေပါက္ မင္းဆီကို ခ်စ္ဖို႔ေကာင္းတဲ့
အရာေလးေတြ ပို႔ေပးမွာပါ ဟင္းဟင္း "
JungKookသည္ ညစ္က်ယ္က်ယ္ ျပဳံးလိုက္
သည္ ။

႐ွယ္ယာ႐ွင္ အစည္းအေဝး ။

" ဒါ မသင့္ေလ်ာ္ပါဘူး ႐ွင့္..ကြၽန္မနဲ႔
႐ွင္တို႔က ဒီႏွစ္ႏွစ္အတြင္း လက္တြဲလာခဲ့တာ
သူက အခုမွ ေထာင္က လြတ္ၿပီး ျပန္ေရာက္
လာတာေလ..."

" Mrs Jeon...သူက အစကတည္းက
ဒီလုပ္ငန္းရဲ႕CEOေလ..Mrs Jeonက
ခဏတာပဲ ထိန္းသိမ္းေပးထားတာဆို.."

" ဒါေပမဲ့ အခု ႐ွယ္ယာပိုင္ဆိုင္မႈကိုၾကည့္ရင္
ကြၽန္မမွာ ၄၀% ႐ွိေနတယ္ေလ..ဒါ​ေၾကာင့္
ကြၽန္မမွာလည္း အခြင့္အေရး႐ွိတယ္ "

" ဟိုး...ေနပါအုန္း...က်ဳပ္မွာလည္း ႐ွယ္ယာ
ပိုင္ဆိုင္မႈ ၄၀%ေတာင္ ႐ွိေသးတာေနာ္..
Mrs Jeon ရဲ႕..hk.."

" ဒါေပမဲ့ ဒီက ႐ွယ္ယာ႐ွင္ေတြက ကြၽန္မနဲ႔
လက္တြဲလာခဲ့တဲ့ သူေတြမို႔ ေသခ်ာေပါက္
ကြၽန္မနဲ႔ အေတြးတူမွာေပါ့ "

" ကြၽန္ေတာ္တို႔ဘက္က အေတြးမတူေၾကာင္း
ေသခ်ာေအာင္ ေျပာၿပီးၿပီလို႔ ထင္ပါတယ္ေနာ္ Mrs Jeon..."

ဂြၽန္ဟြာအင္းသည္ ေဒါသတအားထြက္ေနေသာ္လည္း ႐ုပ္ပ်က္ဆင္းပ်က္ မျဖစ္ေအာင္ အေတာ္ထိန္းေနရသည္ ။

" ဒါဆို အားလုံး သေဘာတူညီခ်က္အရ
JeonJungKookကပဲ Crude Oilလုပ္ငန္းရဲ႕
CEO ျဖစ္သြားခဲ့ပါၿပီ "

လက္ခုပ္သံေတြထဲမွာ ဂြၽန္ဟြာအင္းရဲ႕
လက္ခုပ္သံေတာ့ မပါခဲ့ ။ သူမသည္
အလြန္အမင္း ေဒါသထြက္ေနသည္ ။
သူမ လက္ထဲ အကုန္ေရာက္ခါနီးမွ
ျပန္လုယူခံလိုက္ရသလို ။

" ေအာ္..ခင္ဗ်ား ယူထားတဲ့ ႐ွယ္ယာ ၄၀%ကို
ျပန္သြင္းရမယ္ေနာ္.."

" ဘာေၾကာင့္လဲ..."

" သေဘာတူညီခ်က္ကို ေမ့သြားတာလား..
က်ဳပ္ ျပန္လာရင္ ထိန္းသိမ္းထားသမွ်ကို
ျပန္ေပးရမယ္ေလ "

" ႐ူးေနတာလား..ဒါ ငါ့အပိုင္ ႐ွယ္ယာစုေလ "

" ခင္ဗ်ားက အလုပ္လုပ္တာ မတိက်ဘူးပဲ..
အခုထိ အဲ့႐ွယ္ယာေတြက ခင္ဗ်ားအပိုင္ေတြ
မျဖစ္ေသးဘူး..က်ဳပ္ နာမည္ႀကီးနဲ႔ က်န္ေသးတယ္ "

" ဘာ..."
ဂြၽန္ဟြာအင္း အလန္႔တၾကား ႐ွယ္ယာစာရင္း
ကို ျပန္စစ္သည္ ။

" မဟုတ္ဘူး..! မဟုတ္ဘူး..! "

ဘာေၾကာင့္ ႐ွယ္ယာဝင္ေတြက သူမဘက္
မေထာက္ခံေတာ့လည္း ဆိုတာ သူမ သိသြား
သည္ ။ JeonJungKookတြင္ ႐ွယ္ယာက
၈၀%ေတာင္ ႐ွိေနတာေၾကာင့္ အျမတ္ရမည့္
ဘက္ကိုပဲ ပါသြားၾကျခင္းျဖစ္သည္ ။

သူမသည္ JungKook၏ ႐ွယ္ယာမ်ားကို
သူမနာမည္ႏွင့္ မေျပာင္းရေသးဘဲ ထိန္းသိမ္း
ထားဆဲ အေျခအေနမွာပဲ ႐ွိေနေသးသည္ ။
သူမသည္ JungKook ျပန္မလြတ္ေလာက္
ေသးဘူး အထင္ႏွင့္ နာမည္ေျပာင္းရန္ကိစၥကို
ဆိုင္းငံ့ထားတာ ျဖစ္သည္ ။ အခု သူမ
ဘာမွ ျပန္​မေျပာႏိုင္ေတာ့ေပ ။

JungKookသည္ CEOေနရာတြင္ထိုင္ရင္း
ခပ္ဟဟ ရယ္ေနသည္ ။

" ကဲ...အခုက ခြၽဲဟာယြန္းရဲ႕ အလွည့္ပဲ "

×

လူက စာေရးခါနီးမွ မုေပ်ာက္သြားလို႔
အပ္ပုဒိတ္ ၾကာသြားပါတယ္ 👁👄👁
ကဲကဲ ေနာက္ႏွစ္ပိုင္းေလာက္ဆို ဆ်ာပတ္
ျပန္ပါလာပါေတာ့မယ္ေနာ္ 🤥
လိုတာ ဘာ႐ွိလဲ ေျပာခဲ့ၾကအုန္း 👽🙌

Btw...ဖတ္တဲ့လူ နည္းသြားတယ္ေနာ္😩

AlexandrineKim(1932023)

Bạn đang đọc truyện trên: AzTruyen.Top