12

Unicode

" ယူဟွာအင်း...မင်းလုပ်ရပ်တွေ တော်လိုက်
တော့..ဆိုရာ့သားကို ဘာမှ မလုပ်နဲ့တော့ "

" ကျွန်မ သတ်ဖို့ လွှတ်လိုက်တဲ့လူကို
ကြားက နှောင့်လိုက်တာ ရှင့်လူပေါ့ "

" ဟုတ်တယ်..မင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ရပ်လိုက်တော့..ငါ စိတ်မပျက်ချင်ဘူး"

" ဘာလဲ..ယူဆိုရာ့သားမို့ အဖြစ်သည်းပြနေ
တာလား..."

" ထင်ချင်သလိုထင်..မင်း ထပ်လုပ်ရင်
ငါတို့ တကယ်ပြီးလိမ့်မယ်...."

" Jeon JungKookတစ်ယောက်လုံးရှိနေတာ
ကို ရှင်က ဘာကို ပြီးချင်တာလဲ..မင်ဂျွန်း ! "

" သူက ငါတို့သားမှ မဟုတ်တာ..ငါတို့ကြား
မှာ ဘာအနှောင်အဖွဲ့မှ မရှိဘူး "

ထွက်သွားတဲ့ မင်ဂျွန်းကို ကြည့်ရင်း
ဂျွန်ဟွာအင်းသည် လက်ထဲက ဝိုင်ခွက်ကို
နံရံဆီ ပစ်ပေါက်လိုက်သည် ။

သူမ ပေါက်ကွဲနေတုန်း ဝင်လာသည့် ဖုန်း ။
" ဘာလဲ ပြော..."

" ......"

" ဘာ ! သူတို့ ဘယ်ကိုရွေ့လိုက်ကြတာလဲ.."

" ....  "

" ထားလိုက်တော့ !! "

ဂန်အိမ်တော်က Park Jiminကို ဆေးရုံကနေ
ပြောင်းရွေ့လိုက်ပြီ ။ တိတ်တိတ်လေး
ခေါ်ထုတ်ပြီး ဖွက်ထားမယ်ပေါ့ ။
စောင့်နေပါ..ဂျွန်ဟွာအင်းဆိုတဲ့ မိန်းမက
Park Jiminကိုမှ မသတ်ရရင် တမလွန်မှာတောင် ပူလောင်နေမဲ့ လူမျိုး ။ ရူးရင်လည်း
အဆုံးထိ ရူးပစ်မှာ ။

ဂျွန်ဟွာအင်း ထောင်ကို ဖုန်းဆက်လိုက်သည်။
" Jeon JungKookကို စကားပြောချင်တယ် "

" Hi...သားလေး...စကားမပြောရတာ
၁နှစ်တောင် ကျော်နေပြီနော်...ထောင်ထဲမှာ
ပျော်ရဲ့လား..."

" ခင်ဗျားရော နေပျော်ရဲ့လား  "

" ပျော်ပါ့..ပျော်ပါ့..ချွဲလုပ်ငန်းစုနဲ့ ပူးပေါင်းပြီး
အခုဆို ငါ့ဖက်ရှင်လုပ်ငန်းတွေ တော်တော်
အောင်မြင်နေပြီလေ...ဟင်းဟင်း..."

" သိပ်အဆင်ပြေနေတယ်ပေါ့.."

" အသေအချာပဲ...စကားမစပ် မင်းရဲ့လုပ်ငန်း
တွေကိုပါ ငါထိန်းသိမ်းပေးထားပါတယ်...
ငါ့ပိုင်ဆိုင်မှုတွေ အဖြစ်နဲ့ပေါ့..."

" ခင်ဗျား !! ကျုပ်ရှာဖွေထားတာတွေကို "

" သားပစ္စည်းကို အမေသိမ်းတာပဲ..ပြဿနာ
မရှိဘူးလေ ဟင်းဟင်း "

" အမေလို့ မပြောစမ်းပါနဲ့..သိပ် ရွံ လို့ ! "

" ဟားဟား...အခုထိ အစွယ်က မကျိုးသေး
ဘူး..မင်းထောင်က ထွက်လာရင် ငါ့ဆီလာပြီး
ဒူးထောက်ခစားရုံကလွဲလို့ တခြား ရွေးချယ်
စရာရှိမယ် ထင်နေတာလား..."

" စောင့်ကြည့်လိုက်လေ..."

" စောင့်နေပါတယ်....ဒါနဲ့ ParkJiminက
အသက်ရှူနေသေးတယ် သိလား..."

" ခင်ဗျား မောင့်ကို မထိနဲ့နော် !! "

" ဘယ်လိုလုပ်မလဲ..ငါက အဲ့လို
ဆက်ဆက်ထိမခံမျိုးဆို ပိုလုပ်ချင်တာ...
ခက်တာက အဲ့အကောင်က အသက်ပြင်းတယ်...ငါ ကြိုးစားတိုင်း မရသေးဘူး "

" ခင်ဗျား...မောင့်-မောင့်ကို ဘာမှ မလုပ်ပါနဲ့
ကျေးဇူးပြုပြီး "
JungKook စိတ်ထိခိုက်နေသည် ။
ဂျွန်ဟွာအင်းသည် မောင့်ကို အကြိမ်ကြိမ်
သေစေရန် လုပ်ကြံနေမှန်း မှန်းစရာပင်မလို ။

" ဒါဆို ထောင်က လွတ်တာနဲ့ အရင်လို
ငါ့အမိန်အောက်မှာပဲ နေရမယ်..နင်လွန်ဆန်
ရင် နင့်အကောင် အသေပဲနော်..."

"....."

" မဖြေတတ်တော့ဘူးလား..."

" အင်း.."

" ပြီးတော့- "

" Mrs Jeon သူထွက်သွားပါပြီ "

" တောက် !!! "

JungKookသည် အခန်းထဲပြန်ဝင်လာပြီး
မွေ့ယာပေါ်ကို ဗုန်းကနဲ လှဲချလိုက်သည် ။

" JungKook..ဘယ်သူဆက်တာတုန်း..
ဘာတဲ့လဲ.."

" ဂျွန်ဟွာအင်း...​ောက်ရေးမပါတာတွေ
လာပြောနေတာ..."

" ငါတော့ ထောင်က လွတ်ရင် အဲ့မိန်းမကို
တစ်ခုခု လုပ်အုန်းမယ် "

" SeokJinက ထောင်ကို ပြန်အလည်လာချင်
လို့လား..."
ဒါ အခန်းဖော် နောက်တစ်ယောက် ဖြစ်သော
ဂင်ဒို၏ စကား ။ JungKook ခပ်ဖွဖွ
ရယ်လိုက်သည် ။

သူတို့ သုံးယောက်က ကံစပ်တယ်ပြောရ
မလား ။ ဂင်ဒိုက လူထွားကြီးတစ်ယောက်
ဖြစ်ကာ ခေါက်ဆွဲရောင်းပြီး အသက်မွေးသူ
ဖြစ်သည် ။ တစ်နေ့ ကျန်းမာရေး ပြဿနာ
ဖြစ်တဲ့ အမေကြောင့် ငွေလိုလို့ အငှား
လူမိုက် ဝင်လုပ်ရာနေ တကယ့် လူမိုက်
ဖြစ်ခဲ့သည် ။ သိပ်မကြာ ချွဲလုပ်ငန်းစု၏
လက်အောက်သို့ ဝင်ခဲ့သည် ။

ဤတွင် JungKookသိလိုက်ရတာက
ချွဲလုပ်ငန်းစု၏ ကုမ္ပဏီတွေသည် ငွေမဲမှ
ငွေဖြူသို့ ပြောင်းရန် တည်ထောင်ခြင်းသာ
ဖြစ်ကြောင်း ။ ချွဲလုပ်ငန်းစုသည် မူးယစ်ဆေး ဖြန့်ဖြူးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ဤသို့နှင့် တစ်နေ့တွင် မူးယစ်ဆေးတချို့
ရောင်းဝယ်နေသည့် ဂင်ဒို့ကို မိသည် ။
ချွဲဟာယွန်းသည် သူမနှင့် သူမလုပ်ငန်းစု
အမှုမပတ်စေရန် အပြစ်အားလုံးကို
ဂင်ဒိုတစ်ယောက်တည်းသာ ခံယူအောင်
ပြုလုပ်ခဲ့သည် ။

ဂင်ဒိုသာ သူမတို့ကို မဖော်ထုတ်ပါက
သူမသည် ဂင်ဒို့၏ အမေ့ကို အကောင်းဆုံး
စောင့်ရှောက်မည်ဟု ပြောခဲ့သည် ။
အကယ်၍ သူမတို့အကြောင်း ဖော်ထုတ်လျှင်
ဂင်ဒို့ အမေကို သတ်ပစ်မည်ဟူသော
သဘောပင် ။

ထို့ကြောင့် ဂင်ဒိုသည် မူးယစ်ဆေး ရောင်းဝယ်မှုနှင့် ထောင် လေးနှစ်ကျခဲ့သည်။
JungKookထက် နှစ်နှစ်စောရောက်ခဲ့ပြီး
ဂင်ဒိုသည် လွန်ခဲ့သည့် ခြောက်လမှ
သူတို့ အခန်းကို ပြောင်းလာခြင်းဖြစ်သည် ။
အနည်းငယ် ကြမ်းတမ်းသော်လည်း စိတ်ရင်း
ကောင်းသည့် လူတစ်ယောက်ဖြစ်သည် ။

" နောက် သုံးလနေရင် မင်းတို့ကို လွမ်းနေ
ရတော့မှာပဲကွာ..."
မကြာခင်တွင် နှစ်စေ့၍လွတ်တော့မည်
ဖြစ်သည့် SeokJinက ခပ်ဆွေးဆွေးဆိုသည်။

" နောက် နှစ်နှစ်နေရင် ငါတို့ကို လာကြိုလေ "

" ဘောစိ ဖြစ်အောင်လုပ်ထားနော် "

JungKook နေတတ်နေပါပြီ ။ ရောက်ခါစလို
အဆင်မပြေတာတွေ မရှိတော့ ။ ဒေါသကြီးတဲ့ ထောင်စောင့်ကြီးနဲ့တောင် ခင်မင်နေပြီ ။
ထောင်ကကျွေးတဲ့ ထမင်းပျော့ပျော့တွေကို
လည်း မြိန်ရေရှက်ရေ စားနိုင်နေပြီ ။
JungKookသည် အားလပ်ချိန်တွင်တောင်
ထမင်းစားခန်းကို သန့်ရှင်းပေးလေ့ရှိသည် ။
ဒါကြောင့် ထမင်းချက်က သူ့ဆို အသားဟင်း
လေးတွေ ဘယ်သူမှ မသိအောင် ထည့်ပေးလေ့ ရှိသည် ။

JungKookသည် အရင်လို ဖြူဖြူဥဥ
သူဌေးသားလေး မဟုတ်တော့ပါ ။
နေပူထဲမှာ အလုပ်လုပ်ရခြင်းကြောင့်
အသားအရေသည် အနည်းငယ်
အညိုရောင် သမ်းကာ အရင်က လက်ဖဝါး
ရဲရဲတို့တွင် အသားမာတို့ပင် တက်နေပြီ
ဖြစ်သည် ။ ဆံပင်ကို ဂင်တိုတို ရိပ်ထားပြီး
ပို၍ပင် ယောကျ်ားဆန်လာခဲ့သည် ။

ထောင်ထဲမှာ နေလိုက်ရလို့ အကျိုးဘာရခဲ့လဲ
မေးရင် လောကဓံဆိုတာကို ရင်ဆိုင်တတ်သွားတယ် ၊ တကယ့်လက်တွေ့ ဘဝကို
ခံစားဖူးသွားတယ် ၊ သန်မာလာတယ် ၊
သူ့အတွက် အရေးပါတာတွေကို တွေ့မြင်
လာတယ် ၊ အကောင်းဆုံးကတော့ မိတ်ဆွေတွေ ရလိုက်တာပဲ ။

" ဂင်ဒို မင်း ချွဲဟာယွန်းကို တစ်ခုခု
ပြန်မလုပ်ချင်ဘူးလား..."

" လုပ်ချင်တာပေါ့ ! "

" ဒါဆို ငါ့မှာ စီစဥ်ထားတာ ရှိတယ်...
မင်း ပါမလား..."

" ပြောကြည့်လိုက်.."
JungKookသည် သွားပေါ်အောင်
ရယ်လိုက်သည် ။ SeokJinကိုလည်း
သူ စည်းရုံးပြီးပြီ ။ သူတို့ဆီက ဘာအကူအညီ ရနိုင်မလဲလို့ အားလုံး တွေးမိမှာပေါ့ ။ လွယ်ပါတယ် သက်သေလေ ။
သူ့ကလဲ့စားအတွက် တကယ့် အရေးပါတဲ့
သက်သေတွေ ။
×

" မင်းတို့ မြန်မြန် လိုက်လာနော်..ငါလာခေါ်
ပေးမယ် "

" အေးပါ SeokJinရာ...."

SeokJinက သူ့ပစ္စည်းတွေ သိမ်းရင်း
မျက်ရည်ဝဲဝဲဖြင့် ​သူတို့ကို နှုတ်ဆက်
နေသည် ။ အခုဆို JungKook ထောင်ထဲ
ရောက်နေသည်မှာ ၂နှစ်တင်းတင်းပြည့်ပြီ
ဖြစ်သည် ။

SeokJinကို ဂိတ်ပေါက်ကနေ ထွက်သွား
သည်အထိ ကြည့်နေမိသည် ။ JungKook
သည် SeokJinကို လှမ်းအော်လိုက်သည် ။

" Kim Taehyungကို ပြန်တောင်းပန်လိုက်ပါ" တဲ့....

SeokJinသည် ထိုစကားကြောင့် ပြုံးမိ
သွားသည် ။ သေချာပေါက် တောင်းပန်
ရမှာပေါ့ ။ ဒါပေမဲ့ ဘယ်ကနေ စပြီးရှာရ-

SeokJinအတွေးတို့ကို ပြတ်တောက််သွားစေ
တာက ဂိတ်ဝနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်စောင့်
နေတဲ့ အညိုရောင် ပုံရိပ်ကြောင့် ။ သူ့ကို
မြင်တော့ တည့်တည့်လျှောက်လာပြီး
ပဲပြားထုပ်ကို လက်ထဲထည့်ပေးသည် ။

" ထယ်..."

" စားလိုက်...ပြီးရင် ကားပေါ်တက် "

" ကိုယ် တောင်းပန်ပါတယ် ထယ် "
ရုတ်တရက် Taehyungငြိမ်သက်သွားသည်။

" ဘာအတွက်လဲ...."

" ထယ်- "

" ဘာအတွက် တောင်းပန်တာလဲ !! "

" ကျွန်တော့်ကို ပစ်ပစ်ခါခါတွေ ပြောခဲ့တဲ့
အတွက်လား...ကျွန်တော် ငိုယိုပြီး တားခဲ့
တာကိုတောင် ကျွန်တော့်အစား ရအောင်
ထောင်ထဲဝင်ခဲ့တာကိုလား...ကျွန်တော့်ကို
လမ်းခွဲဖို့ ကြိုးစားခဲ့တဲ့ အတွက်လား "

" ကိုယ် လုပ်ခဲ့သမျှက အကုန်လုံး
မင်းအတွက်ပါပဲ...ထယ် "

" တော်ပါတော့ !! အဲ့ မင်းအတွက်ဆိုတာတွေ..."

" ကိုယ့်ရင်ခွင်ထဲ မလာတော့ဘူးလား.."

Taehyungသည် တုန့်ဆိုင်းမနေပဲ Seokjin
ရင်ခွင်ထဲ ဝင်လာခဲ့သည် ။
" ထယ် ကိုယ့်မှာ ပြောစရာ ကိစ္စ တချို့
ရှိတယ်...ထယ် ဂျွန်ဟွာအင်းကို မှတ်မိလား"

" အဲ့မြေခွေးမကို မေ့ရင် ကျွန်တော် ရူးနေလို့ပဲ ဖြစ်ရမယ် "

" ထောင်ထဲမှာ Jeon JungKookနဲ့တွေ့ခဲ့တယ်.."

" သူ့ သားမလား....မင်္ဂလာပွဲမှာ အတူတူ
ထွက်ပြေးသွားတဲ့ တစ်ယောက်ကို သတ်လို့
ဆိုပြီး ထောင်ကျနေတာမလား..နေပါအုန်း..
အဲ့တစ်ယောက်က Park..ဘာဆိုလဲ မသိဘူး..
ထားပါ...Jinပြောမှာ ဘာလဲ.."

" အမှန်တော့ အဲ့အမှုက ချောက်ချခံရတာ "

" နေပါအုန်း ! ဂျွန်ဟွာအင်းက သူ့သား
အရင်းကို ကိုယ်တိုင် ထောင်ထဲ ပြန်ထည့်
တာလား "

" အင်း အဲ့လိုပဲ ဆိုပါတော့...ဒါနဲ့ သူက
ကိုယ့်ကို အကူအညီတစ်ခုတောင်းလိုက်တယ်"

" ဘာအကူအညီလဲ"

" ထယ့်မှာ အရင်တုန်းက ထယ့်သက်သေတွေ
ရှိသေးလား..."

" မပြောတတ်ဘူး..အကုန်ဖျက်ဆီးခံလိုက်
ရပြီထင်တယ်.."

" ပြန်ရှာလို့ရမလား.."

"အင်း ဂျွန်ဟွာအင်းသာ အကုန်လုံး မရှင်း
ခဲ့ရင်တော့ အစကနေ ပြန်လိုက်လို့ ရလိမ့်မယ် ထင်တယ် "

" ကိုယ်တို့ ကြိုးစားကြည့်ရအောင်...
ထယ့်အတွက် တရားမျှတမှုလည်း ရလိမ့်မယ်"

" ဒီစကားကို လွန်ခဲ့တဲ့ ၈နှစ်ကတည်းက
ပြောစေချင်ခဲ့တာ "

" တောင်းပန်ပါ---"
တိတ်ဆိတ်သွားတာက ခပ်ဖွဖွ အနမ်းကြောင့်။

×
" ကဲ ဂင်ဒိုရေ ငါတို့ပဲ ကျန်တော့တယ်.."

" အေးနော် သူ မရှိတော့လည်း ပျင်းစရာကြီး..
လွမ်းတယ်ကွာ..."
SeokJinထွက်သွားတာ ၃လလောက်ရှိပြီ
ဖြစ်သည် ။ မလွမ်းဖူးလားဆို ကိုယ့်အပေါ်
အများကြီးကောင်းခဲ့သူမို့ လွမ်းပါသည် ။

Bang!

" ဟျောင့် ထောင်စောင့်ကြီးထင်တယ်.."

" ငါတို့ဘာလုပ်မိလို့လဲ "

" JeonJungKookနဲ့ ဂင်ဒို ! မင်းတို့အတွက်
သတင်းကောင်းပဲ..."
JungKookလက်ထဲရောက်လာသည့်
စာရွက်နှစ်ရွက် ။ စာရွက်ထဲတွင် ပါသည့်
အကြောင်းအရာများကို ဖတ်ကြည့်ပြီးနောက်
JungKook မျက်လုံးများ အရောင်လက်
သွားသည် ။

" ကောင်းကောင်းသွားကြ..ပြီးရင်
အကောင်းဆုံးနေထိုင်..ဒီကို လုံးဝ ပြန်မလာနဲ့
တော့..ငါတို့ မကြိုဆိုဘူး..."

" ဟုတ်-ဟုတ်ကဲ့ပါ "

" ကဲ..ကဲ ဖောင်ဖြည့်ကြ "

" JungKook..အဲ့ဒါ ဘာစာရွက်လဲ.."

" ဂင်ဒို ! ငါတို့နှစ်ယောက် နောက်လထဲမှာ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တော့မယ်တဲ့ "

" တကယ်..!? "

" အေး..."

" ငါ အရမ်းပျော်တယ်..ငါ့အမေကို ပြန်တွေ့
ရတော့မယ် "

" အေးပါကွာ "

အမှန်တော့ JungKookတို့ မသိခဲ့တာ
တစ်ခု ရှိသည် ။ ဤသည်မှာ လွတ်ငြိမ်း
ချမ်းသာခွင့်က သူတို့နှစ်ယောက်သာ
ရခဲ့ကြောင်းဆိုတာပင် ။

JungKookတွင် ငယ်ရွယ်သည့်အချိန်ကနေ
CEO Jeon JungKook ၊ ထိုမှတဆင့် ယခုအချိန်အထိ  JungKook လုံးဝ သတိမထား
မိခဲ့သော ကိစ္စတစ်ခုရှိသည် ။ အဲ့ဒါသည်
JungKook တစ်ယောက်တည်းကိုသာ
သစ္စာခံ၍ JungKookအတွက် ဘာမဆို
လုပ်ပေးမည့် လက်အောက်ခံတစ်ယောက်
ရှိနေခြင်းပင် ဖြစ်သည် ။

" မင်း အဲ့နေ့ကျရင် သေချာပေါက်
သခင်လေး Jeonကို ကြိုခဲ့ပါ..Jeon
အိမ်တော်ကို ပိုင်စိုးနေတဲ့ လူတွေ မသိစေနဲ့ "

" ဟုတ်ကဲ့ပါ အဖေ..."

ဂျွန်မီယွန်းသည် ငယ်စဥ်က အထိန်းတော်တွေနဲ့ပင် ကြီးပြင်းခဲ့ရသလို ၊ JungKookသည်လည်း ထိုနည်းလည်းကောင်းပင် ။

အထိန်းတော် Hwaသည် Jeonသခင်ကြီး၏
လူယုံဖြစ်ခဲ့၏ ။ ဂျွန်မီယွန်းလေး မွေးဖွား
သည့်အချိန်တွင်သူသည် အသက် ၂၀စွန်းစွန်း
လူငယ်တစ်ယောက်သာ ။

ဂရုမစိုက် ပစ်ထားခံရသည့် မီယွန်လေးကို
ညီမတစ်ယောက်သဖွယ် စောင့်ရှောက်ပေး
ခဲ့သည် ။ တစ်ချိန် အိမ်တော်ကနေ ခိုးရာ
လိုက်ပြေးရာတွင်လည်း ကူညီပေးခဲ့သည်။
မီယွန်း၏ သွေးသားလေး အိမ်တော်ပြန်ရောက်လာချိန်မှာလည်း Hwaသည်သာ
သားလေးတစ်ယောက်သဖွယ် စောင့်ရှောက်
ပေးခဲ့ရသည် ။ ဂျွန်ဟွာအင်းက အမည်ခံ
အမေသာ ရှိတာ ၊ ကလေးအား လှည့်ပင်
ကြည့်ခဲ့သည် မဟုတ် ။

JungKookလေးသည် သူ့လက်ပေါ်၌ပင်
ကြီးပြင်းခဲ့သည် ။ အဖေတစ်ယောက်သဖွယ်
စောင့်ရှောက်ရင်း ဤကလေး ကြီးလာပြန်
တော့လည်း ဤကလေး၏ ကိစ္စအဝဝကို
သူပဲ ကူညီဆောင်ရွက်ပေးခဲ့သည် ။
Hwaသည်လည်း ဂျွန်ဟွာအင်းကို သဘော
မကျပါ ။ အဘယ်နည်းလမ်းဖြင့် ဂျွန်ချွေးမ
နေရာကို ယူထားလဲဆိုတာ သူသိသည် ။
ဒါကြောင့်လည်း JungKookနဲ့ ဂျွန်ဟွာအင်း
တို့ အားပြိုင်ရာတွင် JungKookအဆင်ပြေ
အောင် သူ များစွာ လုပ်ပေးခဲ့သည် ။

Hwaသည် အာဏာပြင်းခဲ့သော Jeon
သခင်ကြီး၏ အနီးကပ်ဆုံး လူယုံဖြစ်ခဲ့တာ
ကြောင့် Hwaကိုလည်း ပေါ့ပေါ့တန်တန်
လျော့တွက်လို့မရပါ ။

" သခင်လေး Jeon...သခင်လေးအတွက်
ကျွန်တော် သေချာပေါက် နေရာပြန်ယူ
ပေးပါ့မယ် "

×

လက်စားချေတဲ့အပိုင်းတွေ ရေးရတော့မှာ
Very Excited !!🤩

AlexandrineKim(1632023)

Zawgyi

" ယူဟြာအင္း...မင္းလုပ္ရပ္ေတြ ေတာ္လိုက္
ေတာ့..ဆိုရာ့သားကို ဘာမွ မလုပ္နဲ႔ေတာ့ "

" ကြၽန္မ သတ္ဖို႔ လႊတ္လိုက္တဲ့လူကို
ၾကားက ေႏွာင့္လိုက္တာ ႐ွင့္လူေပါ့ "

" ဟုတ္တယ္..မင္းရဲ႕ မေကာင္းတဲ့လုပ္ရပ္ေတြကို ရပ္လိုက္ေတာ့..ငါ စိတ္မပ်က္ခ်င္ဘူး"

" ဘာလဲ..ယူဆိုရာ့သားမို႔ အျဖစ္သည္းျပေန
တာလား..."

" ထင္ခ်င္သလိုထင္..မင္း ထပ္လုပ္ရင္
ငါတို႔ တကယ္ၿပီးလိမ့္မယ္...."

" Jeon JungKookတစ္ေယာက္လုံး႐ွိေနတာ
ကို ႐ွင္က ဘာကို ၿပီးခ်င္တာလဲ..မင္ဂြၽန္း ! "

" သူက ငါတို႔သားမွ မဟုတ္တာ..ငါတို႔ၾကား
မွာ ဘာအေႏွာင္အဖြဲ႕မွ မ႐ွိဘူး "

ထြက္သြားတဲ့ မင္ဂြၽန္းကို ၾကည့္ရင္း
ဂြၽန္ဟြာအင္းသည္ လက္ထဲက ဝိုင္ခြက္ကို
နံရံဆီ ပစ္ေပါက္လိုက္သည္ ။

သူမ ေပါက္ကြဲေနတုန္း ဝင္လာသည့္ ဖုန္း ။
" ဘာလဲ ေျပာ..."

" ......"

" ဘာ ! သူတို႔ ဘယ္ကိုေ႐ြ႕လိုက္ၾကတာလဲ.."

" ....  "

" ထားလိုက္ေတာ့ !! "

ဂန္အိမ္ေတာ္က Park Jiminကို ေဆး႐ုံကေန
ေျပာင္းေ႐ြ႕လိုက္ၿပီ ။ တိတ္တိတ္ေလး
ေခၚထုတ္ၿပီး ဖြက္ထားမယ္ေပါ့ ။
ေစာင့္ေနပါ..ဂြၽန္ဟြာအင္းဆိုတဲ့ မိန္းမက
Park Jiminကိုမွ မသတ္ရရင္ တမလြန္မွာေတာင္ ပူေလာင္ေနမဲ့ လူမ်ိဳး ။ ႐ူးရင္လည္း
အဆုံးထိ ႐ူးပစ္မွာ ။

ဂြၽန္ဟြာအင္း ေထာင္ကို ဖုန္းဆက္လိုက္သည္။
" Jeon JungKookကို စကားေျပာခ်င္တယ္ "

" Hi...သားေလး...စကားမေျပာရတာ
၁ႏွစ္ေတာင္ ေက်ာ္ေနၿပီေနာ္...ေထာင္ထဲမွာ
ေပ်ာ္ရဲ႕လား..."

" ခင္ဗ်ားေရာ ေနေပ်ာ္ရဲ႕လား  "

" ေပ်ာ္ပါ့..ေပ်ာ္ပါ့..ခြၽဲလုပ္ငန္းစုနဲ႔ ပူးေပါင္းၿပီး
အခုဆို ငါ့ဖက္႐ွင္လုပ္ငန္းေတြ ေတာ္ေတာ္
ေအာင္ျမင္ေနၿပီေလ...ဟင္းဟင္း..."

" သိပ္အဆင္ေျပေနတယ္ေပါ့.."

" အေသအခ်ာပဲ...စကားမစပ္ မင္းရဲ႕လုပ္ငန္း
ေတြကိုပါ ငါထိန္းသိမ္းေပးထားပါတယ္...
ငါ့ပိုင္ဆိုင္မႈေတြ အျဖစ္နဲ႔ေပါ့..."

" ခင္ဗ်ား !! က်ဳပ္႐ွာေဖြထားတာေတြကို "

" သားပစၥည္းကို အေမသိမ္းတာပဲ..ျပႆနာ
မ႐ွိဘူးေလ ဟင္းဟင္း "

" အေမလို႔ မေျပာစမ္းပါနဲ႔..သိပ္ ႐ြံ လို႔ ! "

" ဟားဟား...အခုထိ အစြယ္က မက်ိဳးေသး
ဘူး..မင္းေထာင္က ထြက္လာရင္ ငါ့ဆီလာၿပီး
ဒူးေထာက္ခစား႐ုံကလြဲလို႔ တျခား ေ႐ြးခ်ယ္
စရာ႐ွိမယ္ ထင္ေနတာလား..."

" ေစာင့္ၾကည့္လိုက္ေလ..."

" ေစာင့္ေနပါတယ္....ဒါနဲ႔ ParkJiminက
အသက္႐ွဴေနေသးတယ္ သိလား..."

" ခင္ဗ်ား ေမာင့္ကို မထိနဲ႔ေနာ္ !! "

" ဘယ္လိုလုပ္မလဲ..ငါက အဲ့လို
ဆက္ဆက္ထိမခံမ်ိဳးဆို ပိုလုပ္ခ်င္တာ...
ခက္တာက အဲ့အေကာင္က အသက္ျပင္းတယ္...ငါ ႀကိဳးစားတိုင္း မရေသးဘူး "

" ခင္ဗ်ား...ေမာင့္-ေမာင့္ကို ဘာမွ မလုပ္ပါနဲ႔
ေက်းဇူးျပဳၿပီး "
JungKook စိတ္ထိခိုက္ေနသည္ ။
ဂြၽန္ဟြာအင္းသည္ ေမာင့္ကို အႀကိမ္ႀကိမ္
ေသေစရန္ လုပ္ၾကံေနမွန္း မွန္းစရာပင္မလို ။

" ဒါဆို ေထာင္က လြတ္တာနဲ႔ အရင္လို
ငါ့အမိန္ေအာက္မွာပဲ ေနရမယ္..နင္လြန္ဆန္
ရင္ နင့္အေကာင္ အေသပဲေနာ္..."

"....."

" မေျဖတတ္ေတာ့ဘူးလား..."

" အင္း.."

" ၿပီးေတာ့- "

" Mrs Jeon သူထြက္သြားပါၿပီ "

" ေတာက္ !!! "

JungKookသည္ အခန္းထဲျပန္ဝင္လာၿပီး
ေမြ႕ယာေပၚကို ဗုန္းကနဲ လွဲခ်လိုက္သည္ ။

" JungKook..ဘယ္သူဆက္တာတုန္း..
ဘာတဲ့လဲ.."

" ဂြၽန္ဟြာအင္း...​ောက္ေရးမပါတာေတြ
လာေျပာေနတာ..."

" ငါေတာ့ ေထာင္က လြတ္ရင္ အဲ့မိန္းမကို
တစ္ခုခု လုပ္အုန္းမယ္ "

" SeokJinက ေထာင္ကို ျပန္အလည္လာခ်င္
လို႔လား..."
ဒါ အခန္းေဖာ္ ေနာက္တစ္ေယာက္ ျဖစ္ေသာ
ဂင္ဒို၏ စကား ။ JungKook ခပ္ဖြဖြ
ရယ္လိုက္သည္ ။

သူတို႔ သုံးေယာက္က ကံစပ္တယ္ေျပာရ
မလား ။ ဂင္ဒိုက လူထြားႀကီးတစ္ေယာက္
ျဖစ္ကာ ေခါက္ဆြဲေရာင္းၿပီး အသက္ေမြးသူ
ျဖစ္သည္ ။ တစ္ေန႔ က်န္းမာေရး ျပႆနာ
ျဖစ္တဲ့ အေမေၾကာင့္ ေငြလိုလို႔ အငွား
လူမိုက္ ဝင္လုပ္ရာေန တကယ့္ လူမိုက္
ျဖစ္ခဲ့သည္ ။ သိပ္မၾကာ ခြၽဲလုပ္ငန္းစု၏
လက္ေအာက္သို႔ ဝင္ခဲ့သည္ ။

ဤတြင္ JungKookသိလိုက္ရတာက
ခြၽဲလုပ္ငန္းစု၏ ကုမၸဏီေတြသည္ ေငြမဲမွ
ေငြျဖဴသို႔ ေျပာင္းရန္ တည္ေထာင္ျခင္းသာ
ျဖစ္ေၾကာင္း ။ ခြၽဲလုပ္ငန္းစုသည္ မူးယစ္ေဆး ျဖန္႔ျဖဴးသည့္ လုပ္ငန္းတစ္ခုျဖစ္သည္။
ဤသို႔ႏွင့္ တစ္ေန႔တြင္ မူးယစ္ေဆးတခ်ိဳ႕
ေရာင္းဝယ္ေနသည့္ ဂင္ဒို႔ကို မိသည္ ။
ခြၽဲဟာယြန္းသည္ သူမႏွင့္ သူမလုပ္ငန္းစု
အမႈမပတ္ေစရန္ အျပစ္အားလုံးကို
ဂင္ဒိုတစ္ေယာက္တည္းသာ ခံယူေအာင္
ျပဳလုပ္ခဲ့သည္ ။

ဂင္ဒိုသာ သူမတို႔ကို မေဖာ္ထုတ္ပါက
သူမသည္ ဂင္ဒို႔၏ အေမ့ကို အေကာင္းဆုံး
ေစာင့္ေ႐ွာက္မည္ဟု ေျပာခဲ့သည္ ။
အကယ္၍ သူမတို႔အေၾကာင္း ေဖာ္ထုတ္လွ်င္
ဂင္ဒို႔ အေမကို သတ္ပစ္မည္ဟူေသာ
သေဘာပင္ ။

ထို႔ေၾကာင့္ ဂင္ဒိုသည္ မူးယစ္ေဆး ေရာင္းဝယ္မႈႏွင့္ ေထာင္ ေလးႏွစ္က်ခဲ့သည္။
JungKookထက္ ႏွစ္ႏွစ္ေစာေရာက္ခဲ့ၿပီး
ဂင္ဒိုသည္ လြန္ခဲ့သည့္ ေျခာက္လမွ
သူတို႔ အခန္းကို ေျပာင္းလာျခင္းျဖစ္သည္ ။
အနည္းငယ္ ၾကမ္းတမ္းေသာ္လည္း စိတ္ရင္း
ေကာင္းသည့္ လူတစ္ေယာက္ျဖစ္သည္ ။

" ေနာက္ သုံးလေနရင္ မင္းတို႔ကို လြမ္းေန
ရေတာ့မွာပဲကြာ..."
မၾကာခင္တြင္ ႏွစ္ေစ့၍လြတ္ေတာ့မည္
ျဖစ္သည့္ SeokJinက ခပ္ေဆြးေဆြးဆိုသည္။

" ေနာက္ ႏွစ္ႏွစ္ေနရင္ ငါတို႔ကို လာႀကိဳေလ "

" ေဘာစိ ျဖစ္ေအာင္လုပ္ထားေနာ္ "

JungKook ေနတတ္ေနပါၿပီ ။ ေရာက္ခါစလို
အဆင္မေျပတာေတြ မ႐ွိေတာ့ ။ ေဒါသႀကီးတဲ့ ေထာင္ေစာင့္ႀကီးနဲ႔ေတာင္ ခင္မင္ေနၿပီ ။
ေထာင္ကေကြၽးတဲ့ ထမင္းေပ်ာ့ေပ်ာ့ေတြကို
လည္း ၿမိန္ေရ႐ွက္ေရ စားႏိုင္ေနၿပီ ။
JungKookသည္ အားလပ္ခ်ိန္တြင္ေတာင္
ထမင္းစားခန္းကို သန္႔႐ွင္းေပးေလ့႐ွိသည္ ။
ဒါေၾကာင့္ ထမင္းခ်က္က သူ႕ဆို အသားဟင္း
ေလးေတြ ဘယ္သူမွ မသိေအာင္ ထည့္ေပးေလ့ ႐ွိသည္ ။

JungKookသည္ အရင္လို ျဖဴျဖဴဥဥ
သူေဌးသားေလး မဟုတ္ေတာ့ပါ ။
ေနပူထဲမွာ အလုပ္လုပ္ရျခင္းေၾကာင့္
အသားအေရသည္ အနည္းငယ္
အညိဳေရာင္ သမ္းကာ အရင္က လက္ဖဝါး
ရဲရဲတို႔တြင္ အသားမာတို႔ပင္ တက္ေနၿပီ
ျဖစ္သည္ ။ ဆံပင္ကို ဂင္တိုတို ရိပ္ထားၿပီး
ပို၍ပင္ ေယာက်္ားဆန္လာခဲ့သည္ ။

ေထာင္ထဲမွာ ေနလိုက္ရလို႔ အက်ိဳးဘာရခဲ့လဲ
ေမးရင္ ေလာကဓံဆိုတာကို ရင္ဆိုင္တတ္သြားတယ္ ၊ တကယ့္လက္ေတြ႕ ဘဝကို
ခံစားဖူးသြားတယ္ ၊ သန္မာလာတယ္ ၊
သူ႕အတြက္ အေရးပါတာေတြကို ေတြ႕ျမင္
လာတယ္ ၊ အေကာင္းဆုံးကေတာ့ မိတ္ေဆြေတြ ရလိုက္တာပဲ ။

" ဂင္ဒို မင္း ခြၽဲဟာယြန္းကို တစ္ခုခု
ျပန္မလုပ္ခ်င္ဘူးလား..."

" လုပ္ခ်င္တာေပါ့ ! "

" ဒါဆို ငါ့မွာ စီစဥ္ထားတာ ႐ွိတယ္...
မင္း ပါမလား..."

" ေျပာၾကည့္လိုက္.."
JungKookသည္ သြားေပၚေအာင္
ရယ္လိုက္သည္ ။ SeokJinကိုလည္း
သူ စည္း႐ုံးၿပီးၿပီ ။ သူတို႔ဆီက ဘာအကူအညီ ရႏိုင္မလဲလို႔ အားလုံး ေတြးမိမွာေပါ့ ။ လြယ္ပါတယ္ သက္ေသေလ ။
သူ႕ကလဲ့စားအတြက္ တကယ့္ အေရးပါတဲ့
သက္ေသေတြ ။
×

" မင္းတို႔ ျမန္ျမန္ လိုက္လာေနာ္..ငါလာေခၚ
ေပးမယ္ "

" ေအးပါ SeokJinရာ...."

SeokJinက သူ႕ပစၥည္းေတြ သိမ္းရင္း
မ်က္ရည္ဝဲဝဲျဖင့္ ​သူတို႔ကို ႏႈတ္ဆက္
ေနသည္ ။ အခုဆို JungKook ေထာင္ထဲ
ေရာက္ေနသည္မွာ ၂ႏွစ္တင္းတင္းျပည့္ၿပီ
ျဖစ္သည္ ။

SeokJinကို ဂိတ္ေပါက္ကေန ထြက္သြား
သည္အထိ ၾကည့္ေနမိသည္ ။ JungKook
သည္ SeokJinကို လွမ္းေအာ္လိုက္သည္ ။

" Kim Taehyungကို ျပန္ေတာင္းပန္လိုက္ပါ" တဲ့....

SeokJinသည္ ထိုစကားေၾကာင့္ ျပဳံးမိ
သြားသည္ ။ ေသခ်ာေပါက္ ေတာင္းပန္
ရမွာေပါ့ ။ ဒါေပမဲ့ ဘယ္ကေန စၿပီး႐ွာရ-

SeokJinအေတြးတို႔ကို ျပတ္ေတာက္္သြားေစ
တာက ဂိတ္ဝနဲ႔ ခပ္လွမ္းလွမ္းမွာ ရပ္ေစာင့္
ေနတဲ့ အညိဳေရာင္ ပုံရိပ္ေၾကာင့္ ။ သူ႕ကို
ျမင္ေတာ့ တည့္တည့္ေလွ်ာက္လာၿပီး
ပဲျပားထုပ္ကို လက္ထဲထည့္ေပးသည္ ။

" ထယ္..."

" စားလိုက္...ၿပီးရင္ ကားေပၚတက္ "

" ကိုယ္ ေတာင္းပန္ပါတယ္ ထယ္ "
႐ုတ္တရက္ Taehyungၿငိမ္သက္သြားသည္။

" ဘာအတြက္လဲ...."

" ထယ္- "

" ဘာအတြက္ ေတာင္းပန္တာလဲ !! "

" ကြၽန္ေတာ္႕ကို ပစ္ပစ္ခါခါေတြ ေျပာခဲ့တဲ့
အတြက္လား...ကြၽန္ေတာ္ ငိုယိုၿပီး တားခဲ့
တာကိုေတာင္ ကြၽန္ေတာ္႕အစား ရေအာင္
ေထာင္ထဲဝင္ခဲ့တာကိုလား...ကြၽန္ေတာ္႕ကို
လမ္းခြဲဖို႔ ႀကိဳးစားခဲ့တဲ့ အတြက္လား "

" ကိုယ္ လုပ္ခဲ့သမွ်က အကုန္လုံး
မင္းအတြက္ပါပဲ...ထယ္ "

" ေတာ္ပါေတာ့ !! အဲ့ မင္းအတြက္ဆိုတာေတြ..."

" ကိုယ့္ရင္ခြင္ထဲ မလာေတာ့ဘူးလား.."

Taehyungသည္ တုန္႔ဆိုင္းမေနပဲ Seokjin
ရင္ခြင္ထဲ ဝင္လာခဲ့သည္ ။
" ထယ္ ကိုယ့္မွာ ေျပာစရာ ကိစၥ တခ်ိဳ႕
႐ွိတယ္...ထယ္ ဂြၽန္ဟြာအင္းကို မွတ္မိလား"

" အဲ့ေျမေခြးမကို ေမ့ရင္ ကြၽန္ေတာ္ ႐ူးေနလို႔ပဲ ျဖစ္ရမယ္ "

" ေထာင္ထဲမွာ Jeon JungKookနဲ႔ေတြ႕ခဲ့တယ္.."

" သူ႕ သားမလား....မဂၤလာပြဲမွာ အတူတူ
ထြက္ေျပးသြားတဲ့ တစ္ေယာက္ကို သတ္လို႔
ဆိုၿပီး ေထာင္က်ေနတာမလား..ေနပါအုန္း..
အဲ့တစ္ေယာက္က Park..ဘာဆိုလဲ မသိဘူး..
ထားပါ...Jinေျပာမွာ ဘာလဲ.."

" အမွန္ေတာ့ အဲ့အမႈက ေခ်ာက္ခ်ခံရတာ "

" ေနပါအုန္း ! ဂြၽန္ဟြာအင္းက သူ႕သား
အရင္းကို ကိုယ္တိုင္ ေထာင္ထဲ ျပန္ထည့္
တာလား "

" အင္း အဲ့လိုပဲ ဆိုပါေတာ့...ဒါနဲ႔ သူက
ကိုယ့္ကို အကူအညီတစ္ခုေတာင္းလိုက္တယ္"

" ဘာအကူအညီလဲ"

" ထယ့္မွာ အရင္တုန္းက ထယ့္သက္ေသေတြ
႐ွိေသးလား..."

" မေျပာတတ္ဘူး..အကုန္ဖ်က္ဆီးခံလိုက္
ရၿပီထင္တယ္.."

" ျပန္႐ွာလို႔ရမလား.."

"အင္း ဂြၽန္ဟြာအင္းသာ အကုန္လုံး မ႐ွင္း
ခဲ့ရင္ေတာ့ အစကေန ျပန္လိုက္လို႔ ရလိမ့္မယ္ ထင္တယ္ "

" ကိုယ္တို႔ ႀကိဳးစားၾကည့္ရေအာင္...
ထယ့္အတြက္ တရားမွ်တမႈလည္း ရလိမ့္မယ္"

" ဒီစကားကို လြန္ခဲ့တဲ့ ၈ႏွစ္ကတည္းက
ေျပာေစခ်င္ခဲ့တာ "

" ေတာင္းပန္ပါ---"
တိတ္ဆိတ္သြားတာက ခပ္ဖြဖြ အနမ္းေၾကာင့္။

×
" ကဲ ဂင္ဒိုေရ ငါတို႔ပဲ က်န္ေတာ့တယ္.."

" ေအးေနာ္ သူ မ႐ွိေတာ့လည္း ပ်င္းစရာႀကီး..
လြမ္းတယ္ကြာ..."
SeokJinထြက္သြားတာ ၃လေလာက္႐ွိၿပီ
ျဖစ္သည္ ။ မလြမ္းဖူးလားဆို ကိုယ့္အေပၚ
အမ်ားႀကီးေကာင္းခဲ့သူမို႔ လြမ္းပါသည္ ။

Bang!

" ေဟ်ာင့္ ေထာင္ေစာင့္ႀကီးထင္တယ္.."

" ငါတို႔ဘာလုပ္မိလို႔လဲ "

" JeonJungKookနဲ႔ ဂင္ဒို ! မင္းတို႔အတြက္
သတင္းေကာင္းပဲ..."
JungKookလက္ထဲေရာက္လာသည့္
စာ႐ြက္ႏွစ္႐ြက္ ။ စာ႐ြက္ထဲတြင္ ပါသည့္
အေၾကာင္းအရာမ်ားကို ဖတ္ၾကည့္ၿပီးေနာက္
JungKook မ်က္လုံးမ်ား အေရာင္လက္
သြားသည္ ။

" ေကာင္းေကာင္းသြားၾက..ၿပီးရင္
အေကာင္းဆုံးေနထိုင္..ဒီကို လုံးဝ ျပန္မလာနဲ႔
ေတာ့..ငါတို႔ မႀကိဳဆိုဘူး..."

" ဟုတ္-ဟုတ္ကဲ့ပါ "

" ကဲ..ကဲ ေဖာင္ျဖည့္ၾက "

" JungKook..အဲ့ဒါ ဘာစာ႐ြက္လဲ.."

" ဂင္ဒို ! ငါတို႔ႏွစ္ေယာက္ ေနာက္လထဲမွာ
လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေတာ့မယ္တဲ့ "

" တကယ္..!? "

" ေအး..."

" ငါ အရမ္းေပ်ာ္တယ္..ငါ့အေမကို ျပန္ေတြ႕
ရေတာ့မယ္ "

" ေအးပါကြာ "

အမွန္ေတာ့ JungKookတို႔ မသိခဲ့တာ
တစ္ခု ႐ွိသည္ ။ ဤသည္မွာ လြတ္ၿငိမ္း
ခ်မ္းသာခြင့္က သူတို႔ႏွစ္ေယာက္သာ
ရခဲ့ေၾကာင္းဆိုတာပင္ ။

JungKookတြင္ ငယ္႐ြယ္သည့္အခ်ိန္ကေန
CEO Jeon JungKook ၊ ထိုမွတဆင့္ ယခုအခ်ိန္အထိ  JungKook လုံးဝ သတိမထားမိ
ခဲ့ေသာ ကိစၥတစ္ခု႐ွိသည္ ။ အဲ့ဒါသည္
JungKook တစ္ေယာက္တည္းကိုသာ
သစၥာခံ၍ JungKookအတြက္ ဘာမဆို
လုပ္ေပးမည့္ လက္ေအာက္ခံတစ္ေယာ
က္ ႐ွိေနျခင္းပင္ျဖစ္သည္ ။

" မင္း အဲ့ေန႔က်ရင္ ေသခ်ာေပါက္
သခင္ေလး Jeonကို ႀကိဳခဲ့ပါ..Jeon
အိမ္ေတာ္ကို ပိုင္စိုးေနတဲ့ လူေတြ မသိေစနဲ႔ "

" ဟုတ္ကဲ့ပါ အေဖ..."

ဂြၽန္မီယြန္းသည္ ငယ္စဥ္က အထိန္းေတာ္ေတြနဲ႔ပင္ ႀကီးျပင္းခဲ့ရသလို ၊ JungKookသည္လည္း ထိုနည္းလည္းေကာင္းပင္ ။

အထိန္းေတာ္ Hwaသည္ Jeonသခင္ႀကီး၏
လူယုံျဖစ္ခဲ့၏ ။ ဂြၽန္မီယြန္းေလး ေမြးဖြား
သည့္အခ်ိန္တြင္သူသည္ အသက္ ၂၀စြန္းစြန္း
လူငယ္တစ္ေယာက္သာ ။

ဂ႐ုမစိုက္ ပစ္ထားခံရသည့္ မီယြန္ေလးကို
ညီမတစ္ေယာက္သဖြယ္ ေစာင့္ေ႐ွာက္ေပး
ခဲ့သည္ ။ တစ္ခ်ိန္ အိမ္ေတာ္ကေန ခိုးရာ
လိုက္ေျပးရာတြင္လည္း ကူညီေပးခဲ့သည္။
မီယြန္း၏ ေသြးသားေလး အိမ္ေတာ္ျပန္ေရာက္လာခ်ိန္မွာလည္း Hwaသည္သာ
သားေလးတစ္ေယာက္သဖြယ္ ေစာင့္ေ႐ွာက္
ေပးခဲ့ရသည္ ။ ဂြၽန္ဟြာအင္းက အမည္ခံ
အေမသာ ႐ွိတာ ၊ ကေလးအား လွည့္ပင္
ၾကည့္ခဲ့သည္ မဟုတ္ ။

JungKookေလးသည္ သူ႕လက္ေပၚ၌ပင္
ႀကီးျပင္းခဲ့သည္ ။ အေဖတစ္ေယာက္သဖြယ္
ေစာင့္ေ႐ွာက္ရင္း ဤကေလး ႀကီးလာျပန္
ေတာ့လည္း ဤကေလး၏ ကိစၥအဝဝကို
သူပဲ ကူညီေဆာင္႐ြက္ေပးခဲ့သည္ ။
Hwaသည္လည္း ဂြၽန္ဟြာအင္းကို သေဘာ
မက်ပါ ။ အဘယ္နည္းလမ္းျဖင့္ ဂြၽန္ေခြၽးမ
ေနရာကို ယူထားလဲဆိုတာ သူသိသည္ ။
ဒါေၾကာင့္လည္း JungKookနဲ႔ ဂြၽန္ဟြာအင္း
တို႔ အားၿပိဳင္ရာတြင္ JungKookအဆင္ေျပ
ေအာင္ သူ မ်ားစြာ လုပ္ေပးခဲ့သည္ ။

Hwaသည္ အာဏာျပင္းခဲ့ေသာ Jeon
သခင္ႀကီး၏ အနီးကပ္ဆုံး လူယုံျဖစ္ခဲ့တာ
ေၾကာင့္ Hwaကိုလည္း ေပါ့ေပါ့တန္တန္
ေလ်ာ့တြက္လို႔မရပါ ။

" သခင္ေလး Jeon...သခင္ေလးအတြက္
ကြၽန္ေတာ္ ေသခ်ာေပါက္ ေနရာျပန္ယူ
ေပးပါ့မယ္ "

×

လက္စားေခ်တဲ့အပိုင္းေတြ ေရးရေတာ့မွာ
Very Excited !!🤩

AlexandrineKim(1632023)

Bạn đang đọc truyện trên: AzTruyen.Top