11
Unicode
ဂျွန်မင်ဂျွန်းက အမှန်တော့ Jeonသခင်ကြီးရဲ့
သားဦး မဟုတ်ခဲ့ဘူး ။ သူ့အထက်မှာ
ဂျွန်မီယွန်းဆိုတဲ့ သူနှင့် သုံးနှစ်ပဲကွာတဲ့
အစ်မတစ်ယောက် ရှိခဲ့တယ် ။ သားကိုသာ
လိုချင်ကြတဲ့ Jeonအိမ်တော်က ဂျွန်မီယွန်းကို ဂရုမစိုက်ခဲ့ကြဘူး ။ တစ်နေ့ ဂျွန်မီယွန်းက
သူမရဲ့ ကောင်လေးနဲ့ ခိုးရာလိုက်ပြေးသွားချိန်မှာ Jeonအိမ်တော်က တုန့်ဆိုင်းခြင်း
မရှိပဲ သူမကို အမွေဖြတ်စွန့်လွှတ်ခဲ့တယ် ။
Jeonမျိုးနွယ်ထဲကနေ ဖျောက်ဖျက်ခဲ့တယ် ။
တစ်နေ့တော့ သူမအမျိုးသားက မွေးကင်းစ
ကလေးတစ်ယောက်နဲ့ Jeonအိမ်တော်ဆီ
ရောက်လာခဲ့တယ် ။ ဂျွန်မီယွန်းဟာ
မီးတွင်းထဲတွင် ဆုံးသွားတဲ့အပြင် သူသည်လည်း နောက်အိမ်ထောင် ပြုတော့မှာမို့ ကလေးကို ပြန်လာအပ်တာ ။ အနည်းဆုံးတော့ ကလေးက Jeonသွေးပဲလေ။ ဒါကြောင့် ပြန်လက်ခံခဲ့ကြတယ် ။ အဲ့ဒီကတည်းကစလို့ ကလေးရဲ့ အဖေကိုပြန်ရှာမတွေ့တော့ဘူး ။
ဂျွန်ဟွာအင်းကလည်း သားအိမ်ကင်ဆာ
ဖြစ်နိုင်တဲ့ အသားစ တွေ့သောကြောင့် သားအိမ်တစ်ခုလုံးကို ဖြတ်ထုတ်ထား
ရသည်။ ထို့ကြောင့်ပင် ဒီ Jeonလေးသည်
သူမ Jeon Groupကို ရရှိနိုင်မည့် အသုံးချခံ
လေးဖြစ်လာသည် ။
သေချာပေါက်ပေါ့..ဒီကလေးကို သူမ
မချစ်ခဲ့ပါ ။ သူမရဲ့ သွေးသားမှ မဟုတ်ခဲ့တာ။ သူမ လိုသလို ပုံသွင်းပြီး အသုံးချဖို့
အတွက်သာ ပျိုးထောင်ခဲ့တာ ဖြစ်တယ် ။
ဒါပေါ့..ဒီကလေးက JeonJungKookပဲ ။
×
JungKookတစ်ယောက် မျက်နှာကြက်ကို
ငေးစိုက်နေမိတာ အချိန်အတော်ပင်
လင့်နေပြီ ။ သူ သိလိုက်ရတဲ့ အမှန်တရား
တွေက သူ့ကို ရှင်သန်ချင်စိတ်ပျောက်အောင်
လုပ်နေသည် ။
ဒါ့အပြင် ဂျွန်ဟွာအင်းနဲ့ ချွဲဟာယွန်းတို့
ပေါင်းပြီး သူ့ကိုရှေ့နေငှားမရအောင်
လုပ်ထားကြသည်။ ကြည့်ရတာ သူ့ကို
ထောင်ထဲ မရရအောင် ထည့်မဲ့ ပုံစံ ။
" သေချာပေါက် သွေးကြွေးပြန်ဆပ်ရမယ်! "
လက်စားချေဖို့အတွက် အားနာနေစရာ
မလိုတော့၊ ချွဲဟာယွန်းရော ဂျွန်ဟွာအင်းရောက သူနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလေ။
" Jeon ဥက္ကဌ..."
" ထွက်သွားပေး..စကားပြောမို့ "
" JungKook "
" အဖေ-အာ...ဦးလေးလို့ ခေါ်ရမယ်ထင်တယ်"
" မင်းသိသွားပြီပဲ...ထားပါ..အဲ့ဒါက
အရေးမကြီးဘူး...အခု လာတာက..."
" ဘယ်လိုပဲ မင်းက ငါ့သားမဟုတ်ပေမဲ့
ငါ့တူတော့ ဖြစ်နေတာပဲ..ဒါကြောင့် ငါ့မှာ
မင်းကို လုပ်ပေးရမဲ့ တာဝန်ရှိတယ်
အင်း..ငါပြည်ပရောက်နေတုန်း ဒီမှာ
ကိစ္စတွေ အများကြီးဖြစ်သွားခဲ့တာပဲ....
မင်းကို ထောင်မကျအောင်တော့ ငါ
ကူပေးလို့မရဘူး..ငါကြိုးစားကြည့်ပြီးပြီ.."
" ဒါပေမဲ့...မင်းရဲ့ ထောင်ဒဏ်ကို လျော့အောင်တော့ ငါကြိုးစားပေးထားတယ်...
ကြံ့ကြံ့ခံပြီး နေခဲ့ပါ..ဆိုရာ့သားကို စိတ်မပူနဲ့
ငါ စောင့်ရှောက်ပေးထားမယ်...ဒါဆို
ငါသွားတော့မယ်..JungKook..."
" တရားခွင်မှာ ပြန်တွေ့ကြတာပေါ့ "
ထွက်သွားသည့် ကျောပြင်ကို ငေးနေမိသည်။
အနည်းဆုံးတော့ သူ့အတွက် ကြိုးစားပေးသေးသားပဲ ။ ဒါကလည်း JungKookက
သူ့အစ်မရဲ့ သား ဖြစ်နေလို့ပဲလေ ။
မဟုတ်ရင် ဂရုတောင်စိုက်မဲ့ လူမဟုတ်မှန်း
JungKook သိပါသည် ။
JungKook လောကကြီးကို ကျေးဇူးတင်မိ
ခဲ့တာ ရှိသည် ။ အဲ့ဒါက သူ ဂျွန်ဟွာအင်းနဲ့
ဂျွန်မင်ဂျွန်းရဲ့သား ဖြစ်မနေတာကိုပဲ ။
အထူးသဖြင့် ဂျွန်ဟွာအင်းရဲ့ သွေးတွေ
သူ့ထဲ စီးဆင်းမနေတာကိုပဲ သိပ်နှစ်ခြိုက်
မိသည် ။
" ကျုပ်ကို အရုပ်တစ်ရုပ်လို ဆက်ဆံပြီး
အသုံးမလိုတဲ့အခါကျ ပစ်ထားတဲ့ ခင်ဗျားရဲ့
ကျရှုံးခန်းကိုမှ မမြင်ရရင်ကျုပ် အသေဖြောင့်မယ်တောင် မထင်ဘူး ဂျွန်ဟွာအင်း.....
ကျုပ် ပြန်လာမဲ့နေ့ကိုသာ ခင်ဗျားစောင့်နေလိုက်ပါ....."
×
တရားစီရင်မည့်နေ့ ။
" .....Park Jiminအား..အသက်စေရန်
လုပ်ကြံမှု ၊အသက်အန္တရာယ်ထိခိုက်စေသည်
အထိ ကိုယ်ထိလက်ရောက် လုပ်ကြံမှုတို့ကို Jeon JungKookမှ ကိုယ်တိုင် လုပ်ခဲ့ခြင်း
ဖြစ်ကြောင်း သက်သေအထောက်အထားနှင့်
တကွ ရရှိထားပါသည် "
" ထိုကြောင့် JeonJungKookသည်
ParkJiminအား အသက်သေစေရန်
ကိုယ်ထိလက်ရောက် လုပ်ကြံကြောင်း
ပြစ်မှုထင်ရှားသဖြင့် JeonJungKookအား
ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်သည်.."
တရားသူကြီး၏ စီရင်ချက်ချသံပြီးနောက်
ရဲနှစ်ယောက်က သူ့ဘေးတစ်ဖက်တစ်ချက်စီ
ရောက်လာသည် ။ အမှန်တော့ ထောင်ဒဏ်
သည် ၅နှစ်ဖြစ်သည် ။ အခုလို ၃နှစ်ကို
လျော့ကျသွားခြင်းသည် ဂျွန်မင်ဂျွန်းကြောင့်
ဖြစ်သည် ။
လက်ကောက်ဝတ်က လက်ထိပ်တွေကို
ငုံ့ကြည့်မိသည် ။ နောက်တော့ လှောင်ပြုံး
ပြုံးပြီး ကြည့်နေတဲ့ ဂျွန်ဟွာအင်းကို စူးရဲစွာ
စိုက်ကြည့်လိုက်သည် ။
" ရပ်မနေပါနဲ့..သွားမယ် "
ရဲတစ်ယောက်၏ ခပ်မာမာ အမိန့်သံကြောင့်
JungKookရင်ထဲ ဒေါသလှိုင်းတချို့ ဖြတ်သန်းသွားသည် ။ တရားရုံးအဝမှာလည်း မတွေ့ချင်ဆုံး မျက်နှာကို တွေ့လိုက်ရသည် ။
ချွဲဟာယွန်းက အနီးဆုံးကို လျှောက်လာပြီး
ခပ်တိုးတိုးဆိုသည် ။
" ထောင်ထမင်း ကောင်းကောင်းစားခဲ့ပါ "တဲ့။
သူတို့တတွေ သူ့ကျရှုံးမှုကို ကြည့်ပြီး
အလွန်မှ ပျော်ရွှင်နေကြသည့် သဏ္ဍာန် ။
" ဒီကောင်ကတော့ ! "
" အ့! "
ရပ်နေမိသည့် သူ့ကို ရဲက စိတ်မရှည်ဟန်ဖြင့်
ခြေဖြင့် ကန်သည် ။
" ခင်ဗျား ! "
" ောက်စကား မများဘဲ ကားပေါ်တက်စမ်း!!
မင်းတို့လို အပြစ်သားတွေအတွက် ငါတို့မှာ
အချိန်တွေ ပိုမနေဘူး ! "
JungKookသည် နာကျင်သွားသော
ခြေထောက်ကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သာ
ထိုင်ရမည့်နေရာသို့ သွားရသည် ။
သွားစဥ်လည်း လူတစ်ယောက်က ခြေထိုး
ခံလိုက်တာကြောင့် မှောက်ရက်လဲကျသည် ။
" ဟား..ဟား.."
သွားနဲ့ နှုတ်ခမ်းနဲ့ ထိမိသည်မို့ နှုတ်ခမ်းတွင်
သွေးစို့သွားသည် ။ ထောင်တောင် မရောက်သေး ၊ အစတွင်တောင် ဤမျှ စိတ်ပျက်ဖွယ်
ကောင်းသည်ဆိုလျှင် ရှေ့ဆက်ရမည့်
နှစ်တွေတွင် သူ မည်သို့ ဖြတ်သန်းရပါ့ ။
မောင်...ကျုပ် အကောင်းဆုံး ကြံ့ကြံ့ခံပြီး
ပြန်လာမှာမို့ ကျုပ်ပြန်လာရင် မောင်က
ပွေ့ဖက်ကြိုဖို့ အကောင်းဆုံးနေထိုင်ပေးပါ ။
" ဒါ မင်းနေရမဲ့ အခန်း...ခဏနေ စုဝေးရင်
မင်းကို စည်းကမ်းတွေ ပြောပြလိမ့်မယ် "
သူနေရမဲ့အခန်းသည် သူ မှန်းထားသလောက်
တော့ ညစ်ပတ်စုတ်ပြတ် မနေခဲ့ပါ ။ အလင်း
မှုန်ပြပြသာ ရ၍ စားပွဲအပု အသေးလေး
တစ်လုံး ၊ မွေ့ယာ ၄ခုနှင့် တစ်ကိုယ်စာ
ခပ်ကျဥ်းကျဥ်း ရေချိုးခန်းတစ်ခု ရှိသည် ။
သူ ထောင့်က မွေ့ယာလေးပေါ် ကွေးကွေးလေး လှဲနေမိသည် ။ သိပ်မကြာပါ ၊
သူ့ကို ခပ်ဆတ်ဆတ် လာကန်သည့်
ခြေထောက်တစ်စုံ ။
" အဲ့ဒါ ငါ့အိပ်ရာ..."
" ဟုတ်လား..တောင်းပန်ပါတယ်..
လူ မရှိဘူးထင်လို့ "
JungKook တခြားတစ်ဖက်ကို ပြောင်းလိုက်
ရသည် ။ သူ့ကို ပြောသည့်လူက အပေါ်ပိုင်း
ဗလာနဲ့ ၊သူ့ကို အသေအချာ ကြည့်နေသည် ။
ကြာတော့ သူ မနေတတ်၍..
" ကျွန်တော် ဘာဖြစ်နေလို့လဲ..."
ထိုလူက ရုတ်တရက် ကြောင်သွားပြီးမှ
ရယ်သံ ကျယ်ကျယ်ပြုသည် ။ တစိတ်
ရယ်သံကြီးက ကြက်သီး ထစရာ ၊ မှန်ပွတ်သံ
လိုမျိုး ။
" အသစ်လေးမို့ ကြည့်တာပါ..ဘာလဲ
ကြောက်လို့လား "
အမှန်တော့ အကြည့်တွေက စူးရဲလွန်းလို့
သူ ကြောက်မိတာတော့ အမှန်ပင် ။
" ငါက ကင်ဆော့ဂျင်..မင်းက.."
" ဂျွန်ဂျောင်ဂု "
" CEO Jeonလား..."
" သိတယ်လား..ကျွန်တော့်ကို..."
" မင်း Kim Taehyungကို သိလား..."
Kim Taehyung..
သိတာပေါ့ ၊ ဂျွန်ဟွာအင်းရဲ့ လက်အောက်က
ဖက်ရှင်လုပ်ငန်းတစ်ခုမှာ အလုပ်လာဝင်တဲ့
ဒီဇိုင်နာ တစ်ယောက်လေ ။ သူ့ကြောင့် ဖက်ရှင်လုပ်ငန်းကအတော်ပင် အောင်မြင်လာခဲ့တာ ။ JungKookနဲ့ပင် နှစ်ကြိမ်လောက်
တွေ့ဖူးသည် ။ နောက်တော့ ဂျွန်ဟွာအင်းနဲ့
Kim Taehyung ပြဿနာတချို့တက်သည်။
အဲ့နောက်ပိုင်း Kim Taehyungသည်
ဖက်ရှင်လောကမှ နုတ်ထွက်လိုက်သည် ။
အကြောင်းအရင်းကိုတော့ မသိခဲ့ကြပေ ။
" သိတယ် "
" ငါက သူ့ကောင်လေးလေ.."
JungKook အံ့သြမိသွားတော့ အမှန်ပင် ။
" အံ့သြသွားတယ်မလား..ငါ့လိုလူက
Kim Taehyungလိုလူမျိုးရဲ့ ချစ်သူ
ဖြစ်နေတာ "
" အံ့သြမိတာတော့ အမှန်ပါပဲ..ဒါနဲ့
Kim Taehyungက အခု ဘယ်မှာလဲ "
" ငါလည်း မသိဘူး..ငါဒီထဲရောက်နေတာ
၆နှစ်ရှိပြီ..သူနဲ့ အဆက်အသွယ်ပြတ်နေ
တာလည်း ခြောက်နှစ်ရှိခဲ့ပြီ "
" ခြောက်နှစ် ? ခင်ဗျားရဲ့ အမှုက ကြီးလို့လား"
" လူသတ်မှုလေ..."
" ဗျာ ! ? "
" ဟားဟား..မလန့်ပါနဲ့..အမှန်တော့
ချောက်ချခံရတဲ့ လူသတ်မှုပါ...ဂျွန်ဟွာအင်း
ကို သိမှာပေါ့..မင်းအမေမလား..အဲ့မိန်းမက
ထယ့်ကို လူသတ်မှုနဲ့ ချောက်ချခဲ့တာ..
ဒါပေမဲ့ ဘယ်လိုလုပ် ထယ် ထောင်ထဲဝင်ရမှာ
ကို ငါကြည့်ရက်ပါ့မလဲ..ဒါကြောင့် ငါအစား
ဝင်ခံလိုက်တာ..."
" Kim Taehyungကို ဘာလို့ ချောက်ချ
တာလဲ.."
" အဲ့မိန်းမက ထယ့် ဒီဇိုင်းတွေကို ခိုးခဲ့တယ်..
ထယ် သိပြီး ပြဿနာသွားရှာတော့ အဲ့မိန်းမ
က အတင်းငြင်းလွှတ်တယ်..အဲ့ဒါကြောင့်
ထယ်က တရားစွဲဖို့ လုပ်ခဲ့တယ်...ဒါပေမဲ့
ကံမကောင်းစွာပဲ..ထယ့်သက်သေတွေ
ဖျက်ဆီးခံရပြီး ထယ့်ကိုလည်း လူသတ်သမား ဖြစ်အောင် လုပ်လိုက်တယ် "
" ထယ့်မှာက အိမ်မက်တွေ ရှိသေးတယ်လေ..
ငါ့လို လူရှုပ်က အိမ်မက်လည်း မရှိ ၊
ပန်းတိုင်လည်း မရှိ ၊ ဒီတော့ ငါ ထယ့်အစား
ထောင်ထဲဝင်ခဲ့ပေးတာ "
" သူက ခင်ဗျားကို လာမတွေ့ဘူးလား "
" တစ်ကြိမ်လာတွေ့တယ်...ငါလေ
ထယ့်ကို နာကျင်သွားအောင် ပစ်ပစ်ခါခါ
တွေ ပြောလိုက်တာ..အဲ့ကတည်းက
အရိပ်ကလေးတောင် ပေါ်မလာတော့ဘူး..
ငါလိုချင်တာလည်း အဲ့ဒါပဲလေ..."
" အဲ့နေ့က ငိုယိုပြီး ပြေးထွက်သွားတဲ့
ထယ့်ပုံရိပ်လေးက ငါ့မျက်လုံးထဲကနေကို
မထွက်ဘူး "
" အဲ့နေ့ပြီး နောက်ရက်ကျ သူ အလုပ်ကနေ
အနားယူလိုက်တဲ့ သတင်း ငါကြားတယ်..."
" မျက်ရည်တွေ သုတ်လိုက်အုန်း ခင်ဗျား "
" အာ...ခုနက မျက်နှာသစ်လာတုန်းက
ရေတွေ မခြောက်သေးဘူးပဲ "
Kim SeokJinက လိမ်တယ် ။ သူလည်း
ဘာမှ သိပ်ပြီး မပြောချင်တာကြောင့်
ထိုင်သာ ကြည့်နေမိတယ် ။ KimSeokJinက
သူ့ချစ်သူအကြောင်းပြောတော့ သူလည်း
မောင့်ကို လွမ်းမိသား ။
×
" ထောင်ဝင်အမှတ် 1908 ! အလုပ်လုပ်မယ်!"
SeokJinသည် ခပ်ဝေးဝေးကနေ ကြားနေ
ရပြီဖြစ်တဲ့ ထောင်စောင့် အသံကြောင့်
အိပ်ရာကနေ ထလိုက်သည် ။ မျက်နှာကို
အလျင်အမြန်သစ်ရင်း အသင့်ပြင်ထားလိုက်
သည် ။
JungKookကတော့ မနိုးသေး ။
" JungKook ! ထတော့..ထောင်စောင့်
လာနေပြီ "
JungKookသည် လှုပ်တောင်မလှုပ် ။
ဒီပုံအတိုင်းဆို ဒီကောင်လေး သေတော့မယ်။
ထောင်စောင့်က ဒေါသကြီးသည် ။
" JEON JUNGKOOK- "
" ထောင်ဝင်အမှတ် 1986 ! 2040 !
အလုပ်လုပ်မယ် !! "
" ဘာလို့ မင်းတစ်ယောက်ထဲထွက်လာတာလဲ အမှတ် 2040ရော "
" ဟို-ဟို..."
ထောင်စောင့်သည် သူ့စကားကို မစောင့်
အခန်းထဲဝင်ကာ နံပါတ်တစ်တုတ်ဖြင့်
အိပ်နေသေးသည့် JungKook၏
ကျောပြင်ကိုရိုက်ချလိုက်သည် ။
" Ahhh "
" ထစမ်း !! အလုပ်လုပ်ရမယ် !! အိပ်နေရ
အောင် ဒါ မင်း အမေအိမ် မဟုတ်ဘူး !! "
JungKookသည် ကျောပြင်တစ်ခုလုံး
ကျဥ်တက်သွားပြီး မျက်ရည်ပါဝဲသွားသည်။
" ကောင်လေး မြန်မြန်လုပ်..ငါ မင်းကို
နိုးသားပဲ..မင်းက မနိုးတာ..မြန်မြန်ထ "
JungKookသည် လွန်ခဲ့သည့် တစ်နာရီ
လောက်ကမှ အိပ်ပျော်သွားခြင်းဖြစ်သည် ။
သူဌေးသားလေးမို့ မွေ့ယာကြမ်းကြမ်းနှင့်
မည်သို့မှ အိပ်မပျော်ခဲ့ ။ အိပ်ရာ အပြောင်း
အရွေ့ကြောင့် ခါးနာနေသည့်အပြင်
ထောင့်စောင့်၏ ရိုက်ချက်ကြောင့်
ကျောပြင်သည် အထိမခံလောက်အောင်ကို
နာကျင်နေသည် ။
" မင်းတို့တွေက ဒီကျောက်တွေကို
ခွဲမယ်...မင်းတို့က သယ်ပြီး ဟိုကို ပုံမယ်..
နားလည်လား !!! "
" နားလည်ပါတယ် !! "
" JungKook အဆင်ပြေလား "
SeokJinက ကျောက်တုံးတွေကို ခွဲရင်း
မေးသည် ။ JungKookသည် ခေါင်းသာ
ငြိမ့်ပြလိုက််သည် ။ အမှန်တော့ အဆင်ပြေ
မနေပါ ။
ကျောက်ခွဲရန် ကိုင်ထားရသည့် တရွင်းသည်
ကြမ်းပြီး မာကျောလှသည် ။ ကျောက်တို့
ကွဲစေရန် အားဖြင့် ဆုပ်ကိုင်ပြီး ရိုက်ရသော
ကြောင့် လက်မောင်းရင်းတွေသည်လည်း
သေမတတ် ကိုက်ခဲနေသည် ။ အလုပ်ကြမ်း
မပြောနှင့် မီးဖိုချောင်သုံးဓားပင် ကြာကြာ
ကိုင်ဖူးသည့် လူမဟုတ်သည့်အတွက်
အဲ့သံတရွင်းကို ကိုင်ထားရသည့် လက်ဖဝါး
နုနုတို့တွင် ပေါက်ပြဲ ဒဏ်ရာများစွာဖြင့်
သွေးစို့လျက် ရှိသည် ။
" ဟေ့ကောင် ! မင်းက ဘာကိစ္စနားနေတာလဲ..
မင်းအစား မင်းပထွေး လာလုပ်ပေးမယ်များ
ထင်နေလား !!"
" Ahh "
JungKookသည် မောလွန်းသောကြောင့်
ခေတ္တထိုင်ချလိုက်မိသည် ။ သို့သော်
တစ်မိနစ်ပင် မပြည့်လိုက် ၊ ထောင်စောင့်၏
ကန်ချက်ပြင်းပြင်းကို ရရှိလိုက်သည် ။
မနက်ကတည်း နာကျင်နေသည့် နေရာကို
ထပ်အကန်ခံလိုက်ရသည့်အတွက်
JungKookသည် မျက်ရည်ပါဝဲတတ်လာ
သည် ။
နေသည် အရှိန်ပြင်းပြင်းဖြင့် ပူလျက်ရှိသည်။
သူတို့လုပ်နေရသည်မှာ မနက်စောစောကနေ
ယခုဆို မွန်းတည့်နေပြီ ဖြစ်သည် ။
" စိတ်မပူနဲ့ ခဏနေ ထမင်းစားရတော့မယ် "
ထိုအချိန် ရွှီခနဲ ကြားလိုက်ရသည့် ခရာသံ
ကြောင့် ထောင်သားအားလုံး၏ မျက်လုံးများ
အရောင်တောက်သွားသည် ။
" ထမင်းစားချိန်ရောက်ပြီ "
ထမင်းစားခန်းသည် ညစ်ပတ်နေကာ
ခုံတွေကလည်း ကပ်စီးကပ်စီးဖြစ်နေသည်။
JungKook သူ့ကို ထည့်ပေးလိုက်သည့်
စားစရာများကို ကြည့်သည့် အခါ
အန်ချင်သွားသည် ။
ဆန်ပြုတ်သဖွယ်ဖြစ်နေသည့် ထမင်းပျော့နဲ့
ကင်ချီနှစ်ဖတ် ၊ ဆီအနည်းငယ်သာ
ဝေ့နေသည့် ရေသဖွယ် ဟင်းရည်တစ်ခွက်
သာ ဖြစ်သည် ။ ကင်ဆော့ဂျင်ကတော့
ဒါတွေကို မြိန်ရေရှက်ရေ စားနေသည် ။
သူကတော့ ကြည့်ရုံနဲ့တင် ပျို့လာသည် ။
" JungKook ချေးမထူနဲ့...စားလိုက်...
မဟုတ်ရင် မင်း လဲလိမ့်မယ်..အလုပ်တွေက
လုပ်ရအုန်းမှာ "
JungKookသည် ပေါက်တဲ့နဖူး မထူးပြီမို့
ထမင်းတစ်စွန်း ခပ်စားလိုက်သည် ။
အတွင်းကနေကပါ လှိုက်ခနဲပျို့လာသော်
လည်း သည်းခံပြီး နောက်တစ်စွန်း ထပ်စား
သည် ။ ထမင်း ထက်ဝက်ကျိုးပြီးနောက်
JungKook အခြေအနေ မဟန်တော့ပေ ။
အခန်းပြန်ရောက်တာနှင့် အိမ်သာထဲ
ထိုးအန်တော့သည် ။ အန်ပြီးနောက်မှ
ဘေစင်မှာ သန့်စင်လိုက်သည် ။ ပြီးနောက်
အိပ်ရာပေါ်မှာ ခပ်လျော့လျော့ ထိုင်နေလိုက်
သည် ။
" ရော့..ဒါစားထား.. "
သူ့လက်ထဲကို ရောက်လာသည့် ပဲနီပေါင်မုန့်
နဲ့ ဝေဖာလေးတစ်ချောင်း ။ KimSeokJinက
ပေးတာ ။
" ဒါတွေ ဘယ်ကရတာလဲ "
" ငါနဲ့ခင်တဲ့ ထောင်စောင့်တစ်ယောက်ရှိတယ်
သူ့ဆီက တောင်းထားတာ..ငါ့အတွက်ပေါ့..
ဒါပေမဲ့ မင်း အဆာခံနိုင်မှာ မဟုတ်လို့
ပေးတာ စားလိုက်..နောက်ပိုင်းကျရင်တော့
ထောင်ထမင်းကို မင်း ကျင့်သားရသွားမှာပါ "
" ကျေးဇူးတင်ပါတယ် "
ထောင်ထဲဝင်ခဲ့ရပေမဲ့လည်း KimSeokJinနဲ့
တွေ့ခွင့်ရခဲ့တာ သူ့အတွက် ကံကောင်းမှုပါပဲ။
×
" Jeon JungKook ထောင်ထဲရောက်ပြီ..
ParkJiminလည်း မထနိုင်တော့ဘူးဆိုတော့
ငါတို့ သဘောတူထားတာ ရပြီပေါ့ "
" အင်း ချွဲ လုပ်ငန်းစုက ရှင့် ဖက်ရှင်လုပ်ငန်းနဲ့ ပူးပေါင်းရှယ်ယာဝင်ပေးမယ် "
ဝိုင်ခွက်ချင်းတိုက်လိုက်ကြသည် ။
ကောက်ကျစ်သည့် အပြုံးများနှင့် သူမတို့
နှစ်ယောက်ဟာ သူတစ်ပါး နာကျင်ခံစားရမှုကို အောင်ပွဲခံနေပုံ ။
" ဒါပေမဲ့ Park Jiminက သတိပြန်ရချင်
ရလာမှာ ဘယ်လိုလုပ်မလဲ "
ချွဲဟာယွန်းက မေးသည် ။
" အင်းနော်..ဒါပေမဲ့ ကိစ္စ မရှိပါဘူး..
ဖြေရှင်းလို့ရပါတယ် "
" ဘယ်လိုမျိုးလဲ "
ချွဲဟာယွန်း၏ မျက်လုံးများသည် လက်ခနဲ ။
ဂျွန်ဟွာအင်းသည် မြေခွေးမ တစ်ကောင်
အလား ယုတ်မာစွာပြုံးလိုက်သည် ။
" ဘယ်လို ရှိမလဲ...သတ်ပစ်ရမှာပေါ့ "
အခန်းတွင်း၌ ဆိုးညစ်သော ရယ်သံများ
ပျံ့လွင့်သွားတော့သည် ။
×
နောက်အပိုင်းတွေမှာ JungKookဘက်ကိုပဲ
အဓိက ထားရေးမှာပါနော် 🤓။ ဘာလို့ဆို
လက်စားချေမှာက JungKookကိုး 🤭 ။
JungKook ထောင်ကလွတ်တဲ့အခါ
ဘယ်လိုတွေ လုပ်မလဲဆိုတာ သိရဖို့
စောင့်မျှော်ပေးကြပါအုန်း 😉 ။
AlexandrineKim(1532023)
Zawgyi
သားဦး မဟုတ်ခဲ့ဘူး ။ သူ့အထက်မှာ
ရောက်လာခဲ့တယ် ။ ဂျွန်မီယွန်းဟာ
လေးဖြစ်လာသည် ။
×
လုပ်နေသည် ။
လုပ်ထားကြသည်။ ကြည့်ရတာ သူ့ကို
" Jeon ဥက္ကဌ..."
" JungKook "
JungKook သိပါသည် ။
မိသည် ။
×
တရားစီရင်မည့်နေ့ ။
တကွ ရရှိထားပါသည် "
ရောက်လာသည် ။ အမှန်တော့ ထောင်ဒဏ်
သည် ၅နှစ်ဖြစ်သည် ။ အခုလို ၃နှစ်ကို
ဖြစ်သည် ။
စိုက်ကြည့်လိုက်သည် ။
" ရပ်မနေပါနဲ့..သွားမယ် "
ခပ်တိုးတိုးဆိုသည် ။
" ဒီကောင်ကတော့ ! "
" အ့! "
ခြေဖြင့် ကန်သည် ။
" ခင်ဗျား ! "
အချိန်တွေ ပိုမနေဘူး ! "
" ဟား..ဟား.."
ခြေထောက်တစ်စုံ ။
" အဲ့ဒါ ငါ့အိပ်ရာ..."
လူ မရှိဘူးထင်လို့ "
ကြာတော့ သူ မနေတတ်၍..
ရယ်သံ ကျယ်ကျယ်ပြုသည် ။ တစိတ်
လိုမျိုး ။
ကြောက်လို့လား "
" ငါက ကင်ဆော့ဂျင်..မင်းက.."
" ဂျွန်ဂျောင်ဂု "
" CEO Jeonလား..."
Kim Taehyung..
" သိတယ် "
" ငါက သူ့ကောင်လေးလေ.."
ဖြစ်နေတာ "
" လူသတ်မှုလေ..."
" ဗျာ ! ? "
ဝင်ခံလိုက်တာ..."
တာလဲ.."
ထောင်ထဲဝင်ခဲ့ပေးတာ "
မထွက်ဘူး "
Kim SeokJinက လိမ်တယ် ။ သူလည်း
ထိုင်သာ ကြည့်နေမိတယ် ။ KimSeokJinက
မောင့်ကို လွမ်းမိသား ။
×
အိပ်ရာကနေ ထလိုက်သည် ။ မျက်နှာကို
သည် ။
လာနေပြီ "
" JEON JUNGKOOK- "
အလုပ်လုပ်မယ် !! "
" ဟို-ဟို..."
" Ahhh "
နာကျင်နေသည် ။
နားလည်လား !!! "
" နားလည်ပါတယ် !! "
" JungKook အဆင်ပြေလား "
မေးသည် ။ JungKookသည် ခေါင်းသာ
ငြိမ့်ပြလိုက်သည် ။ အမှန်တော့ အဆင်ပြေ
မနေပါ ။
သေမတတ် ကိုက်ခဲနေသည် ။ အလုပ်ကြမ်း
သွေးစို့လျက် ရှိသည် ။
ထင်နေလား !!"
" Ahh "
သည် ။
အရောင်တောက်သွားသည် ။
အန်ချင်သွားသည် ။
သာ ဖြစ်သည် ။ ကင်ဆော့ဂျင်ကတော့
လုပ်ရအုန်းမှာ "
သည် ။
" ရော့..ဒါစားထား.. "
ပေးတာ ။
" ဒါတွေ ဘယ်ကရတာလဲ "
" ကျေးဇူးတင်ပါတယ် "
×
ရလာမှာ ဘယ်လိုလုပ်မလဲ "
ချွဲဟာယွန်းက မေးသည် ။
ဖြေရှင်းလို့ရပါတယ် "
" ဘယ်လိုမျိုးလဲ "
×
အဓိက ထားရေးမှာပါနော် 🤓။ ဘာလို့ဆို
Bạn đang đọc truyện trên: AzTruyen.Top