10
Unicode
သူ ပြေးနေတယ်...
မောဟိုက်လွန်းလို့ တစ်ချက်နားဖို့ ကြံမိသော်
လည်း နောက်ပါးမှ ရဲကားသံတွေနဲ့ ရဲခွေးတို့၏ မာန်ဖီသံတွေကြောင့် သူ မရပ်မနား ဆက်ပြေးနေရသည် ။
ဦးတည်ရာလည်း မရှိ ၊ အသံတွေနဲ့ ဝေးရာကို
ခြေကုန်ပြေးနေသည် ။ နောက်ဆုံး ခြေမခိုင်
တော့ပဲ လဲကျသွားသည် ။ ကျောပြင်အောက်က ကြမ်းရှရှ အထိအတွေ့က မြက်ခြောက်တွေ ဖြစ်မည် ။ ရဲတွေဆီက ယူပြေးလာသည့်
လက်ထိပ်သော့ကို တုန်ရီနေတဲ့ လက်တွေနဲ့
ကိုင်ကာ လက်ထိပ်ကို ဖြုတ်လိုက်သည် ။
သူ ရောက်နေတာက သိုလှောင်ရုံလိုမျိုး
ဂိုထောင်ကြီး တစ်ခုထဲတွင် ဖြစ်သည် ။
သွေးတွေပေနေသော အဝတ်တွေကို
ချွတ်ချလိုက်ပြီး အနီးနားက လှမ်းထားတဲ့
ခပ်စုတ်စုတ်အဝတ်တွေကို ယူဝတ်လိုက်သည်။
အနည် အနည်းငယ်ထိုင်နေတဲ့ ရေတစ်ပုံးထဲက ရေဖြင့် လက်က သွေးတွေကို ဆေးချ
လိုက်သည် ။ နောက်တော့ သူ့အင်္ကျီထဲကနေ
ဖုန်းကို ရှာတော့ မရှိတော့ ။ ဒီတော့ ကျန်သည့် ကတ်နှစ်ကတ်ရယ် ၊ ပါလာသည့် ငွေသား
အနည်းငယ်ရယ်ကို ယူပြီး အပြင်ကို အရိပ်အခြည် ကြည့်လိုက်သည် ။
ရဲတွေက တခြားတဖက်မှာမို့ သူ မှောင်ရိပ်
ခိုကာ အပြင်ကို ပြေးထွက်သွားတော့သည် ။
သိပ်မကြာလိုက်ပါ ၊ ကြီးမားသည့် ခွေးတစ်ကောင်နှင့် ရဲတစ်ယောက်သည် သိုလှောင်ရုံ
ထဲကို ရောက်ရှိလာသည် ။ ခွေးသည်
သွေးပေးနေသည့် အဝတ်တို့ကို ဆွဲကာ
ထုတ်လာသည် ။
" တရားခံလွတ်သွားတယ် JeonJungKookကို မနက်ဖြန် ဝရမ်းထုတ်လိုက်တော့ "
JungKookသည် ချောင်ကျသည့် နေရာ
တစ်ခုတွင် ခေတ္တထိုင်ချလိုက််သည် ။
မောပန်းလွန်းရုံသာမက အလွန်အမင်းလည်း
ဆာလောင်နေသည် ။ အနီးမှာ စတိုးလေး
တစ်ခုတွေ့သည်မို့ ကောင်းနိုးကောင်းရာ
မုန့်တချို့ကို ဝယ်လိုက်သည် ။
ခပ်စုတ်စုတ် အဝတ်တွေနဲ့မို့ စတိုးဆိုင်က
လူက နှာခေါင်းရှုံ့နေသည် ။ ဒါကြောင့်
သူလည်း စတိုးတွင် အင်္ကျီအပို ရှိမရှိ
မေးလိုက်သည် ။ နောက် အနက်ရောင်
ဦးထုပ်တစ်လုံး ၊ Mask ၊ တီရှပ်နဲ့ Slipper တစ်ရံကို ဝယ်လိုက်သည် ။
လွယ်အိတ်တစ်လုံးပါ ဝယ်၍ မုန့်တချို့
ထည့်ကာ သူ စတိုးမှ ထွက်ခဲ့လိုက်သည် ။
လက်ထဲတွင် ငွေသားသည် ကုန်ပြီ ဖြစ်၍
ကတ်နှင့် သုံးရတော့မည် ဖြစ်မည် ။သို့သော်
ကတ်နှင့် တစ်နေရာရာမှာ စသုံးလိုက်သည်နှင့် သူ့ တည်နေရာကို ချက်ချင်း ရှာတွေ့မည်
ဖြစ်မည် ။ ထို့ကြောင့် JungKook အခက်တွေ့
နေသည် ။
လမ်းမီးတိုင် မှိန်ပြပြအောက်က အုတ်ခုံလေးမှာ JungKook ထိုင်ချလိုက်သည် ။ ပြေးလွှား
ထား၍ ဆာလောင်နေသာ ဗိုက်ကို ဖြည့်ရန်
ပဲနီပေါင်မုန့်တစ်လုံးကို အလျင်အမြန်
ဖောက်လိုက်သည် ။ ပေါင်မုန့်ဆို ကောင်းပေ့ညွန့်ပေ့ နူးနူးညံ့ညံ့ကိုမှ တစ်သက်နီးနီး
စားလာခဲ့သည့် ရွှေဘုံစံမင်းသားလေးအတွက် စတိုးဆိုင်မှ ဤပဲနီပေါင်မုန့်လေးသည် မျိုချရန် ခက်ခဲသည် အထိ ကြမ်းနေပါသည် ။
လည်ပင်းမှာ တစ်ဆို့နေသည်မို့ ရေတစ်ဘူး
ဖွင့်ကာ အမြန်သောက်လိုက်ရသည် ။
လွန်ခဲ့သည့် နာရီပိုင်းအတွင်းမှာပင်
လျှမ်းလျှမ်းတောက် CEO JeonJungKook
ကနေ လူသတ်သမား ဝရမ်းပြေးတစ်ယောက်
ဘဝကို ကူးပြောင်းသွားသည် ။ JungKook
သည် ပေါင်မုန့်ကို ကိုက်နေရင်း မျက်ရည်တွေ
စီးကျလာသည် ။
ဘဝမှာ တစ်ခါမှ အခုလို လမ်းဘေးမှာ
ပေါင်မုန့်ကြမ်းကို ရေတစ်ဘူးနဲ့ မျောချနေရ
မယ်လို့ တွေးပင် မတွေးမိခဲ့ဖူးပါ ။ ညကျ
အိပ်ဖို့ရန်အတွက်လည်း နေရာမရှိ ။
ဆောင်းတွင်းမို့ လေတွေက အလွန်အမင်းမှ
အေးစက်နေသည် ။ အနွေးထည်ပင် သူ့မှာမရှိ။
နောက် သတိရမိတာက မောင် ။
မောင် သေလားရှင်လား အဆင်ပြေရဲ့လား သူမသိ ။ မောင် အသက်ရှင်နိုင်ပါ့မလား ။
မောင်သာ မရှိတော့ရင် သူလည်း
ဒီလောကမှာ နေစရာ မလိုအပ်တော့ပေ ။
မောင့် သတင်းကို စုံစမ်းဖို့ကိုလည်း သူ
ကြိုးစားရအုန်းမည် ။
သူ အတွေးတွေများနေရင်း ပင်ပန်းထားသည့်
ခန္ဓာကိုယ်ကြောင့် တချက်တချက် ငိုက်ကျ
လာသည် ။ ပခုံးပေါ်ကို ခပ်ဆတ်ဆတ်
ပုတ်နှိုးမှုကြောင့် JungKook ပြန်နိုးလာသည်။
" ဒီကလူ...အိမ် မရှိဘူးလား.."
မေးတာက ခုနက စတိုးဆိုင်က ဝန်ထမ်းလေး။
" ဟမ်..? "
" အိမ်ခြေယာမဲ့ ပုံလည်း မပေါက်ပါဘူး...
အိမ်ပြန်လို့ မရတာလား "
JungKook ခေါင်းဖွဖွ ငြိမ့်ပြသည် ။
" ငါ့ အိမ်လိုက်ခဲ့မလား..မင်းကို တစ်ညတော့
အိပ်ခွင့် ပေးနိုင်တယ် "
" တကယ်လား ? "
JungKook ပျော်သွားတာကိုတော့
ဝန်ခံရမည်။
" ထ..လိုက်ခဲ့ "
ဒီ စတိုးဆိုင်က ကောင်လေးက ဘာလို့
အခုလို သဘောထားကြီးပေးလဲတော့
သူ မသိ ။ သူ အခုသိတာ သူ အိပ်ဖို့
နေရာတစ်ခု လိုအပ်နေသည် ။
" ငါ့နေရာ မြင်တဲ့အတိုင်း နည်းနည်းတော့
စုတ်ပြတ်တယ် "
စုတ်ပြတ်တယ်တဲ့..။ ပစ္စည်းတွေအကုန်လုံးက
စနစ်တကျရှိနေပြီး သန့်ရှင်း သပ်ရပ်နေတဲ့
အခန်းကျဥ်းလေးက စုတ်ပြတ်တယ်လို့တော့
မဆိုနိုင်ပါ ။
" ဒါနဲ့..ငါ့ကို ဘာလို့ ကူညီပေးတာလဲ "
" ဆိုင်ထဲ စစ ဝင်လာတုန်းက မင်းကို
ခိုးမဲ့လူ ဒါမဟုတ် တစ်ခုခု ထင်လို့..ဒါပေမဲ့
မင်းက လိုတာတွေပဲ ဝယ်ပြီး ပြန်ထွက်သွား
တော့ ငါ အံ့သြသွားခဲ့တယ်..ပြီးတော့
မင်း အုတ်ခုံမှာ ထိုင်ပြီး လုပ်ကိုင်နေတာကို
ငါကြည့်ပြီး ငါ စဥ်းစားမိတာ မင်းမှာ
အိမ် မရှိတာလား..အိမ်ပြန်မရတာလားပေါ့..
ဒါနဲ့ မင်းက အိမ်ပြေးလား...."
" မဟုတ်- အင်း ဟုတ်တယ်.."
" ငါတော့ ဒီတစ်ညပဲ ကူပေးနိုင်မှာနော်.."
" ကျေးဇူးတင်ပါတယ်ဗျာ..."
" ပြီးရော..ဒီမှာ မွေ့ယာ ခင်းအိပ်.."
" ဟုတ်..ဒါနဲ့ ဒီက....နာမည်လေး သိခွင့်
ရှိမလား..."
" Min Yoongi...မင်းရော..? "
" JungKook "
JungKookသည် နာမည်ကို လွှတ်ခနဲ
ထွက်သွားမိသောကြောင့် ကိုယ့်ကိုကိုယ်
စိတ်ပျက်သွားသည် ။ အခုချိန်မှာ ကိုယ်က
ဝရမ်းပြေးမို့ နာမည်ကြီးနေမှာ သေချာသည်။
သို့သော် Min Yoongiသည် ဘာမှ မသိသည့်
အတိုင်းပင် အိပ်ရာခင်းနေသည် ။
JungKookသည် နောက်ဆုံး စိတ်လျော့ပြီး
ပင်ပန်းနေသည့်အတွက် ခဏလေးအတွင်းမှာပင် အိပ်ပျော်သွားတော့သည် ။
" ဟို ကောင်လေးရော... "
မနက်၄နာရီတွင် အလုပ်သွားဖို့ Yoongi
နိုးလာတော့ ညက ကောင်လေး မရှိတော့ ။
ရုတ်တရက် ထိတ်ပျာသွားပြီး သူ့ပစ္စည်းတွေ
ကို အရင်စစ်ကြည့်မိသည် ။ သူစိမ်းကို
ခေါ်တင်ခဲ့တာမို့ ရာနှုန်းပြည့် မယုံကြည်နိုင်ပါ။
" ဘာမှ မလျော့သွားဘူး...လန့်သွားတာပဲ..
ဒါနဲ့ သူ ဘယ်အချိန်ကတည်းက ထွက်သွား
တာပါလိမ့် "
Yoongi စတိုးဆိုင်ရောက်ပြီး တီဗီဖွင့်လိုက်
တော့ မနက်ခင်း သတင်းနဲ့ တိုးသည် ။
သတင်းဖွင့်ထားလျက်ပင် သူ ကောင်တာကို
သန့်ရှင်းရေးလုပ်နေလိုက်သည် ။
" ယမန်နေ့ညက..Jeonလုပ်ငန်းစု လက်ခွဲ
ကုမ္ပဏီ၏ CEO Jeon JungKookသည်
လူတစ်ဦးအား အသက်သေစေရန်
ကိုယ်ထိလက်ရောက် လုပ်ကြံမှုပြုခဲ့ပြီး
ဝရမ်းဖြင့် ထွက်ပြေးတိမ်းရှောင်လျက်....."
Yoongiသည် JungKookဟူသော အမည်
ကြောင့် တီဗီကို မော့ကြည့်လိုက်သည် ။
တီဗီတွင် JungKook၏ ရုပ်ပုံကို မြင်လိုက်
ရသည် ။
" ဒါ..ဒါ ညက ကောင်လေးမလား...! "
မျက်နှာအပြည့်မသိရင်တောင်မှ မျက်လုံး
တွေကို သူမှတ်မိသည် ။
" ဘာ-ဘာလဲ...ငါ ညက ဝရမ်းပြေး
တစ်ယောက်ကို အိမ်ပေါ်ခေါ်တင်မိခဲ့တာ
လား...."
×
JungKookသည် အများသုံးဖုန်းရုံးထဲတွင်
ဖြစ်သည် ။ သူ့ရှေ့က ဖုန်းခွက်ထဲမှာ
နံပါတ်တချို့ကို ရိုက်ထည့်လိုက်သည် ။
" ဟယ်လို...ဂျွန်ဟွာအင်း ပြောနေပါတယ် "
" အမေ...."
" နင်..နင်...JungKook..."
" ဟုတ်တယ် အမေ..."
" နင် ဘယ်ကို ထွက်ပြေးနေတာလဲ..."
" အဲ့ဒါထက် ကျွန်တော့်ကို အရင်ကူညီပေးပါ "
" ဘာ...?"
" ကျွန်တော့်ကို လူလွှတ်ပြီး ငွေသား
နည်းနည်းလောက် ပေးပါ..ဒါမှ ကျွန်တော်
တစ်နေရာရာမှာ ပုန်းနေလို့ရမှာ..."
သူ့စကားဆုံးတဲ့အခါ ဂျွန်ဟွာအင်း၏
ဆိုးယုတ်သည့် ရယ်သံကို ဖုန်းခွက်မှတဆင့်
ကြားလိုက်ရသည် ။
" ဟင်းဟင်း...ငါက ဘာလို့ ကူညီရမှာလဲ..
သားရယ်..ဒီအခြေအနေရောက်ဖို့တောင်
ငါ သေချာလုပ်ထားရတာကို..ငါက ဘာလို့
ပြန်ကူညီရမှာလဲ.."
" အမေ..ဘာပြောလိုက်တာလဲ...ဒီကိစ္စက
အမေ လုပ်တာလား..."
" ဟိုး...ငါ လုပ်တာ မဟုတ်ပါဘူး...ငါက
ကြံရာပါရုံလေးပါ...အဓိက လုပ်တဲ့လူက.."
" ချွဲ..ချွဲဟာယွန်း..."
" Bingo...My Son...! "
JungKookလက်ထဲမှ ဖုန်းခွက် လွတ်ကျ
သွားသည် ။ နောက်တော့ ခါးသီးစွာ
ပြုံးလိုက်သည် ။ မကြာခင် ဖုန်းတည်နေရာနဲ့
ရဲတွေ လာတော့မှာမို့ Mask နဲ့ ဦးထုပ်ကို
သေချာဝတ်ကာ ထိုနေရာမှ အမြန်ထွက်ခဲ့
တော့သည် ။
JungKookသည် အခု ဆေးရုံတစ်ခုရှေ့တွင်
ရပ်နေသည် ။ ဒီဆေးရုံတွင် မောင်ရှိသည်ဟု
သတင်းရထားသည် ။ ကောင်တာတွင်
မေးကြည့်တော့ ခွဲစိတ်ဆဲဟု သိရသည် ။
ထိခိုက်ဒဏ်ရာကြီးမားသောကြောင့်
ခွဲစိတ်ချိန်က ကြာမြင့်သည် ။
ခွဲစိတ်ခန်းရှေ့တွင် အပ်ကျပင် ကြားရလောက်အောင် တိတ်ဆိတ်လျက်ရှိသည် ။
JungKookသည် ခြေကိုဖွဖွနင်းရင်း
ထောင့်အကွယ်ကနေ စောင်းငဲ့ကြည့်မိသည်။
ယူဆိုရာသည် အသံမထွက်ရှိုက်နေရင်း
ခွဲစိတ်ခန်းကို ငေးကြည့်နေသည် ။
နောက်ဆုံး ၈နာရီကြာ ခွဲစိတ်မှုပြီးဆုံးခဲ့ပြီ။
ဆရာဝန်တွေသည် ပင်ပန်းနေဟန်ဖြင့်
ထွက်လာကြသည် ။ မျက်နှာတွေလည်း
သိပ်မကောင်းကြ ။
" ကျွန်မသား အခြေအနေ..."
" အသက်တော့ ကယ်လိုက်နိုင်ပါတယ်..."
စကားသံကို နားစွင့်နေတဲ့ JungKookလည်း
ထိုအခါမှ သက်ပြင်းကို ခပ်လျောလျော
ချလိုက်နိုင်သည် ။
" ဒါပေမဲ့လည်း စိတ်မကောင်းစရာက
လူနာက ဦးခေါင်းဒဏ်ရာကြောင့် ကိုမာ
ဝင်သွားပါတယ်...အဲ့ဒါ ခေတ္တလည်း
ဖြစ်နိုင်သလို ကြာရင်လည်း ကြာနိုင်ပါတယ်
လူနာပေါ် မူတည်တာပေါ့ "
ယူဆိုရာသည် ကြမ်းပြင်ကို လဲကျပြီး
ငိုနေသည် ။ JungKookသည်လည်း
သန့်စင်ခန်းထဲကို ဝင်ပြီး အသံတိတ်
ငိုနေမိသည် ။ အတန်ကြာပြီးနောက် JungKookသည် ဤနေရာမှ ထွက်သွားရန်
ပြင်ရသည် ။ သူ တစ်နေရာတည်းမှာ
ကြာကြာနေလို့ မရပေ ။
ဝမ်းနည်းပက်လက်နဲ့ပဲ သူ ရောက်ခဲ့တာက
ချွဲဟာယွန်း ရှိနေသည့် ရုံးနေရာ ။ ကြံဖန်ပြီး
ချွဲဟာယွန်း ရုံးခန်းထဲရောက်အောင် ခိုးဝင်
လိုက်သည် ။ သိပ်မကြာခင်ပဲ ချွဲဟာယွန်း
တစ်ယောက် ရုံးခန်းထဲရောက်လာသည် ။
" ချွဲဟာယွန်း...."
" JeonJungKook ! "
သူတို့အကြား ခေတ္တ တိတ်ဆိတ်သွားသည် ။
ချွဲဟာယွန်းက ဆုံလည် ကုလားထိုင်ပေါ်
မှီချကာ ထိုင်လိုက်ရင်း...
" ပြောကြည့်ပါအုန်း...ဝရမ်းပြေး ဖြစ်နေတဲ့
ခံစားချက်လေး..ခ်ခ် "
" မင်း ဘာကြောင့် ငါ့ကို အခုလိုလုပ်တာလဲ..
မင်းအပေါ် ငါ ဘာများလုပ်ခဲ့မိလို့လဲ ! "
" ကျွန်မအပေါ် ရှင်ဘာလုပ်ခဲ့လဲ ဟုတ်လား!!
မင်္ဂလာပွဲ...ရှင် အစကတည်းက..လက်မထပ်
ချင်ဘူးဆိုလည်း ဘာလို့ လက်ခံခဲ့သေးလဲ..
လက်ခံခဲ့ရင်လည်း အဆုံးထိလုပ်လေ !! "
" မင်္ဂလာပွဲက ရှင်နဲ့ ရှင့်အကောင် လုပ်ရပ်ကြောင့် ကျွန်မရဲ့ သိက္ခာတွေ ဘယ်လောက်
ကျခဲ့လဲ...အရှက်တွေ ဘယ်လောက် ကွဲခဲ့လဲ..
နှစ်ဦးသဘောတူ လက်ထပ်ပွဲတစ်ခုမှာ
တစ်ယောက်တည်း ကျန်ခဲ့ရတဲ့ ကျွန်မကို
ရှင် စဥ်းစားကြည့်မိလား...သတင်းထောက်
တွေ ကြားကနေ ဘယ်လို ရုန်းထွက်ခဲ့ရလဲ..
ရှင် တွေးကြည့်ဖူးလား !! "
ချွဲဟာယွန်းက ဒေါသတကြီး အော်ဟစ်
သည် ။ ရုတ်တရက် JungKookသည်
ဒူးထောက်ချလိုက်သည် ။
" တောင်းပန်ပါတယ် ချွဲဟာယွန်းရယ်...
ကျေးဇူးပြုပြီး..အခုလို မလုပ်ပါနဲ့...
တောင်းပန်ပါတယ်..ဒါ ဒါ ငါမလုပ်တာ
မင်း သိပါတယ် "
JungKookသည် ဒါ အဆုံးစွန်ထိ နှိမ့်ချ
လိုက်တာ ။ မောင့်ကိုတောင် ဒူးထောက်ခဲ့ဖူး
တာမဟုတ် ။
" မောင်ကလည်း....အခု ဆေးရုံမှာ..."
" သေပြီလား....ဟက်..အော်ဒါနဲ့...
အဲ့အကောင်ကို ဓားနဲ့ထိုးခဲ့တာ ကျွန်မ
မဟုတ်ဘူးနော်...ရှင် ကိုယ်တိုင်ပဲ ထိုးခဲ့တာ "
" ငါ-ငါ...စိတ်လွတ်နေခဲ့လို့..."
" သေချာပေါက် ကျွန်မ အဲ့အခြေအနေကို
တွန်းပို့ခဲ့တာလေ...."
ဤစကားကြောင့် JungKook ထို့ကနေ့က
ကိစ္စတွေကို ပြန်စဥ်းစားပြီး သုံးသပ်မိသည့်
တခဏ..
" ဟမ်...!? မင်း-မင်း ရဲ့ဝိုင်... "
" အမှန်ပဲ..မူးယစ်ဆေးလေး နည်းနည်း
ထည့်လိုက်ရုံပါ..."
" မင်း !! "
JungKookသည် ဒူးထောက်နေရာကနေ
ထပြီး ချွဲဟာယွန်းဆီ တိုးဝင်ရန်အလုပ်
သူမက အရေးပေါ်ခလုတ်ကို နှိပ်လိုက်သည်။
သူမဘေးက အလှပန်းအိုးကိုလည်း ကြမ်းပြင်ပေါ်ကို တွန်းချလိုက်သည် ။
' ခွမ်း !! ´
" အမယ်လေး !! ကယ်ကြပါအုန်း !!
ဒီမှာ လူသတ်သမား ဝရမ်းပြေးတစ်ယောက်
ကျွန်မကို အကြမ်းဖက်နေလို့ !!! "
JungKook အမြန်ပြေးဖို့ လုပ်ပေမဲ့
ဝင်လာတဲ့ လုံခြုံရေးတွေကြောင့် JungKook
ချောင်ပိတ်မိသွားသည် ။ ဒုတိယအကြိမ်
လက်ထိပ်ခတ်ခံလိုက်ရပြီးနောက်
နစ်နာသူသဖွယ် ဟန်ဆောင်နေသည့်
ချွဲဟာယွန်းကို စူးရဲစွာ ကြည့်လိုက်သည် ။
" သူ-သူ ကျွန်မကို ပန်းအိုးနဲ့ ရိုက်ဖို့ လုပ်ခဲ့တာ
ကျွန်မ အရှောင်မြန်ပေလို့ပေါ့.. မဟုတ်ရင်
ကျွန်မ သေမှာ.."
မျက်ရည်စမ်းစမ်းနဲ့ ပြောနေသည့် သူမက
အမှန်တကယ်ကို ဟန်ဆောင်ကောင်းသည့်
မြေခွေးမတစ်ကောင်ဖြစ်သည် ။
" မင်း...မောင်နဲ့ ငါ့ဘဝကို အခုလို ဗြောင်းဆန်
အောင်လုပ်တဲ့အတွက် မင်း ပြန်ပေးဆပ်
ရမယ်..."
×
" ကျွန်မတို့ သားအမိပဲ စကားပြောချင်လို့..
ကင်မရာတွေကို ပိတ်ပေးပြီး အကုန် အပြင်
ထွက်ပေးပါလား...."
စစ်ဆေးခန်းမှာ ထိုင်နေတဲ့ JungKookရှေ့ကို
ဂျွန်ဟွာအင်း ဝင်ထိုင်လိုက်သည် ။
" ဘာလာလုပ်တာလဲ..."
" အမောက်ထောင်ချင်ခဲ့တဲ့ မြွေဆိုးလေးရဲ့
ကျရှုံးခန်းကို လာကြည့်တာပါ "
ဂျွန်ဟွာအင်းက မဲ့ပြုံးဖြင့် ခနဲ့သည် ။
" ကိုယ့်သားတစ်ယောက် ထောင်ထဲဝင်ရမှာကို ခင်ဗျား သိပ်သဘောတွေ့နေပုံရတယ် "
JungKookသည် အံကြိတ်သံဖြင့်
ခပ်ပြတ်ပြတ်ဆိုသည် ။
" ငါ့ကို အာခံရင် မင်းအတွက် အဆုံးသတ်
မကောင်းဘူးလို့ ငါပြောခဲ့ဖူးပါတယ်..."
" ခင်ဗျား တကယ့်ကို မိခင်ဆိုးပဲ..."
" Jeon JungKook ! "
" မဟုတ်လို့လား...!! ကိုယ့် သိက္ခာ ၊ ဂုဏ်ဒြပ်၊
မာန်မာနတွေကိုပဲ ရှေ့တန်းတင်ပြီး ကိုယ့်
သားအရင်းကိုတောင် ထောင်ထဲထည့်ဖို့
ကြံစည် ချောက်ချခဲ့တာတဲ့ ခင်ဗျားက
မိခင်ကို မဖြစ်သင့်တာ...!! "
" နင်သိဖို့က ငါလည်း ဘယ်တုန်းကမှ
မိခင်တစ်ယောက် မဖြစ်ချင်ခဲ့ဘူး !! "
" ဒါဆို ဘာလို့ ကျုပ်ကို မွေးခဲ့သေးလဲ !!
ဖျက်ချလိုက်လေ...! "
" ငါ ပြောပြီးသား..Jeon Groupအတွက်- "
" ခင်ဗျားက ဂျွန်မင်ဂျွန်းကို တကယ်
မချစ်ခဲ့ဘူးပဲ.."
" နင့်စကားကို ဆင်ခြင် Jeon JungKook..
သူ့ အပေါ်ထားတဲ့ ငါ့အချစ်ကို နင် ဘာမှ
ဝေဖန်စရာ မလိုဘူး "
" အဲ့ယောကျ်ားကို သိပ်ချစ်တယ်ဆိုရင်..
ဘာလို့ သူနဲ့ ရလာတဲ့ သွေးသားကိုကျ
ကောင်းကောင်းမဆက်ဆံပေးနိုင်ရတာလဲ "
" ..... "
ဂျွန်ဟွာအင်းသည် အာစေးမိသလို
တိတ်ဆိတ်သွားသည် ။
" ကျုပ်က ဂျွန်မင်ဂျွန်းရဲ့သားမှ ဟုတ်ရဲ့လား"
ဂျွန်ဟွာအင်း၏ မျက်စံများ လှုပ်ရှားလာသည်။
" ခင်ဗျား တစ်နေရာရာမှာ ဖောက်ပြန်ပြီး
ရလာတဲ့ ကလေးမို့ အခုလောက်ထိ ကျုပ်ကို
ဆိုးဆိုးရွားရွား လုပ်နိုင်ရက်တာလား "
" Jeon Jungkook!! နင် ငါ့ကို မစော်ကားနဲ့..
ငါက ကျန်တာတွေမှာ ကတိသစ္စာမရှိတဲ့
မိန်းမဖြစ်ချင်ဖြစ်မယ်..ဒါပေမဲ့ ဂျွန်မင်ဂျွန်း
အပေါ်တော့ သစ္စာစောင့်သိတဲ့ မယား
တစ်ယောက်ပဲ..."
" အဲ့ဒါဆို..."
" အဲ့ဒါဆို ဘာလို့.. ဂျွန်မင်ဂျွန်းနဲ့ ခင်ဗျားရဲ့
သား ကျုပ်ကို ဘာလို့ အခုလောက်ထိ
လုပ်ရက်နိုင်တာလဲ- !!! "
" ဘာလို့ဆို...နင်က ငါတို့သား မဟုတ်လို့ပဲ !! "
×
ဇာတ်က နည်းနည်းလေး ထပ်ရှုပ်ချင်သေးလို့🤓
AlexandrineKim(1432023)
Zawgyi
သူ ေျပးေနတယ္...
ေမာဟိုက္လြန္းလို႔ တစ္ခ်က္နားဖို႔ ၾကံမိေသာ္
လည္း ေနာက္ပါးမွ ရဲကားသံေတြနဲ႔ ရဲေခြးတို႔၏ မာန္ဖီသံေတြေၾကာင့္ သူ မရပ္မနား ဆက္ေျပးေနရသည္ ။
ဦးတည္ရာလည္း မ႐ွိ ၊ အသံေတြနဲ႔ ေဝးရာကို
ေျခကုန္ေျပးေနသည္ ။ ေနာက္ဆုံး ေျခမခိုင္
ေတာ့ပဲ လဲက်သြားသည္ ။ ေက်ာျပင္ေအာက္က ၾကမ္း႐ွ႐ွ အထိအေတြ႕က ျမက္ေျခာက္ေတြ ျဖစ္မည္ ။ ရဲေတြဆီက ယူေျပးလာသည့္
လက္ထိပ္ေသာ့ကို တုန္ရီေနတဲ့ လက္ေတြနဲ႔
ကိုင္ကာ လက္ထိပ္ကို ျဖဳတ္လိုက္သည္ ။
သူ ေရာက္ေနတာက သိုေလွာင္႐ုံလိုမ်ိဳး
ဂိုေထာင္ႀကီး တစ္ခုထဲတြင္ ျဖစ္သည္ ။
ေသြးေတြေပေနေသာ အဝတ္ေတြကို
ခြၽတ္ခ်လိုက္ၿပီး အနီးနားက လွမ္းထားတဲ့
ခပ္စုတ္စုတ္အဝတ္ေတြကို ယူဝတ္လိုက္သည္။
အနည္ အနည္းငယ္ထိုင္ေနတဲ့ ေရတစ္ပုံးထဲက ေရျဖင့္ လက္က ေသြးေတြကို ေဆးခ်
လိုက္သည္ ။ ေနာက္ေတာ့ သူ႕အက်ႌထဲကေန
ဖုန္းကို ႐ွာေတာ့ မ႐ွိေတာ့ ။ ဒီေတာ့ က်န္သည့္ ကတ္ႏွစ္ကတ္ရယ္ ၊ ပါလာသည့္ ေငြသား
အနည္းငယ္ရယ္ကို ယူၿပီး အျပင္ကို အရိပ္အျခည္ ၾကည့္လိုက္သည္ ။
ရဲေတြက တျခားတဖက္မွာမို႔ သူ ေမွာင္ရိပ္
ခိုကာ အျပင္ကို ေျပးထြက္သြားေတာ့သည္ ။
သိပ္မၾကာလိုက္ပါ ၊ ႀကီးမားသည့္ ေခြးတစ္ေကာင္ႏွင့္ ရဲတစ္ေယာက္သည္ သိုေလွာင္႐ုံ
ထဲကို ေရာက္႐ွိလာသည္ ။ ေခြးသည္
ေသြးေပးေနသည့္ အဝတ္တို႔ကို ဆြဲကာ
ထုတ္လာသည္ ။
" တရားခံလြတ္သြားတယ္ JeonJungKookကို မနက္ျဖန္ ဝရမ္းထုတ္လိုက္ေတာ့ "
JungKookသည္ ေခ်ာင္က်သည့္ ေနရာ
တစ္ခုတြင္ ေခတၱထိုင္ခ်လိုက္္သည္ ။
ေမာပန္းလြန္း႐ုံသာမက အလြန္အမင္းလည္း
ဆာေလာင္ေနသည္ ။ အနီးမွာ စတိုးေလး
တစ္ခုေတြ႕သည္မို႔ ေကာင္းႏိုးေကာင္းရာ
မုန္႔တခ်ိဳ႕ကို ဝယ္လိုက္သည္ ။
ခပ္စုတ္စုတ္ အဝတ္ေတြနဲ႔မို႔ စတိုးဆိုင္က
လူက ႏွာေခါင္း႐ႈံ႕ေနသည္ ။ ဒါေၾကာင့္
သူလည္း စတိုးတြင္ အက်ႌအပို ႐ွိမ႐ွိ
ေမးလိုက္သည္ ။ ေနာက္ အနက္ေရာင္
ဦးထုပ္တစ္လုံး ၊ Mask ၊ တီ႐ွပ္နဲ႔ Slipper တစ္ရံကို ဝယ္လိုက္သည္ ။
လြယ္အိတ္တစ္လုံးပါ ဝယ္၍ မုန္႔တခ်ိဳ႕
ထည့္ကာ သူ စတိုးမွ ထြက္ခဲ့လိုက္သည္ ။
လက္ထဲတြင္ ေငြသားသည္ ကုန္ၿပီ ျဖစ္၍
ကတ္ႏွင့္ သုံးရေတာ့မည္ ျဖစ္မည္ ။သို႔ေသာ္
ကတ္ႏွင့္ တစ္ေနရာရာမွာ စသုံးလိုက္သည္ႏွင့္ သူ႕ တည္ေနရာကို ခ်က္ခ်င္း ႐ွာေတြ႕မည္
ျဖစ္မည္ ။ ထို႔ေၾကာင့္ JungKook အခက္ေတြ႕
ေနသည္ ။
လမ္းမီးတိုင္ မွိန္ျပျပေအာက္က အုတ္ခုံေလးမွာ JungKook ထိုင္ခ်လိုက္သည္ ။ ေျပးလႊား
ထား၍ ဆာေလာင္ေနသာ ဗိုက္ကို ျဖည့္ရန္
ပဲနီေပါင္မုန္႔တစ္လုံးကို အလ်င္အျမန္
ေဖာက္လိုက္သည္ ။ ေပါင္မုန္႔ဆို ေကာင္းေပ့ၫြန္႔ေပ့ ႏူးႏူးညံ့ညံ့ကိုမွ တစ္သက္နီးနီး
စားလာခဲ့သည့္ ေ႐ႊဘုံစံမင္းသားေလးအတြက္ စတိုးဆိုင္မွ ဤပဲနီေပါင္မုန္႔ေလးသည္ မ်ိဳခ်ရန္ ခက္ခဲသည္ အထိ ၾကမ္းေနပါသည္ ။
လည္ပင္းမွာ တစ္ဆို႔ေနသည္မို႔ ေရတစ္ဘူး
ဖြင့္ကာ အျမန္ေသာက္လိုက္ရသည္ ။
လြန္ခဲ့သည့္ နာရီပိုင္းအတြင္းမွာပင္
လွ်မ္းလွ်မ္းေတာက္ CEO JeonJungKook
ကေန လူသတ္သမား ဝရမ္းေျပးတစ္ေယာက္
ဘဝကို ကူးေျပာင္းသြားသည္ ။ JungKook
သည္ ေပါင္မုန္႔ကို ကိုက္ေနရင္း မ်က္ရည္ေတြ
စီးက်လာသည္ ။
ဘဝမွာ တစ္ခါမွ အခုလို လမ္းေဘးမွာ
ေပါင္မုန္႔ၾကမ္းကို ေရတစ္ဘူးနဲ႔ ေမ်ာခ်ေနရ
မယ္လို႔ ေတြးပင္ မေတြးမိခဲ့ဖူးပါ ။ ညက်
အိပ္ဖို႔ရန္အတြက္လည္း ေနရာမ႐ွိ ။
ေဆာင္းတြင္းမို႔ ေလေတြက အလြန္အမင္းမွ
ေအးစက္ေနသည္ ။ အေႏြးထည္ပင္ သူ႕မွာ မ႐ွိ။
ေနာက္ သတိရမိတာက ေမာင္ ။
ေမာင္ ေသလား႐ွင္လား အဆင္ေျပရဲ႕လား သူမသိ ။ ေမာင္ အသက္႐ွင္ႏိုင္ပါ့မလား ။
ေမာင္သာ မ႐ွိေတာ့ရင္ သူလည္း
ဒီေလာကမွာ ေနစရာ မလိုအပ္ေတာ့ေပ ။
ေမာင့္ သတင္းကို စုံစမ္းဖို႔ကိုလည္း သူ
ႀကိဳးစားရအုန္းမည္ ။
သူ အေတြးေတြမ်ားေနရင္း ပင္ပန္းထားသည့္
ခႏၶာကိုယ္ေၾကာင့္ တခ်က္တခ်က္ ငိုက္က်
လာသည္ ။ ပခုံးေပၚကို ခပ္ဆတ္ဆတ္
ပုတ္ႏိႈးမႈေၾကာင့္ JungKook ျပန္ႏိုးလာသည္။
" ဒီကလူ...အိမ္ မ႐ွိဘူးလား.."
ေမးတာက ခုနက စတိုးဆိုင္က ဝန္ထမ္းေလး။
" ဟမ္..? "
" အိမ္ေျခယာမဲ့ ပုံလည္း မေပါက္ပါဘူး...
အိမ္ျပန္လို႔ မရတာလား "
JungKook ေခါင္းဖြဖြ ၿငိမ့္ျပသည္ ။
" ငါ့ အိမ္လိုက္ခဲ့မလား..မင္းကို တစ္ညေတာ့
အိပ္ခြင့္ ေပးႏိုင္တယ္ "
" တကယ္လား ? "
JungKook ေပ်ာ္သြားတာကိုေတာ့
ဝန္ခံရမည္။
" ထ..လိုက္ခဲ့ "
ဒီ စတိုးဆိုင္က ေကာင္ေလးက ဘာလို႔
အခုလို သေဘာထားႀကီးေပးလဲေတာ့
သူ မသိ ။ သူ အခုသိတာ သူ အိပ္ဖို႔
ေနရာတစ္ခု လိုအပ္ေနသည္ ။
" ငါ့ေနရာ ျမင္တဲ့အတိုင္း နည္းနည္းေတာ့
စုတ္ျပတ္တယ္ "
စုတ္ျပတ္တယ္တဲ့..။ ပစၥည္းေတြအကုန္လုံးက
စနစ္တက်႐ွိေနၿပီး သန္႔႐ွင္း သပ္ရပ္ေနတဲ့
အခန္းက်ဥ္းေလးက စုတ္ျပတ္တယ္လို႔ေတာ့
မဆိုႏိုင္ပါ ။
" ဒါနဲ႔..ငါ့ကို ဘာလို႔ ကူညီေပးတာလဲ "
" ဆိုင္ထဲ စစ ဝင္လာတုန္းက မင္းကို
ခိုးမဲ့လူ ဒါမဟုတ္ တစ္ခုခု ထင္လို႔..ဒါေပမဲ့
မင္းက လိုတာေတြပဲ ဝယ္ၿပီး ျပန္ထြက္သြား
ေတာ့ ငါ အံ့ၾသသြားခဲ့တယ္..ၿပီးေတာ့
မင္း အုတ္ခုံမွာ ထိုင္ၿပီး လုပ္ကိုင္ေနတာကို
ငါၾကည့္ၿပီး ငါ စဥ္းစားမိတာ မင္းမွာ
အိမ္ မ႐ွိတာလား..အိမ္ျပန္မရတာလားေပါ့..
ဒါနဲ႔ မင္းက အိမ္ေျပးလား...."
" မဟုတ္- အင္း ဟုတ္တယ္.."
" ငါေတာ့ ဒီတစ္ညပဲ ကူေပးႏိုင္မွာေနာ္.."
" ေက်းဇူးတင္ပါတယ္ဗ်ာ..."
" ၿပီးေရာ..ဒီမွာ ေမြ႕ယာ ခင္းအိပ္.."
" ဟုတ္..ဒါနဲ႔ ဒီက....နာမည္ေလး သိခြင့္
႐ွိမလား..."
" Min Yoongi...မင္းေရာ..? "
" JungKook "
JungKookသည္ နာမည္ကို လႊတ္ခနဲ
ထြက္သြားမိေသာေၾကာင့္ ကိုယ့္ကိုကိုယ္
စိတ္ပ်က္သြားသည္ ။ အခုခ်ိန္မွာ ကိုယ္က
ဝရမ္းေျပးမို႔ နာမည္ႀကီးေနမွာ ေသခ်ာသည္။
သို႔ေသာ္ Min Yoongiသည္ ဘာမွ မသိသည့္
အတိုင္းပင္ အိပ္ရာခင္းေနသည္ ။
JungKookသည္ ေနာက္ဆုံး စိတ္ေလ်ာ့ၿပီး
ပင္ပန္းေနသည့္အတြက္ ခဏေလးအတြင္းမွာပင္ အိပ္ေပ်ာ္သြားေတာ့သည္ ။
" ဟို ေကာင္ေလးေရာ... "
မနက္၄နာရီတြင္ အလုပ္သြားဖို႔ Yoongi
ႏိုးလာေတာ့ ညက ေကာင္ေလး မ႐ွိေတာ့ ။
႐ုတ္တရက္ ထိတ္ပ်ာသြားၿပီး သူ႕ပစၥည္းေတြ
ကို အရင္စစ္ၾကည့္မိသည္ ။ သူစိမ္းကို
ေခၚတင္ခဲ့တာမို႔ ရာႏႈန္းျပည့္ မယုံၾကည္ႏိုင္ပါ။
" ဘာမွ မေလ်ာ့သြားဘူး...လန္႔သြားတာပဲ..
ဒါနဲ႔ သူ ဘယ္အခ်ိန္ကတည္းက ထြက္သြား
တာပါလိမ့္ "
Yoongi စတိုးဆိုင္ေရာက္ၿပီး တီဗီဖြင့္လိုက္
ေတာ့ မနက္ခင္း သတင္းနဲ႔ တိုးသည္ ။
သတင္းဖြင့္ထားလ်က္ပင္ သူ ေကာင္တာကို
သန္႔႐ွင္းေရးလုပ္ေနလိုက္သည္ ။
" ယမန္ေန႔ညက..Jeonလုပ္ငန္းစု လက္ခြဲ
ကုမၸဏီ၏ CEO Jeon JungKookသည္
လူတစ္ဦးအား အသက္ေသေစရန္
ကိုယ္ထိလက္ေရာက္ လုပ္ၾကံမႈျပဳခဲ့ၿပီး
ဝရမ္းျဖင့္ ထြက္ေျပးတိမ္းေ႐ွာင္လ်က္....."
Yoongiသည္ JungKookဟူေသာ အမည္
ေၾကာင့္ တီဗီကို ေမာ့ၾကည့္လိုက္သည္ ။
တီဗီတြင္ JungKook၏ ႐ုပ္ပုံကို ျမင္လိုက္
ရသည္ ။
" ဒါ..ဒါ ညက ေကာင္ေလးမလား...! "
မ်က္ႏွာအျပည့္မသိရင္ေတာင္မွ မ်က္လုံး
ေတြကို သူမွတ္မိသည္ ။
" ဘာ-ဘာလဲ...ငါ ညက ဝရမ္းေျပး
တစ္ေယာက္ကို အိမ္ေပၚေခၚတင္မိခဲ့တာ
လား...."
×
JungKookသည္ အမ်ားသုံးဖုန္း႐ုံးထဲတြင္
ျဖစ္သည္ ။ သူ႕ေ႐ွ႕က ဖုန္းခြက္ထဲမွာ
နံပါတ္တခ်ိဳ႕ကို ႐ိုက္ထည့္လိုက္သည္ ။
" ဟယ္လို...ဂြၽန္ဟြာအင္း ေျပာေနပါတယ္ "
" အေမ...."
" နင္..နင္...JungKook..."
" ဟုတ္တယ္ အေမ..."
" နင္ ဘယ္ကို ထြက္ေျပးေနတာလဲ..."
" အဲ့ဒါထက္ ကြၽန္ေတာ္႕ကို အရင္ကူညီေပးပါ "
" ဘာ...?"
" ကြၽန္ေတာ္႕ကို လူလႊတ္ၿပီး ေငြသား
နည္းနည္းေလာက္ ေပးပါ..ဒါမွ ကြၽန္ေတာ္
တစ္ေနရာရာမွာ ပုန္းေနလို႔ရမွာ..."
သူ႕စကားဆုံးတဲ့အခါ ဂြၽန္ဟြာအင္း၏
ဆိုးယုတ္သည့္ ရယ္သံကို ဖုန္းခြက္မွတဆင့္
ၾကားလိုက္ရသည္ ။
" ဟင္းဟင္း...ငါက ဘာလို႔ ကူညီရမွာလဲ..
သားရယ္..ဒီအေျခအေနေရာက္ဖို႔ေတာင္
ငါ ေသခ်ာလုပ္ထားရတာကို..ငါက ဘာလို႔
ျပန္ကူညီရမွာလဲ.."
" အေမ..ဘာေျပာလိုက္တာလဲ...ဒီကိစၥက
အေမ လုပ္တာလား..."
" ဟိုး...ငါ လုပ္တာ မဟုတ္ပါဘူး...ငါက
ၾကံရာပါ႐ုံေလးပါ...အဓိက လုပ္တဲ့လူက.."
" ခြၽဲ..ခြၽဲဟာယြန္း..."
" Bingo...My Son...! "
JungKookလက္ထဲမွ ဖုန္းခြက္ လြတ္က်
သြားသည္ ။ ေနာက္ေတာ့ ခါးသီးစြာ
ျပဳံးလိုက္သည္ ။ မၾကာခင္ ဖုန္းတည္ေနရာနဲ႔
ရဲေတြ လာေတာ့မွာမို႔ Mask နဲ႔ ဦးထုပ္ကို
ေသခ်ာဝတ္ကာ ထိုေနရာမွ အျမန္ထြက္ခဲ့
ေတာ့သည္ ။
JungKookသည္ အခု ေဆး႐ုံတစ္ခုေ႐ွ႕တြင္
ရပ္ေနသည္ ။ ဒီေဆး႐ုံတြင္ ေမာင္႐ွိသည္ဟု
သတင္းရထားသည္ ။ ေကာင္တာတြင္
ေမးၾကည့္ေတာ့ ခြဲစိတ္ဆဲဟု သိရသည္ ။
ထိခိုက္ဒဏ္ရာႀကီးမားေသာေၾကာင့္
ခြဲစိတ္ခ်ိန္က ၾကာျမင့္သည္ ။
ခြဲစိတ္ခန္းေ႐ွ႕တြင္ အပ္က်ပင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္လ်က္႐ွိသည္ ။
JungKookသည္ ေျခကိုဖြဖြနင္းရင္း
ေထာင့္အကြယ္ကေန ေစာင္းငဲ့ၾကည့္မိသည္။
ယူဆိုရာသည္ အသံမထြက္႐ိႈက္ေနရင္း
ခြဲစိတ္ခန္းကို ေငးၾကည့္ေနသည္ ။
ေနာက္ဆုံး ၈နာရီၾကာ ခြဲစိတ္မႈၿပီးဆုံးခဲ့ၿပီ။
ဆရာဝန္ေတြသည္ ပင္ပန္းေနဟန္ျဖင့္
ထြက္လာၾကသည္ ။ မ်က္ႏွာေတြလည္း
သိပ္မေကာင္းၾက ။
" ကြၽန္မသား အေျခအေန..."
" အသက္ေတာ့ ကယ္လိုက္ႏိုင္ပါတယ္..."
စကားသံကို နားစြင့္ေနတဲ့ JungKookလည္း
ထိုအခါမွ သက္ျပင္းကို ခပ္ေလ်ာေလ်ာ
ခ်လိုက္ႏိုင္သည္ ။
" ဒါေပမဲ့လည္း စိတ္မေကာင္းစရာက
လူနာက ဦးေခါင္းဒဏ္ရာေၾကာင့္ ကိုမာ
ဝင္သြားပါတယ္...အဲ့ဒါ ေခတၱလည္း
ျဖစ္ႏိုင္သလို ၾကာရင္လည္း ၾကာႏိုင္ပါတယ္
လူနာေပၚ မူတည္တာေပါ့ "
ယူဆိုရာသည္ ၾကမ္းျပင္ကို လဲက်ၿပီး
ငိုေနသည္ ။ JungKookသည္လည္း
သန္႔စင္ခန္းထဲကို ဝင္ၿပီး အသံတိတ္
ငိုေနမိသည္ ။ အတန္ၾကာၿပီးေနာက္ JungKookသည္ ဤေနရာမွ ထြက္သြားရန္
ျပင္ရသည္ ။ သူ တစ္ေနရာတည္းမွာ
ၾကာၾကာေနလို႔ မရေပ ။
ဝမ္းနည္းပက္လက္နဲ႔ပဲ သူ ေရာက္ခဲ့တာက
ခြၽဲဟာယြန္း ႐ွိေနသည့္ ႐ုံးေနရာ ။ ၾကံဖန္ၿပီး
ခြၽဲဟာယြန္း ႐ုံးခန္းထဲေရာက္ေအာင္ ခိုးဝင္
လိုက္သည္ ။ သိပ္မၾကာခင္ပဲ ခြၽဲဟာယြန္း
တစ္ေယာက္ ႐ုံးခန္းထဲေရာက္လာသည္ ။
" ခြၽဲဟာယြန္း...."
" JeonJungKook ! "
သူတို႔အၾကား ေခတၱ တိတ္ဆိတ္သြားသည္ ။
ခြၽဲဟာယြန္းက ဆုံလည္ ကုလားထိုင္ေပၚ
မွီခ်ကာ ထိုင္လိုက္ရင္း...
" ေျပာၾကည့္ပါအုန္း...ဝရမ္းေျပး ျဖစ္ေနတဲ့
ခံစားခ်က္ေလး..ခ္ခ္ "
" မင္း ဘာေၾကာင့္ ငါ့ကို အခုလိုလုပ္တာလဲ..
မင္းအေပၚ ငါ ဘာမ်ားလုပ္ခဲ့မိလို႔လဲ ! "
" ကြၽန္မအေပၚ ႐ွင္ဘာလုပ္ခဲ့လဲ ဟုတ္လား!!
မဂၤလာပြဲ...႐ွင္ အစကတည္းက..လက္မထပ္
ခ်င္ဘူးဆိုလည္း ဘာလို႔ လက္ခံခဲ့ေသးလဲ..
လက္ခံခဲ့ရင္လည္း အဆုံးထိလုပ္ေလ !! "
" မဂၤလာပြဲက ႐ွင္နဲ႔ ႐ွင့္အေကာင္ လုပ္ရပ္ေၾကာင့္ ကြၽန္မရဲ႕ သိကၡာေတြ ဘယ္ေလာက္
က်ခဲ့လဲ...အ႐ွက္ေတြ ဘယ္ေလာက္ ကြဲခဲ့လဲ..
ႏွစ္ဦးသေဘာတူ လက္ထပ္ပြဲတစ္ခုမွာ
တစ္ေယာက္တည္း က်န္ခဲ့ရတဲ့ ကြၽန္မကို
႐ွင္ စဥ္းစားၾကည့္မိလား...သတင္းေထာက္
ေတြ ၾကားကေန ဘယ္လို ႐ုန္းထြက္ခဲ့ရလဲ..
႐ွင္ ေတြးၾကည့္ဖူးလား !! "
ခြၽဲဟာယြန္းက ေဒါသတႀကီး ေအာ္ဟစ္
သည္ ။ ႐ုတ္တရက္ JungKookသည္
ဒူးေထာက္ခ်လိုက္သည္ ။
" ေတာင္းပန္ပါတယ္ ခြၽဲဟာယြန္းရယ္...
ေက်းဇူးျပဳၿပီး..အခုလို မလုပ္ပါနဲ႔...
ေတာင္းပန္ပါတယ္..ဒါ ဒါ ငါမလုပ္တာ
မင္း သိပါတယ္ "
JungKookသည္ ဒါ အဆုံးစြန္ထိ ႏွိမ့္ခ်
လိုက္တာ ။ ေမာင့္ကိုေတာင္ ဒူးေထာက္ခဲ့ဖူး
တာမဟုတ္ ။
" ေမာင္ကလည္း....အခု ေဆး႐ုံမွာ..."
" ေသၿပီလား....ဟက္..ေအာ္ဒါနဲ႔...
အဲ့အေကာင္ကို ဓားနဲ႔ထိုးခဲ့တာ ကြၽန္မ
မဟုတ္ဘူးေနာ္...႐ွင္ ကိုယ္တိုင္ပဲ ထိုးခဲ့တာ "
" ငါ-ငါ...စိတ္လြတ္ေနခဲ့လို႔..."
" ေသခ်ာေပါက္ ကြၽန္မ အဲ့အေျခအေနကို
တြန္းပို႔ခဲ့တာေလ...."
ဤစကားေၾကာင့္ JungKook ထို႔ကေန႔က
ကိစၥေတြကို ျပန္စဥ္းစားၿပီး သုံးသပ္မိသည့္
တခဏ..
" ဟမ္...!? မင္း-မင္း ရဲ႕ဝိုင္... "
" အမွန္ပဲ..မူးယစ္ေဆးေလး နည္းနည္း
ထည့္လိုက္႐ုံပါ..."
" မင္း !! "
JungKookသည္ ဒူးေထာက္ေနရာကေန
ထၿပီး ခြၽဲဟာယြန္းဆီ တိုးဝင္ရန္အလုပ္
သူမက အေရးေပၚခလုတ္ကို ႏွိပ္လိုက္သည္။
သူမေဘးက အလွပန္းအိုးကိုလည္း ၾကမ္းျပင္ေပၚကို တြန္းခ်လိုက္သည္ ။
' ခြမ္း !! ´
" အမယ္ေလး !! ကယ္ၾကပါအုန္း !!
ဒီမွာ လူသတ္သမား ဝရမ္းေျပးတစ္ေယာက္
ကြၽန္မကို အၾကမ္းဖက္ေနလို႔ !!! "
JungKook အျမန္ေျပးဖို႔ လုပ္ေပမဲ့
ဝင္လာတဲ့ လုံျခဳံေရးေတြေၾကာင့္ JungKook
ေခ်ာင္ပိတ္မိသြားသည္ ။ ဒုတိယအႀကိမ္
လက္ထိပ္ခတ္ခံလိုက္ရၿပီးေနာက္
နစ္နာသူသဖြယ္ ဟန္ေဆာင္ေနသည့္
ခြၽဲဟာယြန္းကို စူးရဲစြာ ၾကည့္လိုက္သည္ ။
" သူ-သူ ကြၽန္မကို ပန္းအိုးနဲ႔ ႐ိုက္ဖို႔ လုပ္ခဲ့တာ
ကြၽန္မ အေ႐ွာင္ျမန္ေပလို႔ေပါ့.. မဟုတ္ရင္
ကြၽန္မ ေသမွာ.."
မ်က္ရည္စမ္းစမ္းနဲ႔ ေျပာေနသည့္ သူမက
အမွန္တကယ္ကို ဟန္ေဆာင္ေကာင္းသည့္
ေျမေခြးမတစ္ေကာင္ျဖစ္သည္ ။
" မင္း...ေမာင္နဲ႔ ငါ့ဘဝကို အခုလို ေျဗာင္းဆန္
ေအာင္လုပ္တဲ့အတြက္ မင္း ျပန္ေပးဆပ္
ရမယ္..."
×
" ကြၽန္မတို႔ သားအမိပဲ စကားေျပာခ်င္လို႔..
ကင္မရာေတြကို ပိတ္ေပးၿပီး အကုန္ အျပင္
ထြက္ေပးပါလား...."
စစ္ေဆးခန္းမွာ ထိုင္ေနတဲ့ JungKookေ႐ွ႕ကို
ဂြၽန္ဟြာအင္း ဝင္ထိုင္လိုက္သည္ ။
" ဘာလာလုပ္တာလဲ..."
" အေမာက္ေထာင္ခ်င္ခဲ့တဲ့ ေႁမြဆိုးေလးရဲ႕
က်႐ႈံးခန္းကို လာၾကည့္တာပါ "
ဂြၽန္ဟြာအင္းက မဲ့ျပဳံးျဖင့္ ခနဲ႔သည္ ။
" ကိုယ့္သားတစ္ေယာက္ ေထာင္ထဲဝင္ရမွာကို ခင္ဗ်ား သိပ္သေဘာေတြ႕ေနပုံရတယ္ "
JungKookသည္ အံႀကိတ္သံျဖင့္
ခပ္ျပတ္ျပတ္ဆိုသည္ ။
" ငါ့ကို အာခံရင္ မင္းအတြက္ အဆုံးသတ္
မေကာင္းဘူးလို႔ ငါေျပာခဲ့ဖူးပါတယ္..."
" ခင္ဗ်ား တကယ့္ကို မိခင္ဆိုးပဲ..."
" Jeon JungKook ! "
" မဟုတ္လို႔လား...!! ကိုယ့္ သိကၡာ ၊ ဂုဏ္ျဒပ္၊
မာန္မာနေတြကိုပဲ ေ႐ွ႕တန္းတင္ၿပီး ကိုယ့္
သားအရင္းကိုေတာင္ ေထာင္ထဲထည့္ဖို႔
ၾကံစည္ ေခ်ာက္ခ်ခဲ့တာတဲ့ ခင္ဗ်ားက
မိခင္ကို မျဖစ္သင့္တာ...!! "
" နင္သိဖို႔က ငါလည္း ဘယ္တုန္းကမွ
မိခင္တစ္ေယာက္ မျဖစ္ခ်င္ခဲ့ဘူး !! "
" ဒါဆို ဘာလို႔ က်ဳပ္ကို ေမြးခဲ့ေသးလဲ !!
ဖ်က္ခ်လိုက္ေလ...! "
" ငါ ေျပာၿပီးသား..Jeon Groupအတြက္- "
" ခင္ဗ်ားက ဂြၽန္မင္ဂြၽန္းကို တကယ္
မခ်စ္ခဲ့ဘူးပဲ.."
" နင့္စကားကို ဆင္ျခင္ Jeon JungKook..
သူ႕ အေပၚထားတဲ့ ငါ့အခ်စ္ကို နင္ ဘာမွ
ေဝဖန္စရာ မလိုဘူး "
" အဲ့ေယာက်္ားကို သိပ္ခ်စ္တယ္ဆိုရင္..
ဘာလို႔ သူနဲ႔ ရလာတဲ့ ေသြးသားကိုက်
ေကာင္းေကာင္းမဆက္ဆံေပးႏိုင္ရတာလဲ "
" ..... "
ဂြၽန္ဟြာအင္းသည္ အာေစးမိသလို
တိတ္ဆိတ္သြားသည္ ။
" က်ဳပ္က ဂြၽန္မင္ဂြၽန္းရဲ႕သားမွ ဟုတ္ရဲ႕လား"
ဂြၽန္ဟြာအင္း၏ မ်က္စံမ်ား လႈပ္႐ွားလာသည္။
" ခင္ဗ်ား တစ္ေနရာရာမွာ ေဖာက္ျပန္ၿပီး
ရလာတဲ့ ကေလးမို႔ အခုေလာက္ထိ က်ဳပ္ကို
ဆိုးဆိုး႐ြား႐ြား လုပ္ႏိုင္ရက္တာလား "
" Jeon Jungkook!! နင္ ငါ့ကို မေစာ္ကားနဲ႔..
ငါက က်န္တာေတြမွာ ကတိသစၥာမ႐ွိတဲ့
မိန္းမျဖစ္ခ်င္ျဖစ္မယ္..ဒါေပမဲ့ ဂြၽန္မင္ဂြၽန္း
အေပၚေတာ့ သစၥာေစာင့္သိတဲ့ မယား
တစ္ေယာက္ပဲ..."
" အဲ့ဒါဆို..."
" အဲ့ဒါဆို ဘာလို႔.. ဂြၽန္မင္ဂြၽန္းနဲ႔ ခင္ဗ်ားရဲ႕
သား က်ဳပ္ကို ဘာလို႔ အခုေလာက္ထိ
လုပ္ရက္ႏိုင္တာလဲ- !!! "
" ဘာလို႔ဆို...နင္က ငါတို႔သား မဟုတ္လို႔ပဲ !! "
×
ဇာတ္က နည္းနည္းေလး ထပ္႐ႈပ္ခ်င္ေသးလို့ 🤓 ။
AlexandrineKim(1432023)
Bạn đang đọc truyện trên: AzTruyen.Top