🤎1995🤎(4)

ထိုအချ်ိန်မှစကာ မိုးလင်းတိုင်း မျက်လုံးတွေပွင့်သည်
နှင့်နန်းဆောင်ပြတင်းပေါက်ကိုအရင်ဆုံးပြေးလွှား
အရင်ဖွင့်ကြည့်သည်။လက်ဆက်ပွဲအတွက်သူမှာကြား
တဲ့အတိုင်းလိလိမ္မာမ္မာပါဝင်စိတ်နှစ်ပေးခဲ့ပေမယ့်
သူပြန်မလာနေတဲ့အငွေ့အသက်တွေဟာစိတ်မောစရာ။

"တပ်မှူး စစ်သူကြီး တို့အခြေအနေဘာကြားသလဲ
ရက်ပိုင်းနဲ့ ပြန်လာရမယ့် ခရီးကို လချီကြာနေပြီ.."

"အတိအကျ မသိရှိကြောင်းပါ မင်းသား..."

သူတွေ့သမျှ သိနိုင်မယ်ထင်သမျှလူအားလုံးကို
အချိန်ကြာလာလေလေ ဟန်မဆောင်နိုင်လိုက်မေး
မြန်းနေသောပုံရိပ်လေးသည်လည်းအတိတ်တွင်
ခြေရာထပ်ခဲ့သည်။

"လက်ဆက်ပွဲအမှီတော့ပြန်လာသင့်တာပေါ့...
သူပဲ လိလိမ္မာမ္မာ စီစဉ်ဆောင်ရွက်ခိုင်းခဲ့ပြီး..."

နေ့တိုင်းပဲ....တကယ်ကိုနေ့တိုင်းမိုးလင်းတာနှင့်
နန်းတော်ထဲ ခြေရာတွေအထပ်ထပ်နဲ့သူဖြစ်ခဲ့သည်။
ညတွေလည်းခိုးထွက်ကာနန်းဆောင်အပြင်ညဘက်
တွေလည်းထွက်စောင့် နေတတ်သည်။

ရက်ပေါင်းများစွာပဲ တစ်ဖက်ရဲ့ကံကြမ္မာဟာကမ္ဘာမြေ
နဲ့ရေစက်ကုန်ပြီးသွေးမြေကျသွားပြီဖြစ်ကြောင်း
သူအရိပ်အမွက်လေးတောင်မသိ။ပြည့်ရှင်းမင်းကလည်း
ရက်စက်စွာပင် လက်ထပ်ပွဲမပြီးမချင်းဘာကိုမှအသိမခံ။
စစ်သူကြီးနဲ့အတူစစ်ထွက်သွားသောအင်အားတစ်ခုလုံး
သည်ဘယ်တော့မှပုဂံပြည်ကိုပြန်မလာရတော့တဲ့အမိန့်ကို
လည်းချကာဖြစ်ပျက်ပြောင်းလဲမှုတွေကိုအမှောင်ချထား
သည်။

ဂနာမငြိမ် ယောက်ယက်ခတ်နေတတ်သောမင်းသား
ကိုနန်းတော်တစ်ခုလုံးကသတိထားမိခဲ့ကြပေမယ့်
မကြာခင်ပုဂံပြည်ရဲ့အခမ်းနားဆုံးလက်ဆက်မင်္ဂလာ
အတွက်စိတ်လှုပ်ရှားစွာပျော်ရွှင်နေတာဟုအယူလွဲခဲ့ကြ
သည်။ နေ့တွေကုန်ဆုံးလာလေ မင်းသားလေးသည်
မောပန်းလာလေပဲ။

ခမည်းတော်ကို ခဏခဏလည်းသွားမမေးမြန်းရဲတာ
ကြောင့် နန်းတော်ထဲသူ မရောက်ခဲ့သောဌာနမရှိ။နန်းတော်အတွင်းအပြင်ရင်ဖွင့်ပြောစရာလူလည်းမရှိတာမို့
တစ်ယောက်ထဲအတွင်းထဲကအပူသည်တောက်လောင်နေခဲ့သည်။

"မင်းသားလေးကျွန်တော်မျိုးမ
မတရားအသတ်ခံရတာပါ...ကြာပန်းတွေကို
ဘယ်တုန်းကမှမကြိုက်နှစ်သက်ခဲ့ပါဘူး...."

အိမ်မက်တစ်ခုသည်အလွန်ဆိုးဝါးလွန်းလှပါ၏။
ရေကန်ထဲမှ ဖြူစုတ်နေသောသဏ္ဍာန်တစ်ခုသည်
ဖျော့လျှော့စွာကုတ်ဖဲ့တက်လာကာဗလုံးဗထွေးစကား
တွေအများကြီးပြောနေသည်။ ချက်ချင်းဆိုသလို
ပြန်ပျောက်သွားကာ

"သက္ကရာဇ်အတူတူ ....နှစ်တစ်နှစ်ရဲ့ အလှဆုံး
လနှစ်လ.........."

သွေးစွန်းနေသောပေလွှာချပ်လေးနဲ့ဩရှရှအသံ
တစ်ခုနားထဲရှင်းရှင်းလင်းလင်းထပ်တိုးဝင်လာတဲ့အခါ
ပြန်များရောက်နေပြီလားဟုမျက်လုံးတွေဆက်ခနဲဖွင့်လိုက်ချိန်သည်ညသန်းခေါင်ပဲ။အငွေ့အသက်များသည်
အလွန်မကောင်းလွန်းနေတာကြောင့်အိပ်ရာထဲမှအလူးအလဲထလိုက်သည်။

အိပ်ဆောင်ထဲမှသွေးရူးသွေးတန်းဖြင့်အပြင်သို့ပြေးထွက်သွားခဲ့သည်။ဘုရင့်နန်းဆောင်ဆီကိုပဲမသိစိတ်တွေ
ရဲ့လှုံ့ဆော်မှုတွေဖြင့်ဦးတည်ကာလရောင်မှိန်မှိန်အောက်
စိတ်လွတ်နေတဲ့လူတစ်ယောက်လို။

"ခုတလော အိမ်မက်တွေဆိုးဝါးလွန်းလို့အိပ်စက်ခြင်း
ကိုမလုပ်နိုင်တော့ဘူး ခမည်းတော် ဆုံးပါးသွားလေတဲ့
အပျိုတော်က အိမ်မက်တွေလာပေးတယ်
သူမ အသတ်ခံရတာပါတဲ့ အိမ်မက်တွေကမလိမ်ဘူး
မလား...."

အိပ်ချ်ိန်ကို ကမူးရှူးထိုးရောက်လာတဲ့ချွေးစို့နေသော
အိမ်ရှေ့မင်းသားကိုပြည့်ရှင်မင်းကအပြစ်တော့
မပြောခဲ့ ။ခပ်အေးအေးဖြင့်ကြည့်ကာ

"စိတ်စွဲလမ်းနေတာပါ...သူမ အသတ်ခံရအောင်အထိ
ဘာအပြစ်ကျူးလွန်ထားတဲ့သူမလ်ို့လဲ...
အိမ်မက်တိုင်းက မမှန်ကန်နိုင်ပါဘူး...."

"တစ်ခုခုများဖြစ်နေလား ခမည်းတော်...
အဖြေမသိပေမယ့် စိတ်တွေရက်ဆက်လေးလံနေလို့
အိပ်လို့ပင်မရတော့ဘူး...ဘာအရေးကိစ္စမှဆိုးဆိုးဝါးဝါး
မရှိနေဘူးမလား....."

"မရှိနေဘူး....ဘာမှမဖြစ်ပါဘူး...လက်ဆက်ပွဲ
ပြီးလို့ ခဏပဲအကြာမှာ ထီးနန်းလွှဲပြောင်းပေးမယ်
မင်းတစ်ပါး လုပ်ဖို့ကိုသာ ပြင်ဆင်ထားပါ..."

"အားလုံးလုပ်ပါ့မယ်....အဆင်ပြေပြေပြီးဆုံးရမယ်
လို့လည်းကတိကဝတ်ပြုပါတယ်..."

"ကောင်းပြီ..."

"နန်းတွင်းသူကိုတော့ ဘဝကူးကောင်းအောင်အလှူဒါန
တချိူ့တော့လုပ်ပေးဖို့ခွင့်ပြုပေးပါ..."

"မင်းသားတစ်ပါးက ဘယ်လိုမျိုးသင့်တော်မလဲ
သူ့အမျိုးအနွယ် ဆွေမျိုးနီးစပ်ကလုပ်ပေးလိမ့်မှာပေါ့"

"အလှူဒါန မှာ ခွဲခြားနေဖို့ရန်မလိုပါဘူး စစ်သူကြီး
နန်းတော်ပြန်ဝင်လာတဲ့နေ့ကျရင် သားတော်ကိုယ်တိုင်
မရှိနေနိုင်တောင် သူ့ကိုစီစဉ်ခိုင်းလိုက်ပါ့မယ်...
သူ လည်း ခု ထိ ကိုပဲ...."

ခပ်ညိုညိုမျက်ဝန်းလေးတွေနဲ့ တိုးရှရှစကားသံလေး
မှာ အဘယ်မျှမျှော်နေကြောင်းအငွေ့အသက်တွေ
အပြည့်။ပျော့ညံ့ညံ့လေး။နူးနူးညံ့ညံ့လေး။ခုလိမ်ထား
ပြီးတစ်နေ့ ပေါ်သွားလည်း ဤကဲ့သို့ပျော့ခွေခွေလေးက
င်ိုကြွေးရုံအပြင်ဘာမှလည်းတတ်နိုင်မှာမဟုတ်။

သားတော်ဖြစ်သူကို ဟန်မပျက်သာကြည့်နေခဲ့သည်။
ညသန်းခေါင်အလည်သွေးရူးသွေးတန်းရောက်လာပြီး
ပြောချင်တာတွေပြောသွားခဲ့ကာပြန်သွားပြန်သည်။

သူဘယ်အချိန်တွေအိပ်စက်လဲအဲ့ဒီအချိန်ကဘယ်သူ
မသိ အိမ်ရှေ့မင်းသားလေးဟာဆောင်းအကုန်နွေအကူး
ရာသီမှာ တနေကုန်ပတ်လုံးလိုလိုဟိုငေးဒီငေး
ဟိုမျှော်ဒီမျှော်ပဲ။

တွေ့ဆုံနေကျနေရာလေးကိုညနေနေဝင်ချိန်တွေတိုင်းမှာ
ရုပ်ဖျက်လျှက်ထိုင်ကာ မျှော်နေတတ်သည်။
နေဝင်ချိန်တိုင်းပဲ......ကြည်လင်နေသောမျက်ဝန်းလေး
တွေနဲ့ ညနေလေပြေနုနုတွေကြား မျှော်လင့်ချက်တွေ
တပွေ့တပိုက်နဲ့။

တဖြည်းဖြည်း လက်ဆက်ပွဲနီးကပ်လာသည်။
လုပ်စရာရှိတာမှန်သမျှ ဘာပြဿနာမှမဖြစ်အောင်
စိတ်ရောကိုယ်ပါ လိုက်ပါဆောင်ရွက်ပေးရင်း
တစ်ဖက်၏စိတ်ကလည်းပေါ်မလာလေသောလူကို
သွားသွားစောင့်နေတတ်သည်။

အသင့်တော်ဆုံးနေ့နံနက္ခတ်တွေဆုံတွေ့ချိန်ကြိုတင်
တွက်ချက်ထားကြသောနေ့တစ်နေ့အရောက်တွင်တော့
လက်ဆက်ပွဲကြီးကိုခမ်းနားစွာကျင်းပခဲ့ကြသည်။
အလွန်ခမ်းနားကြီးကျယ်ခဲ့ကာ တစ်ပြည်လုံးပျော်ရွှင်
ကြည်နူးခဲ့ရသောမင်္ဂလာအချိန်တစ်ခု။

စိတ်ညိုလိုက်တာ....ဘာသတင်းမှလည်းမပို့
ဒီနေ့ ဒီရက် ဒီအခြေအနေမှာ ဒီပွဲရှိတာကိုသိသိရက်နဲ့
ရောက်အောင် သူပြန်မလာဘူး...သူစိမ်းသောလူတစ်
ယောက်လက်ထဲ လွယ်လွယ်လေးထည့်ပေးနိုင်တာပဲ
ဘာအလေးနက်မှုကိုမှရှိမနေ အေးစက်တတ်တာ
အပြစ်မဟုတ်ပေမယ့် ဒီတစ်ခါအေးစက်မှုကတော့
သိပ်ကိုလွန်လွန်းတယ်...။

စိတ်အတွေးတွေဟာခေါင်းထဲရှုပ်ယှက်ခတ်နေပေမယ့်
အခမ်းအနားတစ်ခုလုံးကိုမင်းသားလေးကလိမ္မာစွာ
ကျော်ဖြတ်ခဲ့သည်။ပြည့်ရှင်မင်းသည် မင်းသားနဲ့မင်းသမီး
လိုက်ဖက်ညီစွာ အတူတကွတည်ရှိနေသောပုံရိပ်အား
ကြည့်ရှုလျှက်အထူးဝမ်းသာကျေနပ်လျှက်ရှိသည်။
ပြည့်ရှင်းမင်းတင်မက နန်းတော်တစ်ခုလုံး တိုင်းပြည်
တစ်ခုလုံး ငယ်ရွယ်ပြီး လှပခြင်းနှစ်ခုပေါင်းစပ်မှုကို
ရင်သတ်ရှုမောစွာပင်ကောင်းချီးများပေးခဲ့ကြသည်။

မကြာလေသောရက်ပိုင်းမှာထီးနန်းလွှဲပေးပြီး
မင်းတစ်ပါးအရာရောက်စေဖို့ကိုလည်းတစ်ချိန်ထဲမှာ
အသိပေးခဲ့ကာ အိမ်ရှေ့မင်းသားဟာ သေချာပေါက်
မင်းတစ်ပါးဖြစ်လာတော့မည်။ဖယ်ရှားသင့်တဲ့အရာ
တွေအားလုံးကိုလည်းဖယ်ရှားပြီးပြီမို့ သူအောင်မြင်ခဲ့
တယ်ဟုဆို၍ရပါသည်။

တောင်တွေးမြောက်တွေး စိတ်နဲ့လူနဲ့ကပ်တဲ့အခါကပ်
မကပ်တဲ့အခါမကပ်ခဲ့သော အထင်ကရပွဲကြီးပြီးသွား
တဲ့အခါ မင်းသားလေးဟာ ပြင်းထန်သောပင်ပန်းစရာ
တွေကိုမလုပ်ဘဲအလွန်မောပန်းနေခဲ့သည်။
ဒီနေ့ကိုတော့ သေချာပေါက် ပြန်လာပြီပဲမှတ်ခဲ့တာမို့
ပွဲပြီးသွားတဲ့အထိ အရိပ်ပင်ပေါ်မလာခဲ့တာကြောင့်
ဟန်မဆောင်နိုင်လာခဲ့တော့။

လက်ဆက်ပွဲပြီးသွားသည့်
နှောင်းပိုင်းနေ့ရက်တွေမှာကျန်းမာရေးထိခိုက်လာခဲ့သည်။
အချိန်သည်လည်းလချီကြာခဲ့ပြီကို။
မင်းသားတစ်ပါးရဲ့တာဝန်တွေကိုတော့လစ်ဟင်းမရှိ
မင်းသမီးအပေါ်လည်းအတတ်နိုင်အဆင်ပြေစွာပြောဆို
ဆက်ဆံလျှက် အလွန်ပူသောနွေလည်ကောင်ကိုရောက်
လာခဲ့သည်။

မင်းသားလေးသည် ပြည့်ရှင်မင်းအား ခဏခဏသွား
မေးနေတုန်းပဲ။ နန်းတက်ပွဲပြီးမှ ဆိုတဲ့ဆုံးဖြတ်ချက်နဲ့
ရေရေရာရာဘာကိုမှမဖြေခဲ့။

သူအဲ့ဒီပုံစံနဲ့ဘယ်နှလလောက်နေခဲ့ရမလဲ။ ဘာမှရေရေရာရာမသိရဘာဖြစ်နေသလဲမသိ အဓိပ္ပာယ်မဲ့
လမ်းပျောက်နေသလိုနွေပူပူနေ့တွေတိုင်း မျှော်နေ စောင့်နေဆဲပါပဲ။

မိုးလင်းတာနဲ့ နန်းဆောင်တံခါးဝအပြေးအလွှား
ဖွင့်ခဲ့သော လက်ကလေးတွေအသားမာတက်ခဲ့သည်။
အိမ်မက်ဆိုးတွေမက်တိုင်း နန်းတော်ထဲညကြီးသန်းခေါင်
စိတ်မနှံ့ခဲ့သောလူတစ်ယောက်လိုအမှုထမ်းတွေပြေး
လွှားဆွဲခဲ့ရသောညတွေဆက်တိုက်ဖြစ်လာသည်။
စောင်တီးတိုင်း စောင်ကြိုးပြတ်ကာ ကဗျာစပ်တိုင်း
ရူးချင်လာသလိုလို။ ပန်းချီစုတ်တံတွေကိုမကိုင်နိုင်တာ
ကြာပါ့။

တစ်နေ့ပေါ့....တစ်နေ့တော့....နေဝင်ချိန်တစ်ခုမှာ
ဆုံနေကြ နေရာဆီ နှေးကွေးစွာလျှောက်လာသည်။
ခန္ဓာကိုယ်ကအင်အားတွေအလွန်ယုတ်လျှော့နေကာ
ဖြူဖတ်ဖြူလျှော်။ လာစောင့်နေတာပဲ။
တာဝန်ဝတ္တရားတွေပြီးသွားရင်တော့ ရုပ်ဖျက်ခိုးထွက်ကာ
နေ့တိုင်းမဟုတ်တောင် အဆွေးမိုးတွေသည်းလာရင်
တရွေ့ရွေ့ရောက်လာတတ်သည်။

မြေပြင်မှာ တုတ်လေးတစ်ချောင်းနဲ့အလွန်ခန့်ညား
သောလူတစ်ယောက်ရဲ့ပုံကိုရေးခြစ်နေခဲ့သည်။
မြင့်မားသောနှာတံတွေ လေးထောင့်ဆန်ဆန်အပြုံးဟန်
တွေ အလွန်လှသောမျက်လုံးတွေ ခန့်ညားလွန်းသော
အသွင်အပြင်ဟာ ဘယ်နေရာဘာနဲ့ကောက်ခြစ်ခြစ်
အလွတ်ရနေပြီ။

"မင်းသား...မလား....."

လူတစ်ယောက်၏အသံကြောင့်ချက်ချင်းမြေပြင်က
ပုံကိုလျှင်မြန်စွာဖျက်ပစ်ကာခေါင်းမော့ကြည့်လိုက်
တော့ဒဏ်ရာဒဏ်ချက်တွေ နဲ့ အလွန်ပင်ပန်းနေဟန်
ရှိသောလူတစ်ယောက်။

"မင်း ဘယ် သူ လဲ...."

"ကျွန်တော်မျိုး စစ်သူကြီး ရဲ့ ညာလက်ရုံးပါ..."

မင်းသားလေးမတ်တပ်ရပ်လိုက်တဲ့အခါထိုလူက
တုန်ရီသောလက်တွေဖြင့်အရိုအသေသေချာပြုသည်။

"စစ်သူကြီးရော....."

"ကျွန်တော်မျိုး မင်းသားလေးဆီကိုရောက်လာဖို့
အတွက်အလွန်စွန့်စားခဲ့ရပါတယ်....ကျွန်တော်မျိုး
တို့တစ်တပ်လုံးပုဂံပြည်ဝင်ခွင့်မရှိတော့တာကြာပါပြီ"

"မေးနေတာကိုပဲဖြေပါ...."

မြေပြင်ပေါ်ခေါင်းညွှတ်နေရင်းမျက်ရည်ပေါက်ကြီးငယ်
တွေကျလာသောလူကိုအိမ်ရှေ့မင်းသားကစူးရဲစွာကြည့်
နေသည်။

"စစ်သူကြီးဘယ််မှာလဲ....မင်းတစ်ယောက်ထဲ
ဘာလို့ဒီပုံစံနဲ့ပြန်လာရတာလဲ..."

အင်္ကျီရင်ဘက်ထဲက ပေလွှာတစ်ခုကိုတုန်ရီစွာ
ထုတ်လျှက်မင်းသားလေးထံဆက်သလာသည်။
သွေးစွန်းနေသော ပေလွှာသည် အလွန်လှပသော
ပစ္စည်းမှကျိန်စာမိနေသောပစ္စည်းလို ကြောက်စရာအတိ။
မင်းသားလေး၏မျက်နှာတော်သွေးစုတ်သွားခဲ့သည်။

"ဒါက ဘာလဲ...."

ညာလက်ရုန်းသည် နီရဲနေသောမျက်ဝန်းတွေ
မျက်ရည်စတွေနဲ့အပြည့်ဖြင့်မော့ကြည့်လာကာ

"မှီနိုင်ခဲ့တဲ့နောက်ဆုံးသောစက္ကန့်ပိုင်းတွေမှာ
မင်းသားဆီမရောက်ရောက်အောင်သွားပေးပေးပါ
လို့သူ..မှာကြားခဲ့လို့ပါ...."

ခြေလှမ်းလေးတွေနောက်သို့တစ်လှမ်းနှစ်လှမ်းမျှ
ဆုတ်သွားပြီး သွေးစွန်းနေသောပေလွှာဖြင့်
ညာလက်ရုံး၏မျက်နှာအားပစ်ပေါက်လာသည်။

"ခိုးထွက်ပြီး ခြေလျှင် ပြေးလာရလို့ရက်လတွေ
ကြာငြောင်းနေခဲ့တာပါ...ကျွန်တော်မျိုးပုဂံပြည်ကို
ရောက်လည်းရောက်ချင်သလို မရောက်လည်း
မရောက်ချင်ပါဘူး လမ်းတဝက်မှာတင်သတ်သေ
ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်...."

ခြေမခိုင်စွာပြိုလဲကျသွားသူသည်တုတ်ချောင်းလေး
နဲ့ရေးခြစ်ခဲ့သော ဖုန်တွေအများကြီးနဲ့မြေပြင်ပေါ်။
မယုံကြည်နိုင်ခဲ့ခြင်းကို ဘယ်လိုစဖွဲ့ပြရမှန်းမသိ။
မှီနိုင်ခဲ့တဲ့နောက်ဆုံးစက္ကန့်ဆိုတာ ဘယ်လိုရူးနှမ်းမှုမျိုးလဲ။

နှလုံးသားတစ်ခုလုံးချက်ချင်းဆိုသလို
စိစိညက်ညက်ကြေသွားခဲ့သည်။
သွေးစိမ်းရှင်ရှင်ပင်ပြန်အန်ထွက်တော့မတတ်
ဆိုးဝါးစွာကွဲကြေသွားသော နေဝင်ချိန်ဟာ သေမတတ်။

"စစ်ပွဲမှာကျသွားတာ...."

မျက်ရည်တစပင်ဝဲတက်မလာနိုင်သောမျက်ဝန်းဝိုင်း
တွေဖြင့်ကြည့်လာသည်။ ဘယ်လိုရယ်စရာလဲ။

"မယုံဘူးမလား....မဖြစ်နိုင်ဘူးမလား...."

ညာလက်ရုံးသည် လဲကျသွားသောမင်းသားလေး
ဆီကို ချွေးတွေမျက်ရည်စတွေနဲ့တိုးကပ်လာကာ
ဒေါသတွေ နာကျင်မှုတွေ ခံပြင်းမှုတွေအပြည့်ဖြင့်
မျက်လုံးတွေဖြင့် စူးရဲနေအောင်ကြည့်လျှက်

"အသတ်ခံရတာ.....အကြောင်းပြချက်မဲ့...."

"သတ်တဲ့သူက နာမည်တပ်ခွင့်မရှိတဲ့သူ...
အမှန်တရားကိုဖုံးကွယ်မထားနိုင်ဘူး...
ကျွန်တော်မျိုး အတွက်စစ်သူကြီးဟာခေါင်းဆောင်
ကောင်းတစ်ဘဝလုံးဖြစ်ခဲ့တယ်"

မက်နေကျအိမ်မက်ဆိုးလို့ပဲအကြိမ်ကြိမ်ဖြစ်ပါစေ
ဆုတောင်းခဲ့ပေမယ့် ညာလက်ရုံးဆိုတဲ့လူ၏
မျက်အိမ်နီနီတွေထဲ ကြေကွဲဖွယ်ကျနေခဲ့သောမျက်ရည်
တွေဟာအစစ်တွေ။
မြေပြင်ပေါ်ကျနေသော ပေလွှာလေးကိုပြန်ကောက်
ပေးကာ မင်းသားလေးလက်ထဲကိုထပ်မံထည့်ပေးသည်။

" ကျွန်တော်မျိုး ဒီပေလွှာ လက်ထဲရောက်မှနားလည်
ခဲ့ရတဲ့ကဗျာတစ်ပုဒ်ပါ မကာကွယ်ပေးနိုင်ခဲ့တာကို
အနူးညွှတ်တောင်းပန်ပါတယ်....."

မြေပြင်ပေါ်ဝပ်တွားကာဝမ်းနည်းပက်လက်တောင်းပန်
နေသောသူကိုမင်းသားလေးသည်ပြောင်းလဲခြင်းမဲ့
မျက်နှာနဲ့ပင်ကြည့်နေသည်။ ထို့နောက် ပေလွှာငယ်ကို
ပိုက်ကာ ပြိုလဲကျနေရာမှ ထခဲ့သည်။
ဘာစကားမှမဆို တဖြေးဖြေးနောက်သို့ဆုတ်သွားကာ
နန်းတော်ရှိရာကို ပြန်သွားခဲ့သည်။

ညာလက်ရုံးသည် ကျောခိုင်းသွားသောပုံရိပ်ငယ်ကို
လှမ်းကြည့်ရင်း တဖြေးဖြေးလဲကျလာကာပြင်းထန်သော
ဒဏ်ရာတစ်ခုနှင့်အစာရေစာပြတ်လပ်မှုနဲ့
အင်အားကုန်ခမ်းသောအကြောင်းအရင်းတွေကြောင့်
ခန္ဓာကိုယ်ကိုမရပ်တည်နိုင်တော့။မြေပြင်ပေါ်သို့လဲ
ကျသွားတဲ့အထိ တရွေ့ရွေ့ပြန်သွားသောမြင်ကွင်းလေး
ကိုကြည့်ကာမျက်ဝန်းတွေမှိတ်ကျသွားတော့သည်။

သေဆုံးသွားလေပြီဖြစ်သော
ဤကဗျာငယ်ဟာ တစ်ချ်ိန်တစ်ခါကျ
ပြန်လည်အသက်ဝင်ပါစေ။
သက်ဝင်လှုပ်ရှားတဲ့နေ့တစ်နေ့ရောက်တဲ့အခါ
မျက်မြင်ကိုယ်တွေ့ ပထမဆုံးမြင်ရသောသူကလည်း
ကျွန်တော်မျိုးပဲဖြစ်ပါစေ။
ဘာကြောင့်အဆိုရှိပါက...မတရားခြင်းကြောင့်။
ချစ်ခြင်းမေတ္တာတို့မည်သည် တရားခြင်းပန်းပွင့်တွေ
ကိုသာဖန်တီးရာ၏။
.............။

တိတ်ဆိတ်ခြောက်ကပ်သောညနေနေဝင်ချိန်တစ်ခု။
သွေးစွန်းနေသောကဗျာတစ်ရွက်ကိုင်ကာမျက်နှာ
သေဖြင့်နန်းတော်ထဲလျှောက်ဝင်လာသောခြေလှမ်း
တွေသည် အားလုံးအတွက်အထူးအဆန်း။ပြည့်ရှင်မင်း
၏နန်းဆောင်ထဲကိုတန်းဝင်သွားခဲ့သည်။

တိုင်းပြည်ရေးရာ အစီရင်ခံစာများအားကြည့်ရှု
စစ်ဆေးနေသော ပြည့်ရှင်းမင်း၏ စာတွေအပေါ်
ပေလွှာလေးတစ်ခု ကျလာသည်။
အနည်းငယ်အံ့အားသင့်သွားကာချက်ချင်းမော့ကြည့်
တော့ဖြူစုတ်နေသောမျက်နှာတစ်ခုကကြိုဆိုနေသည်။

"ဘယ်ကရလာတာလဲ....."

"ဒါ....မဟုတ်ဘူးမလား....."

အသံသည်အလွန်အမင်းအေးစက်နေကာနာနာကျင်ကျင်။

"တိုက်ခိုက်နေရင်း ကျဆုံးသွားခဲ့တာ မပြောခဲ့ဘူးဆိုတာ
သားတော် စိတ်ထိခိုက်မှာရယ် အရေးကြီးတဲ့လုပ်ငန်း
ဆောင်တာတွေလည်းရှိနေလို့ ခုသိပြီဆိုတော့
လက်ခံလိုက်တော့...."

ရောက်သာလာရတယ် ယုံတဝက်မယုံတဝက်။
မရက်စက်လောက်ပါဘူးဆိုတဲ့မျှော်လင့်ချက်ရောင်
မှိန်မှိန်လေးနဲ့အပြေးလာခဲ့ပေမယ့်အဖြေသည်တိကျခဲ့
သည်။ မယုံကြည်နိုင်သောမျက်ဝန်းတွေဖြင့်စကားပင်
မဆိုနိုင်ဆွံ့အနေသူသည် အသက်ပင်မရှူတော့။

"ဘာ...ကြောင့်...လဲ သူ ဘာလုပ်ခဲ့လို့လဲ...."

အလွန်ခက်ခက်ခဲခဲထွက်လာသောမေးခွန်းသည်
လေသံတွေမဆက်။အလွန်တုန်ခိုက်နေသည်။
ဒီလောက်သေသပ်စွာဖုံးဖိထားတဲ့ကြားကအတိအကျ
သိလာဟန် အိမ်ရှေ့မင်းသား၏မျက်လုံးတွေကို
မင်းက တည့်တည့်ကြည့်လာသည်။

"မင်း ပါ ထပ်ပြီး အဲ့ဒီလမ်းကိုမသွားချင်ရင်
တစ်ဘဝလုံးစာ နှုတ်ပိတ်ပြီး လျှောက်ရမယ့်
လမ်းတွေကိုကောင်းကောင်းမွန်မွန်ဆက်လျှောက်"

မင်းသားသည် ပြည့်ရှင်မင်း၏အနီးဆုံးနေရာအထိတိုး
ကပ်လာခဲ့သည်။ကျယ်လောင်သောအသံနက်နက်တွေနဲ့
စိတ်ရှိတိုင်းသာဆို တလောကလုံးကိုပြာချပစ်ချင်နေပေ
မယ့် လက်တွေ့တွင်မတ်မတ်ရပ်ဖို့တောင်အားမရှိခဲ့ပါ။

"တစ်သက်လုံးနှုတ်ပိတ်နေခဲ့တာလေ...
.ဘာကများအနှောက်အယှက်ဖြစ်သွားခဲ့လို့လဲ ...."

"အဆုံးသတ်ပြီးခဲ့ပြီ ကျူးလွန်ခဲ့တဲ့အပြစ်က
ဘာကြောင့်လဲ လို့ပြန်မေးနေစရာမလိုတဲ့အပြစ်
အနှောက်အယှက်လုပ်မှ စီရင်ရမယ့်အပြစ်မဟုတ်ဘူး
သူအသက်ရှင်နေသရွေ့ ငါအေးချမ်းမှာမဟုတ်ဘူး
အဓိကက မင်းရဲ့ရူးနှမ်းမှုတွေကပိုသာပါတယ်
ငါကိုယ်တော်လည်း ဘာကြောင့်လဲ လို့ပြန်မေးမယ်"

"မြင်နေခွင့်လေးပဲ....အသက်ရှင်နေတယ် မနီးမဝေး
အရပ်အေးချမ်းစွာရှိနေတယ်လို့သိနေရရင်
လုံလောက်ခဲ့တာဘာအရောင်အသွေး ဘာပူလောင်ခြင်း လိုချင်ရမ္မက်တစ်စိုးတစိမှတောင်မရှိခဲ့ဘူး...ကိုယ်တိုင်လည်းအနာဂါတ်မှာဆက်လုပ်ရမယ့်လုပ်သင့်လုပ်ထိုက်တာ
ကိုသိရှိနားလည်လို့သေချာပေါက်လုပ်မှာဖြစ်သလို
သူလည်း ထပ်တူညီမျှပဲ....ဘယ်သူတွေက ဘာတွေများ
မိုက်ရူးရဲဆန်ဆန် ဘာအမှားတွေများလုပ်နေလို့
ဒီ လို မျိုး .......ဒီလိုမျိုး ..."

သူခုထိလက်မခံနိုင်။မရှိတော့ဘူး
ဆိုတဲ့အသိကိုလက်မခံနိုင်။ တရားခံကလည်းဖခင်
ကိုယ်တိုင်ဖြစ်နေတဲ့အခါ နာကျင်မှုသည်အတိုင်းထက်
အလွန်။

"အလွန်ရွံရှာရှက်စရာကိစ္စကြီးကို
အဆုံးမသတ်ဘဲ တစ်ယောက်ယောက်သိမြင်သွားလို့
ဘဝပျက်သည်အထိစောင့်နေပေးရမှာလား
မင်းက အိမ်ရှေ့မင်းသား မင်းတစ်ပါးဖြစ်လာမယ့်သူ"

"သူရှိလို့ ဖြစ်မြောက်လာတဲ့ အချိုးအကွေ့တွေကြီးပဲ
သူမရှိတော့ရင်....ဘာမှမရှိတော့ဘူး"

"အိမ်ရှေ့မင်းသား တစ်ပါးဖြစ်နေပြီး မင်းကိုပါ
ခုချက်ချင်းစီရင်လိုက်ချင်ပြီ...."

"ပြန်ခေါ်ပေးပါ....."

"သားတော်!!!"

"နန်းတော်ကိုခုပြန်လာဖို့အမိန့်ပေးပေးပါ...."

"အရှက်တရားနည်းနည်းတောင်မရှိနိုင်တော့ဘူးလား
မင်းစိတ်အတွေးထဲ မင်းသမီး မင်းဖြစ်လာရင် မိဖုရား
ကလွဲ ကျန်တဲ့အမှိုက်ဘာမှမရှိရဘူး သူကမင်းဘဝကို
ဖျက်ဆီးပစ်မယ့်ကံကြမ္မာဆိုတာသိရဲ့လား ဒီဖြစ်ရပ်ကို
မင်းနဲ့ငါ နှစ်ယောက်ကြားပဲသိပြီး နှုတ်ပိတ်နှုတ်ဆိတ်
နေလိုက်ကြရအောင် သေသောသူကြာရင်မေ့
အချ်န်တန်ရင် အလိုအလျှောက် ပြီးဆုံးသွားလိမ့်မယ်..."

"ပြန်ခေါ်ပေး!!!!!!!"

အသံနက်ကြီးသည်ဘုရင့်နန်းဆောင်ထဲမှဟိန်းခနဲထွက်
လာခဲ့သည်။အသံသည်အလွန်ကျယ်လွန်းခဲ့တာ
ကြောင့် ပြည့်ရှင်မင်းသည် မင်းသား၏လည်တိုင်တွေ
အားဆွဲကိုင်ညှစ်ကာ အသံထပ်မထွက်လာစေရန်
ပိတ်ဆို့ပစ်သည်။

"ပြီးဆုံးသွားပြီ ဥာဏ်ပညာမဲ့ဦးနှောက်မရှိမိုက်ရူးရဲ
ဆန်ဆန် သဘာဝကိုလွန်ဆန်ရဲတဲ့ရှက်ဖွယ်ရာအပြစ်
ဒဏ်အတွက် ထိုက်သင့်တာကိုပေးဆပ်ခဲ့ရတာလို့မှတ်
မင်းပါ ထပ်ပြီး အသက်မပျောက်ချင်ရင် နှုတ်ပိတ်လိုက်
တော့ ဂုဏ်သိက္ခာနဲ့အရှက်တရား သမိုင်းလှဖို့ထက်
ဘယ်အရာကမှအရေးမကြီးဘူး..."

ပူဆွေးမှုတွေ နာကျင်မှုတွေ ဒေါသတွေရောယှက်လျှက်
ကျဆင်းလာသောမျက်ရည်စက်တွေသည်သေချာ
ပေါက်သွေးမျက်ရည်တွေဖြစ်ပါလိမ့်မည်။
စိတ်လွတ်စွာ နန်းဆောင်တစ်ခုလုံးကပစ္စည်းမှန်သမျှကို
ဖျက်ဆီးပစ်ခဲ့သည်။

ထိန်းသိမ်း၍မရတော့တဲ့အခါမင်းမှုထမ်းအစောင့်တချို့
ဖြင့်ချူပ်လျှက် အိမ်ရှေ့စံနန်းဆောင်ဆီပြန်ပို့ဆောင်
ခြင်းကိုခံခဲ့ရသည်။မင်းသားလေး၏ကံကြမ္မာသည်
ထိုနေ့မှစကာ အလုံးစုံပျက်ဆီးသွားခဲ့တော့သည်။

ပေလွှာလေး၏နောက်ကျောတွင်စာတချ်ို့ရှိခဲ့၏။
အယူအဆအရသာဆို လိပ်ပြာတွေများသိခဲ့သလား။
ဒါမှမဟုတ် အလွန်စိတ်လက်ပေါ့ပါးစွာဆုတောင်းတွေ
လှခဲ့သလားမပြောတတ်။

အသေပိတ်ခဲ့ရတဲ့တံခါးချပ်တွေအတွက်
အသက်ရှူမကျပ်ခဲ့ပါဘူးဆိုရင် ကိုယ်လိမ်လည်တာပဲ။
မင်းလောက် စာဖွဲ့ခြင်းမှာမကျွမ်းကျင်တော့
အိမ်မက်လေးတစ်ခုကိုချရေးမယ်။

..သက္ကရာဇ်အတူတူ ....နှစ်တစ်နှစ်ရဲ့ အလှဆုံး
လနှစ်လ...။ အေးချမ်းသာယာတဲ့တိုင်းပြည်လှလှ
လေးတစ်ခုမှ အတူတကွပြန်မွေးဖွားပြီး လွတ်လပ်တဲ့
ချစ်ခြင်းမေတ္တာပန်းချီကားချပ်ကိုဆက်ရေးခြစ်ချင်တယ်။
အလွန်ကိုမွန်းကျပ်လွန်းလို့ စိတ်တံခါးပေါက်ကထွက်ကျ
လာတဲ့ ဆန္ဒတွေပါ။ဝမ်းနည်းစရာကောင်းမှန်းသိပေမယ့်
ကိုယ် အဲ့ဒီအိမ်မက်ကိုပဲနေ့နေ့ညညမက်ဖြစ်နေတယ်။
မြန်မြန် ပြန်လာချင်ပြီ။

မင်းသားလေးသည် အချိန်တစ်ပတ်လောက်နန်းဆောင်
ထဲကထွက်မလာခဲ့တော့။နန်းဆောင်
တံခါးပေါက်တွေပြတင်းပေါက်
တွေအားလုံးပိတ်သွားခဲ့သည်။

လူတွေမှာ လက်မခံနိုင်ဆုံး အဆိုးဝါးဆုံး
ခံနိုင်ရည်အားထက်ကျော်လွန်သွားသောနာကျင်မှု
တွေဖြစ်လာတဲ့အခါ ကိုယ့်ကိုကိုယ်ပြန်လိမ်ခြင်းနဲ့
ဖြေရှင်းတတ်ကြသည်။သိသိချင်းရက်ပိုင်းတွေမှာ
တော့ သူ နေလည်းမအိပ် ညလည်းမအိပ်
စစ်သူကြီး အရေးမတတ်စွာ ကြိုးစားရေးခဲ့သော
စာတိုလေးကို တဖွဖွထိရင်း အသက်မဲ့နေသူလို
မလှုပ်မယှက်။

တစ်လတိတိအကြာနန်းဆောင်တံခါးတွေပြန်ပွင့်လာခဲ့
သည်။မင်းသားလေးသည် ကျန်းမာရေးအလွန်ချို့တဲ့နေခဲ့ပြီ။သို့သော်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့တာကြောင့်
ပြည့်ရှင်မင်းသည် သေသောသူကြာရင်မေ့ တစ်လမျှ
အထိ ခံစားပြီးတော့လည်းပြီးဆုံးသွားပြီပဲဟုစိတ်ဒုံးဒုံးချ
ခဲ့သည်။

"ကျန်းမာရေးအမြန်ဆုံးကောင်းအောင်နေထိုင်ပါ
နန်းတက်ပွဲက မကြာတော့ဘူး မင်းသားလေး
အားရှိမယ့်အစားအသောက်တွေကိုရွေးချယ်စားပါ.."

မိဖုရားခေါင်ကြီးက လက်ကလေးတွေကိုဆုပ်ကိုင်ကာ
သတင်းလာမေးတော့သူကခေါင်းငြိမ့်ပြသည်။

"ကိုယ်ရံတော်ကြီးသတင်းကြားမိတယ်...
စိတ်မကောင်းပါဘူး....သို့ပေမယ့်စစ်ပွဲမှာကျဆုံး
သွားရတာ တစ်သက်လုံးဂုဏ်သိက္ခာကြီးလှပါတယ်"

"မကျဆုံးပါဘူး သူရှိပါတယ်....တစ်နေ့နေ့ကျရင်ပြန်လာမှာစိတ်မပူပါနဲ့ စိတ်မကောင်းလည်းမဖြစ်ပါနဲ့
သူဘာမှမဖြစ်ဘူး...."

မိဖုရားခေါင်ကြီး၏ လက်တွေအားထပ်ပိုးကိုင်ကာ
ပေါ့ပါးစွာပြုံးပြပုံသည် မိဖုရားခေါင်ကြီး၏မျက်နှာ
ကိုကွက်ခနဲပျက်သွားစေသည်။
သေသွားပါပြီ ဆိုတဲ့သူကို မသေပါဘူးလို့ ခပ်ပြုံးပြုံး
ဆိုသည့်ဟန်သည် ပုံမှန်မှမဟုတ်ဘဲ။

ဟုတ်တယ်။ သူ ဟာ သေဆုံးခြင်းတစ်ခုအားဘယ်တော့
မှလက်မခံခဲ့ပါ။ သူရဲ့စိတ်ဝိဥာဉ်တွေထဲသူ့ဘဝနောက်ဆုံး
အချိန်အထိ စစ်တိုက်နေတယ် တစ်နေ့ပြန်လာမှာပဲလို့
ပဲလုံးဝတသတ်မတ်သွားခဲ့သည်။ကိုယ့်ကိုကိုယ်အကြွင်းမဲ့
လိမ်လည်ကာ ဘယ်သူဘာပြောပြော စစ်သူကြီးဟာ
စစ်တိုက်နေတာပဲ။သူကိုယ်တိုင်လည်းသေသွားပြီဆိုတဲ့
အသိကိုမသိတော့ကာ ရှိနေတယ် စောင့်နေရင်တစ်နေ့ပြန်
ကိုလာမှာဟူသော မျှော်လင့်ချက်တွေနဲ့ဆက်စောင့်ခဲ့သည်။

အရင်က တာဝန်တွေအားလပ်မှလာတတ်သောဆုံနေကြ
နေရာကို နောက်ပိုင်းနေ့တွေမှာ နေဝင်ချိန်တိုင်း
သွားထိုင်စောင့်နေတတ်သည်။ ဘာတစ်ခုကိုမှ
စိတ်မဝင်စားတော့ ဘာတာဝန်ဝတ္တရားတွေကိုမှလည်း
နားမထောင်တော့။ပြုံးယဲ့ယဲ့လေးနှင့်ညနေနေဝင်ချိန်တိုင်း
တစ်ခါတလေတစ်ယောက်ထဲလည်းစကားတွေပြော
နေတတ်သည်။

တစ်ခါတလေ တချို့ညတွေမှာ ထားရစ်ခဲ့သော
တစ်ခုတည်းသောအိမ်မက်လှလှလေးကိုဖတ်ရင်း
အမှန်တရားတွေနှလုံးသားထဲစိမ့်ဝင်လာရင်
နန်းတွင်းသမားတော်တွေတောင်အဖြေရှာမရသော
ဝေဒနာကိုပြင်းထန်စွာခံစားရကာ နှုတ်ခမ်းမှသွေးစတွေ
အိပ်ရာခင်းတွေစွန်းထင်းခဲ့သည်။

မိုးလင်းလာရင်တော့ "ဒီနေ့ပြန်လာမှာ.."ဟု
တိုးတိုးလေးဆိုကာနန်းဆောင်တံခါးပြေးဖွင့်တတ်သည်။
အဆုံးအထိ လက်ခံမသွားခဲ့ဘူး။လက်ခံစရာလည်း
ဘာအကြောင်းမှမရှိ သူပြန်လာမယ်လို့သေချာကတိပေး
သွားတာ။

အဲ့ဒီလိုနဲ့ ပြည့်ရှင်မင်းဟာ ထီးနန်းလွှဲပေးဖို့ရန်
ရက်တွေကျလာလည်း မင်းသားလေးဟာ ထူထူ
ထောင်ထောင်မဖြစ်လာတော့။ခမည်းတော်အား
နေ့တစ်နေ့ပြီးထဲကစကားလုံးဝမဆိုတော့သူသည်
မျက်နှာကိုပင်စေ့စေ့မကြည့်ခဲ့ပါ။

အတ္တတချို့နဲ့ တချို့သောချစ်ခြင်းတရားတွေရဲ့
အနက်ကိုသေချာစွာမတွေးတောဘဲ အာဏာစက်နဲ့
ဖြေရှင်းခဲ့တဲ့အခါ တည်ဆောက်ခဲ့သမျှသည်
လုံးဝလွဲချော်ခဲ့သည်။

ထီးနန်းလည်းမယူခဲ့သလို ယူနိုင်ဖို့ကိုလည်းမကြိုးစား
ခဲ့တော့။ဘာတစ်ခုမှအဓိပ္ပာယ်မရှိတော့သောလူတစ်
ယောက်လို သူအားလုံးကိုလွှတ်ချပစ်ခဲ့သည်။
သူ့ဝေဒနာသည်ခေါင်းစဉ်တပ်၍မရခဲ့ဘဲတနေ့တခြား
အလွန်ဆိုးဝါးလာသည်။

ပြည့်ရှင်မင်းသည်အလွန်စိတ်လှုပ်ရှားလာခဲ့ကာ
သားတော်ကိုအင်တိုက်အားတိုက်ကုသခဲ့သည်။

"မင်း....ရေစုံမျောပစ်နေတာလား...ပြန်ကောင်းမွန်
အောင်နေထိုင်လို့ရရက်နဲ့....ဝတ္တရားတွေများစွာကျန်.."

"မတတ်နိုင်ဘူး....ဘာမှမရှိဘာမှမသိတော့ဘူး
ကံကြမ္မာကဒီလိုဖြစ်လာခဲ့တယ်
မင်းတစ်ပါး မဖြစ်လာနိုင်ဘူး ဟောကြားထားတာပဲ
မလား မဆန်းကြယ်လှပါဘူး...."

မင်းတစ်ပါးလည်းမဖြစ်ခဲ့ပါ။လိလိမ္မာမ္မာရင့်ကျက်စွာ
ဖြတ်သန်းခဲ့ခြင်းတွေအားလုံးသည်တစ်စုံတယောက်
အပေါ်မှာမှီတွယ်နေခဲ့သည်။သူ ဒီလူရှိရင်ဆက်သွား
နိုင်မယ်။ ဒီလူမှမရှိတော့ရင် ရပ်တန့်ပစ်မယ်ဆိုတဲ့
သဘောတရားပါပဲ။ သူသိပ်ပြတ်သားခဲ့တယ်။
သူရှိရင်နေမယ် မရှိရင်မနေတော့ဘူး။အရာအားလုံးက
ဩရှရှအသံလှိုင်းတစ်ခုပေါ်ပဲဖြစ်တည်ခဲ့တာ။

ဘာလို့သတ်ပစ်လဲ.....။ရှင်သန်ခွင့်ပေး
ခဲ့ရင်တောင်ဖြစ်စေချင်တဲ့
မင်းတစ်ပါးအခက်အခဲမရှိဖြစ်လာနိုင်ပေမယ့်
မရှိတော့ဘူးဆိုတော့ သူ့ဘက်ကလည်းအားလုံးဗလာပဲ။
အိမ်ရှေ့မင်းသားမပြောနဲ့သူ့ကိုယ်သူအသက်ရှင်နေတဲ့
လူတစ်ယောက်လို့တောင်နောက်ဆုံးအချိန်အထိမတွေး
သွားခဲ့ဘူး။ဘယ်သူ့ကိုမှစကားမပြောတော့သလို
သိဟန်မပြုတော့ဘူး။

နေ့တိုင်း ဝေဒနာတွေကြားကနေလတွေတော်တော်ကြာ
ဆက်စောင့်ခဲ့တယ်။နန်းတက်ပွဲကလည်းသူမထူနိုင်မထ
နိုင်ခဲ့တာကြောင့်တရွေ့ရွေ့ရွှေ့လာတယ်။

................။

တစ်ညနေ........။အရာအားလုံးဖြစ်ပျက်ပြီးလတချို့
ကြွေလွင့်ခဲ့ကာ နွေရာသီပြီးသွားခဲ့ပြီးမိုးရာသီ
ထို့နောက်ဆောင်းရာသီ....အေးစိမ့်စိမ့်။

မနက်ဖြန်ခါတွင် ထပ်သတ်မှတ်ထားသောနန်းတက်ပွဲ
မတိုင်ခင်တစ်ရက်မှာတော့ မင်းသားလေးသည်
စေတီဘေးနားဆီကို ကြိုးစားပမ်းစားလျှောက်လာခဲ့
သည်။ကျန်းမာရေးသည်အဆိုးဆုံးအနေအထားအထိ
ရောက်နေခဲ့ချိန်မို့ ရောက်တဲ့အခါအလွန်မောပန်းပြီ။
အမှီအတွယ်လေးတစ်ခုမှာမှီတွယ်လျှက်ငြိမ်ငြိမ်လေး
နေနေသည်။

"ဒီနေ့ တော်တော်လေးကိုမနေသာဘူး...ကိုယ်ရံတော်
ဒါပေမယ့်ဒီနေ့ပြန်လာမှာကို သိနေလို့ လာစောင့်နေပါ
တယ်....အဝေးကြီးကနေ လာနေတဲ့ပုံရိပ်ကိုမြင်နေရ
တယ်...တွေ့ချင်တယ်...ပြန်တွေ့ချင်လို့ရူးရတော့မလိုပဲ"

ခပ်တင်းတင်းဆုပ်ကိုင်လာသောပေလွှာလေးသည်
အားအင်မဲ့လာတာကြောင့်ပြုတ်ကျသွားခဲ့တော့
မင်းသားလေးကမြေပြင်ပေါ်သို့အကျမခံမြန်မြန်ဆန်ဆန်
တုန်ရီစွာပြန်ကောက်ယူခဲ့သည်။
နှလုံးတစ်ခုလုံးပျက်ဆီးသွားတဲ့ရောဂါပါ။ခေါတ်အခါ
အရစကားသာဆိုအမြစ်တွေပျံ့နှံ့သွားခဲ့ခြင်း။
ဖြူလျှော်နေသောနှုတ်ခမ်းတွေ အသက်ရှုရခက်ခက်
နေသောအခြေအနေတွေကြား ထိုးထိုးအောင့်ကာ
မနေနိုင်မထိုင်နိုင်ခဲ့သောဝေဒနာကြီးကိုလပေါင်းများစွာ
ခံစားသွားခဲ့တယ်။

နှလုံးသားကွဲကြေခဲ့တယ်ဆိုတာ စာတွေထဲပဲရှိခဲ့တာမျိုး
မဟုတ်...သူ့အနားအမြဲတမ်းရှိလိမ့်မည်ဟုသူသေသေချာချာယုံကြည်ခဲ့တဲ့သူ....သူဘယ်လောက်အထိချစ်မြတ်နိုး
ခဲ့ရသလဲဆိုတဲ့အတိုင်းအတာတွေဟာ မရှိတော့ဘူးဆိုတဲ့
နေ့ကစ ပြိုလဲကျသွားပြီး ငယ်ရွယ်သောအသက်အပိုင်း
အခြားလေးတစ်ခုမှာပဲ လိုက်ပါအဆုံးသတ်ပစ်ခဲ့သည်။

ဘာမှလည်းမဖြစ်လာခဲ့...။ပြည့်ရှင်မင်းသည်ကြီးမားလွန်း
သောဆုံးရှုံးမှုအတွက်ဖြေမဆည်နိုင်။
မင်းသားလေးရဲ့ကံကြမ္မာကိုဖျက်ဆီးခဲ့တဲ့သူဟာ
စစ်သူကြီးမှ ဟုတ်ရဲ့လားဟု ကြိမ်ဖန်များစွာပြန်တွေး
မိတိုင်းမှာ အဖြေကသိပ်တိကျလွန်းနေခဲ့ပါသည်။

"မရတော့သလိုပဲ....နောက်ဆုံးသောနေ့အထိစောင့်
ခဲ့တယ်ဆိုတာကိုတော့သိထားပေးပါ....တစ်နေ့တော့
ပြန်လာမှာကိုသေချာစွာယုံကြည်ပါတယ်...
သိပ်ချစ်ပါတယ်....."

ပေလွှာငယ်လေးလွတ်ကျသွားခဲ့ကာမျက်ဝန်းလေး
တစ်စုံသည်မှိတ်ကျသွားခဲ့တော့သည်။မျှော်လင့်ခဲ့ခြင်း
စောင့်ဆိုင်းခဲ့ခြင်း ပြင်းထန်သောနာကျင်မှုတွေနဲ့
အဆုံးသတ်ခဲ့ရသော ဘဝလေးတစ်ခုဟာ ဒီမြေဒီနေရာ
မယ်ကြီးမားသောအစွဲအလန်းတွေနဲ့။

လူတစ်ယောက်ကိုပြန်တွေ့ချင်လွန်းသောစိတ်တစ်ခု
ဖြင့်သာ လောကကိုနှုတ်ဆက်သွားခဲ့သည်။

...ပေလွှာကိုင် ကလောင်ကိုင် ငိုင်ရင်း...
ငယ်ချစ်ကို ဘယ်ကစလွမ်းဆွတ်ရမလဲမသိ...
တိုင်းတစ်ခွင် ဥဩတွေသာတော့
နှလုံးအိမ်မယ် အလွမ်းပိုမိတယ်။

အသေပိတ်မှအသက်ရှင်မယ့်
အမှန်တရားတွေအတွက်
ဘယ်ပုထိုးမှာ သစ္စာတွေဆိုရလိမ့်မလဲ။
ပုဂံပြည်မှာ နေဝင်တိုင်း...
အန္တရာယ်ကွင်းပါစေလို့ပဲ..ဆုတောင်းခဲ့တယ်။

ဖွင့်ဟပြလို့မရသော တံခါးချပ်တွေကို
ပေလွှာမှာပဲ ရေးခြစ်ခဲ့ရတယ်
တစ်ခါဖတ်ပြီး တစ်ခါထဲဖျောက်ဖျက်တာဟာ
ဘယ်လောက်နှလုံးအိမ်ကြေကွဲစရာလဲ။
ဤအချင်းအရာတွေသမိုင်းမှာပျောက်နေလိမ့်မယ်။
သို့သော်ငြား အလွမ်းရိပ်တွေတော့ကျန်ခဲ့နိုင်တယ်။

ပုဂံပြည်ရဲ့နေထွက်ချိန်တိုင်းနန်းဆောင်အဝကို
ဦးဆုံးကြည့်မိတယ်။
ရိုးသားစွာပဲ မြင်ချင်နေပါတယ်။
တစ်နေ့နေ့တော့ သူပြန်လာလိမ့်မှာသေချာပါတယ်။

..............................။

စာရွက်တွေတဖျက်ဖျက်လှန်ကာစာအုပ်ထူထူထဲက
အရေးကြီးလှသောတစိတ်တပိုင်းကိုသာပြသခဲ့သော
နာကျင်ဖွယ်ရာပုံပြင်လေးတစ်ပုဒ်ပြီးဆုံးသွားခဲ့သည်။
အလွန်ကိုဝမ်းနည်းပူဆွေးလျှက် လက်ရှိကိုပြန်မရောက်
နိုင် နိမ့်ချည်မြင့်ချည် ရင်တစ်ခုလုံးသည်ထိန်းမရ။
လက်ဖျားတွေတုန်ရီနေကာ မျက်ရည်စက်တွေသည်
ပါးပြင်ပေါ်တရစက်ကျဆင်းလာခဲ့သည်။

ဘယ်လိုမှအတိတ်ကစာမျက်နှာတွေထဲမနေနိုင်တော့
သေဆုံးသွားနိုင်သည်အထိ မွန်းကျပ်လာကာ
နာကျင်လွန်းတာမို့ အိမ်မက်ဟု အသိကိုခက်ခဲစွာ
ပြန်သွင်းလျှက်မရမကရုန်းကန်ထွက်ခဲ့သည်။

လူတစ်ယောက်၏ မျက်လုံးတွေ နှုတ်ခမ်းတွေ
အပြုံးအရယ်တွေ...ဩရှရှအသံတွေ သေမတတ်
လွမ်းလာသောခံစားမှု။အလွန်အမင်းတွေ့ချင်လာသော
ခံစားမှု...မထိရမကိုင်ရအိမ်မက်ဆိုသော်ငြား
ယောင်ကမ်းစွာ လက်သွယ်သွယ်တွေကိုလှမ်းလှမ်းဆွဲ
နေမိခဲ့သည်။

"ဟင့်အင်း.....ထပ်မသွားပါနဲ့....ခုပြန်တွေ့နေရပြီလေ
ပြန်တွေ့နေရပြီ ဒီနေ့အထိ လာစောင့်နေခဲ့တာကို
တောင်းပန်ပါတယ်...."

ချွေးစက်တွေဂယောင်ကတမ်းတွေပြောရင်းအိမ်မက်
၏ဖိအားတွေကိုလက်မခံနိုင်တော့တဲ့အဆုံးမျက်ဝန်း
လှလှတွေဖျက်ခနဲပွင့်သွားခဲ့သည်။
မျက်လုံးဖွင့်ဖွင့်လိုက်ခြင်းမှာပဲ ခပ်လှမ်းလှမ်းမှာရပ်နေ
သောပုံရိပ်တစ်ခု။

အညိုရောင်ဖြစ်တည်မှုလေးတစ်ခု..။အညိုရောင်
Shirt နှင့် လက်ထဲတွင်Cameraလေးတစ်ခုကိုင်ထားသည်။ သူ့ကိုဒီတိုင်းမတ်တပ်ရပ်လျှက်ကြည့်
နေသည်။ ထူးဆန်းတာက ငိုကြွေးနေခဲ့တာပဲ။
နီမြန်းနေသောမျက်အိမ်တွေထဲကမျက်ရည်စီးကြောင်း
တွေတစ်ခုချင်းစီးဆင်းနေကာမလှုပ်မယှက်မတ်တပ်
ရပ်ကြည့်နေသည်။

ကျွန်တော်နာမည် KimTaeHyung....။
အပျော်တမ်းဓာတ်ပုံဆရာ.....။ကျွန်တော်1995
December လမှာ တောင်ကိုရီးယားနိုင်ငံရဲ့
မြို့လေးတစ်မြို့မှာမွေးဖွားခဲ့တယ်။မွေးဖွားလာထဲက
ကျွန်တော်ဟာ ပျော်ရွှင်စွာ ရွယ်တူတွေနဲ့နည်းတူ
မကြီးပြင်းလာရဘူး။ကျွန်တော်ဟာဘယ်သူမှန်းမသိ
ဘယ်ကမှန်းမသိ ခေါင်းစဉ်မဲ့ တစ်စုံတခုကိုလိုက်ရှာနေလို့။

ကျွန်တော်ကလေးဘဝက အငိုသန်လွန်းတဲ့ကလေး။
ညတွေဆို အမြဲလိုလိုငိုနေတတ်လို့။
မူလတန်းအလယ်တန်း အထက်တန်း ရောက်တော့
ရူးကြောင်ကြောင်လူတစ်ယောက်ဟန်နဲ့လူအများကဲ့ရဲ့စရာ လှောင်စရာလူလိုဖြတ်သန်းခဲ့ရတယ်။

ထူးဆန်းတာကတော့ ကျွန်တော့်ဘာသာ
မဟုတ်ပေမယ့်လည်း
ဗုဒ္ဓဘာသာစေတီပုထိုးတွေရဲ့ ပုံတော်တွေဗုဒ္ဓဘာသာ
ထွန်းကားတဲ့နိုင်ငံတွေရဲ့နာမည်တွေ အကြောင်းတွေ
ကြားရတိုင်း ကျွန်တော် အလွန်အမင်းစိတ်လှုပ်ရှား
တတ်တယ်။

တက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့အခါချစ်သူရည်းစား
တစ်ယောက်မှမထားဘဲ ၂၄နာရီပတ်လုံးအသဲကွဲနေ
ခဲ့တဲ့လူတစ်ယောက်အဖြစ်ရောက်ရှိလာပြန်တယ်။

တဆွေးဆွေးတငေးငေး Camera တစ်လုံးနဲ့ကျွန်တော့်
ဘဝဟာ ဘာတွေကိုလိုချင်လိုအပ်နေမှန်းလည်းမသိ။
တစ်နေ့တော့ ဓာတ်ပုံပညာလေ့လာရင်း နိုင်ငံတစ်ခုရဲ့
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေက နေဝင်ချိန်တစ်ခု
ကိုတွေ့လိုက်ရတယ်။

ပျော်ရွှင်မှုဆိုတာကိုမွေးဖွားလာစဉ်ထဲကမခံစားရသေးတဲ့
ကျွန်တော်ဟာ အဲ့ဒီပုံကိုမြင်မြင်ချင်းမျက်ရည်တွေကျ
သည်အထိရင်ခုန်စိတ်လှုပ်ရှားခဲ့တယ်။စိတ်ထဲကျွန်တော်
ဘာမှန်းမသိ လိုက်ရှာနေတဲ့အရာလေးဟာအဲ့ဒီနေရာမှာ
သေချာပေါက်ရှိမှာပဲလို့အကြွင်းမဲ့ယုံကြည်ခဲ့ပြီး
"ဓာတ်ပုံရိုက်"ဟုအကြောင်းပြကာ ကျွန်တော်ထိုနေရာ
ကိုမိုးလင်းလင်းချင်းပဲသွားခဲ့တယ်။

ထင်သလောက်မလွယ်ခဲ့ပါဘူး။ဘဝတစ်လျှောက်လုံး
ရဲ့အဆွေးဓာတ်တွေက ဒီနယ်မြေမှာခြေချလိုက်တာနှင့်
ရူးသွားတော့မလိုပဲ။တစ်လလောက်ရှိပြီ။ကျွန်တော်
သောင်တင်နေခဲ့တာ နေရာပေါင်းစုံလျှောက်သွားပြီး
ခေါင်းစဉ်မဲ့ သက်ရှိလား သက်မဲ့လားတောင်မသိတဲ့
ရှာနေမှုဟာ ဘယ်လောက်ရူးနှမ်းလိုက်ပါသလဲ။
ခြေကုန်လက်ပန်းကျလာကာ မနက်ဖြန်ဆိုအိမ်ပြန်ဖို့
စီစဉ်ခဲ့ပြီး နောက်ဆုံးသောနေ့လေးမှာ စိတ်နှလုံးသား
ထဲက အလိုအလျှောက်သွားရောက်ချင်လာသော
နေရာတစ်ခုဆီCamera ကိုင်ကာထွက်လာခဲ့သည်။

သိပ်ကိုဝမ်းနည်းနေတာပါ။မျှော်လင့်ချက်တွေမရှိတော့
သလိုပဲ။ဒီနယ်မြေကလည်းအဖြေတစ်ခုမဟုတ်ဘူး
လားဆိုတဲ့စိတ်ဓာတ်ကျခြင်းတွေသည်ခြေလှမ်းတွေကို
တောင်လေးလေးလံလံ။ဒါဆို အိမ်ပြန်လည်းအဲ့ဒီ
အဖြေမဲ့လေးလံမှုကြီးကိုတစ်သက်လုံးပြန်သယ်ထား
ရဦးမှာပေါ့။ တွေးရင်းတွေးရင်းပိုလေးလံလာပြီးနောက်
နောက်ဆုံးသော ညနေတွင် စိတ်၏ဆောင်ရာအတိုင်း
လျှောက်လာရင်း တစ်နေရာအရောက်တွေ့ရှိလိုက်
ရသော မြင်ကွင်းလေးတစ်ခု။

ကျွန်တော့် ခန္ဓာကိုယ်ရဲ့အစအဆုံးဟာအသစ်တစ်ခု
ဖြစ်သွားခဲ့သလိုပဲ။ပျော်ရွှင်ခွင့်ရှိလျှက်နဲ့မပျော်နိုင်
သောစိတ်၏တံခါးချပ်တွေပွင့်သွားခဲ့သလ်ိုပဲ။
ကျွန်တော့်ခြေထောက်တွေမြေပြင်နဲ့မထိတော့သလိုပဲ။

အလွန်ဝမ်းနည်းနေသောမျက်အိမ်လှလှလေးတွေနဲ့
မျက်ရည်စတွေနဲ့အတူလှမ်းကြည့်နေသည်။
သူစိမ်းကောင်လေး။ကျွန်တော်တို့လူမျိုးအတူတူဖြစ်တာ
သေချာသည်။ ကျွန်တော်လည်း လှိုက်မောလွန်းကာ
မျက်ရည်တွေတစ်စက်ချင်းကျပြီးရှေ့လည်းမတိုး
နောက်လည်းမဆုတ်ခဲ့စွာ ငေးပဲကြည့်နေမိသည်။

ဒါပေမယ့် ရှေ့တိုးရမှာ ကျွန်တော်ဖြစ်ကြောင်း
အလိုလိုသိနေတယ်။

မင်းသားလေးဟာ
အဘယ်မျှတောင်စွဲစွဲလန်းလန်းဒီနေရာမှာ
ဘယ်နှဘဝများလောက်တောင်စောင့်ဆိုင်းခဲ့လိမ့်မလဲ။
တိကျသေချာတဲ့ 1995ဆိုတဲ့သက္ကရာဇ်အတူတူမှာပြန်
မွေးဖွားခဲ့မှု....အေးချမ်းလှပတဲ့နိုင်ငံတစ်နိုင်ငံ
အလှဆုံး လနှစ်လ တို့ တွေ့ဆုံလုံလောက်တဲ့အခါ
ဒီနေရာနဲ့ မိုင်ပေါင်ထောင်ချီဝေးတဲ့နေရာတွေမှာတည်ရှိ
ခဲ့သော်ငြား ပုဂံမြေမှာပဲ မြှားနှစ်စင်းဟာပြန်တွေ့ဆုံခဲ့ကြ
တယ်။

ခြေလှမ်းတွေတရွေ့ရွေ့လာနေသူအားမလှုပ်မယှက်
ကြည့်နေလိုက်သည်။ အနီးဆုံးနေရာကိုရောက်လာတဲ့
အခါ ခုမှပထမဆုံးအကြိမ်မြင်ဖူးခဲ့သော
သူစိမ်းကောင်လေး၏ မျက်ရည်တွေအားအရင်ဆုံး
သုတ်ပေးလိုက်မိသည်။မသိကြပါဘူး။
လုံးဝသူစိမ်းပြင်ပြင်တွေပါ။

သို့သော် ဤမျက်နှာ
ဤနှုတ်ခမ်း နှာခေါင်းထိပ်ကမှဲ့နက်လေးနဲ့
နီမြန်းမြန်းမျက်ဝန်းတွေကိုအရူးလိုစူးနစ်စွာကြည့်လျှက်
ပထမဆုံးထွက်လာသောစကားလေးသည်ဝမ်းနည်းမှု
ဝမ်းသာမှုတွေနဲ့အလုံးအရင်းနဲ့။

"စောင့်နေတာ.....ကြာပြီ...."

ချစ်စရာနုနုထွေးထွေးလေး။ငိုထားလွန်းတာကြောင့်
ပေါက်ထွက်မတတ်နီနီရဲရဲပါးပြင်လေးသည်
သိပ်သိပ်ကိုချစ်စရာကောင်းနေတုန်း။
နောက်ဆုံးနှုတ်ဆက်ခဲ့သော ညက မျက်ဝန်းလေး
တွေအတိုင်းပဲ......။

"တောင်းပန်ပါတယ်.........."

ဩရှရှအသံသည် စောင့်ရကျိုးတွေနပ်ရလေခြင်း။
သံသရာတစ်လျှောက်လုံး ဘဝဆက်တိုင်းစောင့်နေခဲ့
မှာသေချာတာမို့ ထိုဘဝတွေအားလုံးအတွက်ပါ
တောင်းပန်ခဲ့ခြင်း။အတိတ်ဘဝရဲ့ရေစက်တွေကို
အတိအကျပြတ်သားစွာသိမြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ခဲ့
၍အဖြစ်အပျက်တွေကိုသေချာစွာမမြင်ခဲ့နိုင်သောငြား
ပြန်တွေ့ဆုံမှုတွင် အလွန်အမင်းဝမ်းနည်းခဲ့ကာ
ပြောမပြတတ်အောင်လည်းပျော်ရွှင်ခဲ့ကြသည်။

ခုလက်ရှိရဲ့ KimTaeHyungနဲ့ ParkJiminဆိုတဲ့
ဖြစ်တည်မှုတွေကိုလုံးလုံးလျားလျားမေ့သွားနိုင်သည်
အထိ တစ်ချိန်တစ်ခါဤနေရာမှာ ထားရစ်ခဲ့သော
ချစ်ခြင်းမေတ္ထာ၏ထုထည် သစ္စာတရားတွေ
နောက်ဆုံးသောထွက်သက်အထိ စွဲလန်းခဲ့သော
မြင်တွေ့လိုမှုစိတ်ဆန္ဒတွေသည်အလိုအလျှောက်
အသက်ဝင်လာသည်။

Kimသည် တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကိုသာ
ဆိုလျှက် ခွေခွေခေါက်ခေါက်လေးလဲပြိုနေသူအား
ရင်ခွင်ထဲသိမ်းကျုံးထည့်ကာပွေ့ဖက်လိုက်သည်။
လွတ်လပ်မှု....။ဘယ်လောက်တောင်စောင့်ဆိုင်းခဲ့ရတဲ့
လွတ်လပ်မှုလဲ....။ခြေဖဝါးလေးထိရုံနဲ့သေဒဏ်သင့်ခဲ့
တဲ့အတိတ်တွေကိုအလွန်တရာမုန်းခဲ့သူသည်
ဒီလိုသိပ်လွတ်လပ်တဲ့ပွေ့ဖက်မှုတွေကိုဘယ်လောက်
လိုချင်ခဲ့မလဲ။

လက်သေးသေးလေးတွေဟာ Kimရဲ့ခါးတွေဆီကို
ယှက်သမ်းလာခဲ့ပြီး ဒီရင်ခွင်ကျယ်ကြီးထဲလွတ်လပ်စွာ
ဝင်တိုးဖို့သူကရော ဘယ်လောက်အထိများစောင့်ခဲ့ရလဲ။
ပထမဆုံးတွေ့ဆုံခဲ့သောလူနှစ်ယောက်တွေ့တွေ့ချင်းမှာ
တင်းကျပ်စွာပွေ့ဖက်နေခဲ့သောမြင်ကွင်းဟာထူးဆန်း
နေပေမယ့် သူတို့ သူစိမ်းတွေမှာမဟုတ်ဘဲ။

လေ့လာစရာတွေပြီး၍ Hotelပြန်ရန်Jimin အား
ခေါ်ဆောင်ဖို့ ဘုရားပေါ်မှပြန်ဆင်းလာချိန်တွင်
တွေ့လိုက်ရသောမြင်ကွင်းကြောင့်Namjoon
သည် ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်သွားသည်။

သေဆုံးသွားလေပြီဖြစ်သော
ဤကဗျာငယ်ဟာ တစ်ချ်ိန်တစ်ခါကျ
ပြန်လည်အသက်ဝင်ပါစေ။
သက်ဝင်လှုပ်ရှားတဲ့နေ့တစ်နေ့ရောက်တဲ့အခါ
မျက်မြင်ကိုယ်တွေ့ ပထမဆုံးမြင်ရသောသူကလည်း
ကျွန်တော်မျိုးပဲဖြစ်ပါစေ။
ဘာကြောင့်အဆိုရှိပါက...မတရားခြင်းကြောင့်။
ချစ်ခြင်းမေတ္တာတို့မည်သည် တရားခြင်းပန်းပွင့်တွေ
ကိုသာဖန်တီးရာ၏။

ပါးချိုင့်နက်တွေပေါ်သည်အထိအပြုံးတစ်ခုဖြစ်ထွန်း
လာခဲ့ကာအကြာကြီးရပ်ကြည့်မိသည်။
သူတို့သည်လည်းအကြာကြီးပွေ့ဖက်နေခဲ့ကြသည်။

အတိတ်စာမျက်နှာ သမိုင်းစာအုပ်အထူကြီးလုံးဝ
ပိတ်သိမ်းသွားခဲ့ပြီး စာအုပ်ပိတ်သံကျယ်ကျယ်တစ်ချက်
တွင် KimTaeHyung နဲ့ ParkJimin ဆီသို့ စိတ်ဝိဥာဉ်
တွေပြန်ရောက်သွားတဲ့အခါ အဖက်ခံနေရသူလေးက
အရင်ဆုံးအသိဝင်ပြီး ခန္ဓာကိုယ်လေးတုန်သွားကာ
ရင်ခွင်ထဲကရုန်းထွက်လိုက်သည်။

ကြောင်တိကြောင်တောင်ဖြင့်အလွန်ချောမောလွန်း
သောမျက်နှာကိုမော့ကြည့်ကာခုအခြေအနေသည်
ဘာတွေလုပ်မိမှန်းမသိ။

"Sorry .....Sorry  ...."

Kimကထပ်တောင်းပန်ကာ ယောင်တိယောင်တောင်
ဖြစ်သွားဟန်။

"ဟို....Sorry ပါ...တကယ် ကျွန်တော်...."

"ရတယ်....ဖြစ်တတ်ပါတယ်...."

ခုမှမြင်ဖူးတဲ့လူစိမ်းနှစ်ယောက်ပြိုင်တူငိုကာ
ခပ်တင်းတင်းပွေ့ဖက်ခဲ့ခြင်းကို သူက ဖြစ်တတ်ပါတယ်တဲ့။ အရင်လိုပါပဲ စစ်သူကြီးကိုအခက်မတွေ့စေတုန်း။

"ရုတ်တရက်မို့....အဲ့တာ....ခဏထိုင် ...ထိုင်လို့ရမလား.."

"ထိုင် ပါ ....ရတယ်..."

ကြောင်တိကြောင်အမ်းများဖြင့်ခုံလေးတွင်နှစ်ယောက်
အတူတူထိုင်မိလိုက်ပြန်သည်။Jimin သည်ဘေးတိုက်
မျက်နှာချောချောအားတစ်ချက်မျှကြည့်ကာ
လက်ကလေးတွေအချင်းချင်းပွတ်တိုက်လျှက်
မနေတတ်မထိုင်တတ်။Kimကတော့ ဘေးတိုက်
နှုတ်ခမ်းဖူးဖူးလေးကိုတစ်ချက်မျှကြည့်ကာတစ်သက်လုံး
ကွဲလာခဲ့သောနှလုံးသားသည် လုံးဝပြန်ဆက်သွားခဲ့သည်။

"ကိုယ့်လူမျိုးအချင်းချင်းတွေ့ရတာ...ဝမ်းသာ..."

Jimin ကလက်ကလေးအရင်လာကမ်းတော့
Kimက ချက်ချင်းဆိုသလိုဆုပ်ကိုင်လိုက်သည်။
လက်ဖဝါးနှစ်ခုထိတွေ့သွားမှုတွင်အချစ်စိတ်တွေက
အလိုက်မသိနိုးထလာပြီးဆွေးဆွေးမြေ့မြေ့တွေ
ဖြစ်ရပြန်ကာငေးကြည့်မိနေပြန်သည်။
ပြီးမှအမြန်အဆန်လေးလွှတ်လိုက်ပြီး မသိခဲ့တာက
တော်တော်လေးကိုပူးပူးကပ်ကပ်ထိုင်နေခဲ့ကြတာပဲ။

"TaeHyung....KimTaeHyung ပါ
ပုဂံကိုဓာတ်ပုံ လာရိုက်တာ....ရှုခင်းတွေလှလို့..."

"ParkJiminပါ....ခရီးထွက်ချင်စိတ်ဖြစ်လာလို့
သူငယ်ချင်းတစ်ယောက်နဲ့အတူလာခဲ့တာ..."

"အော်...ဟုတ်ကဲ့...."

"ဘယ်နေ့ ပြန်မှာလဲ....ကျွန်တော်ကတော့ ၂ရက်၂ရက်
လောက်နေဦးမယ်..."

Kim သည် ဒီမြေ ဒီလေ ဒီအတိတ်အငွေ့အသက်တွေ
နဲ့နယ်မြေမှာ နှစ်ပေါင်းများစွာလိုက်ရှာနေခဲ့ရသော
သိပ်ချစ်စရာလေးနဲ့အတူတူရှိနေသေးချင်တာကြောင့်
တိုးရှရှဆိုသည်။

"အတူတူပဲ ၂ရက် နေဦးမှာ....ပြီးရင်တော့ပြန်မှာ..."

Kim၏နှုတ်ခမ်းတွေညွှတ်ကိုင်းသွားကာ
ပါးလေးတွေရဲနေသော သူစိမ်းကောင်လေးအား
အသဲယားဟန်စူးစိုက်ကြည့်လာတော့တစ်ဖက်က
တစ်ချက်လေးကြည့်ကာချက်ချင်းမျက်နှာလွှဲသွားသည်။

"ဘယ်Hotelမှာတည်းတာလဲ...ပြန်ရင်ဘယ်Airနဲ့
ပြန်မှာလဲ ကိုရီးယားပြန်ရောက်ရင် ဘယ်မြို့မှာ
လာတွေ့လို့ရမလဲ...ဆက်သွယ်လို့ရမယ့်အရာလေး
တစ်ခုခု Twitter, Ph no တစ်ခုခု ဘယ်ဟာရနိုင်မလဲ"

Kimသည်ဟန်မဆောင်နိုင်ခဲ့ဘူး။
အမိအရထိထိမိမိကိုတွေ့တွေ့ချင်း
အပိုင်သိမ်းချင်နေပြီဖြစ်တာမို့မွေးရပ်ဆီပြန်ရောက်
သည်အထိမလွတ်မြောက်နိုင်တော့မယ့်ကြိုးတွေကို
ဆက်ချည်ရန်ပြင်ဆင်သည်။

"ဖုန်းနံပါတ်က +++++++ Twitter က Jimin Park"

Kimသည်ဖုန်းထုတ်ကာမြန်မြန်ဆန်ဆန်မှတ်လိုက်သည်။
ထို့နောက်ဖုန်းကိုပြန်သိမ်းလိုက်ကာဘာဆက်ပြောရမှန်း
ကိုမသိတော့။မျက်နှာလှလှလေးကိုပဲခိုးခိုးကြည့်ပြီး
တစ်ချက်တစ်ချက်ပြုံးသွားသည်။ဘာမှမပြောဘဲ
မိနစ်နည်းနည်းလေးငြိမ်သက်သွားခဲ့ပြီးအသံသေးသေး
လေးထွက်ပေါ်လာသည်။

"ဟို...ဖုန်းက ကိုရီးယားပြန်ရောက်ရင် ဆက်..နော်..."

တစ်မျိုးတော့မြင်နိုင်ပေမယ့် ပြန်လာမယ်ပြောပြီး
ဘဝပေါင်းများစွာ သက္ကရာဇ်ပေါင်းများစွာ
ပြန်မလာတော့တဲ့နှုတ်ဆက်ခြင်းတွေရှိနေခဲ့တာကြောင့်
သူစိုးစိုးရိမ်ရိမ်လေးဆိုရှာသည်။

"ပုဂံမှာ လည်း ဆက်မယ်လေ....ညကျ ထွက်ခဲ့မလား
လျှောက်လည်ကြမယ်လေ ကိုယ့်လူမျိုးအချင်းချင်းဆို
တော့ပိုသက်တောင့်သက်သာရှိတယ်..
တွေ့ကြရအောင်...အဆင်ပြေမလား ..."

ရင်ခုန်ခြင်းတွေသည် ပုဂံပြည်နေဝင်ချိန်လို
အလွန်တရာလှလှပပလေး။ပုဂံပြည်ရဲ့လရောင်အောက်
ပြန်ဆုံရမယ့်အချိန်အခါဟာအိမ်မက်တစ်ခုလိုပါပဲ။
အရမ်းမြန်ဆန်နေတယ်လိုထင်ရပေမယ့်တစ်ဖက်ကပြန်
တွေးရင် နှေးပင်နှေးကွေးလွန်းနေပါပြီ။

"အင်း....."

ခေါင်းလေးငြိမ့်ပြလာသည်။ ပြိုင်တူပြုံးမိလျှက်
စကားတွေပြောစရာမကျန်တော့တောင်နေဝင်သွားသည်
အထိဘယ်သူမှထမသွားခဲ့ပါ။နေဝင်ချိန်ဟာအမှတ်တရ
တွေမလား။ဟိုဟိုဒီဒီစကားလေးတွေဆိုရင်းနေရောင်
ပျောက်တဲ့အထိ အတူတူ ။Namjoon လည်းစိတ်ရှည်စွာ
ထိုင်စောင့်ပေးခဲ့၏။

မိုးလုံးဝချူပ်ပြီမို့တည်းခိုသည့်နေရာကိုယ်စီကိုပြန်ရမည်
ဖြစ်တာကြောင့်အတူတူထသွားခဲ့ကြသည်။
Kim က ဆက်နေမယ့်၂ရက်ကိုHotelအတူတူဖြစ်အောင်
ချက်ချင်းချ်ိန်းပစ်လိုက်ကာCameraတစ်လုံးဖြင့်
Jimin နားအနီးဆုံးမကအနီးဆုံးအထိလုံးဝတိုးကပ်သည်။

စတွေ့ခဲ့တဲ့ညနေကစ နောက်ထပ်၂ရက်လုံးပုဂံတစ်မြို့
လုံးကို လုံးဝပျော်ရွှင်ခြင်းတွေသပ်သပ်ဖြင့်လျှောက်
လည်ခဲ့ကြတော့သည်။

အညိုရောင်Kimဟာ ဝတ်တတ်သောCoffeeရောင်
Shirtရယ် အဖြူစွတ်စွတ်ဘောင်းဘီရှည်ဖြင့်
Camera ကိုင်ကာ ပုဂံမြို့ရဲ့ ရှေးဟောင်းအငွေ့အသက်
များဖြင့်အလွန်လိုက်ဖက်ခဲ့သည်။
Jiminကတော့ ပေါ့ပါးတဲ့TShirtဖြူဖြူလေးနှင့်
ခပ်ပွပွဂျင်းပန်လေးရယ် ကျောပိုးအိတ်လေး
တစ်လုံးနဲ့အတူ မမောနိုင် အတူတူအပြုံးအရယ်တွေ
အားဖလှယ်ခဲ့ကြသည်။

ဘုရားပုထိုးတိုင်းမှာ Kimက ဓာတ်ပုံလှလှလေးတွေ
ရိုက်ပေးရင်း အသစ်ထပ်မွေးဖွားရန်မလိုတဲ့ချစ်ခြင်း
မေတ္တာထုထည်မှာ သူတို့ဟာ ရှားပါးစွာ ချစ်ပြီးသားတွေ
မို့ လွတ်လပ်သောရယ်မောသံလေးတွေဟာ
ပုဂံပြည်တခွင်ငြိမ့်ငြိမ့်ငြောင်းငြောင်းလေး။

တစ်ပတ်အထိဆက်နေသွားကြတယ်....။
တစ်ပတ်ပြီးတဲ့အခါ တက္ကသိုလ်ကျောင်းသားတွေမို့
ကျောင်းကိစ္စတွေရှိနေသေးတာကြောင့်တောင်ကိုရီးယား
ကိုလေယာဉ်တစ်စီးထဲအတူတူစီးကာပြန်သွားခဲ့
ကြသည်။

အတိအကျလိုက်ကြည့်ဖို့မမှီခဲ့ပေမယ့်Kimသည်
သေချာပေါက် လက်သေးသေးလေးတွေကို
လေယာဉ်ကွင်းမှာသေချာစွာဆုပ်ကိုင်
လျှက်လေယာဉ်ပေါ်တက်သွား
ခဲ့တာ။

တောင်ကိုရီးယားကိုပြန်ရောက်တဲ့အခါ
သေချာပေါက် ဘဝအဆုံးတစ်နေ့အထိ လက်ထပ်ခြင်း
အထိသော ပေါင်းစပ်မှုတွေနဲ့ အတူတကွရှိသွားခဲ့
ကြတော့သည်။

အမရာဒေဝီ။🤎

............။

ထိုအခ်္ိန္မွစကာ မိုးလင္းတိုင္း မ်က္လုံးေတြပြင့္သည္
ႏွင့္နန္းေဆာင္ျပတင္းေပါက္ကိုအရင္ဆုံးေျပးလႊား
အရင္ဖြင့္ၾကည့္သည္။လက္ဆက္ပြဲအတြက္သူမွာၾကား
တဲ့အတိုင္းလိလိမၼာမၼာပါဝင္စိတ္ႏွစ္ေပးခဲ့ေပမယ့္
သူျပန္မလာေနတဲ့အေငြ႕အသက္ေတြဟာစိတ္ေမာစရာ။

"တပ္မွူး စစ္သူႀကီး တို႔အေျခအေနဘာၾကားသလဲ
ရက္ပိုင္းနဲ႔ ျပန္လာရမယ့္ ခရီးကို လခ်ီၾကာေနၿပီ.."

"အတိအက် မသိရွိေၾကာင္းပါ မင္းသား..."

သူေတြ႕သမၽွ သိနိုင္မယ္ထင္သမၽွလူအားလုံးကို
အခ်ိန္ၾကာလာေလေလ ဟန္မေဆာင္နိုင္လိုက္ေမး
ျမန္းေနေသာပုံရိပ္ေလးသည္လည္းအတိတ္တြင္
ေျခရာထပ္ခဲ့သည္။

"လက္ဆက္ပြဲအမွီေတာ့ျပန္လာသင့္တာေပါ့...
သူပဲ လိလိမၼာမၼာ စီစဥ္ေဆာင္ရြက္ခိုင္းခဲ့ၿပီး..."

ေန႔တိုင္းပဲ....တကယ္ကိုေန႔တိုင္းမိုးလင္းတာႏွင့္
နန္းေတာ္ထဲ ေျခရာေတြအထပ္ထပ္နဲ႔သူျဖစ္ခဲ့သည္။
ညေတြလည္းခိုးထြက္ကာနန္းေဆာင္အျပင္ညဘက္
ေတြလည္းထြက္ေစာင့္ ေနတတ္သည္။

ရက္ေပါင္းမ်ားစြာပဲ တစ္ဖက္ရဲ့ကံၾကမၼာဟာကမၻာေျမ
နဲ႔ေရစက္ကုန္ၿပီးေသြးေျမက်သြားၿပီျဖစ္ေၾကာင္း
သူအရိပ္အမြက္ေလးေတာင္မသိ။ျပည့္ရွင္းမင္းကလည္း
ရက္စက္စြာပင္ လက္ထပ္ပြဲမၿပီးမခ်င္းဘာကိုမွအသိမခံ။
စစ္သူႀကီးနဲ႔အတူစစ္ထြက္သြားေသာအင္အားတစ္ခုလုံး
သည္ဘယ္ေတာ့မွပုဂံျပည္ကိုျပန္မလာရေတာ့တဲ့အမိန့္ကို
လည္းခ်ကာျဖစ္ပ်က္ေျပာင္းလဲမွုေတြကိုအေမွာင္ခ်ထား
သည္။

ဂနာမၿငိမ္ ေယာက္ယက္ခတ္ေနတတ္ေသာမင္းသား
ကိုနန္းေတာ္တစ္ခုလုံးကသတိထားမိခဲ့ၾကေပမယ့္
မၾကာခင္ပုဂံျပည္ရဲ့အခမ္းနားဆုံးလက္ဆက္မဂၤလာ
အတြက္စိတ္လွုပ္ရွားစြာေပ်ာ္ရႊင္ေနတာဟုအယူလြဲခဲ့ၾက
သည္။ ေန႔ေတြကုန္ဆုံးလာေလ မင္းသားေလးသည္
ေမာပန္းလာေလပဲ။

ခမည္းေတာ္ကို ခဏခဏလည္းသြားမေမးျမန္းရဲတာ
ေၾကာင့္ နန္းေတာ္ထဲသူ မေရာက္ခဲ့ေသာဌာနမရွိ။နန္းေတာ္အတြင္းအျပင္ရင္ဖြင့္ေျပာစရာလူလည္းမရွိတာမို႔
တစ္ေယာက္ထဲအတြင္းထဲကအပူသည္ေတာက္ေလာင္ေနခဲ့သည္။

"မင္းသားေလးကၽြန္ေတာ္မ်ိဳးမ
မတရားအသတ္ခံရတာပါ...ၾကာပန္းေတြကို
ဘယ္တုန္းကမွမႀကိဳက္ႏွစ္သက္ခဲ့ပါဘူး...."

အိမ္မက္တစ္ခုသည္အလြန္ဆိုးဝါးလြန္းလွပါ၏။
ေရကန္ထဲမွ ျဖဴစုတ္ေနေသာသ႑ာန္တစ္ခုသည္
ေဖ်ာ့ေလၽွာ့စြာကုတ္ဖဲ့တက္လာကာဗလုံးဗေထြးစကား
ေတြအမ်ားႀကီးေျပာေနသည္။ ခ်က္ခ်င္းဆိုသလို
ျပန္ေပ်ာက္သြားကာ

"သကၠရာဇ္အတူတူ ....ႏွစ္တစ္ႏွစ္ရဲ့ အလွဆုံး
လႏွစ္လ.........."

ေသြးစြန္းေနေသာေပလႊာခ်ပ္ေလးနဲ႔ဩရွရွအသံ
တစ္ခုနားထဲရွင္းရွင္းလင္းလင္းထပ္တိုးဝင္လာတဲ့အခါ
ျပန္မ်ားေရာက္ေနၿပီလားဟုမ်က္လုံးေတြဆက္ခနဲဖြင့္လိုက္ခ်ိန္သည္ညသန္းေခါင္ပဲ။အေငြ႕အသက္မ်ားသည္
အလြန္မေကာင္းလြန္းေနတာေၾကာင့္အိပ္ရာထဲမွအလူးအလဲထလိုက္သည္။

အိပ္ေဆာင္ထဲမွေသြး႐ူးေသြးတန္းျဖင့္အျပင္သို႔ေျပးထြက္သြားခဲ့သည္။ဘုရင့္နန္းေဆာင္ဆီကိုပဲမသိစိတ္ေတြ
ရဲ့လွုံ႔ေဆာ္မွုေတြျဖင့္ဦးတည္ကာလေရာင္မွိန္မွိန္ေအာက္
စိတ္လြတ္ေနတဲ့လူတစ္ေယာက္လို။

"ခုတေလာ အိမ္မက္ေတြဆိုးဝါးလြန္းလို႔အိပ္စက္ျခင္း
ကိုမလုပ္နိုင္ေတာ့ဘူး ခမည္းေတာ္ ဆုံးပါးသြားေလတဲ့
အပ်ိဳေတာ္က အိမ္မက္ေတြလာေပးတယ္
သူမ အသတ္ခံရတာပါတဲ့ အိမ္မက္ေတြကမလိမ္ဘူး
မလား...."

အိပ္ခ်္ိန္ကို ကမူးရွူးထိုးေရာက္လာတဲ့ေခၽြးစို႔ေနေသာ
အိမ္ေရွ႕မင္းသားကိုျပည့္ရွင္မင္းကအျပစ္ေတာ့
မေျပာခဲ့ ။ခပ္ေအးေအးျဖင့္ၾကည့္ကာ

"စိတ္စြဲလမ္းေနတာပါ...သူမ အသတ္ခံရေအာင္အထိ
ဘာအျပစ္က်ဴးလြန္ထားတဲ့သူမလ္ို႔လဲ...
အိမ္မက္တိုင္းက မမွန္ကန္နိုင္ပါဘူး...."

"တစ္ခုခုမ်ားျဖစ္ေနလား ခမည္းေတာ္...
အေျဖမသိေပမယ့္ စိတ္ေတြရက္ဆက္ေလးလံေနလို႔
အိပ္လို႔ပင္မရေတာ့ဘူး...ဘာအေရးကိစၥမွဆိုးဆိုးဝါးဝါး
မရွိေနဘူးမလား....."

"မရွိေနဘူး....ဘာမွမျဖစ္ပါဘူး...လက္ဆက္ပြဲ
ၿပီးလို႔ ခဏပဲအၾကာမွာ ထီးနန္းလႊဲေျပာင္းေပးမယ္
မင္းတစ္ပါး လုပ္ဖို႔ကိုသာ ျပင္ဆင္ထားပါ..."

"အားလုံးလုပ္ပါ့မယ္....အဆင္ေျပေျပၿပီးဆုံးရမယ္
လို႔လည္းကတိကဝတ္ျပဳပါတယ္..."

"ေကာင္းၿပီ..."

"နန္းတြင္းသူကိုေတာ့ ဘဝကူးေကာင္းေအာင္အလွူဒါန
တခ်ိဴ႕ေတာ့လုပ္ေပးဖို႔ခြင့္ျပဳေပးပါ..."

"မင္းသားတစ္ပါးက ဘယ္လိုမ်ိဳးသင့္ေတာ္မလဲ
သူ႔အမ်ိဳးအႏြယ္ ေဆြမ်ိဳးနီးစပ္ကလုပ္ေပးလိမ့္မွာေပါ့"

"အလွူဒါန မွာ ခြဲျခားေနဖို႔ရန္မလိုပါဘူး စစ္သူႀကီး
နန္းေတာ္ျပန္ဝင္လာတဲ့ေန႔က်ရင္ သားေတာ္ကိုယ္တိုင္
မရွိေနနိုင္ေတာင္ သူ႔ကိုစီစဥ္ခိုင္းလိုက္ပါ့မယ္...
သူ လည္း ခု ထိ ကိုပဲ...."

ခပ္ညိဳညိဳမ်က္ဝန္းေလးေတြနဲ႔ တိုးရွရွစကားသံေလး
မွာ အဘယ္မၽွေမၽွာ္ေနေၾကာင္းအေငြ႕အသက္ေတြ
အျပည့္။ေပ်ာ့ညံ့ညံ့ေလး။ႏူးႏူးညံ့ညံ့ေလး။ခုလိမ္ထား
ၿပီးတစ္ေန႔ ေပၚသြားလည္း ဤကဲ့သို႔ေပ်ာ့ေခြေခြေလးက
င္ိုေႂကြး႐ုံအျပင္ဘာမွလည္းတတ္နိုင္မွာမဟုတ္။

သားေတာ္ျဖစ္သူကို ဟန္မပ်က္သာၾကည့္ေနခဲ့သည္။
ညသန္းေခါင္အလည္ေသြး႐ူးေသြးတန္းေရာက္လာၿပီး
ေျပာခ်င္တာေတြေျပာသြားခဲ့ကာျပန္သြားျပန္သည္။

သူဘယ္အခ်ိန္ေတြအိပ္စက္လဲအဲ့ဒီအခ်ိန္ကဘယ္သူ
မသိ အိမ္ေရွ႕မင္းသားေလးဟာေဆာင္းအကုန္ေႏြအကူး
ရာသီမွာ တေနကုန္ပတ္လုံးလိုလိုဟိုေငးဒီေငး
ဟိုေမၽွာ္ဒီေမၽွာ္ပဲ။

ေတြ႕ဆုံေနက်ေနရာေလးကိုညေနေနဝင္ခ်ိန္ေတြတိုင္းမွာ
႐ုပ္ဖ်က္လၽွက္ထိုင္ကာ ေမၽွာ္ေနတတ္သည္။
ေနဝင္ခ်ိန္တိုင္းပဲ......ၾကည္လင္ေနေသာမ်က္ဝန္းေလး
ေတြနဲ႔ ညေနေလေျပႏုႏုေတြၾကား ေမၽွာ္လင့္ခ်က္ေတြ
တေပြ႕တပိုက္နဲ႔။

တျဖည္းျဖည္း လက္ဆက္ပြဲနီးကပ္လာသည္။
လုပ္စရာရွိတာမွန္သမၽွ ဘာျပႆနာမွမျဖစ္ေအာင္
စိတ္ေရာကိုယ္ပါ လိုက္ပါေဆာင္ရြက္ေပးရင္း
တစ္ဖက္၏စိတ္ကလည္းေပၚမလာေလေသာလူကို
သြားသြားေစာင့္ေနတတ္သည္။

အသင့္ေတာ္ဆုံးေန႔နံနကၡတ္ေတြဆုံေတြ႕ခ်ိန္ႀကိဳတင္
တြက္ခ်က္ထားၾကေသာေန႔တစ္ေန႔အေရာက္တြင္ေတာ့
လက္ဆက္ပြဲႀကီးကိုခမ္းနားစြာက်င္းပခဲ့ၾကသည္။
အလြန္ခမ္းနားႀကီးက်ယ္ခဲ့ကာ တစ္ျပည္လုံးေပ်ာ္ရႊင္
ၾကည္ႏူးခဲ့ရေသာမဂၤလာအခ်ိန္တစ္ခု။

စိတ္ညိဳလိုက္တာ....ဘာသတင္းမွလည္းမပို႔
ဒီေန႔ ဒီရက္ ဒီအေျခအေနမွာ ဒီပြဲရွိတာကိုသိသိရက္နဲ႔
ေရာက္ေအာင္ သူျပန္မလာဘူး...သူစိမ္းေသာလူတစ္
ေယာက္လက္ထဲ လြယ္လြယ္ေလးထည့္ေပးနိုင္တာပဲ
ဘာအေလးနက္မွုကိုမွရွိမေန ေအးစက္တတ္တာ
အျပစ္မဟုတ္ေပမယ့္ ဒီတစ္ခါေအးစက္မွုကေတာ့
သိပ္ကိုလြန္လြန္းတယ္...။

စိတ္အေတြးေတြဟာေခါင္းထဲရွုပ္ယွက္ခတ္ေနေပမယ့္
အခမ္းအနားတစ္ခုလုံးကိုမင္းသားေလးကလိမၼာစြာ
ေက်ာ္ျဖတ္ခဲ့သည္။ျပည့္ရွင္မင္းသည္ မင္းသားနဲ႔မင္းသမီး
လိုက္ဖက္ညီစြာ အတူတကြတည္ရွိေနေသာပုံရိပ္အား
ၾကည့္ရွုလၽွက္အထူးဝမ္းသာေက်နပ္လၽွက္ရွိသည္။
ျပည့္ရွင္းမင္းတင္မက နန္းေတာ္တစ္ခုလုံး တိုင္းျပည္
တစ္ခုလုံး ငယ္ရြယ္ၿပီး လွပျခင္းႏွစ္ခုေပါင္းစပ္မွုကို
ရင္သတ္ရွုေမာစြာပင္ေကာင္းခ်ီးမ်ားေပးခဲ့ၾကသည္။

မၾကာေလေသာရက္ပိုင္းမွာထီးနန္းလႊဲေပးၿပီး
မင္းတစ္ပါးအရာေရာက္ေစဖို႔ကိုလည္းတစ္ခ်ိန္ထဲမွာ
အသိေပးခဲ့ကာ အိမ္ေရွ႕မင္းသားဟာ ေသခ်ာေပါက္
မင္းတစ္ပါးျဖစ္လာေတာ့မည္။ဖယ္ရွားသင့္တဲ့အရာ
ေတြအားလုံးကိုလည္းဖယ္ရွားၿပီးၿပီမို႔ သူေအာင္ျမင္ခဲ့
တယ္ဟုဆို၍ရပါသည္။

ေတာင္ေတြးေျမာက္ေတြး စိတ္နဲ႔လူနဲ႔ကပ္တဲ့အခါကပ္
မကပ္တဲ့အခါမကပ္ခဲ့ေသာ အထင္ကရပြဲႀကီးၿပီးသြား
တဲ့အခါ မင္းသားေလးဟာ ျပင္းထန္ေသာပင္ပန္းစရာ
ေတြကိုမလုပ္ဘဲအလြန္ေမာပန္းေနခဲ့သည္။
ဒီေန႔ကိုေတာ့ ေသခ်ာေပါက္ ျပန္လာၿပီပဲမွတ္ခဲ့တာမို႔
ပြဲၿပီးသြားတဲ့အထိ အရိပ္ပင္ေပၚမလာခဲ့တာေၾကာင့္
ဟန္မေဆာင္နိုင္လာခဲ့ေတာ့။

လက္ဆက္ပြဲၿပီးသြားသည့္
ေႏွာင္းပိုင္းေန႔ရက္ေတြမွာက်န္းမာေရးထိခိုက္လာခဲ့သည္။
အခ်ိန္သည္လည္းလခ်ီၾကာခဲ့ၿပီကို။
မင္းသားတစ္ပါးရဲ့တာဝန္ေတြကိုေတာ့လစ္ဟင္းမရွိ
မင္းသမီးအေပၚလည္းအတတ္နိုင္အဆင္ေျပစြာေျပာဆို
ဆက္ဆံလၽွက္ အလြန္ပူေသာေႏြလည္ေကာင္ကိုေရာက္
လာခဲ့သည္။

မင္းသားေလးသည္ ျပည့္ရွင္မင္းအား ခဏခဏသြား
ေမးေနတုန္းပဲ။ နန္းတက္ပြဲၿပီးမွ ဆိုတဲ့ဆုံးျဖတ္ခ်က္နဲ႔
ေရေရရာရာဘာကိုမွမေျဖခဲ့။

သူအဲ့ဒီပုံစံနဲ႔ဘယ္ႏွလေလာက္ေနခဲ့ရမလဲ။ ဘာမွေရေရရာရာမသိရဘာျဖစ္ေနသလဲမသိ အဓိပၸာယ္မဲ့
လမ္းေပ်ာက္ေနသလိုေႏြပူပူေန႔ေတြတိုင္း ေမၽွာ္ေန ေစာင့္ေနဆဲပါပဲ။

မိုးလင္းတာနဲ႔ နန္းေဆာင္တံခါးဝအေျပးအလႊား
ဖြင့္ခဲ့ေသာ လက္ကေလးေတြအသားမာတက္ခဲ့သည္။
အိမ္မက္ဆိုးေတြမက္တိုင္း နန္းေတာ္ထဲညႀကီးသန္းေခါင္
စိတ္မႏွံ့ခဲ့ေသာလူတစ္ေယာက္လိုအမွုထမ္းေတြေျပး
လႊားဆြဲခဲ့ရေသာညေတြဆက္တိုက္ျဖစ္လာသည္။
ေစာင္တီးတိုင္း ေစာင္ႀကိဳးျပတ္ကာ ကဗ်ာစပ္တိုင္း
႐ူးခ်င္လာသလိုလို။ ပန္းခ်ီစုတ္တံေတြကိုမကိုင္နိုင္တာ
ၾကာပါ့။

တစ္ေန႔ေပါ့....တစ္ေန႔ေတာ့....ေနဝင္ခ်ိန္တစ္ခုမွာ
ဆုံေနၾက ေနရာဆီ ေႏွးေကြးစြာေလၽွာက္လာသည္။
ခႏၶာကိုယ္ကအင္အားေတြအလြန္ယုတ္ေလၽွာ့ေနကာ
ျဖဴဖတ္ျဖဴေလၽွာ္။ လာေစာင့္ေနတာပဲ။
တာဝန္ဝတၱရားေတြၿပီးသြားရင္ေတာ့ ႐ုပ္ဖ်က္ခိုးထြက္ကာ
ေန႔တိုင္းမဟုတ္ေတာင္ အေဆြးမိုးေတြသည္းလာရင္
တေရြ႕ေရြ႕ေရာက္လာတတ္သည္။

ေျမျပင္မွာ တုတ္ေလးတစ္ေခ်ာင္းနဲ႔အလြန္ခန့္ညား
ေသာလူတစ္ေယာက္ရဲ့ပုံကိုေရးျခစ္ေနခဲ့သည္။
ျမင့္မားေသာႏွာတံေတြ ေလးေထာင့္ဆန္ဆန္အျပဳံးဟန္
ေတြ အလြန္လွေသာမ်က္လုံးေတြ ခန့္ညားလြန္းေသာ
အသြင္အျပင္ဟာ ဘယ္ေနရာဘာနဲ႔ေကာက္ျခစ္ျခစ္
အလြတ္ရေနၿပီ။

"မင္းသား...မလား....."

လူတစ္ေယာက္၏အသံေၾကာင့္ခ်က္ခ်င္းေျမျပင္က
ပုံကိုလၽွင္ျမန္စြာဖ်က္ပစ္ကာေခါင္းေမာ့ၾကည့္လိုက္
ေတာ့ဒဏ္ရာဒဏ္ခ်က္ေတြ နဲ႔ အလြန္ပင္ပန္းေနဟန္
ရွိေသာလူတစ္ေယာက္။

"မင္း ဘယ္ သူ လဲ...."

"ကၽြန္ေတာ္မ်ိဳး စစ္သူႀကီး ရဲ့ ညာလက္႐ုံးပါ..."

မင္းသားေလးမတ္တပ္ရပ္လိုက္တဲ့အခါထိုလူက
တုန္ရီေသာလက္ေတြျဖင့္အရိုအေသေသခ်ာျပဳသည္။

"စစ္သူႀကီးေရာ....."

"ကၽြန္ေတာ္မ်ိဳး မင္းသားေလးဆီကိုေရာက္လာဖို႔
အတြက္အလြန္စြန့္စားခဲ့ရပါတယ္....ကၽြန္ေတာ္မ်ိဳး
တို႔တစ္တပ္လုံးပုဂံျပည္ဝင္ခြင့္မရွိေတာ့တာၾကာပါၿပီ"

"ေမးေနတာကိုပဲေျဖပါ...."

ေျမျပင္ေပၚေခါင္းညႊတ္ေနရင္းမ်က္ရည္ေပါက္ႀကီးငယ္
ေတြက်လာေသာလူကိုအိမ္ေရွ႕မင္းသားကစူးရဲစြာၾကည့္
ေနသည္။

"စစ္သူႀကီးဘယ္္မွာလဲ....မင္းတစ္ေယာက္ထဲ
ဘာလို႔ဒီပုံစံနဲ႔ျပန္လာရတာလဲ..."

အကၤ်ီရင္ဘက္ထဲက ေပလႊာတစ္ခုကိုတုန္ရီစြာ
ထုတ္လၽွက္မင္းသားေလးထံဆက္သလာသည္။
ေသြးစြန္းေနေသာ ေပလႊာသည္ အလြန္လွပေသာ
ပစၥည္းမွက်ိန္စာမိေနေသာပစၥည္းလို ေၾကာက္စရာအတိ။
မင္းသားေလး၏မ်က္ႏွာေတာ္ေသြးစုတ္သြားခဲ့သည္။

"ဒါက ဘာလဲ...."

ညာလက္႐ုန္းသည္ နီရဲေနေသာမ်က္ဝန္းေတြ
မ်က္ရည္စေတြနဲ႔အျပည့္ျဖင့္ေမာ့ၾကည့္လာကာ

"မွီနိုင္ခဲ့တဲ့ေနာက္ဆုံးေသာစကၠန့္ပိုင္းေတြမွာ
မင္းသားဆီမေရာက္ေရာက္ေအာင္သြားေပးေပးပါ
လို႔သူ..မွာၾကားခဲ့လို႔ပါ...."

ေျခလွမ္းေလးေတြေနာက္သို႔တစ္လွမ္းႏွစ္လွမ္းမၽွ
ဆုတ္သြားၿပီး ေသြးစြန္းေနေသာေပလႊာျဖင့္
ညာလက္႐ုံး၏မ်က္ႏွာအားပစ္ေပါက္လာသည္။

"ခိုးထြက္ၿပီး ေျခလၽွင္ ေျပးလာရလို႔ရက္လေတြ
ၾကာေျငာင္းေနခဲ့တာပါ...ကၽြန္ေတာ္မ်ိဳးပုဂံျပည္ကို
ေရာက္လည္းေရာက္ခ်င္သလို မေရာက္လည္း
မေရာက္ခ်င္ပါဘူး လမ္းတဝက္မွာတင္သတ္ေသ
ဖို႔အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ပါတယ္...."

ေျခမခိုင္စြာၿပိဳလဲက်သြားသူသည္တုတ္ေခ်ာင္းေလး
နဲ႔ေရးျခစ္ခဲ့ေသာ ဖုန္ေတြအမ်ားႀကီးနဲ႔ေျမျပင္ေပၚ။
မယုံၾကည္နိုင္ခဲ့ျခင္းကို ဘယ္လိုစဖြဲ႕ျပရမွန္းမသိ။
မွီနိုင္ခဲ့တဲ့ေနာက္ဆုံးစကၠန့္ဆိုတာ ဘယ္လို႐ူးႏွမ္းမွုမ်ိဳးလဲ။

ႏွလုံးသားတစ္ခုလုံးခ်က္ခ်င္းဆိုသလို
စိစိညက္ညက္ေၾကသြားခဲ့သည္။
ေသြးစိမ္းရွင္ရွင္ပင္ျပန္အန္ထြက္ေတာ့မတတ္
ဆိုးဝါးစြာကြဲေၾကသြားေသာ ေနဝင္ခ်ိန္ဟာ ေသမတတ္။

"စစ္ပြဲမွာက်သြားတာ...."

မ်က္ရည္တစပင္ဝဲတက္မလာနိုင္ေသာမ်က္ဝန္းဝိုင္း
ေတြျဖင့္ၾကည့္လာသည္။ ဘယ္လိုရယ္စရာလဲ။

"မယုံဘူးမလား....မျဖစ္နိုင္ဘူးမလား...."

ညာလက္႐ုံးသည္ လဲက်သြားေသာမင္းသားေလး
ဆီကို ေခၽြးေတြမ်က္ရည္စေတြနဲ႔တိုးကပ္လာကာ
ေဒါသေတြ နာက်င္မွုေတြ ခံျပင္းမွုေတြအျပည့္ျဖင့္
မ်က္လုံးေတြျဖင့္ စူးရဲေနေအာင္ၾကည့္လၽွက္

"အသတ္ခံရတာ.....အေၾကာင္းျပခ်က္မဲ့...."

"သတ္တဲ့သူက နာမည္တပ္ခြင့္မရွိတဲ့သူ...
အမွန္တရားကိုဖုံးကြယ္မထားနိုင္ဘူး...
ကၽြန္ေတာ္မ်ိဳး အတြက္စစ္သူႀကီးဟာေခါင္းေဆာင္
ေကာင္းတစ္ဘဝလုံးျဖစ္ခဲ့တယ္"

မက္ေနက်အိမ္မက္ဆိုးလို႔ပဲအႀကိမ္ႀကိမ္ျဖစ္ပါေစ
ဆုေတာင္းခဲ့ေပမယ့္ ညာလက္႐ုံးဆိုတဲ့လူ၏
မ်က္အိမ္နီနီေတြထဲ ေၾကကြဲဖြယ္က်ေနခဲ့ေသာမ်က္ရည္
ေတြဟာအစစ္ေတြ။
ေျမျပင္ေပၚက်ေနေသာ ေပလႊာေလးကိုျပန္ေကာက္
ေပးကာ မင္းသားေလးလက္ထဲကိုထပ္မံထည့္ေပးသည္။

" ကၽြန္ေတာ္မ်ိဳး ဒီေပလႊာ လက္ထဲေရာက္မွနားလည္
ခဲ့ရတဲ့ကဗ်ာတစ္ပုဒ္ပါ မကာကြယ္ေပးနိုင္ခဲ့တာကို
အႏူးညႊတ္ေတာင္းပန္ပါတယ္....."

ေျမျပင္ေပၚဝပ္တြားကာဝမ္းနည္းပက္လက္ေတာင္းပန္
ေနေသာသူကိုမင္းသားေလးသည္ေျပာင္းလဲျခင္းမဲ့
မ်က္ႏွာနဲ႔ပင္ၾကည့္ေနသည္။ ထို႔ေနာက္ ေပလႊာငယ္ကို
ပိုက္ကာ ၿပိဳလဲက်ေနရာမွ ထခဲ့သည္။
ဘာစကားမွမဆို တေျဖးေျဖးေနာက္သို႔ဆုတ္သြားကာ
နန္းေတာ္ရွိရာကို ျပန္သြားခဲ့သည္။

ညာလက္႐ုံးသည္ ေက်ာခိုင္းသြားေသာပုံရိပ္ငယ္ကို
လွမ္းၾကည့္ရင္း တေျဖးေျဖးလဲက်လာကာျပင္းထန္ေသာ
ဒဏ္ရာတစ္ခုႏွင့္အစာေရစာျပတ္လပ္မွုနဲ႔
အင္အားကုန္ခမ္းေသာအေၾကာင္းအရင္းေတြေၾကာင့္
ခႏၶာကိုယ္ကိုမရပ္တည္နိုင္ေတာ့။ေျမျပင္ေပၚသို႔လဲ
က်သြားတဲ့အထိ တေရြ႕ေရြ႕ျပန္သြားေသာျမင္ကြင္းေလး
ကိုၾကည့္ကာမ်က္ဝန္းေတြမွိတ္က်သြားေတာ့သည္။

ေသဆုံးသြားေလၿပီျဖစ္ေသာ
ဤကဗ်ာငယ္ဟာ တစ္ခ်္ိန္တစ္ခါက်
ျပန္လည္အသက္ဝင္ပါေစ။
သက္ဝင္လွုပ္ရွားတဲ့ေန႔တစ္ေန႔ေရာက္တဲ့အခါ
မ်က္ျမင္ကိုယ္ေတြ႕ ပထမဆုံးျမင္ရေသာသူကလည္း
ကၽြန္ေတာ္မ်ိဳးပဲျဖစ္ပါေစ။
ဘာေၾကာင့္အဆိုရွိပါက...မတရားျခင္းေၾကာင့္။
ခ်စ္ျခင္းေမတၱာတို႔မည္သည္ တရားျခင္းပန္းပြင့္ေတြ
ကိုသာဖန္တီးရာ၏။
.............။

တိတ္ဆိတ္ေျခာက္ကပ္ေသာညေနေနဝင္ခ်ိန္တစ္ခု။
ေသြးစြန္းေနေသာကဗ်ာတစ္ရြက္ကိုင္ကာမ်က္ႏွာ
ေသျဖင့္နန္းေတာ္ထဲေလၽွာက္ဝင္လာေသာေျခလွမ္း
ေတြသည္ အားလုံးအတြက္အထူးအဆန္း။ျပည့္ရွင္မင္း
၏နန္းေဆာင္ထဲကိုတန္းဝင္သြားခဲ့သည္။

တိုင္းျပည္ေရးရာ အစီရင္ခံစာမ်ားအားၾကည့္ရွု
စစ္ေဆးေနေသာ ျပည့္ရွင္းမင္း၏ စာေတြအေပၚ
ေပလႊာေလးတစ္ခု က်လာသည္။
အနည္းငယ္အံ့အားသင့္သြားကာခ်က္ခ်င္းေမာ့ၾကည့္
ေတာ့ျဖဴစုတ္ေနေသာမ်က္ႏွာတစ္ခုကႀကိဳဆိုေနသည္။

"ဘယ္ကရလာတာလဲ....."

"ဒါ....မဟုတ္ဘူးမလား....."

အသံသည္အလြန္အမင္းေအးစက္ေနကာနာနာက်င္က်င္။

"တိုက္ခိုက္ေနရင္း က်ဆုံးသြားခဲ့တာ မေျပာခဲ့ဘူးဆိုတာ
သားေတာ္ စိတ္ထိခိုက္မွာရယ္ အေရးႀကီးတဲ့လုပ္ငန္း
ေဆာင္တာေတြလည္းရွိေနလို႔ ခုသိၿပီဆိုေတာ့
လက္ခံလိုက္ေတာ့...."

ေရာက္သာလာရတယ္ ယုံတဝက္မယုံတဝက္။
မရက္စက္ေလာက္ပါဘူးဆိုတဲ့ေမၽွာ္လင့္ခ်က္ေရာင္
မွိန္မွိန္ေလးနဲ႔အေျပးလာခဲ့ေပမယ့္အေျဖသည္တိက်ခဲ့
သည္။ မယုံၾကည္နိုင္ေသာမ်က္ဝန္းေတြျဖင့္စကားပင္
မဆိုနိုင္ဆြံ႕အေနသူသည္ အသက္ပင္မရွူေတာ့။

"ဘာ...ေၾကာင့္...လဲ သူ ဘာလုပ္ခဲ့လို႔လဲ...."

အလြန္ခက္ခက္ခဲခဲထြက္လာေသာေမးခြန္းသည္
ေလသံေတြမဆက္။အလြန္တုန္ခိုက္ေနသည္။
ဒီေလာက္ေသသပ္စြာဖုံးဖိထားတဲ့ၾကားကအတိအက်
သိလာဟန္ အိမ္ေရွ႕မင္းသား၏မ်က္လုံးေတြကို
မင္းက တည့္တည့္ၾကည့္လာသည္။

"မင္း ပါ ထပ္ၿပီး အဲ့ဒီလမ္းကိုမသြားခ်င္ရင္
တစ္ဘဝလုံးစာ ႏွုတ္ပိတ္ၿပီး ေလၽွာက္ရမယ့္
လမ္းေတြကိုေကာင္းေကာင္းမြန္မြန္ဆက္ေလၽွာက္"

မင္းသားသည္ ျပည့္ရွင္မင္း၏အနီးဆုံးေနရာအထိတိုး
ကပ္လာခဲ့သည္။က်ယ္ေလာင္ေသာအသံနက္နက္ေတြနဲ႔
စိတ္ရွိတိုင္းသာဆို တေလာကလုံးကိုျပာခ်ပစ္ခ်င္ေနေပ
မယ့္ လက္ေတြ႕တြင္မတ္မတ္ရပ္ဖို႔ေတာင္အားမရွိခဲ့ပါ။

"တစ္သက္လုံးႏွုတ္ပိတ္ေနခဲ့တာေလ...
.ဘာကမ်ားအေႏွာက္အယွက္ျဖစ္သြားခဲ့လို႔လဲ ...."

"အဆုံးသတ္ၿပီးခဲ့ၿပီ က်ဴးလြန္ခဲ့တဲ့အျပစ္က
ဘာေၾကာင့္လဲ လို႔ျပန္ေမးေနစရာမလိုတဲ့အျပစ္
အေႏွာက္အယွက္လုပ္မွ စီရင္ရမယ့္အျပစ္မဟုတ္ဘူး
သူအသက္ရွင္ေနသေရြ႕ ငါေအးခ်မ္းမွာမဟုတ္ဘူး
အဓိကက မင္းရဲ့႐ူးႏွမ္းမွုေတြကပိုသာပါတယ္
ငါကိုယ္ေတာ္လည္း ဘာေၾကာင့္လဲ လို႔ျပန္ေမးမယ္"

"ျမင္ေနခြင့္ေလးပဲ....အသက္ရွင္ေနတယ္ မနီးမေဝး
အရပ္ေအးခ်မ္းစြာရွိေနတယ္လို႔သိေနရရင္
လုံေလာက္ခဲ့တာဘာအေရာင္အေသြး ဘာပူေလာင္ျခင္း လိုခ်င္ရမၼက္တစ္စိုးတစိမွေတာင္မရွိခဲ့ဘူး...ကိုယ္တိုင္လည္းအနာဂါတ္မွာဆက္လုပ္ရမယ့္လုပ္သင့္လုပ္ထိုက္တာ
ကိုသိရွိနားလည္လို႔ေသခ်ာေပါက္လုပ္မွာျဖစ္သလို
သူလည္း ထပ္တူညီမၽွပဲ....ဘယ္သူေတြက ဘာေတြမ်ား
မိုက္႐ူးရဲဆန္ဆန္ ဘာအမွားေတြမ်ားလုပ္ေနလို႔
ဒီ လို မ်ိဳး .......ဒီလိုမ်ိဳး ..."

သူခုထိလက္မခံနိုင္။မရွိေတာ့ဘူး
ဆိုတဲ့အသိကိုလက္မခံနိုင္။ တရားခံကလည္းဖခင္
ကိုယ္တိုင္ျဖစ္ေနတဲ့အခါ နာက်င္မွုသည္အတိုင္းထက္
အလြန္။

"အလြန္ရြံရွာရွက္စရာကိစၥႀကီးကို
အဆုံးမသတ္ဘဲ တစ္ေယာက္ေယာက္သိျမင္သြားလို႔
ဘဝပ်က္သည္အထိေစာင့္ေနေပးရမွာလား
မင္းက အိမ္ေရွ႕မင္းသား မင္းတစ္ပါးျဖစ္လာမယ့္သူ"

"သူရွိလို႔ ျဖစ္ေျမာက္လာတဲ့ အခ်ိဳးအေကြ႕ေတြႀကီးပဲ
သူမရွိေတာ့ရင္....ဘာမွမရွိေတာ့ဘူး"

"အိမ္ေရွ႕မင္းသား တစ္ပါးျဖစ္ေနၿပီး မင္းကိုပါ
ခုခ်က္ခ်င္းစီရင္လိုက္ခ်င္ၿပီ...."

"ျပန္ေခၚေပးပါ....."

"သားေတာ္!!!"

"နန္းေတာ္ကိုခုျပန္လာဖို႔အမိန့္ေပးေပးပါ...."

"အရွက္တရားနည္းနည္းေတာင္မရွိနိုင္ေတာ့ဘူးလား
မင္းစိတ္အေတြးထဲ မင္းသမီး မင္းျဖစ္လာရင္ မိဖုရား
ကလြဲ က်န္တဲ့အမွိုက္ဘာမွမရွိရဘူး သူကမင္းဘဝကို
ဖ်က္ဆီးပစ္မယ့္ကံၾကမၼာဆိုတာသိရဲ့လား ဒီျဖစ္ရပ္ကို
မင္းနဲ႔ငါ ႏွစ္ေယာက္ၾကားပဲသိၿပီး ႏွုတ္ပိတ္ႏွုတ္ဆိတ္
ေနလိုက္ၾကရေအာင္ ေသေသာသူၾကာရင္ေမ့
အခ်္န္တန္ရင္ အလိုအေလၽွာက္ ၿပီးဆုံးသြားလိမ့္မယ္..."

"ျပန္ေခၚေပး!!!!!!!"

အသံနက္ႀကီးသည္ဘုရင့္နန္းေဆာင္ထဲမွဟိန္းခနဲထြက္
လာခဲ့သည္။အသံသည္အလြန္က်ယ္လြန္းခဲ့တာ
ေၾကာင့္ ျပည့္ရွင္မင္းသည္ မင္းသား၏လည္တိုင္ေတြ
အားဆြဲကိုင္ညႇစ္ကာ အသံထပ္မထြက္လာေစရန္
ပိတ္ဆို႔ပစ္သည္။

"ၿပီးဆုံးသြားၿပီ ဥာဏ္ပညာမဲ့ဦးေႏွာက္မရွိမိုက္႐ူးရဲ
ဆန္ဆန္ သဘာဝကိုလြန္ဆန္ရဲတဲ့ရွက္ဖြယ္ရာအျပစ္
ဒဏ္အတြက္ ထိုက္သင့္တာကိုေပးဆပ္ခဲ့ရတာလို႔မွတ္
မင္းပါ ထပ္ၿပီး အသက္မေပ်ာက္ခ်င္ရင္ ႏွုတ္ပိတ္လိုက္
ေတာ့ ဂုဏ္သိကၡာနဲ႔အရွက္တရား သမိုင္းလွဖို႔ထက္
ဘယ္အရာကမွအေရးမႀကီးဘူး..."

ပူေဆြးမွုေတြ နာက်င္မွုေတြ ေဒါသေတြေရာယွက္လၽွက္
က်ဆင္းလာေသာမ်က္ရည္စက္ေတြသည္ေသခ်ာ
ေပါက္ေသြးမ်က္ရည္ေတြျဖစ္ပါလိမ့္မည္။
စိတ္လြတ္စြာ နန္းေဆာင္တစ္ခုလုံးကပစၥည္းမွန္သမၽွကို
ဖ်က္ဆီးပစ္ခဲ့သည္။

ထိန္းသိမ္း၍မရေတာ့တဲ့အခါမင္းမွုထမ္းအေစာင့္တခ်ိဳ႕
ျဖင့္ခ်ဴပ္လၽွက္ အိမ္ေရွ႕စံနန္းေဆာင္ဆီျပန္ပို႔ေဆာင္
ျခင္းကိုခံခဲ့ရသည္။မင္းသားေလး၏ကံၾကမၼာသည္
ထိုေန႔မွစကာ အလုံးစုံပ်က္ဆီးသြားခဲ့ေတာ့သည္။

ေပလႊာေလး၏ေနာက္ေက်ာတြင္စာတခ်္ို႔ရွိခဲ့၏။
အယူအဆအရသာဆို လိပ္ျပာေတြမ်ားသိခဲ့သလား။
ဒါမွမဟုတ္ အလြန္စိတ္လက္ေပါ့ပါးစြာဆုေတာင္းေတြ
လွခဲ့သလားမေျပာတတ္။

အေသပိတ္ခဲ့ရတဲ့တံခါးခ်ပ္ေတြအတြက္
အသက္ရွူမက်ပ္ခဲ့ပါဘူးဆိုရင္ ကိုယ္လိမ္လည္တာပဲ။
မင္းေလာက္ စာဖြဲ႕ျခင္းမွာမကၽြမ္းက်င္ေတာ့
အိမ္မက္ေလးတစ္ခုကိုခ်ေရးမယ္။

..သကၠရာဇ္အတူတူ ....ႏွစ္တစ္ႏွစ္ရဲ့ အလွဆုံး
လႏွစ္လ...။ ေအးခ်မ္းသာယာတဲ့တိုင္းျပည္လွလွ
ေလးတစ္ခုမွ အတူတကြျပန္ေမြးဖြားၿပီး လြတ္လပ္တဲ့
ခ်စ္ျခင္းေမတၱာပန္းခ်ီကားခ်ပ္ကိုဆက္ေရးျခစ္ခ်င္တယ္။
အလြန္ကိုမြန္းက်ပ္လြန္းလို႔ စိတ္တံခါးေပါက္ကထြက္က်
လာတဲ့ ဆႏၵေတြပါ။ဝမ္းနည္းစရာေကာင္းမွန္းသိေပမယ့္
ကိုယ္ အဲ့ဒီအိမ္မက္ကိုပဲေန႔ေန႔ညညမက္ျဖစ္ေနတယ္။
ျမန္ျမန္ ျပန္လာခ်င္ၿပီ။

မင္းသားေလးသည္ အခ်ိန္တစ္ပတ္ေလာက္နန္းေဆာင္
ထဲကထြက္မလာခဲ့ေတာ့။နန္းေဆာင္
တံခါးေပါက္ေတြျပတင္းေပါက္
ေတြအားလုံးပိတ္သြားခဲ့သည္။

လူေတြမွာ လက္မခံနိုင္ဆုံး အဆိုးဝါးဆုံး
ခံနိုင္ရည္အားထက္ေက်ာ္လြန္သြားေသာနာက်င္မွု
ေတြျဖစ္လာတဲ့အခါ ကိုယ့္ကိုကိုယ္ျပန္လိမ္ျခင္းနဲ႔
ေျဖရွင္းတတ္ၾကသည္။သိသိခ်င္းရက္ပိုင္းေတြမွာ
ေတာ့ သူ ေနလည္းမအိပ္ ညလည္းမအိပ္
စစ္သူႀကီး အေရးမတတ္စြာ ႀကိဳးစားေရးခဲ့ေသာ
စာတိုေလးကို တဖြဖြထိရင္း အသက္မဲ့ေနသူလို
မလွုပ္မယွက္။

တစ္လတိတိအၾကာနန္းေဆာင္တံခါးေတြျပန္ပြင့္လာခဲ့
သည္။မင္းသားေလးသည္ က်န္းမာေရးအလြန္ခ်ိဳ႕တဲ့ေနခဲ့ၿပီ။သို႔ေသာ္လည္း ပုံမွန္အတိုင္း ျပန္ျဖစ္ခဲ့တာေၾကာင့္
ျပည့္ရွင္မင္းသည္ ေသေသာသူၾကာရင္ေမ့ တစ္လမၽွ
အထိ ခံစားၿပီးေတာ့လည္းၿပီးဆုံးသြားၿပီပဲဟုစိတ္ဒုံးဒုံးခ်
ခဲ့သည္။

"က်န္းမာေရးအျမန္ဆုံးေကာင္းေအာင္ေနထိုင္ပါ
နန္းတက္ပြဲက မၾကာေတာ့ဘူး မင္းသားေလး
အားရွိမယ့္အစားအေသာက္ေတြကိုေရြးခ်ယ္စားပါ.."

မိဖုရားေခါင္ႀကီးက လက္ကေလးေတြကိုဆုပ္ကိုင္ကာ
သတင္းလာေမးေတာ့သူကေခါင္းၿငိမ့္ျပသည္။

"ကိုယ္ရံေတာ္ႀကီးသတင္းၾကားမိတယ္...
စိတ္မေကာင္းပါဘူး....သို႔ေပမယ့္စစ္ပြဲမွာက်ဆုံး
သြားရတာ တစ္သက္လုံးဂုဏ္သိကၡာႀကီးလွပါတယ္"

"မက်ဆုံးပါဘူး သူရွိပါတယ္....တစ္ေန႔ေန႔က်ရင္ျပန္လာမွာစိတ္မပူပါနဲ႔ စိတ္မေကာင္းလည္းမျဖစ္ပါနဲ႔
သူဘာမွမျဖစ္ဘူး...."

မိဖုရားေခါင္ႀကီး၏ လက္ေတြအားထပ္ပိုးကိုင္ကာ
ေပါ့ပါးစြာျပဳံးျပပုံသည္ မိဖုရားေခါင္ႀကီး၏မ်က္ႏွာ
ကိုကြက္ခနဲပ်က္သြားေစသည္။
ေသသြားပါၿပီ ဆိုတဲ့သူကို မေသပါဘူးလို႔ ခပ္ျပဳံးျပဳံး
ဆိုသည့္ဟန္သည္ ပုံမွန္မွမဟုတ္ဘဲ။

ဟုတ္တယ္။ သူ ဟာ ေသဆုံးျခင္းတစ္ခုအားဘယ္ေတာ့
မွလက္မခံခဲ့ပါ။ သူရဲ့စိတ္ဝိဥာဥ္ေတြထဲသူ႔ဘဝေနာက္ဆုံး
အခ်ိန္အထိ စစ္တိုက္ေနတယ္ တစ္ေန႔ျပန္လာမွာပဲလို႔
ပဲလုံးဝတသတ္မတ္သြားခဲ့သည္။ကိုယ့္ကိုကိုယ္အႂကြင္းမဲ့
လိမ္လည္ကာ ဘယ္သူဘာေျပာေျပာ စစ္သူႀကီးဟာ
စစ္တိုက္ေနတာပဲ။သူကိုယ္တိုင္လည္းေသသြားၿပီဆိုတဲ့
အသိကိုမသိေတာ့ကာ ရွိေနတယ္ ေစာင့္ေနရင္တစ္ေန႔ျပန္
ကိုလာမွာဟူေသာ ေမၽွာ္လင့္ခ်က္ေတြနဲ႔ဆက္ေစာင့္ခဲ့သည္။

အရင္က တာဝန္ေတြအားလပ္မွလာတတ္ေသာဆုံေနၾက
ေနရာကို ေနာက္ပိုင္းေန႔ေတြမွာ ေနဝင္ခ်ိန္တိုင္း
သြားထိုင္ေစာင့္ေနတတ္သည္။ ဘာတစ္ခုကိုမွ
စိတ္မဝင္စားေတာ့ ဘာတာဝန္ဝတၱရားေတြကိုမွလည္း
နားမေထာင္ေတာ့။ျပဳံးယဲ့ယဲ့ေလးႏွင့္ညေနေနဝင္ခ်ိန္တိုင္း
တစ္ခါတေလတစ္ေယာက္ထဲလည္းစကားေတြေျပာ
ေနတတ္သည္။

တစ္ခါတေလ တခ်ိဳ႕ညေတြမွာ ထားရစ္ခဲ့ေသာ
တစ္ခုတည္းေသာအိမ္မက္လွလွေလးကိုဖတ္ရင္း
အမွန္တရားေတြႏွလုံးသားထဲစိမ့္ဝင္လာရင္
နန္းတြင္းသမားေတာ္ေတြေတာင္အေျဖရွာမရေသာ
ေဝဒနာကိုျပင္းထန္စြာခံစားရကာ ႏွုတ္ခမ္းမွေသြးစေတြ
အိပ္ရာခင္းေတြစြန္းထင္းခဲ့သည္။

မိုးလင္းလာရင္ေတာ့ "ဒီေန႔ျပန္လာမွာ.."ဟု
တိုးတိုးေလးဆိုကာနန္းေဆာင္တံခါးေျပးဖြင့္တတ္သည္။
အဆုံးအထိ လက္ခံမသြားခဲ့ဘူး။လက္ခံစရာလည္း
ဘာအေၾကာင္းမွမရွိ သူျပန္လာမယ္လို႔ေသခ်ာကတိေပး
သြားတာ။

အဲ့ဒီလိုနဲ႔ ျပည့္ရွင္မင္းဟာ ထီးနန္းလႊဲေပးဖို႔ရန္
ရက္ေတြက်လာလည္း မင္းသားေလးဟာ ထူထူ
ေထာင္ေထာင္မျဖစ္လာေတာ့။ခမည္းေတာ္အား
ေန႔တစ္ေန႔ၿပီးထဲကစကားလုံးဝမဆိုေတာ့သူသည္
မ်က္ႏွာကိုပင္ေစ့ေစ့မၾကည့္ခဲ့ပါ။

အတၱတခ်ိဳ႕နဲ႔ တခ်ိဳ႕ေသာခ်စ္ျခင္းတရားေတြရဲ့
အနက္ကိုေသခ်ာစြာမေတြးေတာဘဲ အာဏာစက္နဲ႔
ေျဖရွင္းခဲ့တဲ့အခါ တည္ေဆာက္ခဲ့သမၽွသည္
လုံးဝလြဲေခ်ာ္ခဲ့သည္။

ထီးနန္းလည္းမယူခဲ့သလို ယူနိုင္ဖို႔ကိုလည္းမႀကိဳးစား
ခဲ့ေတာ့။ဘာတစ္ခုမွအဓိပၸာယ္မရွိေတာ့ေသာလူတစ္
ေယာက္လို သူအားလုံးကိုလႊတ္ခ်ပစ္ခဲ့သည္။
သူ႔ေဝဒနာသည္ေခါင္းစဥ္တပ္၍မရခဲ့ဘဲတေန႔တျခား
အလြန္ဆိုးဝါးလာသည္။

ျပည့္ရွင္မင္းသည္အလြန္စိတ္လွုပ္ရွားလာခဲ့ကာ
သားေတာ္ကိုအင္တိုက္အားတိုက္ကုသခဲ့သည္။

"မင္း....ေရစုံေမ်ာပစ္ေနတာလား...ျပန္ေကာင္းမြန္
ေအာင္ေနထိုင္လို႔ရရက္နဲ႔....ဝတၱရားေတြမ်ားစြာက်န္.."

"မတတ္နိုင္ဘူး....ဘာမွမရွိဘာမွမသိေတာ့ဘူး
ကံၾကမၼာကဒီလိုျဖစ္လာခဲ့တယ္
မင္းတစ္ပါး မျဖစ္လာနိုင္ဘူး ေဟာၾကားထားတာပဲ
မလား မဆန္းၾကယ္လွပါဘူး...."

မင္းတစ္ပါးလည္းမျဖစ္ခဲ့ပါ။လိလိမၼာမၼာရင့္က်က္စြာ
ျဖတ္သန္းခဲ့ျခင္းေတြအားလုံးသည္တစ္စုံတေယာက္
အေပၚမွာမွီတြယ္ေနခဲ့သည္။သူ ဒီလူရွိရင္ဆက္သြား
နိုင္မယ္။ ဒီလူမွမရွိေတာ့ရင္ ရပ္တန့္ပစ္မယ္ဆိုတဲ့
သေဘာတရားပါပဲ။ သူသိပ္ျပတ္သားခဲ့တယ္။
သူရွိရင္ေနမယ္ မရွိရင္မေနေတာ့ဘူး။အရာအားလုံးက
ဩရွရွအသံလွိုင္းတစ္ခုေပၚပဲျဖစ္တည္ခဲ့တာ။

ဘာလို႔သတ္ပစ္လဲ.....။ရွင္သန္ခြင့္ေပး
ခဲ့ရင္ေတာင္ျဖစ္ေစခ်င္တဲ့
မင္းတစ္ပါးအခက္အခဲမရွိျဖစ္လာနိုင္ေပမယ့္
မရွိေတာ့ဘူးဆိုေတာ့ သူ႔ဘက္ကလည္းအားလုံးဗလာပဲ။
အိမ္ေရွ႕မင္းသားမေျပာနဲ႔သူ႔ကိုယ္သူအသက္ရွင္ေနတဲ့
လူတစ္ေယာက္လို႔ေတာင္ေနာက္ဆုံးအခ်ိန္အထိမေတြး
သြားခဲ့ဘူး။ဘယ္သူ႔ကိုမွစကားမေျပာေတာ့သလို
သိဟန္မျပဳေတာ့ဘူး။

ေန႔တိုင္း ေဝဒနာေတြၾကားကေနလေတြေတာ္ေတာ္ၾကာ
ဆက္ေစာင့္ခဲ့တယ္။နန္းတက္ပြဲကလည္းသူမထူနိုင္မထ
နိုင္ခဲ့တာေၾကာင့္တေရြ႕ေရြ႕ေရႊ႕လာတယ္။

................။

တစ္ညေန........။အရာအားလုံးျဖစ္ပ်က္ၿပီးလတခ်ိဳ႕
ေႂကြလြင့္ခဲ့ကာ ေႏြရာသီၿပီးသြားခဲ့ၿပီးမိုးရာသီ
ထို႔ေနာက္ေဆာင္းရာသီ....ေအးစိမ့္စိမ့္။

မနက္ျဖန္ခါတြင္ ထပ္သတ္မွတ္ထားေသာနန္းတက္ပြဲ
မတိုင္ခင္တစ္ရက္မွာေတာ့ မင္းသားေလးသည္
ေစတီေဘးနားဆီကို ႀကိဳးစားပမ္းစားေလၽွာက္လာခဲ့
သည္။က်န္းမာေရးသည္အဆိုးဆုံးအေနအထားအထိ
ေရာက္ေနခဲ့ခ်ိန္မို႔ ေရာက္တဲ့အခါအလြန္ေမာပန္းၿပီ။
အမွီအတြယ္ေလးတစ္ခုမွာမွီတြယ္လၽွက္ၿငိမ္ၿငိမ္ေလး
ေနေနသည္။

"ဒီေန႔ ေတာ္ေတာ္ေလးကိုမေနသာဘူး...ကိုယ္ရံေတာ္
ဒါေပမယ့္ဒီေန႔ျပန္လာမွာကို သိေနလို႔ လာေစာင့္ေနပါ
တယ္....အေဝးႀကီးကေန လာေနတဲ့ပုံရိပ္ကိုျမင္ေနရ
တယ္...ေတြ႕ခ်င္တယ္...ျပန္ေတြ႕ခ်င္လို႔႐ူးရေတာ့မလိုပဲ"

ခပ္တင္းတင္းဆုပ္ကိုင္လာေသာေပလႊာေလးသည္
အားအင္မဲ့လာတာေၾကာင့္ျပဳတ္က်သြားခဲ့ေတာ့
မင္းသားေလးကေျမျပင္ေပၚသို႔အက်မခံျမန္ျမန္ဆန္ဆန္
တုန္ရီစြာျပန္ေကာက္ယူခဲ့သည္။
ႏွလုံးတစ္ခုလုံးပ်က္ဆီးသြားတဲ့ေရာဂါပါ။ေခါတ္အခါ
အရစကားသာဆိုအျမစ္ေတြပ်ံ႕ႏွံ့သြားခဲ့ျခင္း။
ျဖဴေလၽွာ္ေနေသာႏွုတ္ခမ္းေတြ အသက္ရွုရခက္ခက္
ေနေသာအေျခအေနေတြၾကား ထိုးထိုးေအာင့္ကာ
မေနနိုင္မထိုင္နိုင္ခဲ့ေသာေဝဒနာႀကီးကိုလေပါင္းမ်ားစြာ
ခံစားသြားခဲ့တယ္။

ႏွလုံးသားကြဲေၾကခဲ့တယ္ဆိုတာ စာေတြထဲပဲရွိခဲ့တာမ်ိဳး
မဟုတ္...သူ႔အနားအျမဲတမ္းရွိလိမ့္မည္ဟုသူေသေသခ်ာခ်ာယုံၾကည္ခဲ့တဲ့သူ....သူဘယ္ေလာက္အထိခ်စ္ျမတ္နိုး
ခဲ့ရသလဲဆိုတဲ့အတိုင္းအတာေတြဟာ မရွိေတာ့ဘူးဆိုတဲ့
ေန႔ကစ ၿပိဳလဲက်သြားၿပီး ငယ္ရြယ္ေသာအသက္အပိုင္း
အျခားေလးတစ္ခုမွာပဲ လိုက္ပါအဆုံးသတ္ပစ္ခဲ့သည္။

ဘာမွလည္းမျဖစ္လာခဲ့...။ျပည့္ရွင္မင္းသည္ႀကီးမားလြန္း
ေသာဆုံးရွုံးမွုအတြက္ေျဖမဆည္နိုင္။
မင္းသားေလးရဲ့ကံၾကမၼာကိုဖ်က္ဆီးခဲ့တဲ့သူဟာ
စစ္သူႀကီးမွ ဟုတ္ရဲ့လားဟု ႀကိမ္ဖန္မ်ားစြာျပန္ေတြး
မိတိုင္းမွာ အေျဖကသိပ္တိက်လြန္းေနခဲ့ပါသည္။

"မရေတာ့သလိုပဲ....ေနာက္ဆုံးေသာေန႔အထိေစာင့္
ခဲ့တယ္ဆိုတာကိုေတာ့သိထားေပးပါ....တစ္ေန႔ေတာ့
ျပန္လာမွာကိုေသခ်ာစြာယုံၾကည္ပါတယ္...
သိပ္ခ်စ္ပါတယ္....."

ေပလႊာငယ္ေလးလြတ္က်သြားခဲ့ကာမ်က္ဝန္းေလး
တစ္စုံသည္မွိတ္က်သြားခဲ့ေတာ့သည္။ေမၽွာ္လင့္ခဲ့ျခင္း
ေစာင့္ဆိုင္းခဲ့ျခင္း ျပင္းထန္ေသာနာက်င္မွုေတြနဲ႔
အဆုံးသတ္ခဲ့ရေသာ ဘဝေလးတစ္ခုဟာ ဒီေျမဒီေနရာ
မယ္ႀကီးမားေသာအစြဲအလန္းေတြနဲ႔။

လူတစ္ေယာက္ကိုျပန္ေတြ႕ခ်င္လြန္းေသာစိတ္တစ္ခု
ျဖင့္သာ ေလာကကိုႏွုတ္ဆက္သြားခဲ့သည္။

...ေပလႊာကိုင္ ကေလာင္ကိုင္ ငိုင္ရင္း...
ငယ္ခ်စ္ကို ဘယ္ကစလြမ္းဆြတ္ရမလဲမသိ...
တိုင္းတစ္ခြင္ ဥဩေတြသာေတာ့
ႏွလုံးအိမ္မယ္ အလြမ္းပိုမိတယ္။

အေသပိတ္မွအသက္ရွင္မယ့္
အမွန္တရားေတြအတြက္
ဘယ္ပုထိုးမွာ သစၥာေတြဆိုရလိမ့္မလဲ။
ပုဂံျပည္မွာ ေနဝင္တိုင္း...
အႏၲရာယ္ကြင္းပါေစလို႔ပဲ..ဆုေတာင္းခဲ့တယ္။

ဖြင့္ဟျပလို႔မရေသာ တံခါးခ်ပ္ေတြကို
ေပလႊာမွာပဲ ေရးျခစ္ခဲ့ရတယ္
တစ္ခါဖတ္ၿပီး တစ္ခါထဲေဖ်ာက္ဖ်က္တာဟာ
ဘယ္ေလာက္ႏွလုံးအိမ္ေၾကကြဲစရာလဲ။
ဤအခ်င္းအရာေတြသမိုင္းမွာေပ်ာက္ေနလိမ့္မယ္။
သို႔ေသာ္ျငား အလြမ္းရိပ္ေတြေတာ့က်န္ခဲ့နိုင္တယ္။

ပုဂံျပည္ရဲ့ေနထြက္ခ်ိန္တိုင္းနန္းေဆာင္အဝကို
ဦးဆုံးၾကည့္မိတယ္။
ရိုးသားစြာပဲ ျမင္ခ်င္ေနပါတယ္။
တစ္ေန႔ေန႔ေတာ့ သူျပန္လာလိမ့္မွာေသခ်ာပါတယ္။

..............................။

စာရြက္ေတြတဖ်က္ဖ်က္လွန္ကာစာအုပ္ထူထူထဲက
အေရးႀကီးလွေသာတစိတ္တပိုင္းကိုသာျပသခဲ့ေသာ
နာက်င္ဖြယ္ရာပုံျပင္ေလးတစ္ပုဒ္ၿပီးဆုံးသြားခဲ့သည္။
အလြန္ကိုဝမ္းနည္းပူေဆြးလၽွက္ လက္ရွိကိုျပန္မေရာက္
နိုင္ နိမ့္ခ်ည္ျမင့္ခ်ည္ ရင္တစ္ခုလုံးသည္ထိန္းမရ။
လက္ဖ်ားေတြတုန္ရီေနကာ မ်က္ရည္စက္ေတြသည္
ပါးျပင္ေပၚတရစက္က်ဆင္းလာခဲ့သည္။

ဘယ္လိုမွအတိတ္ကစာမ်က္ႏွာေတြထဲမေနနိုင္ေတာ့
ေသဆုံးသြားနိုင္သည္အထိ မြန္းက်ပ္လာကာ
နာက်င္လြန္းတာမို႔ အိမ္မက္ဟု အသိကိုခက္ခဲစြာ
ျပန္သြင္းလၽွက္မရမက႐ုန္းကန္ထြက္ခဲ့သည္။

လူတစ္ေယာက္၏ မ်က္လုံးေတြ ႏွုတ္ခမ္းေတြ
အျပဳံးအရယ္ေတြ...ဩရွရွအသံေတြ ေသမတတ္
လြမ္းလာေသာခံစားမွု။အလြန္အမင္းေတြ႕ခ်င္လာေသာ
ခံစားမွု...မထိရမကိုင္ရအိမ္မက္ဆိုေသာ္ျငား
ေယာင္ကမ္းစြာ လက္သြယ္သြယ္ေတြကိုလွမ္းလွမ္းဆြဲ
ေနမိခဲ့သည္။

"ဟင့္အင္း.....ထပ္မသြားပါနဲ႔....ခုျပန္ေတြ႕ေနရၿပီေလ
ျပန္ေတြ႕ေနရၿပီ ဒီေန႔အထိ လာေစာင့္ေနခဲ့တာကို
ေတာင္းပန္ပါတယ္...."

ေခၽြးစက္ေတြဂေယာင္ကတမ္းေတြေျပာရင္းအိမ္မက္
၏ဖိအားေတြကိုလက္မခံနိုင္ေတာ့တဲ့အဆုံးမ်က္ဝန္း
လွလွေတြဖ်က္ခနဲပြင့္သြားခဲ့သည္။
မ်က္လုံးဖြင့္ဖြင့္လိုက္ျခင္းမွာပဲ ခပ္လွမ္းလွမ္းမွာရပ္ေန
ေသာပုံရိပ္တစ္ခု။

အညိဳေရာင္ျဖစ္တည္မွုေလးတစ္ခု..။အညိဳေရာင္
Shirt ႏွင့္ လက္ထဲတြင္Cameraေလးတစ္ခုကိုင္ထားသည္။ သူ႔ကိုဒီတိုင္းမတ္တပ္ရပ္လၽွက္ၾကည့္
ေနသည္။ ထူးဆန္းတာက ငိုေႂကြးေနခဲ့တာပဲ။
နီျမန္းေနေသာမ်က္အိမ္ေတြထဲကမ်က္ရည္စီးေၾကာင္း
ေတြတစ္ခုခ်င္းစီးဆင္းေနကာမလွုပ္မယွက္မတ္တပ္
ရပ္ၾကည့္ေနသည္။

ကၽြန္ေတာ္နာမည္ KimTaeHyung....။
အေပ်ာ္တမ္းဓာတ္ပုံဆရာ.....။ကၽြန္ေတာ္1995
December လမွာ ေတာင္ကိုရီးယားနိုင္ငံရဲ့
ၿမိဳ႕ေလးတစ္ၿမိဳ႕မွာေမြးဖြားခဲ့တယ္။ေမြးဖြားလာထဲက
ကၽြန္ေတာ္ဟာ ေပ်ာ္ရႊင္စြာ ရြယ္တူေတြနဲ႔နည္းတူ
မႀကီးျပင္းလာရဘူး။ကၽြန္ေတာ္ဟာဘယ္သူမွန္းမသိ
ဘယ္ကမွန္းမသိ ေခါင္းစဥ္မဲ့ တစ္စုံတခုကိုလိုက္ရွာေနလို႔။

ကၽြန္ေတာ္ကေလးဘဝက အငိုသန္လြန္းတဲ့ကေလး။
ညေတြဆို အျမဲလိုလိုငိုေနတတ္လို႔။
မူလတန္းအလယ္တန္း အထက္တန္း ေရာက္ေတာ့
႐ူးေၾကာင္ေၾကာင္လူတစ္ေယာက္ဟန္နဲ႔လူအမ်ားကဲ့ရဲ့စရာ ေလွာင္စရာလူလိုျဖတ္သန္းခဲ့ရတယ္။

ထူးဆန္းတာကေတာ့ ကၽြန္ေတာ့္ဘာသာ
မဟုတ္ေပမယ့္လည္း
ဗုဒၶဘာသာေစတီပုထိုးေတြရဲ့ ပုံေတာ္ေတြဗုဒၶဘာသာ
ထြန္းကားတဲ့နိုင္ငံေတြရဲ့နာမည္ေတြ အေၾကာင္းေတြ
ၾကားရတိုင္း ကၽြန္ေတာ္ အလြန္အမင္းစိတ္လွုပ္ရွား
တတ္တယ္။

တကၠသိုလ္ေက်ာင္းသားျဖစ္လာတဲ့အခါခ်စ္သူရည္းစား
တစ္ေယာက္မွမထားဘဲ ၂၄နာရီပတ္လုံးအသဲကြဲေန
ခဲ့တဲ့လူတစ္ေယာက္အျဖစ္ေရာက္ရွိလာျပန္တယ္။

တေဆြးေဆြးတေငးေငး Camera တစ္လုံးနဲ႔ကၽြန္ေတာ့္
ဘဝဟာ ဘာေတြကိုလိုခ်င္လိုအပ္ေနမွန္းလည္းမသိ။
တစ္ေန႔ေတာ့ ဓာတ္ပုံပညာေလ့လာရင္း နိုင္ငံတစ္ခုရဲ့
ေရွးေဟာင္းယဥ္ေက်းမွုနယ္ေျမက ေနဝင္ခ်ိန္တစ္ခု
ကိုေတြ႕လိုက္ရတယ္။

ေပ်ာ္ရႊင္မွုဆိုတာကိုေမြးဖြားလာစဥ္ထဲကမခံစားရေသးတဲ့
ကၽြန္ေတာ္ဟာ အဲ့ဒီပုံကိုျမင္ျမင္ခ်င္းမ်က္ရည္ေတြက်
သည္အထိရင္ခုန္စိတ္လွုပ္ရွားခဲ့တယ္။စိတ္ထဲကၽြန္ေတာ္
ဘာမွန္းမသိ လိုက္ရွာေနတဲ့အရာေလးဟာအဲ့ဒီေနရာမွာ
ေသခ်ာေပါက္ရွိမွာပဲလို႔အႂကြင္းမဲ့ယုံၾကည္ခဲ့ၿပီး
"ဓာတ္ပုံရိုက္"ဟုအေၾကာင္းျပကာ ကၽြန္ေတာ္ထိုေနရာ
ကိုမိုးလင္းလင္းခ်င္းပဲသြားခဲ့တယ္။

ထင္သေလာက္မလြယ္ခဲ့ပါဘူး။ဘဝတစ္ေလၽွာက္လုံး
ရဲ့အေဆြးဓာတ္ေတြက ဒီနယ္ေျမမွာေျခခ်လိုက္တာႏွင့္
႐ူးသြားေတာ့မလိုပဲ။တစ္လေလာက္ရွိၿပီ။ကၽြန္ေတာ္
ေသာင္တင္ေနခဲ့တာ ေနရာေပါင္းစုံေလၽွာက္သြားၿပီး
ေခါင္းစဥ္မဲ့ သက္ရွိလား သက္မဲ့လားေတာင္မသိတဲ့
ရွာေနမွုဟာ ဘယ္ေလာက္႐ူးႏွမ္းလိုက္ပါသလဲ။
ေျခကုန္လက္ပန္းက်လာကာ မနက္ျဖန္ဆိုအိမ္ျပန္ဖို႔
စီစဥ္ခဲ့ၿပီး ေနာက္ဆုံးေသာေန႔ေလးမွာ စိတ္ႏွလုံးသား
ထဲက အလိုအေလၽွာက္သြားေရာက္ခ်င္လာေသာ
ေနရာတစ္ခုဆီCamera ကိုင္ကာထြက္လာခဲ့သည္။

သိပ္ကိုဝမ္းနည္းေနတာပါ။ေမၽွာ္လင့္ခ်က္ေတြမရွိေတာ့
သလိုပဲ။ဒီနယ္ေျမကလည္းအေျဖတစ္ခုမဟုတ္ဘူး
လားဆိုတဲ့စိတ္ဓာတ္က်ျခင္းေတြသည္ေျခလွမ္းေတြကို
ေတာင္ေလးေလးလံလံ။ဒါဆို အိမ္ျပန္လည္းအဲ့ဒီ
အေျဖမဲ့ေလးလံမွုႀကီးကိုတစ္သက္လုံးျပန္သယ္ထား
ရဦးမွာေပါ့။ ေတြးရင္းေတြးရင္းပိုေလးလံလာၿပီးေနာက္
ေနာက္ဆုံးေသာ ညေနတြင္ စိတ္၏ေဆာင္ရာအတိုင္း
ေလၽွာက္လာရင္း တစ္ေနရာအေရာက္ေတြ႕ရွိလိုက္
ရေသာ ျမင္ကြင္းေလးတစ္ခု။

ကၽြန္ေတာ့္ ခႏၶာကိုယ္ရဲ့အစအဆုံးဟာအသစ္တစ္ခု
ျဖစ္သြားခဲ့သလိုပဲ။ေပ်ာ္ရႊင္ခြင့္ရွိလၽွက္နဲ႔မေပ်ာ္နိုင္
ေသာစိတ္၏တံခါးခ်ပ္ေတြပြင့္သြားခဲ့သလ္ိုပဲ။
ကၽြန္ေတာ့္ေျခေထာက္ေတြေျမျပင္နဲ႔မထိေတာ့သလိုပဲ။

အလြန္ဝမ္းနည္းေနေသာမ်က္အိမ္လွလွေလးေတြနဲ႔
မ်က္ရည္စေတြနဲ႔အတူလွမ္းၾကည့္ေနသည္။
သူစိမ္းေကာင္ေလး။ကၽြန္ေတာ္တို႔လူမ်ိဳးအတူတူျဖစ္တာ
ေသခ်ာသည္။ ကၽြန္ေတာ္လည္း လွိုက္ေမာလြန္းကာ
မ်က္ရည္ေတြတစ္စက္ခ်င္းက်ၿပီးေရွ႕လည္းမတိုး
ေနာက္လည္းမဆုတ္ခဲ့စြာ ေငးပဲၾကည့္ေနမိသည္။

ဒါေပမယ့္ ေရွ႕တိုးရမွာ ကၽြန္ေတာ္ျဖစ္ေၾကာင္း
အလိုလိုသိေနတယ္။

မင္းသားေလးဟာ
အဘယ္မၽွေတာင္စြဲစြဲလန္းလန္းဒီေနရာမွာ
ဘယ္ႏွဘဝမ်ားေလာက္ေတာင္ေစာင့္ဆိုင္းခဲ့လိမ့္မလဲ။
တိက်ေသခ်ာတဲ့ 1995ဆိုတဲ့သကၠရာဇ္အတူတူမွာျပန္
ေမြးဖြားခဲ့မွု....ေအးခ်မ္းလွပတဲ့နိုင္ငံတစ္နိုင္ငံ
အလွဆုံး လႏွစ္လ တို႔ ေတြ႕ဆုံလုံေလာက္တဲ့အခါ
ဒီေနရာနဲ႔ မိုင္ေပါင္ေထာင္ခ်ီေဝးတဲ့ေနရာေတြမွာတည္ရွိ
ခဲ့ေသာ္ျငား ပုဂံေျမမွာပဲ ျမႇားႏွစ္စင္းဟာျပန္ေတြ႕ဆုံခဲ့ၾက
တယ္။

ေျခလွမ္းေတြတေရြ႕ေရြ႕လာေနသူအားမလွုပ္မယွက္
ၾကည့္ေနလိုက္သည္။ အနီးဆုံးေနရာကိုေရာက္လာတဲ့
အခါ ခုမွပထမဆုံးအႀကိမ္ျမင္ဖူးခဲ့ေသာ
သူစိမ္းေကာင္ေလး၏ မ်က္ရည္ေတြအားအရင္ဆုံး
သုတ္ေပးလိုက္မိသည္။မသိၾကပါဘူး။
လုံးဝသူစိမ္းျပင္ျပင္ေတြပါ။

သို႔ေသာ္ ဤမ်က္ႏွာ
ဤႏွုတ္ခမ္း ႏွာေခါင္းထိပ္ကမွဲ႕နက္ေလးနဲ႔
နီျမန္းျမန္းမ်က္ဝန္းေတြကိုအ႐ူးလိုစူးနစ္စြာၾကည့္လၽွက္
ပထမဆုံးထြက္လာေသာစကားေလးသည္ဝမ္းနည္းမွု
ဝမ္းသာမွုေတြနဲ႔အလုံးအရင္းနဲ႔။

"ေစာင့္ေနတာ.....ၾကာၿပီ...."

ခ်စ္စရာႏုႏုေထြးေထြးေလး။ငိုထားလြန္းတာေၾကာင့္
ေပါက္ထြက္မတတ္နီနီရဲရဲပါးျပင္ေလးသည္
သိပ္သိပ္ကိုခ်စ္စရာေကာင္းေနတုန္း။
ေနာက္ဆုံးႏွုတ္ဆက္ခဲ့ေသာ ညက မ်က္ဝန္းေလး
ေတြအတိုင္းပဲ......။

"ေတာင္းပန္ပါတယ္.........."

ဩရွရွအသံသည္ ေစာင့္ရက်ိဳးေတြနပ္ရေလျခင္း။
သံသရာတစ္ေလၽွာက္လုံး ဘဝဆက္တိုင္းေစာင့္ေနခဲ့
မွာေသခ်ာတာမို႔ ထိုဘဝေတြအားလုံးအတြက္ပါ
ေတာင္းပန္ခဲ့ျခင္း။အတိတ္ဘဝရဲ့ေရစက္ေတြကို
အတိအက်ျပတ္သားစြာသိျမင္နိုင္ဖို႔ဆိုတာမျဖစ္နိုင္ခဲ့
၍အျဖစ္အပ်က္ေတြကိုေသခ်ာစြာမျမင္ခဲ့နိုင္ေသာျငား
ျပန္ေတြ႕ဆုံမွုတြင္ အလြန္အမင္းဝမ္းနည္းခဲ့ကာ
ေျပာမျပတတ္ေအာင္လည္းေပ်ာ္ရႊင္ခဲ့ၾကသည္။

ခုလက္ရွိရဲ့ KimTaeHyungနဲ႔ ParkJiminဆိုတဲ့
ျဖစ္တည္မွုေတြကိုလုံးလုံးလ်ားလ်ားေမ့သြားနိုင္သည္
အထိ တစ္ခ်ိန္တစ္ခါဤေနရာမွာ ထားရစ္ခဲ့ေသာ
ခ်စ္ျခင္းေမတၳာ၏ထုထည္ သစၥာတရားေတြ
ေနာက္ဆုံးေသာထြက္သက္အထိ စြဲလန္းခဲ့ေသာ
ျမင္ေတြ႕လိုမွုစိတ္ဆႏၵေတြသည္အလိုအေလၽွာက္
အသက္ဝင္လာသည္။

Kimသည္ ေတာင္းပန္ပါတယ္ဆိုတဲ့စကားတစ္ခြန္းကိုသာ
ဆိုလၽွက္ ေခြေခြေခါက္ေခါက္ေလးလဲၿပိဳေနသူအား
ရင္ခြင္ထဲသိမ္းက်ဳံးထည့္ကာေပြ႕ဖက္လိုက္သည္။
လြတ္လပ္မွု....။ဘယ္ေလာက္ေတာင္ေစာင့္ဆိုင္းခဲ့ရတဲ့
လြတ္လပ္မွုလဲ....။ေျခဖဝါးေလးထိ႐ုံနဲ႔ေသဒဏ္သင့္ခဲ့
တဲ့အတိတ္ေတြကိုအလြန္တရာမုန္းခဲ့သူသည္
ဒီလိုသိပ္လြတ္လပ္တဲ့ေပြ႕ဖက္မွုေတြကိုဘယ္ေလာက္
လိုခ်င္ခဲ့မလဲ။

လက္ေသးေသးေလးေတြဟာ Kimရဲ့ခါးေတြဆီကို
ယွက္သမ္းလာခဲ့ၿပီး ဒီရင္ခြင္က်ယ္ႀကီးထဲလြတ္လပ္စြာ
ဝင္တိုးဖို႔သူကေရာ ဘယ္ေလာက္အထိမ်ားေစာင့္ခဲ့ရလဲ။
ပထမဆုံးေတြ႕ဆုံခဲ့ေသာလူႏွစ္ေယာက္ေတြ႕ေတြ႕ခ်င္းမွာ
တင္းက်ပ္စြာေပြ႕ဖက္ေနခဲ့ေသာျမင္ကြင္းဟာထူးဆန္း
ေနေပမယ့္ သူတို႔ သူစိမ္းေတြမွာမဟုတ္ဘဲ။

ေလ့လာစရာေတြၿပီး၍ Hotelျပန္ရန္Jimin အား
ေခၚေဆာင္ဖို႔ ဘုရားေပၚမွျပန္ဆင္းလာခ်ိန္တြင္
ေတြ႕လိုက္ရေသာျမင္ကြင္းေၾကာင့္Namjoon
သည္ ေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္သက္သြားသည္။

ေသဆုံးသြားေလၿပီျဖစ္ေသာ
ဤကဗ်ာငယ္ဟာ တစ္ခ်္ိန္တစ္ခါက်
ျပန္လည္အသက္ဝင္ပါေစ။
သက္ဝင္လွုပ္ရွားတဲ့ေန႔တစ္ေန႔ေရာက္တဲ့အခါ
မ်က္ျမင္ကိုယ္ေတြ႕ ပထမဆုံးျမင္ရေသာသူကလည္း
ကၽြန္ေတာ္မ်ိဳးပဲျဖစ္ပါေစ။
ဘာေၾကာင့္အဆိုရွိပါက...မတရားျခင္းေၾကာင့္။
ခ်စ္ျခင္းေမတၱာတို႔မည္သည္ တရားျခင္းပန္းပြင့္ေတြ
ကိုသာဖန္တီးရာ၏။

ပါးခ်ိဳင့္နက္ေတြေပၚသည္အထိအျပဳံးတစ္ခုျဖစ္ထြန္း
လာခဲ့ကာအၾကာႀကီးရပ္ၾကည့္မိသည္။
သူတို႔သည္လည္းအၾကာႀကီးေပြ႕ဖက္ေနခဲ့ၾကသည္။

အတိတ္စာမ်က္ႏွာ သမိုင္းစာအုပ္အထူႀကီးလုံးဝ
ပိတ္သိမ္းသြားခဲ့ၿပီး စာအုပ္ပိတ္သံက်ယ္က်ယ္တစ္ခ်က္
တြင္ KimTaeHyung နဲ႔ ParkJimin ဆီသို႔ စိတ္ဝိဥာဥ္
ေတြျပန္ေရာက္သြားတဲ့အခါ အဖက္ခံေနရသူေလးက
အရင္ဆုံးအသိဝင္ၿပီး ခႏၶာကိုယ္ေလးတုန္သြားကာ
ရင္ခြင္ထဲက႐ုန္းထြက္လိုက္သည္။

ေၾကာင္တိေၾကာင္ေတာင္ျဖင့္အလြန္ေခ်ာေမာလြန္း
ေသာမ်က္ႏွာကိုေမာ့ၾကည့္ကာခုအေျခအေနသည္
ဘာေတြလုပ္မိမွန္းမသိ။

"Sorry .....Sorry  ...."

Kimကထပ္ေတာင္းပန္ကာ ေယာင္တိေယာင္ေတာင္
ျဖစ္သြားဟန္။

"ဟို....Sorry ပါ...တကယ္ ကၽြန္ေတာ္...."

"ရတယ္....ျဖစ္တတ္ပါတယ္...."

ခုမွျမင္ဖူးတဲ့လူစိမ္းႏွစ္ေယာက္ၿပိဳင္တူငိုကာ
ခပ္တင္းတင္းေပြ႕ဖက္ခဲ့ျခင္းကို သူက ျဖစ္တတ္ပါတယ္တဲ့။ အရင္လိုပါပဲ စစ္သူႀကီးကိုအခက္မေတြ႕ေစတုန္း။

"႐ုတ္တရက္မို႔....အဲ့တာ....ခဏထိုင္ ...ထိုင္လို႔ရမလား.."

"ထိုင္ ပါ ....ရတယ္..."

ေၾကာင္တိေၾကာင္အမ္းမ်ားျဖင့္ခုံေလးတြင္ႏွစ္ေယာက္
အတူတူထိုင္မိလိုက္ျပန္သည္။Jimin သည္ေဘးတိုက္
မ်က္ႏွာေခ်ာေခ်ာအားတစ္ခ်က္မၽွၾကည့္ကာ
လက္ကေလးေတြအခ်င္းခ်င္းပြတ္တိုက္လၽွက္
မေနတတ္မထိုင္တတ္။Kimကေတာ့ ေဘးတိုက္
ႏွုတ္ခမ္းဖူးဖူးေလးကိုတစ္ခ်က္မၽွၾကည့္ကာတစ္သက္လုံး
ကြဲလာခဲ့ေသာႏွလုံးသားသည္ လုံးဝျပန္ဆက္သြားခဲ့သည္။

"ကိုယ့္လူမ်ိဳးအခ်င္းခ်င္းေတြ႕ရတာ...ဝမ္းသာ..."

Jimin ကလက္ကေလးအရင္လာကမ္းေတာ့
Kimက ခ်က္ခ်င္းဆိုသလိုဆုပ္ကိုင္လိုက္သည္။
လက္ဖဝါးႏွစ္ခုထိေတြ႕သြားမွုတြင္အခ်စ္စိတ္ေတြက
အလိုက္မသိနိုးထလာၿပီးေဆြးေဆြးေျမ့ေျမ့ေတြ
ျဖစ္ရျပန္ကာေငးၾကည့္မိေနျပန္သည္။
ၿပီးမွအျမန္အဆန္ေလးလႊတ္လိုက္ၿပီး မသိခဲ့တာက
ေတာ္ေတာ္ေလးကိုပူးပူးကပ္ကပ္ထိုင္ေနခဲ့ၾကတာပဲ။

"TaeHyung....KimTaeHyung ပါ
ပုဂံကိုဓာတ္ပုံ လာရိုက္တာ....ရွုခင္းေတြလွလို႔..."

"ParkJiminပါ....ခရီးထြက္ခ်င္စိတ္ျဖစ္လာလို႔
သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူလာခဲ့တာ..."

"ေအာ္...ဟုတ္ကဲ့...."

"ဘယ္ေန႔ ျပန္မွာလဲ....ကၽြန္ေတာ္ကေတာ့ ၂ရက္၂ရက္
ေလာက္ေနဦးမယ္..."

Kim သည္ ဒီေၿမ ဒီေလ ဒီအတိတ္အေငြ႕အသက္ေတြ
နဲ႔နယ္ေျမမွာ ႏွစ္ေပါင္းမ်ားစြာလိုက္ရွာေနခဲ့ရေသာ
သိပ္ခ်စ္စရာေလးနဲ႔အတူတူရွိေနေသးခ်င္တာေၾကာင့္
တိုးရွရွဆိုသည္။

"အတူတူပဲ ၂ရက္ ေနဦးမွာ....ၿပီးရင္ေတာ့ျပန္မွာ..."

Kim၏ႏွုတ္ခမ္းေတြညႊတ္ကိုင္းသြားကာ
ပါးေလးေတြရဲေနေသာ သူစိမ္းေကာင္ေလးအား
အသဲယားဟန္စူးစိုက္ၾကည့္လာေတာ့တစ္ဖက္က
တစ္ခ်က္ေလးၾကည့္ကာခ်က္ခ်င္းမ်က္ႏွာလႊဲသြားသည္။

"ဘယ္Hotelမွာတည္းတာလဲ...ျပန္ရင္ဘယ္Airနဲ႔
ျပန္မွာလဲ ကိုရီးယားျပန္ေရာက္ရင္ ဘယ္ၿမိဳ႕မွာ
လာေတြ႕လို႔ရမလဲ...ဆက္သြယ္လို႔ရမယ့္အရာေလး
တစ္ခုခု Twitter, Ph no တစ္ခုခု ဘယ္ဟာရနိုင္မလဲ"

Kimသည္ဟန္မေဆာင္နိုင္ခဲ့ဘူး။
အမိအရထိထိမိမိကိုေတြ႕ေတြ႕ခ်င္း
အပိုင္သိမ္းခ်င္ေနၿပီျဖစ္တာမို႔ေမြးရပ္ဆီျပန္ေရာက္
သည္အထိမလြတ္ေျမာက္နိုင္ေတာ့မယ့္ႀကိဳးေတြကို
ဆက္ခ်ည္ရန္ျပင္ဆင္သည္။

"ဖုန္းနံပါတ္က +++++++ Twitter က Jimin Park"

Kimသည္ဖုန္းထုတ္ကာျမန္ျမန္ဆန္ဆန္မွတ္လိုက္သည္။
ထို႔ေနာက္ဖုန္းကိုျပန္သိမ္းလိုက္ကာဘာဆက္ေျပာရမွန္း
ကိုမသိေတာ့။မ်က္ႏွာလွလွေလးကိုပဲခိုးခိုးၾကည့္ၿပီး
တစ္ခ်က္တစ္ခ်က္ျပဳံးသြားသည္။ဘာမွမေျပာဘဲ
မိနစ္နည္းနည္းေလးၿငိမ္သက္သြားခဲ့ၿပီးအသံေသးေသး
ေလးထြက္ေပၚလာသည္။

"ဟို...ဖုန္းက ကိုရီးယားျပန္ေရာက္ရင္ ဆက္..ေနာ္..."

တစ္မ်ိဳးေတာ့ျမင္နိုင္ေပမယ့္ ျပန္လာမယ္ေျပာၿပီး
ဘဝေပါင္းမ်ားစြာ သကၠရာဇ္ေပါင္းမ်ားစြာ
ျပန္မလာေတာ့တဲ့ႏွုတ္ဆက္ျခင္းေတြရွိေနခဲ့တာေၾကာင့္
သူစိုးစိုးရိမ္ရိမ္ေလးဆိုရွာသည္။

"ပုဂံမွာ လည္း ဆက္မယ္ေလ....ညက် ထြက္ခဲ့မလား
ေလၽွာက္လည္ၾကမယ္ေလ ကိုယ့္လူမ်ိဳးအခ်င္းခ်င္းဆို
ေတာ့ပိုသက္ေတာင့္သက္သာရွိတယ္..
ေတြ႕ၾကရေအာင္...အဆင္ေျပမလား ..."

ရင္ခုန္ျခင္းေတြသည္ ပုဂံျပည္ေနဝင္ခ်ိန္လို
အလြန္တရာလွလွပပေလး။ပုဂံျပည္ရဲ့လေရာင္ေအာက္
ျပန္ဆုံရမယ့္အခ်ိန္အခါဟာအိမ္မက္တစ္ခုလိုပါပဲ။
အရမ္းျမန္ဆန္ေနတယ္လိုထင္ရေပမယ့္တစ္ဖက္ကျပန္
ေတြးရင္ ေႏွးပင္ေႏွးေကြးလြန္းေနပါၿပီ။

"အင္း....."

ေခါင္းေလးၿငိမ့္ျပလာသည္။ ၿပိဳင္တူျပဳံးမိလၽွက္
စကားေတြေျပာစရာမက်န္ေတာ့ေတာင္ေနဝင္သြားသည္
အထိဘယ္သူမွထမသြားခဲ့ပါ။ေနဝင္ခ်ိန္ဟာအမွတ္တရ
ေတြမလား။ဟိုဟိုဒီဒီစကားေလးေတြဆိုရင္းေနေရာင္
ေပ်ာက္တဲ့အထိ အတူတူ ။Namjoon လည္းစိတ္ရွည္စြာ
ထိုင္ေစာင့္ေပးခဲ့၏။

မိုးလုံးဝခ်ဴပ္ၿပီမို႔တည္းခိုသည့္ေနရာကိုယ္စီကိုျပန္ရမည္
ျဖစ္တာေၾကာင့္အတူတူထသြားခဲ့ၾကသည္။
Kim က ဆက္ေနမယ့္၂ရက္ကိုHotelအတူတူျဖစ္ေအာင္
ခ်က္ခ်င္းခ်္ိန္းပစ္လိုက္ကာCameraတစ္လုံးျဖင့္
Jimin နားအနီးဆုံးမကအနီးဆုံးအထိလုံးဝတိုးကပ္သည္။

စေတြ႕ခဲ့တဲ့ညေနကစ ေနာက္ထပ္၂ရက္လုံးပုဂံတစ္ၿမိဳ႕
လုံးကို လုံးဝေပ်ာ္ရႊင္ျခင္းေတြသပ္သပ္ျဖင့္ေလၽွာက္
လည္ခဲ့ၾကေတာ့သည္။

အညိဳေရာင္Kimဟာ ဝတ္တတ္ေသာCoffeeေရာင္
Shirtရယ္ အျဖဴစြတ္စြတ္ေဘာင္းဘီရွည္ျဖင့္
Camera ကိုင္ကာ ပုဂံၿမိဳ႕ရဲ့ ေရွးေဟာင္းအေငြ႕အသက္
မ်ားျဖင့္အလြန္လိုက္ဖက္ခဲ့သည္။
Jiminကေတာ့ ေပါ့ပါးတဲ့TShirtျဖဴျဖဴေလးႏွင့္
ခပ္ပြပြဂ်င္းပန္ေလးရယ္ ေက်ာပိုးအိတ္ေလး
တစ္လုံးနဲ႔အတူ မေမာနိုင္ အတူတူအျပဳံးအရယ္ေတြ
အားဖလွယ္ခဲ့ၾကသည္။

ဘုရားပုထိုးတိုင္းမွာ Kimက ဓာတ္ပုံလွလွေလးေတြ
ရိုက္ေပးရင္း အသစ္ထပ္ေမြးဖြားရန္မလိုတဲ့ခ်စ္ျခင္း
ေမတၱာထုထည္မွာ သူတို႔ဟာ ရွားပါးစြာ ခ်စ္ၿပီးသားေတြ
မို႔ လြတ္လပ္ေသာရယ္ေမာသံေလးေတြဟာ
ပုဂံျပည္တခြင္ၿငိမ့္ၿငိမ့္ေျငာင္းေျငာင္းေလး။

တစ္ပတ္အထိဆက္ေနသြားၾကတယ္....။
တစ္ပတ္ၿပီးတဲ့အခါ တကၠသိုလ္ေက်ာင္းသားေတြမို႔
ေက်ာင္းကိစၥေတြရွိေနေသးတာေၾကာင့္ေတာင္ကိုရီးယား
ကိုေလယာဥ္တစ္စီးထဲအတူတူစီးကာျပန္သြားခဲ့
ၾကသည္။

အတိအက်လိုက္ၾကည့္ဖို႔မမွီခဲ့ေပမယ့္Kimသည္
ေသခ်ာေပါက္ လက္ေသးေသးေလးေတြကို
ေလယာဥ္ကြင္းမွာေသခ်ာစြာဆုပ္ကိုင္
လၽွက္ေလယာဥ္ေပၚတက္သြား
ခဲ့တာ။

ေတာင္ကိုရီးယားကိုျပန္ေရာက္တဲ့အခါ
ေသခ်ာေပါက္ ဘဝအဆုံးတစ္ေန႔အထိ လက္ထပ္ျခင္း
အထိေသာ ေပါင္းစပ္မွုေတြနဲ႔ အတူတကြရွိသြားခဲ့
ၾကေတာ့သည္။

အမရာေဒဝီ။🤎

............။

Bạn đang đọc truyện trên: AzTruyen.Top