🤎1995🤎(2)

သာယာသောစောင်သံလေးကိုစစ်ထွက်ထဲကမကြားခဲ့ရတာကြာလှပေါ့။ခုတော့နေရာမှန်လူမှန်ပြန်ရောက်ခဲ့သလို
ကိုယ်ရံတော်စောင့်ကြပ်ရာ အိမ်ရှေ့မင်းသားနန်းဆောင်
ရှေ့ထိုင်စောင့်ရသောနေရာတွင်စစ်သူကြီးတစ်ဖြစ်လဲ
ကိုယ်ရံတော်ကြီးကအမှုထမ်းနေသည်။

မင်းသားလေးနန်းဆောင်ထဲမှာရှိနေတိုင်းဒီနေရာမှာ
နေပူပူမိုးရွာရွာဆောင်းလေတွေတိုက်တိုက်နှစ်ပေါင်းများ
စွာကျောက်ရုပ်တစ်ရုပ်လိုပဲကိုယ်ရံတော်ကြီးက
ငြိမ်ငြိမ်သက်သက်။ တိရိစ္ဆာန်တစ်ကောင်တောင်ဖြတ်သန်းခွင့်မပေးဘူး။နန်းဆောင်ပေါ်အသံကျယ်ကျယ် ငှက်မျိုးစေ့တွေပျံသန်းသွားတာမျိုးကိုတောင်
သိပ်သဘောမတွေ့လှသော ကာကွယ်သူ။
ခုပြန်အမှုထမ်းနေရတဲ့အခါလည်းဘာမှမပြောင်းလဲ
တင်းမာအေးစက်နေသောမျက်နှာနှင့်လှံတစ်ခုကိုင်ကာ
စောင့်နေသည်။

"လွန်ခဲ့သောရက်ပိုင်းတွေက
စပ်ထားတဲ့ကဗျာဖတ်ပြမယ် နားထောင်ကြည့်ချင်
လား.."

ယုံကြည်ရသောနန်းတွင်းသူလေးကိုမင်းသားလေး
ကလိုအပ်တာထက်ပိုကျယ်တဲ့အသံနှုန်းလေး
ဖြင့်မေးသည်။နန်းဆောင်တံခါးဝကကိုယ်ရံတော်ကြီး
ကြားဖို့ လုံလောက်သောအသံလေးပေါ့။
နန်းတွင်းသူလေးသည် ကိုယ်ရံတော်ကြီးနှင့်မင်းသားလေး
အားတစ်ချက်မျှအပြန်အလှန်ကြည့်လိုက်ကာ

"နားထောင်ချင်ပါတယ် မင်းသား...
ကျယ်ကျယ်လေးဖတ်ပြပေးပါ..."

မင်းသားလေးသည် အထာနပ်သောနန်းတွင်းသူ
လေးအားတော်တယ်ဆိုသောအကြည့်ဖြင့်
အသိအမှတ်ပြုကာ ပေလွှာကိုအသေအချာကိုင်သည်။
လည်ချောင်းကိုတစ်ချက်ရှင်းလိုက်ကာ

...ပေလွှာကိုင် ကလောင်ကိုင် ငိုင်ရင်း...
ငယ်ချစ်ကို ဘယ်ကစလွမ်းဆွတ်ရမလဲမသိ...
တိုင်းတစ်ခွင် ဥဩတွေသာတော့
နှလုံးအိမ်မယ် အလွမ်းပိုမိတယ်။

အသေပိတ်မှအသက်ရှင်မယ့်
အမှန်တရားတွေအတွက်
ဘယ်ပုထိုးမှာ သစ္စာတွေဆိုရလိမ့်မလဲ။
ပုဂံပြည်မှာ နေဝင်တိုင်း...
အန္တရာယ်ကွင်းပါစေလို့ပဲ..ဆုတောင်းခဲ့တယ်။

ဖွင့်ဟပြလို့မရသော တံခါးချပ်တွေကို
ပေလွှာမှာပဲ ရေးခြစ်ခဲ့ရတယ်
တစ်ခါဖတ်ပြီး တစ်ခါထဲဖျောက်ဖျက်တာဟာ
ဘယ်လောက်နှလုံးအိမ်ကြေကွဲစရာလဲ။
ဤအချင်းအရာတွေသမိုင်းမှာပျောက်နေလိမ့်မယ်။
သို့သော်ငြား အလွမ်းရိပ်တွေတော့ကျန်ခဲ့နိုင်တယ်။

ပုဂံပြည်ရဲ့နေထွက်ချိန်တိုင်းနန်းဆောင်အဝကို
ဦးဆုံးကြည့်မိတယ်။
ရိုးသားစွာပဲ မြင်ချင်နေပါတယ်။
တစ်နေ့နေ့တော့ သူပြန်လာလိမ့်မှာသေချာပါတယ်။
......

သူစစ်ထွက်တုန်းက ရေးထားသောကဗျာတိုကဗျာစ
တွေနေလိမ့်မည်။မကြားကြားအောင်အော်ဖတ်ပြ
တတ်တာလည်းပထမဆုံးမဟုတ်။
စောင်တီးပြပြီးရင် စာပေဘက်က်ိုရောက်လာပြီ။

အပူအပင်မဲ့အရင်အတိုင်းပဲသူကတာဝန်ကျေနေပေမယ့်
လက်ဆက်ပြီးတဲ့အခါ အပြီးတိုင်လက်လွှတ်လိုက်ရ
ပြီး သီးသန့်စောင်းသံလေးတွေ သီးသန့်ပန်ချီးကားတွေ
သီးသန့်ကဗျာစာဆိုသံလေးတွေကို ဘယ်တော့မှ
မကြားနိုင်တော့ဘူးဆိုတာကိုတွေးမိတဲ့နောက်
နှလုံးသားတွေတလွှာချင်းအက်ကွဲကျလာသလိုပဲ။

"ဘယ်လိုလဲ....ဝေဖန်မှုပေးပါဦး...."

"ချစ်စဖွယ်ကောင်းလွန်းပါတယ်..."

နန်းတွင်းသူက မင်းသား၏အမေးအား အားရပါးရ
ဖြေဖို့ပြင်လိုက်ချ်ိန်တွင်ဖြတ်ဝင်လာသော
ဩရှရှအသံသည်နန်းဆောင်တံခါးဝက။
ခန့်ညားတည်ကြည်သောမျက်နှာနှင့်ပြုံးယဲ့ယဲ့
ငေးကြည့်ရင်းအဖြေပေးသည်။
မင်းသားလေးက သဘောကျစွာပြုံးသွားခဲ့သည်။

အတိုင်းအတာသည်ဒီလောက်ပါပဲ။ဒါက
နန်းတွင်းသူလေးနဲ့ နန်းဆောင်နံရံတွေသာသေချာ
သိနားလည်ခဲ့သောမေတ္တာစာမျက်နှာချပ်တွေ။
ရေးသောသူတောင် လျှို့ဝှက်ရေးခဲ့တဲ့ပုံ။
အဲ့ဒီခေါတ် အဲ့ဒီအခါ အဲ့ဒီဖြစ်တည်မှုနှစ်ခုသည်
လှံဖျားတွေလိုအန္တရာယ်တွေ။

"မင်းသမီး အလည်အပတ်လာပါတယ်...."

သူမလည်းသိပ်လှပကျော့ရှင်းခဲ့သူပဲ။ကောင်းခြင်း
ပေါင်းများစွာနဲ့အသားအရည်ကအစရွှေရောင်ဝင်းခဲ့
တဲ့သူ။ ပုဂံပြည်မိဖုရားဖြစ်လာမယ်သူမို့မာန်နှင့်အလှ
သည် ဝင့်ဝင့်ကြွားကြွား။

"ဘာအရေးကိစ္စများရှိလို့လဲ မင်းသမီး...."

"အရေးကိစ္စတွေ မရှိနေလို့လာရောက်ခဲ့ရတာပါမင်းသား"

ဖူးကြွကြွနှုတ်ခမ်းလေးတွေဟာပြုံးယဲ့ယဲ့။
ရိုကျိုးစွာထိုင်လျှက်မင်းသားကိုအရိုအသေပြုပုံက
လေးလေးစားစားရယ်။

"နှမတော်ဒီပုဂံနန်းတော်ထဲကိုကိုယ့်ပြည်ကိုယ်ရပ်
ကစွန့်ခွါထွက်လာခဲ့ရတာဟာ အိမ်ရှေ့မင်းသားနဲ့
လက်ဆက်ဖ်ို့အရေးကိစ္စကြောင့်ပါ..သို့ပေမယ့်
လက်ဆက်ခြင်းအရေးကိစ္စအပေါ် မင်းသားမေ့ပျောက်
များနေတာလားလ်ို့ သတိတော် လာပေးရတာပါ
တစ်ကြိမ်တစ်ခါသာ လာတွေ့ဆုံပြီး တစ်ကိုယ်ထဲ
လက်ဆက်ခြင်းကိုစီစဉ်နေရတာဟာ မင်းသမီးတစ်
ယောက်အနေနဲ့ မသင့်လျှော်တော့ဘူးလို့ထင်မြင်မိလာလို့"

"မအားလပ်လို့ပါ...တစ်ကိုယ်ထဲစီစဉ်နေခဲ့လို့
ပန်းတယ်ဆို ရပ်တန့်ပြီး နားလိုက်လို့ရပါတယ်
ခမည်းတော်နဲ့ မူးမတ်တွေအောင်မြင်အောင်
ဆက်လက်စီစဉ်ပါလိမ့်မယ် ....."

"အားမသန်လို့စစ်ရှုံးခဲ့ရပြီး ပုဂံပြည်အင်ပါယာထဲ
သွပ်သွင်းခံခဲ့ရတဲ့တိုင်းပြည်က မင်းသမီးပေမယ့်
နှမတော်ဟာ မင်းမျိုးမင်းနွယ်စစ်စစ် မင်းသမီးတစ်ပါးပါ
အဓိပ္ပာယ်မဲ့သလို လူအများလှောင်ရယ်စရာလို
ဖြစ်တည်နေရတာကို မာန်မာနကလက်မခံနိုင်ပါဘူး
စိတ်ဆန္ဒကို လာရောက်ရင်ဖွင့်တာပါ..."

"မိဖုရား ဖြစ်လာဖို့က ပန်းတိုင်မလား...
ဖြစ်လာဖို့က အသေအချာပဲကို မင်းသမီး
အရေးကိစ္စတွေအများကြီး ခေါင်းထဲထည့်နေဖို့ရန်
မလိုဘူးထင်တယ်..."

သူသိပ်အေးစက်ခဲ့တယ်။ တော်ဝင်မင်းသမီးတစ်ပါး
အနေနဲ့ ကိုယ့်နေရာကိုယ်နေ အချိန်တန်လက်ထပ်ပြီး
တော့လည်းပြီးတာပဲ။သူဘာမှစိတ်ဝင်တစားမရှိနေဘူး
ဆိုတဲ့ အကြည့် အပြော အပြုအမူ အေးစက်မှုတွေဟာ
အိမ်ရှေ့မင်းသားထံအပြည့်အဝ။

အမျိုးသမီးတိုင်းမှာ မင်းသမီးဖြစ်ဖြစ် ဘယ်လိုဖြစ်တည်မှု
ပဲဖြစ်ဖြစ် အတူတူပေါင်းဖက်ရမယ့်အိမ်ထောင်ဘက်
ဆီက လေးနက်မှု မြတ်နိုးမှု ကြင်နာမှု တွေကိုလိုအပ်တဲ့
သူတွေကြီး။သိပ်မာန်မာနကြီးတဲ့တော်ဝင်မင်းသမီး
တစ်ယောက်အနေနဲ့ကတော့ပိုပြတ်ရှနေလိမ့်မည်။

"လက်ဆက်ပွဲနေ့ရက်ကိုရောက်ရှိလာတဲ့အခါ
လက်ဆက်ပွဲနေရာဆီကိုလာခဲ့ပါ့မယ်...
အိမ်ရှေ့မင်းသားတစ်ပါးအနေနဲ့ ကျေရမယ့်တာဝန်
ဝတ္တရားတွေကိုသိရှိပြီးသားပါ...ထိုထက်ပိုပြီးတော့
တော့ မစွမ်းသာဘူး..."

စကားသည်ကုန်သွားပြီမို့ မင်းသမီးသည်မချိစွာ
မင်းသားမျက်နှာတော်အားရဲတင်းစွာခစားလာသည်။
မှုံနံ့သာများဖြင့်ခြယ်လှယ်ထားသောနုညက်နေသော
မျက်နှာပေါ်ကမာန်မာနများသည်အစွယ်ထက်ထက်။

သူမ မိဖုရားတစ်ပါးဆိုတာထက် သူမအပေါ်အလေးထား
မှုနည်းနည်းလောက်လိုအပ်ခဲ့တဲ့ပုံပါပဲ။
ဒါပေမယ့် မင်းသား ဘက်က သိပ်ရှင်းပြတ်နေတဲ့အခါ
ထောက်ပြတုံ့ပြန်ဖို့မစွမ်းသာ ဘာကြောင့်လဲဆို
မောကြည့်လိုက်သည်နှင့် ကြိုဆိုနေသောမျက်နှာ
တော်လေးဟာ နတ်ဘုရားတမျှ။မာနစွယ်က်ိုချိူးလို့
အပြစ်တွေတင်ချင်ပေမယ့် ပစ်ပယ်လိုက်ဖို့ကရော
ဘယ်လိုများဖြစ်နိုင်ပါတယ်။

"စကားရှင်းရှင်းကြားလိုက်ရတဲ့အတွက်စိတ်လည်း
ရှင်းသွားပါတယ် နန်းဆောင်ပြန်လိုက်ပါဦးမယ်
မင်းသား"

"ကောင်းပါပြီ..."

မင်းသမီးသည်ရိုကျိုးစွာပင်ထပ်မံအရိုအသေပြုလျှက်
နန်းဆောင်မှပြန်ထွက်ခွါသွားခဲ့သည်။
မျက်အိမ်ရဲရဲတွေနဲ့ စိတ်အဆင်မပြေမှုတချို့အား
ခေါက်သိမ်း၍ အခြွေအရံပေါင်းများစွာဖြင့်
အံကြိတ်ထွက်သွားခဲ့သော မင်းသမီးတစ်ပါး၏
အရှုံးတချို့သည်လည်း မလှမပခဲ့။

"စကားကိုဆင်ခြင်ပြောမှပေါ့ မင်းသမီးကို
မင်းသားဆက်ဆံပြောတဲ့ဟန်က ချစ်ကြည်ရေးယူပြီး
သားနှစ်နိုင်ငံ စစ်ပြန်ဖြစ်နိုင်တယ်ဆိုတာသိရဲ့လား
စစ်ရှုံးနိုင်ငံတွေက အချိန်မရွေးအင်အားစုပြန်ပုန်ကန်
နိုင်တယ်ဆိုတာ နားမလည်နေတာလား..."

မင်းသမီးပြန်သွားသည်နှင့်နန်းဆောင်တံခါးပိတ်ပစ်ကာ
မင်းသားဆီ ချက်ချင်းရောက်လာသောကိုယ်ရံတော်
သည် တင်းတင်းမာမာ။

"ဒီလောက်ပဲတတ်နိုင်တယ်....အဲ့ဒီဘက်ကဏ္ဍကို
အသက်ရှုတွေကျပ်လို့မတွေးနိုင်ဘူးကိုယ်ရံတော်
ငါဒီလိုမျိုးဆက်ဆံခဲ့တာ အရမ်းများမှားသွားလို့လား"

"မင်းသမီး ဘက်က သဘောညိုလို့ လက်ဆက်ပွဲ
တစ်ခုခုထစ်ငေါ့လ်ို့ နှစ်ဖက်တိုင်းပြည်တင်းမာတဲ့
အရေးဖြစ်လာရင် အရာအားလုံးရဲ့မြှားဦးက
မင်းသားဆီကိုပဲ"

"ဟန်မဆောင်တတ်ဘူး...လက်ဆက်ပွဲအတိုင်းအတာ
အထိငါလက်ခံခဲ့တာနဲ့တင်ငါ့အတွက်အလွန်ပင်ပန်း
နေတယ် ကိုယ်ရံတော်...အ်ိမ်ရှေ့မင်းသားဖြစ်လာလို့
လွှဲဖယ်လို့မရလို့သာ ဒီအချင်းအရာအပေါ်ပါဝင်နေတာ
ငါ ....ဒါကို မဖြစ်ချင်နေမှန်း..."

"မင်းသား!!!"

ကြောက်လန့်ရတယ်။မင်းသားလေးဘာကိုမှမကြောက်
တတ်ပေမယ့် ကိုယ်ရံတော်ကြီးဒေါသတကြီးအော်ဟစ်
ရင်ဟန်မဆောင်နိုင်အောင်ကြောက်ခဲ့တယ်။

"ထုတ်မပြောသင့်တဲ့စကားလုံးတွေကို
စဉ်းစားဥာဏ်မဲ့သုံးတာ မင်းသားတစ်ယောက်ရဲ့
အင်္ဂါရပ်နဲ့မညီမျှဘူး...မဖြစ်ချင်လို့ရော
မဖြစ်လာရမယ့် ကိစ္စတွေလား အချိန်တန်ရင်
ပုံသေနည်းဇာတ်သိမ်းတွေဖြစ်လာမယ့်ဟာကို
စစ်မီးကိုလောင်စာမတိုက်ဖို့ပြောနေတာပါ..."

"စစ်က အဲ့လောက်အရေးကြီးနေလား
ငါကတော့ ငါ့စိတ်သက်သာဖို့ကအရေးကြီးတယ်
ငါ ပြုမူချင်သလို ဆက်ဆံချင်သလိုဆက်ဆံမှာပဲ
စိတ်ရင်းမပါဘဲ တစ်ပါးသူအပေါ်လည်းပျားသကာလို
မလှည့်စားနေချင်ဘူး အဲ့တာကပိုဆိုးဝါးတယ်လို့သတ်မှတ်တယ် ကိုယ်ရံတော် ကြားနေပြီး သိပ်အားနာသမှု
ဖြစ်နေရင် ပြေးလိုက်တောင်းပန်လိုက်လေ..."

"မေတ္တာရေး လက်ဆက်ရေးက အဲ့ဒီလိုအေးစက်မှု
တုံးတိပြတ်သားမှုတွေနဲ့ တည်ဆောက်လို့မရဘူး
အရှုပ်အထွေးတွေဖြစ်လာမှာသေချာတယ်"

"ငါ..မေတ္တာရေးမှာ ငါမေတ္တာရှိရင်မအေးစက်ပါဘူး...
ဒါကို တစ်စုံတယောက်ကတော့သေချာသိမှာပါ"

"မင်းသမီးကို နောက်တစ်ခါ ထပ်ဆုံတွေ့ရင်
ပိုသက်သာမယ့်စကားလုံးမျိုးရွေးပြီးသုံးနှုန်းပါ"

"အိမ်ရှေ့မင်းသားကို အမှုထမ်းက အမိန့်လာပေး
နေတာလား အတင့်ရဲလှချည်လား....
သတ္တိသွေးတွေသိပ်ရဲနေတာလား စစ်သူကြီး
နန်းဆောင်ထဲက ထွက်သွားလို့ရပြီ
စစ်သူကြီး မျက်နှာ ၇ရက်ပတ်လုံးပေါ်မလာနဲ့"

"အမိန့်တော်အတိုင်းပါပဲ...."

"မင်းက အလွန်အေးစက်လွန်းတာပဲကိုယ်ရံတော်
ဘာခံစားချက်မှမရှိတဲ့ကျောက်တုံးနှလုံးသားနဲ့
အသက်ရှင်နေတာပဲ ငါ့ရဲ့လက်ဆက်ခြင်းအတွက်
ဝမ်းနည်းခြင်း တစိုးတစိများတောင်မဖြစ်ခဲ့ဘူးလား"

စာအုပ်ကထူလွန်းတယ်။အသေးစိတ်သောခံစား
ချက်တွေသာချပြခဲ့ရင်အနုစိတ်ဆန်စွာပိုမွန်းကျပ်
ရမှာပေါ့။မင်းသားလေးက ကိုယ်ရံတော်၏
လက်ညိုးလေးတစ်ချောင်းကိုပဲမရဲတရဲထိကာ
မေးမြန်းလာတော့ ကိုယ်ရံတော်၏မျက်ဝန်းရိပ်
တွေသည် အလွန်အမင်းရီဝေလာကာ ပြိုလဲလာသည်။

"ဝမ်းနည်းလို့မှမရတဲ့ ဘဝလေ မင်းသိရဲ့သားနဲ့..."

မင်းသားလေးသည် လက်ည်ိုးလေးကိုလွှတ်လိုက်သည်။
သူကိုယ်တိုင်လည်းလက်ခံနေရသောအမှန်တရားတွေမို့
ကျောက်တုံးနှလုံးသားကိုသူကိုယ်တိုင်လည်းဖြစ်အောင်
ကြိုးစားနေရတာမို့ မစွမ်းသာလွန်းအားကြီးသော
ကံကြမ္မာကြီးကို မုန်းတီးလွန်းလာသည်။

လွတ်လပ်မှုသာရခဲ့ရင်....တစ်ချိန်ချိန်များလွတ်လွတ်
လပ်လပ်သာရယ်မောခွင့်အတူတူသာရခဲ့ရင်
တစ်နေကုန်ကို ရယ်မောမိဦးမှာသေချာပါသည်။

ဝမ်းနည်းမှုကဒီအခြေအတင်ကြောင့်ရယ်တော့
မဟုတ် ဘယ်လိုနေနေ ဘာမှမတတ်နိုင်ပါလား
ဆိုတဲ့ကျောက်စာချပ်လိုကံတရားကိုဖြေမဆည်နိုင်၍
မျက်ရည်ပေါက်တွေမရပ်မနားကျဆင်းလာသည်။

"မင်းသားလေး....မဟုတ်သေးပါဘူး...
ဘာကြောင့် ငိုကြွေးရသလဲ...မငိုပါနဲ့လေ..."

မျက်ရည်စတွေအား မထိရဲမကိုင်ရဲ စည်းဘောင်တွေ
ကိုခေတ္တထား စစ်သူကြီးသည် ပြာယာစွာ
လက်ချောင်းသွယ်သွယ်များဖြင့်ချက်ချင်းသုတ်ပေး
လာသည်။

"အိမ်ရှေ့မင်းသားဆိုတာ လွယ်လွယ်လေးမငိုရဘူး
တိုင်းပြည်ကို ဦးဆောင်ရမှာ ဒီအရေးကိစ္စလောက်
ကို မငိုရဘူး....ကြည့် ဒီကိုကြည့်....မဖြစ်ရဘူး
မပျော့ညံ့ရဘူး ....."

လှံကိုင်ဓားကိုင်သောလက်တွေမဟုတ် စောင်တီး
ပန်းချီဆွဲသောလက်တွေမို့ နှလုံးသားသည်ဘယ်လောက်
များနူးညံ့ခဲ့လိမ့်မလဲ။ဒါပေမယ့် ကိုယ်ရံတော်ကြီးသည်
လုံးဝခွင့်မပြုခဲ့။သူ့ရဲ့ပြိုင်ဆိုင်ရှားစူးရှလွန်းသော
မျက်ဝန်းများဖြင့်မင်းသားလေးအားမရမကတေ့ဆိုင်
ကာ အရုပ်ကလေးလို ဆွဲခါပစ်နေသည်။

"တိတ်...! ဘာတွေဖြစ်နေသလဲ
စိတ်နှလုံးသားထဲဘာတွေခံစားနေရသလဲ
အနုစိတ် အားလုံးသိတယ် နားလည်တယ်
သို့ပေမယ့် မင်း မငိုနဲ့....မင်းမငိုလိုက်ပါနဲ့..."

အငိုရပ်သွားသည်။ထိကိုင်ထားသောလက်တွေအား
လျှော့ပေးလိုက်ကာ နေသင့်သောနေရာတွင်
ကိုယ်ရံတော်ကြီးကပြန်အခစားဝင်သည်။
ခေတ္တတော့တိတ်ဆိတ်သွားကြကာမနေနိုင်သူလေးကပဲ

"ရော့ ယူ လိုက်...နောက်စကားကိုအော်မပြောပါနဲ့
ငါကမင်းသားလေ တစ်ယောက်ယောက်ကြားရင်
မင်းသေလိမ့်မယ်...ငါကတော့အပြစ်မယူပါဘူး"

ကဗျာတိုလေးရေးထားသော ပေလွှာချပ်လေး
ကိုကိုယ်ရံတော်ကြီးအားပစ်ပေးလိုက်သည်။
ချက်ချင်းဆိုတယုတယသိမ်းဆည်းလိုက်သူသည်
ခဏအတွင်းကဆူပူခဲ့သော ဒေါသကြီးသူကြီး
မဟုတ်တော့တဲ့အတိုင်း။

မြတ်နိုးခြင်း ကြင်နာခြင်း ယုယခြင်း စူးနစ်စွာ
ချစ်ခြင်းဆိုတဲ့ မျက်ဝန်းလှလှလေးတွေနဲ့ပေလွှာ
လေးကိုအချ်ိန်တော်တော်ကြာစိုက်ကြည့်နေသည်။
ကဗျာကိုပင်အလွတ်ရသွားသည်အထိပဲ။

ပေလွှာငယ်ကို တယုတယကြည့်နေသောပုံရိပ်
လေးကို တစ်ဖက်ကလောင်ပိုင်ရှင်လေးက
လည်းစိုက်ကြည့်ကာနေသည်။

"ငါကတော့အပြစ်မယူပါဘူးတဲ့" မင်းမျိုးမင်းနွယ်ရဲ့
မာန်စွယ်ကို တလောကလုံးအပေါ်အေးစက်စွာ
ဖြန့်ကျက်ခဲ့ပေမယ့် သူ့ဘဝမယ်လည်းချွင်းချက်လေး
ရှိနေခဲ့တာပဲ။အကြင်နာကဋေကဋာရယ်ခပ်ဝေးဝေးက
လှမ်းကြည့်လို့မြင်နေရရင်ရပါတယ်တဲ့။
ဖြစ်တည်မှုရှိနေရင် လုံလောက်ပါတယ်ဆိုတဲ့
မေတ္တာဟာ နားလည်မလွယ်ပေမယ့် သိပ်ကြီးမြတ်ခဲ့တာ။
သက်သေတည်စရာ ကနန်းဆောင်နံရံတွေ.....။

............

"ခမည်းတော် ရွေးချယ်ပေးတဲ့လမ်းကခက်ခဲလိုက်တာ
သူစိမ်းတွေကြား တစ်ပါးသူမြေပေါ် လွှတ်လိုက်ပြီး
ခုမွန်းကျပ်နေတာကျ ဖွင့်ဟစရာ အထိန်းတော်ကြီးပဲ
ရှိနေတယ်....ပြန်ချင်တယ် ...မပျော်ဘူး..."

လက်အောက်ခံတိုင်းပြည်ကမို့စိတ်အားငယ်တာက
တစ်မျိုး လက်ဆက်ရမယ့်မင်းသားရဲ့ပြုမူပြောဆိုပုံနဲ့
တစ်ဘဝလုံးအတူတကွနေရမယ့်အရေးကိုကြိုတွေးမိကာ
မင်းသမီးသည် ဘယ်သူ့မှမကြားနိုင်လောက်မယ့်
နန်းဆောင်ထဲတိုးတိတ်စွာယုံကြည်ရသူအားရင်ဖွင့်နေ
သည်။

"သာမာန် မိန်းကလေးသာဆိုရင်လေ နောက်ဆုတ်လိုက်
ပါတယ်...သူ့ကို မေတ္တာရှိပါတယ်...သို့ပေမယ့်
တန်ဖိုးမထားခံရမယ့်ဘဝ အလေးအနက်မရှိမယ့်ဘဝ
အရုပ်တစ်ရုပ်လိုဘဝမျိုးကိုတော့မနှစ်သက်ဘူး
မာနတွေက လက်မခံနိုင်ဘူး...နန်းတော်ကိုပြန်ချင်တယ်
အားငယ်မိနေတယ်"

"အိမ်ရှေ့မင်းသားက ဘာတွေများစိတ်လက်မကြည်
စရာပြောဆိုလိုက်လို့လဲ...တစ်ခုခုဆိုယုံကြည်စွာ
ပြောဆိုလ်ို့ရပါတယ်နော်...."

တစ်ခုခုဆိုယုံကြည်လို့ရပါတယ်နော် ဆိုတဲ့
စကားတွေဟာ ဘဝတွေမှာတစ်ခါတလေ
အင်အားတွေဖြစ်တတ်ပေမယ့် တစ်ခါတလေကျရင်
မယုံကြည်နိုင်စရာဖြစ်ရပ်တွေလည်းဖြစ်သွားနိုင်တယ်။

အခြေအနေဟာသိပ်နေမထိထိုင်မသာမို့ ဘာဆက်လုပ်
ရမှန်းလည်းမသိနေတဲ့အချိန်မင်းသမီးကအထိန်းတော်
အမျိုးသမီးကြီးကို ရင်ဖွင့်ခဲ့တယ်။

မာန်မာနနဲ့အလှဂုဏ်မြင့်ပြီး မင်းသားလေးနဲ့မင်းသမီး
လေးရဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့မေတ္တာဇာတ်လမ်းကို
ထိုအချိန်ကစိတ်ဝင်စားသူများကပုဂံနန်းတော်တစ်ခုလုံး။
မင်းသားက မကြင်နာဘူး မေတ္တာမထားနေဘူး။
အေးစက်တာထက်လွန်နေတယ်ဆိုတဲ့စကားပေါင်းများ
စွာသည် မင်းသမီးနဲ့မင်းသားပဲသိရာက အထိန်းတော်ကြီး
ဆီကူးပြောင်းသွားခဲ့သည်။

ဤအရာသည် မထင်ထားခဲ့ကြပါသောကိစ္စဖြစ်နေတာ
ရယ်မင်းသမီးလိုဖြစ်တည်မှုအတွက်ဘယ်သူ့မှမမျှော်လင့်ထားသောအထူးအဆန်းကိစ္စရပ်ကြီးဖြစ်အထိန်းတော်အမျိုးသမီးကြီးကမနေနိုင်ခဲ့။ကွယ်သွားသည်နှင့်
နီးရာကို အတင်းအဖျင်းဟန်ချက်ချင်းပြန်ပြောသည်။
စကားသည်တဖြည်းဖြည်းကားလာပြီးတဲ့နောက်
မိဖုရားကြီးဆီ မိဖုရားဆီမှတဆင့် မင်း ထံရောက်သွား
ခဲ့သည်။

မင်းသမီးစိတ်တော်အလွန်မအေးချမ်းနေတယ်ဆိုတဲ့
စကား ဒါဟာကောင်းသောလက္ခဏာမဟုတ်
သူမတိုင်းပြည်ဆီပြန်ပေါက်ကြား၍တင်းမာမှုတွေ
ဖြစ်လာလျှင် လက်ဆက်ပွဲဟာနှောင့်နှေးသွားလိမ့်မည်။
ဤလက်ဆက်ပွဲမြန်မြန်အောင်မြင်မှ သားတော်ဟာ
မင်းတစ်ပါးဖြစ်လိမ့်မယ်ဆိုတဲ့ဟောကိန်းတွေကို
အလွန်အကျွံယုံကြည်ခဲ့သူသည် အနည်းငယ်မျှအတိမ်း
အစောင်းမခံနိုင်ခဲ့ပါ။ သားတော်လေးရဲ့ဘဝကံကြမ္မာ
တစ်ခုလုံးကိုဖျက်ဆီးမယ့်သူဆိုတာလည်းဟောကိန်း
တွေမှာရှိနေသေးတာကြောင့် ဗေဒင်နက္ခတ်တွေနဲ့
ဤမင်းသမီးဟာအလွန်သင့်လျှော်နေခဲ့တာရယ်နှင့်
ပုံသေနည်းတစ်ခုမှာမင်းသားဟာ မင်းသမီးအပေါ်
မေတ္တာရှိကိုရှိရမည်ဆိုတဲ့စည်းမျဉ်း။

မင်းမျိုးမင်းနွယ်တွေမို့ အနာဂါတ် မင်းတစ်ပါးနဲ့
မိဖုရား မကြင်နာပါဘူး မချစ်ခင်ပါဘူး မတည့်ပြုကြပါဘူးဆိုတဲ့သတင်းသည် အဲ့ဒီအချိန်အခါကအလွန်ဆိုးဝါး
လွန်းသောဖြစ်ပုံဖြစ်ရပ်။ မချစ်ခင်လည်းချစ်ကိုချစ်ရမည်။မဟုတ်ဘူး မချစ်ဘူးဆိုတာမရှိကိုမရှိရဘူးဆိုတဲ့
စည်းကမ်းတွေ။ ပိုဆိုးသည်ကမင်းသမီးနဲ့လက်ဆက်တာထက်သားတော် ကံကြမ္မာတစ်ခုခုလွဲချော်မှာကိုပဲစိုးရိမ်
လွန်သူဟာ ချက်ချင်း အိမ်ရှေ့မင်းသားဆီ ကြွချီခဲ့သည်။

တစ်နေ့ပေါ့...။

" လှံပစ်တာက မခက်ဘူး မင်းသားစိတ်ဝင်စားမှုတွေ
မရှိနေတာကခက်နေတာ..."

စစ်တိုက်ခြင်းနဲ့ပတ်သတ်သောအယူအဆများကို
သင်ယူနေပါတယ်ဟုခေါင်းစဉ်တပ်ကာကိုယ်ရံတော်
ကြီးနဲ့မင်းသားလေးသည်လှံတစ်ချောင်းကိုအတူတူ
ကိုင်ထားလျှက်အလွန်နီးကပ်စွာရှိနေသည်။

"ပစ်ချင်သလိုပစ်ရင် ထိချင်တဲ့နေရာကိုထိလိမ့်မှာ"

မင်းသားလေး၏နောက်ဘက်မှကာကွယ်ရပ်နေကာ
ဩရှရှဖြင့်ထိုအသံသည် ဆူပူနေရင်ပို၍ကြားလို့
ကောင်းပါ၏။

"ကိုယ်ရံတော်က လှံပစ်ကျွမ်းတယ်ဆိုပြီး
တစ်ဖက်သားအပေါ်အထင်တသေးရှိနေတာပဲ..."

"တတ်စေချင်တယ်...အနုပညာမှာပြောင်မြောက်သလို
စစ်ရေးစစ်ရာမှာလည်း မင်းကိုထူးချွန်စေချင်တယ်"

လူတွေကပါရမီတွေနဲ့မွေးဖွားလာခဲ့ကြတာမလား။
အိမ်ရှေ့မင်းသားလေးကစစ်ရေးကိုမလေ့လာခဲ့တာမျိုး
တော့မဟုတ်မင်းသားတစ်ပါးအနေနဲ့တတ်ရမယ့်အရာ
တွေတတ်ပေမယ့် လုံလောက်မှုမရှိခဲ့။ဝါသနာထုံရာကိုပဲ
အားသန်ခဲ့တာမို့ စစ်ရေးဘာသာတွင်အနည်းငယ်ညံ့ခဲ့
သည်။

"ဓားတွေ လှံတွေ ကိုင်ရတာ မနှစ်သက်လို့ပါ
မဖြစ်သင့်ဘူး ပျော့ညံ့တယ်လို့ စွပ်စွဲလို့ရပေမယ့်
ကိုယ်ရံတော်လောက်ကြီးတော့ ဒီဘဝ မတတ်မြောက်
လောက်တော့ဘူး...သေချာနေတယ်..."

ခေါင်းလေးငဲ့ကာ သူမလုပ်နိုင်တာမို့ သိပ်ဖိအားမပေး
ပါနဲ့ ဆိုတဲ့စကားကို မျက်ဝန်းလှလှလေးတွေနဲ့
သနားစဖွယ်ပြုမူသည်။

"မဖြစ်ဘူး မတတ်မြောက်လို့..."

"ဖြစ်ပါတယ် ကိုယ်ရံတော်ကြီးတစ်သက်လုံးအနားမှာ
ရှိနေမှာပဲကို..."

လှည့်ကြည့်လာသည့်
အရည်လဲ့နေသောမျက်ဝန်းလေးတွေမှာဘဝအဆုံးအထိ
အတူတူရှိကြမယ့်ယုံကြည်ခြင်းတွေ။ချစ်စရာပေါ့လျှော့
မှုလေးတွေ။ဘာကြောင့်ပေါ့လျှော့ရသလဲ
ဒီလူကို သိပ်အားကိုးယုံကြည်နေလို့ ဆိုတဲ့အဖြေတွေ။

ချစ်စဖွယ်အားကိုးယုံကြည်မှု
နုနုထွေးထွေးလေးကိုကာကွယ်ခြင်းကအသက်မို့
စစ်ရေးတွေကိုထပ်ဖိအားပေးဖို့မပြောခဲ့တော့ဘူး။
သိပ်ကိုအလိုလိုက်ချင်စရာလေး။

"ပစ်ချင်သလိုသာပစ်တော့......"

"ထိချင်တဲ့နေရာတွေထိရင် ကိုယ်ရံတော်ကြီး
ဖြေရှင်းလိုက်...."

"ကောင်းပြီ..."

သာယာသောနေ့ခင်းနေ့လည်လေးသည်
စစ်ရေးသင်နေသောမင်းသားလေးနဲ့စစ်သူကြီးနှင့်
မြင်ကွင်းသည်ရိုးရှင်းစွာပါပဲ။စကားပြောနေဟန်
သည် သူတို့၂ယောက်ကလေးဘဝထဲကတတွဲတွဲမို့
အထူးတလည်မဖြစ်နေခဲ့ကြပါ။

မင်းသားလေးသည်မျက်ဝန်းလေးတွေမှိတ်ကျတဲ့အထိ
ရယ်မောကာ စိတ်ကြည်လင်နေပုံရသည်။
ရယ်သံရွှင်ရွှင်လေးတွေနဲ့လန်းဆန်းနေဟန်ကိုခပ်ဝေးဝေး
ကအမှုထမ်းတွင်မသိမသာခိုးကြည့်ခစားကြခြင်းကို
စစ်သူကြီးက အတိအကျသိနိုင်သောမျက်ဝန်းတွေလည်း
ပိုင်ဆိုင်ခဲ့သူဖြစ်ခဲ့၏။

စစ်သူကြီး၏မျက်နှာတော်သည်ချက်ချင်းခပ်တင်းတင်း
ဖြစ်သွားခဲ့သည်။အားလုံးသည်ဘာများမှားယွင်းသွား
ခဲ့လို့လဲတွေးမိကြကာ ခေါင်းတွေကိုယ်စီငုံ့သွားကြသည်။

ခန္ဓာကိုယ်တစ်ခုလုံး ဘဝတစ်ခုလုံး အရာရာ
ကို တစ်ပါးသူလက်ထဲကို မဖြစ်မနေထည့်ကိုပေးရ
တော့မယ့်အချိိန်။သေချာပေါက်တစ်ပါးသူပိုင်ဆိုင်
ရတော့မယ့်ရင်ခွင်ထဲက အသဲစိုင်လေး။

လက်ဖဝါးသေးသေးလေးတစ်ဖက်ကိုမရဲတရဲ
ထိတွေ့ခဲ့ရတာကဂိတ်ဆုံးသောနီးစပ်မှု....။
အရာခပ်သိမ်း အကုန်ပေးလိုက်ရတော့မှာသေချာ
နေလည်းစစ်သူကြီးကအပြုံးလေးတွေကိုတော့
တွန့်တိုနေတုန်းပဲ။ စူးရှရှမျက်ဝန်းတွေနဲ့တစ်ယောက်
ချင်းစီကိုလိုက်ကြည့်ကာ လှံနဲ့လှမ်းပစ်သတ်တော့မယ့်
အတိုင်း။

အပြုံးလေးတွေ ရယ်သံလေးတွေကို..ဒီလောက်အထိ။
တခြားသော အရာတွေအပေါ်မှာရော မတွေးရဲ
မရေးရဲခဲ့ပါဘူး။ စစ်သူကြီး ရဲ့နှလုံးသားထဲကို
မဝင်ရဲဘူး။ ဒါက အဖြစ်အပျက်တစ်ခုကိုပြောပြရုံ။
သူဘယ်လိုတွေတွေးပြီး ဘယ်လိုတွေနေသာအောင်
အသက်ရှင်နေလဲ သူပဲသိလိမ့်မည်။
စာရေးသူအတွက်ခံစားချက်အသေးစိတ်
များကိုရေးပြလိုက်ဖို့အကြောက်ဆုံးဇာတ်ကောင်တစ်ခု
ဖြစ်လာခဲ့သည်။

"မပြုံးမရယ်တော့နဲ့ စစ်ရေးသင်ကြားခြင်း
အပေါ်အာရုံပေါ့လျှော့စေတယ်..."

ဩရှရှအသံတွင်ပျော်ဝင်နေသောအငွေ့အသက်တွေ
သည်မင်းသားလေးကိုပို၍ပြုံးသွားစေကာ
ကိုယ်ရံတော်ကို တစ်ခါပြန်လှည့်ကြည့်လာတော့
နေပူတာမို့ပါးကလေးတွေကရဲရဲလေးဖြစ်နေသည်။
ပြုံးပြုံးလေးကြည့်နေတဲ့အခါ လိုက်မပြုံးဘဲမနေနိုင်
တော့..ကိုယ်ရံတော်ကြီးလည်း မပွင့်တပွင့်ပြုံးလာသည်။

"အပြုံးအရယ်များသိပ်ရှားလွန်းတာပဲ...
သိပ်ခန့်ညားရဲ့သားနဲ့.....များများပြုံးရယ်ပါ.."

"ငါပြုံးရယ်မယ်...မင်းတော့ မပြုံးနဲ့တော့..."

"အမိန့်တော်အတိုင်းပါ...."

ပြိုင်တူပြုံးရယ်မိသော အချိန်စက္ကန့်လေးတွေသည်
အလွန်အေးချမ်းနေရင်း မင်း ကြွချီလာသည်ဟူ
သော အသံခပ်ကျယ်ကျယ်ကြောင့် ကိုယ်ရံတော်သည်
မင်းသားအနားမှချက်ချင်းဆိုသလိုခွါလိုက်ကာ
ကြွချီလာသော မင်း အား အရိုအသေပြုသည်။

"ခမည်းတော် ဘာအရေးကိစ္စများရှိလို့လဲ..."

ရုတ်တရက်ကြီးကြွချီလာတာကြောင့်အားလုံး
လည်းတအံ့တဩ။အိမ်ရှေ့စံနန်းဆောင်ထဲ
ဆက်လက်ထွက်ခွါကာ မင်းနှင့် အိမ်ရှေ့မင်းသားတို့
စကားတချို့ပြောခဲ့ကြသည်။

"တိုင်းပြည်အုပ်ချူပ်မင်းလုပ်ရမှာ...သေးသိမ်
ကလေးဆန်လွန်းတဲ့အတွေးအခေါ်အပြုတွေကိုရပ်ပြီး
မင်းသမီး အပေါ် ဒီနေ့ကစကြင်နာနေတယ်ဆိုတဲ့
ဂုဏ်သတင်းကိုပဲ ကြားချင်တယ်...."

"မင်းသမီးက ဤအင်ပါယာမှာအလှဆုံးသောပန်းတစ်ပွင့်
ပါ လိုချင်တက်မက်သောနန်းမျိုးနန်းနွယ်တွေတိုင်းပြည်အရပ်ရပ်မှာပေါများလွန်းနေတဲ့ဟာ အိမ်ရှေ့မင်းသား
တစ်ခုခုများ မှားယွင်းနေသလား...."

"သားတော်ရဲ့ စိတ်ခံစားချက် စိတ်ဆန္ဒ တစ်ခုခုကိုတောင်
အနည်းမျှမမေးမြန်းမတိုင်ပင်ခဲ့ဘဲ မင်း အာဏာနဲ့
စိတ်ရှိသလို လက်ဆက်ပွဲကိုစီစဉ်ခဲ့တယ်..ငြင်းဆန်မှု
တစ်ခုတောင်မရှိပါပဲ အေးအေးလူလူလက်ခံပြင်ဆင်
ခွင့်ပေးတာနဲ့တင်မလုံလောက်ခဲ့ဘူးလား ခမည်းတော်"

"မလုံလောက်ဘူး...သိပ်ရုပ်ဆိုးအကျည်းတန်နေတယ်
အစဉ်အဆက် ချစ်ခြင်းတရားတွေနဲ့ တည်ဆောက်ထား
တဲ့နန်းဆက်တိုင်းဟာ တိုင်းပြည်ရဲ့ကျက်သရေပဲ
မင်းသားကျမှတစ်ဖက်နိုင်ငံကအထင်အမြင်ကျဉ်းမြောင်း
ကြရအောင် ရိုင်းစိုင်းနေတာ"

"မင်းသမီး ကိုပြောဆိုခဲ့တဲ့စကားတွေထဲအရိုင်းအစိုင်း
စကားလုံးတစ်ခွန်းတလေမျှတောင်မပါဘူး
ခင်မင်ရုံထက်မပိုတဲ့စိတ်ခံစားချက်မှာ ဟန်ဆောင်ပန်
ဆောင်ပိုကဲ ကြင်နာမပြချင်တာပဲရှိခဲ့တာ
ဘယ်လိုနည်းနဲ့မှ မလုပ်ပြနိုင်ဘူး....."

"ဘာကြောင့်လဲ.....ဘယ်တိုင်းပြည်ကဘယ်မင်းသမီးကို
ဆို စိတ်တိုင်းကျ ချစ်ခင်ကြင်နာနိုင်မလဲ ခုရွေးချယ်
လိုက်အိမ်ရှေ့မင်းသား...ဘယ်ပန်းပွင့်ကိုမဆို
ခူးဆွတ်ပေးနိုင်တယ်..."

"ဘယ်ပန်းပွင့်ကိုမှမခူးဆွတ်ချင်ဘူး..."

"လူတစ်ယောက်ရဲ့မေတ္တာပန်းဟာဘဝမှာတစ်ကြိမ်မှာ
တစ်ခါတော့ပွင့်လန်းတတ်ကြတယ်...
ဘယ်ပန်းပွင့်အတွက်မှမဟုတ်ဘူးဆိုရင် အိမ်ရှေ့မင်းသား
ရဲ့မေတ္တာကဘယ်သူ့ကိုပေးဖို့အတွက်လဲ..."

အင်ပါယာတစ်ခုလုံးကအမွှေးဆုံးသောဖြစ်တည်မှု
တွေကိုတောင်တန်းငြင်းကာ အရှင်းအပြတ်ဖြစ်နေသော
အိမ်ရှေ့မင်းသားလေး၏မျက်နှာကို ဖခင်ပီပီဖတ်လိုက်
တော့ ဖုံးကွယ်ထားသောတစ်ခုခုကိုတွေ့လိုက်ရသည်။
မိဘနှင့်သားသမီး တသွေးထဲတသားထဲမို့ မသိမသာ
လွှဲသွားသောမျက်ဝန်းတွေမှာ မင်းတစ်ပါး မဖြစ်လာနိုင်တဲ့
ကံကြမ္မာရဲ့အဖြေရှိနေပြီမှန်းသိလိုက်ရကာမင်းသားလေး
၏မျက်ဝန်းတွေကိုအတင်းအကျပ်လိုက်ဆုံခဲ့သော်ငြား
မင်းသားလေးက မဆုံတွေ့တော့။

ဘာတစ်ခုမှပြန်မဖြေခဲ့သော သားတော်အားပြည့်ရှင်
မင်းကဘာမှထပ်မမေးတော့။သူယုံကြည်ရသော
သူလျှိုတစ်ယောက်အားမင်းသားနားလျှိုဝှက်ကပ်နေ
ရန်ချက်ချင်းစီစဉ်သည်။စစ်သူကြီးရှိနေခဲ့တယ်ဆိုပေမယ့်
ဘယ်လိုကြောင့်မှန်းမသိ တကယ့်ကိစ္စတွေမှာသူ့ရဲ့လူ
မဟုတ် မင်းသားရဲ့လူသာဖြစ်လိမ့်မည်ဟုကြိုတွေးမြင်
နေသည်။ ငယ်စဉ်ကတည်းက အတူတူဘဝတွေဖြစ်တာမို့
စစ်သူကြီး သစ္စာပိုစောင့်သိမယ့်လူဟာမင်းသားပဲ။
တစ်ခုခုအားမသင်္ကာ၍မေးမြန်းခဲ့တောင်မင်းသားကနှုတ်
ပိတ်ထားလျှင် စစ်သူကြီးကသေရမယ်ဆိုတောင်
ပြောမယ့်လူမဟုတ်မှန်းသူသိနေသည်။

ပြည့်ရှင်မင်း တွေးခဲ့တာက မင်းသားဟာ မင်းသမီးမဟုတ်
တဲ့ လက်မခံနိုင်စရာ မျိုးနွယ်နိမ့်ထဲက မိန်းမပျိုတစ်
ယောက်ယောက်နဲ့များ တစ်ခုခုကိုဖုံးကွယ်
ထားတာသေချာနေတာမို့ သူလျှိုသည် အနီးဆုံးတွင်
ရှိသွားခဲ့သည်။

..........................................

သာယာေသာေစာင္သံေလးကိုစစ္ထြက္ထဲကမၾကားခဲ့ရတာၾကာလွေပါ့။ခုေတာ့ေနရာမွန္လူမွန္ျပန္ေရာက္ခဲ့သလို
ကိုယ္ရံေတာ္ေစာင့္ၾကပ္ရာ အိမ္ေရွ႕မင္းသားနန္းေဆာင္
ေရွ႕ထိုင္ေစာင့္ရေသာေနရာတြင္စစ္သူႀကီးတစ္ျဖစ္လဲ
ကိုယ္ရံေတာ္ႀကီးကအမွုထမ္းေနသည္။

မင္းသားေလးနန္းေဆာင္ထဲမွာရွိေနတိုင္းဒီေနရာမွာ
ေနပူပူမိုးရြာရြာေဆာင္းေလေတြတိုက္တိုက္ႏွစ္ေပါင္းမ်ား
စြာေက်ာက္႐ုပ္တစ္႐ုပ္လိုပဲကိုယ္ရံေတာ္ႀကီးက
ၿငိမ္ၿငိမ္သက္သက္။ တိရိစၧာန္တစ္ေကာင္ေတာင္ျဖတ္သန္းခြင့္မေပးဘူး။နန္းေဆာင္ေပၚအသံက်ယ္က်ယ္ ငွက္မ်ိဳးေစ့ေတြပ်ံသန္းသြားတာမ်ိဳးကိုေတာင္
သိပ္သေဘာမေတြ႕လွေသာ ကာကြယ္သူ။
ခုျပန္အမွုထမ္းေနရတဲ့အခါလည္းဘာမွမေျပာင္းလဲ
တင္းမာေအးစက္ေနေသာမ်က္ႏွာႏွင့္လွံတစ္ခုကိုင္ကာ
ေစာင့္ေနသည္။

"လြန္ခဲ့ေသာရက္ပိုင္းေတြက
စပ္ထားတဲ့ကဗ်ာဖတ္ျပမယ္ နားေထာင္ၾကည့္ခ်င္
လား.."

ယုံၾကည္ရေသာနန္းတြင္းသူေလးကိုမင္းသားေလး
ကလိုအပ္တာထက္ပိုက်ယ္တဲ့အသံႏွုန္းေလး
ျဖင့္ေမးသည္။နန္းေဆာင္တံခါးဝကကိုယ္ရံေတာ္ႀကီး
ၾကားဖို႔ လုံေလာက္ေသာအသံေလးေပါ့။
နန္းတြင္းသူေလးသည္ ကိုယ္ရံေတာ္ႀကီးႏွင့္မင္းသားေလး
အားတစ္ခ်က္မၽွအျပန္အလွန္ၾကည့္လိုက္ကာ

"နားေထာင္ခ်င္ပါတယ္ မင္းသား...
က်ယ္က်ယ္ေလးဖတ္ျပေပးပါ..."

မင္းသားေလးသည္ အထာနပ္ေသာနန္းတြင္းသူ
ေလးအားေတာ္တယ္ဆိုေသာအၾကည့္ျဖင့္
အသိအမွတ္ျပဳကာ ေပလႊာကိုအေသအခ်ာကိုင္သည္။
လည္ေခ်ာင္းကိုတစ္ခ်က္ရွင္းလိုက္ကာ

...ေပလႊာကိုင္ ကေလာင္ကိုင္ ငိုင္ရင္း...
ငယ္ခ်စ္ကို ဘယ္ကစလြမ္းဆြတ္ရမလဲမသိ...
တိုင္းတစ္ခြင္ ဥဩေတြသာေတာ့
ႏွလုံးအိမ္မယ္ အလြမ္းပိုမိတယ္။

အေသပိတ္မွအသက္ရွင္မယ့္
အမွန္တရားေတြအတြက္
ဘယ္ပုထိုးမွာ သစၥာေတြဆိုရလိမ့္မလဲ။
ပုဂံျပည္မွာ ေနဝင္တိုင္း...
အႏၲရာယ္ကြင္းပါေစလို႔ပဲ..ဆုေတာင္းခဲ့တယ္။

ဖြင့္ဟျပလို႔မရေသာ တံခါးခ်ပ္ေတြကို
ေပလႊာမွာပဲ ေရးျခစ္ခဲ့ရတယ္
တစ္ခါဖတ္ၿပီး တစ္ခါထဲေဖ်ာက္ဖ်က္တာဟာ
ဘယ္ေလာက္ႏွလုံးအိမ္ေၾကကြဲစရာလဲ။
ဤအခ်င္းအရာေတြသမိုင္းမွာေပ်ာက္ေနလိမ့္မယ္။
သို႔ေသာ္ျငား အလြမ္းရိပ္ေတြေတာ့က်န္ခဲ့နိုင္တယ္။

ပုဂံျပည္ရဲ့ေနထြက္ခ်ိန္တိုင္းနန္းေဆာင္အဝကို
ဦးဆုံးၾကည့္မိတယ္။
ရိုးသားစြာပဲ ျမင္ခ်င္ေနပါတယ္။
တစ္ေန႔ေန႔ေတာ့ သူျပန္လာလိမ့္မွာေသခ်ာပါတယ္။
......

သူစစ္ထြက္တုန္းက ေရးထားေသာကဗ်ာတိုကဗ်ာစ
ေတြေနလိမ့္မည္။မၾကားၾကားေအာင္ေအာ္ဖတ္ျပ
တတ္တာလည္းပထမဆုံးမဟုတ္။
ေစာင္တီးျပၿပီးရင္ စာေပဘက္က္ိုေရာက္လာၿပီ။

အပူအပင္မဲ့အရင္အတိုင္းပဲသူကတာဝန္ေက်ေနေပမယ့္
လက္ဆက္ၿပီးတဲ့အခါ အၿပီးတိုင္လက္လႊတ္လိုက္ရ
ၿပီး သီးသန့္ေစာင္းသံေလးေတြ သီးသန့္ပန္ခ်ီးကားေတြ
သီးသန့္ကဗ်ာစာဆိုသံေလးေတြကို ဘယ္ေတာ့မွ
မၾကားနိုင္ေတာ့ဘူးဆိုတာကိုေတြးမိတဲ့ေနာက္
ႏွလုံးသားေတြတလႊာခ်င္းအက္ကြဲက်လာသလိုပဲ။

"ဘယ္လိုလဲ....ေဝဖန္မွုေပးပါဦး...."

"ခ်စ္စဖြယ္ေကာင္းလြန္းပါတယ္..."

နန္းတြင္းသူက မင္းသား၏အေမးအား အားရပါးရ
ေျဖဖို႔ျပင္လိုက္ခ်္ိန္တြင္ျဖတ္ဝင္လာေသာ
ဩရွရွအသံသည္နန္းေဆာင္တံခါးဝက။
ခန့္ညားတည္ၾကည္ေသာမ်က္ႏွာႏွင့္ျပဳံးယဲ့ယဲ့
ေငးၾကည့္ရင္းအေျဖေပးသည္။
မင္းသားေလးက သေဘာက်စြာျပဳံးသြားခဲ့သည္။

အတိုင္းအတာသည္ဒီေလာက္ပါပဲ။ဒါက
နန္းတြင္းသူေလးနဲ႔ နန္းေဆာင္နံရံေတြသာေသခ်ာ
သိနားလည္ခဲ့ေသာေမတၱာစာမ်က္ႏွာခ်ပ္ေတြ။
ေရးေသာသူေတာင္ လၽွို႔ဝွက္ေရးခဲ့တဲ့ပုံ။
အဲ့ဒီေခါတ္ အဲ့ဒီအခါ အဲ့ဒီျဖစ္တည္မွုႏွစ္ခုသည္
လွံဖ်ားေတြလိုအႏၲရာယ္ေတြ။

"မင္းသမီး အလည္အပတ္လာပါတယ္...."

သူမလည္းသိပ္လွပေက်ာ့ရွင္းခဲ့သူပဲ။ေကာင္းျခင္း
ေပါင္းမ်ားစြာနဲ႔အသားအရည္ကအစေရႊေရာင္ဝင္းခဲ့
တဲ့သူ။ ပုဂံျပည္မိဖုရားျဖစ္လာမယ္သူမို႔မာန္ႏွင့္အလွ
သည္ ဝင့္ဝင့္ႂကြားႂကြား။

"ဘာအေရးကိစၥမ်ားရွိလို႔လဲ မင္းသမီး...."

"အေရးကိစၥေတြ မရွိေနလို႔လာေရာက္ခဲ့ရတာပါမင္းသား"

ဖူးႂကြႂကြႏွုတ္ခမ္းေလးေတြဟာျပဳံးယဲ့ယဲ့။
ရိုက်ိဳးစြာထိုင္လၽွက္မင္းသားကိုအရိုအေသျပဳပုံက
ေလးေလးစားစားရယ္။

"ႏွမေတာ္ဒီပုဂံနန္းေတာ္ထဲကိုကိုယ့္ျပည္ကိုယ္ရပ္
ကစြန့္ခြါထြက္လာခဲ့ရတာဟာ အိမ္ေရွ႕မင္းသားနဲ႔
လက္ဆက္ဖ္ို႔အေရးကိစၥေၾကာင့္ပါ..သို႔ေပမယ့္
လက္ဆက္ျခင္းအေရးကိစၥအေပၚ မင္းသားေမ့ေပ်ာက္
မ်ားေနတာလားလ္ို႔ သတိေတာ္ လာေပးရတာပါ
တစ္ႀကိမ္တစ္ခါသာ လာေတြ႕ဆုံၿပီး တစ္ကိုယ္ထဲ
လက္ဆက္ျခင္းကိုစီစဥ္ေနရတာဟာ မင္းသမီးတစ္
ေယာက္အေနနဲ႔ မသင့္ေလၽွာ္ေတာ့ဘူးလို႔ထင္ျမင္မိလာလို႔"

"မအားလပ္လို႔ပါ...တစ္ကိုယ္ထဲစီစဥ္ေနခဲ့လို႔
ပန္းတယ္ဆို ရပ္တန့္ၿပီး နားလိုက္လို႔ရပါတယ္
ခမည္းေတာ္နဲ႔ မူးမတ္ေတြေအာင္ျမင္ေအာင္
ဆက္လက္စီစဥ္ပါလိမ့္မယ္ ....."

"အားမသန္လို႔စစ္ရွုံးခဲ့ရၿပီး ပုဂံျပည္အင္ပါယာထဲ
သြပ္သြင္းခံခဲ့ရတဲ့တိုင္းျပည္က မင္းသမီးေပမယ့္
ႏွမေတာ္ဟာ မင္းမ်ိဳးမင္းႏြယ္စစ္စစ္ မင္းသမီးတစ္ပါးပါ
အဓိပၸာယ္မဲ့သလို လူအမ်ားေလွာင္ရယ္စရာလို
ျဖစ္တည္ေနရတာကို မာန္မာနကလက္မခံနိုင္ပါဘူး
စိတ္ဆႏၵကို လာေရာက္ရင္ဖြင့္တာပါ..."

"မိဖုရား ျဖစ္လာဖို႔က ပန္းတိုင္မလား...
ျဖစ္လာဖို႔က အေသအခ်ာပဲကို မင္းသမီး
အေရးကိစၥေတြအမ်ားႀကီး ေခါင္းထဲထည့္ေနဖို႔ရန္
မလိုဘူးထင္တယ္..."

သူသိပ္ေအးစက္ခဲ့တယ္။ ေတာ္ဝင္မင္းသမီးတစ္ပါး
အေနနဲ႔ ကိုယ့္ေနရာကိုယ္ေန အခ်ိန္တန္လက္ထပ္ၿပီး
ေတာ့လည္းၿပီးတာပဲ။သူဘာမွစိတ္ဝင္တစားမရွိေနဘူး
ဆိုတဲ့ အၾကည့္ အေျပာ အျပဳအမူ ေအးစက္မွုေတြဟာ
အိမ္ေရွ႕မင္းသားထံအျပည့္အဝ။

အမ်ိဳးသမီးတိုင္းမွာ မင္းသမီးျဖစ္ျဖစ္ ဘယ္လိုျဖစ္တည္မွု
ပဲျဖစ္ျဖစ္ အတူတူေပါင္းဖက္ရမယ့္အိမ္ေထာင္ဘက္
ဆီက ေလးနက္မွု ျမတ္နိုးမွု ၾကင္နာမွု ေတြကိုလိုအပ္တဲ့
သူေတြႀကီး။သိပ္မာန္မာနႀကီးတဲ့ေတာ္ဝင္မင္းသမီး
တစ္ေယာက္အေနနဲ႔ကေတာ့ပိုျပတ္ရွေနလိမ့္မည္။

"လက္ဆက္ပြဲေန႔ရက္ကိုေရာက္ရွိလာတဲ့အခါ
လက္ဆက္ပြဲေနရာဆီကိုလာခဲ့ပါ့မယ္...
အိမ္ေရွ႕မင္းသားတစ္ပါးအေနနဲ႔ ေက်ရမယ့္တာဝန္
ဝတၱရားေတြကိုသိရွိၿပီးသားပါ...ထိုထက္ပိုၿပီးေတာ့
ေတာ့ မစြမ္းသာဘူး..."

စကားသည္ကုန္သြားၿပီမို႔ မင္းသမီးသည္မခ်ိစြာ
မင္းသားမ်က္ႏွာေတာ္အားရဲတင္းစြာခစားလာသည္။
မွုံနံ႔သာမ်ားျဖင့္ျခယ္လွယ္ထားေသာႏုညက္ေနေသာ
မ်က္ႏွာေပၚကမာန္မာနမ်ားသည္အစြယ္ထက္ထက္။

သူမ မိဖုရားတစ္ပါးဆိုတာထက္ သူမအေပၚအေလးထား
မွုနည္းနည္းေလာက္လိုအပ္ခဲ့တဲ့ပုံပါပဲ။
ဒါေပမယ့္ မင္းသား ဘက္က သိပ္ရွင္းျပတ္ေနတဲ့အခါ
ေထာက္ျပတုံ႔ျပန္ဖို႔မစြမ္းသာ ဘာေၾကာင့္လဲဆို
ေမာၾကည့္လိုက္သည္ႏွင့္ ႀကိဳဆိုေနေသာမ်က္ႏွာ
ေတာ္ေလးဟာ နတ္ဘုရားတမၽွ။မာနစြယ္က္ိုခ်ိဴးလို႔
အျပစ္ေတြတင္ခ်င္ေပမယ့္ ပစ္ပယ္လိုက္ဖို႔ကေရာ
ဘယ္လိုမ်ားျဖစ္နိုင္ပါတယ္။

"စကားရွင္းရွင္းၾကားလိုက္ရတဲ့အတြက္စိတ္လည္း
ရွင္းသြားပါတယ္ နန္းေဆာင္ျပန္လိုက္ပါဦးမယ္
မင္းသား"

"ေကာင္းပါၿပီ..."

မင္းသမီးသည္ရိုက်ိဳးစြာပင္ထပ္မံအရိုအေသျပဳလၽွက္
နန္းေဆာင္မွျပန္ထြက္ခြါသြားခဲ့သည္။
မ်က္အိမ္ရဲရဲေတြနဲ႔ စိတ္အဆင္မေျပမွုတခ်ိဳ႕အား
ေခါက္သိမ္း၍ အေႁခြအရံေပါင္းမ်ားစြာျဖင့္
အံႀကိတ္ထြက္သြားခဲ့ေသာ မင္းသမီးတစ္ပါး၏
အရွုံးတခ်ိဳ႕သည္လည္း မလွမပခဲ့။

"စကားကိုဆင္ျခင္ေျပာမွေပါ့ မင္းသမီးကို
မင္းသားဆက္ဆံေျပာတဲ့ဟန္က ခ်စ္ၾကည္ေရးယူၿပီး
သားႏွစ္နိုင္ငံ စစ္ျပန္ျဖစ္နိုင္တယ္ဆိုတာသိရဲ့လား
စစ္ရွုံးနိုင္ငံေတြက အခ်ိန္မေရြးအင္အားစုျပန္ပုန္ကန္
နိုင္တယ္ဆိုတာ နားမလည္ေနတာလား..."

မင္းသမီးျပန္သြားသည္ႏွင့္နန္းေဆာင္တံခါးပိတ္ပစ္ကာ
မင္းသားဆီ ခ်က္ခ်င္းေရာက္လာေသာကိုယ္ရံေတာ္
သည္ တင္းတင္းမာမာ။

"ဒီေလာက္ပဲတတ္နိုင္တယ္....အဲ့ဒီဘက္က႑ကို
အသက္ရွုေတြက်ပ္လို႔မေတြးနိုင္ဘူးကိုယ္ရံေတာ္
ငါဒီလိုမ်ိဳးဆက္ဆံခဲ့တာ အရမ္းမ်ားမွားသြားလို႔လား"

"မင္းသမီး ဘက္က သေဘာညိဳလို႔ လက္ဆက္ပြဲ
တစ္ခုခုထစ္ေငါ့လ္ို႔ ႏွစ္ဖက္တိုင္းျပည္တင္းမာတဲ့
အေရးျဖစ္လာရင္ အရာအားလုံးရဲ့ျမႇားဦးက
မင္းသားဆီကိုပဲ"

"ဟန္မေဆာင္တတ္ဘူး...လက္ဆက္ပြဲအတိုင္းအတာ
အထိငါလက္ခံခဲ့တာနဲ႔တင္ငါ့အတြက္အလြန္ပင္ပန္း
ေနတယ္ ကိုယ္ရံေတာ္...အ္ိမ္ေရွ႕မင္းသားျဖစ္လာလို႔
လႊဲဖယ္လို႔မရလို႔သာ ဒီအခ်င္းအရာအေပၚပါဝင္ေနတာ
ငါ ....ဒါကို မျဖစ္ခ်င္ေနမွန္း..."

"မင္းသား!!!"

ေၾကာက္လန့္ရတယ္။မင္းသားေလးဘာကိုမွမေၾကာက္
တတ္ေပမယ့္ ကိုယ္ရံေတာ္ႀကီးေဒါသတႀကီးေအာ္ဟစ္
ရင္ဟန္မေဆာင္နိုင္ေအာင္ေၾကာက္ခဲ့တယ္။

"ထုတ္မေျပာသင့္တဲ့စကားလုံးေတြကို
စဥ္းစားဥာဏ္မဲ့သုံးတာ မင္းသားတစ္ေယာက္ရဲ့
အဂၤါရပ္နဲ႔မညီမၽွဘူး...မျဖစ္ခ်င္လို႔ေရာ
မျဖစ္လာရမယ့္ ကိစၥေတြလား အခ်ိန္တန္ရင္
ပုံေသနည္းဇာတ္သိမ္းေတြျဖစ္လာမယ့္ဟာကို
စစ္မီးကိုေလာင္စာမတိုက္ဖို႔ေျပာေနတာပါ..."

"စစ္က အဲ့ေလာက္အေရးႀကီးေနလား
ငါကေတာ့ ငါ့စိတ္သက္သာဖို႔ကအေရးႀကီးတယ္
ငါ ျပဳမူခ်င္သလို ဆက္ဆံခ်င္သလိုဆက္ဆံမွာပဲ
စိတ္ရင္းမပါဘဲ တစ္ပါးသူအေပၚလည္းပ်ားသကာလို
မလွည့္စားေနခ်င္ဘူး အဲ့တာကပိုဆိုးဝါးတယ္လို႔သတ္မွတ္တယ္ ကိုယ္ရံေတာ္ ၾကားေနၿပီး သိပ္အားနာသမွု
ျဖစ္ေနရင္ ေျပးလိုက္ေတာင္းပန္လိုက္ေလ..."

"ေမတၱာေရး လက္ဆက္ေရးက အဲ့ဒီလိုေအးစက္မွု
တုံးတိျပတ္သားမွုေတြနဲ႔ တည္ေဆာက္လို႔မရဘူး
အရွုပ္အေထြးေတြျဖစ္လာမွာေသခ်ာတယ္"

"ငါ..ေမတၱာေရးမွာ ငါေမတၱာရွိရင္မေအးစက္ပါဘူး...
ဒါကို တစ္စုံတေယာက္ကေတာ့ေသခ်ာသိမွာပါ"

"မင္းသမီးကို ေနာက္တစ္ခါ ထပ္ဆုံေတြ႕ရင္
ပိုသက္သာမယ့္စကားလုံးမ်ိဳးေရြးၿပီးသုံးႏွုန္းပါ"

"အိမ္ေရွ႕မင္းသားကို အမွုထမ္းက အမိန့္လာေပး
ေနတာလား အတင့္ရဲလွခ်ည္လား....
သတၱိေသြးေတြသိပ္ရဲေနတာလား စစ္သူႀကီး
နန္းေဆာင္ထဲက ထြက္သြားလို႔ရၿပီ
စစ္သူႀကီး မ်က္ႏွာ ၇ရက္ပတ္လုံးေပၚမလာနဲ႔"

"အမိန့္ေတာ္အတိုင္းပါပဲ...."

"မင္းက အလြန္ေအးစက္လြန္းတာပဲကိုယ္ရံေတာ္
ဘာခံစားခ်က္မွမရွိတဲ့ေက်ာက္တုံးႏွလုံးသားနဲ႔
အသက္ရွင္ေနတာပဲ ငါ့ရဲ့လက္ဆက္ျခင္းအတြက္
ဝမ္းနည္းျခင္း တစိုးတစိမ်ားေတာင္မျဖစ္ခဲ့ဘူးလား"

စာအုပ္ကထူလြန္းတယ္။အေသးစိတ္ေသာခံစား
ခ်က္ေတြသာခ်ျပခဲ့ရင္အႏုစိတ္ဆန္စြာပိုမြန္းက်ပ္
ရမွာေပါ့။မင္းသားေလးက ကိုယ္ရံေတာ္၏
လက္ညိဳးေလးတစ္ေခ်ာင္းကိုပဲမရဲတရဲထိကာ
ေမးျမန္းလာေတာ့ ကိုယ္ရံေတာ္၏မ်က္ဝန္းရိပ္
ေတြသည္ အလြန္အမင္းရီေဝလာကာ ၿပိဳလဲလာသည္။

"ဝမ္းနည္းလို႔မွမရတဲ့ ဘဝေလ မင္းသိရဲ့သားနဲ႔..."

မင္းသားေလးသည္ လက္ည္ိုးေလးကိုလႊတ္လိုက္သည္။
သူကိုယ္တိုင္လည္းလက္ခံေနရေသာအမွန္တရားေတြမို႔
ေက်ာက္တုံးႏွလုံးသားကိုသူကိုယ္တိုင္လည္းျဖစ္ေအာင္
ႀကိဳးစားေနရတာမို႔ မစြမ္းသာလြန္းအားႀကီးေသာ
ကံၾကမၼာႀကီးကို မုန္းတီးလြန္းလာသည္။

လြတ္လပ္မွုသာရခဲ့ရင္....တစ္ခ်ိန္ခ်ိန္မ်ားလြတ္လြတ္
လပ္လပ္သာရယ္ေမာခြင့္အတူတူသာရခဲ့ရင္
တစ္ေနကုန္ကို ရယ္ေမာမိဦးမွာေသခ်ာပါသည္။

ဝမ္းနည္းမွုကဒီအေျခအတင္ေၾကာင့္ရယ္ေတာ့
မဟုတ္ ဘယ္လိုေနေန ဘာမွမတတ္နိုင္ပါလား
ဆိုတဲ့ေက်ာက္စာခ်ပ္လိုကံတရားကိုေျဖမဆည္နိုင္၍
မ်က္ရည္ေပါက္ေတြမရပ္မနားက်ဆင္းလာသည္။

"မင္းသားေလး....မဟုတ္ေသးပါဘူး...
ဘာေၾကာင့္ ငိုေႂကြးရသလဲ...မငိုပါနဲ႔ေလ..."

မ်က္ရည္စေတြအား မထိရဲမကိုင္ရဲ စည္းေဘာင္ေတြ
ကိုေခတၱထား စစ္သူႀကီးသည္ ျပာယာစြာ
လက္ေခ်ာင္းသြယ္သြယ္မ်ားျဖင့္ခ်က္ခ်င္းသုတ္ေပး
လာသည္။

"အိမ္ေရွ႕မင္းသားဆိုတာ လြယ္လြယ္ေလးမငိုရဘူး
တိုင္းျပည္ကို ဦးေဆာင္ရမွာ ဒီအေရးကိစၥေလာက္
ကို မငိုရဘူး....ၾကည့္ ဒီကိုၾကည့္....မျဖစ္ရဘူး
မေပ်ာ့ညံ့ရဘူး ....."

လွံကိုင္ဓားကိုင္ေသာလက္ေတြမဟုတ္ ေစာင္တီး
ပန္းခ်ီဆြဲေသာလက္ေတြမို႔ ႏွလုံးသားသည္ဘယ္ေလာက္
မ်ားႏူးညံ့ခဲ့လိမ့္မလဲ။ဒါေပမယ့္ ကိုယ္ရံေတာ္ႀကီးသည္
လုံးဝခြင့္မျပဳခဲ့။သူ႔ရဲ့ၿပိဳင္ဆိုင္ရွားစူးရွလြန္းေသာ
မ်က္ဝန္းမ်ားျဖင့္မင္းသားေလးအားမရမကေတ့ဆိုင္
ကာ အ႐ုပ္ကေလးလို ဆြဲခါပစ္ေနသည္။

"တိတ္...! ဘာေတြျဖစ္ေနသလဲ
စိတ္ႏွလုံးသားထဲဘာေတြခံစားေနရသလဲ
အႏုစိတ္ အားလုံးသိတယ္ နားလည္တယ္
သို႔ေပမယ့္ မင္း မငိုနဲ႔....မင္းမငိုလိုက္ပါနဲ႔..."

အငိုရပ္သြားသည္။ထိကိုင္ထားေသာလက္ေတြအား
ေလၽွာ့ေပးလိုက္ကာ ေနသင့္ေသာေနရာတြင္
ကိုယ္ရံေတာ္ႀကီးကျပန္အခစားဝင္သည္။
ေခတၱေတာ့တိတ္ဆိတ္သြားၾကကာမေနနိုင္သူေလးကပဲ

"ေရာ့ ယူ လိုက္...ေနာက္စကားကိုေအာ္မေျပာပါနဲ႔
ငါကမင္းသားေလ တစ္ေယာက္ေယာက္ၾကားရင္
မင္းေသလိမ့္မယ္...ငါကေတာ့အျပစ္မယူပါဘူး"

ကဗ်ာတိုေလးေရးထားေသာ ေပလႊာခ်ပ္ေလး
ကိုကိုယ္ရံေတာ္ႀကီးအားပစ္ေပးလိုက္သည္။
ခ်က္ခ်င္းဆိုတယုတယသိမ္းဆည္းလိုက္သူသည္
ခဏအတြင္းကဆူပူခဲ့ေသာ ေဒါသႀကီးသူႀကီး
မဟုတ္ေတာ့တဲ့အတိုင္း။

ျမတ္နိုးျခင္း ၾကင္နာျခင္း ယုယျခင္း စူးနစ္စြာ
ခ်စ္ျခင္းဆိုတဲ့ မ်က္ဝန္းလွလွေလးေတြနဲ႔ေပလႊာ
ေလးကိုအခ်္ိန္ေတာ္ေတာ္ၾကာစိုက္ၾကည့္ေနသည္။
ကဗ်ာကိုပင္အလြတ္ရသြားသည္အထိပဲ။

ေပလႊာငယ္ကို တယုတယၾကည့္ေနေသာပုံရိပ္
ေလးကို တစ္ဖက္ကေလာင္ပိုင္ရွင္ေလးက
လည္းစိုက္ၾကည့္ကာေနသည္။

"ငါကေတာ့အျပစ္မယူပါဘူးတဲ့" မင္းမ်ိဳးမင္းႏြယ္ရဲ့
မာန္စြယ္ကို တေလာကလုံးအေပၚေအးစက္စြာ
ျဖန့္က်က္ခဲ့ေပမယ့္ သူ႔ဘဝမယ္လည္းခၽြင္းခ်က္ေလး
ရွိေနခဲ့တာပဲ။အၾကင္နာကေဋကဋာရယ္ခပ္ေဝးေဝးက
လွမ္းၾကည့္လို႔ျမင္ေနရရင္ရပါတယ္တဲ့။
ျဖစ္တည္မွုရွိေနရင္ လုံေလာက္ပါတယ္ဆိုတဲ့
ေမတၱာဟာ နားလည္မလြယ္ေပမယ့္ သိပ္ႀကီးျမတ္ခဲ့တာ။
သက္ေသတည္စရာ ကနန္းေဆာင္နံရံေတြ.....။

............

"ခမည္းေတာ္ ေရြးခ်ယ္ေပးတဲ့လမ္းကခက္ခဲလိုက္တာ
သူစိမ္းေတြၾကား တစ္ပါးသူေျမေပၚ လႊတ္လိုက္ၿပီး
ခုမြန္းက်ပ္ေနတာက် ဖြင့္ဟစရာ အထိန္းေတာ္ႀကီးပဲ
ရွိေနတယ္....ျပန္ခ်င္တယ္ ...မေပ်ာ္ဘူး..."

လက္ေအာက္ခံတိုင္းျပည္ကမို႔စိတ္အားငယ္တာက
တစ္မ်ိဳး လက္ဆက္ရမယ့္မင္းသားရဲ့ျပဳမူေျပာဆိုပုံနဲ႔
တစ္ဘဝလုံးအတူတကြေနရမယ့္အေရးကိုႀကိဳေတြးမိကာ
မင္းသမီးသည္ ဘယ္သူ႔မွမၾကားနိုင္ေလာက္မယ့္
နန္းေဆာင္ထဲတိုးတိတ္စြာယုံၾကည္ရသူအားရင္ဖြင့္ေန
သည္။

"သာမာန္ မိန္းကေလးသာဆိုရင္ေလ ေနာက္ဆုတ္လိုက္
ပါတယ္...သူ႔ကို ေမတၱာရွိပါတယ္...သို႔ေပမယ့္
တန္ဖိုးမထားခံရမယ့္ဘဝ အေလးအနက္မရွိမယ့္ဘဝ
အ႐ုပ္တစ္႐ုပ္လိုဘဝမ်ိဳးကိုေတာ့မႏွစ္သက္ဘူး
မာနေတြက လက္မခံနိုင္ဘူး...နန္းေတာ္ကိုျပန္ခ်င္တယ္
အားငယ္မိေနတယ္"

"အိမ္ေရွ႕မင္းသားက ဘာေတြမ်ားစိတ္လက္မၾကည္
စရာေျပာဆိုလိုက္လို႔လဲ...တစ္ခုခုဆိုယုံၾကည္စြာ
ေျပာဆိုလ္ို႔ရပါတယ္ေနာ္...."

တစ္ခုခုဆိုယုံၾကည္လို႔ရပါတယ္ေနာ္ ဆိုတဲ့
စကားေတြဟာ ဘဝေတြမွာတစ္ခါတေလ
အင္အားေတြျဖစ္တတ္ေပမယ့္ တစ္ခါတေလက်ရင္
မယုံၾကည္နိုင္စရာျဖစ္ရပ္ေတြလည္းျဖစ္သြားနိုင္တယ္။

အေျခအေနဟာသိပ္ေနမထိထိုင္မသာမို႔ ဘာဆက္လုပ္
ရမွန္းလည္းမသိေနတဲ့အခ်ိန္မင္းသမီးကအထိန္းေတာ္
အမ်ိဳးသမီးႀကီးကို ရင္ဖြင့္ခဲ့တယ္။

မာန္မာနနဲ႔အလွဂုဏ္ျမင့္ၿပီး မင္းသားေလးနဲ႔မင္းသမီး
ေလးရဲ့ ဘယ္လိုျဖစ္သြားမလဲဆိုတဲ့ေမတၱာဇာတ္လမ္းကို
ထိုအခ်ိန္ကစိတ္ဝင္စားသူမ်ားကပုဂံနန္းေတာ္တစ္ခုလုံး။
မင္းသားက မၾကင္နာဘူး ေမတၱာမထားေနဘူး။
ေအးစက္တာထက္လြန္ေနတယ္ဆိုတဲ့စကားေပါင္းမ်ား
စြာသည္ မင္းသမီးနဲ႔မင္းသားပဲသိရာက အထိန္းေတာ္ႀကီး
ဆီကူးေျပာင္းသြားခဲ့သည္။

ဤအရာသည္ မထင္ထားခဲ့ၾကပါေသာကိစၥျဖစ္ေနတာ
ရယ္မင္းသမီးလိုျဖစ္တည္မွုအတြက္ဘယ္သူ႔မွမေမၽွာ္လင့္ထားေသာအထူးအဆန္းကိစၥရပ္ႀကီးျဖစ္အထိန္းေတာ္အမ်ိဳးသမီးႀကီးကမေနနိုင္ခဲ့။ကြယ္သြားသည္ႏွင့္
နီးရာကို အတင္းအဖ်င္းဟန္ခ်က္ခ်င္းျပန္ေျပာသည္။
စကားသည္တျဖည္းျဖည္းကားလာၿပီးတဲ့ေနာက္
မိဖုရားႀကီးဆီ မိဖုရားဆီမွတဆင့္ မင္း ထံေရာက္သြား
ခဲ့သည္။

မင္းသမီးစိတ္ေတာ္အလြန္မေအးခ်မ္းေနတယ္ဆိုတဲ့
စကား ဒါဟာေကာင္းေသာလကၡဏာမဟုတ္
သူမတိုင္းျပည္ဆီျပန္ေပါက္ၾကား၍တင္းမာမွုေတြ
ျဖစ္လာလၽွင္ လက္ဆက္ပြဲဟာေႏွာင့္ေႏွးသြားလိမ့္မည္။
ဤလက္ဆက္ပြဲျမန္ျမန္ေအာင္ျမင္မွ သားေတာ္ဟာ
မင္းတစ္ပါးျဖစ္လိမ့္မယ္ဆိုတဲ့ေဟာကိန္းေတြကို
အလြန္အကၽြံယုံၾကည္ခဲ့သူသည္ အနည္းငယ္မၽွအတိမ္း
အေစာင္းမခံနိုင္ခဲ့ပါ။ သားေတာ္ေလးရဲ့ဘဝကံၾကမၼာ
တစ္ခုလုံးကိုဖ်က္ဆီးမယ့္သူဆိုတာလည္းေဟာကိန္း
ေတြမွာရွိေနေသးတာေၾကာင့္ ေဗဒင္နကၡတ္ေတြနဲ႔
ဤမင္းသမီးဟာအလြန္သင့္ေလၽွာ္ေနခဲ့တာရယ္ႏွင့္
ပုံေသနည္းတစ္ခုမွာမင္းသားဟာ မင္းသမီးအေပၚ
ေမတၱာရွိကိုရွိရမည္ဆိုတဲ့စည္းမ်ဥ္း။

မင္းမ်ိဳးမင္းႏြယ္ေတြမို႔ အနာဂါတ္ မင္းတစ္ပါးနဲ႔
မိဖုရား မၾကင္နာပါဘူး မခ်စ္ခင္ပါဘူး မတည့္ျပဳၾကပါဘူးဆိုတဲ့သတင္းသည္ အဲ့ဒီအခ်ိန္အခါကအလြန္ဆိုးဝါး
လြန္းေသာျဖစ္ပုံျဖစ္ရပ္။ မခ်စ္ခင္လည္းခ်စ္ကိုခ်စ္ရမည္။မဟုတ္ဘူး မခ်စ္ဘူးဆိုတာမရွိကိုမရွိရဘူးဆိုတဲ့
စည္းကမ္းေတြ။ ပိုဆိုးသည္ကမင္းသမီးနဲ႔လက္ဆက္တာထက္သားေတာ္ ကံၾကမၼာတစ္ခုခုလြဲေခ်ာ္မွာကိုပဲစိုးရိမ္
လြန္သူဟာ ခ်က္ခ်င္း အိမ္ေရွ႕မင္းသားဆီ ႂကြခ်ီခဲ့သည္။

တစ္ေန႔ေပါ့...။

" လွံပစ္တာက မခက္ဘူး မင္းသားစိတ္ဝင္စားမွုေတြ
မရွိေနတာကခက္ေနတာ..."

စစ္တိုက္ျခင္းနဲ႔ပတ္သတ္ေသာအယူအဆမ်ားကို
သင္ယူေနပါတယ္ဟုေခါင္းစဥ္တပ္ကာကိုယ္ရံေတာ္
ႀကီးနဲ႔မင္းသားေလးသည္လွံတစ္ေခ်ာင္းကိုအတူတူ
ကိုင္ထားလၽွက္အလြန္နီးကပ္စြာရွိေနသည္။

"ပစ္ခ်င္သလိုပစ္ရင္ ထိခ်င္တဲ့ေနရာကိုထိလိမ့္မွာ"

မင္းသားေလး၏ေနာက္ဘက္မွကာကြယ္ရပ္ေနကာ
ဩရွရွျဖင့္ထိုအသံသည္ ဆူပူေနရင္ပို၍ၾကားလို႔
ေကာင္းပါ၏။

"ကိုယ္ရံေတာ္က လွံပစ္ကၽြမ္းတယ္ဆိုၿပီး
တစ္ဖက္သားအေပၚအထင္တေသးရွိေနတာပဲ..."

"တတ္ေစခ်င္တယ္...အႏုပညာမွာေျပာင္ေျမာက္သလို
စစ္ေရးစစ္ရာမွာလည္း မင္းကိုထူးခၽြန္ေစခ်င္တယ္"

လူေတြကပါရမီေတြနဲ႔ေမြးဖြားလာခဲ့ၾကတာမလား။
အိမ္ေရွ႕မင္းသားေလးကစစ္ေရးကိုမေလ့လာခဲ့တာမ်ိဳး
ေတာ့မဟုတ္မင္းသားတစ္ပါးအေနနဲ႔တတ္ရမယ့္အရာ
ေတြတတ္ေပမယ့္ လုံေလာက္မွုမရွိခဲ့။ဝါသနာထုံရာကိုပဲ
အားသန္ခဲ့တာမို႔ စစ္ေရးဘာသာတြင္အနည္းငယ္ညံ့ခဲ့
သည္။

"ဓားေတြ လွံေတြ ကိုင္ရတာ မႏွစ္သက္လို႔ပါ
မျဖစ္သင့္ဘူး ေပ်ာ့ညံ့တယ္လို႔ စြပ္စြဲလို႔ရေပမယ့္
ကိုယ္ရံေတာ္ေလာက္ႀကီးေတာ့ ဒီဘဝ မတတ္ေျမာက္
ေလာက္ေတာ့ဘူး...ေသခ်ာေနတယ္..."

ေခါင္းေလးငဲ့ကာ သူမလုပ္နိုင္တာမို႔ သိပ္ဖိအားမေပး
ပါနဲ႔ ဆိုတဲ့စကားကို မ်က္ဝန္းလွလွေလးေတြနဲ႔
သနားစဖြယ္ျပဳမူသည္။

"မျဖစ္ဘူး မတတ္ေျမာက္လို႔..."

"ျဖစ္ပါတယ္ ကိုယ္ရံေတာ္ႀကီးတစ္သက္လုံးအနားမွာ
ရွိေနမွာပဲကို..."

လွည့္ၾကည့္လာသည့္
အရည္လဲ့ေနေသာမ်က္ဝန္းေလးေတြမွာဘဝအဆုံးအထိ
အတူတူရွိၾကမယ့္ယုံၾကည္ျခင္းေတြ။ခ်စ္စရာေပါ့ေလၽွာ့
မွုေလးေတြ။ဘာေၾကာင့္ေပါ့ေလၽွာ့ရသလဲ
ဒီလူကို သိပ္အားကိုးယုံၾကည္ေနလို႔ ဆိုတဲ့အေျဖေတြ။

ခ်စ္စဖြယ္အားကိုးယုံၾကည္မွု
ႏုႏုေထြးေထြးေလးကိုကာကြယ္ျခင္းကအသက္မို႔
စစ္ေရးေတြကိုထပ္ဖိအားေပးဖို႔မေျပာခဲ့ေတာ့ဘူး။
သိပ္ကိုအလိုလိုက္ခ်င္စရာေလး။

"ပစ္ခ်င္သလိုသာပစ္ေတာ့......"

"ထိခ်င္တဲ့ေနရာေတြထိရင္ ကိုယ္ရံေတာ္ႀကီး
ေျဖရွင္းလိုက္...."

"ေကာင္းၿပီ..."

သာယာေသာေန႔ခင္းေန႔လည္ေလးသည္
စစ္ေရးသင္ေနေသာမင္းသားေလးနဲ႔စစ္သူႀကီးႏွင့္
ျမင္ကြင္းသည္ရိုးရွင္းစြာပါပဲ။စကားေျပာေနဟန္
သည္ သူတို႔၂ေယာက္ကေလးဘဝထဲကတတြဲတြဲမို႔
အထူးတလည္မျဖစ္ေနခဲ့ၾကပါ။

မင္းသားေလးသည္မ်က္ဝန္းေလးေတြမွိတ္က်တဲ့အထိ
ရယ္ေမာကာ စိတ္ၾကည္လင္ေနပုံရသည္။
ရယ္သံရႊင္ရႊင္ေလးေတြနဲ႔လန္းဆန္းေနဟန္ကိုခပ္ေဝးေဝး
ကအမွုထမ္းတြင္မသိမသာခိုးၾကည့္ခစားၾကျခင္းကို
စစ္သူႀကီးက အတိအက်သိနိုင္ေသာမ်က္ဝန္းေတြလည္း
ပိုင္ဆိုင္ခဲ့သူျဖစ္ခဲ့၏။

စစ္သူႀကီး၏မ်က္ႏွာေတာ္သည္ခ်က္ခ်င္းခပ္တင္းတင္း
ျဖစ္သြားခဲ့သည္။အားလုံးသည္ဘာမ်ားမွားယြင္းသြား
ခဲ့လို႔လဲေတြးမိၾကကာ ေခါင္းေတြကိုယ္စီငုံ႔သြားၾကသည္။

ခႏၶာကိုယ္တစ္ခုလုံး ဘဝတစ္ခုလုံး အရာရာ
ကို တစ္ပါးသူလက္ထဲကို မျဖစ္မေနထည့္ကိုေပးရ
ေတာ့မယ့္အခ်ိိန္။ေသခ်ာေပါက္တစ္ပါးသူပိုင္ဆိုင္
ရေတာ့မယ့္ရင္ခြင္ထဲက အသဲစိုင္ေလး။

လက္ဖဝါးေသးေသးေလးတစ္ဖက္ကိုမရဲတရဲ
ထိေတြ႕ခဲ့ရတာကဂိတ္ဆုံးေသာနီးစပ္မွု....။
အရာခပ္သိမ္း အကုန္ေပးလိုက္ရေတာ့မွာေသခ်ာ
ေနလည္းစစ္သူႀကီးကအျပဳံးေလးေတြကိုေတာ့
တြန့္တိုေနတုန္းပဲ။ စူးရွရွမ်က္ဝန္းေတြနဲ႔တစ္ေယာက္
ခ်င္းစီကိုလိုက္ၾကည့္ကာ လွံနဲ႔လွမ္းပစ္သတ္ေတာ့မယ့္
အတိုင္း။

အျပဳံးေလးေတြ ရယ္သံေလးေတြကို..ဒီေလာက္အထိ။
တျခားေသာ အရာေတြအေပၚမွာေရာ မေတြးရဲ
မေရးရဲခဲ့ပါဘူး။ စစ္သူႀကီး ရဲ့ႏွလုံးသားထဲကို
မဝင္ရဲဘူး။ ဒါက အျဖစ္အပ်က္တစ္ခုကိုေျပာျပ႐ုံ။
သူဘယ္လိုေတြေတြးၿပီး ဘယ္လိုေတြေနသာေအာင္
အသက္ရွင္ေနလဲ သူပဲသိလိမ့္မည္။
စာေရးသူအတြက္ခံစားခ်က္အေသးစိတ္
မ်ားကိုေရးျပလိုက္ဖို႔အေၾကာက္ဆုံးဇာတ္ေကာင္တစ္ခု
ျဖစ္လာခဲ့သည္။

"မျပဳံးမရယ္ေတာ့နဲ႔ စစ္ေရးသင္ၾကားျခင္း
အေပၚအာ႐ုံေပါ့ေလၽွာ့ေစတယ္..."

ဩရွရွအသံတြင္ေပ်ာ္ဝင္ေနေသာအေငြ႕အသက္ေတြ
သည္မင္းသားေလးကိုပို၍ျပဳံးသြားေစကာ
ကိုယ္ရံေတာ္ကို တစ္ခါျပန္လွည့္ၾကည့္လာေတာ့
ေနပူတာမို႔ပါးကေလးေတြကရဲရဲေလးျဖစ္ေနသည္။
ျပဳံးျပဳံးေလးၾကည့္ေနတဲ့အခါ လိုက္မျပဳံးဘဲမေနနိုင္
ေတာ့..ကိုယ္ရံေတာ္ႀကီးလည္း မပြင့္တပြင့္ျပဳံးလာသည္။

"အျပဳံးအရယ္မ်ားသိပ္ရွားလြန္းတာပဲ...
သိပ္ခန့္ညားရဲ့သားနဲ႔.....မ်ားမ်ားျပဳံးရယ္ပါ.."

"ငါျပဳံးရယ္မယ္...မင္းေတာ့ မျပဳံးနဲ႔ေတာ့..."

"အမိန့္ေတာ္အတိုင္းပါ...."

ၿပိဳင္တူျပဳံးရယ္မိေသာ အခ်ိန္စကၠန့္ေလးေတြသည္
အလြန္ေအးခ်မ္းေနရင္း မင္း ႂကြခ်ီလာသည္ဟူ
ေသာ အသံခပ္က်ယ္က်ယ္ေၾကာင့္ ကိုယ္ရံေတာ္သည္
မင္းသားအနားမွခ်က္ခ်င္းဆိုသလိုခြါလိုက္ကာ
ႂကြခ်ီလာေသာ မင္း အား အရိုအေသျပဳသည္။

"ခမည္းေတာ္ ဘာအေရးကိစၥမ်ားရွိလို႔လဲ..."

႐ုတ္တရက္ႀကီးႂကြခ်ီလာတာေၾကာင့္အားလုံး
လည္းတအံ့တဩ။အိမ္ေရွ႕စံနန္းေဆာင္ထဲ
ဆက္လက္ထြက္ခြါကာ မင္းႏွင့္ အိမ္ေရွ႕မင္းသားတို႔
စကားတခ်ိဳ႕ေျပာခဲ့ၾကသည္။

"တိုင္းျပည္အုပ္ခ်ဴပ္မင္းလုပ္ရမွာ...ေသးသိမ္
ကေလးဆန္လြန္းတဲ့အေတြးအေခၚအျပဳေတြကိုရပ္ၿပီး
မင္းသမီး အေပၚ ဒီေန႔ကစၾကင္နာေနတယ္ဆိုတဲ့
ဂုဏ္သတင္းကိုပဲ ၾကားခ်င္တယ္...."

"မင္းသမီးက ဤအင္ပါယာမွာအလွဆုံးေသာပန္းတစ္ပြင့္
ပါ လိုခ်င္တက္မက္ေသာနန္းမ်ိဳးနန္းႏြယ္ေတြတိုင္းျပည္အရပ္ရပ္မွာေပါမ်ားလြန္းေနတဲ့ဟာ အိမ္ေရွ႕မင္းသား
တစ္ခုခုမ်ား မွားယြင္းေနသလား...."

"သားေတာ္ရဲ့ စိတ္ခံစားခ်က္ စိတ္ဆႏၵ တစ္ခုခုကိုေတာင္
အနည္းမၽွမေမးျမန္းမတိုင္ပင္ခဲ့ဘဲ မင္း အာဏာနဲ႔
စိတ္ရွိသလို လက္ဆက္ပြဲကိုစီစဥ္ခဲ့တယ္..ျငင္းဆန္မွု
တစ္ခုေတာင္မရွိပါပဲ ေအးေအးလူလူလက္ခံျပင္ဆင္
ခြင့္ေပးတာနဲ႔တင္မလုံေလာက္ခဲ့ဘူးလား ခမည္းေတာ္"

"မလုံေလာက္ဘူး...သိပ္႐ုပ္ဆိုးအက်ည္းတန္ေနတယ္
အစဥ္အဆက္ ခ်စ္ျခင္းတရားေတြနဲ႔ တည္ေဆာက္ထား
တဲ့နန္းဆက္တိုင္းဟာ တိုင္းျပည္ရဲ့က်က္သေရပဲ
မင္းသားက်မွတစ္ဖက္နိုင္ငံကအထင္အျမင္က်ဥ္းေျမာင္း
ၾကရေအာင္ ရိုင္းစိုင္းေနတာ"

"မင္းသမီး ကိုေျပာဆိုခဲ့တဲ့စကားေတြထဲအရိုင္းအစိုင္း
စကားလုံးတစ္ခြန္းတေလမၽွေတာင္မပါဘူး
ခင္မင္႐ုံထက္မပိုတဲ့စိတ္ခံစားခ်က္မွာ ဟန္ေဆာင္ပန္
ေဆာင္ပိုကဲ ၾကင္နာမျပခ်င္တာပဲရွိခဲ့တာ
ဘယ္လိုနည္းနဲ႔မွ မလုပ္ျပနိုင္ဘူး....."

"ဘာေၾကာင့္လဲ.....ဘယ္တိုင္းျပည္ကဘယ္မင္းသမီးကို
ဆို စိတ္တိုင္းက် ခ်စ္ခင္ၾကင္နာနိုင္မလဲ ခုေရြးခ်ယ္
လိုက္အိမ္ေရွ႕မင္းသား...ဘယ္ပန္းပြင့္ကိုမဆို
ခူးဆြတ္ေပးနိုင္တယ္..."

"ဘယ္ပန္းပြင့္ကိုမွမခူးဆြတ္ခ်င္ဘူး..."

"လူတစ္ေယာက္ရဲ့ေမတၱာပန္းဟာဘဝမွာတစ္ႀကိမ္မွာ
တစ္ခါေတာ့ပြင့္လန္းတတ္ၾကတယ္...
ဘယ္ပန္းပြင့္အတြက္မွမဟုတ္ဘူးဆိုရင္ အိမ္ေရွ႕မင္းသား
ရဲ့ေမတၱာကဘယ္သူ႔ကိုေပးဖို႔အတြက္လဲ..."

အင္ပါယာတစ္ခုလုံးကအေမႊးဆုံးေသာျဖစ္တည္မွု
ေတြကိုေတာင္တန္းျငင္းကာ အရွင္းအျပတ္ျဖစ္ေနေသာ
အိမ္ေရွ႕မင္းသားေလး၏မ်က္ႏွာကို ဖခင္ပီပီဖတ္လိုက္
ေတာ့ ဖုံးကြယ္ထားေသာတစ္ခုခုကိုေတြ႕လိုက္ရသည္။
မိဘႏွင့္သားသမီး တေသြးထဲတသားထဲမို႔ မသိမသာ
လႊဲသြားေသာမ်က္ဝန္းေတြမွာ မင္းတစ္ပါး မျဖစ္လာနိုင္တဲ့
ကံၾကမၼာရဲ့အေျဖရွိေနၿပီမွန္းသိလိုက္ရကာမင္းသားေလး
၏မ်က္ဝန္းေတြကိုအတင္းအက်ပ္လိုက္ဆုံခဲ့ေသာ္ျငား
မင္းသားေလးက မဆုံေတြ႕ေတာ့။

ဘာတစ္ခုမွျပန္မေျဖခဲ့ေသာ သားေတာ္အားျပည့္ရွင္
မင္းကဘာမွထပ္မေမးေတာ့။သူယုံၾကည္ရေသာ
သူလၽွိုတစ္ေယာက္အားမင္းသားနားလၽွိုဝွက္ကပ္ေန
ရန္ခ်က္ခ်င္းစီစဥ္သည္။စစ္သူႀကီးရွိေနခဲ့တယ္ဆိုေပမယ့္
ဘယ္လိုေၾကာင့္မွန္းမသိ တကယ့္ကိစၥေတြမွာသူ႔ရဲ့လူ
မဟုတ္ မင္းသားရဲ့လူသာျဖစ္လိမ့္မည္ဟုႀကိဳေတြးျမင္
ေနသည္။ ငယ္စဥ္ကတည္းက အတူတူဘဝေတြျဖစ္တာမို႔
စစ္သူႀကီး သစၥာပိုေစာင့္သိမယ့္လူဟာမင္းသားပဲ။
တစ္ခုခုအားမသကၤာ၍ေမးျမန္းခဲ့ေတာင္မင္းသားကႏွုတ္
ပိတ္ထားလၽွင္ စစ္သူႀကီးကေသရမယ္ဆိုေတာင္
ေျပာမယ့္လူမဟုတ္မွန္းသူသိေနသည္။

ျပည့္ရွင္မင္း ေတြးခဲ့တာက မင္းသားဟာ မင္းသမီးမဟုတ္
တဲ့ လက္မခံနိုင္စရာ မ်ိဳးႏြယ္နိမ့္ထဲက မိန္းမပ်ိဳတစ္
ေယာက္ေယာက္နဲ႔မ်ား တစ္ခုခုကိုဖုံးကြယ္
ထားတာေသခ်ာေနတာမို႔ သူလၽွိုသည္ အနီးဆုံးတြင္
ရွိသြားခဲ့သည္။

..........................................

Bạn đang đọc truyện trên: AzTruyen.Top