🤎1995🤎
(ဤဇာတ်လမ်းတိုလေးသည်စာရေးသူ၏စိတ်ကူးစိတ်
သန်းမျှသာဖြစ်သည်)
(ခေါတ်အခါရဲ့ပြောဆိုဟန်တွေအဆင်မပြေခဲ့သည်ရှိသော်ကြိုတင်တောင်းပန်ပါလျှက်)
.........။
🤎1995🤎
ကမ္ဘာပေါ်မှာပုံပြင်လေးတွေ....လွမ်းမောဖွယ်ဒဏ္ဍာရီလေး
တွေပုံစံမျိုးစုံနဲ့အများကြီးရှိတတ်ကြတယ်။
ထည်ဝါလွန်းတဲ့သမိုင်းကြောင်းတွေအလွန်လှပပြီး လွမ်း
ရိပ်တွေပျော်ဝင်နေတဲ့နယ်မြေတစ်ခုမှာလည်းပုံပြင်ငယ်
လေးတစ်ခုရှိခဲ့တယ်။
"ပြန်လာခဲ့မယ်....မကြာငြောင်းစေရပါဘူး...
သေချာပေါက်ပြန်လာမှာမလို့ ကတိပါ..."
"စောင့်နေမှာ....ကတိမပေးတောင်သေချာပေါက်
ပြန်လာမယ့် သူမို့ စောင့်နေပါတယ်...
မင်းမရှိရင်....မဖြစ်ခဲ့ဘူး...."
အမရာဒေဝီ....။
...........
2022။ပုဂံမြို့။
"ရာသီဥတုကပူလိုက်တာဗျာ...ကျွန်တော်ခြေကုန်
လက်ပန်းကျလာပြီ..စိတ်တွေထဲအဆင်မပြေတော့ဘူး
Hyung..."
"မင်းပဲလာချင်တာလေ...ရော့ရေသောက်
ဟိုနားကအရိပ်အောက်မှာခဏသွားထိုင်နေ..."
အအေးပိုင်းနိုင်ငံကကိုရီးယားလူမျိုးစစ်စစ်မို့
မြန်မာနိုင်ငံအလယ်ပိုင်းက အပူဆုံးဒေသရဲ့
အပူရှိန်သည် ဖောင်းကားနေသောပါးနှစ်ဖက်ကို
နီရဲလာစေကာပေါက်ထွက်သွားတော့မလိုဖြစ်နေပြီး
သွေးကြောရဲရဲလေးတွေကိုတောင်မြင်နေရသည်။
အတူတူလာသူငယ်ချင်းဖြစ်သူလက်ညိုးထိုးပြ
ရာနေရာသည် ဒီနယ်မြေ၏ထုထည်အကြီးဆုံး
ဖြစ်သောရှေးဟောင်းစေတီ၏ကြီးမားသောအပင်
ကြီးအောက်ကခုံတန်းလေးတစ်ခုကို.....။
Jimin သည်မြန်မာ့ရိုးရာရုပ်သေးရုပ်လေးတွေနဲ့
သစ်သားခုံတန်းနေရာလေးကိုလှမ်းကြည့်လိုက်သည်။
ပိုမောပန်းသွားသလိုစိတ်ထဲနင့်ခနဲ။
ဒီနယ်မြေကိုက အတိတ်တွေ သမိုင်းတွေ ဇာတ်အိမ်တွေ
နေရာတစ်ခုဆီမှာ ဖြစ်ရပ်တစ်ခုစီနဲ့ဖြစ်တည်နေတာမို့
စေတီပုထိုးဘေး အပင်ကြီးအောက်ကခုံတန်းရိုးရိုး
လေးကလည်း စိတ်ထဲကိုတစ်မျိုးတမည်။
ခုမှမဟုတ်ဘူး....သူစရောက်ထဲကကိုခရီးသွားနေရတယ်
ဆိုတဲ့Feeling ကိုမရနေဘဲ အလွန်အမင်းဝမ်းနည်းနေတာ။
ကျောင်းပိတ်ရက်အပျော်ခရီးအတွက်နေရာရှာ
ရင်း အားလုံးက ဒီထက်ပို ဆန်းပြားတဲ့ဒေသတွေဆီကို
ရွေးချယ်ပေမယ့် ဒီနယ်မြေရဲ့နေဝင်ချ်ိန်ဓာတ်ပုံတစ်ပုံ
ကိုမြင်သည်နှင့် သွားကိုသွားရမယ်ဆိုသောစိတ်အား
ထက်သန်မှုဟာ ချက်ချင်းထွက်လာမိတဲ့အထိ။
ရောက်တော့လည်း ၃ရက်ကြာတဲ့အထိဒီနယ်မြေမှာ
လည်ပတ်ပြီးလည်းမပျော်နေဘဲဘယ်နေရာရောက်ရောက် နေလို့ထိုင်လ်ို့မကောင်းစွာမောပန်းနေသည်။
"ရာသီဥတုဒဏ်မခံနိုင်ရင်လည်းပြန်ရအောင်
မင်းကြည့်ရတာ အိမ်လွမ်းနေပုံပဲ...."
"အိမ်လွမ်းနေတာမဟုတ်ပါဘူး...ကျွန်တော်လွမ်းတော့
လွမ်းနေတယ် ဘာတွေကိုလွမ်းနေမိမှန်းမသိပါဘူး
Hyungရာ သေချာတာတော့အိမ်မဟုတ်ဘူး"
ပူခြစ်ပြီးသူမနေနိုင် မနေတတ်နေလို့ အိမ်ပြန်မယ်
ဆိုလည်းမဟုတ် ရာသီဥတုဒဏ်မခံနိုင်သောကြားကပင်
အားမလျှော့စွာလျှောက်လည်နေသောကောင်လေးသည်
ကျောပိုးအိတ်တစ်လုံးနှင့်ကုတ်ချောင်းချောင်း။
မရတော့တဲ့အဆုံးတော့ အရိပ်ရှိရာဆီကိုတရွေ့ရွေ့
လျှောက်လှမ်းသွားသည်။Joon ကတော့မှတ်တမ်းယူ
စရာတွေလေ့လာစရာတွေရှိနေသေးတာမို့ဘုရားပေါ်
ပြန်တက်ကာ လွန်ခဲ့သောနှစ်ပေါင်းဆီကအဖိုးဖြတ်၍မရ
သောအမွေအနှစ်တွေဆီကိုဦးတည်လိုက်သည်။
သစ်ပင်ကြီးအောက်ကနေရာခုံတန်းမှာJiminမောပန်းစွာ
ထိုင်လိုက်သည်။ထိုင်လိုက်သည်နှင့်တစ်ချက်ဝှေ့သွား
သောလေပြေဟာ အပူပိုင်းနယ်မြေကြားကအေးစက်စက်။
ခြေထောက်နားဖုန်တချို့နဲ့အတူသစ်ရွက်လေးတွေပါ
လာထိကပ်လာသည်။
ထိုင်နေရင်းနေဝင်ချိန်မို့တနေကုန်လျှောက်
သွားထားတာမို့ပို၍မောပန်းလာတာလားမသိ။
အမောပြေရန်ထိုင်လိုက်ခါမှပဲ အသက်ရှုတွေပိုကျပ်လာ
သည်။
ချက်ချင်းဆိုသလို
အငွေ့အသက်တွေဟာ ဘေးမှာဘုရားဖူးတွေသွား
လာလှုပ်ရှားသူတွေအများအပြားရှိနေတဲ့ကြားက
နေတစ်ယောက်ထဲဖြစ်လာသလို...ဒီနယ်မြေကိုစရောက်
ထဲက မူမမှန်နေသောခံစားမှုတွေကိုအချိန်တိုင်းခံစားနေ
ရတာ ဒီနေရာမှာတော့အဆိုးဆုံးဖြစ်ပါလိမ့်မည်။
ချက်ချင်းပြန်ထကာ NamJoon Hyungဆီပြေးသွား
ဖ်ို့ကြိုးစားလိုက်ပေမယ့် ထလို့မရခဲ့။
အသိစိတ်ကထပြေးချင်နေပေမယ့်မသ်ိစိတ်သည်
ထခွင့်မပေးခဲ့ပါ။ သူထိုင်ကိုထိုင်နေရမယ့်နေရာတစ်ခု
လို ဒီနေရာမှာ ထိုင်ဖို့ပဲ သူဟာဖြစ်တည်လာသလို
နားမလည်နိုင်သော စိတ်ခံစားချက်တွေအများကြီး
တိုးဝင်လာကာ ငိုချင်လာသည်။
ကြိတ်မှိတ်၍တောင်မဟုတ်...လူးလိမ့်ပြီးကိုအော်ငို
ချင်လာသည်။ထိုင်နေရင်းနဲ့နီရဲတက်လာသော
မျက်အိမ်တွေသည်မျက်ရည်တွေရစ်သိုင်းလာရင်း
မနက်ဖြန်ဆို အိမ်ပြန်တော့မည်။ထို့ကြောင့်ဒီနေရာ
ကနောက်ဆုံးလာလည်ပတ်သောနေရာ။
ပုဂံမြို့ရဲ့နေဝင်ချိန်ကိုတောင်ကုန်းလေးပေါ်ကလှမ်းကြည့်
၍အလှဆုံးနေရာ။
လက်ဖျားလေးတွေတုန်ရီလာလျှက်NamJoon
ပေးလိုက်သောရေဘူးကိုဖွင့်သောက်လိုက်သည်။
မကူနိုင်မကယ်နိုင်နေဝင်ချိန်ရဲ့ဝမ်းနည်းပက်
လက်ဆွေးမြေ့လာမှုမှာ အကြောင်းအရင်းမသိ။
ခေါင်းစဉ်လည်းမရှိ။
ကြောက်စိတ်တွေလည်းဝင်လာကာလူတွေက
တော့ပုံမှန်သွားလာရယ်မောနေကြပေမယ့်Jimin
တစ်ယောက်ထဲများစွာသော လေးလံမှုများနဲ့
စိတ်၏ဆောင်ရာ ရှေးဟောင်းစေတီတော်ကိုတစ်ချက်
လှည့်ကြည့်လိုက်ချ်ိန် ခေါင်းထဲအရိပ်ပေါင်များစွာ
ဖြတ်သန်းကုန်ကာ ချွေးတွေပြန်လာခဲ့သည်။
အလွန်ပင်ပန်းနေပြီးမောပန်းလွန်းတာကြောင့်
ဂယောက်ဂယက်ဖြစ်တာဟုသတ်မှတ်လိုက်ကာ
ခုံတန်းပေါ်ခြေထောက်လေးတွေတင်လျှက်သစ်ပင်
ကြီးကိုမှီလိုက်ကာ မျက်လုံးလေးတွေမှိတ်ပြီး
ခဏစိတ်ငြိမ်မှုယူရန်စဉ်းစားလိုက်သည်။
အဆင်မပြေနေပါ။ သူထလည်းထွက်မသွားခဲ့ပါ။
ရသလောက်ကပ်တွယ်ကာ ပုဂံမြို့ရဲ့ထုထည်အကြီးဆုံး
ရှေးဟောင်းစေတီနားကအရိပ်တစ်ခုအောက်
ကွေးကွေးလေးမှီတွယ်နေသော နိုင်ငံခြားသားလေး။
မျက်လုံးတွေမှိတ်ချလိုက်သည်နှင့် ခြေထောက်နားက
လေပြေတစ်ချက်ထပ်ဝှေ့သွားကာသစ်ရွက်ခြောက်လေး
တွေအဝေးကြီးကိုလွှင့်ပျံ့သွားကြတော့သည်။
မျက်လုံးမှ်ိတ်ချလိုက်သည်နှင့်အိပ်စက်ခြင်းဆီ
ကိုရောက်သွားခဲ့ကာငြိမ်သက်သွားလျှက်။
မကြာပါ ပါးပေါ်ဖြတ်စီးလာသောမျက်ရည်စီးကြောင်း
တစ်ခုသည် Jimin အိပ်ပျော်သွားခဲ့တာမဟုတ်ဘဲ
စာအုပ်အထူကြီးထဲ စာမျက်နှာတချို့ဆီကိုပြုတ်ကျ
သွားခဲ့ပုံရပါသည်။
အချိန်တွေသည် လျှင်မြန်စွာနောက်ပြန်ဆုတ်သွားခဲ့
တော့သည်။
.....................။
ပုဂံခေါတ်။
ကိုယ့်ထီးကိုယ့်နန်းနဲ့ထည်ဝါစွာနေတတ်ခဲ့သောသမိုင်း
ကြောင်းတွေနဲ့ ခမ်းနားလှသောပုဂံပြည်၏နန်းတော်
ကြီးသည်ရွှေရောင်တောက်ပနေသည်။
လက်ရှိအုပ်ချူပ်နေသောမင်းသည် ပုလ္လင်ပေါ်တွင်
ရှိနေပြီး တစ်စုံတခုကိုစိတ်ကျေနပ်ပျော်ရွှင်နေဟန်။
"စစ်ပွဲတိုင်းကို အနိုင်ရခဲ့တာဟာ စစ်သူကြီးရဲ့
အရည်အချင်းတွေအပေါ်အများကြီးသက်ရောက်ပါတယ်
ဂုဏ်ယူချီးကျူးမိပါတယ်..."
စစ်သူကြီး။ ပုဂံပြည်မင်းရဲ့ ညာလက်ရုံးတော်။
ဂုဏ်သိက္ခာအရာ လက်ရုံးရည်နေရာ
ဥာဏ်ပညာအရာ စစ်မက်ရေးရာ အရာအားလုံးမှာ
အားနည်းချက်မရှိခဲ့သူဖြစ်သည်။
အရာအားလုံးထက်ပိုထင်ရှားခဲ့တာကပြိုင်ဘက်ကင်း
သောရုပ်ရည်ပင်ဖြစ်သည်။
တိကျသေချာအစိတ်အပိုင်းဖွဲ့စည်းမှုတွေနဲ့အဲ့ဒီခေါတ်အခါက ပျိုတိုင်းရဲ့နှလုံးသားတွေကိုလှုပ်ခါစေတတ်လွန်း
သူပေါ့။ မင်းရဲ့ ဂုဏ်သတင်းထက် စစ်သူကြီးရဲ့
ဂုဏ်သတင်းက ပို၍မွှေးပျံ့နေခဲ့တာလည်းဆန်းကြယ်ရာ။
လက်ရှိအချိန်မှာ ပြည်ထောင်မင်းက လှိုက်လှိုက်လှဲလှဲ
ဂုဏ်ပြုစကားမျိုးပြောနေပေမယ့် အေးစက်စက်မျက်နှာ
သည် အရင်ကလည်းအနေတည်တတ်တာ
မှန်ပေမယ့် ဒီညမှာပို၍တင်းမာနေသည့်ဘက်ကိုရောက်
နေသည်။
"အောင်မြင်မှုတွေနဲ့ပတ်သတ်ပြီးတစ်ခုခုစိတ်မတင်
မကျဖြစ်စရာများရှိလို့လား စစ်သူကြီး..."
"မရှိပါဘူး...."
"တောင်းဆိုထားသလိုပါပဲ...စစ်သူကြီးအရာက
အနားယူပြီး မင်းသား ကိုယ်ရံတော်တပ်မှူးပြန်လုပ်ပါ အရေးကြုံလာရင်တော့ ပြည်အရေး
ပါဝင်တော့ပေးရမယ်..."
အစထဲက အိမ်ရှေ့မင်းသားလေးကိုယ်ရံတော်တပ်မှူးတာဝန်ထမ်းဆောင်ခဲ့သူသည် တော်လွန်းတာမို့စစ်သူကြီး
နေရာအထိရောက်ခဲ့သူဖြစ်သည်။အရေးကြီးစစ်ပွဲ
တွေကိုအနိုင်ယူပြီးနောက် ရာထူးထပ်တိုးမှု
ချီးမြောက်မှုတွေကိုစိတ်မဝင်စားဘဲ သူကိုယ်ရံတော်
ပြန်လုပ်ဖို့သာတောင်းဆိုပြီး ဒီစစ်ပွဲကိုအန်ိုင်ပိုင်းခဲ့ခြင်း။
"အမိန့်တော်အတိုင်းပါ...."
"နောက်ထပ်ပြီးမင်းသားလေးရဲ့...လက်ဆက်မင်္ဂလာ
အတွက်စီစဉ်ဆွေးနွေးရမယ့်အချိန်ရောက်ပြီပဲ..."
ညီလာခံရဲ့အဓိကကိစ္စသည် စစ်သူကြီးစစ်နိုင်လာတာ
မဟုတ်။စစ်နိုင်ပြီး နန်းတော်ထဲပြန်ဝင်သည့်ဒီနေ့တွင်
အရွယ်ရောက်ပြီးမင်းသားလေးနဲ့လက်ဆက်ရမည့်
တစ်ဖက်ပြည်က ချစ်ကြည်ရေးအနေနဲ့
ဆက်သလိုက်သည့်ရွှေအဆင်းလို
မင်းသမီးလေးတစ်ပါးတို့အချင်းအရာဖြစ်၏။
"မင်းသားရဲ့လက်ဆက်ပွဲကိုနေ့နံ့နက္ခတ် အကောင်းဆုံးတွေကိုရွေးချယ်ပြီးအမြန်ဆုံးဖြစ်မြောက်စေမယ်...မကြာတဲ့အချိန်မှာထီးနန်းလွှဲပေးပြီး မင်းတစ်ပါးအဖြစ်ဆက်
အုပ်ချုပ်စေမယ်...."
မင်းက အိမ်ရှေ့မင်းသားလေးလက်ဆက်ပွဲအတွက်
လိုအပ်သည်များ လိုချင်သည်များကိုတစ်ခုချင်း
အတိအကျမူးမတ်များနှင့်တိုင်ပင်ဆွေးနွေးနေခြင်းသည်
နာရီချီစွာကြာခဲ့သည်။
အိမ်ရှေ့မင်းသားလက်ဆက်မင်္ဂလာသည်စစ်သူကြီးရဲ့
အခန်းကဏ္ဍမဟုတ်ဆိုင်လည်းမဆိုင်၍နှုတ်ဆိတ်စွာ
မတ်တပ်ငြိမ်ငြိမ်ရပ်နေခဲ့သူ၏မျက်နှာသည်ပို၍ပို၍
အေးစက်လာပုံကို ဘယ်သူကမှသတိမထားမိခဲ့။
ညီလာခံပြီးသွားတဲ့အခါ စစ်သူကြီးသည်အရင်ဆုံး
ပြန်ထွက်သွားခဲ့ပြီး ဂုဏ်ယူစကားပြောသူများကို
လည်းတစ်ခွန်းမျှပြန်မတုံ့ပြန်ခဲ့။ကျောက်တုံးလိုနှလုံးသား
ပိုင်ရှင်မို့ သူ့ရဲ့အပြုအမူတွေဟာသိပ်တော့အထူးအဆန်း
မဟုတ်တော့ပါ။
"တော်တော်အေးစက်လွန်းတဲ့သူ..တစ်ခါမှရယ်
မမြင်ဖူးဘူး..."
အလျှင်လိုနေဟန်ဖြင့်ခပ်မြန်မြန်ထွက်ခွါသူ၏
ကျောပြင်အားငေးကြည့်ကာဝေဖန်မှုတွေအထပ်ထပ်။
............
"မင်းသားလေး.....ကိုယ်ရံတော်ကြီးပြန်လာပြီ..."
အိမ်ရှေ့မင်းသားနန်းဆောင်ရှေ့ နန်းတွင်းအမှုထမ်း
တစ်စုနှင့် အားလပ်ချ်ိန်တွေတိုင်းပန်းချီဆွဲတတ်သော
မင်းသားလေးသည် အယုံကြည်ရဆုံး နန်းတွင်းသူ
လေး၏ အားရဝမ်းသာစကားဆိုဟန်တွင်ချက်ချင်းဆို
သလိုလှမ်းကြည့်လိုက်သည်။
အဝေးကလာနေတာတောင်ပြီးပြည့်စုံသောကိုယ်နေဟန်
ထား...ပြင်းရှသောမျက်ဝန်းတွေနဲ့တစ်လှမ်းချင်းလှမ်း
လာသူ၏ တန်ခိုးအရှိန်အဝါသည် အိမ်ရှေ့မင်းသားလေး
၏နှုတ်ခမ်းဖူးဖူးလေးတွေကိုချက်ချင်းကွေးညွှတ်
သွားစေသည်။ ထပြေးသွားကြိုဖို့ပြင်ဆင်ခဲ့ပေမယ့်
နန်းတွင်းသူလေးက ပြန်ဆွဲထားခဲ့သည်။
"သူလာပါလိမ့်မယ်...လူတွေ လူတွေအများကြီးပဲ
လေ...မင်းသားလေး..."
"မေ့..သွား..တယ်.."
အနုပညာသည်လေး...။ဘယ်ကံကြမ္မာမှားယွင်းမှုကြောင့်
အိမ်ရှေ့မင်းသားရယ်လို့မွေးဖွားလာသလဲမသိပေမယ့်
မင်းသားလေးသည်ထီးနန်းအတွက်မဟုတ်ဘဲ
စာပေအနုပညာအတွက်မွေးဖွားလာခဲ့သလ်ို
နူးညံ့လှပသောပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည်။
ခုလည်း ပုဂံပြည်၏ ရှူခင်းတစ်ခုဆွဲနေသော
ပန်းချီကားချပ်သည် အလုံးစုံအတိအကျ။
စစ်သူကြီးသည်ခြေလှမ်းမှန်မှန်လှမ်းလာကာ
မင်းသားလေးရှေ့ရောက်သည်နှင့်ဒူးထောက်ကာ
အရိုအသေတန်းပြုသည်။မင်းသားလေးသည်
စလှမ်းလာစဉ်ထဲကပြုံးနေခဲ့ခြင်းသည် စစ်သူကြီး
ဒူးထောက်သည်အထိမရပ်သေး။
"အခစားဝင်ပါတယ် မင်းသား..."
ဩရှရှအသံသည် နားထဲအမြဲတမ်းလိုလိုအေးစိမ့်စွာ
စီးဆင်းတတ်သည်။အပေါ်စီးမှမြင်နေရသောမျက်တောင်
ရှည်ရှည်တွေနဲ့နှာခေါင်းမြင့်မြင့်တွေသည်မင်းသားလေး
အပြုံးတွေကိုပို၍လင်းလက်လာစေသည်။
"မျှော်နေတာ...."
စစ်သူကြီးကဒူးထောက်နေရာမှမော့ကြည့်လာသည်။
ငယ်ရွယ်စဉ်ကလေးဘဝ ကိုယ်ရံတော်စလုပ်ရထဲက
မော်ကြည့်လေတိုင်း ကြည်လင်ဝင်းပနေတတ်သော
မျက်နှာလေးဟာ သက္ကရာဇ်တွေအဘယ်သို့ပြောင်း
ပြောင်း ဘာတစ်ခုမှမပြောင်းလဲသွား။
"အရာအားလုံးနေသာတယ်မလား..."
စစ်သူကြီး၏မေးခွန်းအားပြုံးပြုံးလေးခေါင်းငြိမ့်ပြသည်။
"စစ်ပွဲအောင်ပန်းဆင်လာနိုင်တယ်ကြားမိတယ်
ဂုဏ်ယူပါတယ်..."
"ဒီစစ်ပွဲန်ိုင်မှ ကိုယ်ရံတော်တပ်မှူးပြန်လုပ်ရမှာမို့မနိုင်နိုင်
အောင်တိုက်လာခဲ့တာ..."
မင်းသားလေးသည် စစ်သူကြီးကိုမကြည့်တော့
စုတ်တံလေးပြန်ကိုင်ကာပန်းချီဆက်ဆွဲဟန်ပြုပြီး
"စစ်သူကြီး တာဝန်ဝတ္တရားတွေကပိုပင်ပန်းလို့လို့
ပွင့်လင်းစွာဝန်ခံလို့ရပါတယ်...အပြစ်မယူပါဘူး"
"ဘယ်တာဝန်က ကျွန်တော့်မျိုးအတွက်အလေးလံ
ဆုံးဆိုတာ မင်းသားသာလျှင်အသိဆုံးပါ..."
လူယုံတော်နန်းတွင်းသူလေးကလွဲကျန်အမှုထမ်းများ
ဟာအလှမ်းဝေးစွာခစားနေကြသည်မို့မကြားရနိုင်
သော်လည်း နန်းတွင်းသူလေးကတော့ကြားနေရသည်။
အန္တရာယ်အလွန်များသောစကားတွေကိုဘယ်
တစ်ယောက်ကမှအကြောက်အလန့်မရှိရဲရဲဆိုနေခြင်း
ကြောင့်ဘေးဘီကိုတစ်ချက်ကြည့်လိုက်ကာ
"ည မီးထွန်းပွဲရှိပါတယ်....မင်းသား....အလွန်စည်ကား
တဲ့ပွဲတော်မို့ လည်ပတ်ချင်ပါသလား..."
နန်းတွင်းသူလေး၏အမေးအားမင်းသားကမဖြေ
စစ်သူကြီးကဝင်ရောက်ဖြေလာသည်။
"လည်ပတ်ရမယ်....တစ်ပြည်လုံးလည်ပတ်ကြမှာပဲ
ကို....ဆုံနေကြနေရာမယ်စောင့်နေမယ်...
ပြောစရာတချို့လည်းရှိနေတယ်..."
အသံတွင် ခံစား၍ရသော စိတ်မသက်သာစရာများ
ပါဝင်နေ၍မင်းသားလေးက ကိုယ်ရံတော်ကြီးအား
ဘာဖြစ်ပြန်တာလဲဆိုတဲ့မျက်နှာငယ်လေးနဲ့
ပြူးပြူးလေးကြည့်နေသည်။
"ပန်းချီဆွဲနေတာဆိုတော့ မနှောက်ယှက်တော့ဘူး
ပြီးဆုံးအောင်ဆက်ဆွဲပါ..ကျွန်တော်မျိုးပြန်လိုက်ပါ
ဦးမယ် မနက်ဖြန်ခါကစ အမှုတော်ပြန်ထမ်းပါ့မယ်"
"ကောင်းပါပြီ ကောင်းပါပြီ သဘောတော်အရှ်ိပါ.."
ဘုရင်ဖြစ်လာမယ့်ဖြစ်တည်မှုလေးတဲ့သူ့အပေါ်
ဘယ်တော့မှ အာဏာမသုံး အမ်ိန့်တွေမဲ့ခဲ့သူ။
ဒူးထောက်နေရတာ ကိုယ်ပေမယ့်
ချစ်စဖွယ် ကိုယ်ပြောဆိုသမျှနာခံခဲ့ရတာကသူ။
အမြဲတမ်းမှာ သဘောတော်အရှိပဲ။
ပြောပြောဆိုဆိုဖြင့် နှုတ်ဆက်ကာထထွက်သွား
သူသည် ချက်ချင်းလက်ငင်းပါပဲ။မင်းသားလေး
သည် ကျောပြင်ကျယ်ကျယ်အားငေးကြည့်နေသည်က
စစ်သူကြီးမြင်ကွင်းကပျောက်ကွယ်သွားတဲ့အထိ။
"စိတ်ဆိုးနေပုံပဲ....ဟုတ်တယ်မလား..."
"သူက အမြဲစိတ်ဆိုးနေတတ်တာပဲလေ..မထူးဆန်းတော့
ပါဘူး မင်းသား"
"ဟုတ်ပါရဲ့....စကားရှည်ရှည်ပြောဖ်ို့တောင်ခက်ခဲလွန်း
တယ်...."
"အမိန့်ပေးပြီး နောက်ဆို အချိန်ကြာကြာစကားခေါ်
ပြောကြည့်ပါလား..."
"နေပါစေ..."
ပန်းချီကားပေါ်စုတ်တံတွေပြန်ရောက်သွားခဲ့သည်။
.............။
"မင်းသားရဲ့ နက္ခတ်က မင်းတစ်ပါးမဖြစ်လာနိုင်ဘူး
လို့ရှေးဖြစ်တွေကဟောတယ်...လူတစ်ယောက်ဟာ
မင်းသားရဲ့ ကံကြမ္မာတွေအားလုံးကိုဖျက်ဆီးပစ်
ဖို့သေချာသလောက်ပဲတဲ့..အဲ့ဒီလူဘယ်သူဆိုတာ
အတိအကျမပြောနိုင်ဘူး...ထွက်ပေါက်ကမင်းသားကို
အမြန်လက်ဆက်ပေးတာကလွဲကျန်တာမရှိခဲ့လို့
ငါကိုယ်တော်တိုင်လည်း ဒီဟောကြားချက်ကိုနားမလည်
လက်မခံနိုင်နေဘူး...မိဖုရား..."
"အရမ်းငယ်ရွယ်လွန်းသေးတာမို့ပါ...."
"မဆိုင်လှပါဘူး....အချိန်တန်ရင် အစီအစဉ်တကျ
ဖြစ်ပေါ်လာမယ့်အရေးကိစ္စတွေပဲ...
ငါ့သားတော်ဟာ သေချာပေါက် မင်းတစ်ပါးဖြစ်ကို
ဖြစ်ရမယ်..."
မှားယွင်းခဲ့သောအတ္တတွေ။ ထိန့်လန့်ဖွယ်ရာရှေးဖြစ်
ဟောပြောချက်တွေဟာ အိမ်ရှေ့မင်းသားတစ်ပါး
အတွက်အထူးတုန်လှုပ်ဖွယ်ရာပဲ။
မင်းတစ်ပါး မဖြစ်လာနိုင်ဘူးဆိုတာ အဘယ်မျှဆိုးဝါး
လိုက်သလဲလေ။
..........
စည်စည်ကားကား ပွဲတော်ညမို့ လူတွေရှုပ်ယှက်ခတ်
လျှက်။ကိုယ်ရံတော်ကြီးသည် ဘုရားတစ်ဆူဘေး
မြေကွက်လပ်တစ်ခုက ထိုင်စရာနေရာလေးတစ်ခု
တွင်ထိုင်နေသည်။မကြာပါ သုတ်တိသုတ်ပြာ
ပြေးလာသော ပုံရိပ်နှစ်ခု။
မင်းသားလေးသည်
တောက်ပပြီးလှပတဲ့အဝတ်အစားတွေနဲ့မဟုတ်ဘဲ
သာမာန်အရပ်သားလိုဝတ်စားလာကာ
သူရုပ်ဖျက်လာခြင်း။ကိုယ်ရံတော်ကြီးလည်း
ပုံမှန်လိုပဲဝတ်ဆင်ထားသည်။
ရောက်သည်နှင့် နန်းတွင်းသူလေးသည် မင်းသားလေး
ကိုထားခဲ့ပြီး ခပ်လှမ်းလှမ်းကိုပြေးသွားသည်။
လသည်ထိန်ထိန်သာနေကာ ညသည်အလွန်
သာယာအေးချမ်းလျှက်။မင်းသားလေးသည်
ခပ်သုတ်သုတ်လျှောက်လာပြီးစစ်သူကြီး၏
ဘေးနားလေးတွင်ဝင်ထိုင်သည်။
"ဘုရားမှာမီးဝင်ပူဇော်နေလို့ နည်းနည်းအချိန်နှောင်းသွားတာကိုယ်ရံတော်ကြီးနဲ့ဆိုရင် လူတွေကြားထဲ
သွားလာဖို့ ခွင့်ပြုချင်မှခွင့်ပြုမှာလေ...."
"ဝင်တိုးလာခဲ့ပြီပဲမလား...."
လရောင်အောက်ပြုံးယဲ့ယဲ့လေးကြည့်လာကာခေါင်း
ငြိမ့်ပြသည်။
"မနေ့က ညီလာခံမှာ လက်ဆက်ဖို့ကိစ္စ စည်းဝေး
တာ မင်းသား သိတယ်မလား..."
ပျက်သွားသောအပြုံးလေးတွေဟာချက်ချင်းပဲ။
ပြိုဆင်းသွားသောမျက်နှာငယ်ဟာဟန်မဆောင်နိုင်ခဲ့။
"သိတယ်.....ဒါပေမယ့် ...ပြောပြချင်တာက"
"ပြောပြစရာမလိုပါဘူး...မင်းသားတစ်ပါးဟာ
မင်းသမီးတစ်ပါးနဲ့လက်ဆက်ပြီး အချိန်တန်
မင်းတစ်ပါးဖြစ်ရမှာ အစီအစဉ်ပဲ ဒီအရေးမှာ
ဘာမှပြောဖ်ို့မရှိဘူး..."
"အနည်းငယ် ဒေါသထွက်နေတာက ကိုယ်တိုင်
သိမ်းယူပေးခဲ့တဲ့ပြည်က မင်းသမီးဖြစ်နေတာပဲ
အဲ့ဒီလိုမှန်းသာသိခဲ့ရင် အဲ့ဒီပြည်ကို နိုင်အောင်
မတိုက်ခဲ့ပါဘူး....တနုံ့နုံ့ပဲ..."
"ကိုယ်ရံတော် ဒေါသကြီးနေတာကို နားလည်ပါတယ်"
"မင်း ကို မဟုတ်ဘူး ငါ့ကိုယ်ငါပါ...ဒါပေမယ့်
နိုင်နိုင်ရှုံးရှုံး တစ်နေ့ဒီလိုပဲဖြစ်လာမှာကျအမှန်တရား
ပဲမလား...."
"ဘာလုပ်ရမှန်းမသိနေလို့ ကိုယ်ရံတော်စစ်သွားတိုက်
နေတဲ့တစ်ချ်ိန်လုံး စာပေတွေပဲလေ့လာနေခဲ့တာ
ပန်းချီတွေပဲဆွဲနေခဲ့တာ...ပျော်ရွှင်မနေပါဘူး
မှန်သောသစ္စာပါ..."
"မင်း ကို အပြစ်တင်နေတာမဟုတ်ဘူးဆို..
ဘဝတစ်လျှောက်လုံးအဆုံးသတ်အထိ
မင်းကောင်းကောင်းမွန်မွန် တည်ရှိသွားရရင်ရပြီ"
လူရယ်လို့စသိထဲက ဓားကိုင်လှံကိုင်နိုင်တဲ့အရွယ်
ရောက်ထဲက ဒီအိမ်ရှေ့မင်းသားဆိုတဲ့ဖြစ်တည်
ခြင်းလေးနားနေထွက်နေဝင်ခစားခဲ့ရတာ။
မှန်ရာသစ္စာ ဘဝတစ်လျှောက်လုံးမျက်နှာ
တစ်ခုကိုပဲ နေ့တိုင်းနေ့တိုင်းခစားရင်းကုန်ဆုံးခဲ့ရတယ်။
အရွယ်ရောက်လာလေလေ ပို၍ဆန်းကြယ်လာလေလေ
ထူးဆန်းခြင်းတွေမှာ ကိုယ်ရံတော်တပ်မှူးဘဝကို
အလွန်အမင်းပျော်မွေ့ခဲ့တယ်။
အရွယ်လုံးဝရောက်လာတဲ့နောက်ရွယ်တူတွေ
ချစ်ခြင်းမေတ္တာမျှကြောင်းသိရတဲ့အခါအမျိုးသမီး
လှလှလေးတွေဆီစိတ်တွေပစ်ပို့ရင်ခုန်ဖို့ပြင်ဆင်ခဲ့သည်။
ဆန်းကြယ်လွန်းစွာ ကာကွယ်နေသောမင်းသားလေး
ကိုထားရစ်ခဲ့ပြီး နန်းတွင်းကနန်းပြင်တောင်မထွက်နိုင်ခဲ့
တာပဲ။ အနားမှာအရိပ်လိုကပ်နေပြီး သူဖန်တီးသမျှ
အနုပညာရပ်တွေကိုထိုင်ကြည့်ရတာကိုပဲနှစ်သက်ခဲ့တယ်။ ချစ်ခြင်းမေတ္တာတွေထက် မေတ္တာမျှဖို့လူရှိရှိ
မရှိရှိ မင်းသားနား မလှမ်းမကမ်းကနေခစားနေရရင်
လုံလောက်ခဲ့တယ်။
မင်းသားလေးက ပို၍ ကျဉ်းမြောင်းလှသောအခြေအနေ
ပဲ။ သူအရွယ်ရောက်ထဲက ကိုယ်ရံတော်ကလွဲ
ဘယ်သူမှမရှိခဲ့ဘူး။နေ့စဉ်ညစဉ်မင်းသားလေးဟာ
လူတစ်ယောက်နဲ့ပဲအမြဲတမ်းသွားလာလှုပ်ရှားခဲ့တယ်။
သူကြည့်ခဲ့တာ သူယုံကြည်ခဲ့တာ သူအားကိုးခဲ့တာ
သူသိခဲ့တာလည်း တစ်ယောက်ထဲပဲ။
အရွယ်တွေရောက်လာလေလေ ဒီဇာတ်လမ်းဟာ
ဒီခေါင်းစဉ်ပါလို့ အိမ်ရှေ့မင်းသားနဲ့ ကိုယ်ရံတော်ရဲ့
ကြားမှာ အတိအကျတပ်ပစ်လိုက်လို့မရပေမယ့်
ပွင့်လင်းဖွင့်ဟရေးဖွဲ့မပြခဲ့ပေမယ့် စစ်သူကြီးက
ကိုယ်ရံတော်ပြန်လုပ်ရဖို့ အမှန်တကယ်အကုန်
အနိုင်ပိုင်းလာခဲ့တာ။
"ကိုယ်ရံတော်ကြီးက အတ္တမဲ့လိုက်တာ..."
"မင်းကို အတ္တ ထားမိရင် ရူးသေရချည်ရဲ့
မင်းက သေချာပေါက် မင်းတစ်ပါးဖြစ်လာရမှာ
ဘေးကနေ လိုအပ်တာမှန်သမျှတိုက်ခိုက်ရယူ
ပေးဖို့က ဒီကတာဝန်ထား..."
ဘာတွေမျှော်လင့် ဘာတွေစီစဉ်လို့ရမယ့်ဘဝတွေမလို့လဲ။
အရာအားလုံးဟာသူ့ဟာသူအစီအစဉ်ကျပြီးသား။
ငယ်စဉ်ထဲက နုနုထွေးထွေး သိပ်ချစ်စရာလေးကို
တစ်ပါးသူလက်ထဲလွယ်လွယ်လေးထည့်ပေးလိုက်ရတော့
မှာနာနေလားမေးရင် နာတယ်ဖြေတော့ရော
ဘာများလုပ်နိုင်တဲ့ကံတရားမလို့။
အမှန်တရားမှာ အိမ်ရှေ့မင်းသားလေးဖြစ်နေတယ်။
ခေတ္ထတော့တိတ်ဆိတ်သွားခဲ့ပြီးကောင်းကင်ပေါ်က
လဝန်းအားအတူတူမော့ကြည့်နေကြသည်။
အချိန်တချ်ို့ထပ်ကြာတဲ့အခါမင်းသားလေးက
စကားတိုးတိုးလေးဆိုလာသည်။
"မင်းတစ်ပါးပဲ ဖြစ်စေချင်တာလား..."
ကိုယ်ရံတော်၏
ဘေးတိုက်မြင်နေရတဲ့မျက်နှာ၏ကောင်းခြင်းသည်
လရောင်အောက်ထည်ဝါစွာ။ တစ်ဖက်သူကကိုယ့်
အတွက်အတိအကျဘာဖြစ်စေချင်လဲဆ်ိုတာ
ရေရေရာရာသိပြီးပြောနိုင်ပေမယ့်ကိုယ်တိုင်က
ဒီလူကိုကြည့်မိရင် ဘာဖြစ်ရမယ်မှန်းမသိတော့ဘူး။
"မင်းသားက မင်း မလုပ်လို့ ဘာတွေများလုပ်ချင်သေး
လို့လဲ...."
ခပ်ခွါခွါထိုင်နေရင်းက စူးရှရှကြည့်ကာဖြေဆိုလိုက်တော့
ရီဝေဝေငေးကြည့်နေတဲ့မျက်ဝန်းလေးတွေ။
ထို့နောက်ခေါင်းလေးထပ်ခါထပ်ခါငြိမ့်ပြရင်း
"ရပါတယ်....ကိုယ်ရံတော် ငါ့ရဲ့အနားဒီလိုပဲ
ငါ့ဘဝနောက်ဆုံးအချိန်အထိ ကာကွယ်ပေးနေရင်
ရတယ်...ငါတို့ ဘာများတတ်နိုင်လို့လဲလေ...."
"မင်း ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်
ရှင်သန်သွားဖို့ထက် ဘယ်အရာကမှထပ်အရေးမကြီး
ဘူး မင်းဘဝရဲ့ဘယ်အခြေအနေမျိုးမှာမဆို
အသက်ပေးကာကွယ်ဖို့အတွက်ထာဝရရှိနေမယ်
ဒါပဲတတ်နိုင်တယ် ဒါပဲလုပ်ပေးလို့ရမယ့်ဘဝမို့
တာဝန်ကျေရမယ်လို့ကတိပေးတယ်..."
"ရတယ်....အနားမှာနေ့တိုင်းရှိနေရင်ရတယ်..
မြင်နေရရင် ရတယ်....ကိုယ်ရံတော်..."
ခပ်အက်အက်အသံလေးတွေကအဖျားခတ်တုန်ကာ
မျက်ရည်တွေဝဲနေတဲ့ကြားကပြုံးပြပုံသည်
အဆန်းသားရယ်။ သူကလည်းအဲ့ဒီလောက်ပဲ
လိုချင်ခဲ့တာပါ။ မိုက်ရူးရဲမယ့်နှလုံးသားမျိုး
နှစ်ယောက်လုံးမှာမရှိနေခဲ့ပါဘူး။
မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာစေဖို့
ဘာတွေဖြစ်ဖြစ်အသက်ပေးပံ့ပိုးပေးမယ့်သူရယ်
သူဒါဖြစ်စေချင်ရင် ဖြစ်အောင်လုပ်မယ်
သူ့ကိုမြင်နေရရင်ရပါပြီဆိုတဲ့ သူရယ်...
ဖြစ်သင့်တာတွေကိုပဲ လိလိမ္မာမ္မာတွေးခဲ့ကြတာပါ။
ဘာကြောင့်များလဲ.....။ ဘာကြောင့်များလဲ။
"လက်ပေါ်ဖယောင်းစက်တွေကျမယ်...."
"ဟော ကျပြီ ကြည့်..ပြောနေရင်း..."
မင်းသားလေး၏လက်ပေါ်ကျမယ့်ဖယောင်းစက်
အားလက်ဖဝါးကြီးကြီးတွေဖြင့်ခံပြီးကာကွယ်လိုက်ကာ
မျက်မှောင်ကျုံ့လျှက် စိတ်မရှည်နေသူကို
မင်းသားလေးက ရင်မဆိုင် အဆူအမာန်ခံရတော့မှာ
သိ၍ ရူးချင်ယောင်ဆောင်သွားသည်။
"တော်လောက်ပြီ နန်းတော်ပြန်မယ်..."
"မပြန်ချင်သေးဘူး အရမ်းစောလွန်းနေသေးတယ်"
ကိုယ်ရံတော်ကြီးမို့သွားရာနောက်တကောက်ကောက်
လိုက်ခဲ့ရတာပေါ့။ သာမာန်လူလိုရုပ်ဖျက်ထားသော
ငြားလင်းလက်နေတဲ့အသားအရည်လေးတွေ
ချစ်စဖွယ်အမူအယာတချို့နဲ့ပုဂံပြည်ရဲ့ ညပွဲတော်
အောက် မွန်းကျပ်စရာတွေကိုယ်စီရှိသော်ငြား
ရင့်ကျက်စွာပင် ပုံမှန်အတိုင်းဖြတ်သန်းခဲ့သည်။
"မတည့်ဘူးထင်တယ် ဟုတ်တယ် ဒါမတည့်ဘူး.."
"တည့်တယ်..စားချင်တယ်လေ..ကိုယ်ရံတော်ကြီး
လည်းစားရမယ်..."
"ကိုယ်ရံတော်ကြီး အသပြာပေးလိုက်လေ.."
လူရှင်းသောနေရာတွင် နန်းတော်ထဲမစားရသော
မုန့်တွေအား စားသောက်နေပြန်တော့ထုံးစံအတိုင်း
စောင့်နေရသည်။စားနေရင်း ကိုယ်ရံတော်ကြီးဆီ
လျှောက်လှမ်းလာကာ မျက်နှာချင်းဆိုင်လာရပ်
တော့ မူပိုင် စူးရှရှကြည့်လာသည်။ခြေဖျားလေး
ထောက်ကာ မုန့်လေးတစ်ခုနှုတ်ခမ်းနားလေးသို့
တိုးလာပေးသည်။
"စားစေ...."
"လက်ကလေးတွေပါ စားလို့ရရင် စားမယ်..."
သူ့လက်ပိစိလေးတွေကိုဝေဖန်တာမျိုးကိုသူမကြိုက်။
မင်းသားတစ်ယောက်ရဲ့မာန်မာနလေးလည်းရှိတာမို့
ကိုယ်နဲ့နှိုင်းယှဉ်ရင် အရွယ်လေးသေးလွန်းပါသော
မင်းသားလေးသည် ဒီလိုအပြောမျိုးကို သိပ်အမျက်ရှ
တတ်သည်။
တင်းမာသွားသောမျက်နှာလေးသည်လည်း
ကိုယ်ရံတော်ကြီးတစ်သက်လုံး တစိမ့်စိမ့်ငေးခဲ့ရာ
နယ်မြေတွေပဲ။
"ငါ့လက်တွေကို မလှောင်စမ်းနဲ့...."
"သေဒဏ်မပေးဘူးဆိုရင် ကျွန်တော်မျိုး
လက်ဖဝါးတွေနဲ့ တစ်ခါလောက်
နှိုင်းယှဉ်ကြည့်လို့ရမလား.."
နှုတ်ခမ်းနားရောက်တော့မယ့်မုန့်လေးပြန်ရုတ်သွား
ကာချာကနဲလှည့်ထွက်သွားသည်။ကိုယ်ရံတော်ကြီး
ကပြုံးစိစိ။ ကြည့်နေစဉ်မှာပဲပြန်လှည့်လာသည်။
အနားသို့ပြန်ရောက်လာပြီးနောက် လက်ဖဝါးလေး
ကိုထောင်ပြသည်။ ကိုယ်ရံတော်ကြီးကသူ့ရဲ့ကြီးမား
တဲ့လက်ဖဝါးနဲ့လက်ချောင်းသွယ်သွယ်တွေအား
လက်ဖဝါးသေးသေးတွေဆီထိကပ်နှိုင်းယှဉ်လိုက်သည်။
အလွန်ကွာဟသောအရွယ်အစားမို့မရယ်မောဘဲမနေနိုင်။
"အရမ်းသေးငယ်ပေမယ့် ဒီလက်တွေကပန်းချီဆွဲတတ်
တယ် စောင်းတီးတတ်တယ် လှတဲ့စာတွေရေးတတ်တယ်
သိပ်ကိုအဖိုးတန်တယ်ဆိုတာကို သိ..."
အားကျမခံသူ့ကိုယ်သူချီးမွမ်းခန်းဖွင့်နေသော
မင်းသားလေးအားကိုယ်ရံတော်ကြီးကစိုက်ငေးနေသည်။
အစိတ်အပိုင်းတစ်ခုချင်းစီကိုစေ့စေ့စပ်စပ်
ကြည့်နေခြင်းသည် စက္ကန့်များစွာကြာလာတော့
အိမ်ရှေ့မင်းသားလေးက လက်တွေပူးကပ်ထားခြင်း
မှဖယ်ခွါကာထွက်သွားခဲ့သည်။
ကိုယ်ရံတော်ကြီးသည် ဘေးဘီကိုသေချာစစ်ဆေး
လိုက်ကာ မင်းသားလေးလည်းကျောခိုင်းသွားတာ
သေချာချိန်တွင် သူ့လက်တွေကိုသူ နင့်သီးစွာနမ်းရှိုက်
လိုက်ပြီး မျက်ဝန်းတွေမှိတ်ထားသည်။
ဘယ်နေရာလေးကိုမှ မထိအပ်မကိုင်အပ်။
မင်းမျိုးမင်းနွယ်နဲ့ မင်းမှုထမ်း.....။
မတန်လွန်းတာမို့ လက်ဖဝါးလေးတစ်ဖက်လာထိကပ်
ပေးတာတောင် မင်းပြစ်မင်းဒဏ်ကသင့်နေပြီ။
ဒီလိုလေးများ တစ်ဆင့်ခံထပ်နမ်း ကျွန်တော့်မှာ
သေဒဏ်ပါပဲ။ ဒါပေမယ့်သေရဲတယ်။
သေမတတ်ပါပဲ။
........။
သန်းမျှသာဖြစ်သည်)
.........။
🤎1995🤎
လေးတစ်ခုရှိခဲ့တယ်။
အမရာဒေဝီ....။
...........
2022။ပုဂံမြို့။
Hyung..."
ရွေးချယ်ပေမယ့် ဒီနယ်မြေရဲ့နေဝင်ခ်ျိန်ဓာတ်ပုံတစ်ပုံ
လည်ပတ်ပြီးလည်းမပျော်နေဘဲဘယ်နေရာရောက်ရောက် နေလို့ထိုင်လို့မကောင်းစွာမောပန်းနေသည်။
လျှောက်လှမ်းသွားသည်။Joon ကတော့မှတ်တမ်းယူ
လာထိကပ်လာသည်။
သည်။
ချက်ချင်းဆိုသလို
ဖို့ကြိုးစားလိုက်ပေမယ့် ထလို့မရခဲ့။
အသိစိတ်ကထပြေးချင်နေပေမယ့်မသိစိတ်သည်
၍အလှဆုံးနေရာ။
ခေါင်းစဉ်လည်းမရှိ။
လှည့်ကြည့်လိုက်ခ်ျိန် ခေါင်းထဲအရိပ်ပေါင်များစွာ
မျက်လုံးမှိတ်ချလိုက်သည်နှင့်အိပ်စက်ခြင်းဆီ
သွားခဲ့ပုံရပါသည်။
တော့သည်။
.....................။
ပုဂံခေါတ်။
နေသည်။
"မရှိပါဘူး...."
ပါဝင်တော့ပေးရမယ်..."
ပြန်လုပ်ဖို့သာတောင်းဆိုပြီး ဒီစစ်ပွဲကိုအနိုင်ပိုင်းခဲ့ခြင်း။
"အမိန့်တော်အတိုင်းပါ...."
အုပ်ချုပ်စေမယ်...."
နာရီချီစွာကြာခဲ့သည်။
မဟုတ်တော့ပါ။
မမြင်ဖူးဘူး..."
............
တစ်စုနှင့် အားလပ်ခ်ျိန်တွေတိုင်းပန်းချီဆွဲတတ်သော
လေ...မင်းသားလေး..."
"မေ့..သွား..တယ်.."
စာပေအနုပညာအတွက်မွေးဖွားလာခဲ့သလို
အရိုအသေတန်းပြုသည်။မင်းသားလေးသည်
"မျှော်နေတာ...."
ဂုဏ်ယူပါတယ်..."
"ဒီစစ်ပွဲနိုင်မှ ကိုယ်ရံတော်တပ်မှူးပြန်လုပ်ရမှာမို့မနိုင်နိုင်
အောင်တိုက်လာခဲ့တာ..."
"ကောင်းပါပြီ ကောင်းပါပြီ သဘောတော်အရှိပါ.."
ဘယ်တော့မှ အာဏာမသုံး အမိန့်တွေမဲ့ခဲ့သူ။
ပါဘူး မင်းသား"
"ဟုတ်ပါရဲ့....စကားရှည်ရှည်ပြောဖို့တောင်ခက်ခဲလွန်း
တယ်...."
ပြောကြည့်ပါလား..."
"နေပါစေ..."
.............။
ဖြစ်ရမယ်..."
လိုက်သလဲလေ။
..........
တွင်ထိုင်နေသည်။မကြာပါ သုတ်တိသုတ်ပြာ
မင်းသားလေးသည်
သူရုပ်ဖျက်လာခြင်း။ကိုယ်ရံတော်ကြီးလည်း
သာယာအေးချမ်းလျှက်။မင်းသားလေးသည်
ငြိမ့်ပြသည်။
တာ မင်းသား သိတယ်မလား..."
ဘာမှပြောဖို့မရှိဘူး..."
ပဲမလား...."
နေတဲ့တစ်ခ်ျိန်လုံး စာပေတွေပဲလေ့လာနေခဲ့တာ
မှန်သောသစ္စာပါ..."
လုံလောက်ခဲ့တယ်။
အနိုင်ပိုင်းလာခဲ့တာ။
ပေးဖို့က ဒီကတာဝန်ထား..."
အချိန်တခ်ျို့ထပ်ကြာတဲ့အခါမင်းသားလေးက
ကိုယ်ရံတော်၏
လရောင်အောက်ထည်ဝါစွာ။ တစ်ဖက်သူကကိုယ့်
အတွက်အတိအကျဘာဖြစ်စေချင်လဲဆိုတာ
လို့လဲ...."
အဆန်းသားရယ်။ သူကလည်းအဲ့ဒီလောက်ပဲ
ဘာကြောင့်များလဲ.....။ ဘာကြောင့်များလဲ။
လည်းစားရမယ်..."
တိုးလာပေးသည်။
"စားစေ...."
တတ်သည်။
နယ်မြေတွေပဲ။