💔7💔
"ကျေးဇူးတင်ပါတယ်သား....
မေမေသားကို ဒီစကားတစ်ခွန်းပဲပြောနိုင်လို့လည်း
အားနာတယ်....သားဖေဖေဆိုးဝါးမှုတွေဟာ
စကားနဲ့ပြောလို့တောင်မလုံလောက်ပါဘူး
မေမေ တကယ်ကျေးဇူးတင်ပါတယ်...."
မေမေဟာလက်တွေကိုနူးနူးညံ့ညံ့ဆုပ်ကိုင်
ထားလျှက်ရောဂါခံစားနေရမှုကိုပြသော
ငြိုးငယ်ငယ်မျက်လုံးတွေသည်အရည်လဲ့နေသည်။
"မေမေ့ ကို ကျတော်ကကျေးဇူးတင်ရမှာပါ...
မေမေဒီလိုလေး ကျန်းကျန်းမာမာရှိပေးတာနဲ့တင်
ကျတော်ရွေးချယ်မှုတွေမှန်ကြောင်း
သံသယတောင်ဝင်စရာမလိုတော့ဘူး"
"ကောင်လေးက သားကိုကြင်နာတယ်မလား.."
ကြင်နာတယ်...?။Jimin မျက်လုံးတွေတောင်မြောက်
ပြေးလွှားသွားကာဒီမေးခွန်၏အဖြေကို
ဘယ်လိုမျိုးဖြေရမှန်းမသိတော့။
မေမေက တကယ်လည်းမေးတတ်ပါ့။
စတွေ့ထဲက ဘယ်လိုရေစက်တွေများရှိခဲ့
လို့အခြောက်တိုက်မုန်းနေကာ
မျက်နှာမြင်တိုင်းဒုက္ခပဲပေးချင်သူ
တမျိုးမဟုတ် တမျိုးတော့ စိတ်ဆင်းရဲသွား
အောင်ကြိုးစားနေတဲ့ JeonJungkookက
ကြင်နာတယ်မလားတဲ့...။
ကြင်နာခြင်းအဆင့်ကိုမတွေးဘဲ
ပုံမှန်ဆက်ဆံရေးတခုကိုတောင်
မကြာခင်မင်္ဂလာဆောင်တော့မယ်
ခုထိJeonJungkookနဲ့သူ့ကြားမတည်ဆောက်နိုင်သေးပါ။
သူကလည်း အားနည်းချက်ကြောင့်
လက်ထပ်ခဲ့ရတာမို့ ထိုအားနည်းချက်အပေါ်
ထပ်မံဖိနှိပ်မှာစိုး၍တစ်ချက်ကလေးမှအလျှော့
မပေးခဲ့။
Jimin သည် အမေဖြစ်သူ၏လက်တွေအား
ခပ်တင်းတင်းလေးပြန်လည်ဆုပ်ကိုင်ကာ
"ကြင်နာပါတယ်...မကြင်နာဘဲ
လက်ထပ်ခြင်းနဲ့အိမ်ထောင်ရေးဆိုတာ
ဖြစ်နိုင်ပါ့မလား မေမေရယ်
ကျတော့်ထက်ငါးနှစ်လောက်ငယ်တဲ့
ကောင်လေးက တခါတလေတော့ဆိုးချင်မှာပေါ့
မေမေလည်းကြားမိနေတယ်ထင်တယ်
ဒါပေမယ့်စိတ်မပူပါနဲ့ သူကျတော့်ကိုကြင်နာပါတယ်"
"သားကအချစ်ခံရမယ့် ကံဇာတာနဲ့ကလေးပါ
သားကို အချစ်နတ်သမီးလေးတွေက
အမြဲတမ်းစောင့်ရှောက်နေမှာ...."
"မေမေက အမြဲတမ်း စိတ်ကူးကောင်း
အတွေးကောင်းလေးတွေရှိတာပဲ
ကျတော့်ကို အေးချမ်းစေတယ်..."
ဒါပေါ့အချစ်ခံရမယ့်ကံဇာတာနဲ့ကျတော်ဟာ
Hyung အချစ်တွေကိုလက်ခံရရှိပြီး
အဲ့ဒီကံဇာတာကိုခံစားခဲ့ပြီးပြီ...။
ခုတော့အချစ်မခံရတော့ခြင်းကံဇာတာနဲ့
အိမ်ထောင်ရေးတခုကိုစရတော့မှာ။
အနားမှာအမြဲစောင့်ရှောက်ပေးနေတဲ့
အချစ်နတ်သမီးလေးတွေလည်း
မျက်ခုံးမှာ အပေါ်နှစ်ပေါက်ဖောက်ထားတဲ့
လူဆိုးကောင်ကြောင့်ဘယ်ကပ်ရဲပါ့တော့မလဲ။
နတ်ဆိုးတွေပဲအနားမှာရှိတော့မှာ..။
"နေကောင်းအောင်နေပါ...
မေမေက ကျတော့်မျှော်လင့်ချက်မို့
ဆေးရုံကို ကိစ္စတွေအားလုံးအတည်တကျ
ဖြစ်ရင် နေ့တိုင်းလိုလိုလာခဲ့ပေးပါ့မယ်..."
"သား ကောင်လေးကိုပါခေါ်ခဲ့နော်..."
"မေမေတွေ့ချင်ရင်ခေါ်ခဲ့မှာပေါ့..."
"Jimin...."
"ဗျာ မေမေ..."
"အဆင်ပြေသွားမှာပါ...သားကိုမေမေယုံတယ်
တကယ်လို့သည်းမခံနိုင်တော့ဘူး
နှလုံးသားက ခံစားမှုရေချိန်တွေကျော်ကုန်ပီဆို
ရုန်းထွက်လိုက်ပါ...မေမေ့ကိုပြန်မကြည့်ပါနဲ့
သားမှာ သားဘဝရှိတယ်...
သား ကိုယ်ပိုင်ပျော်ရွှင်မှုတွေရှိတယ်
တစ်ချိန်လုံး တပါးသူအတွက်ကြီးပဲတွေးပေးဖို့
မလိုဘူးနော်....."
"မေမေ ဆိုရင်တော့ ကျတော် တွေးပေးသွား
အုန်းမှာပဲ..ကျတော့်မှာ မေမေပဲရှိတာကို..."
စကားတွေလှအောင်ပြောနေတာမျိုးမဟုတ်။
မွေးဖွားပေးခဲ့သောမိဘထက်အရေးကြီးတာမျိုး
ဘာရှိအုန်းမှာလဲ။
မေမေ့နားအချိန်တော်တော်ကြာနေပေးရင်း
စိတ်ချမ်းသာစရာအကြောင်းအရာလေးတွေကိုပဲ
ရွေးပြောမိသည်။
ထို့နောက် ဆေးရုံမှပြန်လာခဲ့ကာ
ကားပေါ်တွင်စက်မနှိုးသေးဘဲ
တစ်ယောက်ထဲဟိုတွေးဒီတွေးတွေးမိနေပြန်သည်။
မကြာခင်ကြီးကျယ်လှသောJeonအသိုင်းအဝိုင်း
ထဲသို့ ကောင်းသောလာခြင်းမျိုးနဲ့မဟုတ်ဘဲ
ဒုက္ခသည်သာသာဘဝနှင့်ဝင်ဆံ့ရတော့မည်။
ပုံမှန်အိမ်ထက်ငါးဆလောက်ကျယ်ဝန်းသော
အိမ်တော်ကြီးတွင် ခင်မင်ရတဲ့သူ
သိကျွမ်းရတဲ့သူ တစ်ယောက်မှမရှိဘဲ
ဘယ်လိုမျိုးအဆင်ပြေအောင်နေရပါ့မလဲ....။
ကိုယ်ကချစ်၍ကိုယ့်ကိုချစ်သောဆိုတဲ့
အိမ်ထောင်ဘက်ရွေးချယ်မှုသည်လည်း
ဘာမှရုပ်လုံးမပေါ်လာစွာ တဖက်ကမ်းခတ်
ဆိုးလွန်းသော အသက်၂၀အရွယ်တဇွတ်ထိုး
ကောင်လေးကိုလက်ထပ်ရတော့မည်။
စိတ်လှုပ်ရှားနေခြင်းထက် ရိုးသားစွာ
ကြောက်မိနေခြင်းပါ...။
ဘယ်လောက်ပဲစိတ်ဓာတ်တွေခိုင်မာနေပါစေ
ကြီးမားလှသောအပြောင်းအလဲတခုမှာ
ဘာတွေဖြစ်လာမလဲဆိုတာကြိုမသိနိုင်တာ
ကြောင့် ဘယ်သူမှမမြင်နိုင်သောကားလေးထဲ
တွင် တစ်ယောက်ထဲပဲကြိတ်အားနည်းနေလိုက်သည်။
ကားတံခါးဖွင့်ပြီးအပြင်သို့ခြေတလှမ်းချလိုက်ရင်
တော့ParkJimin ဟာ မီးလျှံတွေလို
အပူတပြင်းတောက်ပမှုများဖြင့်လူတစ်ယောက်
အဖြစ်ပြောင်းလဲသွားလိမ့်မည်။
ဘယ်သူကမှသင်ပေးတာမဟုတ်...။
ဘဝကပဲသင်ပေးသွားခြင်းဖြစ်သည်။
..........
ရက်အနည်းငယ်အကြာ......။
"ကိုကို...ရက်စက်တယ်...ဒေါသထွက်ပေမယ့်
ကိုကို့ကိုအရမ်းချစ်လို့ ခွင့်လွှတ်ပေးတာ.."
"သိတာပေါ့ ကလေးလေးဘယ်လောက်
နားလည်မှုရှိလိုက်သလဲ..ကိုကိုအသိဆုံး..."
ဒီနေ့ဟာJeonJungkook နဲ့ParkJiminတို့ ရဲ့
တရားဝင်လက်ထပ်ပွဲနေ့...။Makeup
ပြင်ဆင်ရာအခန်းတွင်အစ်မတစ်ယောက်က
Jimin မျက်နှာပေါ်သို့လိုအပ်သည်များ
ဖြည့်ပေးနေသည်။
Jungkookကအခန်းနံရံကိုမှီကာစီးကရက်တလိပ်
ဖွာနေလျှက် မိန်းကလေးတစ်ယောက်သည်
ရင်ခွင်ထဲဝင်ကာတရှုံ့ရှုံ့ငိုနေခြင်းကို
နှစ်သိမ့်ပေးနေသည်။
ဒီလိုပုံစံမျိုးရှေ့မှာသုံးယောက်လောက်
Dramaချိုးပြီးပြီဖြစ်သည်။
မျက်နှာပြောင်တိုက်ခြင်းထက်ပိုသော
မခန့်လေးစားပုံစံမျိုးဖြင့်JeonJungkook
သည်မင်္ဂလာဆောင်မယ့်နေအထိတောင်
အချိုးနည်းနည်းလေးမှမပြေနေပါ။
"လက်ထပ်တာနဲ့ကလေးလေးကို
ကိုကိုက ပစ်ထားစရာလား
မင်္ဂလာဆောင်တာဘာများအရေးပါလို့လဲ
အမွေတွေရရင် အကြိုက်လွင့်လို့ရပီလေ
ခဏလေးစိတ်ရှည် ဟုတ်ပီလား"
"ကိုကို ကတိနော်...."
"ကတိဗျာ ကတိ..တိုင်တည်လို့ရသမျှ
အရာ အကုန်လုံးကို တိုင်တည်ပြီးပေးတယ်....."
Makeup ပြင်ပေးနေသောအမသည်မျက်နှာ
ပူနေပုံရကာ သူ့ကိုအားနာသနားနေပုံလည်း
ပေါက်နေတာကြောင့်နည်းနည်းလေးမှ
မျက်နှာပျက်လို့မဖြစ်ပါ...။
ParkJimin ဟာလူတကာရဲ့သနားစရာလို
ဂရုဏာသက်စရာလို အားနည်းလှသော
လူတစ်ယောက်လိုဝိုင်းကြည့်တာမျိုးကို
ခံရမယ့်လူတစ်ယောက်မဟုတ်....
အဲ့လိုမျိုးအကြည့်ခံရတာကိုလည်း
လုံးဝမကြိုက်။
"ပြန်တော့နော်...ဒီကိစ္စပြီးရင်
အေးအေးဆေးဆေးDateကြမယ်.."
"ဟုတ်ကဲ့ ကိုကို ချစ်တယ်..."
"ကိုကို လည်း ချစ်တယ်...."
လက်နှစ်ဖက်လုံးသည်ချွေးတွေပြန်လာကာ
Jimin ၏ဒေါသသည်အတွင်းထဲတွင်
လှိုက်လောင်နေပြီ။
သုံးယောက်ထဲရှိတာမဟုတ်...တခြားသူတွေလည်း
ရှိနေတာ အရှက်မရှိ လူဆိုးကောင်၏
လုပ်ရပ်သည် သူဘာဖြစ်သွားလဲ။
ဘာမှဂရုစိုက်ဖို့မလိုအပ်တဲ့သူ
ထည့်စဉ်းစားဖို့မလိုအပ်တဲ့သူ
ပိုက်ဆံကြောင့်လက်ထပ်ခဲ့တာဘာတခုမှ
တွေးပေးဖို့မလိုအပ်ဘူး ဆိုတဲ့ အချိုးကို
JeonJungkook ကချိုးနေခဲ့တာ...။
ကလေးမလေးသည်အကွက်တချို့မထုတ်
သုံးလျှင် ပွဲပါဖျက်မည့်အနေအထားမို့
အလိုလိုက်အကြိုက်ဆောင်လိုက်ကာ
ပြန်လွှတ်လိုက်ရသည်။
အာရုံလေးတွေ.....။
စိတ်အာရုံတစ်ခုလုံးကိုကလေးမလေး
ဆီမှ တဖက်သို့ပြန်ပို့လိုက်သော်အခါ
ခုံပေါ်တွင်ငြိမ်ငြိမ်လေးထိုင်ပြီး
အလှပြင်နေသော ParkJimin.ကိုမြင်ရသည်။
ခြေထောက်တွေကိုစမတ်တကျချိတ်ထိုင်ကာ
မျက်နှာလေးကိုနည်းနည်းမော့ထားပြီး
Makeupသမား ဘာလုပ်ပေးပေး
မျက်လုံးတွေမှိတ်ကာငြိမ်ခံနေသည်။
ကောင်မလေးသုံးလေးယောက်လောက်
Makeup ခန်းထဲ အငိုဇာတ် အကြမ်းဇာတ်
အဆွေးဇာတ်တွေခင်းသွားပြီးတာတောင်
အဲ့ဒီမျက်လုံးတွေကဖွင့်မကြည့်...။
ဖိနပ်ဖြူဖြူလေးစီးထားကာ
သတို့သားဝတ်စုံအဖြူရောင်လေးဝတ်ထားသည်။
အရမ်းလှနေပါသည်..။
မြင်ခဲ့ဖူးသမျှ အဖြူရောင်တွေထဲ
ParkJimin ထံဒီနေ့ခစားနေရသောအဖြူရောင်
တွေကအလှဆုံးဖြစ်ပါလိမ့်မည်။
ကြည့်လို့အဆင်ပြေနေတာမို့နံရံမှီဆေးလိပ်
တချက်ပီးတချက်ရှိုက်သွင်းလျက်ငေးကြည့်နေမိသည်။
အဲ့လိုလေးငြိမ်ငြိမ်လေးမျက်လုံးလေးတွေမှိတ်ပီး
နေရင် တော်တော်လေးအဆင်ပြေမှာ.....
အဆင်ပြေရာပြေကြောင်းတောင်တွေးမိနေတာလား
ဟာသပဲ....။
တွေးလို့မှမဆုံးသေးဖျက်ခနဲပွင့်လာသော
မျက်လုံးတွေ....ပိုလှနေအောင်
အရောင်တချို့ထပ်ဖြည့်ထားလို့လားမသိ
ပို၍စူးရဲနေသည်။
တချက်မျှ စိုက်ကြည့်ကာ ချက်ချင်းအကြည့်လွှဲ
သွားတဲ့သူ....။
လွှဲသွားသောပုံစံသည်ParkJimin တကယ်ပီသ
ပါပေသည်။
စိတ်ထဲဖျင်းခနဲ....။
ဒီကောင်ကြီးကကြည့်ဖို့ပင်မတန်သလို
မောက်မောက်မာမာလေး....။
Makeup ပြင်ဆင်သူက ဆံပင်တွေကို
ဖြီးပေးကာပုံစံသေချာချပေးနေပြန်သည်။
"အကုန်လှန်တင်လိုက် အစ်မ ကျတော်
ဆံပင်တွေရှေ့ကျရင် စိတ်ရှုပ်လို့...."
"အင်း အင်း..."
ပြောပုံသည် တည်တည်ငြိမ်ငြိမ်...။
သူဘယ်လိုပုံစံနဲ့ကြည့်ကောင်းမယ်ဆိုတာ
သေချာသိပုံရပြီးလက်နှစ်ဖက်ကိုပိုက်ထားကာ
ခြေထောက်ကလေးတွေကချိတ်ထားဆဲ...။
JeonJungkook ကတစ်ခါတစ်ရံ
ဦးနှောက်အလုပ်မလုပ်တဲ့ပုံပေါ်ပါသည်။
နံရံမှီကာ စီးကရက်ပဲသောက်နေတော့မှာလားမသိ။
ဘေးနားတွင်ပြင်ဆင်ပေးဖို့စောင့်နေသူများ
ကိုသူမတွေ့လို့များလား...။
စိုက်ကြည့်နေသောမျက်လုံးတွေသည်
နောက်တကြိမ်ပြန်ဆုံမကြည့်နိုင်လောက်အောင်
ပြင်းထန်လွန်းတာကြောင့်မသိချင်ယောင်
ဆောင်နေရသည်။
အကြည့်နဲ့တင် အမှားမှားအယွင်းယွင်း
ဖြစ်သွားစေနိုင်သော JeonJungkook
၏မျက်လုံးတွေသည် သိပ်မာယာများလွန်းနေသည်။
"သခင်လေးJeon..အကျီလဲဖို့...."
ကောင်မလေးတစ်ယောက်၏အရဲစွန့်
ပြောလိုက်သောစကားကြောင့်
Jungkook သည်သတိဝင်သွားကာ
အကြည့်တွေကိုချက်ချင်းလွှဲလိုက်ပြီး
ခေါင်းညိတ်ပြလိုက်သည်။
Shirtအကျီအနက်ရောင်ကိုရုတ်တရက်
ဆွဲချွတ်လိုက်သောလူဆိုးကောင်သည်
အဝတ်အစားလဲခန်းရှိတာကိုမသိတာလား။
ထင်ခနဲလင်းခနဲပေါ်လာသောခန္ဓာကိုယ်အချိုးအစားနဲ့
တက်တူးတွေသည် ကောင်မလေးတွေမပြောနှင့်
ယောကျ်ားအချင်းချင်းတောင်မျက်နှာလွှဲ
ရတဲ့အထိ.....။
ပထမဆုံးအကြိမ်မလို့မလားမသိ...
သူရိုးသားစွာရှက်သွားခဲ့မိပါသည်။
Hyungနဲ့တွဲစဉ်က တစ်ခါတရံအခြေအနေတွေအရ
Hyungခန္ဓာကိုယ်ကိုမြင်ခဲ့ဖူးပေမယ့်
ဒီလိုမျိုး တကိုယ်လုံးအေးစက်သွားရတဲ့
အထိရုပ်ပျက်ဆင်းပျက်မဖြစ်ဖူး...။
ယောကျ်ားတစ်ယောက်မှာရှိသင့်သော
အချိုးအစားတွေထက်ပိုသာလွန်ကာ
အန္တရာယ်များသောကြွက်သားတွေသည်
လူကိုဘယ်လောက်ကြည့်မရ ကြည့််မရ
စိတ်သည်
မှန်ကိုကြည့်ရတော့မလို...
ပြင်ပေးနေသောအမ ကို ကြည့်ရတော့မလို
အယောင်ယောင်အမှားမှား...။
"ငါလည်းအဖြူရောင်ပဲဝတ်ရမှာလား
မဝတ်ချင်ဘူး အဖြူရောင်ကငါနဲ့မလိုက်ဘူး
တခြားဟာ ပြ...."
အကျီမရှိသောခန္ဓာကိုယ်နှင့်ခါးထောက်ကာ
ကန့်လန့်တိုက်နေပြန်သည်။
ဘာစကားမှမပြောချင် ဘာအရောင်ဝတ်ဝတ်
အရေးမကြီးတာကြောင့်အဲ့ဒီခန္ဓာကိုယ်ကြီး
ကိုမကြည့်တော့ဘဲရေဗူးဖွင့်ကာရေသောက်
နေလိုက်သည်။
"အဆီပဲဆိုးနော် အရောင်တွေတော့မထည့်နဲ့...."
အဝတ်အစားကိုသက်သက်ပြသနာ
လုပ်နေသောJungkook သည်
ရွေးချယ်မှုလုပ်နေစဉ် Makeup သမားသည်
Jimin နူတ်ခမ်းတွေကို အရောင်လေးစိုနေစေရန်
နူတ်ခမ်းနီးအဆီဆိုးပေးဖို့ပြင်နေသည်။
အနက်ရောင်ဝတ်စုံကိုရွေးချယ်ပြီး
ဝတ်မည့်ဆဲဆဲ...ParkJiminနူတ်ခမ်းတွေဆီသို့
ဦးတည်နေသော စုတ်တံတစ်ခု....။
Makeup သမားသည်နူတ်ခမ်းဖူးဖူးတွေကို
စေ့စေ့စပ်စပ်ကြည့်လို့ရမည့်အခွင့်အရေးကို
လက်လွတ်မခံစွာအားမနာတိုင်းကြည့်ပြီး
စုတ်တံလေးကိုစတင်လှုပ်ရှားတော့မည့်ပုံ။
မကြိုက်ပါ...။ယောကျ်ားစစ်စစ်တစ်ယောက်ကို
ဒီလောက်နုဖက်နေအောင်ပြင်နေတာ
မျက်နှာကြောမတည့်တော့...။
အကျီကိုပစ်ချကာမြန်မြန်လျှောက်လာလိုက်ပြီး
Makeup သမား၏လက်တွေကိုရိုက်ချလိုက်သည်။
Parkjimin သည်မျက်မှောင်တွေကျုံ့သွားလျှက်
"ဘာလုပ်တာလဲ...!!!"
"အဲ့တာမလုပ်နဲ့ မကြိုက်ဘူး..."
"မင်းနဲ့ဘာဆိုင်လဲ ငါ့မျက်နှာငါလုပ်တာ..."
"နူတ်ခမ်းနီဆိုးရအောင် မိန်းမလား မဆိုးရဘူး.."
"အစ်မ ဆိုးပါ...ဒါပီးရင်ပီးပီမလား..
ကျတော်ဒီအခန်းထဲက မြန်မြန်ထွက်သွားချင်ပြီ..."
"အင်း အင်း Jimin....."
ပြောရင်တစ်ခွန်းထဲရတာကိုပဲကြိုက်သည်။
တလောကလုံးကိုသူကကြီးအနိုင်ယူအမိန့်ပေး
ခဲ့သူမို့ ဒီလိုမျိုး ပက်ခနဲ အငြင်းခံရတိုင်း
စိတ်ကထိန်းမရ...။
ဒယ်ဒီတောင် တကယ်တမ်းကိစ္စတွေမှာ
သူ့ကိုမငြင်းရဲပါ။
မုန်းပါတယ်ဆိုမှ ပိုပိုအရောက်ပို့နေသော
ParkJimin ရဲ့အပြုအမူတွေသည်
မလေးမစားဆန်လွန်းလှပါသည်။
"ဖယ်.....!!!"
Makeup သမားလက်ထဲက စုတ်တံလေးကို
ဆက်ခနဲယူလိုက်ကာထိုမိန်းကလေးကို
တွန်းလွှတ်လိုက်ပြီး မှန်တင်ခုံပေါ်တက်ထိုင်လိုက်ကာ
စတိုင်တကျထိုင်နေသော
အကြောတင်း၏ခုံအားဆွဲလိုက်သည်။
အကျီမရှိသောခန္ဓာကိုယ်ကြီးနှင့်စုတ်တံ
တစ်ချောင်းကိုင်ကာခုံအားဆက်ခနဲဆွဲယူ
လိုက်သောJeon JungKookသည်
ရူးသွားပြန်သည်။
"ဘာအရူးထပြန်တာလဲ....!!!"
"ပြောရင် တခွန်းထဲရတာပဲကြိုက်တယ်
အရမ်းဆိုးချင်နေတယ်မလား...
ဆိုးပေးမယ် ငြိမ်ငြိမ်နေ..."
"မနေဘူး ဖယ်စမ်း....!!!!"
ဖယ်စရာအကြောင်းမရှိ။Makeup သမားသည်
စုတ်တံကိုင်ကာဒီနူတ်ခမ်းဖူးဖူးတွေကို
ထိမယ်လုပ်ထဲကသူလည်းလုပ်ကြည့်ချင်မိတာ..။
မျက်နှာလှလှလေးကိုလက်တဖက်နှင့်
ချူပ်ထားရင်း အရောင်မရှိသောနူတ်ခမ်းနီ
အဆီလေးတွေကိုနူတ်ခမ်းဖူးဖူးတွေအပေါ်
ဖြတ်သန်းလိုက်ရသော်အခါJungkook
သည်ပထမဆုံးအကြိမ်Jimin နဲ့ပတ်သတ်ပြီး
သဘောကျမှုသပ်သပ်နှင့်ပြုံးမိသွားခဲ့သည်။
ရုန်းကန်နေရင်းမှ ဝိုင်းစက်နေသောမျက်လုံး
လေးတွေနှင့် သဘောတကျပြုံးသွားခဲ့သော
JeonJungkook ၏မျက်နှာသည်
Jimin လှုပ်ရှားမှုတွေကိုသတိလက်လွတ်
ရပ်သွားစေခဲ့သည်။
JeonJungkook ရဲ့ပထမဆုံး
ပြုံးရီနေသောအခိုက်အတန့်ဆိုပေမယ့်
ရင်းနှီးလွန်းနေသည်.....။
ဘယ်မှာလဲဟု အပြင်းအထန်စဉ်းစားမိလိုက်
သော်အခါ ခေါင်းထဲတန်းဝင်လာတာက
ညတိုင်းလိုလိုမက်ခဲ့သော အိမ်မက်လှလှလေးတွေ။
ထိုအိမ်မက်လှလှလေးတွေထဲက
လူတစ်ယောက်...။
ရင်တစ်ခုလုံးဟာသွားကာ
မယုံကြည်နိုင်လွန်းတာမို့နူတ်ခမ်းတွေပေါ်
နူးနူးညံ့ညံ့ထိတွေ့နေသောလက်တွေကို
ကြမ်းတမ်းစွာရိုက်ချလိုက်ပြီး
မရမကရုန်းထွက်ခဲ့မိသည်။
JungKookမျက်နှာသည်ချက်ချင်းဆို
သလိုပျက်သွားကာ ပြန်ဆွဲခေါ်ပြီး
ထပ်အနိုင်ကျင့်မယ်ကြံခဲ့ပေမယ့်
ကံဆိုးစွာဒယ်ဒီရောက်လာခဲ့သည်။
ပွဲချိန်နီး၍မြန်မြန်လုပ်ရန်မှာကြားပြီး
ပြန်ထွက်သွားသည်။
Parkjimin သည်သူ့ကိုစိုက်ကြည့်နေတုန်း။
ကြည့်နေသောအကြည့်၏အဓိပ္ပာယ်များ
သည်ကြည့်နေကျလို မတူမတန်တာမျိုး
မဟုတ် တုန်တုန်လှုပ်လှုပ်အကြည့်တွေ
တချိန်ထဲမှာ ဝမ်းနည်းသွားသလိုအကြည့်တွေ
ဆွေးမြေ့သွားသလိုအကြည့်တွေ...
မယုံကြည်နိုင်သောအကြည့်တွေ...။
ရင်ထဲစူးခနဲနာကာ နှလုံးသားတစ်ခုလုံးကို
ဆွဲညှစ်ထားသလိုဖြစ်တာကြောင့်
လူပင်ယိုင်လဲသွားမတတ်...။
ကြာကြာမခံစားနိုင်တော့၍
"ထွက်သွား ..."
ပြေးထွက်သွားသောခြေသံမတိုးမကျယ်
ကိုကြားပြီးတဲ့နောက်Jungkook သည်
မျက်နှာတစ်ခုလုံးကိုလက်ဖြင့်အုပ်ချလိုက်သည်။
အသက်ရှုပါကျပ်လာသောအကြည့်တွေသည်
သိပ်ကိုမုန်းစရာကောင်းလွန်းခဲ့ပါသည်။
အဖြူရောင်နှင့်အနက်ရောင်သတို့နှစ်ယောက်၏
မပြုံးမရီမျက်နှာများနှင့်အတူမင်္ဂလာပွဲသည်
အသိုင်းအဝိုင်းအကြီးကြီးမို့အလွန်စည်ကားခဲ့ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ....
ဒီနေ့မှစ သူတို့နှစ်ယောက်သည်
တရားဝင်အိမ်ထောင်ဘက်တွေဖြစ်သွားခဲ့ပြီး
ခန့်မှန်းမရသောဘဝခရီးတခုကိုအတူတူဖြတ်သန်း
ဖို့ခြေလှမ်းတလှမ်းစတင်ခဲ့လေပြီ.....။
....................
နောက်ဆုံးတော့ Jeonအိမ်တော်ကြီးဆီသို့
အထုတ်တစ်ထုတ်ဆွဲကာJiminရောက်ခဲ့ရပြီ။
မင်္ဂလာပွဲပြီးသည်နှင့်ပြန်ခဲ့ရသောအိမ်သည်
သူ့တိုက်ခန်းလေးမဟုတ်တော့။
လက်ထပ်ပြီးသွားသောယောကျ်ားဖြစ်သူ၏
အိမ်အကြီးကြီးဖြစ်သည်။
မင်္ဂလာဆောင်မဆောင်ခင်တုန်းက
နူတ်ခမ်းနီချုပ်ဆိုးပေးရာက
ပြသနာတခုရှိခဲ့တာကြောင့်
ခုချိန်ထိမျက်နှာချင်းမဆိုင်နိုင်သေး...။
ဧည့်ခန်းထဲတွင်ငြိမ်ငြိမ်သက်သက်
ထိုင်နေရကာဥက္ကဌJeonကဘာတွေပြောနေမှန်း
နားထဲလည်းမဝင်...။
သူတို့လက်ထပ်ပြီးသည်နှင့်ဥက္ကဌJeonသည်
ဇနီးငယ်ငယ်လေးခေါ်ကာနေရာသပ်သပ်ခွဲနေဖို့
အားလုံးစီစဉ်ပြီးနေခဲ့ပြီဖြစ်သည်။
"ပင်ပန်းလာကြတာဆိုတော့နားကြတော့လေ.."
"အင်း ဒါဆို နားပီ...."
စကားဆုံးအောင်တောင်မစောင့်
ထထွက်သွားသောJungkook သည်
အပေါ်ထပ်သို့တလှမ်းချင်းလှမ်းတက်သွားသည်။
"Jimin လိုက်သွားလေ သားတို့လက်ထပ်ပီးပီပဲ.."
"ဟုတ်ကဲ့....ဦး.."
"ဦးတို့လည်း ပြန်ပြီ...."
"ဟုတ်..ဟုတ်ကဲ့.."
ဥက္ကဌJeonသည်ဇနီးငယ်ငယ်လေးအား
ခေါ်ကာပြန်သွားခဲ့သည်။
အလုပ်သမားတွေလည်းကိုယ်စီကိုယ်စီ
နေရာတွေပြန်သွားကြကာအိမ်ကြီးသည်
တိတ်ဆိတ်ငြိမ်သက်နေသည်။
သူဒီလိုအခြေအနေမျိုးတွေကိုမျှော်လင့်
ထားခဲ့ပေမယ့်တကယ်ကြုံလာရတော့
အမေ့ဆီပဲပြန်ပြေးချင်သလိုလို
အဖေ့ပဲဖုန်းခေါ်အော်ပစ်လိုက်ချင်သလိုလို
Hyung ကိုသတိကရလာသေးသည်။
Jungkookတက်သွားရာလှေကားအတိုင်း
တက်သွားပြီး အခန်းကိုလိုက်ရှာလိုက်တော့
အနည်းငယ်ဟနေသောတံခါးတွင်
လှုပ်ရှားမှုအရိပ်တခုတွေ့လိုက်သည်။
သေချာပေါက်JungKookပဲဖြစ်မှာမို့
တံခါးဖွင့်ကာဝင်သွားလိုက်သည်။
ကျောပိုးအိတ်ထဲအဝတ်အစားတချ်ု့ထည့်နေသော
JungKookသည်နှစ်ယောက်အိပ်
မွေ့ယာကြီးထက်တွင်စိတ်ပါလက်ပါရှိနေလျှက်။
"ကျတော်ကဒီအိမ်မှာမနေဘူး
အိမ်သပ်သပ်ရှိတယ်...
ပြန်မလို့...ခင်ဗျား တစ်ယောက်ထဲအဆင်ပြေတယ်မလား
မပြေရင် အိမ်ပြန်အိပ်ချင်အိပ်လေ..."
ပထမဆုံးအကြိမ်ရင်ကိုလာရိုက်သော
ရိုက်ချက်သည်ပြင်းသည်။
မင်္ဂလာဦးညမှာအေးစက်စက်အပြောခံခဲ့ရ
သောစကားသည်သိပ်ဘောင်မဲ့လွန်းပါသည်။
"အတူတူနေဖို့တော့ စဉ်းစားမထားဘူးမလား..."
"မင်းလိုကောင်မျိုးနဲ့အတူတူနေဖို့
စဉ်းစားစရာလား.."
"ပြီးတာပဲ...ကျတော်တို့လက်ထပ်တာက
လိုချင်တာတွေရှိလို့လေ လိုချင်တာတွေ
လည်းရပီးပီဆိုတော့ ပီးပီပေါ့"
ကျောပိုးအိတ်ဇစ်ကိုဆွဲပိတ်ကာအခန်းထဲက
ထွက်သွားခဲ့သောသူသည်နောက်ကို
တစ်ချက်တောင်ပြန်လှည့်မကြည့်ခဲ့....။
Jiminသည်လည်းတချက်မှမကြည့်ခဲ့ပါ။
ရင်ခုန်ဖွယ်ရာပြင်ဆင်ထားသော
အခန်းအကျယ်ကြီးထဲ မတ်တပ်စုံရပ်နေကာ
အသက်သာမှန်မှန်ရှူနေလိုက်သည်။
ပြိုင်ကားအနက်ရောင်သည်
မိုင်ကုန်အရှိန်ဖြင့်ခြံထဲမှမောင်းထွက်သွား
သောအသံကိုကြားလိုက်ရသည်။
ရွေးချယ်မှုတစ်ခုသည်လုပ်ပီးပီ....
နောက်ပြန်လှည့်လို့မရသောအခြေအနေတွေမှာ
အကောင်းဆုံးနေထိုင်ဖို့သာရှိသည်။
ထွက်သွားပေးတာလည်းကောင်းပါသည်
သူတို့ဟာမင်္ဂလာဆောင်တဲ့နေ့တောင်
အဆင်မပြေခဲ့ကြတဲ့အိမ်ထောင်ဖက်တွေမလား....။
အဝတ်အစားလဲကာ ညဝတ်အကျီပေါ့ပေါ့ပါးပါးလေး
လဲပြီး ခုတင်ခြေရင်းတွင်ငြိမ်သက်စွာ
ထိုင်နေလိုက်သည်....။
အဖေ့ကိုဖုန်းဆက်ကာဒီအခြေအနေကို
ပေါက်ကွဲပစ်လိုက်ချင်ပေမယ့်
ဘာလုပ်နိုင်တော့မှာလဲ...။
ကြိတ်မှိတ်ကာဒေါသတွေထွက်နေလိုက်ရုံ.....။
တနေကုန်ပင်ပန်းလာတာကြောင့်အိပ်ယာပေါ်
တက်ကာစောင်သေချာခြုံလျက်အိပ်ပျော်
အောင်အိပ်လိုက်သည် ။
မအိပ်နိုင်စရာဘာအကြောင်းမှမရှိ....။
ဒီလိုနဲ့ ParkJiminရဲ့ စိတ်ပျက်စရာ
အိမ်ထောင်ရေးတစ်ခုဟာတဖက်စောင်းနင်း
ဆန်ဆန်စတင်ခဲ့ပြီဆိုပါတော့....။
...............
"တောတောင်သစ်ပင်တွေကြား
ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြေေအေးအေးလို
ပဲအိမ်ရှေ့စံက အေးချမ်းလှတယ်....."
"ကဗျာဆန်တာတွေ ကကိုယ်တော်နဲ့မလိုက်ဖက်
ပေမယ့် ဆက်ပြောပါအုန်း...."
JEonသည်အလှဆုံးအပြုံးလေးတွေပြုံးလျှက်
အိမ်ရှေ့စံ၏ပုံတူပန်းချီကားကိုဆွဲနေရင်းက
ကဗျာစပ်ပေးနေခဲ့သည်။
အိမ်ရှေ့စံသည်သဘောကျစွာတခစ်ခစ်ရီမော
လျှက် တောထဲဖြတ်သန်းတိုက်ခတ်လာသော
လေနုအေးလေးတွေကြောင့်ဆံနွယ်အရှည်
ကြီးတွေသည်လွင့်မျောနေသည်။
"JEonငယ်...."
"ဟုတ်ကဲ့ အိမ်ရှေ့စံ...."
"မင်းရဲ့ အပြုံးလေးတွေကို ကိုယ်တော်
သံသရာတစ်လျှောက်လုံး ထုတ်ပိုးသိမ်းဆည်းလို့
ရနိုင်မလား...."
ပုံတူဆွဲနေသောလက်တွေရုတ်တရက်တန့်သွား
ကာအိမ်ရှေ့စံကိုထုံးစံအတိုင်းပြူးကြည့်နေတတ်
သောကောင်လေးသည်၁၈အရွယ်တော့မကတော့
တာကြောင့် အိမ်ရှေ့စံ ဘာကိုရည်ရွယ်နေသလဲ
ဆိုတာကိုနားလည်နေပြီ။
တခုခုပြန်ဖြေရန်Jeonပြင်ဆင်လိုက်ချိန်တွင်
အဝေးမှအော်ခေါ်လိုက်သောအသံဩဩ
လေးကြောင့် Jeonမျက်လုံးတွေသည်
လက်ခနဲဖြစ်သွားသည်။
ဒါက်ုအိမ်ရှေ့စံသည်သေချာသိလိုက်ကာ
JEonလှမ်းကြည့်ရာသို့ စူးရဲသောမျက်လုံးများ
ဖြင့်လှမ်းကြည့်လိုက်သည်။
သက်ရှိအရုပ်ကလေးလို....
ကောင်လေးတစ်ယောက်.....။
တခြားနိုင်ငံတစ်ခုကကောင်လေးတယောက်....။
သေးကွေးသောဖြစ်တည်မှုလေးဆိုပေမယ့်
JEonက ရွှန်းလဲ့စွာလှမ်းကြည့်နေသည်။
မသိမသာဆုပ်သွားသောလက်သီးတွေသည်
ဝတ်ရုံအောက်မသိမသာ....။
JEon မျက်လုံးထဲက အကြင်နာအရိပ်တွေ
သည် အကြောက်တရားမဲ့စွာ
ဘာကြောင့် ယိုစီးနေရသလဲ....။
၁၃နှစ်သားထဲက အရိပ်တကြည့်ကြည့်
ကလေးလေးဟာ သူ့ကိုတော့ဖြင့်
ကြောက်ကြောက်လန့်လန့်အမြဲတမ်း
မျက်နှာဖုံးစွတ်ထားသောမျက်လုံးတွေနဲ့
ခစားခဲ့ပြီး....ဘာမှမဟုတ်တဲ့ တဖက်နိုင်ငံက
လက်ဆောင်ပေးလိုက်သော ကချေသည်လေး
ကျမှ ချစ်ခြင်းမေတ္တာတွေနဲ့ခစားနေရသလဲ...။
အိမ်ရှေ့စံသည်...ဓားကိုတင်းတင်းဆုပ်ထားခဲ့ပါသည်။
"ေက်းဇူးတင္ပါတယ္သား....
ကြင်နာတယ်မလားတဲ့...။
မပေးခဲ့။
"နေကောင်းအောင်နေပါ...
"Jimin...."
"ဗျာ မေမေ..."
သားမှာ သားဘဝရှိတယ်...
မလိုဘူးနော်....."
ဘာရှိအုန်းမှာလဲ။
ရွေးပြောမိသည်။
ကြောက်မိနေခြင်းပါ...။
..........
ရက်အနည်းငယ်အကြာ......။
တရားဝင်လက်ထပ်ပွဲနေ့...။Makeup
ဖြည့်ပေးနေသည်။
နှစ်သိမ့်ပေးနေသည်။
ကိုကိုက ပစ်ထားစရာလား
"ကိုကို ကတိနော်...."
လုံးဝမကြိုက်။
"ကိုကို လည်း ချစ်တယ်...."
လှိုက်လောင်နေပြီ။
ပြန်လွှတ်လိုက်ရသည်။
အာရုံလေးတွေ.....။
အရမ်းလှနေပါသည်..။
ဟာသပဲ....။
ပို၍စူးရဲနေသည်။
သွားတဲ့သူ....။
ပါပေသည်။
စိတ်ထဲဖျင်းခနဲ....။
မောက်မောက်မာမာလေး....။
"အင်း အင်း..."
ဆောင်နေရသည်။
ယောက်ျားအချင်းချင်းတောင်မျက်နှာလွှဲ
ရတဲ့အထိ.....။
ယောက်ျားတစ်ယောက်မှာရှိသင့်သော
လူကိုဘယ်လောက်ကြည့်မရ ကြည့်မရ
စိတ်သည်
တခြားဟာ ပြ...."
နေလိုက်သည်။
မကြိုက်ပါ...။ယောက်ျားစစ်စစ်တစ်ယောက်ကို
"ဘာလုပ်တာလဲ...!!!"
"အင်း အင်း Jimin....."
စိတ်ကထိန်းမရ...။
သူ့ကိုမငြင်းရဲပါ။
"ဖယ်.....!!!"
စတိုင်တကျထိုင်နေသော
ရူးသွားပြန်သည်။
"ဘာအရူးထပြန်တာလဲ....!!!"
"မနေဘူး ဖယ်စမ်း....!!!!"
ဖယ်စရာအကြောင်းမရှိ။Makeup သမားသည်
ရပ်သွားစေခဲ့သည်။
ရင်းနှီးလွန်းနေသည်.....။
လူတစ်ယောက်...။
ပြန်ထွက်သွားသည်။
"ထွက်သွား ..."
....................
လက်ထပ်ပြီးသွားသောယောက်ျားဖြစ်သူ၏
နားထဲလည်းမဝင်...။
"အင်း ဒါဆို နားပီ...."
"ဟုတ်ကဲ့....ဦး.."
"ဦးတို့လည်း ပြန်ပြီ...."
"ဟုတ်..ဟုတ်ကဲ့.."
ကျောပိုးအိတ်ထဲအဝတ်အစားတခ်ျု့ထည့်နေသော
အိမ်သပ်သပ်ရှိတယ်...
စဉ်းစားစရာလား.."
ထိုင်နေလိုက်သည်....။
အောင်အိပ်လိုက်သည် ။
...............
ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြေအေးအေးလို
ကဗျာစပ်ပေးနေခဲ့သည်။
"JEonငယ်...."
"ဟုတ်ကဲ့ အိမ်ရှေ့စံ...."
ရနိုင်မလား...."
ဆိုတာကိုနားလည်နေပြီ။
လက်ခနဲဖြစ်သွားသည်။
သက်ရှိအရုပ်ကလေးလို....
ကောင်လေးတစ်ယောက်.....။
ဝတ်ရုံအောက်မသိမသာ....။
Bạn đang đọc truyện trên: AzTruyen.Top