💔10💔(Part1)
ချစ်ကြည်ရေးအခိုင်မြဲဆုံးအိမ်နီးချင်းနိုင်ငံတစ်ခုရဲ့
အိမ်ရှေ့စံမင်းသားမွေးနေ့ပွဲအတွက်
.လက်ဆောင်ပဏှာအဖြစ်
ကပြရတော့မည့်ကချေသည်လေးဟာ
စိတ်အထူးလှုပ်ရှားနေခဲ့ပါသည်....။
ယောင်းဟာ...ယောင်းရဲ့နိုင်ငံမှာနာမည်အကြီးဆုံး
နဲ့အလှဆုံး ကကွက်လေးတွေပိုင်ဆိုင်တဲ့သူ
ယောင်း ကို ဘုရင်အစ...ကလေးအဆုံးမသိတဲ့သူ
မရှိခဲ့ဘူး...။
ယောင်းဟာ...ကောင်းကင်ကလက်ဆောင်ပေးတဲ့
နတ်သားလေးလို့...တတိုင်းပြည်လုံးက
သတ်မှတ်ခဲ့ကြတယ်....။
ယောင်း ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေ
စည်းချက်အတိုင်း လှုပ်ရှားကွေးညွှတ်သွားတိုင်း
ကြည့်နေသူတိုင်းဟာ....အသက်ရှုဖို့မေ့ခဲ့ကြတယ်..
အရူးအမူးစွဲလန်းလွန်းလို့...ပိုင်ဆိုင်ဖို့လုံးဝမဖြစ်နိုင်တဲ့အခါစိတ်နောက်သွားသူတွေ
တောင်ရှိတဲ့အထိ..ယောင်းဟာသိပ်လှခဲ့ပါတယ်...။
ယောကျ်ားတစ်ယောက်ဆိုသော်ငြား
ရပ်တည်မှုဟာ တော်ဝင်ကချေသည်လေးမို့
သိပ်နူးညံ့တယ်...သိပ်ယဉ်ကျေးတယ်...
သိပ်လည်းအန္တရာယ်တွေများခဲ့တယ်။
"မွေးနေ့ပွဲအစီအစဉ်တွေကမပီးနိုင်သေးဘူး
လားJeon...ကိုယ်တော်နားချင်လှပြီ
ပျင်းရိစရာ တီးလုံးတွေနဲ့ မျက်စိနောက်စရာ
ကကွက်တွေကို ထိုင်ကြည့်ရအုန်းမှာလား....."
"တဖက်နိုင်ငံကလက်ဆောင်မို့
အရှင်လက်ခံရယူသင့်ပါတယ်...."
"ပေးစရာရှားလား...
..တကယ်ဆို
မြင်းတွေ လက်နက်တွေ ငါ့ကိုပေးသင့်တယ်..
ငါ သီချင်းတွေ အကတွေ မခံစားတတ်ဘူး..."
အိမ်ရှေ့စံသည် ကပွဲကြည့်ရန် ဝတ်ရုံလဲနေသည်။
အပေါ်ရုံကိုချွတ်ပြီး အဖြူရောင်အတွင်းဝတ်
ရဲ့ကြိုးတွေကိုဖြည်နေသည်။
Jeonကဘယ်တုန်းကမှ ပြန်တော့လို့မပြောမချင်း
ထွက်ခွါခွင့်မရှိပါ..။
အိမ်ရှေ့စံဘာလုပ်လုပ်ခစားနေရတာပဲ....။
အနေကျပ်စရာအခြေအနေတွေမှာလည်း
နံရံထောင့်ကပ်ကာငြိမ်သက်စွာမျက်နှာလွှဲပြီး
နေပေးရသည်။
အိမ်ရှေ့မင်းသားအိပ်ဆောင်ထဲကိုမိုးလင်းတာနဲ့
သခင်လေးJeonအစောဆုံးလာခစားရပြီး
တနေကုန်အနားမှာကိုယ်ရံတော်လိုရှိနေပေးရသည်။
အိမ်ရှေ့စံရဲ့မျက်လုံးတွေမှိတ်ကျသွားသော
အနားယူချိန်ရောက်မှJeonပြန်ရသည်။
စောဒကတတ်ခွင့်လည်းမရှိခဲ့ပါ။
ငယ်နိုင်မို့ အိမ်ရှေ့စံက အခန့်မသင့်ရင်
ဓားထောက်ပြီးစကားပြောတတ်ပါသည်...။
နှစ်သက်တယ်ရယ် ကြိုက်တယ်ရယ်လည်းမဟုတ်
အ်ိမ်ရှေ့က အာဏာရော ဓားသွားရော ပြကာ
၁၃နှစ်သားထဲက ပုံစံချထားတာမို့
ပြားပြားဝပ်အနားမှာရှိပေးခဲ့ရပါသည်။
"အမွှေးဆီရှိတယ်...Jeonကိုယ်တော့်ကို
လာလိမ်းပေး...ပွဲတက်ရမှာဆိုတော့
မွှေးပျံ့နေမှဖြစ်မှာ....."
လက်ညိုးထိုးပြသောနေရာကဗူးကို
ယူကာJeonသည်အမိန့်ရှိတဲ့အတိုင်း
အနားသို့ကပ်လာရပါသည်။
အိမ်ရှေ့စံသည်အဖြူရောင်အတွင်းဝတ်ကို
တဝက်တိတိချွတ်ချလိုက်တဲ့အခါ
လိမ်းပေးရမည့်ကျောပြင်ဖွေးဖွေးသည်
လင်းခနဲ.....။
Jeonသည်အနက်ရောင်ဆံပင်ရှည်တွေကို
ဖြေးညှင်းစွာရှေ့သို့ချပေးလိုက်ပြီး
အမွှေးဆီကိုအနည်းငယ်ယူကာ
ကျောပြင်ပေါ်သို့စလိမ်းပေးသည်။
"အမှုထမ်းရာကျော် ကိုယ်တော့်ကို
ခစားနေလည်း တစ်ယောက်မှကိုခုထိတိုင်
စိတ်တိုင်းမကျဘူး...Jeonငယ်က
အမှုထမ်းရာချီ မဟုတ်ဘူး ထောင်ချီထက်
ပိုပြီး အသုံးဝင်တယ်..."
"ကြည့်မြင်ပေးတာ....ကျေးဇူးတင်ပါတယ်အိမ်ရှေ့စံ"
"ဖြစ်နိုင်ရင် ကိုယ်တော့်အိပ်ဆောင်ထဲကကို
မင်းကိုအပြင်မထုတ်ချင်ဘူး.."
"မသင့်တော်ပါဘူး အိမ်ရှေ့စံ......"
Jeonငယ် အသက်၂၀လား....။ဟုတ်နိုင်တယ်
အရွယ်လုံးဝရောက်ကာ တနေ့တခြား
ပြီးပြည့်စုံခြင်းကိုရောက်လာသူသည်
စကားတွေရဲလာတယ်......။
အ်ိမ်ရှေ့စံ၏မျက်နှာထားသည်တင်းခနဲ။
ခစားပါ့မယ်အိမ်ရှေ့စံဟုကြားချင်သော်လည်း
Jeonငယ်သည်ရှင်းပြတ်စွာပြန်ပြောသည်။
အသက်ကလေးကြီးလာလေလေ...
အမောက်ကလေးထောင်ပြချင်လာလေလေပဲ...။
"ဘာကိစ္စမသင့်တော်ရသလဲ...
အကြောင်းအရင်းကိုလျှောက်တင် Jeon...."
အိမ်ရှေ့စံသည်အတွင်းဝတ်ရုံအားအလုံးစုံ
ချွတ်ချလိုက်သည်။ထို့နောက်အရည်လဲ့နေသော
မျက်ဝန်းများဖြင့်ကျောပြင်အားအမွှေးဆီလိမ်းပေး
နေသော Jeonကို အရောင်တွေပေါင်းစုံခငြောင်းနေ
သောအကြည့်တွေဖြင့်စိုက်ကြည့်လာတော့သည်။
ပြုံးယဲ့ယဲ့နူတ်ခမ်းလေးတွေနဲ့.....
ဒီယောကျ်ားငယ်...ခစားချင်လာအောင်
အနားမှာနေချင်လာအောင် ကြိုးစားပြုစားလိုက်
သော်လည်းJeonသည်အေးစက်စွာပြန်ကြည့်နေသည်။
ခါးမှာအဝတ်မရှိတော့တဲ့.ပန်းနုရောင်သန်းနေသော
ခန္ဓာကိုယ်လှလှလေးနှင့်အချစ်တွေအပြည့်ပါနေသော
မျက်လုံးတွေသည်ဘာမှမဟုတ်သော
သာမာန်ကောင်လေးကိုတက်တက်မက်မက်ကြည့်
နေသောငြား ဘာမှမဟုတ်သောသာမာန်ကောင်လေး
ကတော့ နိုင်ငံရဲ့အိမ်ရှေ့မင်းသားကို
စိတ်ခံစားမှုမဲ့သောမျက်လုံးတွေနဲ့သာကြိုဆိုခဲ့ပါသည်။
"ငါကြည့်သလိုငါ့ကိုဘာလို့ပြန်မကြည့်နိုင်တာလဲ
မင်းမျက်လုံးတွေက ထိုးဖောက်ပစ်ချင်လောက်
အောင် အသဲနာစရာကောင်းလိုက်တာ
ဖယ်တော့...ဆက်မလိမ်းတော့နဲ့..."
အသက်ကြီးလာလေလေ...လောကကြီးကို
မြင်လာလေလေ အိမ်ရှေ့စံနဲ့အဆင်မပြေလာလေလေပဲ။
အိမ်ရှေ့စံဟာ အင်အားကြီးမှုသိပ်အသုံးချတတ်
ပြီးခြိမ်းခြောက်အကျပ်ကိုင်တာမျိုးမှာ
တဖက်ကမ်းခတ်ကျွမ်းကျင်တယ်။
Jeonကအဲ့လိုအရာတွေကိုသိပ်မုန်းခဲ့တယ်...။
လက်ခံလာအောင်မပြောချင် ဓားထုတ်ဖို့ကို
အရင်တွေးတတ်သောအိမ်ရှေ့စံဟာချောမောလွန်း
သောရုပ်ရည်နဲ့မှမလိုက်အမြဲရက်ရက်စက်စက်...။
Jeonဟာလူငယ်ပီပီ လွတ်လွတ်လပ်လပ်
လျှောက်သွားချင်ခဲ့တယ်....
ခရီးတွေထွက်ချင်ခဲ့တယ် အပေါင်းအသင်းတွေနဲ့
ပျော်ပျော်ပါးပါးသောက်စားချင်တယ်
ချစ်သူရည်းစားတွေလည်းထားချင်ခဲ့တယ်....
ဒါပေမယ့်မိုးလင်းကမိုးချူပ် အိမ်ရှေ့အနားမှာ
ပဲခိုနားရကာ ပျော်နေလား ဝမ်းနည်းလားလည်း
မသိ...သူ့စိတ်ဆိုတာမရှိတော့ဘဲ..
အိမ်ရှေ့စံစိတ်နဲ့သာတနေကုန်အသက်ရှုရတယ်
စိတ်ကျေနပ်ဖို့ဘာမဆိုလုပ်ပေးရတယ်...
ခိုင်းသမျှ မငြီးငြူရ...
တခါတရံနေ့များဆို အိပ်ဆောင်ထဲကနှစ်ယောက်စလုံး
ထွက်မလာ...ဘာဘာညာညာအတင်းအဖျင်းတွေ
ပြန်ကြားတိုင်းJeonကမျက်နှာပျက်သွားတတ်တယ်
အဲ့ဒီအခါအိမ်ရှေ့စံကအတင်းအဖျင်းပြောတဲ့သူကို
အမေးအမြန်းမရှိတခါထဲသတ်ပစ်လိုက်တယ်...။
ပြတ်သားပြင်းထန်သောအတိတ်တွေပါပဲ....။
မကြည်မလင်အိမ်ရှေ့စံနဲ့ ကိုယ်ရံတော်လိုလို
Jeonဟာ ခပ်ကြိတ်ကြိတ်နှင့်မကျေမနပ်ရန်တပွဲ
နွဲပြီးတဲ့နောက် ကပွဲကြည့်ရန် တင်းမာသော
မျက်နှာများဖြင့်လျှောက်လာခဲ့ကြသည်။
အနီရောင်နဲ့ရွှေရောင်စပ်ထားသော
တော်ဝင်ဝတ်ရုံကြီးနဲ့အိမ်ရှေ့စံနဲ့
အနက်ရောင်ဝတ်ရုံနဲ့Jeonတို့ဟာ
ရှေ့ဆင့်နောက်ဆင့်ခပ်မြန်မြန်လှမ်းဝင်လာကြရင်း
အိမ်ရှေ့စံက အဆင်သင့်ခုံတွင်ဝင်ထိုင်လိုက်ကာ
Jeonကဓားတစ်ချောင်းကိုင်လျှက်
အိမ်ရှေ့စံအနားတွင်မတ်တပ်ရပ်နေသည်။
အိမ်ရှေ့စံရောက်လာပြီမို့ပွဲကိုစတင်လိုက်ကြတော့သည်။
ဖျော်ဖြေပေးမယ့်သူများသည်ခေါင်းမော့ရန်
အိမ်ရှေ့စံ၏အမိန့်မရမချင်းဒူးထောက်ကာ
ခေါင်းငုံ့ခစားနေရသည်။
ယောင်းသည်နှလုံးခုန်သံတွေမြန်နေခဲ့ပါသည်
ကျွမ်းကျင်ရာအလုပ်တစ်ခုဆိုသော်ငြား
တခြားနိုင်ငံရေမြေမှာ ပထမဆုံးကပြရမှာမို့
လက်ချောင်းသွယ်သွယ်လေးများသည်
မသိမသာတုန်နေကာချွေးစို့နေခဲ့သည်....။
အိမ်ရှေ့စံ၏ခစားစေဆိုတဲ့အမိန့်သံကြားပီးတဲ့
နောက်ဒူးထောက်ခေါင်းငုံ့နေရာမှမျက်နှာလေးကို
မော့လိုက်သည်။
မော့မော့ချင်းမြင်လိုက်ရသောမြင်ကွင်းသည်
မျက်တောင်အရှည်ကြီးတွေကိုပိုင်ဆိုင်သော
ယောင်းမျက်လုံးလေးတွေကိုပိုမိုကျယ်သွားစေကာ
ပတ်ဝန်းကျင်ကိုခေတ္တခဏမော့မျောသွားခဲ့ပါသည်။
ပုလ္လင်ပေါ်ကအပြုံးအရယ်မရှိတည်တံ့သော
မျက်နှာတင်းတင်းဖြင့်ထိုင်နေသောလူ..။
ပြောင်ရှင်းနေသောမျက်နှာဖြင့်ကြားခဲ့ဖူး
သောဂုဏ်သတင်းတွေထက်အများကြီးပိုသာလွန်တာပေါ့။
ယောင်းမျက်နှာလှလှလေးကိုစမြင်ဖူးတဲ့
လူတိုင်းဟာ တစုံတခုမျက်နှာရိပ်တွေ
ပြောင်းလဲသွားကြပြီး ခဏလေးအတွင်း
အရူးအမူးစွဲလန်းသွားကြတဲ့
သူတွေကြီးဆိုပေမယ့် ပုလ္လင်ပေါ်ကအိမ်ရှေ့စံဟာ
ပိုးမွှားလေးလို စိတ်အနှောက်အယှက်လို
မကြည့်ချင်ဘဲကြည့်နေရသလို
အမျိုးမျိုးအထွေထွေမျက်နှာမျိုးဖြင့်ထိုင်ကြည့်
နေခဲ့သည်။
ယောင်းတကိုယ်လုံးကသွေးတွေအားလုံး
ပူနွေးလာကာ ကပြဖို့ကိုင်ထားသော
လက်ထဲကယပ်တောင်လေးသည်ပြုတ်ကျသွား
ခဲ့သည်....။
သိပ်လှလွန်းတဲ့သူ....
တည်တင်းနေသောမျက်နှာသည်
တစုံတစ်ခုကိုအလိုမကျဖြစ်နေတဲ့ပုံပေါ်ပေမယ့်
ယောင်းသည် မြင်မြင်ချင်းမှာပဲ
မိနစ်တွေအများကြီးအထိ အကြည့်တွေမခွါနိုင်စွာ
ငေးကြည့်မိခဲ့ပါသည်။
အဝေးကြီးမှာပါ အိမ်ရှေ့စံဟာ ဟိုးအဝေးကြီး
က ဖြစ်တည်မှုဆိုတာ သေချာသိရက်နဲ့
ယောင်းဟာ တွေ့တွေ့ချင်း စိတ်နဲ့ခန္ဓာခွါသွားတဲ့အထိ
မျောလွင့်သွားခဲ့ပါသည်....။
ကကွက်တချက်မမှားခဲ့ဖူးသူသည်..
တီးလုံးပင်မစရသေး သတိလက်လွတ်
ယပ်တောင်ပြုတ်ကျသွားတဲ့အထိအမှားကြီးစ
မှားခဲ့တာကြောင့်အဖွဲ့သားတွေသည်
ယောင်းကို အံ့ဩတကြီး ကြည့်နေကာ
အိမ်ရှေ့စံအမျက်တော်ရှသွားမှာကို
သေမတတ်ကြောက်နေခဲ့ကြသည်။
"ကြီးကြီးကျယ်ကျယ် ကတာ
လှတယ်လည်းပြောသေးတယ်
မကရသေးဘူး မရေမရာနဲ့အကုန်ပြုတ်ကျနေပီ
ကြည့်အုန်း မင်း ကချေသည်ကို...."
အိမ်ရှေ့စံသည် အစထဲက စိတ်လည်းမဝင်စား
ကြည့်လည်းမကြည့်ချင်တာမို့မှားသွားတဲ့အခါ
ဘေးနားတွင်ရပ်နေသော Jeonကို
မော့ကြည့်ကာအပြစ်ဖ်ို့စကားဆိုလိုက်ချိန်တွင်
ကမ္ဘာပြိုကျသွားခဲ့သည်။
တစ္ဆေသရဲလိုတွေ့လိုက်ရသောJeonရဲ့
မျက်လုံးလှလှတွေသည် ကချေသည်ခေါင်းဆောင်
လေးဆီ ရွှန်းလဲ့စွာစိုက်ငေးနေလျက်...။
အိပ်ဆောင်ထဲမှာ အပေါ်ပိုင်းတစ်ခုလုံး
ခွါချကာ ကြံစည်ခဲ့တာတောင် မရရှိခဲ့သော
မျက်အိမ်တွေသည် ဘာမှမဟုတ်တဲ့
အဖျော်ဖြေခံလေးဆီကျ ဟန်မဆောင်နိုင်
မုန်းစရာကောင်းစွာခစားနေသည်။
အိမ်ရှေ့စံ၏လက်တွေသည်ဝတ်စုံကိုတင်းတင်း
ဆုပ်သွားကာအံကြိတ်ထားသည်။
တီးလုံးတချို့ စကြားရပြီး
ကချေသည်လေးသည် စတင်က ပြတော့သည်။
လက်ကလေးတွေ လှုပ်ရှားသွားသည်
ခြေဖျားလေးတွေမြေပြင်နဲ့လွတ်လွတ်သွားသည်
အနီရဲရဲဝတ်ရုံသည် လေထဲတွင် လှပစွာမျောလွင့်လျက်။
အနီရဲရဲဝတ်စုံကို ထိုအချိန်ထဲကအိမ်ရှေ့စံ
မုန်းခဲ့တာ ဘဝအဆက်ဆက်တိုင်အောင်ပဲ....။
ငုံ့ထားသောမျက်နှာလေးသည်
ပြုံးယဲ့ယဲ့လေးမော့လာတဲ့အခါJeonသည်
ထင်မထားလောက်အောင် ပြည့်စုံလွန်းသော
ကချောသည်လေးကိုစတွေ့ခွင့်ရခဲ့သည်။
တစ်ခါလေးမှ မလှုပ်ရှားခဲ့ဖူးသော
နှလုံးသားသည် အနီရဲရဲဝတ်စုံလေးကိုဝတ်ထား
ကာဆံပင်တဝက်ကိုကြိုးလှလှလေးဖြင့်စည်းနှောင်
ထားသောဖြစ်တည်ခြင်းလေးမှာပထမဆုံး
အကြိမ်လှုပ်လှုပ်ရှားရှား..။
သိပ်လှတာကို....ပြောမပြတတ်အောင်ပဲ
ထူးကဲစွာလှနေတာကို....
ပန်းပုထုထားသလိုမျက်နှာလေးသည်
အနုပညာသည်လေးပီသစွာအိမ်မက်ဆန်လှသည်။
သိပ်ချောလွန်းတယ်လို့ကြားဖူးခဲ့ပေမယ့်
နတ်သားတမျှလို့တော့သူထင်မထားခဲ့....။
ရင်ထဲပန်းခင်းတွေချက်ချင်းပွင့်လန်းလာသလိုမျိုး
နှစ်ပေါင်းများစွာ မှိုင်းထိုင်းနေသော
စိတ်သည်လန်းဆန်းလာခဲ့သည်။
အချူပ်အနှောင်ကျနေသလိုမျိုးခံစားမှုတွေမှ
လွတ်မြောက်သလို...
Jeon သည် မြင်မြင်ချင်းမှာပင်
သဘောတကျကိုငေးစိုက်ကြည့်နေမိခဲ့သည်။
ပြုတ်ကျသွားသောယပ်တောင်လေး...
ဘာမှမဖြစ်ကြောင်းပြောပြီး
ပြေးကောက်ပေးလိုက်ချင်ပါသည်....
အနည်းငယ်လန့်သွားသောမျက်နှာလေးက
ချစ်စရာအတိ...။
အိမ်ရှေ့စံစကားတချို့ပြောလာသည်...။
ပြောနေတာကိုကြားနေပေမယ့်
အာရုံစိုက်လို့မရခဲ့....။
မျက်ဝန်းတွေသည်အနီရောင်အရိပ်ကလေး
ဆီမှာပဲကပ်ငြိနေခဲ့သည်။
စည်းချက်လေးတွေအတိုင်းလှလှလေး
ကပြသွားသည်....။
မရေးတာနှစ်ချီနေသောကဗျာတွေပြန်ရေးချင်လာသည်။
မဆွဲတာကြာသောပန်းချီတွေပြန်ထိတွေ့ချင်လာသည်။
"ငါ့ကိုဆက်သလိုက်တဲ့ကချေသည်ကို
ဘယ်လိုအကြည့်တွေနဲ့ကြည့်နေတာလဲJeon
ငါ ချစ်ကြည်ရေးယူထားတဲ့
နိုင်ငံကို စစ်မချီချင်တာမို့ မင်းမျက်လွှာတွေကို
ချထားစမ်း......"
သတိပြန်မဝင် ဝင်အောင် အေးစက်စက်
ဝင်လာသောအိမ်ရှေ့၏အသံကြောင့်
လန့်သွားကာ အိမ်ရှေ့စံကိုကြည့်လိုက်ချိန်တွင်
မျက်နှာတစ်ခုလုံးနီရဲနေသည်။
ကြည့်မိရုံနဲ့စစ်ချီချင်ခဲ့သောအိမ်ရှေ့စံဟာ
Jeonငယ်လေးအပေါ်....
သိပ်ထိလွယ်ရှလွယ်ခဲ့ပါတယ်......။
ပုံမှန်ဆိုချက်ချင်းအမိန့်ခံယူတတ်တဲ့
Jeonငယ်ဟာ မရမက တချက်လောက်တော့
အသေအချာကြည့်မိမှ မျက်လွှာချခဲ့တဲ့အထိ
ကချေသည်လေးအပေါ် ပြိုဆင်းခဲ့ပါတယ်.....။
အိမ်ရှေ့စံမျက်နှာတော်လေး ကိုတချက်လောက်
ခစားရုံနဲ့ ကသမျှသော ကကွက်တွေ
အားလုံးမှားယွင်းခဲ့ကာ စည်းလွတ်ဝါးလွတ်မင်းသားအပေါ်ချစ်နှစ်သက်သွားမိသော ကချေသည်လေး
သည် ဆိုးဝါးသောဇာတ်သိမ်းတွေကို
အဲ့ဒီနေ့က စတင်ရေးဆွဲခဲ့ပါတယ်......။
ကံကြမ္မာရေးဆွဲသည် သိပ်ဉာဏ်များခဲ့ပါသည်။
........................................။
ဖုန်းထဲကမွေးနေ့ပွဲလုပ်နေသောVideo အတို
လေးကိုJimin ကြည့်ကာရုံးခန်းထဲတွင်
တစ်ယောက်ထဲမျက်ရည်တွေဝဲနေလျှက်....။
Nam joon Hyung ၏မွေးနေ့ပွဲလေးသည်
သူ့မိဘနှစ်ပါးရယ် သူ့ညီမလေးရယ်
သူ့သူငယ်ချင်းလေးတချို့ရယ်နှင့်ပျော်ပျော်ပါးပါး။
Hyung ကို Supriseလုပ်ကြပုံရကာ
Hyung သည်းပါးချိုင့်နက်တွေပေါ်သည်အထိ
ပြုံးရွှင်နေပါသည်။
စတွဲသည့်နှစ်မှ သုံးနှစ်လုံးလုံးHyung မွေးနေ့တွေ
တိုင်းမှာသူရှိပါသည်။Hyung လက်ဖဝါးတွေကို
ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ရင်း CoffeeDateလေးတွေ
ခရီးအတိုလေးထွက်တာမျိုး....
Hyung အိမ်မှာ Hyung ရဲ့မိသားစုတွေနဲ့အတူ
အချိန်ကုန်တာမျိုးကို သူကိုယ်တိုင်ဦးဆောင်ပြီး
Hyung ပျော်ရဖို့ အများကြီးကြိုးစားဖန်တီးပေးခဲ့သည်။
ဒီနှစ်တော့ ဖန်တီးပေးဖို့မပြောနဲ့...
HappyBirthday Hyung ဆိုတဲ့ Wishလေး
တစ်ခုပို့ဖို့ကိုတောင် ဘောင်တွေကရှိပြီမို့
မပို့ဖြစ်ခဲ့...။
သူမပါဘဲလည်းHyungဟာ ပျော်နေနိုင်တာပဲ..။
မေ့သွားတာ...Hyung ဟာPositive သမားမို့
သူပျော်နေလို့လို့သွားအပြစ်ဖို့၍မရ...။
Videoကိုအထပ်ထပ်ကြည့်ကာငိုချင်လာပါသည်။
ပြီးတော့ လွမ်းလာပါသည်....။
မုန်းလို့မှမဟုတ်ဘဲ...မဖြစ်နိုင်ကြတော့လို့
သွေးစက်လက်နှလုံးသားတွေကို မျက်ကွယ်ပြု
နောက်ဆုတ်ခဲ့ရတာ ဘယ်လိုများHyung ကို
ခဏလေးနဲ့မေ့နိုင်ပါ့မလဲလေ....။
Hyung က ပြီးပြီးရော မေ့လို့ရတဲ့
တန်ဖိုးနဲ့လူတစ်ယောက်မဟုတ်
Namjoon Hyung ကစေ့စေ့တွေးကြည့်တိုင်း
တန်ဖိုးတရိပ်ရိပ်တက်နေကာ
ရှားပါးလူသားမို့ ပုံမှန်နေ့တွေကမသ်ိသာပေမယ့်
ခုလိုနေ့မျိုးကျ လွမ်းဆိပ်ကပိုတက်လာပါသည်။
"Namjoon သူငယ်ချင်း ဝမ်းနည်းစရာ
ကိစ္စတွေပြီးပြီမို့ နောင်လာမဲ့အနာဂါတ်
နေ့တွေမှာ မင်းဟာ အပျော်ရွှင်ရဆုံး
လူတစ်ယောက်ဖြစ်လာဖို့ ငါတို့ဆုတောင်းပေးပါတယ်..."
လူတွေအားလုံးအမြင်မှာHyung ကို
ရည်းစားလ်ုသာတွဲခဲ့ပြီး တကယ်တမ်း
လက်ထပ်တဲ့အခါ သူဌေးသားကိုကောက်ယူခဲ့တဲ့
ငွေမက်သူParkJimin ပေါ့.....။
အဲ့တာကြောင့်ဒီဆုတောင်းကိုဆုတောင်းပေးနေကြတာ။
ဒါပေါ့ Hyung ကတော့တဖြည်းဖြည်း
နေတတ်လာကာပျော်ရွှင်လာမှာသေချာပေမယ့်
သူကတော့တဖြည်းဖြည်းလမ်းပျောက်ကာ
မှောင်မဲလာသလိုခံစားနေရသည်။
အိမ်ပြန်နားလိုက်ရင်ရော...ဆိုတဲ့အတွေးတွေး
မိတော့လည်း အိမ်ပြန်မနေရင် အမွေစာချူပ်ကို
ဖျက်မယ်ပြောလို့ JeonJungkookက
အိမ်ကပ်နေပါသည်။
သွားစရာရှိတာသွားပြီးအိမ်ပြန်ပြန်လာအိပ်နေပါသည်။
တနေ့တမျိုးမရိုးနိုင်သောပြသနာတွေကို
ရှာကာ မျက်နှာချင်းဆိုင်တာနှင့်
သူဟာ လူမနာကျင်ရင် စိတ်ကနာကျင်ပြီးမှ
သွားလိုရာကိုသွားလို့ရသည်။
ပုံမှန်နေ့တွေတော့ ဒီလိုပဲဘာဖြစ်ဖြစ်
အိမ်ပြန်လိုက်တယ် မဆုံဖြစ်အောင်ရှောင်တိမ်းနေ
လိုက်တယ်....ဆုံလို့ရန်စရင်တောင်
တော်ရုံဆိုသူသည်းခံလိုက်တယ်
အကြောင်းပြချက်က Jungkookဟာ
သူ့ထက်ငါးနှစ်ငယ်နေတယ်....။
ကလေးသာသာလေးနဲ့ဘက်ပြိုင်ဖြစ်မနေချင်ပါ။
မနက်စားတဲ့အချိန်ကစ ညစာစားတဲ့အထိ
မထီတထီ အချိုးတွေကို စကားနဲ့တမျိုး
အပြုအမူနဲ့တဖုံ သွေးတိုးလာလာစမ်းတတ်သည်။
တရားလွန်လာရင်တော့ ပြန်ပြောလိုက်ကာ
အဲ့ဒီနေ့ အဲ့ဒီညတွေကတော့အကြီးအကျယ်
ရန်ပွဲတွေပေါ့...။
တခါတလေကျ ဖဲရှုံးလာတတ်သည်
ကားပြိုင်တာတွေ ရှုံးလာတတ်သည်
ရန်ဖြစ်လာတတ်သည်
ဒီလိုအချိန်မျိုးတွေဆိုJungKookသည်
အိပ်ယာထဲတန်းအိပ်သွားတတ်သည်။
နားအေးပါးအေးရှိကာ ဖဲရှုံးလာပါစေလို့ပဲ
ဆုတောင်းရတော့မလိုလို အဲ့လိုနေ့မျိုးတွေတော့
အေးချမ်းခဲ့သည်။
ဒါပေမယ့်...အဆင်မပြေ မျက်မုန်းကျိုးရတာ
ကပိုများနေခဲ့သည်.....
ထို့ကြောင့်ခုလိုစိတ်အခြေအနေနဲ့အိမ်ပြန်ဖို့ဆိုတာ
ကလည်းမပြန်ချင်။
ဝမ်းနည်းနေတာတွေရော....
သတိရနေသောစိတ်တွေရော....
အားငယ်မှုတွေရော...
နေမကောင်းချင်နေသော အားနည်းမှုတွေရော...
စိတ်ထောင်းကိုယ်ကြေစွာပင်
အဆင်မပြေနေခဲ့.....။
Hyung က သူမပါတဲ့မွေးနေ့မှာပျော်ရွှင်နေတာရော
သူ့ကိုတစက်ကလေးမှသတိမရတော့ဘူးလား
ဆိုတဲ့ဒေါသအနည်းငယ်နဲ့ရော
အိမ်ထောင်ရှိတဲ့ယောကျ်ားတစ်ယောက်ဖြစ်
သွားပေမယ့်လည်းအတ္တလေးအနည်းငယ်ရှိနေပြန်သည်။
စိတ်သည်နည်းနည်းလေးမှပင်မကြည်လင်နေပါ။
နေ့တိုင်း Jeon JungKookနဲ့ ရန်ဖြစ်ရတာရယ်
အလုပ်ကဖိအားတွေရယ်..နဲ့
ခုလို ဝမ်းနည်းစရာကိစ္စမျိုးတွေကြုံလာရတော့
အော်ဟစ်ပေါက်ကွဲကာစိတ်ရှိတိုင်း
ကြမ်းရမ်းပစ်ချင်နေသည်။
ဆက်မကြည့်တော့ဘဲဖုန်းပိတ်လိုက်ကာ
အိမ်ပြန်ပြီး အိပ်ဆေးသောက်အိပ်ပစ်လိုက်မယ်
ဟုတွေးလျှက်Company မှပြန်လာခဲ့သည်။
စေ့စပ်သေချာသောDriver ကားမောင်း
နေတာကိုတောင်စိတ်ကလုံးဝမကြည်ချင်။
အပြစ်တွေပြောချင်နေခဲ့သည်။
"အိမ်မှာမသောက်ရတာကြာလို့လား
မသိဘူး...Feeling ကတမျိုးပဲနော် Rom..."
အိမ်လည်ကောင်ဧည့်ခန်းတွင်အကောင်းစား
အရက်ပုလင်းတွေချကာ Jeonတို့အုပ်စု
ရေချိန်ကိုက်နေကြသည်။
"ငါတို့ကမင်းအိမ်ကြီးကိုသိပ်သဘောကျတာ
ပါကွာ...မင်းကမခေါ်လို့...မလာဖြစ်တာ..."
"ငါ့မေမေ ဆောက်ခဲ့တာ...ဘယ်လောက်လှသလဲ"
"ဒါပေါ့ ဒါပေါ့...."
JEonဟာစီးကရက်တချက်ဖွာလျှက်
ဆိုဖာပေါ်လှဲကာစကားပြောနေခဲ့သည်။
အလွန်အကျွံတော့မသောက်ထားမူးရုံပင်
သောက်ထားကာအဆင်ပြေပြေတော့ရှိနေဆဲ...။
"ဂျေ မင်းယောကျ်ားမတွေ့ပါလား....."
"ဘာလုပ်မလို့လဲ....."
အရက်ဝိုင်းထဲအရက်ကောင်းကောင်း
မသောက်ဘဲ မဆိုင်သောParkJimin
ကိုကျော်မေးခြင်းသည်အဓိပ္ပာယ်မရှိ။
ParkJiminတွေ့တော့ဘာလုပ်ကြမလို့လဲ...။
"မေးကြည့်တာလေကွာ မင်းအဖေအတွဲက
ပြောင်းသွားပြီး မင်းတို့ပဲကျန်တယ်ဆိုလို့
မတွေ့လို့...."
"အလုပ်ခိုင်းထားတာ အလုပ်လုပ်နေတယ်..."
"ပိုင်လှချည်လား..."
"ငါ့ကံကိုက...အဲ့သလို..အေးဆေးပဲ"
"ငါတို့လည်းကြားပါတယ်
Jiminshi က အရမ်းအလုပ်လုပ်တာ
တော်တဲ့အကြောင်းနာမည်ကြီးပါပဲ..."
"ဘယ်တုန်းက ရင်းနှီးသွားကြတာလဲ..."
"ဘာကိုလဲ...."
"Jiminshi လ်ု့ခေါ်လိုက်လို့လေ...
ငါတောင်သူနဲ့မင်္ဂလာဆောင်ပြီးပြီ
အဲ့လောက်ခေါ်ဖို့မရင်းနှီးသေးလို့..."
"Jeon JungKookမင်းဘာဖြစ်နေတာလဲ
သိပ်လည်းမမူးသေးဘဲ..."
Jeon သည်ဘာမှတော့ဆက်မပြော
စီးကရက်ငွေ့တွေကိုသာလေထဲမှုတ်ထုတ်
နေပြီး Jimin အကြောင်းစကားစကိုဖြတ်
လိုက်သည်။
သိပ်အများကြီးတွေစကားလုပ်ပြီး
အရက်ဝိုင်းထဲ ခေါ်ထည့်မပြောချင်ပါ....။
ဘာကြောင့်မှန်းမသိ....
အရက်သမားတွေပါးစပ်ကလည်း
အဲ့ဒီနာမည်ကိုမထွက်လာစေချင်ဘူး...
သူတို့က လူကောင်းတွေတစ်ယောက်မှ
မဟုတ် လူရမ်းကားတွေကြီးပဲမို့
ParkJimin အကြောင်းဟာသူတို့နဲ့ဘာမှမဆိုင်ဘူး
ဟုပဲသတ်မှတ်လိုက်သည်။
မကြည်မလင်စိတ်နဲ့အိမ်ထဲဝင်လာသော
အချိန်တွင်အိမ်လည်ကောင်တန်းမြင်လိုက်
ရသောမြင်ကွင်းသည်အမောဆို့ကာ
ပိုဒေါသထွက်စေခဲ့သည်။
Clubမှာသူနဲ့ငြိခဲ့သောကောင်အပါအဝင်
တခြားကောင်တွေပါကျက်သရေမရှိ
သောက်စားပျော်ပါးနေကြပီး
ခေါင်းဆောင်ကြီးကတော့ဆိုဖာပေါ်ပက်လက်လှန်
ကာစီးကရက်သောက်နေသည်။
JungKookနဲ့အတူတူတအိမ်ထဲစနေထဲက
လက်မခံနိုင်သောမြင်ကွင်းတွေကို
ထပ်ခါထပ်ခါကြုံရပေမယ့်အိမ်လည်ကောင်
ဧည့်ခန်းမှာမူးရူးနေကြသောမြင်ကွင်းက
တော့မျက်စိထဲအဆင်မပြေဆုံးပင်...။
ဒါပေမယ့်လည်းကိုယ်နဲ့ဘာမှမဆိုင်တာမို့
ဥပေက္ခာပြုကာ အခန်းထဲတန်းဝင်အိပ်ပစ်လိုက်
ချင်သောစိတ်သာရှိနေခဲ့သည်။
သူ့အိမ်သူလုပ်ချင်တာလုပ်လို့ရတာပဲ
ကိုယ့်ဘက်ကအကောင်းအဆိုးဘာပြောလို့ရမလဲလေ။
"Hyung တောင်အလုပ်ကပြန်လာပီ...
စောလှချည်လား ခြောက်နာရီတောင်မထိုးသေးဘူး
ဘာလဲ မောင် ဆူမှာစိုးလို့လား....."
လူစုံရင် ParkJimin ကိုကလိလိုက်ရမှ...။
မဲကျသွားသောမျက်နှာသည်အပြိုပြိုအလဲလဲ။
အရင်ကထက်အများကြီးပျက်နေသော
မျက်နှာကြောင့် သူ့စကားတွေကိုအားရနေမိသည်။
"Hyung ပြန်လာလာချင်းခိုင်းတယ်ရယ်
လို့တော့မဟုတ်ပေမယ့် ဖရဲသီးလေး
သွားယူပေးပါလား....မောင် မြည်းနေရင်း
ကုန်သွားလို့...."
ပထမစကားကို မကြားသလိုဥပေက္ခာပြုကာ
ထွက်သွားလိုက်ပေမယ့် ဒုတိယစကားသည်
ခြေလှမ်းတွေကိုတုံ့ခနဲရပ်သွားစေပါသည်။
သူ့သူငယ်ချင်းရှေ့မှာ အိမ်ကအိမ်အကူတွေရှေ့မှာ
သူစိမ်းတွေအများကြီးရှေ့မှာ နှိမ်ချလိုက်ပြန်ပြီ။
အထည်ကြီးပျက်လေးဟုခပ်မဲ့မဲ့လှောင်ခံရတိုင်း
နာသည်။ပိုက်ဆံမက်လွန်းတယ်နော်ဟု
ခနဲ့ခံရတိုင်းလည်းနာသည်...။
Jeon JungKookဟာ အချိန်တိုင်းနာစရာတွေကြီးပဲ။
အသက်ငယ်ပေမယ့်သိပ်အဆိပ်ပြင်းလွန်းကာ
သိပ်လည်းရက်စက်တယ်...။
"မောင်ပြောနေတယ်လေ....
Hyung မကြားဘူးလား...
သွားယူပေး....."
အပေါ်ထပ်တက်မည့်ဆဲဆဲမှလှမ်းကြည့်လာတဲ့သူ။
စူးရှနေသောမျက်လုံးတွေသည်အင်မတန်ကို
ဒေါသထွက်နေကြောင်းသိသိသာသာ။
"ငါဒီနေ့...ဘာစကားမှမပြောချင်ဘူး
ငါစိတ်နည်းနည်းလေးမှမကြည်လာဘူး
ငါ့ကို အာရုံလာမနောက်ပါနဲ့...
အရမ်းအားနေရင်...အရက်သောက်ပီးအိပ်နေလိုက်"
JEonမျက်နှာပျက်ရမည့်အလှည့်ရောက်သွားသည်။
ပြောပုံသည် သူဟာဘောင်မဝင်တန်းမဝင်
အရက်သမားလို မတူမတန်လေသံဖြင့်
ချိုးချိုးနှိမ်နှိမ်...။
လေသံအနိမ့်အမြင့်မှာတောင်
JeonJungkookက အလကားအားတိုင်း
ကလေးကလားဆန်စွာ အာရုံလိုက်နှောက်တတ်သည့်
လူတစ်ယောက်ဖြစ်ကြောင်းအရိပ်အငွေ့တွေ
ထည့်ကာပြောသွားသေးသည်။
"ယူပေးဆိုရင် ယူပေးလိုက်လေ...
ဒီလောက်လေးတောင်ခိုင်းလို့မရဘူးလား...."
"ဂျေ....ရှိသေးတာပဲကွာ ပြသနာမလုပ်နေပါနဲ့
ထားလိုက်တော့ မင်းထပ်စားချင်ရင်
တယောက်ယောက်ခိုင်းလိုက်လေ..."
မဟုတ်ဘူး....။သူလိုချင်တာကသွားယူပေးတာကိုပဲ။
သူငယ်ချင်းတွေရှေ့မှာလှလှပပလေး
အနိုင်ယူပြချင်တာ...။
ParkJimin ဘယ်မှာလဲလို့မေးတဲ့ကောင်ရော
Jiminshiလို့ခေါ်တဲ့ကောင်ရောကို
သူဘယ်လိုပိုင်တယ်ဆိုတာပြချင်ခဲ့တာ...။
အရင်က လုပ်ပေးတယ်..စေတနာတစက်မှမပါရင်
တောင်ထမင်းတွေဘာတွေခူးကျွေးခဲ့ဖူးတယ်...
နားအေးပီးရော သူဘယ်လောက်
ကန့်လန့်တွေလုပ်လုပ် မျက်နှာသေနဲ့
သည်းခံပေးတယ်.....။
ကောင်မလေးတွေအိမ်ခေါ်လာတယ်..
မမြင်သလိုနေပေးခဲ့တာပဲ...
ကောင်းတယ်ဆိုးတယ်ParkJiminပါးစပ်က
ဘာမှမထွက်ခဲ့...။
သူ့ကို ကိုယ်ပျောက်လူသားလို မရှိသလို
မသ်သလို ဥပေက္ခာပြုနေခဲ့တာ...။
ဘယ်လောက် ခံပြင်းစရာလဲကြည့်....။
ယူပေးလိမ့်မယ်လို့ထင်ခဲ့ပေမယ့်နောက်ဆုံး
အကြိမ်မိုက်ကြည့်ကြည့်ကာ
အပေါ်ထပ်သို့တက်သွားခဲ့သည်။
သူကြည့်သွားသောလွှမ်းမိုးခြင်းအပြည့်နဲ့
အကြည့်တွေသည် အာဏာရှင်တစ်ယောက်လိုပဲ။
စီးကရက်ဖွာရင်းJEon ဟာသေးကွေးသွားရသလိုမျိုး
အင်အားပြင်းလွန်းသည်မျက်လုံးတွေဖြစ်သည်။
JEonထပ်မခေါ်ရဲပါ...။
JeonJungKookအနေနဲ့ဆိုရင်တက်သွားသော
လှေကားပေါ်လိုက်တက်ကာတရွတ်တိုက်ဆွဲချမိမှာ
မှန်ပေမယ့် ရောနေသော
စိတ်ဝိဉာဉ်သည်Jimin မျက်လုံးတွေ
အောက် အသံတိတ်ကျသွားခဲ့သည်။
ခဏတာ ထိုင်းမှိုင်းသွားခြင်း....။
"Clubမှာ ပြသနာတက်ထဲကအကြောလေးက
မလျှော့ဘူးနော်....မင်းကိုငါက
အကြောလျှော့ပေးနိုင်မယ်ထင်တာ
ဘယ်လိုဖြစ်တာလဲဂျေ....မင်းတိတ်ကျသွားလို့ပါလား"
Romနဲ့Jiminဟာ ငြိခဲ့ဖူးတာတွေရှိတာမို့
Romဟာဝီစကီမော့လိုက်ရင်းမှ Jeonကို
လှောင်သလိုမျက်လုံးတွေနဲ့ အတို့အထောင်လုပ်သည်။
JeonJungkook လိုလူမျိုးငြိမ်ကျသွားတာ
မျိုးကလည်းဖြစ်ကိုမဖြစ်သင့်တာပဲမလား။
Jeonသည်စိတ်ထဲပိုဆိုးသွားသည်။
သူငယ်ချင်းတွေကသူ့တို့အာရုံနဲ့သူတို့
သောက်နေကြပေမယ့် မျက်လုံးတွေထဲ
ParkJimin ကိုကြောက်နေရတယ်လို့များ
ထင်သွားကြမလားဆိုတဲ့အတွေးသည်ဝင်လာကာ
သူငယ်ချင်းတွေရှေ့ လူလိုသူလိုမဆက်ဆံသွား
သူကိုအမဲဖြတ်ချင်လာတော့သည်။
"ငါတို့ပြန်တော့မယ် ဂျေ...မင်းကြည့်ရတာ
အခြေအနေမဟန်ဘူး...
စိတ်မကြည်တော့တဲ့ပုံပဲ ပွဲကောင်းရင်
ဖုန်းဆက်လိုက်မယ်နော်...."
Romကဦးဆောင်ကာ တခြားသူတွေကို
ခေါ်ပြီးပြန်ဖို့ပြင်ဆင်သည်။
Jeonသည်ခေါင်းညိမ့်ခေါင်းခါမလုပ်
စီးကရက်ကိုသာသောက်နေသည်။
စိတ်ထဲလည်းအပိုင်ကြီးခိုင်းပီးမှ
အကြောကြီးသွားခြင်းခံရတာကြောင့်
ရှက်မိနေသလိုလို....။
အားလုံးအိမ်အပြင်ထွက်သွားကာ
ကားကိုယ်စီမောင်းထွက်သွားတော့မှ
စီးကရက်ကိုသွားဖြင့်ထိရုံကိုက်ထားကာ
အပေါ်ထပ်သို့တက်လာခဲ့သည်။
ဒေါသသည်တမြေ့မြေ့....။
အခန်းတံခါးကိုခြေထောက်ဖြင့်ဆောင့်ကန်
ဖွင့်လိုက်တဲ့အခါ အသံသည်ကြောက်စရာ
ကောင်းစွာကျယ်လောင်ခဲ့ပါသည်။
အလုပ်စားပွဲပေါ်တွင်မှောက်အိပ်နေတဲ့သူ...။
အညိုရောင်စားပွဲခင်းအဟောင်းကြီးကို
ပါးတဖက်ဖြင့်မသိမသာပွတ်သပ်နေသည်။
ကျယ်လောင်ပြင်းထန်သောတံခါးဖွင့်သံကို
တောင်လှည့်မကြည့်....။
"ခင်ဗျား သိပ်သတ္တိတွေရှိနေတာလားParkJimin.."
မှောက်အိပ်နေသောသူ၏ဆံပင်အနက်
တွေကိုခပ်ကြမ်းကြမ်းလေးဖွပစ်လိုက်ကာ
ဆိုတော့မှောက်အိပ်နေရင်းမှ
လက်ကိုဖြတ်ရိုက်လိုက်တဲ့သူ....။
လူကသေးပေမယ့် အားကတော့မသေးပါ...။
"ငါ့ကိုဒီညတော့ပြသနာမရှာဘဲ
နေပေးပါ...ငါအဆင်မပြေလာဘူးJungkook"
"ဘာကိုအဆင်မပြေတာလဲ..
မျက်နှာကို တည့်တည့်ကြည့်ပီးပြောစမ်းပါ.."
မွေးလာထဲကစိတ်ရှည်ခြင်းဓာတ်သဘောကို
ဆရာဝန်ကအပီးယူထားခြင်းခံရသော
Jeonသည်မှောက်အိပ်နေသောလူကို
စုံလည်ခုံအကူအညီဖြင့်မြန်ဆန်စွာဆွဲလှည့်လိုက်သည်။
မျက်ရည်စတွေနဲ့မျက်နှာသည်နီမြန်းနေသည်။
"ငါမင်းကို လူလိုပြောနေတာJeonJungkook!!
သွားစမ်းပါ...ငါနဲ့ဝေးဝေးနေ.."
"ကျူပ်ကို လူတွေကြားထဲအရှက်ရအောင်
လုပ်သွားပြီး ခင်ဗျားသွားဆိုတိုင်း
သွားစရာလား ဒါခင်ဗျားအိမ်လား
ကျူပ်အိမ်လား...."
"အရှက်မရချင်ရင် ငါ့ကိုရန်မစနဲ့လေ
မင်းကိုက ငါ့ကိုမြင်တာနဲ့
သေမတတ်ပူလောင်ဒုက္ခပေးချင်နေတာ
အေး..မင်းအိမ်ဆို ငါမနေဘူး
ငါတစ်ရက်ကလေးမှမနေချင်ခဲ့ဘူး
မင်းမရှိတုန်းကစိတ်မချမ်းသာဘူးဆိုရင်တောင်
ဒီလိုတော့စိတ်ဒုက္ခမရောက်ဘူး
မင်းပြန်လာထဲက စိတ်ကိုလူရော
ရစရာမရှိတော့ဘူး ငါ့အိမ်ငါပြန်မယ်....."
အထိမခံဖြစ်နေသောParkJimin သည်
စကားလေးတစ််ခွန်းသာပြောရသေးသည်။
ခုံမှထကာအဝတ်အိတ်ဆွဲနေပြီ။
အဲ့ဒီအပြုအမူတွေကိုစမဖြစ်တော့တာ....။
အဝတ်အစားတွေဗီရိုထဲကဆွဲချနေသော
လူကိုအတင်းအကျပ်ဆောင့်ဆွဲခေါ်ယူလိုက်သည်။
"ခင်ဗျားဟာခင်ဗျားဘာဖြစ်လာလာအဲ့တာ
ခင်ဗျားကိစ္စ ခင်ဗျားပြဿနာ
ဒါပေမယ့် အဲ့တာကိုအကြောင်းပြပြီး
ကျူပ်လူတွေရှေ့မှာ အချိုးမပြေလုပ်တာကို
တစက်မှမကျေနပ်ဘူး နောက်တစ်ခါ
Romတို့ရှိရင် ကျူပ်ကိုလေးလေးစားစားဆက်ဆံပါ
ParkJimin...."
"လမ်းဘေးကလေကချေတွေကို
ငါကဘာကိစ္စနဲ့အရေးအရာလုပ်ပေးရမှာလဲ
ရီစရာတွေလာမပြောနဲ့.."
"အဲ့ဒီ ကလေကချေ ကပဲ
ခင်ဗျားဘဝ ခင်ဗျားမိသားစုကို
ကယ်တင်ထားတာလေ...
မေ့နေတာလား...မေ့ထားလိုက်တာလား
ဒီကလေကချေလေးကို ဒီဂုဏ်သရေရှိ
လူကြီးမင်းက ဆက်စရာ ဝဋ်ကြွေးတွေ
တပုံကြီးရှိတယ်ဆိုတာမမေ့နဲ့...."
စူး၍နာသွားရသောရင်ဘက်သည်
နှဖူးကိုလက်ညိုးဖြင့်မထီတထီထိုးကာ
ပြောသော လူရမ်းကားအပေါ်တွင်
အလုံးစုံအရင်းတည်သည်။
"ထွက်သွားစမ်း!!!!!!ထွက်သွား
ငါမင်းမျက်နှာကိုမမြင်ချင်ဘူး
ငါဒီနေ့ဒီလို ဝမ်းနည်းခံစားရတာလည်း
မင်းကြောင့်ပဲ...
မင်းကိုသာငါလက်မထပ်ခဲ့ရင်ဒီနေ့
Hyung နဲ့ငါ အတူတူရှိနေရမှာ......"
လက်ထပ်ခြင်းဆုံးဖြတ်ချက်ဟာ
Jungkook ဆုံးဖြတ်ခဲ့တာမဟုတ်
Jimin ကိုယ်တိုင်ခေါင်းညိတ်ဆုံးဖြတ်ခဲ့ခြင်း...။
အဆင်ပြေဆုံးနည်းလမ်းဟုတွေးကာ
ရွေးချယ်ခဲ့ပေမယ့်တဖက်မှာအဆင်ပြေသွား
တယ်ဆိုပေမယ့် ခုတဖက်မှာတော့မြင်တဲ့အတိုင်း...။
မဆိုင်ပေမယ့်...ဒီလူဆိုးနဲ့မဆိုင်ပေမယ့်
လည်းစိတ်မကြည်သောအရှိန်ဒေါသအရှိန်တွေနှင့်
အသံကုန်အော်လိုက်မိသည်။
အော်စရာ ပေါက်ကွဲစရာကလက်ရှိ
အပူမီးတောက်လို JeonJungkook ပဲရှိနေခြင်းသည်
ပြသနာကိုစတင်မီးမွှေးလိုက်ချေပြီ....။
Hyung နဲ့ငါ...အတူတူရှိနေရမှာ.....။
Jeonသည်အနိုင်ပိုင်းပြောလိုက်ရ၍
ParkJimin ၏အသံနက်ကြီးထွက်လာတာ
ကြောင့်မဲ့ပြုံးပြုံးကာအခန်းပြင်ပြန်ထွက်
တော့မည့်ဆဲဆဲနောက်ဆုံးကြားလိုက်ရသော
စကားကြောင့်ခြေလှမ်းတွေတုံ့ခနဲရပ်သွားသည်။
ချက်ချင်းဆိုသလို စူးခနဲပြန်လှည့်ကြည့်
လိုက်တော့ ParkJimin သည်င်ုမဲ့မဲ့...။
Hyung? Hyung တဲ့....ဘယ်ကHyung လဲ......။
အတူတူရှိနေရမှာတဲ့လေ....။ဘာလဲဒါ....။
Jiminကိုလက်ထပ်ခဲ့ခြင်းသည်မကျေနပ်လို့ကြည့်မရလို့
မုန်းလို့ သက်သက်ဒုက္ခပေးချင်လို့ဆိုတဲ့ခေါင်းစဉ်
တွေအသီးသီးတွေရှိခဲ့ပေမယ့် တစ်ခါတစ်ရံကျရင်
JungKookကိုယ်တိုင် နားမလည်သော
ခေါင်းစဉ်တချို့လည်းပေါ်ထွက်လာတတ်သည်။
ခေါင်းစဉ်တွေအများကြီးတွေထဲကမှ
Hyung...နဲ့ငါအတူတူရှိနေရမှာ ဆိုတဲ့စကား၏
နောက်တွင် တရှိန်ထိုးထိုးထွက်လာသော
ပူလောင်မွန်းကျပ်မှု...ဒေါသမီးခေါင်းစဉ်သည်
စိတ်ပျက်စရာအကောင်းဆုံးဖြစ်ပါလိမ့်မည်။
Hyung ဆိုတဲ့လူဟာ ဘယ်သူမှန်းတောင်မသိဘဲ
Hyungလို့လွမ်းလွမ်းဆွေးဆွေးခေါ်ကာ
အသံတွေတုန်ခိုက်သွားရုံနဲ့တင်
JungKookမျက်လုံးတွေမီးတောက်သွားကာ
ချက်ချင်းခြေလှမ်းတွေပြန်လှည့်လာခဲ့သည်။
"Hyung...ဘယ်ကကောင်လဲ....
မင်း ဘယ်ကကောင်ကို ငါ့အိမ်ပေါ်
ငါ့အခန်း ငါနဲ့ပေါင်းသင်းနေပီး
ငါ့ကိုတရားဝင်လက်ထပ်ထားပီး
အတူတူရှိနေချင်တာလဲ...ပြောစမ်း!!!!!"
အကျီစကိုဆွဲဆောင့်ကာတကိုယ်လုံးပါလာ
အောင်ခုံပေါ်ကဆွဲမလိုက်တော့
ParkJimin ဟာငိုတော့မှာလား...။
"ငါမေးနေတယ်လေ!!!!!"
"ငါ့ချစ်သူ...ငါနဲ့သုံးနှစ်ကျော်တွဲခဲ့တဲ့
ငါ့ချစ်သူ..ဒီနေ့သူ့ရဲ့မွေးနေ့မလို့
ငါသူ့ကိုသတိရနေလို့ ငါမင်းကို
လာမနှောက်ယှက်ပါနဲ့လို့ပြောနေတာ..."
"ဘာ.....!!"
"ငါတကယ်ကိုလွမ်းနေလို့..
နှစ်တိုင်းငါHyungကိုမွေးနေ့တွေလုပ်ပေးခဲ့တာ
ခုတော့ ငါကလွဲရင်အားလုံးရှိနေလို့
ငါ....."
JEonမေးရိုးတွေတင်းသွားခဲ့တော့သည်။
ခ်စ္ၾကည္ေရးအခိုင္ျမဲဆုံးအိမ္နီးခ်င္းနိုင္ငံတစ္ခုရဲ့
အိမ္ေရွ႕စံမင္းသားေမြးေန႔ပြဲအတြက္
.လက္ေဆာင္ပဏွာအျဖစ္
ကျပရေတာ့မည့္ကေခ်သည္ေလးဟာ
စိတ္အထူးလွုပ္ရွားေနခဲ့ပါသည္....။
ေယာင္းဟာ...ေယာင္းရဲ့နိုင္ငံမွာနာမည္အႀကီးဆုံး
နဲ႔အလွဆုံး ကကြက္ေလးေတြပိုင္ဆိုင္တဲ့သူ
ေယာင္း ကို ဘုရင္အစ...ကေလးအဆုံးမသိတဲ့သူ
မရွိခဲ့ဘူး...။
ေယာင္းဟာ...ေကာင္းကင္ကလက္ေဆာင္ေပးတဲ့
နတ္သားေလးလို႔...တတိုင္းျပည္လုံးက
သတ္မွတ္ခဲ့ၾကတယ္....။
ေယာင္း ရဲ့ လက္ေခ်ာင္း သြယ္သြယ္ေလးေတြ
စည္းခ်က္အတိုင္း လွုပ္ရွားေကြးညႊတ္သြားတိုင္း
ၾကည့္ေနသူတိုင္းဟာ....အသက္ရွုဖို႔ေမ့ခဲ့ၾကတယ္..
အ႐ူးအမူးစြဲလန္းလြန္းလို႔...ပိုင္ဆိုင္ဖို႔လုံးဝမျဖစ္နိုင္တဲ့အခါစိတ္ေနာက္သြားသူေတြ
ေတာင္ရွိတဲ့အထိ..ေယာင္းဟာသိပ္လွခဲ့ပါတယ္...။
ေယာက်္ားတစ္ေယာက္ဆိုေသာ္ျငား
ရပ္တည္မွုဟာ ေတာ္ဝင္ကေခ်သည္ေလးမို႔
သိပ္ႏူးညံ့တယ္...သိပ္ယဥ္ေက်းတယ္...
သိပ္လည္းအႏၲရာယ္ေတြမ်ားခဲ့တယ္။
"ေမြးေန႔ပြဲအစီအစဥ္ေတြကမပီးနိုင္ေသးဘူး
လားJeon...ကိုယ္ေတာ္နားခ်င္လွၿပီ
ပ်င္းရိစရာ တီးလုံးေတြနဲ႔ မ်က္စိေနာက္စရာ
ကကြက္ေတြကို ထိုင္ၾကည့္ရအုန္းမွာလား....."
"တဖက္နိုင္ငံကလက္ေဆာင္မို႔
အရွင္လက္ခံရယူသင့္ပါတယ္...."
"ေပးစရာရွားလား...
..တကယ္ဆို
ျမင္းေတြ လက္နက္ေတြ ငါ့ကိုေပးသင့္တယ္..
ငါ သီခ်င္းေတြ အကေတြ မခံစားတတ္ဘူး..."
အိမ္ေရွ႕စံသည္ ကပြဲၾကည့္ရန္ ဝတ္႐ုံလဲေနသည္။
အေပၚ႐ုံကိုခၽြတ္ၿပီး အျဖဴေရာင္အတြင္းဝတ္
ရဲ့ႀကိဳးေတြကိုျဖည္ေနသည္။
Jeonကဘယ္တုန္းကမွ ျပန္ေတာ့လို႔မေျပာမခ်င္း
ထြက္ခြါခြင့္မရွိပါ..။
အိမ္ေရွ႕စံဘာလုပ္လုပ္ခစားေနရတာပဲ....။
အေနက်ပ္စရာအေျခအေနေတြမွာလည္း
နံရံေထာင့္ကပ္ကာၿငိမ္သက္စြာမ်က္ႏွာလႊဲၿပီး
ေနေပးရသည္။
အိမ္ေရွ႕မင္းသားအိပ္ေဆာင္ထဲကိုမိုးလင္းတာနဲ႔
သခင္ေလးJeonအေစာဆုံးလာခစားရၿပီး
တေနကုန္အနားမွာကိုယ္ရံေတာ္လိုရွိေနေပးရသည္။
အိမ္ေရွ႕စံရဲ့မ်က္လုံးေတြမွိတ္က်သြားေသာ
အနားယူခ်ိန္ေရာက္မွJeonျပန္ရသည္။
ေစာဒကတတ္ခြင့္လည္းမရွိခဲ့ပါ။
ငယ္နိုင္မို႔ အိမ္ေရွ႕စံက အခန့္မသင့္ရင္
ဓားေထာက္ၿပီးစကားေျပာတတ္ပါသည္...။
ႏွစ္သက္တယ္ရယ္ ႀကိဳက္တယ္ရယ္လည္းမဟုတ္
အ္ိမ္ေရွ႕က အာဏာေရာ ဓားသြားေရာ ျပကာ
၁၃ႏွစ္သားထဲက ပုံစံခ်ထားတာမို႔
ျပားျပားဝပ္အနားမွာရွိေပးခဲ့ရပါသည္။
"အေမႊးဆီရွိတယ္...Jeonကိုယ္ေတာ့္ကို
လာလိမ္းေပး...ပြဲတက္ရမွာဆိုေတာ့
ေမႊးပ်ံ႕ေနမွျဖစ္မွာ....."
လက္ညိဳးထိုးျပေသာေနရာကဗူးကို
ယူကာJeonသည္အမိန့္ရွိတဲ့အတိုင္း
အနားသို႔ကပ္လာရပါသည္။
အိမ္ေရွ႕စံသည္အျဖဴေရာင္အတြင္းဝတ္ကို
တဝက္တိတိခၽြတ္ခ်လိုက္တဲ့အခါ
လိမ္းေပးရမည့္ေက်ာျပင္ေဖြးေဖြးသည္
လင္းခနဲ.....။
Jeonသည္အနက္ေရာင္ဆံပင္ရွည္ေတြကို
ေျဖးညႇင္းစြာေရွ႕သို႔ခ်ေပးလိုက္ၿပီး
အေမႊးဆီကိုအနည္းငယ္ယူကာ
ေက်ာျပင္ေပၚသို႔စလိမ္းေပးသည္။
"အမွုထမ္းရာေက်ာ္ ကိုယ္ေတာ့္ကို
ခစားေနလည္း တစ္ေယာက္မွကိုခုထိတိုင္
စိတ္တိုင္းမက်ဘူး...Jeonငယ္က
အမွုထမ္းရာခ်ီ မဟုတ္ဘူး ေထာင္ခ်ီထက္
ပိုၿပီး အသုံးဝင္တယ္..."
"ၾကည့္ျမင္ေပးတာ....ေက်းဇူးတင္ပါတယ္အိမ္ေရွ႕စံ"
"ျဖစ္နိုင္ရင္ ကိုယ္ေတာ့္အိပ္ေဆာင္ထဲကကို
မင္းကိုအျပင္မထုတ္ခ်င္ဘူး.."
"မသင့္ေတာ္ပါဘူး အိမ္ေရွ႕စံ......"
Jeonငယ္ အသက္၂၀လား....။ဟုတ္နိုင္တယ္
အရြယ္လုံးဝေရာက္ကာ တေန႔တျခား
ၿပီးျပည့္စုံျခင္းကိုေရာက္လာသူသည္
စကားေတြရဲလာတယ္......။
အ္ိမ္ေရွ႕စံ၏မ်က္ႏွာထားသည္တင္းခနဲ။
ခစားပါ့မယ္အိမ္ေရွ႕စံဟုၾကားခ်င္ေသာ္လည္း
Jeonငယ္သည္ရွင္းျပတ္စြာျပန္ေျပာသည္။
အသက္ကေလးႀကီးလာေလေလ...
အေမာက္ကေလးေထာင္ျပခ်င္လာေလေလပဲ...။
"ဘာကိစၥမသင့္ေတာ္ရသလဲ...
အေၾကာင္းအရင္းကိုေလၽွာက္တင္ Jeon...."
အိမ္ေရွ႕စံသည္အတြင္းဝတ္႐ုံအားအလုံးစုံ
ခၽြတ္ခ်လိုက္သည္။ထို႔ေနာက္အရည္လဲ့ေနေသာ
မ်က္ဝန္းမ်ားျဖင့္ေက်ာျပင္အားအေမႊးဆီလိမ္းေပး
ေနေသာ Jeonကို အေရာင္ေတြေပါင္းစုံခေျငာင္းေန
ေသာအၾကည့္ေတြျဖင့္စိုက္ၾကည့္လာေတာ့သည္။
ျပဳံးယဲ့ယဲ့ႏူတ္ခမ္းေလးေတြနဲ႔.....
ဒီေယာက်္ားငယ္...ခစားခ်င္လာေအာင္
အနားမွာေနခ်င္လာေအာင္ ႀကိဳးစားျပဳစားလိုက္
ေသာ္လည္းJeonသည္ေအးစက္စြာျပန္ၾကည့္ေနသည္။
ခါးမွာအဝတ္မရွိေတာ့တဲ့.ပန္းႏုေရာင္သန္းေနေသာ
ခႏၶာကိုယ္လွလွေလးႏွင့္အခ်စ္ေတြအျပည့္ပါေနေသာ
မ်က္လုံးေတြသည္ဘာမွမဟုတ္ေသာ
သာမာန္ေကာင္ေလးကိုတက္တက္မက္မက္ၾကည့္
ေနေသာျငား ဘာမွမဟုတ္ေသာသာမာန္ေကာင္ေလး
ကေတာ့ နိုင္ငံရဲ့အိမ္ေရွ႕မင္းသားကို
စိတ္ခံစားမွုမဲ့ေသာမ်က္လုံးေတြနဲ႔သာႀကိဳဆိုခဲ့ပါသည္။
"ငါၾကည့္သလိုငါ့ကိုဘာလို႔ျပန္မၾကည့္နိုင္တာလဲ
မင္းမ်က္လုံးေတြက ထိုးေဖာက္ပစ္ခ်င္ေလာက္
ေအာင္ အသဲနာစရာေကာင္းလိုက္တာ
ဖယ္ေတာ့...ဆက္မလိမ္းေတာ့နဲ႔..."
အသက္ႀကီးလာေလေလ...ေလာကႀကီးကို
ျမင္လာေလေလ အိမ္ေရွ႕စံနဲ႔အဆင္မေျပလာေလေလပဲ။
အိမ္ေရွ႕စံဟာ အင္အားႀကီးမွုသိပ္အသုံးခ်တတ္
ၿပီးၿခိမ္းေျခာက္အက်ပ္ကိုင္တာမ်ိဳးမွာ
တဖက္ကမ္းခတ္ကၽြမ္းက်င္တယ္။
Jeonကအဲ့လိုအရာေတြကိုသိပ္မုန္းခဲ့တယ္...။
လက္ခံလာေအာင္မေျပာခ်င္ ဓားထုတ္ဖို႔ကို
အရင္ေတြးတတ္ေသာအိမ္ေရွ႕စံဟာေခ်ာေမာလြန္း
ေသာ႐ုပ္ရည္နဲ႔မွမလိုက္အျမဲရက္ရက္စက္စက္...။
Jeonဟာလူငယ္ပီပီ လြတ္လြတ္လပ္လပ္
ေလၽွာက္သြားခ်င္ခဲ့တယ္....
ခရီးေတြထြက္ခ်င္ခဲ့တယ္ အေပါင္းအသင္းေတြနဲ႔
ေပ်ာ္ေပ်ာ္ပါးပါးေသာက္စားခ်င္တယ္
ခ်စ္သူရည္းစားေတြလည္းထားခ်င္ခဲ့တယ္....
ဒါေပမယ့္မိုးလင္းကမိုးခ်ဴပ္ အိမ္ေရွ႕အနားမွာ
ပဲခိုနားရကာ ေပ်ာ္ေနလား ဝမ္းနည္းလားလည္း
မသိ...သူ႔စိတ္ဆိုတာမရွိေတာ့ဘဲ..
အိမ္ေရွ႕စံစိတ္နဲ႔သာတေနကုန္အသက္ရွုရတယ္
စိတ္ေက်နပ္ဖို႔ဘာမဆိုလုပ္ေပးရတယ္...
ခိုင္းသမၽွ မၿငီးျငဴရ...
တခါတရံေန႔မ်ားဆို အိပ္ေဆာင္ထဲကႏွစ္ေယာက္စလုံး
ထြက္မလာ...ဘာဘာညာညာအတင္းအဖ်င္းေတြ
ျပန္ၾကားတိုင္းJeonကမ်က္ႏွာပ်က္သြားတတ္တယ္
အဲ့ဒီအခါအိမ္ေရွ႕စံကအတင္းအဖ်င္းေျပာတဲ့သူကို
အေမးအျမန္းမရွိတခါထဲသတ္ပစ္လိုက္တယ္...။
ျပတ္သားျပင္းထန္ေသာအတိတ္ေတြပါပဲ....။
မၾကည္မလင္အိမ္ေရွ႕စံနဲ႔ ကိုယ္ရံေတာ္လိုလို
Jeonဟာ ခပ္ႀကိတ္ႀကိတ္ႏွင့္မေက်မနပ္ရန္တပြဲ
ႏြဲၿပီးတဲ့ေနာက္ ကပြဲၾကည့္ရန္ တင္းမာေသာ
မ်က္ႏွာမ်ားျဖင့္ေလၽွာက္လာခဲ့ၾကသည္။
အနီေရာင္နဲ႔ေရႊေရာင္စပ္ထားေသာ
ေတာ္ဝင္ဝတ္႐ုံႀကီးနဲ႔အိမ္ေရွ႕စံနဲ႔
အနက္ေရာင္ဝတ္႐ုံနဲ႔Jeonတို႔ဟာ
ေရွ႕ဆင့္ေနာက္ဆင့္ခပ္ျမန္ျမန္လွမ္းဝင္လာၾကရင္း
အိမ္ေရွ႕စံက အဆင္သင့္ခုံတြင္ဝင္ထိုင္လိုက္ကာ
Jeonကဓားတစ္ေခ်ာင္းကိုင္လၽွက္
အိမ္ေရွ႕စံအနားတြင္မတ္တပ္ရပ္ေနသည္။
အိမ္ေရွ႕စံေရာက္လာၿပီမို႔ပြဲကိုစတင္လိုက္ၾကေတာ့သည္။
ေဖ်ာ္ေျဖေပးမယ့္သူမ်ားသည္ေခါင္းေမာ့ရန္
အိမ္ေရွ႕စံ၏အမိန့္မရမခ်င္းဒူးေထာက္ကာ
ေခါင္းငုံ႔ခစားေနရသည္။
ေယာင္းသည္ႏွလုံးခုန္သံေတြျမန္ေနခဲ့ပါသည္
ကၽြမ္းက်င္ရာအလုပ္တစ္ခုဆိုေသာ္ျငား
တျခားနိုင္ငံေရေျမမွာ ပထမဆုံးကျပရမွာမို႔
လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားသည္
မသိမသာတုန္ေနကာေခၽြးစို႔ေနခဲ့သည္....။
အိမ္ေရွ႕စံ၏ခစားေစဆိုတဲ့အမိန့္သံၾကားပီးတဲ့
ေနာက္ဒူးေထာက္ေခါင္းငုံ႔ေနရာမွမ်က္ႏွာေလးကို
ေမာ့လိုက္သည္။
ေမာ့ေမာ့ခ်င္းျမင္လိုက္ရေသာျမင္ကြင္းသည္
မ်က္ေတာင္အရွည္ႀကီးေတြကိုပိုင္ဆိုင္ေသာ
ေယာင္းမ်က္လုံးေလးေတြကိုပိုမိုက်ယ္သြားေစကာ
ပတ္ဝန္းက်င္ကိုေခတၱခဏေမာ့ေမ်ာသြားခဲ့ပါသည္။
ပုလႅင္ေပၚကအျပဳံးအရယ္မရွိတည္တံ့ေသာ
မ်က္ႏွာတင္းတင္းျဖင့္ထိုင္ေနေသာလူ..။
ေျပာင္ရွင္းေနေသာမ်က္ႏွာျဖင့္ၾကားခဲ့ဖူး
ေသာဂုဏ္သတင္းေတြထက္အမ်ားႀကီးပိုသာလြန္တာေပါ့။
ေယာင္းမ်က္ႏွာလွလွေလးကိုစျမင္ဖူးတဲ့
လူတိုင္းဟာ တစုံတခုမ်က္ႏွာရိပ္ေတြ
ေျပာင္းလဲသြားၾကၿပီး ခဏေလးအတြင္း
အ႐ူးအမူးစြဲလန္းသြားၾကတဲ့
သူေတြႀကီးဆိုေပမယ့္ ပုလႅင္ေပၚကအိမ္ေရွ႕စံဟာ
ပိုးမႊားေလးလို စိတ္အေႏွာက္အယွက္လို
မၾကည့္ခ်င္ဘဲၾကည့္ေနရသလို
အမ်ိဳးမ်ိဳးအေထြေထြမ်က္ႏွာမ်ိဳးျဖင့္ထိုင္ၾကည့္
ေနခဲ့သည္။
ေယာင္းတကိုယ္လုံးကေသြးေတြအားလုံး
ပူေႏြးလာကာ ကျပဖို႔ကိုင္ထားေသာ
လက္ထဲကယပ္ေတာင္ေလးသည္ျပဳတ္က်သြား
ခဲ့သည္....။
သိပ္လွလြန္းတဲ့သူ....
တည္တင္းေနေသာမ်က္ႏွာသည္
တစုံတစ္ခုကိုအလိုမက်ျဖစ္ေနတဲ့ပုံေပၚေပမယ့္
ေယာင္းသည္ ျမင္ျမင္ခ်င္းမွာပဲ
မိနစ္ေတြအမ်ားႀကီးအထိ အၾကည့္ေတြမခြါနိုင္စြာ
ေငးၾကည့္မိခဲ့ပါသည္။
အေဝးႀကီးမွာပါ အိမ္ေရွ႕စံဟာ ဟိုးအေဝးႀကီး
က ျဖစ္တည္မွုဆိုတာ ေသခ်ာသိရက္နဲ႔
ေယာင္းဟာ ေတြ႕ေတြ႕ခ်င္း စိတ္နဲ႔ခႏၶာခြါသြားတဲ့အထိ
ေမ်ာလြင့္သြားခဲ့ပါသည္....။
ကကြက္တခ်က္မမွားခဲ့ဖူးသူသည္..
တီးလုံးပင္မစရေသး သတိလက္လြတ္
ယပ္ေတာင္ျပဳတ္က်သြားတဲ့အထိအမွားႀကီးစ
မွားခဲ့တာေၾကာင့္အဖြဲ႕သားေတြသည္
ေယာင္းကို အံ့ဩတႀကီး ၾကည့္ေနကာ
အိမ္ေရွ႕စံအမ်က္ေတာ္ရွသြားမွာကို
ေသမတတ္ေၾကာက္ေနခဲ့ၾကသည္။
"ႀကီးႀကီးက်ယ္က်ယ္ ကတာ
လွတယ္လည္းေျပာေသးတယ္
မကရေသးဘူး မေရမရာနဲ႔အကုန္ျပဳတ္က်ေနပီ
ၾကည့္အုန္း မင္း ကေခ်သည္ကို...."
အိမ္ေရွ႕စံသည္ အစထဲက စိတ္လည္းမဝင္စား
ၾကည့္လည္းမၾကည့္ခ်င္တာမို႔မွားသြားတဲ့အခါ
ေဘးနားတြင္ရပ္ေနေသာ Jeonကို
ေမာ့ၾကည့္ကာအျပစ္ဖ္ို႔စကားဆိုလိုက္ခ်ိန္တြင္
ကမၻာၿပိဳက်သြားခဲ့သည္။
တေစၧသရဲလိုေတြ႕လိုက္ရေသာJeonရဲ့
မ်က္လုံးလွလွေတြသည္ ကေခ်သည္ေခါင္းေဆာင္
ေလးဆီ ရႊန္းလဲ့စြာစိုက္ေငးေနလ်က္...။
အိပ္ေဆာင္ထဲမွာ အေပၚပိုင္းတစ္ခုလုံး
ခြါခ်ကာ ႀကံစည္ခဲ့တာေတာင္ မရရွိခဲ့ေသာ
မ်က္အိမ္ေတြသည္ ဘာမွမဟုတ္တဲ့
အေဖ်ာ္ေျဖခံေလးဆီက် ဟန္မေဆာင္နိုင္
မုန္းစရာေကာင္းစြာခစားေနသည္။
အိမ္ေရွ႕စံ၏လက္ေတြသည္ဝတ္စုံကိုတင္းတင္း
ဆုပ္သြားကာအံႀကိတ္ထားသည္။
တီးလုံးတခ်ိဳ႕ စၾကားရၿပီး
ကေခ်သည္ေလးသည္ စတင္က ျပေတာ့သည္။
လက္ကေလးေတြ လွုပ္ရွားသြားသည္
ေျခဖ်ားေလးေတြေျမျပင္နဲ႔လြတ္လြတ္သြားသည္
အနီရဲရဲဝတ္႐ုံသည္ ေလထဲတြင္ လွပစြာေမ်ာလြင့္လ်က္။
အနီရဲရဲဝတ္စုံကို ထိုအခ်ိန္ထဲကအိမ္ေရွ႕စံ
မုန္းခဲ့တာ ဘဝအဆက္ဆက္တိုင္ေအာင္ပဲ....။
ငုံ႔ထားေသာမ်က္ႏွာေလးသည္
ျပဳံးယဲ့ယဲ့ေလးေမာ့လာတဲ့အခါJeonသည္
ထင္မထားေလာက္ေအာင္ ျပည့္စုံလြန္းေသာ
ကေခ်ာသည္ေလးကိုစေတြ႕ခြင့္ရခဲ့သည္။
တစ္ခါေလးမွ မလွုပ္ရွားခဲ့ဖူးေသာ
ႏွလုံးသားသည္ အနီရဲရဲဝတ္စုံေလးကိုဝတ္ထား
ကာဆံပင္တဝက္ကိုႀကိဳးလွလွေလးျဖင့္စည္းေႏွာင္
ထားေသာျဖစ္တည္ျခင္းေလးမွာပထမဆုံး
အႀကိမ္လွုပ္လွုပ္ရွားရွား..။
သိပ္လွတာကို....ေျပာမျပတတ္ေအာင္ပဲ
ထူးကဲစြာလွေနတာကို....
ပန္းပုထုထားသလိုမ်က္ႏွာေလးသည္
အႏုပညာသည္ေလးပီသစြာအိမ္မက္ဆန္လွသည္။
သိပ္ေခ်ာလြန္းတယ္လို႔ၾကားဖူးခဲ့ေပမယ့္
နတ္သားတမၽွလို႔ေတာ့သူထင္မထားခဲ့....။
ရင္ထဲပန္းခင္းေတြခ်က္ခ်င္းပြင့္လန္းလာသလိုမ်ိဳး
ႏွစ္ေပါင္းမ်ားစြာ မွိုင္းထိုင္းေနေသာ
စိတ္သည္လန္းဆန္းလာခဲ့သည္။
အခ်ဴပ္အေႏွာင္က်ေနသလိုမ်ိဳးခံစားမွုေတြမွ
လြတ္ေျမာက္သလို...
Jeon သည္ ျမင္ျမင္ခ်င္းမွာပင္
သေဘာတက်ကိုေငးစိုက္ၾကည့္ေနမိခဲ့သည္။
ျပဳတ္က်သြားေသာယပ္ေတာင္ေလး...
ဘာမွမျဖစ္ေၾကာင္းေျပာၿပီး
ေျပးေကာက္ေပးလိုက္ခ်င္ပါသည္....
အနည္းငယ္လန့္သြားေသာမ်က္ႏွာေလးက
ခ်စ္စရာအတိ...။
အိမ္ေရွ႕စံစကားတခ်ိဳ႕ေျပာလာသည္...။
ေျပာေနတာကိုၾကားေနေပမယ့္
အာ႐ုံစိုက္လို႔မရခဲ့....။
မ်က္ဝန္းေတြသည္အနီေရာင္အရိပ္ကေလး
ဆီမွာပဲကပ္ၿငိေနခဲ့သည္။
စည္းခ်က္ေလးေတြအတိုင္းလွလွေလး
ကျပသြားသည္....။
မေရးတာႏွစ္ခ်ီေနေသာကဗ်ာေတြျပန္ေရးခ်င္လာသည္။
မဆြဲတာၾကာေသာပန္းခ်ီေတြျပန္ထိေတြ႕ခ်င္လာသည္။
"ငါ့ကိုဆက္သလိုက္တဲ့ကေခ်သည္ကို
ဘယ္လိုအၾကည့္ေတြနဲ႔ၾကည့္ေနတာလဲJeon
ငါ ခ်စ္ၾကည္ေရးယူထားတဲ့
နိုင္ငံကို စစ္မခ်ီခ်င္တာမို႔ မင္းမ်က္လႊာေတြကို
ခ်ထားစမ္း......"
သတိျပန္မဝင္ ဝင္ေအာင္ ေအးစက္စက္
ဝင္လာေသာအိမ္ေရွ႕၏အသံေၾကာင့္
လန့္သြားကာ အိမ္ေရွ႕စံကိုၾကည့္လိုက္ခ်ိန္တြင္
မ်က္ႏွာတစ္ခုလုံးနီရဲေနသည္။
ၾကည့္မိ႐ုံနဲ႔စစ္ခ်ီခ်င္ခဲ့ေသာအိမ္ေရွ႕စံဟာ
Jeonငယ္ေလးအေပၚ....
သိပ္ထိလြယ္ရွလြယ္ခဲ့ပါတယ္......။
ပုံမွန္ဆိုခ်က္ခ်င္းအမိန့္ခံယူတတ္တဲ့
Jeonငယ္ဟာ မရမက တခ်က္ေလာက္ေတာ့
အေသအခ်ာၾကည့္မိမွ မ်က္လႊာခ်ခဲ့တဲ့အထိ
ကေခ်သည္ေလးအေပၚ ၿပိဳဆင္းခဲ့ပါတယ္.....။
အိမ္ေရွ႕စံမ်က္ႏွာေတာ္ေလး ကိုတခ်က္ေလာက္
ခစား႐ုံနဲ႔ ကသမၽွေသာ ကကြက္ေတြ
အားလုံးမွားယြင္းခဲ့ကာ စည္းလြတ္ဝါးလြတ္မင္းသားအေပၚခ်စ္ႏွစ္သက္သြားမိေသာ ကေခ်သည္ေလး
သည္ ဆိုးဝါးေသာဇာတ္သိမ္းေတြကို
အဲ့ဒီေန႔က စတင္ေရးဆြဲခဲ့ပါတယ္......။
ကံၾကမၼာေရးဆြဲသည္ သိပ္ဉာဏ္မ်ားခဲ့ပါသည္။
........................................။
ဖုန္းထဲကေမြးေန႔ပြဲလုပ္ေနေသာVideo အတို
ေလးကိုJimin ၾကည့္ကာ႐ုံးခန္းထဲတြင္
တစ္ေယာက္ထဲမ်က္ရည္ေတြဝဲေနလၽွက္....။
Nam joon Hyung ၏ေမြးေန႔ပြဲေလးသည္
သူ႔မိဘႏွစ္ပါးရယ္ သူ႔ညီမေလးရယ္
သူ႔သူငယ္ခ်င္းေလးတခ်ိဳ႕ရယ္ႏွင့္ေပ်ာ္ေပ်ာ္ပါးပါး။
Hyung ကို Supriseလုပ္ၾကပုံရကာ
Hyung သည္းပါးခ်ိဳင့္နက္ေတြေပၚသည္အထိ
ျပဳံးရႊင္ေနပါသည္။
စတြဲသည့္ႏွစ္မွ သုံးႏွစ္လုံးလုံးHyung ေမြးေန႔ေတြ
တိုင္းမွာသူရွိပါသည္။Hyung လက္ဖဝါးေတြကို
ပိုင္ပိုင္နိုင္နိုင္ဆုပ္ကိုင္ရင္း CoffeeDateေလးေတြ
ခရီးအတိုေလးထြက္တာမ်ိဳး....
Hyung အိမ္မွာ Hyung ရဲ့မိသားစုေတြနဲ႔အတူ
အခ်ိန္ကုန္တာမ်ိဳးကို သူကိုယ္တိုင္ဦးေဆာင္ၿပီး
Hyung ေပ်ာ္ရဖို႔ အမ်ားႀကီးႀကိဳးစားဖန္တီးေပးခဲ့သည္။
ဒီႏွစ္ေတာ့ ဖန္တီးေပးဖို႔မေျပာနဲ႔...
HappyBirthday Hyung ဆိုတဲ့ Wishေလး
တစ္ခုပို႔ဖို႔ကိုေတာင္ ေဘာင္ေတြကရွိၿပီမို႔
မပို႔ျဖစ္ခဲ့...။
သူမပါဘဲလည္းHyungဟာ ေပ်ာ္ေနနိုင္တာပဲ..။
ေမ့သြားတာ...Hyung ဟာPositive သမားမို႔
သူေပ်ာ္ေနလို႔လို႔သြားအျပစ္ဖို႔၍မရ...။
Videoကိုအထပ္ထပ္ၾကည့္ကာငိုခ်င္လာပါသည္။
ၿပီးေတာ့ လြမ္းလာပါသည္....။
မုန္းလို႔မွမဟုတ္ဘဲ...မျဖစ္နိုင္ၾကေတာ့လို႔
ေသြးစက္လက္ႏွလုံးသားေတြကို မ်က္ကြယ္ျပဳ
ေနာက္ဆုတ္ခဲ့ရတာ ဘယ္လိုမ်ားHyung ကို
ခဏေလးနဲ႔ေမ့နိုင္ပါ့မလဲေလ....။
Hyung က ၿပီးၿပီးေရာ ေမ့လို႔ရတဲ့
တန္ဖိုးနဲ႔လူတစ္ေယာက္မဟုတ္
Namjoon Hyung ကေစ့ေစ့ေတြးၾကည့္တိုင္း
တန္ဖိုးတရိပ္ရိပ္တက္ေနကာ
ရွားပါးလူသားမို႔ ပုံမွန္ေန႔ေတြကမသ္ိသာေပမယ့္
ခုလိုေန႔မ်ိဳးက် လြမ္းဆိပ္ကပိုတက္လာပါသည္။
"Namjoon သူငယ္ခ်င္း ဝမ္းနည္းစရာ
ကိစၥေတြၿပီးၿပီမို႔ ေနာင္လာမဲ့အနာဂါတ္
ေန႔ေတြမွာ မင္းဟာ အေပ်ာ္ရႊင္ရဆုံး
လူတစ္ေယာက္ျဖစ္လာဖို႔ ငါတို႔ဆုေတာင္းေပးပါတယ္..."
လူေတြအားလုံးအျမင္မွာHyung ကို
ရည္းစားလ္ုသာတြဲခဲ့ၿပီး တကယ္တမ္း
လက္ထပ္တဲ့အခါ သူေဌးသားကိုေကာက္ယူခဲ့တဲ့
ေငြမက္သူParkJimin ေပါ့.....။
အဲ့တာေၾကာင့္ဒီဆုေတာင္းကိုဆုေတာင္းေပးေနၾကတာ။
ဒါေပါ့ Hyung ကေတာ့တျဖည္းျဖည္း
ေနတတ္လာကာေပ်ာ္ရႊင္လာမွာေသခ်ာေပမယ့္
သူကေတာ့တျဖည္းျဖည္းလမ္းေပ်ာက္ကာ
ေမွာင္မဲလာသလိုခံစားေနရသည္။
အိမ္ျပန္နားလိုက္ရင္ေရာ...ဆိုတဲ့အေတြးေတြး
မိေတာ့လည္း အိမ္ျပန္မေနရင္ အေမြစာခ်ဴပ္ကို
ဖ်က္မယ္ေျပာလို႔ JeonJungkookက
အိမ္ကပ္ေနပါသည္။
သြားစရာရွိတာသြားၿပီးအိမ္ျပန္ျပန္လာအိပ္ေနပါသည္။
တေန႔တမ်ိဳးမရိုးနိုင္ေသာျပသနာေတြကို
ရွာကာ မ်က္ႏွာခ်င္းဆိုင္တာႏွင့္
သူဟာ လူမနာက်င္ရင္ စိတ္ကနာက်င္ၿပီးမွ
သြားလိုရာကိုသြားလို႔ရသည္။
ပုံမွန္ေန႔ေတြေတာ့ ဒီလိုပဲဘာျဖစ္ျဖစ္
အိမ္ျပန္လိုက္တယ္ မဆုံျဖစ္ေအာင္ေရွာင္တိမ္းေန
လိုက္တယ္....ဆုံလို႔ရန္စရင္ေတာင္
ေတာ္႐ုံဆိုသူသည္းခံလိုက္တယ္
အေၾကာင္းျပခ်က္က Jungkookဟာ
သူ႔ထက္ငါးႏွစ္ငယ္ေနတယ္....။
ကေလးသာသာေလးနဲ႔ဘက္ၿပိဳင္ျဖစ္မေနခ်င္ပါ။
မနက္စားတဲ့အခ်ိန္ကစ ညစာစားတဲ့အထိ
မထီတထီ အခ်ိဳးေတြကို စကားနဲ႔တမ်ိဳး
အျပဳအမူနဲ႔တဖုံ ေသြးတိုးလာလာစမ္းတတ္သည္။
တရားလြန္လာရင္ေတာ့ ျပန္ေျပာလိုက္ကာ
အဲ့ဒီေန႔ အဲ့ဒီညေတြကေတာ့အႀကီးအက်ယ္
ရန္ပြဲေတြေပါ့...။
တခါတေလက် ဖဲရွုံးလာတတ္သည္
ကားၿပိဳင္တာေတြ ရွုံးလာတတ္သည္
ရန္ျဖစ္လာတတ္သည္
ဒီလိုအခ်ိန္မ်ိဳးေတြဆိုJungKookသည္
အိပ္ယာထဲတန္းအိပ္သြားတတ္သည္။
နားေအးပါးေအးရွိကာ ဖဲရွုံးလာပါေစလို႔ပဲ
ဆုေတာင္းရေတာ့မလိုလို အဲ့လိုေန႔မ်ိဳးေတြေတာ့
ေအးခ်မ္းခဲ့သည္။
ဒါေပမယ့္...အဆင္မေၿပ မ်က္မုန္းက်ိဳးရတာ
ကပိုမ်ားေနခဲ့သည္.....
ထို႔ေၾကာင့္ခုလိုစိတ္အေျခအေနနဲ႔အိမ္ျပန္ဖို႔ဆိုတာ
ကလည္းမျပန္ခ်င္။
ဝမ္းနည္းေနတာေတြေရာ....
သတိရေနေသာစိတ္ေတြေရာ....
အားငယ္မွုေတြေရာ...
ေနမေကာင္းခ်င္ေနေသာ အားနည္းမွုေတြေရာ...
စိတ္ေထာင္းကိုယ္ေၾကစြာပင္
အဆင္မေျပေနခဲ့.....။
Hyung က သူမပါတဲ့ေမြးေန႔မွာေပ်ာ္ရႊင္ေနတာေရာ
သူ႔ကိုတစက္ကေလးမွသတိမရေတာ့ဘူးလား
ဆိုတဲ့ေဒါသအနည္းငယ္နဲ႔ေရာ
အိမ္ေထာင္ရွိတဲ့ေယာက်္ားတစ္ေယာက္ျဖစ္
သြားေပမယ့္လည္းအတၱေလးအနည္းငယ္ရွိေနျပန္သည္။
စိတ္သည္နည္းနည္းေလးမွပင္မၾကည္လင္ေနပါ။
ေန႔တိုင္း Jeon JungKookနဲ႔ ရန္ျဖစ္ရတာရယ္
အလုပ္ကဖိအားေတြရယ္..နဲ႔
ခုလို ဝမ္းနည္းစရာကိစၥမ်ိဳးေတြၾကဳံလာရေတာ့
ေအာ္ဟစ္ေပါက္ကြဲကာစိတ္ရွိတိုင္း
ၾကမ္းရမ္းပစ္ခ်င္ေနသည္။
ဆက္မၾကည့္ေတာ့ဘဲဖုန္းပိတ္လိုက္ကာ
အိမ္ျပန္ၿပီး အိပ္ေဆးေသာက္အိပ္ပစ္လိုက္မယ္
ဟုေတြးလၽွက္Company မွျပန္လာခဲ့သည္။
ေစ့စပ္ေသခ်ာေသာDriver ကားေမာင္း
ေနတာကိုေတာင္စိတ္ကလုံးဝမၾကည္ခ်င္။
အျပစ္ေတြေျပာခ်င္ေနခဲ့သည္။
"အိမ္မွာမေသာက္ရတာၾကာလို႔လား
မသိဘူး...Feeling ကတမ်ိဳးပဲေနာ္ Rom..."
အိမ္လည္ေကာင္ဧည့္ခန္းတြင္အေကာင္းစား
အရက္ပုလင္းေတြခ်ကာ Jeonတို႔အုပ္စု
ေရခ်ိန္ကိုက္ေနၾကသည္။
"ငါတို႔ကမင္းအိမ္ႀကီးကိုသိပ္သေဘာက်တာ
ပါကြာ...မင္းကမေခၚလို႔...မလာျဖစ္တာ..."
"ငါ့ေမေမ ေဆာက္ခဲ့တာ...ဘယ္ေလာက္လွသလဲ"
"ဒါေပါ့ ဒါေပါ့...."
JEonဟာစီးကရက္တခ်က္ဖြာလၽွက္
ဆိုဖာေပၚလွဲကာစကားေျပာေနခဲ့သည္။
အလြန္အကၽြံေတာ့မေသာက္ထားမူး႐ုံပင္
ေသာက္ထားကာအဆင္ေျပေျပေတာ့ရွိေနဆဲ...။
"ေဂ် မင္းေယာက်္ားမေတြ႕ပါလား....."
"ဘာလုပ္မလို႔လဲ....."
အရက္ဝိုင္းထဲအရက္ေကာင္းေကာင္း
မေသာက္ဘဲ မဆိုင္ေသာParkJimin
ကိုေက်ာ္ေမးျခင္းသည္အဓိပၸာယ္မရွိ။
ParkJiminေတြ႕ေတာ့ဘာလုပ္ၾကမလို႔လဲ...။
"ေမးၾကည့္တာေလကြာ မင္းအေဖအတြဲက
ေျပာင္းသြားၿပီး မင္းတို႔ပဲက်န္တယ္ဆိုလို႔
မေတြ႕လို႔...."
"အလုပ္ခိုင္းထားတာ အလုပ္လုပ္ေနတယ္..."
"ပိုင္လွခ်ည္လား..."
"ငါ့ကံကိုက...အဲ့သလို..ေအးေဆးပဲ"
"ငါတို႔လည္းၾကားပါတယ္
Jiminshi က အရမ္းအလုပ္လုပ္တာ
ေတာ္တဲ့အေၾကာင္းနာမည္ႀကီးပါပဲ..."
"ဘယ္တုန္းက ရင္းႏွီးသြားၾကတာလဲ..."
"ဘာကိုလဲ...."
"Jiminshi လ္ု႔ေခၚလိုက္လို႔ေလ...
ငါေတာင္သူနဲ႔မဂၤလာေဆာင္ၿပီးၿပီ
အဲ့ေလာက္ေခၚဖို႔မရင္းႏွီးေသးလို႔..."
"Jeon JungKookမင္းဘာျဖစ္ေနတာလဲ
သိပ္လည္းမမူးေသးဘဲ..."
Jeon သည္ဘာမွေတာ့ဆက္မေျပာ
စီးကရက္ေငြ႕ေတြကိုသာေလထဲမွုတ္ထုတ္
ေနၿပီး Jimin အေၾကာင္းစကားစကိုျဖတ္
လိုက္သည္။
သိပ္အမ်ားႀကီးေတြစကားလုပ္ၿပီး
အရက္ဝိုင္းထဲ ေခၚထည့္မေျပာခ်င္ပါ....။
ဘာေၾကာင့္မွန္းမသိ....
အရက္သမားေတြပါးစပ္ကလည္း
အဲ့ဒီနာမည္ကိုမထြက္လာေစခ်င္ဘူး...
သူတို႔က လူေကာင္းေတြတစ္ေယာက္မွ
မဟုတ္ လူရမ္းကားေတြႀကီးပဲမို႔
ParkJimin အေၾကာင္းဟာသူတို႔နဲ႔ဘာမွမဆိုင္ဘူး
ဟုပဲသတ္မွတ္လိုက္သည္။
မၾကည္မလင္စိတ္နဲ႔အိမ္ထဲဝင္လာေသာ
အခ်ိန္တြင္အိမ္လည္ေကာင္တန္းျမင္လိုက္
ရေသာျမင္ကြင္းသည္အေမာဆို႔ကာ
ပိုေဒါသထြက္ေစခဲ့သည္။
Clubမွာသူနဲ႔ၿငိခဲ့ေသာေကာင္အပါအဝင္
တျခားေကာင္ေတြပါက်က္သေရမရွိ
ေသာက္စားေပ်ာ္ပါးေနၾကပီး
ေခါင္းေဆာင္ႀကီးကေတာ့ဆိုဖာေပၚပက္လက္လွန္
ကာစီးကရက္ေသာက္ေနသည္။
JungKookနဲ႔အတူတူတအိမ္ထဲစေနထဲက
လက္မခံနိုင္ေသာျမင္ကြင္းေတြကို
ထပ္ခါထပ္ခါၾကဳံရေပမယ့္အိမ္လည္ေကာင္
ဧည့္ခန္းမွာမူး႐ူးေနၾကေသာျမင္ကြင္းက
ေတာ့မ်က္စိထဲအဆင္မေျပဆုံးပင္...။
ဒါေပမယ့္လည္းကိုယ္နဲ႔ဘာမွမဆိုင္တာမို႔
ဥေပကၡာျပဳကာ အခန္းထဲတန္းဝင္အိပ္ပစ္လိုက္
ခ်င္ေသာစိတ္သာရွိေနခဲ့သည္။
သူ႔အိမ္သူလုပ္ခ်င္တာလုပ္လို႔ရတာပဲ
ကိုယ့္ဘက္ကအေကာင္းအဆိုးဘာေျပာလို႔ရမလဲေလ။
"Hyung ေတာင္အလုပ္ကျပန္လာပီ...
ေစာလွခ်ည္လား ေျခာက္နာရီေတာင္မထိုးေသးဘူး
ဘာလဲ ေမာင္ ဆူမွာစိုးလို႔လား....."
လူစုံရင္ ParkJimin ကိုကလိလိုက္ရမွ...။
မဲက်သြားေသာမ်က္ႏွာသည္အၿပိဳၿပိဳအလဲလဲ။
အရင္ကထက္အမ်ားႀကီးပ်က္ေနေသာ
မ်က္ႏွာေၾကာင့္ သူ႔စကားေတြကိုအားရေနမိသည္။
"Hyung ျပန္လာလာခ်င္းခိုင္းတယ္ရယ္
လို႔ေတာ့မဟုတ္ေပမယ့္ ဖရဲသီးေလး
သြားယူေပးပါလား....ေမာင္ ျမည္းေနရင္း
ကုန္သြားလို႔...."
ပထမစကားကို မၾကားသလိုဥေပကၡာျပဳကာ
ထြက္သြားလိုက္ေပမယ့္ ဒုတိယစကားသည္
ေျခလွမ္းေတြကိုတုံ႔ခနဲရပ္သြားေစပါသည္။
သူ႔သူငယ္ခ်င္းေရွ႕မွာ အိမ္ကအိမ္အကူေတြေရွ႕မွာ
သူစိမ္းေတြအမ်ားႀကီးေရွ႕မွာ ႏွိမ္ခ်လိုက္ျပန္ၿပီ။
အထည္ႀကီးပ်က္ေလးဟုခပ္မဲ့မဲ့ေလွာင္ခံရတိုင္း
နာသည္။ပိုက္ဆံမက္လြန္းတယ္ေနာ္ဟု
ခနဲ႔ခံရတိုင္းလည္းနာသည္...။
Jeon JungKookဟာ အခ်ိန္တိုင္းနာစရာေတြႀကီးပဲ။
အသက္ငယ္ေပမယ့္သိပ္အဆိပ္ျပင္းလြန္းကာ
သိပ္လည္းရက္စက္တယ္...။
"ေမာင္ေျပာေနတယ္ေလ....
Hyung မၾကားဘူးလား...
သြားယူေပး....."
အေပၚထပ္တက္မည့္ဆဲဆဲမွလွမ္းၾကည့္လာတဲ့သူ။
စူးရွေနေသာမ်က္လုံးေတြသည္အင္မတန္ကို
ေဒါသထြက္ေနေၾကာင္းသိသိသာသာ။
"ငါဒီေန႔...ဘာစကားမွမေျပာခ်င္ဘူး
ငါစိတ္နည္းနည္းေလးမွမၾကည္လာဘူး
ငါ့ကို အာ႐ုံလာမေနာက္ပါနဲ႔...
အရမ္းအားေနရင္...အရက္ေသာက္ပီးအိပ္ေနလိုက္"
JEonမ်က္ႏွာပ်က္ရမည့္အလွည့္ေရာက္သြားသည္။
ေျပာပုံသည္ သူဟာေဘာင္မဝင္တန္းမဝင္
အရက္သမားလို မတူမတန္ေလသံျဖင့္
ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္...။
ေလသံအနိမ့္အျမင့္မွာေတာင္
JeonJungkookက အလကားအားတိုင္း
ကေလးကလားဆန္စြာ အာ႐ုံလိုက္ေႏွာက္တတ္သည့္
လူတစ္ေယာက္ျဖစ္ေၾကာင္းအရိပ္အေငြ႕ေတြ
ထည့္ကာေျပာသြားေသးသည္။
"ယူေပးဆိုရင္ ယူေပးလိုက္ေလ...
ဒီေလာက္ေလးေတာင္ခိုင္းလို႔မရဘူးလား...."
"ေဂ်....ရွိေသးတာပဲကြာ ျပသနာမလုပ္ေနပါနဲ႔
ထားလိုက္ေတာ့ မင္းထပ္စားခ်င္ရင္
တေယာက္ေယာက္ခိုင္းလိုက္ေလ..."
မဟုတ္ဘူး....။သူလိုခ်င္တာကသြားယူေပးတာကိုပဲ။
သူငယ္ခ်င္းေတြေရွ႕မွာလွလွပပေလး
အနိုင္ယူျပခ်င္တာ...။
ParkJimin ဘယ္မွာလဲလို႔ေမးတဲ့ေကာင္ေရာ
Jiminshiလို႔ေခၚတဲ့ေကာင္ေရာကို
သူဘယ္လိုပိုင္တယ္ဆိုတာျပခ်င္ခဲ့တာ...။
အရင္က လုပ္ေပးတယ္..ေစတနာတစက္မွမပါရင္
ေတာင္ထမင္းေတြဘာေတြခူးေကၽြးခဲ့ဖူးတယ္...
နားေအးပီးေရာ သူဘယ္ေလာက္
ကန့္လန့္ေတြလုပ္လုပ္ မ်က္ႏွာေသနဲ႔
သည္းခံေပးတယ္.....။
ေကာင္မေလးေတြအိမ္ေခၚလာတယ္..
မျမင္သလိုေနေပးခဲ့တာပဲ...
ေကာင္းတယ္ဆိုးတယ္ParkJiminပါးစပ္က
ဘာမွမထြက္ခဲ့...။
သူ႔ကို ကိုယ္ေပ်ာက္လူသားလို မရွိသလို
မသ္သလို ဥေပကၡာျပဳေနခဲ့တာ...။
ဘယ္ေလာက္ ခံျပင္းစရာလဲၾကည့္....။
ယူေပးလိမ့္မယ္လို႔ထင္ခဲ့ေပမယ့္ေနာက္ဆုံး
အႀကိမ္မိုက္ၾကည့္ၾကည့္ကာ
အေပၚထပ္သို႔တက္သြားခဲ့သည္။
သူၾကည့္သြားေသာလႊမ္းမိုးျခင္းအျပည့္နဲ႔
အၾကည့္ေတြသည္ အာဏာရွင္တစ္ေယာက္လိုပဲ။
စီးကရက္ဖြာရင္းJEon ဟာေသးေကြးသြားရသလိုမ်ိဳး
အင္အားျပင္းလြန္းသည္မ်က္လုံးေတြျဖစ္သည္။
JEonထပ္မေခၚရဲပါ...။
JeonJungKookအေနနဲ႔ဆိုရင္တက္သြားေသာ
ေလွကားေပၚလိုက္တက္ကာတရြတ္တိုက္ဆြဲခ်မိမွာ
မွန္ေပမယ့္ ေရာေနေသာ
စိတ္ဝိဉာဥ္သည္Jimin မ်က္လုံးေတြ
ေအာက္ အသံတိတ္က်သြားခဲ့သည္။
ခဏတာ ထိုင္းမွိုင္းသြားျခင္း....။
"Clubမွာ ျပသနာတက္ထဲကအေၾကာေလးက
မေလၽွာ့ဘူးေနာ္....မင္းကိုငါက
အေၾကာေလၽွာ့ေပးနိုင္မယ္ထင္တာ
ဘယ္လိုျဖစ္တာလဲေဂ်....မင္းတိတ္က်သြားလို႔ပါလား"
Romနဲ႔Jiminဟာ ၿငိခဲ့ဖူးတာေတြရွိတာမို႔
Romဟာဝီစကီေမာ့လိုက္ရင္းမွ Jeonကို
ေလွာင္သလိုမ်က္လုံးေတြနဲ႔ အတို႔အေထာင္လုပ္သည္။
JeonJungkook လိုလူမ်ိဳးၿငိမ္က်သြားတာ
မ်ိဳးကလည္းျဖစ္ကိုမျဖစ္သင့္တာပဲမလား။
Jeonသည္စိတ္ထဲပိုဆိုးသြားသည္။
သူငယ္ခ်င္းေတြကသူ႔တို႔အာ႐ုံနဲ႔သူတို႔
ေသာက္ေနၾကေပမယ့္ မ်က္လုံးေတြထဲ
ParkJimin ကိုေၾကာက္ေနရတယ္လို႔မ်ား
ထင္သြားၾကမလားဆိုတဲ့အေတြးသည္ဝင္လာကာ
သူငယ္ခ်င္းေတြေရွ႕ လူလိုသူလိုမဆက္ဆံသြား
သူကိုအမဲျဖတ္ခ်င္လာေတာ့သည္။
"ငါတို႔ျပန္ေတာ့မယ္ ေဂ်...မင္းၾကည့္ရတာ
အေျခအေနမဟန္ဘူး...
စိတ္မၾကည္ေတာ့တဲ့ပုံပဲ ပြဲေကာင္းရင္
ဖုန္းဆက္လိုက္မယ္ေနာ္...."
Romကဦးေဆာင္ကာ တျခားသူေတြကို
ေခၚၿပီးျပန္ဖို႔ျပင္ဆင္သည္။
Jeonသည္ေခါင္းညိမ့္ေခါင္းခါမလုပ္
စီးကရက္ကိုသာေသာက္ေနသည္။
စိတ္ထဲလည္းအပိုင္ႀကီးခိုင္းပီးမွ
အေၾကာႀကီးသြားျခင္းခံရတာေၾကာင့္
ရွက္မိေနသလိုလို....။
အားလုံးအိမ္အျပင္ထြက္သြားကာ
ကားကိုယ္စီေမာင္းထြက္သြားေတာ့မွ
စီးကရက္ကိုသြားျဖင့္ထိ႐ုံကိုက္ထားကာ
အေပၚထပ္သို႔တက္လာခဲ့သည္။
ေဒါသသည္တေျမ့ေျမ့....။
အခန္းတံခါးကိုေျခေထာက္ျဖင့္ေဆာင့္ကန္
ဖြင့္လိုက္တဲ့အခါ အသံသည္ေၾကာက္စရာ
ေကာင္းစြာက်ယ္ေလာင္ခဲ့ပါသည္။
အလုပ္စားပြဲေပၚတြင္ေမွာက္အိပ္ေနတဲ့သူ...။
အညိဳေရာင္စားပြဲခင္းအေဟာင္းႀကီးကို
ပါးတဖက္ျဖင့္မသိမသာပြတ္သပ္ေနသည္။
က်ယ္ေလာင္ျပင္းထန္ေသာတံခါးဖြင့္သံကို
ေတာင္လွည့္မၾကည့္....။
"ခင္ဗ်ား သိပ္သတၱိေတြရွိေနတာလားParkJimin.."
ေမွာက္အိပ္ေနေသာသူ၏ဆံပင္အနက္
ေတြကိုခပ္ၾကမ္းၾကမ္းေလးဖြပစ္လိုက္ကာ
ဆိုေတာ့ေမွာက္အိပ္ေနရင္းမွ
လက္ကိုျဖတ္ရိုက္လိုက္တဲ့သူ....။
လူကေသးေပမယ့္ အားကေတာ့မေသးပါ...။
"ငါ့ကိုဒီညေတာ့ျပသနာမရွာဘဲ
ေနေပးပါ...ငါအဆင္မေျပလာဘူးJungkook"
"ဘာကိုအဆင္မေျပတာလဲ..
မ်က္ႏွာကို တည့္တည့္ၾကည့္ပီးေျပာစမ္းပါ.."
ေမြးလာထဲကစိတ္ရွည္ျခင္းဓာတ္သေဘာကို
ဆရာဝန္ကအပီးယူထားျခင္းခံရေသာ
Jeonသည္ေမွာက္အိပ္ေနေသာလူကို
စုံလည္ခုံအကူအညီျဖင့္ျမန္ဆန္စြာဆြဲလွည့္လိုက္သည္။
မ်က္ရည္စေတြနဲ႔မ်က္ႏွာသည္နီျမန္းေနသည္။
"ငါမင္းကို လူလိုေျပာေနတာJeonJungkook!!
သြားစမ္းပါ...ငါနဲ႔ေဝးေဝးေန.."
"က်ဴပ္ကို လူေတြၾကားထဲအရွက္ရေအာင္
လုပ္သြားၿပီး ခင္ဗ်ားသြားဆိုတိုင္း
သြားစရာလား ဒါခင္ဗ်ားအိမ္လား
က်ဴပ္အိမ္လား...."
"အရွက္မရခ်င္ရင္ ငါ့ကိုရန္မစနဲ႔ေလ
မင္းကိုက ငါ့ကိုျမင္တာနဲ႔
ေသမတတ္ပူေလာင္ဒုကၡေပးခ်င္ေနတာ
ေအး..မင္းအိမ္ဆို ငါမေနဘူး
ငါတစ္ရက္ကေလးမွမေနခ်င္ခဲ့ဘူး
မင္းမရွိတုန္းကစိတ္မခ်မ္းသာဘူးဆိုရင္ေတာင္
ဒီလိုေတာ့စိတ္ဒုကၡမေရာက္ဘူး
မင္းျပန္လာထဲက စိတ္ကိုလူေရာ
ရစရာမရွိေတာ့ဘူး ငါ့အိမ္ငါျပန္မယ္....."
အထိမခံျဖစ္ေနေသာParkJimin သည္
စကားေလးတစ္္ခြန္းသာေျပာရေသးသည္။
ခုံမွထကာအဝတ္အိတ္ဆြဲေနၿပီ။
အဲ့ဒီအျပဳအမူေတြကိုစမျဖစ္ေတာ့တာ....။
အဝတ္အစားေတြဗီရိုထဲကဆြဲခ်ေနေသာ
လူကိုအတင္းအက်ပ္ေဆာင့္ဆြဲေခၚယူလိုက္သည္။
"ခင္ဗ်ားဟာခင္ဗ်ားဘာျဖစ္လာလာအဲ့တာ
ခင္ဗ်ားကိစၥ ခင္ဗ်ားျပႆနာ
ဒါေပမယ့္ အဲ့တာကိုအေၾကာင္းျပၿပီး
က်ဴပ္လူေတြေရွ႕မွာ အခ်ိဳးမေျပလုပ္တာကို
တစက္မွမေက်နပ္ဘူး ေနာက္တစ္ခါ
Romတို႔ရွိရင္ က်ဴပ္ကိုေလးေလးစားစားဆက္ဆံပါ
ParkJimin...."
"လမ္းေဘးကေလကေခ်ေတြကို
ငါကဘာကိစၥနဲ႔အေရးအရာလုပ္ေပးရမွာလဲ
ရီစရာေတြလာမေျပာနဲ႔.."
"အဲ့ဒီ ကေလကေခ် ကပဲ
ခင္ဗ်ားဘဝ ခင္ဗ်ားမိသားစုကို
ကယ္တင္ထားတာေလ...
ေမ့ေနတာလား...ေမ့ထားလိုက္တာလား
ဒီကေလကေခ်ေလးကို ဒီဂုဏ္သေရရွိ
လူႀကီးမင္းက ဆက္စရာ ဝဋ္ေႂကြးေတြ
တပုံႀကီးရွိတယ္ဆိုတာမေမ့နဲ႔...."
စူး၍နာသြားရေသာရင္ဘက္သည္
ႏွဖူးကိုလက္ညိဳးျဖင့္မထီတထီထိုးကာ
ေျပာေသာ လူရမ္းကားအေပၚတြင္
အလုံးစုံအရင္းတည္သည္။
"ထြက္သြားစမ္း!!!!!!ထြက္သြား
ငါမင္းမ်က္ႏွာကိုမျမင္ခ်င္ဘူး
ငါဒီေန႔ဒီလို ဝမ္းနည္းခံစားရတာလည္း
မင္းေၾကာင့္ပဲ...
မင္းကိုသာငါလက္မထပ္ခဲ့ရင္ဒီေန႔
Hyung နဲ႔ငါ အတူတူရွိေနရမွာ......"
လက္ထပ္ျခင္းဆုံးျဖတ္ခ်က္ဟာ
Jungkook ဆုံးျဖတ္ခဲ့တာမဟုတ္
Jimin ကိုယ္တိုင္ေခါင္းညိတ္ဆုံးျဖတ္ခဲ့ျခင္း...။
အဆင္ေျပဆုံးနည္းလမ္းဟုေတြးကာ
ေရြးခ်ယ္ခဲ့ေပမယ့္တဖက္မွာအဆင္ေျပသြား
တယ္ဆိုေပမယ့္ ခုတဖက္မွာေတာ့ျမင္တဲ့အတိုင္း...။
မဆိုင္ေပမယ့္...ဒီလူဆိုးနဲ႔မဆိုင္ေပမယ့္
လည္းစိတ္မၾကည္ေသာအရွိန္ေဒါသအရွိန္ေတြႏွင့္
အသံကုန္ေအာ္လိုက္မိသည္။
ေအာ္စရာ ေပါက္ကြဲစရာကလက္ရွိ
အပူမီးေတာက္လို JeonJungkook ပဲရွိေနျခင္းသည္
ျပသနာကိုစတင္မီးေမႊးလိုက္ေခ်ၿပီ....။
Hyung နဲ႔ငါ...အတူတူရွိေနရမွာ.....။
Jeonသည္အနိုင္ပိုင္းေျပာလိုက္ရ၍
ParkJimin ၏အသံနက္ႀကီးထြက္လာတာ
ေၾကာင့္မဲ့ျပဳံးျပဳံးကာအခန္းျပင္ျပန္ထြက္
ေတာ့မည့္ဆဲဆဲေနာက္ဆုံးၾကားလိုက္ရေသာ
စကားေၾကာင့္ေျခလွမ္းေတြတုံ႔ခနဲရပ္သြားသည္။
ခ်က္ခ်င္းဆိုသလို စူးခနဲျပန္လွည့္ၾကည့္
လိုက္ေတာ့ ParkJimin သည္င္ုမဲ့မဲ့...။
Hyung? Hyung တဲ့....ဘယ္ကHyung လဲ......။
အတူတူရွိေနရမွာတဲ့ေလ....။ဘာလဲဒါ....။
Jiminကိုလက္ထပ္ခဲ့ျခင္းသည္မေက်နပ္လို႔ၾကည့္မရလို႔
မုန္းလို႔ သက္သက္ဒုကၡေပးခ်င္လို႔ဆိုတဲ့ေခါင္းစဥ္
ေတြအသီးသီးေတြရွိခဲ့ေပမယ့္ တစ္ခါတစ္ရံက်ရင္
JungKookကိုယ္တိုင္ နားမလည္ေသာ
ေခါင္းစဥ္တခ်ိဳ႕လည္းေပၚထြက္လာတတ္သည္။
ေခါင္းစဥ္ေတြအမ်ားႀကီးေတြထဲကမွ
Hyung...နဲ႔ငါအတူတူရွိေနရမွာ ဆိုတဲ့စကား၏
ေနာက္တြင္ တရွိန္ထိုးထိုးထြက္လာေသာ
ပူေလာင္မြန္းက်ပ္မွု...ေဒါသမီးေခါင္းစဥ္သည္
စိတ္ပ်က္စရာအေကာင္းဆုံးျဖစ္ပါလိမ့္မည္။
Hyung ဆိုတဲ့လူဟာ ဘယ္သူမွန္းေတာင္မသိဘဲ
Hyungလို႔လြမ္းလြမ္းေဆြးေဆြးေခၚကာ
အသံေတြတုန္ခိုက္သြား႐ုံနဲ႔တင္
JungKookမ်က္လုံးေတြမီးေတာက္သြားကာ
ခ်က္ခ်င္းေျခလွမ္းေတြျပန္လွည့္လာခဲ့သည္။
"Hyung...ဘယ္ကေကာင္လဲ....
မင္း ဘယ္ကေကာင္ကို ငါ့အိမ္ေပၚ
ငါ့အခန္း ငါနဲ႔ေပါင္းသင္းေနပီး
ငါ့ကိုတရားဝင္လက္ထပ္ထားပီး
အတူတူရွိေနခ်င္တာလဲ...ေျပာစမ္း!!!!!"
အက်ီစကိုဆြဲေဆာင့္ကာတကိုယ္လုံးပါလာ
ေအာင္ခုံေပၚကဆြဲမလိုက္ေတာ့
ParkJimin ဟာငိုေတာ့မွာလား...။
"ငါေမးေနတယ္ေလ!!!!!"
"ငါ့ခ်စ္သူ...ငါနဲ႔သုံးႏွစ္ေက်ာ္တြဲခဲ့တဲ့
ငါ့ခ်စ္သူ..ဒီေန႔သူ႔ရဲ့ေမြးေန႔မလို႔
ငါသူ႔ကိုသတိရေနလို႔ ငါမင္းကို
လာမေႏွာက္ယွက္ပါနဲ႔လို႔ေျပာေနတာ..."
"ဘာ.....!!"
"ငါတကယ္ကိုလြမ္းေနလို႔..
ႏွစ္တိုင္းငါHyungကိုေမြးေန႔ေတြလုပ္ေပးခဲ့တာ
ခုေတာ့ ငါကလြဲရင္အားလုံးရွိေနလို႔
ငါ....."
JEonေမးရိုးေတြတင္းသြားခဲ့ေတာ့သည္။
Bạn đang đọc truyện trên: AzTruyen.Top